Can You Come Every Day?
Vol. 10 Ch. 95
နန်းတွင်းအရာရှိများအားလုံး ထိုသို့ တွေးလိုက်ကြပြီး ယွဲ့ချန်းနှင့် ရှဲ့ချန်းတို့၏ စကားများကို အချိန်အတော်ကြာသည်အထိ ဘယ်သူမှမကန့်ကွက်နိုင်ခဲ့ကြပါ။
မိဖုရားကြီး ညီလာခံတက်ရောက်လာသည့် အရေးကိစ္စက သူတို့အတွက် အသေးအဖွဲကိစ္စတစ်ခုလိုပင်။
ကျန်းကျီမြောင် စောင့်ရင်းစောင့်ရင်း ပျင်းရိသွားပြီး ဇာတ် လမ်းတွဲကိုသာ စိတ်ပျက်လက်ပျက် ဆက်ဖွင့်ကြည့်လိုက် ပါတော့သည်။
[ဘယ်သူမှလည်း ရန်မတွေ့ကြဘူး၊ ဇာတ်လမ်းတွဲပဲ ဆက်ကြည့်တော့မယ်]
နန်းတွင်းအရာရှိများအားလုံး ပျော်ရွှင်သွားပုံရသည်။
ဟုတ်တယ် ဟုတ်တယ်!
ဒီနေ့ ကျန်တာ ဒုတိယ၊ ဇာတ်လမ်းတွဲကြည့်ရဖို့က ပထမပဲ!
ကျန်းကျီမြောင်လိုပဲ စိတ်ပျက်အားလျော့သွားရသူက ယွဲ့ဟွာဖြစ်သည်။ သူလည်း ချန့်လုံလို ကိုယ့်အခြေအနေကိုယ် သံသယဖြစ်နေမိပါပြီ။
ဘာတွေဖြစ်နေတာလဲ…
ကူးပြောင်းလာတဲ့ သူကပဲ ရှေးကျနေတာလား ??
ဒီခေတ်မှာ အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ ညီလာခံအတူ တူတက်ရောက်တာ မထူးဆန်းတဲ့ ကိစ္စလား!
“ပဉ္စမညီတော် တစ်ခုခုလျှောက်တင်ချင်နေတဲ့ပုံပဲ”
ယွဲ့လင်းပြုံးလိုက်ပြီး ယွဲ့ဟွာကို လှမ်းကြည့်လိုက်ပါသည်။
ယွဲ့ဟွာ အံကြိတ်လိုက်သည်။ ကျန်းကျီမြောင်ကို ဒီ့ထက်ပိုပြီး တိုက်ခိုက်ရကောင်း မတိုက်ခိုက်ရကောင်း သူစဉ်းစားနေတာဖြစ်သည်။
သို့သော်…
နန်းတွင်းအရာရှိများ၏လျစ်လျူရှုမှုကြောင့် သူဆုံးဖြတ်ရခက်နေခဲ့ပါသည်။
သူကပဲ ပုံကြီးချဲ့လွန်းနေတာလား…
ယုံမင်းဆက်မှာ မိဖုရားကြီး ညီလာခံတက်ရောက်တာက တကယ်ပြဿနာမရှိဘူးလား…
ဒီကိစ္စကို အသုံးချပြီး ဆက်တိုက်ခိုက်သင့်ရဲ့လားဆိုတာ ယွဲ့ဟွာ ပဋိပက္ခဖြစ်သွားခဲ့သည်။
ယွဲ့ဟွာ အချိန်တော်ကြာအောင် စဉ်းစားသုံးသပ်လိုက်ပြီးနောက် ဒီထင်မှတ်မထားသည့် ဖြစ်ရပ်ကို လျစ်လျူရှုကာ မူလ အစီအစဉ်တိုင်းပဲ ဆက်လုပ်ဖို့ဆုံးဖြတ်လိုက်သည်။
“ဒီညီတော် ဘာမှလျှောက်တင်စရာမရှိပါဘူး” ယွဲ့ဟွာ ပြောလိုက်သည်။
ယွဲ့လင်း ရယ်မောလိုက်ပြီး ချန့်လုံကို ကြည့်လိုက်ပါသည်။
“အရာရှိချန်ကော ဘာပြောစရာရှိသေးလို့လဲ”
ချန့်လုံ ခေါင်းထောင်သွားပြီး လျှောက်တင်လိုက်သည်။
“ဒီငယ်သား ပြောစရာရှိတာ အကုန်ပြောပြီးသွားပါပြီ၊ အကြံကောင်းဉာဏ်ကောင်းတွေဆိုတာ နားဝင်မချိုနိုင်ပေမယ့် တိုင်းပြည်အတွက် အကျိုးရှိစေတဲ့ စကားတွေပဲ၊ ဒုဝန်ကြီးကျန်းကို ရာထူးပြန်အပ်နှင်းပြီး ဒီစဉ်းလဲတဲ့ မိဖုရားကို အမြန်ဆုံးနန်းချဖို့ ဒီငယ်သားတောင်းဆိုပါတယ်၊ မဟုတ်ရင် ဒီနေ့ ဒီငယ်သားသေဆုံးရမယ် ဆိုရင်တောင် လုံးဝ နောက်ဆုတ်မှာ မဟုတ်ဘူး!”
