Make His Heart Ache
Vol. 9 Ch. 84
ယွဲ့လင်းကို ဝမ်းနည်းမှုတွေ၊ အငြှိုးတရားတွေ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် လင်းချင်ချင် စိုက်ကြည့်လိုက်သည်။
သူ့အတွက် ဒီကိုကြွမြန်းလာခဲ့တာ သေချာတယ်!
သူ့ကို ချစ်နေတာ၊ မစွန့်လွှတ်နိုင်သေးတာ သေချာတယ်!
အဲ့တာကို ဝန်ခံဖို့ အရမ်းခဲယဉ်းနေတာလား…
ပါးရိုက်ခံရမယ့်လူက သူဖြစ်နေရင်တောင် နှလုံးသားနာကျင်ရမယ့် သူက အရှင်မင်းကြီးပဲမဟုတ်ဘူးလား…
လင်းချင်ချင် မျက်ဝန်းတွေထဲ စိုစွတ်မှုဖြင့် တောက်ပလာခဲ့သည်။
အဆင်ပြေပါတယ်…
ဒီလိုလမ်းမျိုး သူကိုယ်တိုင် ရွေးချယ်ခဲ့မိတာကိုး…
လင်းချင်ချင် စိတ်ထဲက ကြေကွဲသံများကို ယွင်ရှန်းက တော့ ဘာမှနားမလည်ဘဲ လက်နှစ်ဖက်စလုံးကို အသုံးပြုကာ လင်းချင်ချင်အား ဘယ်ပြန်ညာပြန် ၁၀ ကြိမ်တိတိ ပါးရိုက်ပစ်လိုက်သည်။
ယွင်ရှန်း သူ့လက်ကို သူ ပြန်ကြည့်ရင်း အနည်းငယ်စိုးရိမ်သွားခဲ့သည်။
ဒီတိုင်းသာ ဆက်လေ့ကျင့်နေလျှင် နို့ထိန်းယွင်၊ သို့မဟုတ် အထိန်းတော်ကြီးယွင်ဖြစ်လာသည့်အချိန်ကျ ကလေးတစ်ယောက်ကိုတစ်ချက်တည်းနှင့် သတိလစ်သွားအောင် ရိုက်မိလောက်သည်။
“သူ့ဘေးနားမှာပဲ နေပြီး စောင့်ကြည့်ထားပါ ယွင်ရှန်း၊ ယုတ္တိမရှိတဲ့စကားတွေ ပြောတိုင်း ထပ်ရိုက်လိုက်”
ယွဲ့လင်း ခံစားချက်မဲ့စွာ အမိန့်ပေးလိုက်သည်။
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
ယွင်ရှန်းလည်း ချက်ချင်းအမိန့်နာခံလိုက်ပြီး လင်းချင်ချင်အနားမှာ လက်ဖဝါးပွတ်ရင်း ရပ်နေခဲ့ပါသည်။
သူမရဲ့မဟာပါးရိုက်စွမ်းရည်ကို ထပ်မံလေ့ကျင့်ချင်မိ သည်။
“အရှင်မင်းကြီး!”
ဘယ်ဘက်ပါးကို လင်းချင်ချင် လက်ဖြင့် နာာနာကျင်ကျင် အုပ်ထားရသည်။ ခဏကြာတော့ ညာဘက်ပါးကိုပါ ထပ်အုပ်လိုက်ရပါသည်။
နှစ်ဖက်စလုံး နာကျင်နေတာချင်း အတူတူဖြစ်သဖြင့် နှစ်ဖက်စလုံးကို လက်ဖြင့်အုပ်ထားရသည်။ သူမ ပုံစံက အနည်းငယ် ထူးဆန်းလို့နေသည်…
ထို့နောက် စက္ကန့်ပိုင်းအတွင်း လင်းချင်ချင် အသွင်ပြောင်း လဲသွားခဲ့သည်။ လက်နှစ်ဖက်စလုံးကို ပြန်ချလိုက်ပြီး ယွဲ့လင်းအား ဝမ်းနည်းညှိုးငယ်စွာမော်ကြည့်လိုက်လေသည်။
“ဒီရံရွေတော်ကို အရှင်မင်းကြီး ဒီလောက်မုန်းတီးနေမှတော့ တခြားသူတွေကို ခိုင်းစရာမလိုတော့ပါဘူး။ ဒီရံရွေ တော် ကိုယ့်ဖာသာကိုယ်ပဲ အပြစ်ပေးလိုက်တော့မယ်!”
