← Chapters

Three Pieces of Gossip

Vol. 10 Ch. 96

Three Pieces of Gossip

Vol. 10 Ch. 96

[ဘယ်ဆိုးလို့လဲ! ဒီနေ့ စနစ်က ရက်ရောသားပဲ ? အတင်း အဖျင်းသုံးခုတက်လာပြီး သုံးခုစလုံးက ချန့်လုံနဲ့ ပတ်သတ်နေတယ်၊ ကောင်းတယ် ကောင်းတယ်၊ တော်တော် လျှို့ဝှက်ချက်များတဲ့လူပဲ!]

ကျန်းကျီမြောင် စိတ်ဝင်တစား စတင်ဖတ်ရှုလေတော့ သည်။

[ပထမဆုံး အတင်းအဖျင်းက…]

[လွန်ခဲ့တဲ့ နှစ်ပေါင် ၃၀ တုန်းက စစ်ဆေးရေးအဖွဲ့ခေါင်း ဆောင် စိစစ်ကွပ်ကဲသူဖေးက လောတိုင်းပြည်နဲ့ ပူးပေါင်းကြံစည်နေတယ်ဆိုပြီး ကောလဟာလတွေထွက်လာခဲ့တယ်၊ ရန်သူနဲ့ လျှို့ဝှက်ပူးပေါင်း ဆောင်ရွက်နေတဲ့အတွက် နှောင်းဧကရာဇ်မင်းကြီးက စိစစ်ကွပ်ကဲသူဖေးကို ကွပ်မျက်ခဲ့တယ်၊ တကယ်တော့… ရန်သူနဲ့ ပူးပေါင်းထားတဲ့လူက တခြားတစ်ယောက်ဖြစ်နေတာ၊ ချန့်လုံက လောတိုင်းပြည်ရဲ့လူတစ်ယောက်ပဲ၊ တာ့ယုံတိုင်းပြည်ကို သူလျှိုအဖြစ် စေလွှတ်ခြင်းခံထားရတာ၊ စစ်ဆေးရေးအဖွဲ့မှာ ခေါင်းဆောင်နေရာရဖို့အတွက် စိစစ်ကွပ်ကဲသူဖေးကို ချောက်ချပြီး မဟုတ်မမှန်တိုင်ကြားခဲ့တယ်၊ သူ အဲ့လို တိုင်ကြားလိုက်လို့ပဲ စစ်ဆေးရေးအဖွဲ့မှာ ရာထူးတက်သွားခဲ့တာ]

ကျန်းကျီမြောင် ခေတ္တရပ်တန့်သွားပြီး သမာသမတ်ကျစွာ ဒူးထောက်နေသည့် ချန့်လုံကိုလှည့်ကြည့်လိုက်သည်။

[ဒီလူက လောတိုင်းပြည်ရဲ့ သူလျှိုဟုတ်လား ? လောတိုင်းပြည်ရဲ့ သူလျှိုက တာ့ယုံတိုင်းပြည်မှာ နှစ် ၃၀ လောက် စိစစ်ကွပ်ကဲသူလာဖြစ်နေတာပေါ့၊ ဂုဏ်သရေရှိရှိ အနားယူခွင့်ရပြီး မွေးရပ်မြေကိုတောင် ပြန်ခွင့်တောင်ရခဲ့တယ်ပေါ့]

[အဲ့တာကြောင့် သူ့ကို ပွင့်လင်းပြတ်သားတယ်လို့ ပြောကြတာကိုး၊ ဒီလူက အကွပ်မျက်ခံချင်နေတာ မဟုတ်လား ? အကြံဉာဏ်ပေးတဲ့အတွက် ကွပ်မျက်ခံရတယ်ဆိုရင် အရှင်မင်းကြီးလည်း ဂုဏ်သိက္ခာကျဆင်းသွားလိမ့်မယ်၊ ဒါပေမယ့် အရှင်မင်းကြီးက သည်းခံနိုင်ခဲ့တယ်၊ ချန့်လုံ အနားယူသွားတဲ့အချိန်အထိ သူ့စိတ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး မကွပ်မျက်ခဲ့ဘူး၊ အခု ချန့်လုံက နည်းလမ်းဟောင်းကြီး ပြန်သုံးဖို့ ကြိုးစားနေတာပဲ]

