← Chapters

Pregnant?

Vol. 10 Ch. 98

Pregnant?

Vol. 10 Ch. 98

တော်ဝင်သမားတော်ဆင့်ခေါ်ပြီး စစ်ဆေးခိုင်းမယ်ဟုတ်လ ား…

နန်းတွင်းအရာရှိတို့ မျက်လုံးများ ဂနာမငြိမ်ဖြစ်သွားကြသည်။

သူတို့ မကြာသေးခင်ကမှ အတင်းအဖျင်းတစ်ခု ကြားထားကြတာဖြစ်သည်။ လျို့ရူယွဲ့ဝမ်းဗိုက်ထဲ ချန့်ပေါင်၏ ကလေးကို လွယ်ထားရသည်။

ဒီကိစ္စကို… အဘိုးကြီး ချန့်လုံတော့ မသိလောက်သေးဘူးမလား…

သူ အမြတ်နိုးဆုံး ကိုယ်လုပ်တော်နဲ့ သူအချစ်ရဆုံး သားတော်တို့က…

သူ့နောက်ကွယ်မှာ ထိုနှစ်ယောက် ဖောက်ပြန်နေတာကို သိလိုက်ရလျှင် ချန့်လုံ ဆက်ပြီး တည်ငြိမ်နေနိုင်ဦးမလားဆိုတာ အားလုံး သိချင်နေကြပါပြီ။

“အရှင်မက အကြံပေးမှတော့ သမားတော်ကြီးကို ဆင့်ခေါ်ကြတာပေါ့”

ယွဲ့လင်း သဘောတူလိုက်သည်။

လျို့ရူယွဲ့ ကြက်သေသေသွားကာ ယွဲ့ဟွာကို လှမ်းကြည့်လိုက်ပါသည်။

လျို့ရူယွဲ့ နားမလည်နိုင်ဖြစ်နေခဲ့သည်။

မိဖုရားကြီးက ရုတ်တရက်ကြီး သမားတော် ဘာလို့ ဆင့်ခေါ်ချင်နေတာလဲ ?

သူ ခန္ဓာကိုယ် အားနည်းနေတာကိုမြင်ပြီး တကယ် စစ်ဆေးပေးချင်လို့လား…

လျို့ရူယွဲ့၏တုန့်ပြန်မှုနဲ့ မျက်နှာထားတို့ကို မြင်ပြီး ကျန်းကျီမြောင်လည်း မှင်သက်သွားပါသည်။

[ပုံစံကို ကြည့်ရသလောက်တော့ လျို့ရူယွဲ့လည်း သူ့ကိုယ်သူ ကိုယ်ဝန်ရှိနေမှန်း မသိသေးဘူးထင်တယ်၊ စိတ်ဝင်စားစရာ ပိုကောင်းလာပြီ!]

သူမမှာ ကိုယ်ဝန်ရှိနေမှန်းသာ လျို့ရူယွဲ့သိခဲ့လျှင် ကလေးကို ရှင်းပစ်ခဲ့တာ ကြာလောက်ပါပြီ၊ ယခုလို မှင်သက်နေပုံကိုကြည့်ခြင်းအားဖြင့် မသိသေးတာ သေချာသည်။

ဘယ်သူမှ မသိရသေးခင် ဒါကို အတင်းအဖျင်းစနစ်က အရင်ဆုံးသိရှိသွားခဲ့တာဖြစ်မည်။

[ကြည့်ရတာ အဲ့ဒီကိုယ်ဝန်အကြောင်း သိတဲ့သူဆိုလို့ အခု ငါ တစ်ယောက်တည်းပဲ ရှိဦးမယ်ထင်တယ်]

ယွဲ့လင်း စိတ်ထဲမှတွေးလိုက်သည်။ ကျန်းလည်းသိတယ်…

နန်းတွင်းအရာရှိများ: ဒီငယ်သားတို့လည်း သိပါတယ်…

ယွဲ့ဟွာ မျက်မှောင်ကြုတ်သွားသည်။ ကျန်းကျီမြောင် ဘာတွေကြံစည်နေသလဲ သူ ခန့်မှန်းလို့မရပါ။

ယခင်တုန်းက အဖြစ်အပျက်များကြောင့် ကျန်းကျီမြောင်ကို သူအတော်လန့်နေပြီဖြစ်သည်။ ထို့ကြောင့် အခုချိန်မှာလည်း စိတ်တွေလေးလံနေမိပါသည်။

