← Chapters

အခန်း (၉၀)

Vol. 9 Ch. 90

အခန်း (၉၀)

Vol. 9 Ch. 90

ဟူမိသားစု၏ အတွေးအခေါ်သည် တစ်စုံတစ်ခု လွဲချော်နေသည်ဟု ကျန်းနျန် ခံစားမိသည်။

သူတို့၏ သားသည် ကြီးလေးသော ပြစ်မှု ကျူးလွန်ခဲ့သော်လည်း မိမိတို့၏ မွေးမြူပျိုးထောင်မှု ချို့ယွင်းချက်ကို ပြန်လည်သုံးသပ်မည့်အစား သူတို့၏ ကလေးကို ထောင်ချခဲ့သည့်အတွက် အခြားသူများကို အပြစ်တင်နေကြသည်။

လုရှောင်ချင်းက ဆက်ပြောလိုက်သည်။ "စက်ရုံမှာ နောက်ဆုံး ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပြီးပြီးချင်း သူတို့ လာပြီး ပြဿနာ ရှာခဲ့ကြတယ်။ အစ်မကောက ရဲကို ဖုန်းခေါ်ပြီး ရဲအရာရှိက သူတို့ကို ဆူပူခဲ့ပေမဲ့ သူတို့က ဘာဥပဒေမှ ချိုးဖောက်ထားတာ မရှိတော့ ဖမ်းဆီးလို့ မရခဲ့ဘူး။ အဲဒီမှာပဲ ပြီးသွားခဲ့တာ။”

"သူတို့ နှစ်ရက်လောက် ငြိမ်သွားပေမဲ့ ဟူကျုံးမင်ရဲ့ အမေ ထပ်ရောက်လာတယ်။ တစ်ခါက အရမ်းသောင်းကြမ်းလွန်းလို့ သူမကို ဆယ်ရက်ကြာ ထိန်းသိမ်းလိုက်ရတယ်။ သူမ ပြန်လွတ်လာပြီးတော့ အဖေဟူ လာသေးတယ်။ သူက သူ့ဇနီးရဲ့ အတွေ့အကြုံကနေ သင်ခန်းစာယူထားလို့နေမယ်။ အခြေအနေ ဆိုးလာတော့မယ်ဆိုရင် ထွက်သွားတတ်တယ်။ သူတို့က ပန်းထိုးဆိုင်မှာ အနှောင့်အယှက် လာလာပေးကြတယ်။ သူမက မနေ့တနေ့ကမှ လွတ်လာတာကို မနေ့က ထပ်ရောက်လာပြန်တယ်”

ကျန်းနျန် - ...

ဒီလိုလူမိုက်တွေနဲ့ ဆက်ဆံရတာက တစ်ခါတစ်ရံ သူမကို ဘာလုပ်ရမှန်းမသိ ဖြစ်စေသည်။

ကျိုက်ဖေးဖေးကလည်း ရောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဒီဇနီးမောင်နှံက မင်းကို ရင်ဆိုင်ဖို့ အချိန်အတော်ကြာ ဟစ်အော်နေခဲ့ကြတာ။ ဒါရိုက်တာ ကောက သူတို့ကို လျစ်လျူရှုထားတယ်။ ဒီမှာပဲ နေအုံး။ ဟူကျုံးမင်ရဲ့ အမေက မင်းကို မမြင်သေးဘူး။ ငါတို့ အလုပ်ဆင်းပြီး ထွက်သွားရင်တောင်မှ သူမက မင်း ဘယ်သူလဲဆိုတာ သိမှာ မဟုတ်ဘူး”

ကျန်းနျန် ခေါင်းညိတ်လိုက်သော်လည်း စိတ်အခြေအနေ မကောင်းဖြစ်နေမိ၏။

ဒီလူမိုက်တွေ ဒီလို ဆက်လုပ်နေမယ်ဆိုရင် နိုင်ငံပိုင် ပန်းထိုးဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်စေမှာပင်။ သူတို့က ကိုယ်ကျင့်တရားအရရော၊ ဥပဒေအရပါ ဘာမှ အမှားမလုပ်ထားတဲ့အတွက် တော်လှန်ရေးကော်မတီနဲ့ ရဲတောင်မှ သူတို့ကို ဆူပူရုံသာ တတ်နိုင်လိမ့်မည်။

