← Chapters

Official Title

Vol. 10 Ch. 92

Official Title

Vol. 10 Ch. 92

“ဒါဆိုလည်း မနက်ဖြန် ညီလာခံအစည်းအဝေးကို ဒီမိဖုရားနဲ့ အတူတူ တက်ရောက်ကြတာပေါ့”

ကျန်းကျီမြောင် သဘောတူလိုက်ပါသည်။

[အရှင်က ရှိဖူးတာတွေ မရှိဖူးတာတွေ အရေးမကြီးဘူး၊ ယွဲ့လင်း ခွင့်ပြုရင် ငါလည်း ဘာမှ ဂရုစိုက်စရာမလိုဘူး၊ အကြီးမားဆုံး ပြဿနာဆိုလို့…]

ကျန်းကျီမြောင် မျက်နှာလေး အနည်းငယ် ရှုံ့မဲ့သွားခဲ့သည်။

ယွဲ့လင်းလည်း သူမနဲ့အတူတူ စိတ်ပူပန်သွားခဲ့ပါသည်။

အကြီးမားဆုံး ပြဿနာဟုတ်လား…

မြောင်မြောင်အတွက် အကြီးမားဆုံးပြဿနာက ဘာလဲ။

[ညီလာခံအစည်းအဝေးကို တက်ရောက်ရမယ်ဆိုရင် ငါအိပ်ရာ စောစောထရမှာပေါ့! ဘုရားဘုရား… အခုမှ အိပ်ရေးဝဝ အိပ်နိုင်မယ့် အခွင့်အရေးလေးရတုန်းရှိသေးတယ် အိပ်ရေးထပ်ပျက်ရတော့မှာလား]

ကျန်းကျီမြောင် စိတ်ထဲ ပွစိပွစိ တွေးတောလိုက်ပါသည်။

ယွဲ့လင်း နှုတ်ခမ်းများ တောင့်တင်းသွားလေသည်။

မြောင်မြောင်ကို ညီလာခံအစည်းအဝေး နေ့တိုင်း တက်ရောက်ခိုင်းရမယ့် အစီအစဉ်အတွက် အကြီးမားဆုံး အခက်အခဲက… အချိန်စောလွန်းလို့တဲ့လား ??

[မနက်ဖြန်ကျရင် ချန်အချိန်(8:00 ဝန်းကျင်) ရောက်တဲ့အထိ အချိန်ဆွဲဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်၊ အဲ့အချိန် ကျမှ စနစ်ထဲ မနက်ခင်းအတင်းအဖျင်းတွေ တက်လာမှာ]

[ငါ့သုံးသပ်ချက်အရဆိုရင်တော့ စနစ်ဖန်တီးတဲ့ အတင်းအ ဖျင်းတွေက ငါရောက်ရှိနေတဲ့ တည်နေရာနဲ့ အနားတဝိုက်မှာရှိနေတဲ့လူတွေနဲ့ သက်ဆိုင်နေတတ်တယ်]

[ညီလာခံမှာသာ အတင်းအဖျင်းတွေကို ဖတ်ကြည့်လိုက်ရင် နန်းတွင်းအရာရှိတွေနဲ့ ပတ်သတ်တဲ့ အတင်းအဖျင်းတွေ သိရနိုင်တယ်၊ ဧကန္တ ချန့်လုံနဲ့ ပတ်သတ်တဲ့ အတင်း အဖျင်းတွေပါ တက်လာရင် ဘယ်လိုလုပ်မလဲ ? ဟင်းဟင်း ဟင်း ဟင်း~ ]

ကျန်းကျီမြောင် အလွန်မျှော်လင့်ထားပုံပေါ်သည်။

ယွဲ့လင်းလည်း ဒီကိစ္စကို အလွန်မျှော်လင့်ထားပါသည်။

ကျန်းကျီမြောင်နဲ့ ယွဲ့လင်းတို့ ဆက်လက် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သတ်ပြီး ယွဲ့လင်းအား အရိပ်အမြွက်တချို့ဖြင့် ကျန်းကျီမြောင် လမ်း ကြောင်းသွယ်ပေးခဲ့သေးသည်။ အားလုံးပြီးခါမှ ကျန်းကျီမြောင် စိတ်ကျေနပ်စွာ ပြန်ကြွလာနိုင်ခဲ့ပါသည်။