လင်းချင်ချင် မတ်တပ်ရပ်လိုက်ပြီး နံရံဆီ အရှိန်အဟုန်အပြည့်ဖြင့် ပြေးသွားခဲ့သည်။
နံရံနဲ့ ခေါင်းနဲ့ ဆောင့်တိုက်ပြလိုက်ရင် ယွဲ့လင်း ရင်မနာဘဲ နေနိုင်ဦးမလား!
ယွဲ့လင်း: “???”
ကျန်းကျီမြောင်: “!!!”
ကိုယ်လုပ်တော်များ: “?!?!”
လင်းချင်ချင် ထပြေးတုန်းက သူမကို တစ်စုံတစ်ယောက် လာတားလိမ့်မည်ဟု မျှော်လင့်ထားဆဲဖြစ်သည်။
သို့သော် ဘယ်သူမှ ရောက်မလာခဲ့ကြပေ။ ထို့ကြောင့် နံရံနဲ့ ခေါင်းနှင့်တကယ် ဝင်တိုက်သွားခဲ့သည်။
ဝုန်း!
ယွဲ့လင်းအား ရင်နာအောင်လုပ်ဖို့အတွက် လင်းချင်ချင် အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်ခြင်းဖြစ်သည်။
ပါးရိုက်ခံထားရသဖြင့် ပါးနှစ်ဖက်စလုံး နီရဲနေသည့်အပြင် နဖူးပေါ်မှာလည်း အနီရောင်အကွက်တစ်ကွက်ပေါ်လာခဲ့ပါသည်။
“အရှင်မင်းကြီး စိတ်ကျေနပ်သွားပြီလား”
ယွဲ့လင်းအား လင်းချင်ချင် နာကျည်းစွာမော်ကြည့်ရင်း မေးလိုက်သည်။
လာစမ်းပါ ဟန်ဆောင်လိုက်စမ်းပါ!
ဒီနေ့ ယွဲ့လင်းကို ရင်ကွဲနာကျပြီး သေအောင်မလုပ်နိုင်ရင် ငါ့မျိုးရိုးနာမည် လင်း မဟုတ်လို့ပဲ!
လင်းချင်ချင်၏အပြုအမူကြောင့် ယွဲ့လင်း အမှန်တကယ် မှင်သက်သွားခဲ့ပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
လင်းချင်ချင်ဦးနှောက်ထဲမှာ ဘာတွေရှိနေတာလဲ…
ယွဲ့လင်း လိုက်မမှီတော့ပါ။
“မလုံလောက်သေးဘူးမလား”
တိတ်ဆိတ်နေသည့် ယွဲ့လင်းကိုကြည့်ရင်း လင်းချင်ချင် အနည်းငယ် ကျေနပ်သွားခဲ့သည်။
စကားတောင် မပြောနိုင်တော့ဘူးမလား!
ရင်တွေ သေလောက်အောင် နာကျင်နေပြီမဟုတ်လား!
ဆက်ဟန်ဆောင်လိုက်စမ်း!
နှလုံးသားထဲက စူးရှတဲ့နာကျင်မှုဆိုတာ ဘာလဲနားလည်သွားအောင်လုပ်ပြမယ်!
လင်းချင်ချင် ရုတ်တရက် ပြန်ထလိုက်ပြီး နံရံကြီးကိုထပ်ဝင်တိုက်လိုက်ပါသည်။ ဒီတစ်ခါတော့ နဖူးက နီရုံမဟုတ်တော့ဘဲ အဖုကြီးတစ်ဖုပါ ထွက်လာခဲ့လေသည်။
[ဘု… ဘုရား]
ကျန်းကျီမြောင်၏အတွေးသံပင် တုန်လှုပ်ချောက်ချားနေပါသည်။ အားလုံးလည်း မျက်လုံးတွေပြူးကျယ်ကာ ကြည့်နေကြသည်။
လင်းချင်ချင် အံကြိတ်ကာ နာကျင်မှုကို သည်းခံရင်း နံရံနဲ့ ခေါင်းနဲ့ အကြိမ်ကြိမ်ထပ်တိုက်လိုက်သည်။ နောက်ဆုံး နဖူးမှသွေးထွက်လာသည့်အချိန်ကျမှ ရပ်တန့်လိုက်ပါသည်။
“အရှင်မင်းကြီး ဒီလောက်ဆို လုံလောက်ပြီလား!”