ပြောပြောဆိုဆိုနဲ့ ဒုန်းကနဲမြည်အောင် ချန့်လုံ ဒူးထောက်လိုက်သည်။
ထိုစဉ် ဇာတ်လမ်းတွဲအပိုင်းလည်း ပြီးဆုံးသွားပြီဖြစ် သည်။ ကျန်းကျီမြောင် ဇာတ်လမ်းတွဲ အပိတ်သီချင်းကို ဖွင့်ထားလိုက်ပြီး ချန့်လုံကို လှမ်းကြည့်လိုက်ပါသည်။
[ကြည့်ရအောင်]
[ဒီနေ့ မနက်ခင်းအတင်းအဖျင်းတွေ တက်လာဖို့ ၁၅ မိနစ်လောက် လိုသေးတယ်]
[ခဏစောင့်ဦး၊ ဒီနေ့ ဘယ်လိုအတင်းအဖျင်းတွေ တက်လာမလဲ ဒီမိဖုရား ကြည့်ချင်သေးတယ်]
နန်းတွင်းအရာရှိများ မှင်သက်သွားကြသည်။
အတင်းအဖျင်းတွေ တက်လာမယ် ဟုတ်လား…
ဘယ်က အတင်းအဖျင်းလဲ…
အားလုံး နားမလည်ကြပါ။ သို့သော်… သူတို့ စိတ်လှုပ်ရှားလာကြတာကိုတော့ ငြင်းဆန်မရပေ။
၁၅ မိနစ်ထပ်စောင့်ဖို့သာလိုအပ်သည်။ ထို့ကြောင့် ယွဲ့လင်း အချိန်စတင် ဆွဲတော့လေသည်။
“အရာရှိချန့် စိတ်အားထက်သန်နေတာ ကျန်းနားလည်ပါတယ်၊ ဒါပေမယ့် စိတ်အား မထက်သန်ပါနဲ့ဦး”
ချန့်လုံ: “???”
ယွဲ့လင်း: “ကျန်းကို စကားနည်းနည်းလောက် အရင်မိန့်ကြားခွင့်ပြုပါ၊ ကျန်းဆိုလိုချင်တာက အရာရှိချန့် စိတ်တည်ငြိမ်အောင် အရင်ထားပြီး ကျန်းကို မိန့်ကြားခွင့်ပြုပါ”
ချန့်လုံ: “???”
ယွဲ့လင်း: “ဒီကမ္ဘာကြီးထဲမှာ တချို့အရေးကိစ္စတွေက အရာရှိချန့်ထင်နေသလို မရိုးရှင်းဘူး၊ ဒါကိုကြည့်ခြင်းအားဖြင့် တချို့ အရေးကိစ္စတွေက အရမ်းရှုပ်ထွေးတတ်တယ်လို့လည်း အဓိပ္ပာယ်ရတယ်”
ချန့်လုံ: “???”
ယွဲ့လင်း: “ဒါ့ကြောင့် အရာရှိချန့် စိတ်အေးအးထားလိုက် ပါ၊ အဲ့တာဆို အရာရှိချန့် စိတ်တည်ငြိမ်သွားလိမ့်မယ်”
ချန့်လုံ: “???”
