Shocking and Appalling
Vol. 8 Ch. 73
ယွဲ့လင်း မျက်မှောင်ကြုတ်သွားပြီး သွေးအေးစွာ မိန့်လိုက်သည်။ “စည်းမျဉ်းစည်းကမ်းအရဆို အခုချိန်မှာ ရံရွေ တော်လင်း အကျယ်ချုပ်ကျခံနေသင့်တာ မဟုတ်လား။ မယ်တော့်ကိုပြုစုစောင့်ရှောက်ပေးနေတဲ့ အချက်ကိုထောက် ထားပြီး ချူးရွှယ်နန်းဆောင်က အခွင့်မရှိဘဲ ထွက်ခွာတဲ့ ကိစ္စကို ကျန်းမျက်ကွယ်ပြုပေးလိုက်မယ်။ သို့ပေမယ့် ဒီနေရာမှာ ရံရွေတော်လင်းဝင်ပြောခွင့် ရှိလို့လား”
လင်းချင်ချင် မျက်နှာ အလွန်ပျက်သွားပြီး ယွဲ့လင်းကိုမယုံ ကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ သို့သော် သိပ်မကြာလိုက်ဘဲ သူ ပြန်တည်ငြိမ်သွားခဲ့ပါသည်။
‘ဝမ်းနည်းနာကျင်မှုနဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာ…”
လင်းချင်ချင် နားလည်ပါသည်။ ဝမ်းနည်းနာကျင်မှု မရှိဘဲ နက်ရှိုင်းသည့် ချစ်ခြင်းမေတ္တာဟူသည် ပေါ်ပေါက်မလာနိုင်ပေ။ ယခု မိဖုရားကြီးကို ယွဲ့လင်း မျက်နှာသာပေးနေပြီး သူမကို သွေးအေးရက်စက်စွာ ဆက်ဆံနေတာကို အများကြီး ခံစားနေလို့မဖြစ်ပါ။
အစ်ကိုဟွာ ပြောပြဖူးသည့် ဇာတ်လမ်းတွေထဲ ဝမ်းနည်းနာကျင်ရသည့် လူကမှ အချစ်စစ်ကိုပိုင်ဆိုင်ရလေ့ရှိသည်။ အလိုလိုက်ခံရသည့် လူကိုတော့ ‘အမြှောက်စာ အရံဇာတ် ပို့’ဟု ခေါ်ပါသည်။
လင်းချင်ချင် တည်ငြိမ်သွားသည်။ မျက်ရည်စများကြောင့် သူမ မျက်ဝန်းတွေ တလက်လက်တောက်ပနေသည်။
လင်းချင်ချင် တိုးညှင်းစွာ လျှောက်တင်လိုက်သည်။ “ဒီရံရွေတော်က အရှင်မင်းကြီးရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မိလို့ပါ”
ထို့နောက် အခြားကိုယ်လုပ်တော်များကို လင်းချင်ချင် ရည်ရွယ်ချက်ရှိရှိ လှမ်းကြည့်လိုက်လေသည်။
သူမက အရှင်မင်းကြီးအတွက် စိုးရိမ်ပူပန်ပေးနေတာဖြစ် သည်။ သင်းတို့တွေကကော…? မိဖုရားကြီးကို ကပ်ဖားဖို့နဲ့ မိဖုရားကြီးကို ကပ်ဖားဖို့သာ သိကြသူများဖြစ်ကြသည်။
“နန်းတော်အပြင်ဘက်မှာ ဒီရံရွေတော်ရဲ့ မိသားစုရှိနေရင် ဒီရံရွေတော်လည်း စာပေးပို့ချင်မိပါတယ်၊ မယ်တော်ကြီးကို အရှင်မင်းကြီး ဘယ်လိုမျိုး ပြုစုစောင့်ရှောက်ခဲ့သလဲဆိုတာ တစ်ပြည်လုံးသိအောင် ဒီရံရွေတော် ကြွေးကြော်ချင်မိတယ်၊ ကံမကောင်းစွာနဲ့ ဒီရံရွေတော်ရဲ့ မိဘနှစ်ပါးက ဒီရံရွေတော်ငယ်စဉ်ကတည်းက ဆုံးပါးကွယ်လွန်သွားခဲ့ကြတာ၊ ဒါ့ကြောင့် ဒီရံရွေတော် စာပေးပို့ချင်ရင်တောင် ပေးပို့ရမယ့်လူ မရှိပါဘူး”
လင်းချင်ချင် ဝမ်းနည်းညှိုးငယ်စွာ လျှောက်တင်လိုက်ပါသည်။
အားလုံး ကြားကြရဲ့လား ?
