Chapters

ဆေးပညာစွမ်းရည်

Vol. 10 Ch. 99

ဆေးပညာစွမ်းရည်

Vol. 10 Ch. 99

မကြာမီ ယန်ချန်ရဲ့ ကုသမှုက စတင်တော့သည်။ ပထမဆုံး သွေးကြောများကို ဆေးအပ်များစိုက်ကာ သွေးကြောများရှိ အညစ်ကြေးသွေးများကို ဖောက်ထုပ်စေသည်။

ထိုသွေးများက ခန္ဓာကိုယ်ကို ဒုက္ခပေးနေခြင်းဖြစ်ပြီး ကိုယ်တွင်းအစိတ်ပိုင်းများ ကောင်းစွာအလုပ်လုပ်ခြင်းကို အဟန့်တားဖြစ်စေသည်။

ထို့နောက် နှလုံးဆီသွားသည့် သွေးကြောများကိုလည်း အားဖြည့်ဆေးရည်များ စီးဝင်စေရန် အသင့်ဖျော်စပ်ထားသည့် ဆေးရည်အား တိုက်စေသည်။ ထိုဆေးရည်က သွေးကြောများကို အားကောင်းစေပြီ သွေးစီးဆင်းမှုအားနည်းနေသည့် အခြေနေကို သက်သာသွားစေသည်။

မုရုံချန်းတို့သာမက ကျန်းထန်တို့ဇနီးမောင်နှံပါ ရှိနေကြပြီး ယန်ချန်ရဲ့ဆေးပညာကိုလည်း မှင်သက်စွာ ငေးကြည့်နေကြလေသည်။ ယန်ချန်က အစမှအဆုံး သိမ်မွေ့စွာ လှုပ်ရှားနေပြီး အမှားယွင်းတချက်မှ မရှိပေ။

ထိုအရာက ဆေးပညာ၌ ယန်ချန်ရဲ့အဆင့်ကိုလည်း ထင်ဟပ်စေသည်။ ထိုလူငယ်က ကျင့်ကြံသူဖြစ်သည့် ကျန်းရင်ရင်ကိုပင် ကုသနိုင်သူဖြစ်၍ သေမျိုးတဦးအား ကုသရန်မှာ လွယ်ကူလောက်ပေသည်။

ယန်ချန်တယောက် ဆေးအပ်များကို စဥ်ဆက်မပြတ် စိုက် ထုတ် လုပ်နေပြီး အပြောင်းလဲသေးသေးကစ အထူးအာရုံစိုက်ကာ စောင့်ကြည့်နေလေသည်။ မကြာမီ ဆေးအပ်များမှ ဆေးရည်တွေကြောင့် သွေးကြောများရှိ အညစ်ကြေးများ ပြင်ပစိမ့်ထွက်လာကာ အမျိုးသမီး၏ နှုတ်ခမ်းများကလည်း သွေးရောင်သမ်းလာသည်။

အသက်ရှုသံများလည်း တည်ငြိမ်သွားပြီး မူလက ဖြူဖျော့နေသည့် အသားရေက နီလာကာ ကြွက်သားများမသိမသာ လှုပ်ရှားမှုကြောင့် လက်ချောင်းများ ခြေချောင်းများကလည်း အနည်းငယ် လှုပ်ယမ်းသွားသည်။

မျက်စိရှေ့မှာပင် ကုသမှုက အမြင့်ဆုံးထိ ရောက်ရှိသွားပြီး လက်ကောက်ဝတ်မှ သွေးခုန်နှုန်းကို စမ်းသပ်လိုက်ပြီးနောက် တည်ငြိမ်သွားမှန်း ယန်ချန်သိလိုက်တော့သည်။ ယန်ချန်လည်း အနည်းငယ် ပင်ပန်းသလို ခံစားသွားရကာ ကုသမှုလုပ်ငန်းစဥ်က မသိလိုက်ခင်မှာပဲ ညနေစောင်းသွားခဲ့သည်။