ချန့်လုံ စကားတွေအများကြီး ကြားခဲ့ရသော်လည်း အကြောင်းအရာက ဘယ်ကိုမှ ဦးတည်မနေသလို ခံစားနေရသည်။
ယွဲ့လင်းက အဓိပ္ပာယ်မရှိသည့် စကားလုံးတွေကို အသုံးချပြီး အချိန်ဆွဲဖို့ကြိုးစားနေတာဖြစ်သည်။ ချန့်လုံ တစ်ခုခု ဝင်ပြောချင်သော်လည်း ယွဲ့လင်း၏စကားပြောနှုန်းက အလွန်မြန်ဆန်သဖြင့် ဝင်ပြောခွင့်တောင်မရခဲ့ချေ။
ချန့်လုံ ရီဝေသွားသည်။ သူ့ကိုယ်သူ စကားပြောကောင်းသူဟု ယူဆထားခဲ့တာဖြစ်သည်။
သို့သော်လည်း ဒီနေ့ကျမှ စကားကို ဒီလိုနည်းနဲ့ ပြောနိုင် သည်ဆိုတာကို သိခဲ့ရပါသည်။
ယွဲ့ဟွာ မျက်မှောင်ကြုတ်သွားပြီး စိတ်မရှည်လက်မရှည်ဖြစ်လာပါသည်။ သူ့လက်ဖြင့် တစ်စုံတစ်ယောက်ကို အချက်ပြလိုက်သည်။
သိပ်မကြာလိုက်ဘဲ ခန်းမကြီးထဲ အမွှေးနံ့တစ်ခု ထွက်လာခဲ့သည်။ ထိုအမွှေးနံ့က အလွန်မသိသာသဖြင့် သေသေ ချာချာမရှူကြည့်လျှင် သတိထားမိမည်မဟုတ်ပေ။
ကျန်းကျီမြောင် နှာခေါင်းကတော့ ထိုအနံ့ကို ချက်ချင်းရသွားခဲ့ပါသည်။
သူမ မျက်မှောင်ကြုတ်သွားခဲ့သည်။
ဒီအနံ့က…
တော်ဝင်စာကြည့်ဆောင်ထဲမှာ ရခဲ့တဲ့အနံ့ပဲ!
သေချာပါသည်။ ထိုနေ့က ကိစ္စက တိုက်ဆိုင်မှုမဖြစ်နိုင်တော့ပါ။
တစ်စုံတစ်ယောက်က ထိုအနံ့ကို အသုံးချပြီး ယွဲ့လင်း၏ ခေါင်းကိုက်ဝေဒနာကို နှိုးဆွခဲ့တာ ဖြစ်မည်.
ဒီနေ့လည်း…
ယွဲ့လင်းကို ကျန်းကျီမြောင် ချက်ချင်းလှည့်ကြည့်လိုက်သည်။
အနံ့က ထွက်လာခါစ ဖြစ်သော်လည်း ယွဲ့လင်း မျက်နှာက အတော်လေး ပြောင်းလဲနေပါပြီ။ အနည်းငယ် ထိန်းချုပ်နိုင်ဆဲ ဖြစ်သော်လည်း သူ့မျက်နှာပေါ် အမျက်ဒေါသရိပ်တချို့ ပေါ်လာနေပြီဖြစ်သည်။
“ချန့်လုံ!”
ယွဲ့လင်း ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ချန့်လုံကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပါသည်။
ချန့်လုံကလည်း မကြောက်ပါ။ ပိုလို့တောင် ဝမ်းသာသွားပါသေးသည်။
ဟုတ်တယ်… ဒီလိုပဲ ဖြစ်ရမယ်!
နောက်ဆုံးတော့ စီစဉ်ထားတဲ့အတိုင်း ပြန်ဖြစ်သွားပြီ!
“ဒီငယ်သား လျှောက်တင်တဲ့ စကားလုံးတိုင်းက အရှင် မင်းကြီးရဲ့ ကောင်းကျိုးအတွက်ပါ၊ ယုံမင်းဆက်နဲ့ တိုင်း သူပြည်သားတွေရဲ့ ကောင်းကျိုးအတွက်ပါ၊ အရှင်မင်း ကြီး အမျက်ဒေါသထွက်မယ်ဆိုရင်တောင်၊ ဒီငယ်သားကို ကွပ်မျက်ချင်တယ်ဆိုရင်တောင် ဒီငယ်သား အမှန်တရားကို ထုတ်ဖော်ရမှာပဲ!”
