Since Ancient Times It Has Been So, but Is It Right?
Vol. 9 Ch. 87
Meteor Garden ရှေးခေတ်ဗားရှင်းက စိတ်ဝင်စားစရာကောင်းသည့် ပုံစံမျိုးဖြင့် ပြန်လည်ဖန်တီးထားခြင်းဖြစ် သည်။
ဒီဇာတ်လမ်းက ခပ်မြန်မြန်ပဲ အချစ်ဇာတ်လမ်းအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု ကျန်းကျီမြောင် ထင်ထားခဲ့သည်။
အပိုင်း(၂)ပြီးဆုံးသွားသည့် ပုံစံက ဒုတိယဇာတ်လိုက်မင်းသားပေါ်လာသည့်ပုံစံမျိုးဖြစ်သည်။ အဓိပ္ပာယ်က အလွန် သိသာလွန်းသည်။
ဒုတိယဇာတ်လိုက်မင်းသားပေါ်လာပြီး မင်းသမီးကို ကူညီပေးလိမ့်မည်။ ထိုအခါခေတ်သစ်ဗားရှင်းကဲ့သို့ သုံးပွင့်ဆိုင်အချစ် သို့ လေးငါးပွင့်ဆိုင်အချစ်တွေဖြစ်လာလိမ့်မည်။
ဇာတ်လမ်းက ဒီတိုင်းဆိုလျှင်လည်း ကျန်းကျီမြောင်ကြည့်နိုင်ပါသည်။
အနည်းဆုံးတော့ ကောင်ချောလေးတွေနဲ့ မိန်းမလှလေးတွေဆိုတာ အမြဲတမ်း မျက်စိကျစရာပဲ မဟုတ်ပါလား….
သို့သော်လည်း စနစ်က သူမကို အံ့အားသင့်အောင်ထပ်လုပ်နိုင်ခဲ့သည်။
သခင်လေးသွမ့်မုယန်က ချူးရှားအား ကူညီပေးမည်ဟု အမှန်တကယ် ကမ်းလှမ်းခဲ့သည်။
သို့သော် ထင်မှတ်မထားစွာဖြင့် ချူးရှားမှ အကူအညီကို ငြင်းဆန်ခဲ့သည့်အပြင် ကိုယ့်အားကိုယ်ကိုးပြီး တကျော့ ပြန်လာနိုင်ခဲ့သည်။
ထို့ကြောင့် သခင်လေးများထံမှ လေးစားမှုကိုရရှိခဲ့ကြပြီး မုရုံရွှမ်လည်း ကောက်ကျစ်သည့် အကြံအစည်များဖြင့် သူမကို ထပ်ပြီးမတိုက်ခိုက်နိုင်တော့ပါ။
ပညာရေးမှာလည်း ချူးရှား မညံ့ဖျင်းခဲ့ပေ။ သူမ ရေးသားလိုက်သည့် စာတမ်းတိုတိုင်းက အားလုံးထဲမှာအပြောင်မြောက်ဆုံးဖြစ်လာခဲ့သည်။
ချူးရှားမှာ ထိပ်တန်းပညာသင်သားတစ်ယောက်၏ပါရမီမျိုးရှိသည်ဟု သခင်လေးတိုင်းက ချီးကျူးခဲ့ကြပါသည်။
ဒီနှစ်ပိုင်းအတွင်း မူရုံရွှမ် အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်ခဲ့သည်။ သို့သော် နာကျင်မှုနှင့်အသားကျနေတာကြောင့်လား မသိသော်လည်း ချူးရှားအပေါ် သူခံစားချက်တွေ ပြောင်းလဲလာခဲ့ပါသည်။
အပိုင်း(၄)အဆုံးတွင် မူရုံရွှမ်တစ်ယောက် သူ့ကိုယ် သူ ယောက်ျားချင်း ကြိုက်မိနေပြီလားဟု သံသယဖြစ်ကာ ထိတ်လန့်တကြားဖြစ်လျက် ဇာတ်သိမ်းသွားလေသည်။
ထိုနှစ်ပိုင်း၏ဇာတ်လမ်းအသွားအလာက အလွန်မြန်ဆန်ပါသည်။ နှစ်ပိုင်းအတွင်း ဇာတ်လိုက်မင်းသမီးကလေးကြိမ်တိုင်တိုင် ပါးရိုက်နိုင်ခဲ့သည်။
ဒီလို အမြန်နှုန်း… ဒီလို ဇာတ်လမ်းသွားအလာ…
Meteor Garden ရှေးခေတ်ဗားရှင်းက Story of Yanxi Palace လိုပါပဲလား!