-

နောက်တစ်နေ့…

ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့ အိပ်ရာအတူတူ ထခဲ့ကြသည်။ နှစ်ယောက်သား အသင့်ပြင်ဆင်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြပါသည်။

ညီလာခံအစည်းအဝေးကို နှစ်ယောက်အတူတူ တက်ရောက်ရမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ကျန်းကျီမြောင်လည်း တစ်ခုခု ဆန်းသစ်နေသလို ခံစားရပါသည်။ အိပ်ရာစောစောထရတာတောင် သူမအတွက် သိပ်ပြီး စိတ်ညစ်စရာ မကောင်းတော့ပါ။

“မိဖုရား”

တော်ဝင်ချိပ်တံဆိပ်တစ်ခုကို ထုတ်လိုက်ပြီး ကျန်းကျီမြောင်အား ယွဲ့လင်း ပေးအပ်လိုက်ပါသည်။

ကျန်းကျီမြောင်လည်း စိတ်ဝင်တစား လက်ခံလိုက်လေသည်။ ချိပ်တံဆိပ်ပေါ်မှာ ရေးသားထားသည်က…

‘ဇာမဏီနန်းဆောင်ဘွဲ့’

“ဒါဘာလဲ အရှင်မင်းကြီး”

ယွဲ့လင်းကို ကျန်းကျီမြောင် နားမလည်စွာ ကြည့်လိုက်သည်။

ယွဲ့လင်း ပြုံးကာ ရှင်းပြလိုက်ပါသည်။

“ရှေ့လျှောက် ညီလာခံကို အရှင်မလည်း တက်ရောက်ရတော့မှာဆိုတော့ ဘွဲ့ရာထူးတစ်ခုခု တရားဝင် ပိုင်ဆိုင်ထားသင့်တယ်ထင်လို့ပါ၊ ဒါမိဖုရားအတွက် ကျန်းညတွင်းချင်း စီစဉ်ခဲ့တဲ့ ဘွဲ့ရာထူးပဲ၊ မိဖုရား ဘယ်လို သဘောရလဲ”

ကျန်းကျီမြောင် ပြုံးကာ လက်ခံလိုက်ပါသည်။

“အရှင်မင်းကြီးက အရွယ်ရောက်နေပြီဆိုပေမယ့် ကလေးလို ကျီစယ်တတ်တုန်းပဲနော်”

ယွဲ့လင်းကျီစယ်နေတာဖြစ်မည်ဟု ကျန်းကျီမြောင် ယူဆလိုက်ပါသည်။

သို့သော် ယွဲ့လင်းကတော့ လေးနက်စွာ ပြောလိုက်သည်။

“ကျီစယ်တာ မဟုတ်ပါဘူး၊ ကျန်းကိုယ်တိုင် တော်ဝင် အမိန့်စာကို ရေးသားခဲ့ပြီး အမိန့်စာပေါ်မှာ တော်ဝင်တံဆိပ်တုံးကိုတောင် အသုံးပြုခဲ့တယ်၊ ဒါတကယ့် တရား ဝင် ဘွဲ့ရာထူးပါ၊ မနေ့ညက အတွင်းဝန်ရုံးတော်ကိုတောင် ကျန်း ပို့ဆောင်ပေးခဲ့သေးတယ်၊ ဝန်ကြီးချုပ်ကျန်းလည်း လိုအပ်တာတွေ ဖြည့်ပြီးပါပြီ”

“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ဒါဆိုလည်း တရားဝင် ဘွဲ့ရာထူးပေါ့နော်”

ကျန်းကျီမြောင် ပိုရွှင်မြူးသွားပါသည်။

သူ့ အဖေကကော ဒီလို ကလေးဆန်တာမျိုး ဘာလို့ ခွင့်ပြုပေးလိုက်ရတာလဲ ?