ချန့်လုံ ခေါင်းထောင်ပြီး ကျယ်ကျယ်လောင်လောင် လျှောက်တင်လိုက်ပါသည်။
“ကောင်းတယ်! သိပ်ကောင်းတယ်!”
ယွဲ့လင်း ဒေါသထွက်လွန်းသဖြင့် မျက်လုံးများ နီရဲသွားခဲ့သည်။
“မင်းကို ကွပ်မျက်စေချင်တာမလား ? ငါမကွပ်မျက်ရဲဘူးလို့ ထင်လို့လား!”
ချန့်လုံ အသံကျယ်ကျယ်ဖြင့် ထပ်လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီး ကွပ်မျက်ချင် ကွပ်မျက်လိုက်ပါ၊ သို့ပေမယ့် တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေအပေါ်ထားတဲ့ ဒီငယ်သားရဲ့ မေတ္တာစိတ်ကို ကောင်းကင်ဘုံက သိပါလိမ့်မယ်!”
“ကောင်းတာပေါ့”
ယွဲ့လင်း နှုတ်ခမ်းထက် ကောက်ကျစ်သော အပြုံးတစ်ခုပေါ်လာခဲ့သည်။
“မင်းက တောင်းဆိုနေမှတော့…”
နန်းတွင်းအရာရှိများ ရင်တုန်သွားကြသည်။
မဖြစ်ဘူး!
အရှင်မင်းကြီး ဒီလိုအချိန်မှ ဘာလို့ ရုတ်တရက်ကြီး စိတ်လွတ်သွားရတာလဲ!
ချန့်လုံ၏ ရည်ရွယ်ချက်က ဘာမှန်းမသိသော်လည်း ညီလာခံမှာ သူ့ကို ကွပ်မျက်လိုက်ခြင်းက အဆိုးရွားဆုံး နည်းလမ်း ဖြစ်ပါသည်။
အရှင်မင်းကြီးဘက်က အမှန်ဆိုလျှင်တောင် သူ့ကို ကွပ်မျက်လိုက်ပါက အမှားဖြစ်သွားလိမ့်မည်။
သို့သော်လည်း… အရှင်မင်းကြီး ဒေါသထွက်သောအခါ ဘာတွေဖြစ်တတ်သလဲ အားလုံး မြင်ဖူးပြီးသားဖြစ်သည်။ အရှင်မင်းကြီးဒေါသထွက်သောအခါ တခြားလူတစ်ယောက်လို ပြောင်းလဲသွားတတ်သည်။
သူတို့ အကြံပြုဖို့ ကြိုးစားခဲ့သော်လည်း အရှင်မင်းကြီး ဒေါသမီးတောက်လောင်နေချိန် ဘယ်သူ့စကားကိုမှ နားမထောင်ပါ။
နားထောင်သည်ဖြစ်စေ မထောင်သည်ဖြစ်စေ သူတို့ အကြံပြုသင့်တာတော့ ပြုရပါမည်။
ဝန်ကြီးချုပ်ကျန်း အံကြိတ်ကာ ယွဲ့လင်းကိုတားမြစ်ဖို့ ပြင်လိုက်ပါသည်။
“အရှင်မင်းကြီး”
ထိုစဉ် ကျန်းကျီမြောင် အသံရုတ်တ ရက် ထွက်ပေါ်လာသည်။
အစက ဒေါသတကြီးဖြစ်နေခဲ့သည့် ယွဲ့လင်းလည်း အသိစိတ်အနည်းငယ် ပြန်ကပ်သွားပြီး ကျန်းကျီမြောင်ကို ရီဝေစွာ ကြည့်လိုက်သည်။
နန်းတွင်းအရာရှိများ ကြက်သေသေသွားခဲ့လေသည်။
ဒါ ဘယ်လိုဖြစ်တာလဲ…
အရှင်မင်းကြီးကို မိဖုရားကြီးက မေတ္တာပြပြီး တားဖို့ကြိုးစားနေတာလား…
အရှင်မင်းကြီးဒေါသထွက်ရင် ဘာပြပြ အသုံးဝင်မှာမဟုတ်ဘူး!