အစ်မဝေ့က ထူးချွန်သလို ဒီအစ်မချူးကလည်း အတော်လေး ထူးချွန်ပြောင်မြောက်သည်။
ဒီဇာတ်လမ်းတွဲကြောင့် အားလုံး အတွေးအမြင်သစ်တွေ ပေါ်လာခဲ့ကြသည်။ ဇာတ်လမ်းတစ်ပုဒ်ကို ဒီလိုနည်းလမ်းနဲ့ ဖော်ပြနိုင်မည်ဟု ဘယ်သူမှ မထင်ခဲ့ကြပေ။
Meteor Garden က ခံစားချက်များကို ရုတ်တရက် နှိုးဆွနိုင်ခြင်းကြောင့် ခန်းဆောင်နီအိပ်မက်ကို ကြည့်ရှုခဲ့တုန်းကထက်ပင် ပိုပြီးစွဲမက်စရာကောင်းနေပြန်သည်။
ခန်းဆောင်နီအိပ်မက်က ခေတ်အဆက်အဆက်ကျော်ကြားသွားမည့် ဂန္ထဝင်လက်ရာဖြစ်မှန်း အားလုံးနားလည်ကြသည်။ ဒီဇာတ်လမ်းတွဲကတော့ စိတ်ခံစားချက်ကို ယာယီပေးစွမ်းနိုင်သည့် ဇာတ်လမ်းတွဲမျိုးသာ။
သို့သော်… ဒီဇာတ်လမ်းတွဲကြောင့် အားလုံးစိတ်ခံစားချက်တွေ ပြင်းထန်လာတာကိုတော့ ငြင်းမရပေ။
ကြင်ယာတော်သဲ့မျက်လုံးထဲ အားကျမှုအရိပ်အယောင်များထင်ဟပ်လာခဲ့ပါသည်။
ဇာတ်လမ်းထဲတွင် ချူးရှားက သူ့မျိုးဆက်၏အကျော်ကြားဆုံး အရာရှိဖြစ်ချင်တာပင်။ ထို့ကြောင့် မိန်းကလေး ဖြစ်နေသော်လည်း အိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက် ယောက်ျားလေးတစ်ယောက်လိုဟန်ဆောင်ပြီး နန်းတွင်းစာမေးပွဲဝင်ဖြေဖို့ ကြိုးစားနေခြင်းဖြစ်သည်။
လက်တွေ့မှာတော့…
မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်သဖွယ်ဟန်ဆောင်ပြီး နန်းတွင်းစာမေးပွဲ ဝင်ဖြေနိုင်ဖို့ဆိုတာ အလွန်အဓိပ္ပာယ်မဲ့လွန်းပါသည်။
သို့သော်လည်း ဇာတ်လမ်းတွဲထဲမှာ ချူးရှား၏အိပ်မက်တွေ အကောင်အထည်ပေါ်လာမည့်အချိန်ကို ကြင်ယာတော်သဲ့ မျှော်လင့်စောင့်စားနေမိသည်။
ဇာတ်လမ်းတွဲကိုကြည့်ရင်း ကြင်ယာတော်သဲ့ ကိုယ့်အ ကြောင်းကိုယ် တွေးမိပါသေးသည်။
ငယ်စဉ်ကတည်းက ခမည်းတော်နဲ့အတူတူ သိုင်းပညာကို သူမ လေ့ကျင့်သင်ကြားခဲ့သည်။ သူမ၏ သိုင်းပညာ စွမ်းပကားက အစ်ကိုတော်ဖြစ်သူနီးပါးထူးချွန်သည်ဟု ခမည်းတော် အမြဲမပြတ် ချီးကျူးခဲ့ဖူးသည်။
သို့သော်လည်း ချီးကျူးစကားတိုင်း၏အဆုံးသတ်မှာ ‘မိန်းကလေးဖြစ်နေတာ နှမျောစရာပဲ’ဟူသည့် စကားမျိုး ပါတတ်သည်။
အမှန်ပင်…
သူမ မိန်းကလေးဖြစ်နေတာ နှမျောစရာကောင်းလှသည်။