“ရာဇဝတ်သားတစ်ယောက်အတွက် တော်ဝင်သမားတော်ကြီးကို ဆင့်ခေါ်ဖို့အထိ မလိုအပ်လောက်ဘူးထင်တယ်နော်”

ယွဲ့ဟွာ ရုတ်တရက် ပြောလိုက်သည်။

“အရှင်မင်းကြီးက မေတ္တာတရားကြီးမားလွန်းပါတယ်၊ သို့ပေမယ့် အဆင့်မရှိတဲ့ ကိုယ်လုပ်တော်တစ်ယောက်က တော်ဝန်သမားတော်ကြီးကို ဆင့်ခေါ်ဖို့လောက်တဲ့အထိ မထိုက်တန်ဘူးထင်တယ်”

ရန်သူဘာတွေပဲ ကြံစည်နေပါစေ တားမြစ်ရမည်ဟူသော ခံယူချက်ဖြင့် ယွဲ့ဟွာ တွန့်ဆုတ်မှုမရှိ ကန့်ကွက်လိုက်ပါသည်။

လျို့ရူယွဲ့ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားပြီး ယွဲ့ဟွာ၏ ဦးဆောင်မှုနောက်လိုက်ကာ လျှောက်တင်လိုက်ပါသည်။

“ဒီ… ဒီကိုယ်လုပ်တော် ဘာမှမဖြစ်ပါဘူး”

“ခုနကမှ မူးလဲတော့မလိုပုံစံပေါက်နေတာကို အခုတော့ ဘာမှမဖြစ်ဘူးတဲ့လား”

ယွဲ့လင်း ခံစားချက်မဲ့စွာ မိန့်လိုက်သည်။

“ညီလာခံ ခန်းမထဲမှာ ဧကရာဇ်မင်းကြီးတစ်ပါးကို လှည့် စားတာ ဘယ်လိုအဆုံးသတ်သွားနိုင်လဲ နားလည်ရဲ့လား”

ယွဲ့လင်း၏အကြည့်များက လျို့ရူယွဲ့အတွက် ဓားတစ်ချောင်းလို စူးရှထက်မြက်နေပြီး ကျောပြင်တစ်လျှောက် ကြက်သီးမွေးညှင်းများ ထသွားခဲ့ရသည်။

လျို့ရူယွဲ့ တုန်ယင်စွာ လျှောက်တင်လိုက်ပါသည်။

“ဒီ… ဒီကိုယ်လုပ်တော် မလှည့်စားဝံ့ပါဘူး”

သူ့မ ရင်ထဲမှာလည်း ခါးသီးသွားခဲ့သည်။

ယွဲ့ဟွာပြောတဲ့ အစွမ်းအစမရှိတဲ့ အရှင်မင်းကြီးဆိုတာ ဒါလား…

ယွဲ့လင်းသာ တကယ်အစွမ်းအစမရှိရင် သူ့အကြည့်တစ်ချက်ကြောင့် သူမ ဘာလို့ကြောက်ရွံ့သွားရတာလဲ ?

“အတင့်မရဲတာပဲ ကောင်းပါတယ်”

ယွဲ့ဟွာကို ယွဲ့လင်း လှည့်ကြည့်လိုက်သည်။

“မင်းသားအန်းဟယ်လည်း ဒီလောက် ရက်စက်ဖို့မလိုပါဘူး၊ အသေးအဖွဲကိစ္စတစ်ခုအတွက် ပဋိပက္ခဖြစ်စရာလည်း မလိုဘူး”

ယွဲ့ဟွာတစ်ခုခုပြောဖို့ ကြံလိုက်သေးသည်။

သို့သော် ကျန်းဝေ (ဝန်ကြီးချုပ်ကျန်း)မှ အမြန်ချီးမြှောက်လိုက်ပါသည်။

“အရှင်မင်းကြီးက စိတ်သဘောထားမြင့်မြတ်ပြီး စေတနာ သဒ္ဒါတရားထက်သန်လွန်းလို့ လေးစားကြည်ညိုထိုက်ပါပေတယ်”

အခြား နန်းတွင်းအရာရှိများလည်း တစ်ယောက်ပြီးတစ်ယောက် ယွဲ့လင်းကို ချီးမြှောက်လိုက်ကြသည်။

“အရှင်မင်းကြီးက စိတ်သဘောထားမြင့်မြတ်ပြီး စေတနာသဒ္ဒါတရား ထက်သန်လွန်းပါတယ်”

ဟာသပဲ…သူတို့ ပွဲကြည့်ချင်နေတာ!