သွားပြီ… ဒီနေ့တော့ အားလုံးပြီးသွားပြီပဲ။
နန်းတွင်းအရာရှိများ စိတ်ဓာတ်ကျသွားကြစဉ်…
ပုံမှန်ဆို ဒေါသထွက်တာနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်သည့် ယွဲ့လင်းတစ်ယောက် ထူးထူးဆန်းဆန်း မိန့်ကြား လိုက်သည်။
“ကျန်းရဲ့ အပြစ်ပါ၊ ခုနက အရှင်မရဲ့ လက်ကိုလွှတ်လိုက်မိတယ်”
ယွဲ့လင်း ပြန်ထိုင်လိုက်ပြီး ကျန်းကျီမြောင့်လက်အား သိမ်သိမ်မွေ့မွေ့ပြန်ကိုင်ထားလိုက်ပါသည်။
ထို့နောက် သူ့မျက်နှာလည်း ပကတိပြန်ကြည်လင်သွားခဲ့သည်။ အစောပိုင်း ကြမ်းကြုတ်သော အပြုအမူတွေ အစအနတောင် မကျန်ခဲ့တော့သလိုပင်…
နန်းတွင်းအရာရှိများ: “???”
ဝန်ကြီးချုပ်ကျန်း: “???”
အဲ့လို လုပ်လို့ရတယ်လား ?
တကယ်ကြီး အလုပ်ဖြစ်တယ်လား!
နန်းတွင်းအရာရှိများ အကြောက်ရွံ့ဆုံးအရာက အရှင်မင်း ကြီး ရုတ်တရက် ဒေါသထွက်သွားမည်ကိုပင်။
အရှင်မင်းကြီးက အမြော်အမြင်ရှိသည့် ဧကရာဇ်တစ်ပါးဖြစ်သော်လည်း ဒေါသထွက်လာသည့်အခါ မင်းဆိုးမင်းညစ်အဖြစ် ပြောင်းလဲသွားတတ်သည်။
ညီလာခံကို တက်ရောက်လာတိုင်း အားလုံးအမြဲတမ်း ကြောက်ရွံ့တုန်လှုပ်ခဲ့ကြရသည်။ နေ့တိုင်း အရှင်မင်းကြီး အမျက်ဒေါသထွက်လာမည်ကို ညီလာခံတစ်ခုလုံး စိုးရိမ်ကြောင့်ကြခဲ့ရပါသည်။
သို့သော်…
မိဖုရားကြီး၏ စကားတစ်ခွန်းတည်းကြောင့် အရှင်မင်းကြီး ချက်ချင်းစိတ်ပြန်တည်ငြိမ်သွားခဲ့သည်။
ခုနက မိဖုရားကြီး စိတ်ထဲက ဘာတွေးလိုက်တာ ?
ညီလာခံကို တစ်ရက်ပဲ တက်ရောက်မှာဟုတ်လား!
မဖြစ်ရဘူး!
မိဖုရားကြီးဖြစ်တဲ့အတွက် ညီလာခံကို နေ့တိုင်း တက်ရောက်သင့်တယ်!
ယွဲ့လင်း ပုံမှန်ပြန်ဖြစ်သွားသည့်အခါ ယွဲ့ဟွာမျက်လုံးတွေ မယုံကြည်နိုင်အောင် ပြူးကျယ်သွားသည်။
အရင်တစ်ခေါက်က စာကြည့်ဆောင်ထဲမှာ သူ့အကြံအ စည် မအောင်မြင်ခဲ့ပါ။ ဒီတစ်ခါလည်း သူ့အကြံအစည် ကျရှုံးခဲ့ပြန်သည်။
ဒီတစ်ခါတော့ ကျရှုံးရခြင်းအကြောင်းအရင်းကို သူ့ မျက် လုံးနဲ့ တပ်အပ်မြင်ခဲ့ပါသည်။
ကျန်းကျီမြောင်ကြောင့် ယွဲ့လင်း ရုတ်တရက်စိတ်ပြန်ပြီးတည်ငြိမ်သွားခဲ့တာဖြစ်သည်။
ယွဲ့လင်းကို ကျန်းကျီမြောင် ဘာလုပ်လိုက်တာလဲ…
ကျန်းကျီမြောင်လည်း ဆေးပညာကျွမ်းကျင်တာလား…
ယွဲ့ဟွာ သတိကြီးသွားပြီး မသေချာမရေရာဖြစ်နေချိန် ကျန်းကျီမြောင်ကမူ မျက်နှာ ရုတ်တရက် အရောင်လက် သွားတော့လေသည်။
[အတင်းအဖျင်းဖတ်ချိန်ရောက်ပြီ ဟေး!]