← Chapters

Cold and Thin

Vol. 9 Ch. 88

Cold and Thin

Vol. 9 Ch. 88

နန်းဆောင်ထဲပြန်ရောက်မှ လင်းချင်ချင် မျက်လုံးဖွင့်နိုင်ခဲ့သည်။ ဟွေ့ရှင်းလည်း ပြန်ရောက်လာပြီဖြစ်သည်။

ဟွေ့ရှင်း ခန္ဓာကိုယ် တစ်ပိုင်းသေလောက်သည်အထိ ကြိမ်ဒဏ်ပေးခံထားရသဖြင့် မတ်တပ်ရပ်ဖို့ပင် ခက်ခဲနေပါသည်။

“ဟွေ့ရှင်း”

လင်းချင်ချင် မျက်ရည်များသုတ်လျက် ပြောလိုက်ပါသည်။

“ဒီနေ့ ငါ့ကြောင့် နင်အပြစ်ပေးခံခဲ့ရတာ၊ ဒဏ်ရာတွေသက် သာအောင် အနားယူလိုက်ပါဦး၊ ဒဏ်ရာတွေ ပြန်သက်သာသွားမှ နင့်အတွက်တရားမျှတမှုရအောင် ငါ လုပ်ပေးမယ်”

ဟွေ့လင်း တစ်ကိုယ်လုံး နာကျင်နေသဖြင့် ဘာမှတောင်မစဉ်းစားနိုင်တော့ပါ။ သို့သော် ခက်ခက်ခဲခဲ ခေါင်းညိတ်ပြလိုက်သည်။

လင်းချင်ချင်နောက်ကို လမ်းဆုံးထိလိုက်ဖို့ကလွဲပြီး သူမမှာ တခြားရွေးချယ်စရာမရှိပါ။

ဟွေ့ရှင်း၏ပွန်းပဲ့နေသာ ခန္ဓာကိုယ်ကို ကြည့်ရင်း သွေးနံ့များရလာသဖြင့် လင်းချင်ချင် နှာခေါင်းအုပ်လိုက်မိသည်။

“ခဏစောင့်ဦး၊ ဆေးထည့်ပေးဖို့ တစ်ယောက်ယောက်ကို ချက်ချင်းခေါ်ပေးမယ်၊ အပြင်က တစ်ယောက်ယောက် ဝင်လာခဲ့စမ်း!”

လင်းချင်ချင် အော်လိုက်ပါသည်။

တစ်ကြိမ်မက အော်ခေါ်သော်လည်း ဘယ်သူမှ ဝင်မလာကြပါ။

လင်းချင်ချင် ဒေါသထွက်သွားပြီး မျက်မှောင်လည်းကြုတ်သွားခဲ့သည်။

ဒီနန်းဆောင်အခြွေအရံတွေ အကုန်လုံး အထက်ဖားအောက်ဖိတွေလား!

သူမ အရှင်မင်းကြီးနဲ့ ပဋိပက္ခဖြစ်ခဲ့တာ မကြာသေးဘူး အားလုံး အာဏာဖီဆန်ချင်နေကြပြီလား!

လင်းချင်ချင် ဒေါကြီးမောကြီးဖြင့် နန်းဆောင်အပြင်သို့ ထွက်လာခဲ့သည်။

အပြင်ရောက်ခါမှ လင်းချင်ချင် နားလည်သွားခဲ့ရပါသည်။

ချူးရွှယ်နန်းဆောင်တစ်ခုလုံးမှာ သူမနဲ့ ဟွေ့ရှင်းတို့ကလွဲပြီး တခြားဘယ်သူမှ မတွေ့ရတော့ပါ။

ဝင်ပေါက်နားအထိ လင်းချင်ချင် သွားရှာကြည့်သောအခါ ရံဖန်ရံခါ ကင်းလှည့်တတ်သည့် အစောင့်တပ်သား တချို့ကိုမြင်သွားပါသည်။

ထိုအစောင့်တပ်သားများထံ လင်းချင်ချင် ဒေါသတကြီး လျှောက်သွားပြီး မေးလိုက်သည်။

“ချူးရွှယ်နန်းဆောင်က လူတွေ ဘယ်ရောက်ကုန်ပြီလဲ ? တစ်ယောက်မှ ဘာလို့ မရှိရတာလဲ”

အစောင့်တပ်သားတစ်ယောက်က လင်းချင်ချင်ကို လှည့်ကြည့်ကာ ပြောလိုက်ပါသည်။

“ရံရွေတော်လင်းနဲ့ ဟွေ့ရှင်းတို့ကလွဲပြီး တခြားအခြွေအရံတွေ၊ မိန်းမစိုးတွေအားလုံး နန်းဆောင်ကနေ ထွက်ခွာရမယ်လို့ အရှင်မင်းကြီး မိန့်ကြားထားပါတယ်”

လင်းချင်ချင် ကြက်သေသေသွားသည်။

ဒါ ဘာအဓိပ္ပာယ်လဲ!

မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့ကို ယွဲ့လင်း အပြစ်ပေးခဲ့သည်။ သို့သော် သူမတို့ကို အနောက်နန်းဆောင်မှာ ရာထူးအဆင့်တက်ခွင့်မရှိတော့အောင်သာ အပြစ်ပေးခဲ့တာဖြစ်ပြီး နန်းဆောင်က အစေခံများအားရုတ်သိမ်းမည်ဟု တစ်ခွန်းမှမဟခဲ့ချေ။

သို့သော် သူမ နန်းဆောင်မှာတော့…

သူ့ကိုကျတော့ ဘာတစ်ခွန်းမှမပြောဘဲ အစေခံတွေအကုန်လုံးကို ဘာလို့ ပြန်ရုတ်သိမ်းသွားရတာလဲ!

အရှင်မင်းကြီး တော်တော် ရက်စက်ယုတ်မာတာပါလား!

“သူ ငါ့ကို နှိပ်စက်ချင်နေတာမလား”

လင်းချင်ချင် ချက်ချင်း အံကြိတ်ကာ သန်မာချင်ယောင် ဆောင်လိုက်ပါသည်။

“အရှင်မင်းကြီးကို သွားလျှောက်တင်လိုက်၊ ငါ သေရမယ်ဆိုရင်တောင် ဘယ်တော့မှ သက်ညှာမှုတောင်းဆိုမှာ မဟုတ်ဘူးလို့!”

ထို့နောက် လင်းချင်ချင် ဒေါသတကြီး လှည့်ထွက်သွားလေတော့သည်။

လင်းချင်ချင်နှာခေါင်းထဲ သွေးနံ့တွေပြန်ဝင်ရောက်လာပြီး ဟွေ့ရှင်းခန္ဓာကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေကို မြင်သောအခါ သူ ကြက်သေသေသွားခဲ့ရပါသည်။

“တစ်ယောက်ယောက်ကို တွေ့ပြီလား သခင်မ”

ဟွေ့ရှင်း မျှော်လင့်တကြီး မေးလိုက်သည်။

ထိုကြိမ်ဒဏ်ဆိုတာ တချို့တွေကို သေဆုံးအောင်ပင် လုပ်နိုင်စွမ်းရှိသည်။ တချို့ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားကြသည်။

သူမ ဒဏ်ရာတွေက သေနိုင်လောက်သည့်အထိ မဟုတ်သော်လည်း အပြည့်အဝပြန်သက်သာဖို့ဆို အိပ်ရာထဲ ၁၀ ရက် ၁၅ ရက်လောက် လှဲနေရပါမည်။

သူမ သတိရသွားသည်။ လင်းချင်ချင်မှာ ဒဏ်ရာတွေသက် သာသည့် လိမ်းဆေးတစ်ခုရှိပါသည်။ သူမ ဒဏ်ရာတွေကိုသာ ထိုဆေးလိမ်းလိုက်ပါက အနည်းဆုံးတော့ နာကျင်မှုတွေ သက်သာသွားမည်ဖြစ်သည်။

လင်းချင်ချင် ပြန်ဖြေလိုက်ပါသည်။

“ချူးရွှယ်နန်းဆောင်က အစေခံတွေအကုန်လုံးကို အရှင်။မင်းကြီး ပြန်ရုတ်သိမ်းသွားပြီ၊ ငါ့ကို အရှင်မင်းကြီးစိတ် ဆိုးနေတုန်းပဲ ထင်တယ်”

ဟွေ့ရှင်းလည်း မျက်နှာထား အနည်းငယ်ပြောင်းလဲသွားသည်။ သို့သော် သူ နာကျင်မှုကို သည်းခံရင်း လင်းချင်ချင်အား တောင်းတောင်းပန်ပန်ကြည့်လိုက်ပါသည်။

“သခင်မ… ဒီငယ်သား ခန္ဓာကိုယ်အရမ်း နာကျင်နေလို့ လိမ်းဆေးလေး နည်းနည်းလောက်ပေးသနားပါလား”

