မင်းတွေးတာ မှားသွားပြီ
Vol. 22 Ch. 322
ရှန်မို ဘာမှမပြောရသေးမီ ရှန့်ကျွယ်က ဆက်၍
"မင်းက တခြားလူသားတွေနဲ့ မတူဘူး… ငါ့ခမည်းတော်ကိုယ်တိုင် မင်းကို နှိုင်းယှဉ်လို့မရတဲ့ ပါရမီရှင်လို့ ချီးကျူးခဲ့တာ… တောင်ပင်လယ်ဘုရင်ကလည်း မင်းကို အထင်ကြီးပြီး တောင်ပင်လယ်နဂါးတွေနဲ့ ယှဉ်ပြိုင်စေချင်နေတာ… ဒီတော့ ငါ့ရဲ့ ကိုယ်ပိုင်ကျွန် ဖြစ်ခွင့်ဆိုတာ မင်းအတွက်တော့ အထူးအခွင့်အရေးပဲ"
ရှန့်ကျွယ်၏ လေသံမှာ မောက်မာလှပြီး ငြင်းပယ်ခွင့်မရှိသည့်အလား အမိန့်ဆန်နေသည်။ မြေပြင်ရှိ နတ်ဆိုးတပ်ကြီးမှလည်း ဝိုင်းဝန်းလှောင်ပြောင်ကြ၏။
"လူသားပါရမီရှင်ဆိုတာ အိမ်ရှေ့စံရဲ့ ကျွန်ဖြစ်ဖို့ပဲ တန်တာပါ!"
"ဘယ်လောက်တော်တော် ခွေးဖြစ်ဖို့ပဲ ထိုက်တန်တယ်!"
ရှန်မို ထိုအသံများကို အေးဆေးစွာ နားထောင်နေသည်။ သူ လုံးဝ ဂရုမစိုက်ပါ။
ရှန့်ကျွယ် ရှန်မို့ကို စိုက်ကြည့်ရင်း
"စိတ်ဝင်စားဖို့ကောင်းသားပဲ… ဒီလိုစကားမျိုးက မင်းတို့လူသားတွေအတွက် ရှက်စရာမဟုတ်ဘူးလား… မင်း ကြည့်ရတာ ဒေါသထွက်နေတဲ့ပုံလည်း မပေါက်ဘူးပဲ"
ရှန်မိုက တည်ငြိမ်စွာဖြင့်
"သေပြီးသားသူတွေအပေါ် ငါ ဘယ်တော့မှ ဒေါသ မထွက်တတ်ဘူး"
ရှန့်ကျွယ် ခဏမျှ စွံ့အသွားပြီး တဟားဟား ရယ်မောတော့သည်။ သူ၏ နှာမောင်းကြီးမှာ ကောင်းကင်ယံတွင် ဧရာမ မြွေဟောက်ကြီးတစ်ကောင် ကပြနေသကဲ့သို့ ဝှေ့ယမ်းနေသည်။ သို့သော် ခဏအကြာတွင် ရယ်သံရပ်သွားပြီး သူ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်လာ၏။
"မင်းက ငါ့စေတနာကို ငြင်းဖို့ ဆုံးဖြတ်လိုက်ပြီပေါ့"
ရှန့်ကျွယ်ဘေးရှိ ဆင်နတ်ဆိုးဘုရင် နှစ်ကောင်မှာ ရှေ့သို့ တိုးလာပြီး
"အိမ်ရှေ့စံ မင်းသားကိုယ်တိုင် လုပ်စရာမလိုပါဘူး… ကျွန်တော်မျိုးတို့ အခုပဲ ရှန်မိုကို အရှင်ဖမ်းပေးပါ့မယ်" ထိုသို့ပြောပြီးနောက် ချက်ချင်း ပြေးဝင်တိုက်ခိုက်တော့သည်။
"မင်းတို့ သုံးယောက်လုံး အတူတူတိုက်ရင်တောင် အခွင့်အရေး နည်းနည်းပဲ ရှိတာ… အခုတော့ သေတွင်းထဲ ဆင်းတာပဲ"
ရှန်မို ခေါင်းယမ်းကာ ဆိုလိုက်သည်။
ရှန်မို၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များ တုန်ခါလာပြီး သူ့ ပတ်ပတ်လည် ပေ ၁၀၀ ဝန်းကျင်တွင် မမြင်နိုင်သော စွမ်းအင်နယ်ပယ်တစ်ခု ဖြစ်ပေါ်လာသည်။ ချက်ချင်းပင် သူ၏ ကျောကုန်းမှ ကြာနီမီးတောက်များ ပေါက်ကွဲထွက်လာပြီး ပေ ၅၀ ကျယ်သော ခန့်ညားလှသည့် မီးတောင်ပံများအဖြစ် ပြောင်းလဲသွား၏။
ဤသည်မှာ နေမင်း (၉) သွယ် ကျင့်စဉ်၏ တတိယမြောက်ကွက် — မီးလျှံအတောင်ပံပင် ဖြစ်သည်။
ရှန်မို လက်ညှိုးထိုးလိုက်သောအခါ အဆုံးမရှိသော မီးလျှံမိုးစက်များ ဆင်နတ်ဆိုး (၂) ကောင်ထံသို့ ပြင်းထန်စွာ ပြေးဝင်သွားသည်။ အစပိုင်းတွင် ထိုမီးလျှံစက်များမှာ လက်ဖဝါးခန့်သာ ရှိသော်လည်း ရှန်မို၏ စွမ်းအင်နယ်ပယ်ထဲသို့ ရောက်ရှိသွားချိန်တွင် တစ်ပေခန့်အထိ ဧရာမ မီးလျှံကြီးများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
သို့သော် နတ်ဆိုးများမှာ နှာခေါင်းရှုံ့၍ ကြောက်လန့်ပုံ မရှိပေ။
“ပါရမီရှင်ဆို… ဒီလောက်ပဲလား”
“သူဘာလို့ အသေခံပြီး ရောက်လာလဲလို့ လုံးဝ နားမလည်နိုင်ဘူး”
သို့သော် ရုတ်တရက် အကြည့်များ တုန်လှုပ်သွား၏။
မီးတောင်ပံကြီးမှာ ပို၍ ကျယ်ပြန့်လာပြီး နေရောင်ခြည်ကိုပင် ဖုံးကွယ်ထားသည်။
ဘယ်လိုအဆင့်မို့လို့ ဒီလောက်အင်အားရှိတာလဲ။
"ရှန်မို... သူက နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်နေတာပဲ!"