ကျန်းကျီမြောင် အတွေးကြောင့် နန်းတွင်းအရာရှိများ မျက်နှာပျက်သွားကြသည်။

လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ဖြစ်ပျက်ခဲ့သည့် အရေးကိစ္စကြီးကို နန်းတွင်းအရာရှိအိုများက ကွက်ကွင်ကွင်းကွင်း မှတ်မိနေကြဆဲဖြစ်သည်။

ထိုအရေးကိစ္စတွင် စိစစ်ကွပ်ကဲသူဖေးတစ်ဦးတည်း မတ ရားသဖြင့် ခံခဲ့ရတာမဟုတ်ပါ။ နန်းတော်တစ်ခုလုံးကို လူစားထိုးမှုတွေ ပြုလုပ်ခဲ့တာဖြစ်သည်။

ဒါတွေအားလုံးရဲ့ နောက်ကွယ်က တရားခံက သူတို့ရှေ့မှာ တစ်ချိန်လုံးရှိနေခဲ့တဲ့ ချန့်လုံတဲ့လား။

မဖြစ်နိုင်ဘူး…

ချန့်လုံတစ်ယောက်တည်းနဲ့ ဒါတွေအားလုံး လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။

သူနဲ့အတူ ပူးပေါင်းကြံစည်နေသူတစ်ယောက်ယောက် ရှိပါဦးမည်။

ဝန်ကြီးချုပ်ကျန်းလည်း ချန့်လုံကို သတ်ဖြတ်ချင်စိတ်များဖြင့် လှမ်းကြည့်လိုက်သည်။

ဒီကောင် သေရမှာသေချာတယ်!

ဒါပေမယ့် ညီလာခံထဲမှာတော့ သေလို့မဖြစ်ဘူး!

လောတိုင်းပြည်၏ သူလျှိုတစ်ယောက်က တာ့ယုံတိုင်း ပြည်မှာ နှစ်ဆယ်ချီအောင်အမြစ်တွယ်နေခဲ့သည်။ ထို့ ကြောင့် နောက်ကွယ်မှာ ချန့်လုံ ဘာတွေလုပ်ထားသလဲဆိုတာ မပြောနိုင်ပါ။

သူ့ကို ဖမ်းဆီးပြီး သေသေချာချာ စစ်ဆေးမေးမြန်းလိုက် ပါက တခြား သူလျှိုတွေကိုပါဖော်ထုတ်နိုင်လောက်သည်။

ဒီအရေးကိစ္စကို သေသေချာချာ မကိုင်တွယ်ပါက…

တိုင်းတပါးသားတစ်ဦးကြောင့် ကြီးမြတ်သည့် တာ့ယုံတိုင်းပြည်ကြီး ယိုယွင်းသွားလိမ့်မည်။ နန်းတွင်းရေးရာ၊ စစ်မက်ရေးရာ ဝန်ကြီးမှူးမတ်တွေအကုန်လုံး လူအများ ပြက်ရယ်ပြုစရာ ဖြစ်သွားလိမ့်မည်။

“အရှင်မင်းကြီး! ဒီငယ်သား လုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းက အရှင်မင်းကြီးရဲ့ အကျိုးအတွက်ပါ! တာ့ယုံတိုင်းပြည်ရဲ့ အကျိုးအတွက်ပါ! ဒီငယ်သားရဲ့ စကားကို အရှင်မင်းကြီး နားထောင်ပေးဖို့ တောင်းဆိုပါတယ်! ဂုဏ်သရေရှိတဲ့ ဝန်ကြီးတွေကို ရာထူးပြန်အပ်နှင်းပြီး စဉ်းလဲတဲ့ မိဖုရားကို ချက်ချင်း နန်းချပေးပါ!”

