← Chapters

ငါတို့ထပ်တွေ့တဲ့အခါ အခွင့်အရေးတွေ ရှိပါစေ

Vol. 22 Ch. 325

ငါတို့ထပ်တွေ့တဲ့အခါ အခွင့်အရေးတွေ ရှိပါစေ

Vol. 22 Ch. 325

ဟိုင်ချန်းခွန်မှ အံ့သြတကြီးဖြင့် ရေရွတ်လိုက်သည်။

"ဒါ ဘယ်လိုလျှို့ဝှက်ကျင့်စဉ်လဲ… အဲဒီဝိညာဉ်အလင်းတန်း ပျောက်ကွယ်သွားတာကို ငါတောင် တားဖို့ အချိန်မရလိုက်ဘူး"

ယန်ချီယဲ့ လက်ခါယမ်းလျက်

"လွတ်သွားလည်း လွတ်သွားပါစေပေါ့… သူ ပြန်လည်မွေးဖွားလာရင်တောင် ဘာမှမယ်မယ်ရရ ဖြစ်လာမှာမဟုတ်ပါဘူး"

ဝမ်မူချွမ်ကလည်း

"အဂ္ဂိရက် (၉) သွယ်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေက ဂိုဏ်းကိုပြန်ထူထောင်ဖို့ အခုထိ စိတ်ကူးယဉ်နေတုန်းပဲလား... တကယ်ကို ဟာသပဲ"

သူ လှောင်ပြောင်၍ ပြောသည်။

ဟိုင်ချန်းခွန်မှာမူ သူ့ကိုယ်သူ အပြစ်တင်နေမိ၏။ "ငါ့ဂိုဏ်းထဲမှာ ဒီလိုလူမျိုး လာခိုနေခဲ့မယ်လို့ လုံးဝ မထင်ထားခဲ့မိဘူး"

ရှန်မိုသည် ဝိညာဉ်အလင်းတန်း ထွက်ပြေးသွားသည့် အရှေ့ဘက်အရပ်ဆီသို့ တွေးတောရင်း ငေးကြည့်နေမိ၏။

“နတ်ဆိုးပင်လယ်က နတ်ဆိုးတစ်ကောင်တဲ့... ကြည့်ရတာ သူက လူသားမဟုတ်တော့ဘူးပဲ… နောင်တစ်ချိန် ငါလည်း အဲဒီပင်လယ်ကို သွားဖြစ်ရင် ရှောင်ဖန်နဲ့ ထပ်တွေ့ဦးမှာပေါ့”

"ကံကြမ္မာရဲ့သားတော်ဆိုတာကို ငါ နှိမ်နင်းမထားရင် အရှိန်အဟုန်နဲ့ ကြီးထွားလာလိမ့်မယ်… မင်းနဲ့ နောက်တစ်ခါ ထပ်တွေ့တဲ့အခါ မင်းဆီကနေ ယူစရာ အခွင့်အရေးတွေ အများကြီး ရှိနေဖို့ မျှော်လင့်ပါတယ်" ရှန်မို ပြုံးလျက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထို့နောက် သူ ဟိုင်ချန်းခွန်ဘက် လှည့်ကာ

“ခေါင်းဆောင်ဟိုင် အခု အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးကြရအောင်"

သူ ပြုံးလျက် ပြောလိုက်၏။

ဟိုင်ချန်းခွန် သက်ပြင်းတစ်ချက် ချလိုက်သည်။ ရှန်မို ဘာပြောမည်ကို သူ ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်သည်။ တန်ဟီဂိုဏ်းမှာ အကြီးအကျယ် အထိနာထားပြီး နတ်ဘုရားပြောင်းလဲအဆင့် အကြီးအကဲ ထက်ဝက်ကျော် ထွက်ပြေးသွားကြလေပြီ။ ဂိုဏ်း၏ အင်အားမှာ ယခင်ကထက် များစွာ လျော့နည်းသွားခဲ့ပြီဖြစ်၏။