မကန့်ကွက်ခဲ့ရခြင်းက ယွဲ့လင်း ကျီစယ်နေတာဖြစ်မည်ဟု သူ့အဖေလည်း ထင်ခဲ့တာကြောင့် ဖြစ်ပါလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဒီဘွဲ့ရာထူးမှာ ဘာအာဏာပါဝါမှ မရှိလောက်ပါ။ ထို့ကြောင့် ဟာသတစ်ခုလိုသာ ကျန်းကျီမြောင် သဘောထားခဲ့သည်။

“အတိုချုန်းပြောရရင်တော့ အခု မိဖုရားက တရားဝင်ဘွဲ့ရာထူးနဲ့ မိဖုရားကြီး ဖြစ်သွားပြီနော်”

ယွဲ့လင်း အပြုံးဖြင့် မိန့်လိုက်သည်။

အားလုံးက သူကျီစယ်နေသည်ဟု ထင်ထားကြသော် လည်း အကြောင်းအရင်းမှန်ကို သူတစ်ယောက်တည်းသာ နားလည်ပါသည်။

ဒါကျီစယ်နေခြင်း မဟုတ်ပါ။ ယွဲ့လင်းအတွက် စမ်းသပ်ချက်တစ်ခုဟု ဆိုနိုင်သည်။

ကျန်းကျီမြောင် အနောက်နန်းဆောင်ထဲ ရောက်ရှိမလာခင်တုန်းက သူမ၏ အတွေးသံတွေကို လူတွေကြားအောင် လုပ်နိုင်စွမ်း မရှိလောက်သေးပါ။

ဝန်ကြီးချုပ်ကျန်းကို ယွဲ့လင်း စမ်းသပ်ပြီးသွားပါပြီ။ ဝန် ကြီးချုပ်ကျန်း ဘာမှသိပုံ မရပေ။

မြောင်မြောင် နန်းတော်ထဲရောက်ရှိလာပြီး ဧကရီမိဖုရားဘွဲ့ကို ရရှိသွားမှ သူမအတွေးသံကို ကြင်ယာတော်များနဲ့ ကိုယ်လုပ်တော်များ ကြားလာရတာဖြစ်နိုင်ပါသည်။

ယွဲ့လင်း သိချင်နေတာတွေရှိသေးသည်။

ညီလာခံထဲမှာ ဘွဲ့ရာထူးတစ်ခုခုကို မြောင်မြောင် ပိုင်ဆိုင်လိုက်ရလျှင် နန်းတွင်းအရာရှိများအားလုံးလည်း သူမရဲ့ အတွေးသံတွေကို ကြားနိုင်မည်လား ?

ထိုအတွေးကြောင့် ယွဲ့လင်း အလွန်လှုပ်ရှားသွားခဲ့ပါသည်။

နန်းတွင်းအရာရှိတွေအားလုံးပါ မြောင်မြောင်၏အသံကို ကြားရလျှင် အလွန်စိတ်ဝင်စားစရာကောင်းပါလိမ့်မည်။ မကြားသင့်သည့်လူတွေ ကြားသွားမှာကိုလည်း ယွဲ့လင်း စိတ်မပူမိပါ။

ပထမတစ်ချက်က လင်းချင်ချင်နဲ့ မယ်တော်ကြီးတို့နှစ်ယောက်စလုံး ကျန်းကျီမြောင့် အတွေးသံကိုမကြားနိုင်ပေ။ ထို့ကြောင့် မြောင်မြောင့် အတွေးသံတွေကို ကြားနိုင်ဖို့ရာလိုအပ်သည့် နောက်ထပ် အခြေအနေတစ်ရပ်ရှိဦးမည်ဟု ယွဲ့လင်း ခန့်မှန်းမိသည်။