ချန့်လုံ ထပ်အော်လိုက်ပြီး ကြမ်းပြင်ကို ခေါင်းဖြင့် ပြင်း ပြင်းထန်ထန် ငုံ့ဆောင့်လိုက်ပါသည်။

ယွဲ့လင်း မျက်ခုံးပင့်သွားသည်။

နန်းတွင်းအရာရှိများ: “…”

ကောင်းပါတယ် သိပ်ကောင်းတယ်!

“တာ့ယုံတိုင်းပြည်အတွက်” ဟုတ်လား ?

“တာ့ယုံတိုင်းပြည်ကို ဗရုတ်သုက္ခဖြစ်စေဖို့အတွက်”ဆို ပိုမမှန်ဘူးလား!

သွေးဆူလွယ်သည့် အရာရှိတချို့ဆိုလျှင် ချန့်လု့အားသတ်ဖြတ်ချင်စိတ်များဖြင့် ဝိုင်းကြည့်လိုက်ကြသည်။

အမတ်တစ်ဦး တစ်စုံတစ်ခု ပြောဖို့ ပါးစပ်ဟလိုက်သည်။

သို့သော် သူ့မျက်နှာ တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။

မိဖုရားကြီးထံမှ ကြားထားသည့် အကြောင်းအရာတွေကို စိတ်ထဲမှာသာ တွေးနိုင်ပြီး နှုတ်မှထုတ်ပြောလို့မရပေ။

သုံးပြည်ထောင်ရာဇဝင် ဇာတ်လမ်းတွဲနှင့် ပတ်သတ်သည့် အကြောင်းအရာတွေကို ပြောကြည့်ဖို့ ကြိုးစားသော်လည်း မထူးခဲ့ပါ။

မမြင်ရသည့် စွမ်းအားတစ်ခုက သူ့ကိုထိန်းချုပ်ထားသဖြင့် ထိုစကားလုံးတွေကို ထုတ်မပြောနိုင်တာဖြစ်မည်ဟု ခံစားနေရသည်။

မိဖုရားကြီးက…!

မသေမျိုးများဖြစ်နေမလား!

ကျန်းကျီမြောင်ကို သူထိတ်လန့်တုန်လှုပ်စွာ မော်ကြည့်လိုက်သည်။

တခြားသူတွေလည်း ထိုအကြောင်းကို နားလည်သွားကြပြီး မျက်စိမျက်နှာတွေ ပျက်ကုန်ကြပါသည်။

အားလုံးမျက်နှာပျက်နေတာကို ကျန်းကျီမြောင် ဂရုမစိုက်အားပါ။ ဒုတိယ အတင်းအဖျင်းကို ဆက်ဖတ်လိုက်လေသည်။

[အတင်းအဖျင်းသုံးခုစလုံးက ချန့်လုံနဲ့ ပတ်သတ်နေတာ တကယ်ကောင်းတယ်၊ ချန့်လုံဆီမှာ ဘယ်သူမှမသိသေးတဲ့ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေမလဲ သိချင်လိုက်တာ!]

[ဒုတိယအတင်းအဖျင်းက… မနှစ်က ချန့်လုံ ငယ်ငယ်ရွယ်ရွယ် ကိုယ်လုပ်တော်တစ်ယောက် ရရှိခဲ့တယ်တဲ့၊ အဲ့ဒီ ကိုယ်လုပ်တော်က အရမ်းလှပြီး ဂီတအပိုင်းမှာလည်း ပါရမီရှိတယ်၊ ချန့်လုံက အဲ့ဒီကိုယ်လုပ်တော်ကို ရတနာတစ်ပါးလို မြတ်နိုးတယ်၊ ဒါပေမယ့် အဲ့ဒီ ကိုယ်လုပ်တော်က ယွဲ့ဟွာကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့ ကိုယ်လုပ်တော်ဆိုတာ ချန့်လုံမသိခဲ့ဘူး၊ ချန့်လုံရဲ့ကိုယ်ရနံ့က နံတယ်၊ အဲ့ဒီကိုယ်လုပ်တော် သူ့ဆီမှာ အမှုထမ်းရတိုင်း မင်းသားအန်းဟယ်လက်ဆောင်ပေးထားတဲ့ အသည်းပုံသဏ္ဌာန် ကျောက်တုံးလေးကိုကိုင်ပြီး ညည်းညူလေ့ရှိတယ်တဲ့]