ဟူကျုံးမင်၏ အမေသည် အပြင်ဘက်တွင် ထိုင်ကာ ဆူပူကြိမ်းမောင်းနေသော်လည်း မိနစ်အနည်းငယ်ကြာပြီးနောက် ရပ်လိုက်ပြီး အပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားကာ နောက်ဆုံးတွင် တံခါးဝတွင် ထိုင်ချလိုက်ပြီး တံခါးကို ခြေထောက်ဖြင့် ကန်နေ၏။ ကျန်းရှောင် တံခါးဖွင့်၍ အပြင်ထွက်သွားသောအခါ သူမသည် ပြတင်းပေါက်နားတွင် ထိုင်လျက် သူမ၏ ဦးခေါင်းနောက်ဘက်ဖြင့် မှန်ကို ခေါက်နေသည်ကို တွေ့ရသည်။

ခဏကြာပြီးနောက် ဟူကျုံးမင်၏ အမေသည် အတွင်းသို့ ထပ်ဝင်လာသည်။ ကျန်းရှောင်၏ မျက်နှာမှာ အေးစက်နေပြီးပြောလိုက်သည်။ "ကျွန်မတို့ ခဏနေ ပိတ်ပါတော့မယ်”

အမေဟူကမူ လှောင်ပြောင်သံဖြင့် ပြောလိုက်သည်။"မင်းတို့ ခုနစ်နာရီမှ ပိတ်တာ၊ အခုမှ ခြောက်နာရီပဲ ရှိသေးတယ်။ ငါက ဒီကို လာတဲ့ ဧည့်သည်ပါ။ ငါ ပန်းထိုးတွေကို ကြည့်ချင်တယ်”

ထိုသို့ပြောပြီးနောက် သူမသည် ခုံတန်းရှည်ပေါ်တွင် ထိုင်ချလိုက်သည်။ ကျန်းရှောင် မလှုပ်ရှားဘဲ နေသည်ကို မြင်သောအခါ အမေဟူက သူမအား စိုက်ကြည့်လာသည်။ "နင်တို့ နိုင်ငံပိုင် ပန်းထိုးဆိုင်က ဝင်လာတဲ့ ဧည့်သည်တွေကို ဒီလိုပဲ ဆက်ဆံတာလား။ ငါ နင်တို့ရဲ့ အထက်လူကြီးတွေကို တိုင်ကြားပစ်လိုက်လို့ရတယ်။ အဲဒါဆို နင် အလုပ်ထုတ်ခံရလိမ့်မယ်”

ကျန်းရှောင်ကမူ ပန်းထိုးပုံစံကို သူမအား မပေးဝံ့ဘဲ သူမ ဖျက်ဆီးပစ်မည်ကို စိုးရိမ်မိနေသည်။ ပုံစံ ပျက်စီးသွားပါက သူမ လျော်ကြေးပေးနိုင်မည် မဟုတ်ချေ။

ကျန်းရှောင် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ အမေဟူသည် စားပွဲကို အကျယ်ကြီး ရိုက်လိုက်ပြီး ကျန်းရှောင်အား ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။ "နင် ယူလာပေးမှာလား၊ မပေးဘူးလား။ ငါ နင့်ကို အခုပဲ တိုင်ကြားလိုက်ရမလား”

"ကျန်းရှောင်"

အခန်းတွင်းမှ ကျန်းနျန်၏ အသံ ထွက်လာခဲ့သည်။

ကျန့း်းရှောင်က အမေ ဟူကို တစ်ချက်ကြည့်ပြီး လှည့်ကာ အခန်းထဲသို့ လျှောက်ဝင်သွားခဲ့သည်။ ကျန်းနျန် သူမ၏ အိတ်ထဲမှ ထုတ်ထားသော ပန်းထိုးပုံစံကို ပေးလိုက်သည်။ "သူမကို ပြလိုက်ပါ”

