ငြင်းရဲလို့လား
Vol. 22 Ch. 329
ကျင်းမင်းသားမှာ ရယ်ချင်စိတ်ပေါက်နေသော်လည်း သူ့အပြုံးမှာ ငိုနေသည်ထက်ပင် ပို၍ ကြည့်ရဆိုးနေသည်။
"ရှန်မို... ကျင့်ကြံသူရှန်… မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ… ငါ့ကို ဆန့်ကျင်တာဟာ ကျင်းဧကရာဇ်နဲ့ ကျင်းနိုင်ငံတော်ကြီး တစ်ခုလုံးကို ဆန့်ကျင်တာနဲ့ အတူတူပဲဆိုတာ သိရဲ့လား"
သူ၏အသံမှာ အာဏာရှိသယောင် ဟန်ဆောင်ထားသော်လည်း စိတ်အတွင်း၌မူ ကြောက်ရွံ့မှုများရှိ၍ တုန်ရီနေသည်။
ရှန်မိုမှ သရော်သလို လှောင်ကာ ရယ်မောလိုက်ပြီး
"ငါက ခြိမ်းခြောက်ခံရတာကို မကြိုက်ဘူးနော်… နောက်တစ်ခါ အဲဒီလို မလုပ်မိရင် ကောင်းမယ်… နောက်ပြီး... မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့တောင် အရည်အချင်းမရှိပါဘူး… မင်းကို ဆန့်ကျင်တာက နိုင်ငံကို ဆန့်ကျင်တာလို့ ပြောရအောင်... မင်းက နိုင်ငံမှမဟုတ်တာ"
ဂျင်းဝမ်မင်းသားမှာ အံကြိတ်ထားရုံမှတစ်ပါး ဘာမှ ပြန်မပြောနိုင်တော့ပေ။
ရှန်းမော့က သန့်စင်ခြင်းဂိုဏ်း ဂိတ်တံခါးဝဘက်သို့ လှည့်ကာ ကျယ်လောင်စွာ လှမ်းခေါ်လိုက်သည်။
“ခေါင်းဆောင်မို... ဆက်ကြည့်မနေပါနဲ့တော့… အပေါ်တက်လာပြီး စကားပြောကြရအောင်"
ထိုစကားကြောင့် အားလုံး မိုလင်းရှောင်အား လှမ်းကြည့်မိကြသည်။
မိုလင်းရှောင် သက်ပြင်းတစ်ချက်ချကာ ရွှေနဂါး မိုးတိမ်သင်္ဘောပေါ်သို့ တက်လာပြီး ရှန်မို့ရှေ့တွင် လာရပ်သည်။
ရှန်မို ဘာပြောမည်ကို သူ ကြိုတင် ခန့်မှန်းထားပြီးသားဖြစ်၏။
"ကျွန်တော် လိုရင်းပဲ ပြောပါမယ်"
ရှန်မို တည်ငြိမ်စွာဆို၏။
"ဒီဘက်အပါအဝင် နတ်ဆိုးတပ်ကြီး (၃) ခုလုံးကို ကျွန်တော် အမြစ်ပြတ် သုတ်သင်လိုက်ပြီ"
မိုလင်းရှောင်နှင့် ကျင်းမင်းသားတို့အားလုံး အံ့သြလွန်းသဖြင့် စွံ့အကုန်ကြသည်။
"အကုန် သုတ်သင်လိုက်ပြီ ဟုတ်လား"
ရှန်မို ဂရုမစိုက်သလို ဆက်ပြော၏။
"ဒီနေ့ကစပြီး သန့်စင်ခြင်းဂိုဏ်းနဲ့ တန်ဟီဂိုဏ်းတွေဟာ ကျောက်စိမ်းဂိုဏ်းရဲ့ လက်အောက်ကို ပေါင်းစည်းရမယ်… ယုကျောက်ရဲ့ ရုံးတော်ကတော့ ရှိမြဲရှိနေမှာ ဖြစ်ပေမဲ့ မြို့စားမင်းက ကျောက်စိမ်းဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်လိမ့်မယ်… ကျင်းမင်းသား... မင်းကတော့ မင်းလာရာအရပ်ကို အခုပဲ ပြန်လို့ရပါပြီ"
ဤစကားကြောင့် ကျင်းမင်းသားနှင့် မိုလင်းရှောင်တို့ ငြိမ်ကျသွားသည်။
ထို့နောက်မှ ကျင်းမင်းသားမှာ သက်ပြင်းချကာ