လင်းချင်ချင် မျက်နှာပျက်သွားသည်။

သူ့ဆီမှာ ဒဏ်ရာသက်သာစေသည့် လိမ်းဆေးတစ်ခု တကယ်ရှိသည်။

ယခင်တစ်ခေါက် သူမ မတော်တဆ အရေပြားပွန်းပဲ့ခဲ့သည့် အချိန်တုန်းက အရှင်မင်းကြီးကိုယ်တိုင် ချီးမြှင့်ထားသည့် အရည်အသွေးမြင့်လိမ်းဆေးဖြစ်သည်။

ထိုအချိန်တုန်းက သူမအပေါ် ယွဲ့လင်း အလွန်ကြင်နာခဲ့သည်။ ထိုအကြောင်းတွေးရင်း လင်းချင်ချင်လွမ်းဆွေး သလို ဖြစ်လာခဲ့သည်။

ဟွေ့ရှင်း အချိန်အတော်ကြာအောင် စောင့်နေသော်လည်း လင်းချင်ချင်က ဘာမှမတုန့်ပြန်သဖြင့် ထပ်ပြီး တောင်းဆိုလိုက်ရပါသည်။

“သခင်မ… အရှင်မင်းကြီး ချီးမြှင့်ထားတဲ့ လိမ်းဆေးလေး…”

“အဲ့ဒီလိမ်းဆေးကို အရေးပေါ်လိုအပ်လာတဲ့အခါ အသုံးပြုဖို့ သိမ်းထားရမယ်”

လင်းချင်ချင် အမြန်ပြောလိုက်သည်။

ဟွေ့ရှင်း သာမန် အခြွေအရံတစ်ယောက်သာဖြစ်သည်။ ဒီလောက် တန်ဖိုးကြီးသည့်အရာကို သူမအတွက် လင်းချင်ချင် မဖြုန်းတီးချင်ပါ။

လင်းချင်ချင်ထံ ဟွေ့ရှင်းမယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

လင်းချင်ချင်ကြောင့် သူ ဒဏ်ရာရခဲ့တာ မဟုတ်ဘူးလား!

“စိတ်ချပါ၊ နင့်ဒဏ်ရာတွေအတွက် ငါတခြားနည်းလမ်းစဉ်းစားပေးပါ့မယ်”

လင်းချင်ချင် အာမခံလိုက်သည်။

ပြောရင်းဆိုရင်း ဟွေ့ရှင်း၏သွေးနံ့များကို ထပ်ရလိုက်ပြီး လင်းချင်ချင် နှာခေါင်းအုပ်လိုက်မိပြန်သည်။

ယခု ချိုးရွှယ်နန်းဆောင်မှာ သူနှင့် ဟွေ့ရှင်းတို့နှစ်ယောက်တည်းသာ ရှိတော့တာဖြစ်သည်။

ဧကန္တ ဒီအခန်းထဲမှာ ဟွေ့ရှင်းနဲ့နှစ်ယောက်တည်း နေရတော့မှာလား…

ဒီလိုသာဆို ထိုအနံ့ဆိုးကြောင့် သူ ရွံ့ရှာပြီးသေသွားနိုင်သည်။

“ဟွေ့ရှင်း အဲ…”

လင်းချင်ချင် ခက်ခက်ခဲခဲ ပြောလိုက်သည်။

“နင့်အခန်းနင် ခဏပြန်နှင့်လိုက်ပါလား ? ငါ ဒီမှာ အနားယူလိုက်ဦးမယ်”

ဟွေ့ရှင်း မျက်လုံးများ ပြူးကျယ်သွားသည်။

သူ ဒီလောက်ထိ ရိုက်နှက်ခံထားရတာတောင် လင်းချင်ချင်က ဘာမှပြုစုပေးဖို့ အစီအစဉ်မရှိဘူးလား!