လင်းချင်ချင် စိတ်ထဲတွင်…
သူမ နဖူးပေါ်မှ သွေးနီနီတောက်တောက်တွေ စီးကျလာမည်ဖြစ်သည်။ သူမရဲ့ ဖြူဖွေးနူးညံ့သည့် မျက်နှာလေးပေါ် စီးကျလာသောအခါ သူမရဲ့ ပြိုင်ဘက်ကင်းသည့် အလှတရားကို ထပ်ဆင့်တိုးပွားသွားစေမည်။ ဒါကိုကြည့်ရင်း ယွဲ့လင်း တုန်လှုပ်ချောက်ချားသလို နှလုံးသားလည်း ကွဲကြေသွားလိမ့်မည်။ အပြင်ပန်းမှာ ထုတ်မပြရင်တောင် ကျန်းကျီမြောင်ကို အရိုးထဲထိစွဲအောင် ယွဲ့လင်း မုန်းတီးသွားပါလိမ့်မည်။
လက်တွေ့မှာတော့…
လင်းချင်ချင်ခေါင်းပေါ် ဖုအကြီးကြီးတစ်လုံး ထွက်နေပြီး ထူးထူးဆန်းဆန်း နဖူးပေါ်မှာ ဦးချိုတစ်ခုပေါက်နေသည့် တိရိစ္ဆာန်တစ်ကောင်နဲ့ပင် တူနေလေသည်။ ထို့နောက် နီရဲနေသည့် ပါးနှစ်ဖက်ပေါ် သွေးများစီးကျနေကာ ပုံမှန်မဟုတ်ဘဲ စိတ်မကျန်းမာသည့် လူတစ်ယောက်နဲ့ တူနေပါသည်။
ယွဲ့လင်း တုန်လှုပ်ချောက်ချားသွားခဲ့တာတော့ မှန်သည်။
သူ တိုးညှင်းစွာ မိန့်လိုက်သည်။
“ရံရွေတော်လင်း… စိတ်လျှော့ပြီး ခဏလောက်ပြန်ထိုင်နေလိုက်ပါလား”
လင်းချင်ချင်သာ ဒီနေရာမှာ ဒီလိုပုံစံနဲ့ သေသွားလျှင် မြင်မကောင်းရှုမကောင်းဖြစ်သွားလိမ့်မည်။ ထို့အပြင် လင်းချင်ချင်က သူ့အတွက် အသုံးဝင်နိုင်ပါသေးသည်။
ယွဲ့လင်းကို စိုက်ကြည့်ရင်း လင်းချင်ချင် ရင်ထဲဟက်ဟက် ပက်ပက် ရယ်မောလိုက်သည်။
ထင်တဲ့အတိုင်းပဲ…
ယွဲ့လင်း ရင်နာနေပြီပေါ့…
ဒါပေမယ့်… သူ့ဘက်က အလွယ်တကူ ခွင့်လွှတ်မယ်ထင်နေလား…
သူ့ဆီက မေတ္တာကို ပြန်လည်ရယူဖို့အတွက် ယွဲ့လင်း ကျော်ဖြတ်ရမည့် အခက်အခဲတွေ အများကြီးရှိလိမ့်မည်။
လင်းချင်ချင် နှစ်ချက်လောက် ခပ်သဲ့သဲ့ရယ်မောလိုက်ပါသည်။ သို့သော်ခေါင်းထိထားသဖြင့် ထိုသို့ ရယ်မောလိုက်သောအခါ တစ်ကိုယ်လုံးမူးဝေသွားလေတော့သည်။
ထို့ကြောင့် လင်းချင်ချင် စိတ်အမြန်လျှော့ကာ ဖြည်းဖြည်းချင်း ပြန်ထိုင်နေလိုက်ရသည်။
[ဒီ… ဒီရံရွေတော်လင်း လုံးဝ ရူးသွပ်သွားပြီလား]
ကျန်းကျီမြောင် တွေးမိပါသည်။
ဘယ်လိုကြည့်ကြည့် ရူးနေတဲ့ ပုံစံကြီးကို!
ကိုယ့်ကိုယ်ကိုယ်နှိပ်စက်ပြီးတော့ သူမကို ဂုဏ်ယူဝံ့ကြွားတဲ့ အကြည့်မျိုးနဲ့တောင် လာကြည့်နေတာ!
ကျန်းကျီမြောင် တွေးလိုက်မိသည်။
နံရံနဲ့ ခေါင်းနဲ့တိုက်တာ ဘာတွေများ ဂုဏ်ယူစရာကောင်းနေလို့လဲ!