"တန်ဟီဂိုဏ်းကို ကျောက်စိမ်းဂိုဏ်းထဲ ပူးပေါင်းဖို့ ကျွန်တော် သဘောတူပါတယ်… ဒါပေမဲ့ ကျန်တဲ့ အကြီးအကဲတွေနဲ့တော့ ဆွေးနွေးရဦးမယ်"

သူ အံကြိတ်ကာ ပြောလိုက်သည်။

ရှန်မို သဘောကျစွာ ရယ်မောရင်း "အဲဒီထွက်ပြေးသွားတဲ့ အကြီးအကဲတွေလား… သူတို့က ဘာမို့လို့လဲ… ဒီအစည်းအဝေးမှာ သူတို့ ဝင်ပါဖို့ ထိုက်တန်လို့လား… ခေါင်းဆောင်ဟိုင် သဘောတူရင် ရပါပြီ"

သူ ပြတ်သားစွာ ပြောလိုက်၏။

ထို့နောက် ဝမ်မူချွမ်ကို ဂိုဏ်းပေါင်းစည်းရေး ကိစ္စများအတွက် ထားရစ်ခဲ့ပြီး သူနှင့် ယန်ချီယဲ့တို့ သန့်စင်ခြင်းဂိုဏ်းဆီသို့ ချက်ချင်း ထွက်ခွာခဲ့ကြသည်။

ယန်ချီယဲ့မှာမူ ရှန်မို့ ခွန်အားကို ထိတ်လန့်ကြောက်ရွံ့နေသဖြင့် မငြင်းရဲဘဲ ငရုတ်ဆုံ ထောင်းသကဲ့သို့ တဆတ်ဆတ် ခေါင်းညိတ်ကာ လိုက်ပါသွားတော့သည်။

…

ခြောက်ရက်အကြာတွင် သန့်စင်ခြင်းဂိုဏ်း ဂိတ်တံခါးဝ၌—

မြေပြင်ပေါ်တွင် နတ်ဆိုးတပ်များ ပုရွက်ဆိတ်အုံကဲ့သို့ အပြည့်ရှိနေ၏။ သန့်စင်ခြင်းဂိုဏ်း၏ သံချပ်ကာ မိုးတိမ်သင်္ဘော အချို့မှာလည်း ပျက်စီးကာ မြေပြင်ပေါ်တွင် ပြိုလဲထိုးကျနေသည်။ နတ်ဆိုးတပ်များနှင့် ဂိုဏ်းကျင့်ကြံသူများကြား တိုက်ပွဲမှာ အလွန်ပြင်းထန်နေသော်လည်း အရေအတွက်ချင်း မမျှသဖြင့် သန့်စင်ခြင်းဂိုဏ်းမှာ အရှုံးနှင့်သာ ရင်ဆိုင်နေရ၏။

ကောင်းကင်ယံတွင် ပေ ၁၆၀ ကျော် မြင့်မားသော ဧရာမ နတ်ဆိုးဘုရင် (၃) ဦးမှာ အေးဆေးစွာ ပျံသန်းနေကြသည်။ သူတို့၏ ကြောက်မက်ဖွယ် ဖိအားများကြောင့် ဂိုဏ်းသားများမှာ စိတ်ဓာတ်ကျဆင်းနေမိကြသည်။

"တောင့်ခံထားကြရအောင်… မကြာခင် ကျင်းမင်းသား ရောက်လာတော့မယ်”

မိုလင်းရှောင်မှ အော်ဟစ်အားပေးနေသည်။

ကံကောင်းစွာဖြင့် ဝေးလံသော ကောင်းကင်ယံတွင် ဧရာမ မိုးတိမ်သင်္ဘော ၁၀ စင်း ပေါ်လာသည်။ ရှေ့ဆုံးမှ သင်္ဘောမှာ ရွှေရောင်တဝင်းဝင်း တောက်နေသည့် ရွှေနဂါး မိုးတိမ်သင်္ဘော ဖြစ်သည်။

ဤသည်မှာ ဧကရာဇ်က ကျင်းမင်းသားကို ဆုလာဘ်အဖြစ် ပေးသနားထားသည့် အရာဖြစ်လေ၏။

"ကျင်းမင်းသား ကြွလာပြီ”

ထိုအသံနှင့်အတူ ရွှေနဂါးသင်္ဘောမှ စူးရှသော အလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာပြီး နတ်ဆိုးတပ်များဆီသို့ ပစ်လွှတ်လိုက်သည်။

ဝုန်း!