[အသည်းပုံသဏ္ဌာန်ကျောက်တုံးလေး ဟုတ်လား ? ရိုမတ်တစ်ဆန်လိုက်တာ၊ ဧကန္တ ယွဲ့ဟွာစေလွှတ်ထားတဲ့ ကိုယ် လုပ်တော်တိုင်းမှာ အဲ့ဒီအသည်းပုံကျောက်တုံးတွေ ရှိနေတာလား ? မင်းသားအန်းဟယ်က မိန်းမလှတွေအများကြီးကို လေ့ကျင့်ပေးထားတာ၊ အဲ့ဒီမိန်းမလှလေးတွေကို နန်းတွင်းအရာရှိ တော်တော်များများဆီ လွှတ်ထားတယ်၊ တစ်ယောက်ချင်းစီတိုင်းကို အသည်းပုံကျောက်တုံးလေးတွေ ပေးရမယ်ဆိုရင် တော်တော်အလုပ်များမှာပဲ]

ကျန်းကျီမြောင် တွေးလိုက်သည်။

အားလုံး မျက်နှာပျက်သွားကြသည်။

အသည်းပုံကျောက်တုံးဟုတ်လား…

အယုတ်တမာ မင်းသားအန်းဟယ်က အဲ့လိုလုပ်ရပ်မျိုးတောင် လုပ်ခဲ့တာလား!

သူတို့ထဲက တချို့တဝက်လည်း မကြာသေးခင်ကမှ လှတ ပတ ကိုယ်လုပ်တော်လေးတွေ ရုတ်တရက် ရရှိခဲ့ကြတာ ဖြစ်သည်။

မဖြစ်သေးဘူး!

အိမ်မြန်မြန်ပြန်ပြီး သူတို့ကိုယ်လုပ်တော်တွေဆီမှာ အသည်းပုံးကျောက်တုံးတွေ ရှိနေလား သေချာ စစ်ကြည့်ရမယ်!

ယခင် အဝေးဆုံးကိုရောက်နေသည့် ချန့်လုံထံထိတိုင် ယွဲ့ဟွာ ကိုယ်လုပ်တော်တွေ မရမက ပို့ပေးခဲ့တာဖြစ်သည်။

ထို့ကြောင့် နန်းတော်ထဲမှာသာ ရှိနေသည့် သူတို့လို အရာရှိတွေက ပိုပြီးထိုးဖောက်ရလွယ်ကူနိုင်သည်။

အားလုံး ဒီကနေထွက်ခွာသောအခါ ချက်ချင်း စုံစမ်းစစ် ဆေးသင့်သည်။

[နောက်ဆုံး အတင်းအဖျင်းကိုကြည့်ရအောင်]