တခြားကိုယ်လုပ်တော်တွေက သူတို့မိသားစုတွေကို မကြာခဏ ဆက်သွယ်လို့ရတယ်
သူမတစ်ယောက်တည်းပဲ ခမည်းတော်မရှိ၊ မယ်တော်မရှိနဲ့ ဖြစ်နေတာ!
သူ့မှာ အရှင်မင်းကြီးတစ်ယောက်ပဲ ရှိတယ်!
ဒီလောက်ဆို အရှင်မင်းကြီး စိတ်ပြောင်းသွားသင့်ပြီ မဟုတ်လား ?
ယွဲ့လင်း တကယ်ပဲ စိတ်ပြောင်းသွားမိပါသည်။ စိတ်ပြောင်းလွန်းသဖြင့် ရံရွေတော်လင်းကို အပြင်သို့ကန်ထုတ်ချင်စိတ်ပါ ဖြစ်လာမိသည်။
[တကယ် နားလည်မှုရှိတဲ့ ပန်းကလေးပါလား]
ကျန်းကျီမြောင်၏သက်ပြင်းချသံကြောင့် ယွဲ့လင်း မျက်နှာ အလွန်မတည်မငြိမ်ဖြစ်လာပါသည်။
ဘာကို နားလည်မှုရှိတာလဲ!
သူ ဘာမှ နားမလည်ဘူး!
“ရံရွေတော်လင်း” ယွဲ့လင်း ခံစားချက်မဲ့စွာ မိန့်လိုက်သည်။
“မင်း စည်းကျော်နေပြီ!”
လင်းချင်ချင်က နည်းနည်းလေးတောင် မတုန်လှုပ်ခဲ့ပါ။ အရှင်မင်းကြီး မျက်နှာ ဒီလောက် အကျည်းတန်နေပုံ ထောက်လျှင်တော့ သူမ စကားတွေ အရှင်မင်းကြီးရင်ထဲ ရောက်သွားလို့သာ ဖြစ်ပါလိမ့်မည်။ အနောက်နန်းဆောင် ကိုယ်လုပ်တော်တွေ အားလုံး မကြာခင် ပွဲသိမ်းတော့မည်။
ဒီကိစ္စကို အစ်ကိုဟွာထံ သူမ သတင်းပါးရပါမည်။ အနောက်နန်းဆောင်အပေါ် ယွဲ့လင်း၏မျက်မုန်းကျိုးမှုက အစ်ကိုဟွာအတွက် အထောက်အကူဖြစ်လာစေလိမ့်မည်။
ယွဲ့လင်း ခံစားချက်မဲ့စွာ ဆက်မိန့်လိုက်သည်။ “မယ်တော်က သူ့ကို ပြုစုပေးနိုင်ဖို့အတွက် မင်းကို အကျယ်ချုပ်ကနေ လွတ်ငြိမ်းစေခဲ့တာ၊ အခု မယ်တော် အိပ်စက်အနားယူနေတဲ့အချိန် အနားမှာရှိနေပေးသင့်တာ မဟုတ်ဘူးလား။ လီသဲ့ဟွိုက်! ရံရွေတော်လင်းကို မယ်တော့်ထံ လိုက်ပို့ပေး လိုက်ပါ”
လီသဲ့ဟွိုက်လည်း ခပ်သုတ်သုတ် လျှောက်လာပြီး ရံရွေ တော်လင်းကို ရိုသေသမှုဖြင့် ‘ဖိတ်ခေါ်’လိုက်ပါသည်။
“အရှင်မင်းကြီးအတွက် မယ်တော့်ကို ဒီရံရွေတော် ကောင်း ကောင်း ပြုစုစောင့်ရှောက်လိုက်ပါ့မယ်”
လင်းချင်ချင် လုံးဝ ဒေါသမထွက်ပါ။ ယွဲ့လင်းကို စွဲမက်စွာ ငေးမောရင်းသာ ထွက်ခွာသွားလေတော့သည်။
ယွဲ့လင်း: “…”
ယွဲ့လင်း ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ ရံရွေ တော်လင်း ဦးနှောက်တစ်ခုခုထိခိုက်ထားတာ ဖြစ်မည်ဟုပင် သံသယဖြစ်လာမိသည်။
အကြိမ်းမောင်းခံရလေလေ ပျော်လာလေလေဖြစ်တဲ့ လူမျိုး သူတစ်ခါမှ မမြင်ဖူးချေ။
“အရှင်မ… ဒီရံရွေတော်လင်းက…”
ကျန်းကျီမြောင်ကို တစ်ခုခု မိန့်ကြားဖို့ ယွဲ့လင်း မျက်နှာလှည့်လိုက်သည်။
ကျန်းကျီမြောင်က သဘောထားကြီးစွာ ပြုံးလိုက်ပြီး လျှောက်တင်လိုက်ပါသည်။
“ရံရွေတော်လင်းက အရှင်မင်းကြီးအတွက် အရမ်း စိုးရိမ်ပူပန်နေလို့ ဖြစ်မှာပါ၊ သူက အရှင်မင်းကြီးဆီမှာ အားလုံးထက်အရင် အမှုထမ်းခဲ့တဲ့သူဆိုတော့ ပိုစိတ်ပူတာ သာမန်ပါပဲ၊ တကယ်တော့ ဒီမိဖုရားကမှ တကယ်
အပြစ်ရှိသူပါ။ ရံရွေတော်လင်းလောက် သိမ်မွေ့မှုလည်းမရှိဘူး၊ သိတတ်လိမ္မာမှုလည်း မရှိဘူး”
ယွဲ့လင်း ရုတ်ခြည်းဆိုသလို ဇောချွေးများပြန်လာသည်။
ကျန်းကျီမြောင်ရဲ့ စကားတွေက ဘယ်လိုကြီးလဲ!