ကံကောင်းတာက မင်ယုရှန်းကဲ့သို့ ဆက်တိုက်ကုသရန် မလိုအပ်ပဲ နောက်ရက်များ၌ အားဖြည့်ဆေးရည်များ သောက်ပေးရုံဖြင့် ရက်အနည်းငယ်အတွင်း သက်သာသွားစေမည်ဖြစ်သည်။

“ရပြီ…လူနာကို အနားယူပါစေ ဒီမှာ ဆေးရည်ရက်အနည်းငယ်စာအတွက် ကျတော်ထားခဲ့ပေးမယ် တနေ့သုံးကြိမ် မှန်မှန်တိုက်ပေးပါ”

ယန်ချန်က မုရုံချန်းတို့၏ မှင်သက်နေမှုကို လျစ်လျှူရှုကာ မှာစရာရှိသည်များကို အဆတ်မပြတ်မှာပြီးနောက် အခန်းထဲမှ ထွက်သွားတော့သည်။ သူထွက်သွားချိန်၌ မုရုံသခင်မ၏ ကျေးဇူးတင်နေသည့် အကြည့်တစုံကိုမြင်လိုက်သော်လည်း အနည်းငယ်သာ ပြုံးပြလိုက်သည်။ သူမက ယခုချိန်၌ ကျေးဇူးတင်စကား ထုတ်ပြောရန် ခွန်အားမရှိသေးချေ။ သို့သော်လည်း သူမ၏ စိတ်ခံစားမှုသာမက မုရုံမိသားစုကြားလေထုကိုလည်း နားလည်နေသည့်အတွက် ရှောင်ပေးခြင်းဖြစ်သည်။

မုရုံချန်းတို့လည်း ထိုအခါမှသတိဝင်ကာ ကမန်းကတန်း ဦးညွတ်ကာ ဂါဝရပြုလိုက်ကြပြီး အကြိမ်များစွာပင် ကျေးဇူးတင်စကားပြောလာကြသည်။ ယန်ချန်က အသိမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြပြီး ထွက်လာကာ ခြံဝန်းအပြင်ရောက်ချိန်မှာတော့ မုရုံလင်း၏ ငိုသံကို ကြားလိုက်ရတော့သည်။

ငိုသံ၌ ပျော်ရွှင်မှုများ ရောနှောနေပြီး မုရုံမိသားစုဝင်များအပေါ် ဖုံးအုပ်ထားသည့် စိတ်ဖိစီးမှုများကလည်း ပျောက်ပျယ်သွားပြီ ဖြစ်သည်။ ယန်ချန်တယောက် ခေါင်းယမ်းလိုက်ပြီး သေမျိုးများသာမက ကျင့်ကြံသူများပင် သေခြင်းတရားကို ကြောက်လန့်ကြသည်အား တွေးမိစေသည်။ မုရုံချန်းတယောက် မည်မျှကြာအောင် စိတ်ပင်ပန်းခဲ့ရမည်နည်း။ သားနဲ့သမီးများဆိုလျင်ကော မိခင်ဖြစ်သူ အိပ်ရာထဲ နှစ်ပေါင်းများစွာ လဲလျောင်းနေရခြင်းက မည်မျှ နာကျင်စေမည်နည်း။

မုရုံမိသားစုက သေးငယ်သည့် မိသားစုလေးသာဖြစ်သော်လည်း သေမျိုးများကြား အတန်ငယ်ကြွယ်ဝသည်ဟု မှတ်ယူနိုင်ကာ မုရုံချန်းသာ ကုန်သွယ်ရေးကို အားသွန်ခွန်စိုက်မလုပ်ပါက ဇနီးဖြစ်သူကို ကုသရန် တတ်နိုင်မည်မဟုတ်ပေ။ ထိုမျှကြာအောင် ရောဂါကိုထိန်းပေးထားပြီး ငွေကြေးအကုန်ကျခံကာ ညိုညင်မှုမရှိ ပြုစုနေသည်က သာမန်မေတ္တာတရားတော့ မဟုတ်ချေ။

ယန်ချန်တစ်ယောက် အတွေးများ ရှုပ်ထွေးစွာဖြင့် ခြံဝန်းဆီ ပြန်လာတော့သည်။

…………………………………………….