အတင်းအဖျင်းနှစ်ခုနဲ့တင် နန်းတွင်းအရာရှိတွေအားလုံး ရင်တမမ ဖြစ်နေကြရပါပြီ။

နောက်ဆုံးအတင်းအဖျင်းဟု ဆိုသဖြင့် အားလုံးနားရွက်တွေ ပိုထောင်လာကြသည်။

[ဒီတစ်ခါ ချန့်လုံ ပြန်ရောက်လာရတဲ့အကြောင်းအရင်းက သူ့သား ချန့်ပေါင်ကြောင့်တဲ့၊ ချန့်ပေါင်က လောင်းကစားကြွေးတွေ အများကြီးတင်နေတယ်၊ အဲ့လို လောင်းကစားကြွေးအများကြီးတင်အောင် သူ ထောင်ချောက်ဆင်ခံခဲ့ရတာ၊ ချန့်လုံကို ညီလာခံမှာ သေကြောင်းကြံခိုင်းဖို့အတွက် ယွဲ့ဟွာက အဲ့ဒီလောင်းကစားကြွေးတွေ အားလုံးကို ဆပ်ပေးခဲ့တယ်၊ ဒါပေမယ့် ချန့်ပေါင်ကို လောင်းကစားကြွေး တင်အောင် လုပ်ခဲ့တဲ့လူက တခြားသူ မဟုတ်ဘဲ ချန့်လုံရဲ့ ကိုယ်လုပ်တော်ဖြစ်နေတယ်၊ အဲ့ဒီကိုယ်လုပ်တော်နဲ့ ချန့်ပေါင်တို့ ပတ်သတ်နေကြတာကြာပြီ၊ အခုတောင် ချန့်ပေါင်ရဲ့ ရင်သွေးကို လွယ်ထားရတယ်…]

ထိုအတင်းအဖျင်းကို ဖတ်ပြီးနောင် ကျန်းကျီမြောင် ထူးထူးဆန်းဆန်း မအံ့ဩမိပါ။

[သူ့ကိုယ်လုပ်တော်နဲ့ သူ့သားက ဖောက်ပြန်နေတာပဲ မဟုတ်ဘူးလား ? မအံ့ဩမိပါဘူး၊ စကားမစပ် ဝန်ကြီးချန်နဲ့ပတ်သတ်တဲ့ အတင်းအဖျင်းကမှ ဒီ့ထက်အများကြီး စိတ်ဝင်စားဖို့ကောင်းခဲ့တာ]

ထို့နောက် ချန်ကျင်းမင်ကို ကျန်းကျီမြောင် လှမ်းကြည့်လိုက်ပါသည်။

ချန်ကျင်းမင် ဇဝေဇဝါဖြစ်လျက် မျက်လွှာချထားမိသည်။ ဒီနေ့ သူတည်တည်ငြိမ်ငြိမ်သာ နေခဲ့တာဖြစ်သည်။ ဘာမှတောင် ဝင်မပြောရသေးပါ။ သူ့အား မိဖုရားကြီးအကြောင်းအရင်းမရှိ စိုက်ကြည့်နေသည်မှာ ထိတ်လန့်ဖို့ကောင်းလှသည်။

နန်းတွင်းအရာရှိများလည်း ချန်ကျင်းမင်ကို လှည့်ကြည့်လိုက်ကြသည်။

ကိုယ်လုပ်တော်တစ်ယောက်နဲ့ သားတစ်ယောက်နဲ့ ဖောက် ပြန်နေတဲ့ ကိစ္စက စိတ်လှုပ်ရှားစရာမကောင်းဘူး ဟုတ် လား ?

ဝန်ကြီးချန်နဲ့ ပတ်သတ်တဲ့ စိတ်လှုပ်ရှားစရာ အတင်းအ ဖျင်းရှိလို့လား…

ဘာများလဲ! သိချင်လိုက်တာ!

“အရှင်မင်းကြီးက ခေါင်းမာနေမှတော့ ဒီငယ်သားလည်း တိုင်းပြည်အတွက် အသက်ပေးရတော့မှာပေါ့!”

သူအချိန်အကြာကြီး ဒူးထောက်ထားသော်လည်း ဘယ်သူမှ ဂရုမစိုက်တာကိုမြင်သောအခါ ချန့်လုံ ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီး နောက်ဆုံး အစီအစဉ်ကို အကောင်အ ထည်ဖော်ဖို့ ကြံလိုက်ပါသည်။

ချန့်လုံ ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး တိုင်ကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးသွားခဲ့သည်။

ကျန်းကျီမြောင်၏ခန့်မှန်းချက်ကြောင့် အတိုင်ပင်ခံအမတ်ကြီးလည်း ဘေးကိုအမြန်ရှောင်လိုက်ပါသည်။ သူ့အရိုးတွေကို အကောင်းတိုင်းရှိစေချင်သေးသည်။