သူ့စကားလုံးများက ကြောက်စရာကောင်းအောင် ထူးဆန်းနေပါသည်။ ယွဲ့လင်း တစ်ခုခုပြောဖို့ကြံလိုက်စဉ် ကျန်းကျီမြောင် အာရုံလွဲသွားလေသည်။
[အို… ဒီနေ့အတွက် မနက်ခင်း အတင်းအဖျင်းတွေ တက်လာပြီ]
အတင်းအဖျင်း ဟုတ်လား…
ယွဲ့လင်း ကြက်သေသေသွားသည်။ မနက်ခင်းအတင်း အဖျင်းများကို နားထောင်ရမှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။
[ကြည့်ရအောင်…]
[မယ်တော်ကြီးက ဖျားနေတာမဟုတ်ဘူး အဆိပ်မိနေတာတဲ့၊ အဆိပ်ရဲ့ ရင်းမြစ်ကတော့ အခွန်အကောက်ဝန်ကြီး စုမင်ယွမ်ရဲ့တရားမဝင်သမီး စုစစ်ယောင်တဲ့]
ကြင်ယာတော်စု အနည်းငယ်မျက်နှာပျက်သွားခဲ့သည်။
သူ့ညီမလေးပဲလား!
ယခင်တစ်ခေါက်က အတင်းအဖျင်းကြောင့် သူမ ဝတ်ဆင်ထားသည့် လက်ကောက်ထဲ အဆိပ်လူးထားကြောင်းသိခဲ့ရသည်။ မိဖုရားကြီးက သူမလက်ကောက်ကို သဘောထား ကြီးစွာ သိမ်းပေးသွားခဲ့သည်။ သူမကိုယ်တိုင်လည်း မယ်တော့်ဆီ လျှို့ဝှက်စာတစ်စောင်ရေးပို့ခဲ့ပါသည်။
စာထဲမှာ စုစစ်ယောင်ကို သတိထားဖို့နဲ့ စုစစ်ယောင်၏ နောက်ကြောင်းကို စုံစမ်းဖို့ညွှန်ကြားထားခဲ့သည်။ မယ် တော်တို့ဘက်မှ အကြောင်းထူး မကြားရသေးသော်လည်း ယခုတော့ စုစစ်ယောင်ရဲ့အဆိပ်က မယ်တော်ကြီးဆီကိုပါ ရောက်သွားပြီတဲ့လား ?