“မြန်မြန်သွားစမ်း၊ အဲ့ဒီအနံ့ကို ငါမခံနိုင်ဘူး”

လင်းချင်ချင် လက်ကိုင်ပဝါတစ်ထည်ကို ယူလိုက်ပြီး နှာခေါင်းကို အုပ်ထားလိုက်သည်။

ဟွေ့ရှင်း နှုုတ်ခမ်းများတုန်ယင်လာသည်။ သူတစ်ခုခု ပြောချင်သော်လည်း ပြောမထွက်ခဲ့ပါ။

သူမက မိဘမဲ့တစ်ယောက်ဖြစ်သည်။ သို့သော် သူ့ သရုပ်မှန်က ယွဲ့ဟွာကိုယ်တိုင်ပျိုးထောင်ပြီး နန်းတော်အတွင်း ထည့်သွင်းပေးထားသည့် လျှို့ဝှက်သူလျှိုတစ်ယောက် ဖြစ်သည်။

ယွဲ့ဟွာက မိဘမဲ့မိန်းကလေးများစွာကို စုဆောင်းပြီးပျိုး ထောင်ထားသည်။ တချို့ကို သိုင်းပညာ သင်ကြားပေးထားသည်။ တချို့ကို ဆေးပညာများ သင်ကြားပေးထား သည်။ တချို့ကိုတော့ ယောက်ျားတွေကို ရူးသွပ်သွားအောင်လုပ်နိုင်မည့် လျှို့ဝှက်ချက်ပေါင်းစုံ သင်ကြားပေးထားပါသည်။

သို့သော် ဟွေ့ရှင်းကတော့ ဘာစွမ်းရည်မှပြောင်ပြောင်မြောက်မြောက် သင်ယူနိုင်ခြင်းမရှိချဲ့ချ။ သူမ နည်းတူ အစွမ်းအစ နည်းပါးသည့် ညီအစ်မတွေကို အခြွေအရံအဖြစ် နန်းတော်ထဲရောက်အောင် လမ်းကြောင်းပေါင်းစုံမှ ပို့ဆောင်ပေးခဲ့သည်။ တချို့ကို ဝန်ကြီးမှူးမတ်များ၏ စံအိမ်များသို့ ပို့ဆောင်ပေးခဲ့ပါသည်။

နန်းတော်ထဲ ရောက်သောအခါ မယ်တော်ကြီးလက်ထဲမှတဆင့် လင်းချင်ချင်ထံသို့ ဟွေ့ရှင်းရောက်ရှိလာခဲ့သည်။ လင်းချင်ချင်ထံမှာ ဟွေ့ရှင်းအမှုထမ်းနေတာ အတော်ကြာပါပြီ။

သံယောဇဉ်သိပ်မရှိသော်လည်း မင်းသားအန်းဟယ်ကြောင့် လင်းချင်ချင်အပေါ် သူ သစ္စာစောင့်သိခဲ့သည်။

လင်းချင်ချင်၏လက်ရှိလုပ်ရပ်များက အလွန်ရက်စက်လွန်းသဖြင့် ဟွေ့ရှင်း ခံစားချက်များ ရှုပ်ထွေးသွားခဲ့ရသည်။

မင်းသားအန်းဟယ်၏ မဟာအကြံအစည်အတွက် အရာရာပေးဆပ်ရမည်ဟု ငယ်စဉ်ကတည်းက ဝါဒရိုက်သွင်းခံထားရသူ ဖြစ်သည်။ ယခုလည်း မင်းသားအန်းဟယ် ပန်းတိုင်ကို ရောက်ရှိဖို့အတွက် ဟွေ့ရှင်း အစွမ်းကုန်ကြိုး စားခဲ့ပါသည်။

သို့သော် သူမသည် လူသားတစ်ယောက်ဖြစ်သည်။

ထိုကြိမ်ဒဏ် အချက် ၂၀ ကြောင့် သူမ တစ်ခါတည်းသေသွားလျှင်ပင် ယခုလို နောင်တရမည် မဟုတ်လောက်ပါ။

ဟွေ့ရှင်း အနည်းငယ်အားလျော့သွားပြီး မခံမရပ်နိုင်လည်း ဖြစ်မိသည်။

လင်းချင်ချင်ကမူ သူ့အား မောင်းထုတ်နေဆဲပင်။

ဟွေ့ရှင်း ခက်ခက်ခဲခဲဖြင့် ကိုယ့်အားကိုယ်ကိုးပြီး မတ်တပ်ပြန်ရပ်လိုက်ပါသည်။

တစ်ကိုယ်လုံးနာကျင်နေသဖြင့် နည်းနည်းလောက် ရွှေ့လိုက်တာနဲ့တစ်ပြိုင်နက် ဟွေ့ရှင်း ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။

ထို့နောက် မတ်တပ်ပြန်မရပ်နိုင်တော့ဘဲ တံတောင်ဆစ်ကို အသုံးပြုရင်း တွားသွားဖို့သာ ကြိုးစားလိုက်ရသည်။ သူမ တွားသွားနေစဉ် အနောက်မှ လင်းချင်ချင်၏ပြစ်တင်ဝေဖန်နေသော အသံကို ကြားလိုက်ရလေသည်။

“ငါ့ နန်းဆောင် ကြမ်းပြင်တွေ အကုန်ညစ်ပတ်ကုန်ပြီ!”