ကျိုက်ဖေးဖေးနှင့် လုရှောင်ချင်းတို့က အလျင်အမြန် တားဆီးရန် ကြိုးစားလာကြသည်။ ကျန်းရှောင်လည်း ခေါင်းကို အမြန်ခါလိုက်သည်။ "အစ်မကျန်း၊ ဒီလို မလုပ်သင့်ပါဘူး။ ဒီပန်းထိုးစက္ကူက ဈေးကြီးရုံသာမက ပိုးချည်တွေကလဲ ရှားတယ်။ အစ်မ ကိုယ်တိုင် အပ်နဲ့ ချုပ်ထားတာ ပြီးတော့ ကွမ်းချန်ရဲ့ သူဌေးဆီက ပစ္စည်းအစုလိုက်ထဲက တစ်ခု။ တစ်ခုခု မှားယွင်းသွားရင် အခက်အခဲ ဖြစ်လိမ့်မယ်”

"နင်တို့တောင် ဒီပန်းထိုးပုံစံကို တန်ဖိုးရှိတယ်လို့ ယူဆပြီး မထိရဲဘူးလား” ကျန်းနျန်က ပြုံး၍ မေးလိုက်၏။

ကျန်းရှောင် ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်၊ ပျက်စီးသွားရင် အထည်အသစ်တွေ၊ ပိုးချည်တွေ ဝယ်ပြီး ပန်းထိုးရမှာပါ။ ကွမ်းချန်က သူဌေး လာယူတဲ့အခါ ပစ္စည်းမရှိရင် ကျွန်မတို့ လျော်ရလိမ့်မယ်။"

ကျန်းနျန် နှုတ်ခမ်းကို‌ စေ့ကာ ပြုံးလျက်ပြောလိုက်သည်။ "ဒါဆို အဆင်ပြေပါတယ်၊ ထုတ်ပြီးတော့ သူ့ကိုပြလိုက်ပါ"

ကျန်းရှောင်က သူမ၏ ဆိုလိုရင်းကို နားမလည်သေးပေ။ သို့သော် ကျိုက်ဖေးဖေးမှာတော့ လျင်မြန်စွာ တုံ့ပြန်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူမသည် နိုင်ငံပိုင် ပန်းထိုးဆိုင်တွင် ခုနစ်နှစ်၊ ရှစ်နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး ဤကိစ္စများကို အနည်းငယ် သိရှိထားသည့်အတွက် ဖြစ်သည်။

ကျန်းရှောင် တွေဝေနေသည်ကို မြင်သောအခါ ကျိုက်ဖေးဖေးက ပြောလိုက်သည်။ "သူမပြောတာ နားထောင်လိုက်၊ အဲဒီမိန်းမကို ထုတ်ပြလိုက်ပါ"

ကျန်းရှောင်သည် နှုတ်ခမ်းကို စူပြီး ခဏတွေဝေပြီးနောက် နောက်ဆုံးတွင် ပန်းထိုးပစ္စည်းကို ထုတ်လိုက်၏။ သူမ လျှောက်သွားနေစဉ် မေမေဟူက ပန်းထိုးပစ္စည်းကို ကျန်းရှောင် လက်ထဲမှ လှမ်းဆွဲယူလိုက်သည်။ ကျန်းရှောင် စိတ်ဆိုးသွားပြီး "ညင်ညင်သာသာ လုပ်ပါ" ဟု ပြောလိုက်သည်။

အမေဟူကမူ ပေါ့ပေါ့တန်တန် ပြုံးရယ်လိုက်သည်။ "အဝတ်စ တစ်ခုက ဘာများ တန်ဖိုးရှိနေလို့လဲ။"

အမေဟူသည် ပန်းထိုးအထည်ကို လုံးဝ နားမလည်ပေ။ သူမ၏ အမြင်တွင် ပန်းထိုးဆိုင်မှ အထည်အားလုံးသည် အတူတူသာ ဖြစ်သည်။ သူမသည် အရင်က အစားအသောက် စက်ရုံတွင် အလုပ်လုပ်ခဲ့ပြီး ထိုနေရာ၏ မန်နေဂျာတစ်ဦး ဖြစ်ကာ၊ သူမ၏ ခင်ပွန်းသည်လည်း စက်ယန္တရား စက်ရုံတွင် အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်၏။ သူတို့၏ မိဘနှစ်ပါးစလုံးမှာ မြို့သူမြို့သားများ ဖြစ်ပြီး အနားယူပြီးနောက်တွင် သူတို့အတွက် လမ်းခင်းပေးခဲ့ကြသည်။