သမားတော်ကြီးကြွမလာရင် ဘယ်လိုလုပ် စိတ်လှုပ်ရှားစရာကောင်းတော့မလဲ!

ယွဲ့ဟွာ မျက်နှာပျက်သွားသည်။ ကျန်းဝေး၏ ချီးမြှောက်စကားကို နန်းတွင်းအရာရှိအတော်များများ ချက်ချင်း ထောက်ခံခဲ့ကြလေသည်။

ဒီထဲမှာ ယွဲ့လင်းက အဲ့လောက်တောင် ဩဇာညောင်းနေပြီလား…

မဟုတ်သေးဘူး မဖြစ်နိုင်ဘူး!

ယွဲ့လင်းက ရုပ်သေးရုပ်တစ်ရုပ်ပဲဖြစ်ရမှာ! ဒီလို ဩဇာ ညောင်းစရာအကြောင်းမရှိဘူး!

ယွဲ့ဟွာ ရင်တုန်သွားခဲ့သည်။ ယခင်တုန်းက ညီလာခံကို သူထိန်းချုပ်နိုင်ခဲ့သမျှ ယခုတော့ အားလုံးပြိုလဲသွားသလို ခံစားလိုက်ရသည်။

ထိုပြောင်းလဲမှုတွေအကုန်လုံးက… ညီလာခံသို့ ကျန်းကျီမြောင် ရောက်ရှိလာခြင်းဖြင့် အစပြုခဲ့ခြင်းဖြစ်သည်။

ကျန်းကျီမြောင်ကို ယွဲ့လင်း လှမ်းကြည့်လိုက်ပါသည်။

ဒီမိန်းမက… သူ့ မဟာရန်သူလား ?

ဒီမိန်းမနဲ့ ဆုံလိုက်တိုင်း ကောင်းတာ ဘာမှဖြစ်မလာဘူး!

သိပ်မကြာလိုက်ဘဲ ညီလာခံသို့ တော်ဝင်သမားတော်ကြီး ရောက်ရှိလာခဲ့ပါသည်။

“သမားတော်ချန်း၊ ဒီကိုယ်လုပ်တော်ကို သေချာ စစ်ဆေးပေးလိုက်ပါ”

ယွဲ့လင်း မိန့်ကြားလိုက်သည်။

သမားတော်ချန်းလည်း အမြန်အမိန့်နာခံလိုက်ပါသည်။

လျို့ရူယွဲ့လည်း အူကြောင်ကြောင်ဖြင့် လက်ဆန့်တန်းပေးလိုက်ရသည်။

သမားတော်ချန်းက ဆေးပညာ အလွန်ထူးချွန်သဖြင့် ချက်ချင်းဆိုသလို အကြောင်းအရင်းကို နားလည်သွားခဲ့သည်။

လျို့ရူယွဲ့က ဘယ်သူဘယ်ဝါမှန်း သမားတော်ချန်း မသိပါ။ ထို့ကြောင့် ဒူးထောက်နေသည့် လူသုံးယောက်ကို အကဲ ခတ်လိုက်ပြီး တစ်ယောက်ကိုသာ ရွေးချယ်လိုက်ပါသည်။

ချန်းပေါင်ကို ပြုံးပြလျက် သမားတော်ချန်း ပြောလိုက်သည်။

“ဘာမှ အန္တရာယ်မရှိပါဘူး၊ မင်း ဇနီး ကိုယ်ဝန်ရှိနေတာ”

ကျန်းကျီမြောင် အော်ရယ်ချင်စိတ် ပေါက်သွားလေသည်။

[သမားတော်ချန်းက တကယ် အားကိုးရတာပဲ!]

ချန့်လုံ မျက်နှာထားကို ကျန်းကျီမြောင် မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။

သေချာပါသည်။ ချန့်လုံ ကြက်သေသေနေပါပြီ။ မျက်လုံးတွေလည်း ကျွတ်ကျမတတ် ပြူးကျယ်နေသည်။

ကိုယ်ဝန်ရှိနေတာတဲ့…

လျို့ရူယွဲ့က ဘယ်လိုလုပ် ကိုယ်ဝန်ရှိနိုင်မှာလဲ…

ချန့်လုံက အသက် ၇၀ - ၈၀ ဝန်းကျင်ရှိနေပြီဖြစ်သည်။ သူ့စိတ်က မိန်းကလေး ငယ်ငယ်ချောချောလေးများကို သဘောကျနေဆဲဖြစ်သော်လည်း သူ့မှာ ‘စွမ်းဆောင်နိုင်စွမ်း’မရှိတာကိုတော့ သေချာသိနေခဲ့သည်။

လျို့ရူယွဲ့ ဗိုက်ထဲက ကလေးက… သူ့ကလေး မဖြစ်နိုင်ဘူး!