ထို့ကြောင့် နောက်ဆုံးကျတော့လည်း အနောက်နန်းဆောင်ထဲသာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
သူမ နှစ်သက်သည့် လက်နက်တွေကိုချခဲ့ရပြီး ပင်အပ်တွေ၊ ပိတ်စတွေကိုကိုင်ရင်း မိန်းမသားတစ်ယောက်မှာ ရှိသင့်သည့် ပညာတွေကို ကြိုးစားပန်းစားသင်ယူခဲ့ရသည်။
ဒါပေမယ့် ဘာဖြစ်လို့လဲ…
မိန်းမသားတစ်ယောက် ဖြစ်နေတာနဲ့ ရွေးချယ်စရာ ဒီလမ်းပဲ ရှိတော့တာလား…
ယခင်တုန်းက မိခင်ဖြစ်သူကို ကြင်ယာတော်သဲ့ မေးကြည့်ခဲ့ဖူးသည်။ မိခင်မှာ အမြဲတမ်းသက်ပြင်းချပြီး “ရှေးခေတ်တွေကတည်းက ဒီလိုကျင့်သုံးလာကြတာပဲ”ဟု ပြောလေ့ရှိသည်။
ရှေးခေတ်တွေကတည်းက ကျင့်သုံးလာတာနဲ့ပဲ မှန်ကန်တဲ့ နည်းလမ်းဖြစ်သွားကောလား…
ကြင်ယာတော်သဲ့ မယုံကြည်ပါ။ သို့သော် အစဉ်အလာ များအား ပြောင်းလဲဖို့ရာ သူမမှာ အစွမ်းအစလုံလုံလောက်လောက် မရှိမှန်းနားလည်ပါသည်။
သူမ စစ်မြေပြင်ပေါ်မှာ စီးတော်မြင်းနှင့် တိုက်ပွဲဝင်ချင်သည်။ နယ်မြေပိုင်နက်တစ်ခုကို စောင့်ကြပ်ပေးချင်သည်။ သို့သော် သူမ မလုပ်နိုင်ပါ။
သူမရဲ့ အကြီးမားဆုံးတန်ဖိုးဆိုလို့ စစ်တုရင် နယ်ရုပ်တစ်ယောက်လို နေထိုင်ဖို့သာ။ သူမသာ အနောက်နန်းဆောင်ထဲမှာ ရှိနေသရွေ့နယ်စပ်မှာ တာဝန်ပေးခံထားရသည့် အစ်ကိုတော်သစ္စာဖောက်မှာကို အရှင်မင်းကြီး စိတ်ပူစရာ မလိုပါ။
သူမ အမှန်တကယ်ဖြစ်ချင်တာကိုတော့ မည်သူမှ ဂရုစိုက်ကြမည်ဟု မထင်ပေ။
တခြားကိုယ်လုပ်တော်များလည်း တိတ်ဆိတ်သွားကြသည်။
ဇာတ်လမ်းတွဲထဲမှာ ချူးရှား ဘယ်လိုလမ်းမျိုး ရွေးချယ်မလဲဆိုတာကိုအားလုံး သိချင်မိသည်။ သူမတို့အတွက် ထိုရွေးချယ်မှုက ဘာကြောင့်မှန်းမသိဘဲ အရေးပါနေသလို ခံစားရပါသည်။
သို့သော် ဒီနေ့အတွက် အခမဲ့နှစ်ပိုင်းကိုကြည့်ရှုပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် မနက်ဖြန်မတိုင်ခင်အထိ အားလုံး အသည်းတယားယားဖြင့် စောင့်မျှော်နေကြရပါဦးမည်။
တခြားသူတွေကို လင်းချင်ချင်ကြည့်လိုက်ပြီး မျက်လုံးများ အရောင်တောက်သွားခဲ့သည်။
လင်းချင်ချင် ဂါဝရပြုချိန်မှာ အစအဆုံး ရှိနေဖူးတာဆိုလို ဒါပထမဆုံးအကြိမ်ပဲဖြစ်သည်။
ဒီကျန်းကျီမြောင်ကတော့!