ဟူကျုံးမင်သည် သူမ၏ တစ်ဦးတည်းသော သားဖြစ်၏။ သူမသည် ဟူကျုံးမင် အရင်က လက်ထပ်ခဲ့သော ဇနီးကို ကြက်မတစ်ကောင်ကဲ့သို့ ဥ မဥနိုင်ဟု ဆိုကာ မထီမဲ့မြင် ပြုခဲ့သည်။ ဟူကျုံးမင်သည် သူတို့မိသားစု၏ တစ်ဦးတည်းသောသား ဖြစ်ပြီး၊ ထိုမိန်းမနှင့်အတူ သူ့မျိုးဆက် ပြတ်တောက်သွားခြင်းကို သူတို့ လုံးဝ ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် သူမက ဟူကျုံးမင်အား ဇနီးကို ကွာရှင်းရန် တောင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ဟူကျုံးမင်နှင့် မိန်းကလေးတစ်ဦးကို မိတ်ဆက်ပေးချင်ခဲ့သော်လည်း ဟူကျုံးမင်က စိတ်မဝင်စားခဲ့ပေ။

တိုင်ပင်ဆွေးနွေးပြီးနောက် ထိုစုံတွဲသည် ဟူကျုံးမင်အတွက် ဝါဂွမ်းစက်ရုံတွင် အဖွဲ့ခေါင်းဆောင် အလုပ်တစ်ခု ရရှိရန် ပိုက်ဆံသုံးခဲ့သည်။ သို့သော် သူ အလုပ်လုပ်ခဲ့သည်မှာ တစ်နှစ် မပြည့်သေးချိန်တွင် တစ်ခုခု ဖြစ်ပွားခဲ့၏။ ယခုအခါ ဟူကျုံးမင်သည် ထောင်ထဲတွင် ရှိနေပြီး ထိုစုံတွဲမှာလည်း အလုပ်များ ဆုံးရှုံးသွားရခဲ့သည်။ အဆုံးစွန်အားဖြင့် ထိုအရာအားလုံးသည် ကျန်းနျန် အမည်ရှိသော ထိုမိန်းမကြောင့် ဖြစ်သည်။

သူမ ခင်ပွန်း၏ ရဲဘော်ကြောင့်သာ မဟုတ်လျှင် သူတို့သား ထောင်ထဲ ရောက်နေပါ့မလား။

ထိုစုံတွဲသည် နိုင်ငံပိုင် ပန်းထိုးဆိုင်တွင် နေ့တိုင်း ပြဿနာရှာကြ၏။ ပထမအချက်မှာ နိုင်ငံပိုင် ပန်းထိုးဆိုင်မှ လူများကို အေးအေးဆေးဆေး မနေစေချင်သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ကျန်းနျန်အား ခေါ်လာရန် အတင်းအကျပ် လုပ်ချင်သောကြောင့် ဖြစ်သည်။ ထိုစရိုက်မကောင်းသော မိန်းမသည် မည်သည့်ပရိယာယ်များ ဆက်သုံးမည်ကို သူတို့ သိလိုကြ၏။

မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ ဘဝများမှာ ပြီးဆုံးနေပြီဖြစ်ပြီး သူတို့၏သားလည်း ထောင်ထဲတွင် ရှိနေ၏။ သူတို့တွင် မျှော်လင့်ချက် မရှိတော့ပေ။

အမေဟူသည် ပန်းထိုးအထည်ကို လှန်ကြည့်ပြီး သူမ၏ လက်ချောင်းများဖြင့် ကိုင်တွယ်ကာ ကြည့်ရှုလိုက်သည်။ ကျန်းရှောင်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။"ကြည့်လို့ ပြီးပြီလား။ ပြီးရင် ကျွန်မကို ပြန်ပေးပါ"

အမေဟူက မော့ကြည့်ကာ ကျန်းရှောင်ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ "နင့် သဘောထားက ဘယ်လိုလဲ။ ငါက ပန်းထိုးပုံစံလေး ကြည့်တာကို နင်က အလျင်စလို လုပ်ခိုင်းနေတာလား။ နင်က ငါ့ကို အထင်သေးတာလား။ ငါ မတတ်နိုင်ဘူးလို့ နင် ထင်နေတာလား။"

ကျန်းရှောင် - ....