"ရှန်မို… မင်း ဘာတွေပြောနေတာလဲဆိုတာရော မင်းသိရဲ့လား… ငါ့ရဲ့ နောင်တော် ကျင်းဧကရာဇ်ဟာ နိုင်ငံအတွင်းက ဂိုဏ်းတွေကို ထိန်းချုပ်ဖို့ နှစ်ပေါင်း (၂၀) လုံးလုံး စီစဉ်ခဲ့ရတာ… ပထမအဆင့်က ယုကျောက်ရဲ့ ဂိုဏ်းတွေအားလုံးစုပြီး ရုံးတော်အောက်မှာ ထိန်းချုပ်ဖို့ပဲ… အခု မင်းရဲ့ ကျောက်စိမ်းဂိုဏ်းကနေ သန့်စင်ခြင်းဂိုဏ်းနဲ့ တန်ဟီဂိုဏ်းတွေကိုသိမ်းပြီး ငါ့ကို ပြန်တော့လို့ ပြောနေတာလား… မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ”
သူ ရှန်မို့မျက်ဝန်းများကို စိုက်ကြည့်၍ အဖြေရှာနေမိသည်။ ချက်ချင်း သဘောမတူရဲပေ။ သူ သဘောတူမိပြီးမှ ဧကရာဇ် မည်သို့သဘောထားသည်ကို မသိ၍ ဖြစ်သည်။
ရှန်မို အေးဆေးစွာပင် ပြန်လည် တုံ့ပြန်လိုက်သည်။ "ကျင်းနိုင်ငံတော်ရဲ့ ပြည်နယ်ကိုးခုထဲမှာ ဂိုဏ်းမရှိတဲ့ ဝူကျောက်ကလွဲရင် ကျန်တဲ့ ပြည်နယ် ခုနစ်ခုလုံးမှာ အင်အားကြီးဂိုဏ်း တစ်ဂိုဏ်းစီက လွှမ်းမိုးထားတာပဲ… အဲဒီဂိုဏ်းတွေ လုပ်နေတာကိုပဲ ငါ လုပ်နေတာလေ”
ဧကရာဇ်၏ရည်ရွယ်ချက်မှာ ဂိုဏ်းအားလုံးကို ထိန်းချုပ်၍ ရုံးတော်ကို ပြန်လည်အာမခံရဲရန် ဖြစ်သည်။
ဤသည်မှာ ပုံမှန်ကိစ္စပင်။
ရှန်မို့ဘက်မှလည်း သူ့လုံခြုံရေးအတွက် အရေးကြီး၏။
“ငါ့ဘက်က ငြင်းရင်ရော”
မင်းသားကျင်းမှ အံကြိတ်ကာ ပြောသည်။
ရှန်မို့အကြည့်များ အေးစက်စွာဖြင့်
"နတ်ဆိုးတွေ ကျူးကျော်တုန်းက ယုကျောက် ရုံးတော်က ဘာလို့ အကူအညီ ချက်ချင်း မပေးခဲ့တာလဲ… ယုကျောက်က လူတွေ ဒုက္ခရောက်နေတာကို ဘာလို့ ဒီအတိုင်း ကြည့်နေခဲ့တာလဲ… မင်းတို့နဲ့ ကျန်းဧကရာဇ်ရဲ့ အကွက်တွေကို ငါ မမြင်ဘူးလို့ ထင်နေလား… ပြည်သူတွေကရော ဘာမှမသိဘူး ထင်လား… ငါနဲ့ ကျောက်စိမ်းဂိုဏ်းကသာ နတ်ဆိုးတွေကို တိုက်ထုတ်ခဲ့တဲ့ သူရဲကောင်းတွေလေ… ငါ့ကို ငြင်းဖို့ မစဉ်းစားပါနဲ့... ကျန်းဧကရာဇ် ကိုယ်တိုင်တောင် ငါ့ကို ငြင်းရဲမှာမဟုတ်ဘူး”
ရှန်မို့၏ အေးစက်သော အကြည့်များကြောင့် မင်းသားကျင်း မငြင်းရဲတော့ပေ။ မဟုတ်လျှင် နေရာတွင်ပင် အသတ်ခံရနိုင်သည်။
သူ့အကြည့်များကြောင့် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားပြီး တုန်ရီနေမိ၏။ သူ့အဆင့်မှာလည်း ခြေတည်ဝိညာဉ်အဆင့်သာ ရှိသေးသည်။
တစ်သက်လုံး ချမ်းချမ်းသာသာ နေခဲ့ရပြီး ခုနကအထိ တော်ဝင်မျိုးနွယ်အရှိန်အဝါဖြင့် ရှန်မို့ကို ဖိနှိပ်ရန် ကြိုးစားခဲ့သော်လည်း တစ်ဖက်မှ အစွယ်ထုတ်ပြလာ၍ သူ့အရှိန်အဝါများ ပျောက်ဆုံးသွားရ၏။
"ငါ... ငါ ဒါကို နောင်တော် ဧကရာဇ်ဆီ ပြောပြလိုက်ပါမယ်"
သူ ရှန်မို့အမူအရာကို အကဲခတ်ကြည့်ရင်း ပြောလိုက်သည်။
ရှန်မို ပြုံးမိ၏။
“ခေါင်းဆောင်မိုရော လက်ခံလား… ကျင်းမင်းသားတော့ ပြန်တော့မယ်တဲ့”
“အာ ဟုတ် ဟုတ်ကဲ့”