“ကိုယ်ဝန်ရှိနေတယ်ဟုတ်လား… မဖြစ်နိုင်ဘူးထင်တယ်…”

လျို့ရူယွဲ့ စိတ်ချောက်ချားသွားခဲ့သည်။

ချန့်လုံ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ယင်သွားပြီး သည်းမခံနိုင်တော့ဘဲ လျို့ရူယွဲ့အား။ကြမ်းကြမ်း တမ်းတမ်း ပါးရိုက်လိုက်တော့သည်။

“အပျက်မ! ဒါဘယ်သူ့ ကလေးလဲ ပြောစမ်း!”

ရုတ်တရက်ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များကြောင့် သမားတော်ချန်း ထိတ်လန့်သွားသည်။

ဘာလဲဟ!

သူ့ကြောင့် ပြဿနာတက်သွားတာလား!

သမားတော်ချန်း ပျာယာခတ်သွားပြီး ယွဲ့လင်းကိုမော် ကြည့်လိုက်မိသည်။

ယွဲ့လင်းမှ ခေါင်းသာညိတ်ပြသဖြင့် သမားတော်ချန်း အလွန်မှင်သက်သွားရသည်။

ဒါဆို… သူ ကောင်းတာတစ်ခုခု လုပ်မိတဲ့သဘောလား…

မျက်နှာတစ်ခုလုံး နီရဲယောင်ကိုင်းသွားသည်အထိ လျို့ရူယွဲ့ ရိုက်နှက်ခံလိုက်ရသည်။ ထို့နောက် ငိုကြွေးရင်း ရှင်းပြလိုက်လေသည်။

“အဲ့လို မဟုတ်ပါဘူး သခင်ကြီး! ဒီကိုယ်လုပ်တော် သခင်ကြီးကို တစ်ခါမှ သစ္စာမဖောက်ဖူးပါဘူး!”

“ခမည်းတော်! ရူယွဲ့က အဲ့လို လူမျိုးမဟုတ်ဘူး!”

ချန့်ပေါင် လျို့ရူယွဲ့ရှေ့မှာ ကာရပ်ပေးလိုက်ပါသည်။

“ရှေ့ကဖယ်စမ်း!”

ချန့်လုံ အမျက်ဒေါသအလွန်ကြီးမားနေသည်။ ညီလာခံတွေ ဘာတွေဂရုမစိုက်တော့ဘဲ သူ့ကို အရှက်ရစေခဲ့သည့် ဒီမိန်းမကိုသာ သတ်ပစ်ချင်နေပါသည်။

ဘယ်ကမှန်းမသိရောက်လာသည့် ခွန်အားများကို အသုံးချပြီး ချန့်ပေါင်ကို ဆွဲဖယ်ကာ လျို့ရူယွဲ့ဝမ်းဗိုက်ကို ချန့်လုံခြေထောက်ဖြင့် ဆောင့်ကန်လိုက်ပါသည်။

လျို့ရူယွဲ့ နာကျင်မှုကြောင့် အော်ဟစ်လိုက်ပြီး သူမခြေ ထောက်ပေါ် သွေးများစီးကျလာခဲ့သည်။

“ရူယွဲ့! ရူယွဲ့ ဘာဖြစ်သွားတာလဲ!”

ချန့်ပေါင်လည်း ဟန်မဆောင်နိုင်တော့ဘဲ လျို့ရူယွဲ့ကို ရင်နာနာနဲ့ ပွေ့ဖက်လိုက်ပါသည်။

ချန့်လုံ: “???”

ကျန်းကျီမြောင်: ဟင်း ဟင်း ဟင်း…

[ဒီလိုအချိန်မျိုးမှာ ဖရုံစေ့တစ်ထုပ်ပဲ လိုအပ်တော့တယ်]

ယွဲ့လင်း: နောက်တစ်ခါဆို ဖရုံစေ့ပါ ယူလာရမယ်…

နန်းတွင်းအရာရှိများ: ဒီအဘိုးကြီးကို အမြန်ကွပ်မျက်လိုက်စမ်းပါ!