ဥပမာအားဖြင့် မြောင်မြောင့်အပေါ် ရန်လိုစိတ်ရှိသူများက အတွေးသံကို မကြားနိုင်တာမျိုးဖြစ်နိုင်ပါသည်။

လင်းချင်ချင်နဲ့ မယ်တော်ကြီးတို့နှစ်ယောက်စလုံးက မြောင်မြောင်ကို မုန်းတီးကြသည်။ ထို့ကြောင့် ကြင်ယာတော်တွေ အားလုံး ကြားနိုင်ကြသောလည်း သူမတို့ မကြားနိုင်တာ ဖြစ်ပါလိမ့်မည်။

ဒုတိယတစ်ချက်ကတော့ မြောင်မြောင်ထံမှ ကြားသိထားသည့် လျှို့ဝှက်ချက်တွေကို နှုတ်ဖြင့် ထုတ်ပြောလို့ မရနိုင်ပါ။

ထို့ကြောင့် အပြစ်မလုပ်ထားသူတွေက ဘာမှစိတ်ပူစရာမလိုဘဲ လိပ်ပြာမလုံသူတွေကသာ ထိတ်ထိတ်ပျာပျာဖြစ်ပြီး သတိကြီးသွားကြမည်ဖြစ်သည်။

ထိုက်ကျီခန်းမတွင်…

နန်းတွင်းအရာရှိများအားလုံး လူနှစ်စု သုံးစုခွဲကာစောင့် မျှော်နေကြသည်။ အားလုံး တစ်နေရာတည်းကိုပဲ ဦးတည်ကာစောင့်ကြည့်နေကြပါသည်။

ယနေ့ ဧကရာဇ်မင်းကြီး၏အမိန့်တော်ကြောင့် ညီလာခံသို့ ချန့်လုံပါ တက်ရောက်လာခဲ့သည်။

ယခု ထိုချန့်လုံက နန်းတွင်းစိစပ်ကွပ်ကဲသူအဖွဲ့ကြားထဲမှာ ရှိနေပါသည်။

မကြာမီ သူလုပ်တော့မည့် အရာကို သေသေချာချာ စဉ်းစားဆုံးဖြတ်ထားသကဲ့သို့ ချန့်လုံ မျက်နှာထိုင်းမှိုင်းနေလေသည်။

မနေ့က တော်ဝင်စာကြည့်ဆောင်ရှေ့မှ ကိစ္စကိုလည်း အားလုံး ကြားသိပြီးသွားပြီဖြစ်သည်။

မနေ့က ချန့်လုံ နန်းတော်ထဲဝင်လာပြီး အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ကို စိတ်ကြိုက်ဝေဖန်ပြစ်တင်ခဲ့သည်။ ထို့ နောက် ဘာပြစ်ဒဏ်မှအပေးမခံရဘဲ အကောင်းပကတိ ပြန်ထွက်သွားနိုင်ခဲ့ပါသည်။

ဒီလိုလူမျိုးကို အရှင်မင်းကြီးက ညီလာခံသို့ တက်ရောက်ခွင့်ပါ ပေးခဲ့သေးသည်။

အရှင်မင်းကြီး၏အကြံအစည်ကို သူတို့ နားမလည်နိုင်ပါ။ သို့သော် သေချာတာတစ်ခုကတော့ ဒီနေ့ ချန့်လုံပြဿနာ ရှာလိမ့်မည်။

ဒီလူသာ ညီလာခံထဲ သေကြောင်းကြံသွားပါက အရှင် မင်းကြီး ဂုဏ်သိက္ခာပျက်စီးရလိမ့်မည်။

ယခင်တစ်ခေါက် မြို့စားရှဲ့၏ထိုးကြိတ်ဆုံးမမှုကို ခံရပြီးကတည်းက ပျောက်ကွယ်နေသည့် ယွဲ့ဟွာလည်း ပထမဆုံးအကြိမ်အဖြစ် ညီလာခံသို့ ပြန်လည်တက်ရောက်လာခဲ့ပါသည်။