မိုလင်းရှောင်လည်း ခေါင်းငြိမ့်ပြရန်သာ ရှိတော့သည်။
ထို့နောက် ကျင်းမင်းသားသည် အပေါက်များစွာ ဖြစ်နေသော ရွှေနဂါး မိုးတိမ်သင်္ဘောကြီးသည် အမြန်ဆုံး အရှိန်ဖြင့် ထွက်ခွာသွားတော့သည်။
ရှန်မိုမှာ အတိုင်းအဆမဲ့ ထူးချွန်သော သားရဲကြီးကဲ့သို့ ဖြစ်နေ၏။
မြေပြင်ပေါ်မှ မိုလင်းရှောင်းသည် ရှန်မို့ ရှေ့တွင် ဦးညွှတ်ကာ—
"ကျင့်ကြံသူရှန်... ဒီနေ့ကစပြီး သန့်စင်ခြင်းဂိုဏ်း ကျောက်စိမ်းဂိုဏ်းအောက် ရောက်သွားပါပြီ။ ကျွန်တော် မိုလင်းရှောင်လည်း ကျွန်တော့်ရဲ့ မူလဝိညာဉ်ကို တိုင်တည်ပြီး သစ္စာရှိပါ့မယ်လို့ ကျိန်ဆိုပါတယ်"
ရှန်မို ခေါင်းငြိမ့်ပြ၏။
မူလဝိညာဉ်ကို တိုင်တည်၍ ကျိန်ဆိုခြင်းမှာ ကျင့်ကြံသူများအတွက် အလေးနက်ဆုံး ကျိန်ဆိုမှုဖြစ်ရာ ရှန်မို ကျေနပ်သွား၏။
မိုလင်းရှောင်လည်း သူတို့ချင်း အင်အားမမျှသည်ကို နားလည်ကာ သစ္စာခံလိုက်ခြင်းဖြစ်သည်။
“အကြီးအကဲယန်က ဒီမှာနေခဲ့ပြီး ကိစ္စတွေ ဝိုင်းရှင်းပေးလိုက်ပါဦး”
“ဒါ ဒါပေါ့ ဟုတ်ကဲ့ပါ”
ယန်ချီယဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ပြန်ဖြေ၏။
“ခေါင်းဆောင်မိုက ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
ထို့နောက် ရှန်မိုသည် မိုလင်းရှောင်ကို ခေါ်ဆောင်ကာ သံကျောက်ဂူသို့ ထွက်ခွာခဲ့သည်။
သံကျောက်ဂူ။
ထိုနေရာတွင် ပိတ်မိနေသော ဂိုဏ်းနှစ်ခုလုံးမှ ကျင့်ကြံသူများအား ကယ်တင်ရန်အတွက် သူတို့ကို ပိတ်လှောင်ထားသည့် အကာအကွယ်ကြီးကို ရှန်မိုတစ်ယောက် လက်သီးဖြင့် ထိုးခွဲကာ အစွမ်းပြလိုက်သည်။
အားလုံး လွတ်မြောက်သွားသောအခါ မိုလင်းရှောင်မှ အစအဆုံး ရှင်းပြလိုက်ပြီး ကျန်ရှိသော ကျင့်ကြံသူများမှာလည်း ကျောက်စိမ်းဂိုဏ်း၏ လွှမ်းမိုးမှုကို အတူတူ လက်ခံလိုက်ကြရတော့သည်။
သန့်စင်ခြင်းဂိုဏ်း အပြင်ဘက်ရှိ တောအုပ်ထဲတွင် ဝူရန်ယင်မှာ ဒဏ်ရာများဖြင့် အားယူကာ ထရပ်လိုက်သည်။ ထို့နောက် ကောင်းကင်ယံသို့ မော့ကြည့်ရင်း ခါးသီးစွာ ရယ်မောလိုက်သည်။
"တစ်သက်လုံး သစ္စာရှိရှိ အလုပ်အကျွေး ပြုခဲ့ပေမဲ့ ငါ့သခင်ကတော့ ငါ့ကို စွန့်ပစ်သွားခဲ့ပြီပဲ"
သူသည် ကျင်းမင်းသားကို အသက်ဘေးမှ ကာကွယ်ပေးခဲ့သော်လည်း မင်းသားမှာ သူ့ကို ဂရုမစိုက်ဘဲ ထွက်ပြေးသွားခဲ့ခြင်းကို နာကျည်းသွားပုံရသည်။
"နန်းတော်အတွက် အသက်ပေးနေမယ့်အစား ဝူကျောက်နယ်ကိုကို သွားပြီး အပြစ်မဲ့တဲ့ လူတွေကို ကယ်တင်တာကမှ ပိုတန်ဖိုးရှိဦးမယ်..."
ဤသို့ဖြင့် သူတစ်ယောက်တည်း တောင်ဘက်အရပ်ဆီသို့ ယိုင်တိုင်တိုင် ခြေလှမ်းများဖြင့် တစ်ကိုယ်တည်း ထွက်ခွာသွားပါတော့သည်။