ဗရုတ်သုက္ခဖြစ်နေသည့် အခြေအနေတွေကို ကြည့်ရင်း တော်ဝင်သမားတော်ချန်း အမြန်ဝင်ရှင်းပြလိုက်ပါသည်။

“အဲ့ဒီ သခင်မကို ဒီသခင်လေးက တစ်ချိန်လုံးမြတ်မြတ်နိုးနိုးကြည့်နေတာမို့လို့ လူမှားသွားတာ ကျုပ်ကို အပြစ်တင်လို့ မရဘူးနော်”

သမားတော်ချန်းအား ချန့်လုံ စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။

သမားတော်ချန်းကတော့ မသိနားမလည်သည့်ပုံစံသာ လုပ်ပြနေပါသည်။

သူ ပြောတာ မဟုတ်လို့လား…

ချန့်ပေါင် တုန်ယင်စွာပြောလိုက်သည်။

“ခ…ခမည်းတော်… ဒီသားတော် စိတ်ပူသွားတာက…”

“ဒါပေါ့ စိတ်ပူသင့်တာပေါ့၊ လျို့ရူယွဲ့ကို စိတ်ပူတာလား သူ့ဗိုက်ထဲက ကလေးကို စိတ်ပူတာလား ဆိုတာပဲ မသဲကွဲတာ”

မြို့စားရှဲ့က ရုတ်တရက် ဝင်ညည်းတွားလိုက်သည်။

“ခင်ဗျားတော်တော် ရက်စက်ပါလား ချန့်လုံ၊ အဲ့ဒီဗိုက်ထဲက ခင်ဗျားရဲ့မြေးအရင်း မဟုတ်ဘူးလား!”

“ဟုတ်တယ်၊ ဒီအသက်အရွယ်ကြီးနဲ့ လူငယ်တွေကို အနိုင် ကျင့်ဖို့ ကြိုးစားနေတယ်၊ အဲ့ဒီမှာ စီးကျလာတဲ့ သွေးတွေက ခင်ဗျားမျိုးဆက်ရဲ့သွေးတွေပဲ!”

“အသက်ကြီးလာပေမယ့် နှလုံးသားကြီးမလာတဲ့ လူအိုကြီး!”

“ခင်ဗျားသားနဲ့ ကိုယ်လုပ်တော်တို့ကြားထဲ အရှုပ်အထွေးလေး နည်းနည်းရှိနေတာ ဘာထူးဆန်းလို့လဲ ? ခင်ဗျားအသက်အရွယ်နဲ့ ဒီလောက်ငယ်တဲ့ ကိုယ်လုပ်တော်လေး ရထားတာတောင် ကံကောင်းလှပြီ မဟုတ်ဘူးလား ? ခင်ဗျားသားက ခင်ဗျားရဲ့အခက်အခဲတွေကို ဝင်ကူညီပေးတာနေမှာပေါ့”

ရှေ့က ဖြစ်ရပ်တွေကိုကြည့်ခြင်းအားဖြင့် ထိုဗိုက်ပိုင်ရှင်က ဘယ်သူဘယ်ဝါမှန်း နန်းတွင်းအရာရှိများအားလုံး အတည်ပြုနိုင်ခဲ့ကြသည်။

ချန့်လုံအား ရူးသွပ်ချင်စရာကောင်းအောင် လှောင်ပြောင်သရော်နေကြသည်။

လောတိုင်းပြည် သူလျှိုတစ်ယောက် နန်းတော်ထဲအထိ ဝင်ရောက်လာပြီး ရာထူးအဆင့်မြင့်မြင့် ရရှိခဲ့ကာ နောက်ဆုံး ဂုဏ်သိက္ခာအပြည့်နဲ့ တာဝန်မှအနားယူနိုင်ခဲ့သည်။ ဒါကို ဘယ်သူမှ မကျေနပ်ကြပေ။

ချန့်လုံထံမှ အရူးလုပ်တာခံခဲ့ရသည်ဟု အားလုံး ခံစားနေရသည်။

ယခုမူ သူတို့ ကလဲ့စားချေနိုင်မည့် အခွင့်အရေးရလာခဲ့ပါပြီ။ ချန့်လုံတစ်ယောက် နေရာမှာပင် လဲသေချင်စိတ် ပေါက်သွားရအောင် သူတို့ ပညာပြလိုက်မည်သာ။

All Chapters