သူ့ဒဏ်ရာတွေ ရာနှုန်းပြည့် ပြန်ကောင်းလုနီးပါဖြစ်နေပါပြီ။ မျက်နှာကလည်း လူနဲ့ပြန်တူသွားပြီ ဖြစ်သည်။

ချန့်လုံကို ယွဲ့ဟွာ ခေတ္တလှမ်းကြည့်လိုက်ပြီး ခပ်မြန်မြန်ပဲ မျက်နှာပြန်လွှဲလိုက်ပါသည်။

အစတုန်းကတော့ ယွဲ့လင်းကို ချက်ချင်းဒုက္ခမပေးသေးဘဲ ဖြည်းဖြည်းနဲ့မှန်မှန် ကြံစည်သွားဖို့သာ ယွဲ့ဟွာ စီစဉ်ထားခဲ့တာ ဖြစ်သည်။

သို့သော်လည်း ယွဲ့လင်းက ကိုယ့်အကြောင်းကိုယ်နားမလည်ဘဲ သူ့ကို အကြိမ်ကြိမ်ဒုက္ခပေးခဲ့သည်။

ဒီလိုဆိုမှတော့ သူ့ဘက်က ပြန်ခုခံတာကို အပြစ်ဆိုလို့မရပါ။ ထိုချန့်လုံကလည်း ယွဲ့ဟွာ ကြိုးကိုင်ထားသည့် နယ်ရုပ်တစ်ရုပ် ဖြစ်သည်။ ထိုနယ်ရုပ်က အရေးသိပ်မပါသော်လည်း အလွန်အသုံးဝင်ပါလိမ့်မည်။

နန်းတွင်းအရာရှိဟောင်းတစ်ယောက်ကို သေကြောင်းကြံလောက်သိအထိ ဖိအားပေးခဲ့ကြောင်း သတင်းထွက်သွားခဲ့လျှင် ယွဲ့လင်းဘယ်လိုကိုင်တွယ်မလဲ ယွဲ့ဟွာ သိချင်သည်။

သူ့ကို အရှက်တကွဲအကျိုးနည်းဖြစ်အောင် လုပ်ရဲတယ်ပေါ့!

ယွဲ့လင်း ပြန်ပေးဆပ်ရမယ်!

ယွဲ့ဟွာ နှုတ်ခမ်းထက် အေးစက်သောအပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဒီနေ့ မနက်ခင်း ညီလာခံအစည်းအဝေးသို့ ယွဲ့လင်း မကြွ မြန်းလာခင်မှာပင် မုန်တိုင်း၏အရိပ်အယောင်ကို ကြိုမြင်နေရပါပြီ။

“အရှင်မင်းကြီး ကြွမြန်းလာပြီ!”

တစ်စုံတစ်ယောက်က တီးတိုး သတိပေးလိုက်သည်။

မနက်စာခိုးစားနေသည့် အရာရှိများလည်း မုန့်တွေကို ချက်ချင်းဖွက်လိုက်ကြပြီး မတ်တပ်ရပ်လိုက်ကြပါသည်။

ဂါဝရပြုဖို့ အသင့်ဖြစ်နေစဉ် ရုတ်တရက်ဆိုလို အားလုံး ထိတ်လန့်တုန်လှုပ်ကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။

ဒါ… ဒါဘယ်လိုဖြစ်တာလဲ!

သူတို့တွေ အိပ်ရေးမဝလို့ အမြင်မှားနေတာလား!

အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ လက်ချင်းတွဲပြီး ကြွမြန်းလာကြတာပဲ!