ဟိုင်ချန်းခွန် အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
သူ သဘောပေါက်သွားလေပြီ။
ဟိုတစ်လောက အဆင့်တက်သွားသူမှာ ရှန်မိုပင်။
“ဘုရားရေ”
သူ ရေရွတ်မိ၏။
ထို့နောက် ချင်းရွှမ်ဂိုဏ်းအား စွန့်ပစ်မိသည်ကိုလည်း ပို၍ နောင်တရလာသည်။
ဝုန်း! ဝုန်း! ဝုန်း!
နတ်ဆိုးများ၏ အောဟစ်သံများ ဆူညံနေ၏။
“သေပေတော့”
ရှန်မို နတ်ဆိုးဘုရင်များထွ လက်ညှိုးထိုးလိုက်သည်။
မီးလျှံမိုးစက်များမှာ ကြွေလွင့်လာသော ကြယ်တံခွန်များကဲ့သို့ နတ်ဆိုးစစ်တပ်ပေါ်သို့ ကျရောက်ကုန်သည်။ ဆယ်စက္ကန့်အတွင်းမှာပင် သိန်းနှင့်ချီသော နတ်ဆိုးစစ်တပ်မှာ တစ်သိန်းခန့်သာ ကျန်တော့သည်အထိ ပြာကျပျက်စီးကုန်သည်။
“မဖြစ်ဘူး… မင်းသား ကယ်ပါဦး”
နတ်ဆိုးဘုရင်များ ထိတ်လန့်စွာ လှမ်းအော်သည်။
သူတို့၏ သွေးခြင်ဆီများကို အစွမ်းကုန်သုံးပြီး ခုခံသော်လည်း မီးလျှံကိုးစက်ကိုပင် မကျော်လွှားနိုင်ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျကာ အသက်ပျောက်သွားကြတော့သည်။
နတ်ဆိုးဘုရင်များ၏ သေဆုံးမှုသည် သိက္ခာမဲ့၍ လမ်းဘေးခွေးသာသာပင်။
"သေသွားပြီလား… နတ်ဆိုးဘုရင် (၂) ဦးလုံး... တို့ဟူးတုံးကို ချေလိုက်သလိုပဲ… လွယ်လိုက်တာ" တန်ဟီဂိုဏ်းသားများမှာ ကောင်းကင်ကို ကြည့်ရင်း စွံ့အနေကြ၏။
ရှန့်ကျွယ် ရယ်မောလိုက်ရင်း
"မဆိုးပါဘူး… ဒါ မင်းရဲ့ အင်အားအရှိဆုံး အကွက်ပဲ မလား… ငါ့ညီ မင်းသား (၄) က မင်းလက်ချက်နဲ့ သေတာ သေချာသွားပြီ… ဒါပေမဲ့ ငါ့အတွက်တော့ ပြိုင်ဘက်တစ်ယောက်ကို ဖယ်ရှားပေးလိုက်သလိုပါပဲ"
ရှန်မိုက ပြုံးလိုက်သည်။
"မင်းက တော်တော်တော့ ဉာဏ်ကောင်းသားပဲ… အဲ့ဒီငတုံး နှစ်ယောက်ကို ငါ့ရဲ့ စွမ်းအင်တွေ ကုန်သွားအောင် အသုံးချလိုက်တာပေါ့"
ရှန့်ကျွယ်၏ မျက်လုံးများက ပိုမိုရက်စက်လာသည်။ "မင်း ခန့်မှန်းတာ မှန်တယ်… ဒီမီးလျှံတောင်ပံအကွက်ကို သုံးလိုက်တော့ မင်းမှာ အင်အားသိပ်မကျန်တော့ဘူးလို့ သိနေတယ်လေ… မင်းမှာ ဝှက်ဖဲ ဘာကျန်သေးလို့လဲ”
"မင်းမှာ ကျောက်စိမ်းဂိုဏ်းရဲ့ နေဝန်း (၉) သွယ် နတ်ဇာမဏီကျင့်စဉ်ရဲ့ စတုတ္ထကွက် ရှိနိုင်တာကို ထင်ပါတယ်… ဒါပေမဲ့ မင်းရဲ့ ထူးဆန်းတဲ့မီးတောက်က စတုတ္ထကွက်ကို သုံးဖို့အထိ မလုံလောက်ဘူး… မင်းရဲ့ ကျင့်စဉ်တွေ၊ မင်းရဲ့ အစွမ်းတွေ အားလုံးကို ငါ အကုန်သိတယ်… မင်းမှာ ဝှက်ဖဲ မကျန်တော့ဘူး!"
ရှန်မိုက သဘောကျစွာ ရယ်မောလိုက်ပြီး
"ငါ့မှာ ထူးခြားဆန်းပြားမီး တစ်မျိုးပဲ ရှိတယ်လို့ ဘယ်သူပြောလဲ?"