လုရှောင်ချင်းသည် အထဲမှ နားထောင်နေပြီး ကျန်းနျန်ကို ပြောလိုက်သည်။ "ငါ တကယ် နောင်တရတယ်။ ဟူကျုံးမင်နဲ့ တွေ့ဖို့ အတင်းအကျပ် တောင်းဆိုခဲ့တာ ငါ မှားခဲ့တာပဲ။ ကံကောင်းလို့ သူ့ဆီ မသွားဖြစ်ခဲ့တာ။ သူ့ရဲ့ အပြုအမူကို ကြည့်လိုက်ပါဦး၊ သူက လုံးဝ ကြွက်စုတ်မကြီးပဲ"

ကျန်းနျန် သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။ သို့သော် သူမ၏ စိတ်သည် အခန်းအပြင်ဘက်ရှိ အခြေအနေကို အာရုံစိုက်နေခဲ့သည်။

မကြာခင်တွင် အပြင်ဘက်မှ ကျန်းရှောင်၏ အသံ ထွက်ပေါ်လာသည်။ "ပန်းထိုးပုံစံက အရမ်းတန်ဖိုးရှိတယ်လို့ ကျွန်မ ပြောပြီးပြီနော်။ အခုတော့ ဘာလုပ်နိုင်လဲ ကြည့်ရအောင်။"

အမေဟူက ကျိန်ဆဲလိုက်သည်။ "ပန်းထိုးစ တစ်ခုက ဘာများ အရေးကြီးတာလဲ။"

ကျန်းနျန် မျက်ခုံးပင့်ပြီး ကျိုက်ဖေးဖေးနှင့်အတူ အပြင်သို့ ထွက်ရန် အသင့်ဖြစ်နေ၏။ အမေဟူက သူမကို တစ်ခါမှ မမြင်ဖူးသည့်အတွက် အမေဟူ ပြဿနာရှာမည်ကို သူမ မကြောက်ပေ။ ကျန်းနျန် အခန်းထဲမှ ထွက်လာပြီး ကျန်းရှောင် ပန်းထိုးပစ္စည်းကို ကိုင်ထားသည်ကို တွေ့လိုက်၏။ ပိုးချည် အနည်းငယ် ပြုတ်ထွက်နေသည်ကိုလည်း တွေ့ရသည်။

ကျိုက်ဖေးဖေး ဒေါသတကြီးဖြင့် လျှောက်သွားပြီး ကျန့်ရှောင်းထံမှ ပန်းထိုးအထည်ကို ယူကာ စားပွဲပေါ် တင်လိုက်ပြီး အမေဟူကို ပုံစံပြကာ လက်ညှိုးထိုးလိုက်သည်။ "ဒီ ပန်းထိုးပုံစံက ဘယ်လောက်တောင် ဈေးကြီးလဲဆိုတာ ရှင် သိရဲ့လား။"

အမေဟူမှာ ခဏတာ ကြက်သေသေသွားပြီး အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။ သို့သော် စားပွဲပေါ်ရှိ သေးငယ်သော ပန်းထိုးပုံစံကို ကြည့်ပြီးနောက် သူမက ပေါ့ပေါ့တန်တန် ပြုံးရယ်လိုက်သည်။

"အဝတ်စသေးသေးလေး တစ်ခုက ဘယ်လောက်တောင် တန်ဖိုးရှိနိုင်လို့လဲ။ ပြီးတော့ ငါ ပန်းထိုးပစ္စည်းကို ကိုင်တာ ဘယ်သူ မြင်လို့လဲ။" သူမက ကျန်းရှောင်ကို လက်ညှိုးထိုးလိုက်သည်။ "သူက ငါက ပန်းထိုးပစ္စည်းကို ပျက်စီးစေတယ်လို့ ပြောရုံနဲ့ အမှန်တရား ဖြစ်သွားပြီလား။ သူက ဉာဏ်ဆင်နေတာလို့တောင် ငါ ပြောလို့ရသေးတယ်။"