သာမန်လူတစ်ယောက်က အရူးတစ်ယောက်၏တွေးပုံခေါ်ပုံကို အမှန်တကယ်ပဲ လိုက်မမှီနိုင်ပါ။
“ယွင်ရှန်း… ရံရွေတော်လင်းကို ဆေးနည်းနည်းလိမ်းပေးလိုက်ပါ” ကျန်းကျီမြောင် မိန့်လိုက်သည်။
ယွင်ရှန်းလည်း အမိန့်နာခံဖို့ပြင်လိုက်ပါသည်။
သို့သော် လင်းချင်ချင်က မောက်မာစွာ ပြောဆိုလိုက်သည်။
“မလိုဘူး! ဒီရံရွေတော် အမှားလုပ်မိတဲ့အတွက် အပြစ်ဒဏ် ခံယူထိုက်တယ်”
ပြောပြောဆိုဆိုနဲ့ သူ့နဖူးပေါ်ကဒဏ်ရာကို ယွဲ့လင်း မြင်သာစေဖို့လှည့်ပြလိုက်ပါသည်။
ရင်နာနေပြီလား!
ရင်ကွဲနာကျပြီး သေတော့မှာမလား!
ယွဲ့လင်း: “…”
ထို့နောက် ကျန်းကျီမြောင် ထပ်မိန့်လိုက်သည်။
“ဒါဆိုလည်း ယွင်ရှန်း၊ အဝတ်စတစ်ခုခုယူပြီး ရံရွေတော်လင်းရဲ့သွေးတွေကို သုတ်ပေးလိုက်ပါ၊ ခန်းဆောင်ထဲ သွေးစွန်းမကောင်းဘူး”
ယွင်ရှန်း ခပ်မြန်မြန် ဆောင်ရွက်ခဲ့ပါသည်။
ဖုန့်ယီနန်းဆောင်မှာ သစ်သီးဗန်းတွေ အများကြီးရှိတတ် သည်။ ထိုအခါ ဘေးနားမှာရှိနေသည့် ယီချိုက်ရမ်က ပြုံးလိုက်ပြီး သစ်သီးဗန်းတစ်ခုအောက်မှာခံထားသည့် အဝတ်ကိုယူကာ ယွင်ရှန်းအား ပေးလိုက်ပါသည်။
“ဒီဟာပဲ သုံးလိုက်ပါ”
ယွင်ရှန်းလည်း ကျေးဇူးတင်လိုက်ပြီး ထိုအဝတ်စကိုယူကာ လင်းချင်ချင်မျက်နှာပေါ်က သွေးတွေကို သုတ်ပေးလိုက်ပါသည်။
ထိုအဝတ်စအသားက အလွန်ကြမ်းတမ်းသဖြင့် ရံရွေတော်လင်း အံကြိတ်မိပြီး မျက်နှာတစ်ခုလုံးရှုံ့တွသွားခဲ့သည်။
ကျန်းကျီမြောင်လည်း ထိုမျက်နှာကိုကြည့်ချင်စိတ်မရှိတော့ပေ။ ထို့ကြောင့် အတင်းအဖျင်းစနစ်ကို ဖွင့်လိုက်ပါသည်။ ဒီနေ့မနက်ခင်း အတင်းအဖျင်းများ ဖတ်ရှုရဦးမည်ဖြစ်သည်။
ကျန်းကျီမြောင် တစ်ယောက်တည်း ရီဝေသွားတာကိုမြင်တာနဲ့တစ်ပြိုင်နက် အားလုံး ခါးတွေမတ်သွားခဲ့ကြသည်။ ယွဲ့လင်းလည်း နားရွက်ထောင်သွားခဲ့လေသည်။
ယွဲ့မြန်ကတော့ ဘာဆက်ဖြစ်မလဲ နားမလည်သေးသော် လည်း အားလုံး၏အပြုအမူတွေကိုမြင်ပြီး သူမလည်း နားစွင့်ထားမိပါသည်။
[ယီချိုက်ရမ်က သီချင်းတစ်ပုဒ် ကိုယ်တိုင်စပ်ထားတယ်တဲ့၊ နန်းဆောင်ထဲမှာ သူ့စကေးကိုထုတ်ပြလို့ရမယ့် အချိန် ကောင်းကို စောင့်နေတာတဲ့]
ထိုအတင်းအဖျင်းကိုမြင်ပြီးနောက် ယီချိုက်ရမ်ကို ကျန်းကျီမြောင် ချောက်ချားစွာ လှမ်းကြည့်လိုက်သည်။