မဖြစ်နိုင်ဘူး… မဟုတ်သေးဘူး…
စုစစ်ယောင်မှာ အဆိပ်ဖော်စပ်နိုင်စွမ်းရှိကောင်းရှိနိုင်သော် လည်း ရှို့အန်းနန်းဆောင်ကို အတွင်းအပြင် နေရာတိုင်းမှာ လုံခြုံရေးအပြည့်ဖြင့် စောင့်ကြပ်ထားတာဖြစ်သည်။ ထို့ကြောင့် နန်းဆောင်ထဲ အဆိပ်ရောက်အောင် စုစစ်ယောင် စွမ်းဆောင်နိုင်စွမ်း ရှိမည် မဟုတ်ပါ။ သို့သော်…
ကြင်ယာတော်စု မျက်လုံးများဂနာမငြိမ်ဖြစ်သွားသည်။ တခြားကိုယ်လုပ်တော်တွေလည်း တစ်စုံတစ်ခုကို သတိရသွားကြကာ မျက်နှာတွေအံ့အားသင့်တုန်လှုပ်ကုန်ကြသည်။
ယခင်တုန်းက မိဖုရားကြီး၏အတွေးသံတစ်ခုကြောင့် အနာဂတ်တွင် စုစစ်ယောင်က ယွဲ့ဟွာ၏ကြင်ယာတော်တစ်ယောက် ဖြစ်လာမည်ဆိုတာကို အားလုံးသိပြီးသား ဖြစ်သည်။ ထို့ကြောင့် အဆိပ်ကိုဖော်စပ်သူက စုစစ်ယောင်ဆိုလျှင် အဆိပ်ကို ပို့ဆောင်ပေးခဲ့သူက မင်းသားအန်းဟယ်သာ ဖြစ်နိုင်ပါသည်။ ထို့အပြင် မယ်တော်ကြီးကလည်း အဆိပ်ကို လိုလိုလားလား သောက်သုံးခဲ့တာဖြစ်မည်။
ဘာတွေ ကြံစည်နေကြတာလဲ!
ဘာ အတွက်လဲ!
[ဒီအတင်းအဖျင်းက အလကားဖြစ်သွားပြီ၊ အဲ့ကိစ္စ မနေ့ညကတည်းက ငါခန့်မှန်းထားပြီးသားဥစ္စာ]
ကျန်းကျီမြောင် စိတ်ထဲမှ ရေရွတ်လိုက်ရင်း ဒုတိယအတင်းအဖျင်းကို ဖတ်ကြည့်လိုက်ပါသည်။ ထိုအတင်း အဖျင်းကို ဖတ်ပြီးမှ သူမ မျက်လုံးတွေကြောက်စရာကောင်းလောက်အောင် ပြူးကျယ်သွားလေတော့သည်။
[ဘု-ဘု-ဘု-ဘု-ဘုရားရေ!!! ကြမ်း-ကြမ်း-ကြမ်းလှချည်လား!!!]
ကျန်းကျီမြောင် အတွေးသံတွေတောင် ထစ်ငေါ့သွားရသဖြင့် အားလုံးစိတ်ဝင်တစားဖြစ်သွားကြသည်။
ဘာများဖြစ်လို့လဲ!
အရင်တုန်းက အံ့အားသင့်စရာအတင်းအဖျင်းတွေ အများကြီးရှိခဲ့ပေမယ့် မိဖုရားကြီးရဲ့အတွေးတွေကိုတောင် ထစ်ငေါ့သွားစေမယ့် အတင်းအဖျင်းမျိုး မကြုံဖူးသေးဘူး!
[မယ်တော်ကြီးရဲ့ နန်းဆောင်ထဲက အထိန်းတော်ဖန့်… အရင်တုန်းက ယွဲ့ဟွာရဲ့ နို့ထိန်းပေါ့၊ နောက်တော့ ဖန့်မိသားစု ဓားပြတိုက်ခံရပြီး သူ့သမီးလေး တစ်ယောက်ကလွဲလို့ ဘယ်သူမှ အသက်မရှင်ခဲ့ဘူး၊မယ်တော်ကြီးက အဲ့ဒီ အရေးကိစ္စကို စုံစမ်းစစ်ဆေးပေးမယ်လို့ အထိန်းတော်ဖန့်ကို ကတိပေးခဲ့ပြီး အထိန်းတော်ဖန့်ရဲ့ သမီးလေးကိုလည်း ယွဲ့ဟွာလက်ထဲအပ်ခဲ့တယ်၊ အခု ယွဲ့ဟွာဘေးမှာရှိနေတဲ့ အခြွေအရံမန်ကျစ်ဆိုတာ အထိန်းတော်ဖန့်ရဲ့ သမီးပဲ]
ကျန်းကျီမြောင် ခေတ္တရပ်တန့်သွားသည်။
အားလုံး နားရွက်တွေထောင်ပြီး ဆက်နားထောင်ချင်နေကြပါသည်။
ဘာဖြစ်လဲ ဘာဆက်ဖြစ်လို့လဲ!