ကျန်းရှောင် ဒေါသထွက်သွားသည်။ "ပိုးချည်တွေ ဆွဲထုတ်လိုက်တာ ရှင်ဆိုတာ အထင်အရှားပဲလေ။ ကျွန်မတောင် ရှင့်ကို မတားနိုင်ဘူး။"

အမေဟူသည် ထပ်၍ လှောင်ပြုံးပြုံးလိုက်သည်။ "နင်တို့ ပန်းထိုးဆိုင်က လူတွေက တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းနေကြတာ။ နင်တို့ ပြောတာမှန်တယ်လို့ ပြောပြီး အပြစ်မဲ့သူတွေကို ပုံချရာမှာ နင်တို့က တော်တယ်"

အမေဟူ၏ ခေါင်းမာမှုကြောင့် ကျန်းရှောင် ထပ်ဒေါသထွက်သွားရသည်။ ကျိုက်ဖေးဖေးသည် ပန်းထိုးပစ္စည်းကို စားပွဲပေါ် တင်ပြီး ကျန်းရှောင်အား ပြောလိုက်သည်။"ရဲကို ခေါ်လိုက်၊ ရဲတွေ လာဖြေရှင်းပါစေ"

ကျန်းနျန်သည် ကောင်တာပေါ်တွင် ထိုင်နေရင်း အမေဟူကို အေးစက်စက် ကြည့်နေပြီး ပန်းထိုးပစ္စည်းကို တစ်ချက် ထပ်ကြည့်လိုက်၏။

အမေဟူသည် ဆယ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရဖူးပြီး ထောင်ထဲ ပြန်မဝင်ချင်ပေ။ သူမ ထရပ်ပြီး ထွက်သွားရန် ပြင်ဆင်နေစဉ် ကျန်းနျန်က တံခါးဝသို့ လျှောက်လာပြီး သူမ၏ လမ်းကို ပိတ်ဆို့လိုက်သည်။ အမေဟူသည် ကျန်းနျန်ကို ယခင်က မတွေ့ဖူးသည့်အတွက် မျက်လုံးပြူးသွားသည်။ "နင်က ဘာလုပ်ချင်တာလဲ။ ငါ့ကို ဖမ်းဆီးချုပ်နှောင်ချင်တာလား။ ဒါက တရားမဝင်ဘူးဆိုတာ နင် သိရဲ့လား။”

ကျန်းနျန် ပြောလိုက်သည်။ "ရှင်က နိုင်ငံပိုင် ပန်းထိုးဆိုင်ရဲ့ ပန်းထိုးပစ္စည်းကို ဖျက်ဆီးပြီး ဝန်မခံဘူးလေ။ ရဲကို ခေါ်ဖို့ကလွဲပြီး ကျွန်မတို့မှာ တခြား ရွေးချယ်စရာ မရှိဘူး။ ရဲအရာရှိ မလာခင် ရှင် ထွက်သွားလို့ မရဘူး။ မဟုတ်ရင် နိုင်ငံပိုင် ပန်းထိုးဆိုင်ပိုင်ပစ္စည်းကို ဖျက်ဆီးမှု၊ တာဝန်ယူမှု ရှောင်တိမ်းပြီး ထွက်ပြေးမှုတို့အတွက် ရှင့်ကို တရားစွဲမယ်”

ကျန်းနျန်သည် "နိုင်ငံပိုင်" ဟူသော စကားလုံးများကို အလေးအနက်ထား၍ ပြောလိုက်သည်။

အမေဟူ စိတ်ပူလာသည်။ "နင်က ဘယ်သူလဲ။ ငါ့ကို တားဆီးဖို့ နင့်မှာ ဘာအခွင့်အရေး ရှိလို့လဲ။ ငါ့ကို ခြိမ်းခြောက်နေတာလား။"