တကယ် အာဏာပြပြီး အုပ်ချုပ်တဲ့လူပဲ!
ဘာမှလုပ်စရာမရှိသော်လည်း လူတိုင်းကိုနှုတ်ဆိတ်ပြီး ထိုင်ခိုင်းထားသည်။ ကိုယ်လုပ်တော်များလည်း ဒေါသ မထွက်ရဲသည့်အပြင် စကားပင် မပြောရဲကြပါ။
ဒါတွေအားလုံးကို အရှင်မင်းကြီးကိုယ်တိုင် မျက်လုံးနဲ့ တပ်အပ်မြင်သွားပြီဖြစ်သည်။ ထို့ကြောင့် ကျန်းကျီမြောင်နှင့် စာရင်းရှင်းဖို့မကြာခင် သူနည်းလမ်းစဉ်းစားလိမ့်မည်။
ဧကရီမိဖုရားဆိုတဲ့ ဂုဏ်ကိုအသုံးချပြီး မောက်မာနေတာ!
ကိုယ့်သေတွင်း ကိုယ် တူးလိုက်တာပဲ ကျန်းကျီမြောင်!
လင်းချင်ချင် မီးလောင်ရာလေပင့်ဖို့ ကြိုးစားလိုက်ပါသည်။
ရုတ်တရက်ဆိုသလို သူမ နဖူးကို လက်ဖြင့် အုပ်လိုက်ပြီး တိုးညှင်းသော ညည်းသံလေးတစ်သံ ထွက်ပြလိုက်ကာ မျက်လုံးမှိတ်လိုက်ပြီး သတိလစ်တော့မလို ဟန်ဆောင်ပြလိုက်သည်။
သူမ ဒဏ်ရာရထားသည်။ သို့သော် ကျန်းကျီမြောင်ကမူ သူမအား ထွက်သွားခွင့်မပေးချေ။
ဒါရည်ရွယ်ချက်ရှိရှိ နှိပ်စက်တာ မဟုတ်လို့ ဘာဖြစ်နိုင်မှာလဲ!
သတိလစ်ပြလိုက်ပါက ကျန်းကျီမြောင်၏ကောက်ကျစ် သော သရုပ်မှန်ကို အရှင်မင်းကြီး ပိုမြင်သွားပါလိမ့်မည်။
“သခင်မ! သခင်မ!”
ဟွေ့ရှင်းက လင်းချင်ချင်ကို စိတ်ပူပန်စွာ ကူတွဲပေးထားလိုက်ပါသည်။ ထို့နောက် အရှင်မင်းကြီးထံ ဝမ်းနည်းညှိုး ငယ်နေသောမျက်နှာမျိုးဖြင့် လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီး… သခင်မလင်း ဒဏ်ရာရထားပြီး ဆေးကုသမှု ခံယူဖို့လည်း နောက်ကျနေပါပြီ၊ အခု သတိတောင်လစ်နေပြီ!”
လင်းချင်ချင်၏အကြံအစည်ကို ဟွေ့ရှင်းလည်း နားလည် သည်။ ထို့ကြောင့် ကျန်းကျီမြောင်ကို မခံမရပ်နိုင်ဖြစ်နေသော မျက်နှာမျိုးဖြင့် မော်ကြည့်ကာမေးလိုက်သည်။
“အရှင်မ ကျေနပ်ရဲ့လား!”
ကျန်းကျီမြောင်: “???”