ဧရာမ မှိုပွင့်ပုံစံ မီးခိုးလုံးကြီး ထွက်ပေါ်လာပြီး နတ်ဆိုးတပ်သားများစွာ အသတ်ခံလိုက်ရသည်။ ကျင်းမင်းသား၏ တပ်ကူကြောင့် သန့်စင်ခြင်းဂိုဏ်းသားများ အလွန် အားတက်သွားကြ၏။

သို့ရာတွင် မိုလင်းရှောင်မှာမူ စိတ်မသက်မသာ ဖြစ်နေသည်။ ဤတိုက်ပွဲအပြီးတွင် သူ၏ဂိုဏ်းမှာ ရုံးတော်၏ လက်အောက်သို့ ရောက်သွားတော့မည်ကို သူ သိနေသောကြောင့်ဖြစ်သည်။

နတ်ဆိုးဘုရင် (၃) ဦးတို့ မိုးတိမ်သင်္ဘောများကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်ကြသည်။

"ငါတို့ မင်းတို့ကို စောင့်နေတာ... နောက်ဆုံးတော့ ရောက်လာပြီပဲ… မင်းတို့ကို တစ်ကွက်တည်းနဲ့ အကုန်အမိဖမ်းပြီး ဒီရွှေနဂါးသင်္ဘောကို နတ်ဆိုးဧကရာဇ်ဆီ လက်ဆောင်အဖြစ် ဆက်သရမယ်"

ထိုစဉ် ခြင်္သေ့နတ်ဆိုးဘုရင်မှ သူ၏ ရင်ခွင်ထဲရှိ ညှိုးနွမ်းနေသော အသီးတစ်လုံးကို ထုတ်ကာ သွေးစွမ်းအားများဖြင့် ပေါင်းစပ်လိုက်သည်။ ထိုအသီးမှာ အံ့သြဖွယ် အရှိန်ဖြင့် ကြီးထွားလာပြီး ပေ ၁၂၀၀ ကျော်အထိ ကြီးမားသော စိမ်းစိုသည့် အသီးကြီး ဖြစ်လာသည်။

ကျင်းမင်းသားနှင့် အဖွဲ့မှာ ထိုထူးဆန်းသောအသီးကို ကြည့်ကာ မျက်မှောင်ကြုတ်မိကြ၏။ သင်္ဘော၏ အကာအကွယ်များကိုလည်း အစွမ်းကုန် ဂရုစိုက်ကာ မြှင့်တင်ထားလိုက်ကြသည်။ ထိုစဉ် အသီးအတွင်းမှ တစ်စုံတစ်ခုက အတွင်းသားများကို ဝါးမြိုနေသည့် တချွမ်းချွမ်းအသံများ ထွက်ပေါ်လာသည်။

ထိုအခါ မကြာမီ အသီးမှာ တဖြည်းဖြည်း ကြည်လင်သွားပြီး အတွင်း၌ တွန့်လိမ်နေသော သတ္တဝါကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ နောက်တစ်ခဏတွင် အသီးခွံသည် ပေါက်ထွက်သွားပြီး ပေ ၁၂၀၀ ကျော်မှ ပေ ၂၄၀၀ ခန့်အထိ ရှည်လျားနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ဧရာမ အသားပိုးကောင်ကြီးတစ်ကောင် ထွက်ပေါ်လာလေ၏။

ထိုပိုးကောင်ကြီးမှာ ချက်ချင်းပင် သန့်စင်ခြင်းဂိုဏ်း၏ ဂိတ်တံခါးဝဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

All Chapters