အရှင်မင်းကြီးနောက်မှ လိုက်လာသည့် မိန်းမစိုးငယ်များကလည်း ခုံအသစ်တစ်လုံးကို ခက်ခက်ခဲခဲ သယ်ဆောင်လာကြရသည်။

ထို့နောက် အရှင်မင်းကြီး၏ပလ္လင်ဘေးနားမှာ ထိုခုံအသစ်ကို နေရာချလိုက်ပြီး အလုပ်များခဲ့ကြသည်။

နန်းတွင်းအရာရှိများအားလုံး ပိုမှင်သက်သွားခဲ့သည်။

ဒါဘာသဘောလဲ!

သူတို့ ထင်နေသလိုတော့ မဟုတ်လောက်ပါဘူးနော်!

ခုတလော မိဖုရားကြီးကို အရှင်မင်းကြီး အလွန်အရေးပေးနေသည်ဟူသော သတင်းများ သူတို့ကြားခဲ့ရသည်။ သို့ သော် ဒီလောက်ထိ အရေးပေးလိမ့်မည်ဟုတော့ ထင်မထားခဲ့ကြပါ။

ချောက်ချားနေသည့် လူတစ်စု၏စောင့်ကြည့်မှုအောက်တွင် ယွဲ့လင်း တွန့်ဆုတ်မှုမရှိဘဲ ကျန်းကျီမြောင်၏လက်ကို တွဲလျက် ဘေးချင်းကပ်ရပ်ထိုင်လိုက်ကြပါသည်။

ရုတ်တရက်ဆိုသလို ခန်းမတစ်ခုလုံး စီစီညံသွားကြလေသည်။

အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ ဘေးချင်းကပ်ရပ် ထိုင်နေကြတာလား ?

အရင်မင်းဆက်ရဲ့ ဧကရာဇ်မင်းကြီးခြေရာကို ယွဲ့လင်း လိုက်နင်းတော့မလို့လား ?

ထိုဧကရာဇ်မင်းကြီးက မိုက်ရူးရဲဆန်သဖြင့် အမည်ဆိုးနဲ့ ကျော်ကြားခဲ့သူဖြစ်သည်။

“ကြားနာမှု စတင်မယ်!”

လီသဲ့ဟွိုက် ဖြည်းညှင်းစွာ ကြေညာလိုက်ပါသည်။

အားလုံးလည်း အသိစိတ်ပြန်ကပ်သွားကြပြီး သုတ်သုတ်ပျာပျာ ဂါဝရပြုလိုက်ကြသည်။

သို့သော် အမြင့်မှာထိုင်နေသည့် ကျန်းကျီမြောင်ကို ကြည့်ရင်း အားလုံးမယုံကြည်နိုင်ဖြစ်နေကြပါသေးသည်။

အနောက်နန်းဆောင်က နန်းတွင်းရေးကိစ္စတွေကို ဝင်စွက်ဖက်တော့မလို့လား ?

အဲ့ဒီလုပ်ရပ်ကြောင့် နန်းတော်တစ်ခုလုံး ဗရုတ်သုက္ခဖြစ်သွားနိုင်တယ်!

အရှင်မင်းကြီးကို သူတို့အားလုံး အကြံဉာဏ်သေချာပေးကာ ကန့်ကွက်သင့်ပါသည်။

ဘယ်သူမှ ပါးစပ်မဟနိုင်ခင် အားလုံး၏အာရုံထဲ သမ်းဝေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

[လူတွေအများကြီးပါလား ? ပုံစံတွေကလည်း အကုန်ဆင်တူတွေချည့်ပဲ၊ ငါ ရုတ်တရက်ကြီး အိပ်ငိုက်လာသလိုတောင် ခံစားရတယ်]

ကျန်းကျီမြောင်၏အသံကို အားလုံးရုတ်တရက် ကြား လိုက်ကြရသည်။

နန်းတွင်းအရာရှိများ ကြက်သေသေသွားခဲ့ကြသည်။

ဒါ… ဒါမိဖုရားကြီးရဲ့ အသံမဟုတ်လား!

ညီလာခံမှာ ဒီလို မလေးမစား စကားလုံးတွေ ပြောရဲတယ်ပေါ့!

All Chapters