[အထိန်းတော်ဖန့်က မယ်တော်ကြီးနားမှာပဲနေပြီး ဝေရာဝစ္စပြုစုပေးခဲ့တယ်]
[တစ်နေ့မှာ ယွဲ့ဟွာ သေရည်အမူးလွန်ပြီး ရှို့အန်းနန်းဆောင်မှာ လာနေတုန်းက အထိန်းတော်ဖန့် သွားထိန်းကြောင်းပေးခဲ့သေးတယ်၊ သူ့သမီးမန်ကျစ်ကို ကောင်း ကောင်းဂရုစိုက်ပေးဖို့ မှာချင်တာလည်း ပါမှာ ပေါ့]
[ဖြစ်ချင်တော့… ယွဲ့ဟွာက သေရည်အမူလွန်ပြီး ဘာမှမဝေခွဲနိုင်တော့ဘဲ အထိန်းတော်ဖန့်ကို ကုတင်ပေါ် ဆွဲတင်လိုက်တယ်တဲ့…]
ကျန်းကျီမြောင် ဆက်မဖတ်နိုင်တော့ပေ။
အား!!!
အဘက်ဘက်ကပြည့်စုံတဲ့ ဇာတ်လိုက်မင်းသားဆိုတာ ဒါလား!
မနက်နိုးလာတော့ ယွဲ့ဟွာက မရှက်ရွံ့သည့်အပြင် စိတ်တောင်ကျေနပ်သွားသေးသည်။
အမေကိုကော သမီးကိုပါ သိမ်းပိုက်တယ်ဆိုတာ ဒါမျိုးလား!
ထိုအကြောင်းအရာကို သူမ ဦးနှောက်ထဲမှ ပြန်ဆွဲထုတ်လို့ ရလျှင် သိပ်ကောင်းမည်ဟု ကျန်းကျီမြောင်တွေးမိသည်။
ဘာလို့လဲ!
ဘာလို့ ဒီအကြောင်းတွေ လာအသိပေးနေတာလဲ!
သေချင်ပါတယ်!!
ဘေးဘက်ခန်းမဆောင်ထဲ အားလုံးတိတ်ဆိတ်သွားကြသည်။ အထိန်းတော်ဖန့်က မယ်တော်ကြီးနှင့် အသက်အ ရွယ်ခြင်း ဆင်တူခန့်ရှိသည်။ အကြမ်းဖျင်းတွက်ချက်ကြည့်လျှင် အသက် ၄၀ ပင် မပြည့်လောက်သေးပါ။ ထို့အပြင် ခန္ဓာကိုယ်ကိုလည်း ထိန်းသိမ်းသူ ဖြစ်သဖြင့် အနည်းငယ် ဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။
ဒါပေမယ့်လည်း… အဲ့တာကြီးက မလွန်လွန်းဘူးလား!
မယ်တော်ကြီးကကော ဒါတွေကို မသိဘူးလား!!!
ယွဲ့လင်း အချိန်အတော်ကြာအောင် ကြက်သေသေသွားခဲ့သည်။
အဲ့လိုဖြစ်နိုင်တယ်ပေါ့!
တကယ်ကြီး ဖြစ်နိုင်တယ်လား!
ဒါ့ကြောင့်လည်း ယွဲ့ဟွာဘက်ကနေ အထိန်းတော်ဖန့် အမြဲတမ်း ကာပြောပေးခဲ့တာဖြစ်မှာပေါ့!
ဒါကြောင့်ကိုး!!!
ယွဲ့လင်း ဖျားချင်စိတ်ပေါက်သွားလေသည်။
ထို့အပြင် သူတွေးမိတာ အခြားတစ်ခုရှိပါသေးသည်။
ဒီလိုအတင်းအဖျင်းကို နေ့တိုင်း နားထောင်လို့ ရတယ်လား ?
အဲ့ဒါကြောင့် ကိုယ်လုပ်တော်တွေ နေ့တိုင်း ဝီရိယရှိနေကြတာလား!
သူ မသိလိုက်တာတွေ ဘယ်လောက်တောင် ရှိနေပြီလဲ!!!
ကျန်းကျီမြောင် စိတ်ပြန်တည်ငြိမ်သွားပြီး သတ္တိမွေးကာ နောက်ဆုံး အတင်းအဖျင်းကို ဖတ်ရှုဖို့ ပြင်လိုက်သည်။
[ကျေးဇူးပြုပြီး အော့နှလုံးနာစရာတွေ ထပ်မဖြစ်ပါစေနဲ့…]
အော့နှလုံးနာစရာဟု တွေးနေသော်လည်း ကျန်းကျီမြောင် မျက်လုံးတွေကတော့ တောက်ပမြဲတောက်ပနေဆဲဖြစ် သည်။ မကြည့်သင့်ဟု တားထားခါမှ မကြည့်ရမနေနိုင်ဖြစ်နေသည့် စိတ်ဓာတ်မျိုးဖြစ်သည်။
[ဒီနေ့အတွက် နောက်ဆုံးအတင်းအဖျင်းကတော့…]