ပုံမှန်ဆို အနောက်နန်းဆောင်ထဲက ညီအစ်မတွေကို မောင်းထုတ်ဖို့ပင် ခက်ခဲနေတာဖြစ်သည်။ ဒါကို ကျန်းကျီမြောင် အသားကျနေပါပြီ။
သို့သော် ဒီနေ့ လူပို လင်းချင်ချင်ပါရောက်နေမှန်း ကျန်းကျီမြောင် မေ့လျော့သွားခဲ့သည်။
“သတိလစ်သွားတယ် ဟုတ်လား”
ယွဲ့လင်း မျက်မှောင်ကြုတ်လိုက်သည်။
“အရှင်မင်းကြီး! ရံရွေတော်လင်း အားနည်းချည့်နဲ့နေတာ လူတိုင်း မြင်သာပါတယ်! မိဖုရားကြီးက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ ဒီငယ်သား ထင်မြင်မိတယ်”
ဟွေ့ရှင်းခံပြင်းစွာ လျှောက်တင်လိုက်ပါသည်။
အခြွေအရံဟွေ့လင်း၏တွေးခေါ်ပုံက လင်းချင်ချင်နှင့် အတူတူပင်။ သူ့သခင်မအပေါ် ယွဲ့လင်း၏ချစ်မေတ္တာ ပြောင်းလဲခြင်းမရှိသေးဘဲ လောလောဆယ် တစ်ဦးကိုတစ်ဦး အချစ်ချင်းပြိုင်နေကြခြင်းသာ ဖြစ်မည်ဟု ဟွေ့လင်း ယုံကြည်သည်။
ယခု သခင်မ သတိပါလစ်သွားပြီဖြစ်သဖြင့် အရှင်မင်း ကြီး စိတ်မပျော့ဘဲ နေနိုင်မည်မဟုတ်ပါ။
ယွဲ့လင်းအား ဟွေ့ရှင်း မျှော်လင့်တကြီးကြည့်လိုက်သည်။
ယွဲ့လင်းက ခံစားချက် မဲ့စွာ မိန့်လိုက်ပါသည်။
“အခြွေအရံဟွေ့ရှင်း ကိုယ့်အဆင့်ကိုယ် နားမလည်ဘဲ မိဖုရားကို စော်ကားမော်ကားပြောဆိုရဲတယ်၊ အပြင်ထုတ်ပြီး ကြိမ်ဒဏ်အချက် နှစ်ဆယ်သင့်ခံစေ”
ဟွေ့ရှင်း ကြက်သေသေသွားသည်။
သူမ ကြက်သေသေတာ မသေတာ ဂရုမစိုက်ဘဲ အစောင့်တွေကတော့ ချက်ချင်းဆွဲထုတ်သွားကြပါသည်။ သိပ်မကြာလိုက်ဘဲ အပြင်ဘက်မှ အော်ဟစ်သံတွေ ထွက်ပေါ် လာခဲ့လေသည်။
လင်းချင်ချင် မျက်ခုံးများလှုပ်သွားပါသည်။ သို့သော် အခုချိန်မှ သတိပြန်မလည်လာရဲပေ။
“ရံရွေတော်လင်း ခန္ဓာကိုယ်က အရမ်းအားနည်းနေတဲ့ပုံစံပဲ၊ လီသဲ့ဟွိုက် သူ့ကို ချူးရွှယ်နန်းဆောင်ဆီ ပြန်ပို့ဆောင်ပေးလိုက်ပါ၊ သူ သတိပြန်လည်လာတဲ့အခါ ကျန်းရဲ့ အမိန့်တော်ကို ပြန်ကြားပေးပါ”
“ခန္ဓာကိုယ်အားနည်းနေရင် လေ့ကျင့်ခန်းမှန်မှန် လုပ်သင့်တယ်၊ ရှေ့လျှောက် ချန်းရေကန်တစ်ဝိုက်မှာနေ့စဉ် အပတ် သုံးဆယ်ပြေးရမယ်”