သူမက စနစ်ကအတည်ပြုပေးထားတဲ့၊ ကီးကြောင်နေတယ်ဆိုတဲ့ ကိုယ်လုပ်တော် မဟုတ်လား…
ယီချိုက်ရမ် ခေါင်းမော့ရင်ကော့လျက် ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်သည်။ အရင်တစ်ခေါက်က အတင်း အဖျင်းစနစ်၏အကဲဖြတ်မှုကြောင့် သူမ အရှက်ကွဲခဲ့ရတာတွေကို ဒီသံစဉ်နဲ့ပြန်ချေမှုန်းရမည်။
တခြားကိုယ်လုပ်တော်များ: “…”
နေပါစေတော့ ကျေးဇူးပါပဲ…
ယခုအချိန်မှာ အားလုံးရဲ့အဓိက မစ်ရှင်က ယီချိုက်ရမ်ကို သီချင်းဆိုင်နိုင်မည့် အခွင့်အရေးမရရှိအောင် တားဆီးဖို့ ဖြစ်သည်။
ယီချိုက်ရမ်၏အခြေအနေအမှန်ကို ယွဲ့လင်းနဲ့ ယွဲ့မြန်တို့မသိကြသေးပါ။ ယွဲ့မြန်ဆို ထိုသီချင်းအား နားထောင်ချင်စိတ်ပင်ဖြစ်မိသည်။
ကိုယ်လုပ်တော်ယီက သီချင်းဆိုတော်တာလား…
ဒါဆို သူတို့ ကံကောင်းတာလား…
တခြားသူများသာ ယွဲ့မြန်၏အတွေးကိုကြားလျှင် ချက် ချင်းခေါင်းခါပြကြပါလိမ့်မည်။
ကျန်းကျီမြောင် အတင်းအဖျင်းနောက်တစ်ခုကို ဆက်ဖတ်ကြည့်လိုက်သည်။
[ဝန်ကြီးချန်ရဲ့ဇနီးက ဗိုက်ကြီးနေပြီတဲ့…]
ချန်ရှုယိ မျက်နှာပျက်သွားခဲ့သည်။ မျိုးရိုးအမည်ချန်ဖြင့် ဝန်ကြီးဆိုလို့ သူ့ ခမည်းတော်သာ ဖြစ်နိုင်ပါလိမ့်မည်။
ဒါဆို သူ့အမေ ကိုယ်ဝန်ရှိနေပြီပေါ့…
ချန်မိသားစုမှာ သူမသည် တစ်ဦးတည်းသော သမီးတော် ဖြစ်သည်။ ယခင်တုန်းကသာဆို မိခင်ဖြစ်သူကိုယ်ဝန်ရှိနေသည့် သတင်းကြားရလျှင် ချန်ရှုယိ ဝမ်းသာမိမှာသေချာပါသည်။
သို့သော် ယခုမူ…
သူမရင်ထဲ အကြောက်တရားသာရှိတော့သည်။ ခမည်းတော်ပေးအပ်ထားသည့် တာဝန်ကို သူ မမေ့သေးပါ။
[မူလဝတ္ထုဇာတ်လမ်းထဲမှာတော့ ချန်ကျင်းမင် သားတစ်ယောက် တကယ်ထပ်ရခဲ့တယ်]
[ထူးဆန်းတာက အဲ့ဒီကလေးကို သခင်မချန်သိပ်ပြီးမမြတ် နိုးတဲ့ပုံစံပဲ၊ ပုံမှန်ဆို ကလေးနဲ့ မိခင်တို့က နှလုံးသားချင်းပိုနီးစပ်သင့်တာ မဟုတ်ဘူးလား]
သူမ ဖတ်ရှုထားသည့် ဇာတ်လမ်း ၅၀% ထဲတွင် ဒီကိစ္စက အဆုံးသတ်မရှိသေးပါ။ ထို့ကြောင့် ကျန်းကျီမြောင်လည်း သံသယဖြစ်စရာကောင်းသည့် ဒီကိစ္စကို ကောက်ချက်မချနိုင်သေးဘဲ ယာယီဘေးဖယ်ထားဖို့သာရှိသည်။
[နောက်ဆုံးအတင်းအဖျင်းကို ဖတ်ကြည့်ရအောင်]
ဒီအတင်းအဖျင်းက…
ကျန်းကျီမြောင်၏မျက်စိသူအိမ်ငယ်များ ငလျင်လှုပ်သလို လှုပ်ခါသွားခဲ့ရပြန်သည်။