သို့သော်… အရှင်မင်းကြီးက ပြင်ဆင်ထားပြီးသားဖြစ်ပါသည်။

ချန့်လုံ တိုင်နဲ့ ခေါင်းနဲ့ ပြေးဆောင့်ဖို့ ကြံလိုက်စဉ် ဝူကျီး အမြန်ရောက်လာပြီး ချန့်လုံအင်္ကျီလည်ခွံကို အနောက်မှ ဆွဲကာ ကြက်ပေါက်ကလေးလို ဖမ်းချုပ်ထားလိုက်ပါသည်။

ကျန်းကျီမြောင်လည်း အခြေအနေကိုလှမ်းကြည့်လိုက်သည်။

[အဲ့ဒီလူက ကြင်ယာတော်သဲ့ရဲ့ အစ်ကိုမလား ? သူ့ရဲ့ ဟန်အမည်ရတဲ့ လက်ထောက်စစ်သူကြီးတစ်ယောက်ကို သတိထားဖို့ နည်းလမ်းတစ်ခုခုရှာပြီး အသိပေးသင့်တယ်၊ အဲ့ဒီလက်ထောက်စစ်သူကြီးမှာ မင်းသားအန်းဟယ်ကို စွဲလမ်းမက်မောနေတဲ့ သမီးတစ်ယောက်ရှိတယ်၊ နောက် ပိုင်း ဟန်မိသားစုတစ်စုလုံးက မင်းသားအန်းဟယ်ဘက်မှာ ရပ်တည်ကြလိမ့်မယ်၊ သုံးလကြာရင် ကျန်းနန်တောင်ကြားကိုလောတိုင်းပြည်က အလစ်ဝင်တိုက်ခိုက်လိမ့်မယ်၊ အဲ့ဒီမှာ တာ့ယုံစစ်တပ်ကို ဝူကျီးက ဦးဆောင်ရလိမ့်မယ်၊ စစ်မြေပြင်မှာ မသေပေမယ့် သူ့လူယုံတော်တွေလုပ်ကြံလို့ ဝူကျီး သေရလိမ့်မယ်]

ကျန်းကျီမြောင် တွေးလိုက်သည်။

ဝူကျီးလည်း မျက်နှာ ပျက်သွားခဲ့ပါသည်။

ဟန်အမည်ရတဲ့ လက်ထောက်စစ်သူကြီး ဟုတ်လား…

သူ့လက်အောက်မှာ ဟန်အမည်ရသူဆိုလို့ ဟန်ယွမ်တစ်ဦးတည်းသာရှိသည်။ ထိုလူ့ကို ဝူကျီး အလွန်ယုံကြည်ခဲ့ပြီး မည်သည့်လျှို့ဝှက်ချက်ကိုမဆို ယုံယုံကြည်ကြည်ပြောပြခဲ့တာဖြစ်သည်။

ရလဒ်ကတော့…

ကိုယ်ကျိုးအတွက်နဲ့ စစ်မြေပြင်မှာ သူ့ကို လုပ်ကြံမှာတဲ့လား…

ထိုလုပ်ရပ်ကြောင့် သူတစ်ယောက်တည်း ထိခိုက်မည်မဟုတ်ပါ။ စစ်သည်တော်ပေါင်း ထောင်သောင်းမကကို ထိခိုက်စေမည်ဖြစ်သည်။

ဒါတွေအားလုံးက မင်းသားအန်းဟယ်အတွက် လုပ်ခဲ့တာတဲ့လား…

ဒါ တိုင်းပြည်ပုန်ကန်မှုနဲ့ ဘာကွာခြားတော့မှာလဲ!

ယွဲ့ဟွာကို နီရဲနေသော မျက်လုံးများဖြင့် ဝူကျီး ရုတ်တ ရက် လှည့်ကြည့်လိုက်ပါတော့သည်။

All Chapters