ယွဲ့လင်း ပေါ့ပေါ့ပါးပါး မိန့်လိုက်သည်။
လီသဲ့ဟွိုက်ကလည်း ပြတ်ပြတ်သားသား အမိန့်နာခံခဲ့ပါသည်။
အနည်းငယ် တုန်ယင်သွားသည့် လင်းချင်ချင်အားကြည့်ရင်း လီသဲ့ဟွိုက် လှောင်ပြုံးပြုံးမိသွားသည်။
ရံရွေတော်လင်းရဲ့သေးသိမ်တဲ့ လှည့်ကွက်တွေကတော့ အရင်တုန်းကကော အခုကော ဘယ်တုန်းကမှ ဖုံးကွယ်ထားလို့ မရနိုင်ဘူးပဲ…
ယခင်တုန်းက အရှင်မင်းကြီးဆိုလျှင်တော့ သူမ၏ ဟန် ဆောင်မှုတွေကို ယုံကြည်ကောင်း ယုံကြည်နိုင်သည်။
ယခုမူ…
မိဖုရားကြီးရှိနေပြီဖြစ်သဖြင့် အရှင်မင်းကြီး ဉာဏ်အလင်းပွင့်သွားခဲ့ပါပြီ။ သူ့ လှည့်ကွက်တွေကို ဖောက်ထွင်းမြင်နိုင်နေပြီဖြစ်သည်။
လင်းချင်ချင်အား မိန်းမစိုးနှစ်ယောက်က သယ်ဆောင်ကာ နန်းဆောင်သို့ ပြန်ပို့ပေးခဲ့ကြသည်။
လမ်းတစ်လျှောက်လုံး နေတွေခြစ်ခြစ်တောက် ပူလောင်နေသဖြင့် လင်းချင်ချင် ချွေးတွေပိုးပိုးပေါက်ပေါက်ကျဆင်းနေခဲ့ပါသည်။ သို့သော် မျက်လုံးတွေကို အားတင်းပြီး ဆက်မှိတ်ထားကာ မဖွင့်ရဲခဲ့ပါ။
လင်းချင်ချင် ရင်ထဲ မကျေမနပ် စိတ်ပျက်အားလျော့မှုတွေ ဖြစ်ပေါ်လာသည်။
အနောက်နန်းဆောင် လမ်းတစ်လျှောက်လုံး သူမ ဒီလိုအသယ်ခံနေရတာကို ဘယ်သူတွေ ဟာသကြီးတစ်ခုလို ဝိုင်းကြည့်နေကြမလဲ မပြောတတ်ပါ။ ကမ္ဘာကြီးတစ်ခုလုံး သူမကိုလှောင်ရယ်နေလိမ့်မည်ဟု လင်းချင်ချင် ခံစားလာရသည်။
ယွဲ့လင်း!
ငါ့ကို ဒီလိုပုံစံမျိုးနဲ့ အရှက်ခွဲတယ်ပေါ့!
နင် နောင်တရစေရမယ်!
ကျိန်းသေပေါက် နောင်တရစေရမယ်!
လင်းချင်ချင် ပူဆွေးသောက၊ အမျက်ဒေါသများ ကြီးထွားလာခဲ့သည်။ ယခင်တုန်းက အစ်ကိုဟွာကို တိတ်တဆိတ် ကူညီပေးခဲ့စဉ်တုန်းက သူမ အပြစ်ရှိသလိုအနည်းငယ်ခံစားခဲ့ရပါသည်။
သို့သော် ယခုတော့ သူမ ဘာမှမခံစားရတော့ပါ။
အခုချိန်ကစပြီး သူမ နှလုံးသားမဲ့သည့် မိန်းမတစ်ယောက်အဖြစ်သာနေထိုင်မည်။
သူမရှေ့မှာ ယွဲ့လင်း ခါးခါးသီးသီးငိုကြွေးတောင်းပန်နေလျှင်ပင် သူမကိုယ်တိုင် ငရဲပို့ပေးပါမည်။
သူမ လိပ်ပြာမလုံစိတ်မရှိတော့သဖြင့် တွန့်ဆုတ်နေမည် မဟုတ်ချေ။