ထို့နောက် ရေလောင်းချသံတွေ ထွက်ပေါ်လာခဲ့သည်။ ရေစက်တချို့က ဟွေ့ရှင်းကို လာမှန်ပါသည်။

ပူပြင်းတောက်လောင်နေသည့် နေမင်းကြီးကို ဟွေ့ရှင်း မော့ကြည့်လိုက်သည်။ သို့သော်လည်း သူ့ရင်ထဲမှာတော့ အေးစက်နေခဲ့သည်။

လင်းချင်ချင် ခန်းဆောင်ထဲမှ ဘယ်လိုထွက်လာနိုင်ခဲ့မှန်းတောင် ဟွေ့ရှင်း မသိလိုက်ပေ။ သူ အခန်းထဲပြန်ရောက်သောအခါ ကုတင်ပေါ်တောင်မတက်နိုင်ဘဲ ကုတင်ဘေးက ကြမ်းပြင်ပေါ်မှာသာ ခေတ္တအနားယူနေရပါသည်။

အချိန်ဘယ်လောက်တောင် ကြာမြင့်သွားလဲ ဟွေ့ရှင်း မသိလိုက်ပါ။

ထိုစဉ် လင်းချင်ချင် ရောက်လာခဲ့သည်။ ထိုအခါ ဟွေ့ရှင်းလည်း မျက်လုံးများအရောင်လက်သွားခဲ့ပါသည်။

သခင်မက သူ့ကို ဂရုစိုက်ပါသေးတယ်…

လင်းချင်ချင် နှာခေါင်းအုပ်လျက်ပြောလိုက်သည်။

“ချူးရွှယ်နန်းဆောင်မှာ တခြားဘယ်သူမှမရှိဘူး ဟွေ့ရှင်း၊ အဲ့တာကြောင့် နင်ပဲ နေ့လယ်စာ သွားယူပေးပါလား”

ဟွေ့ရှင်း: “???”

သူ့ပုံစံက နေ့လယ်စာ သွားယူဆောင်ပေးနိုင်မယ့်ပုံစံ ပေါက်နေလို့လား!

ဟွေ့ရှင်းအခြေအနေကို ကြည့်ရင်း လင်းချင်ချင်လည်း နားလည်သွားပုံရကာ မျက်မှောင်ကြုတ်သွားပါသည်။

ဒီလိုအခြေအနေမျိုးနဲ့ ဟွေ့ရှင်းအပြင်ထွက်နိုင်မှာ မဟုတ်ပါ။ နေ့လယ်စာ ပြင်ဆင်တည်ခင်းပေးရသည့် အလုပ်ကို တခြားအစေခံတွေကသာ အမြဲတမ်းဆောင်ရွက်ပေးခဲ့တာဖြစ်သည်။

ရတယ်လေ!

သူ့ကို ယွဲ့လင်း ငတ်သေအောင်တော့ မထားလောက်ပါဘူး!

လင်းချင်ချင် လှည့်ထွက်လာခဲ့ပါသည်။ တစ်ရက်လောက် အငတ်နေရလည်း ကိစ္စမရှိပါ။ ခန္ဓာကိုယ်ပင် ပိုသွယ်လျ သွားနိုင်သည်။

ဟွေ့ရှင်းကမူ ကြမ်းပြင်ပေါ်မှာ စိတ်ပျက်အားလျော့စွာ လှဲလျောင်းရင်း ကျန်ခဲ့ပါသည်။ ထိုကြိမ်ဒဏ်အချက် ၂၀ ကြောင့် သူ သေသွားခဲ့လျှင်ပိုကောင်းမည်ဟု ခံစားလာရသည်။

ဟွေ့ရှင်း လျှာကိုက်ပြီး သေကြောင်းကြံလိုက်တာ ပိုကောင်းမလား တွေးနေစဉ် ခြေသံတချို့ကို ရုတ်တရက် ကြားလိုက်ရလေသည်။

သူ့ကိုနေ့လယ်စာပြင်ဆင်ခိုင်းဖို့ လင်းချင်ချင်ထပ်ရောက်လာပြန်ပြီလား ??

All Chapters