သူမ ပြောနေစဉ် ကျန်းနျန်အား ဘေးသို့ တွန်းထုတ်ရန် ကြိုးစားခဲ့သည်။ ကျန်းရှောင်နှင့် ကျိုက်ဖေးဖေးတို့သည် မိခင်ဟူကို တားဆီးရန် ကြိုးစားနေသည်အား မြင်သောအခါ ကျန်းနျန်သည် ကျိုက်ဖေးဖေးအား ကျန်းရှောင်ကို ဆွဲထားရန် အချက်ပြလိုက်၏။ အမေဟူက ကျန်းနျန်၏ ပခုံးကို ဆွဲကိုင်ပြီး ဘေးသို့ တွန်းချရန် ကြိုးစားခဲ့သည်။

ကျန်းနျန်သည် သူမ၏ တွန်းအားအတိုင်း လိုက်ပါသွားပြီး ကောင်တာဘက်သို့ လဲကျသွားကာ သူမ၏ ခေါင်းနှင့် ကောင်တာကို ရိုက်မိသွားသည်။ သူမ၏ လက်မောင်းသည် ကောင်တာထောင့်ကို ထိသွားပြီး သွေးစွန်းရာ ကျန်ခဲ့၏။ ထို့နောက် သူမသည် ကြမ်းပြင်ပေါ်တွင် မေ့မြောလျက် လဲကျသွားသည်။

အမေဟူ လန့်သွားသည်။ "နင်... နင်... ငါ အတင်း မတွန်းလိုက်ပါဘူး။ သူမက ငါ့ကို ငွေညှစ်ဖို့ ကြိုးစားနေတာ။"

သူမသည် တံခါးကို ဖွင့်ပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း အခန်းထဲမှ ထွက်လာသော လုရှောင်ချင်းနှင့် ကျိုက်ဖေးဖေးတို့က ဖမ်းဆွဲထားလိုက်ကြ၏။ ကျန်းရှောင်သည် ကျန်းနျန်၏ အခြေအနေကို စစ်ဆေးရန် အလျင်အမြန် လျှောက်သွားသော်လည်း ကျိုက်ဖေးဖေးက တားလိုက်သည်။ ကျိုက်ဖေးဖေးက အော်လိုက်သည်။ "နင် ဘာကြည့်နေတာလဲ။ သွားပြီး ရဲကို ဖုန်းခေါ်လေ"

ကျန်းနျန်သည် ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသည်။ ထိုသို့သော လူမိုက်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သူတို့၏ ကိုယ်ပိုင် နည်းဗျူဟာများကို သုံးရပေမည်။ မဟုတ်လျှင် နိုင်ငံပိုင် ပန်းထိုးဆိုင်သည် ဆက်၍ထိခိုက်နေမည်သာ ဖြစ်သည်။

အများဆုံး ထိခိုက်မည့်သူမှာ လအနည်းငယ်အတွင်း ယွမ်မြို့သို့ သွားရမည့် ကောမိန် ဖြစ်ပေလိမ့်မည်။ ဤအရေးကြီးသော အချိန်၌ တစ်ခုခု ဖြစ်ပွားပါက ကောမိန်သည် ယွမ်မြို့သို့ သွားရန် အခွင့်အရေး ဆုံးရှုံးရုံသာမက ပန်းထိုးဆိုင်ဒါရိုက်တာ ရာထူးမှလည်း ထုတ်ပယ်ခံရနိုင်၏။

ကောမိန်က သူမကို အများကြီး ကူညီခဲ့၏။ ဆိုင်တွင် ဟူကျုံးမင်၏ မိဘများ ပြဿနာရှာခြင်းမှာ သူမကြောင့် ဖြစ်သော်လည်း ကောမိန်သည် ဖုန်းပြောစဉ်ကပင် ထိုကိစ္စကို မပြောခဲ့ပေ။ ဆိုလိုသည်မှာ သူမကို ပါဝင်စေချင်သည့် ဆန္ဒမရှိကြောင်း ပြသခြင်းပင် ဖြစ်သည်။

ကောမိန်သည် သူမအပေါ် ထိုမျှ စေတနာထားနိုင်ပါက သူမသည် ခေါင်းဖွက်ထားသော လိပ်တစ်ကောင်ကဲ့သို့ မည်သို့ နေနိုင်မည်နည်း။

အမေဟူသည် လုရှောင်ချင်းနှင့် ကျိုက်ဖေးဖေးတို့၏ အတင်းအကြပ် ဆုပ်ကိုင်ထားခြင်းကို ခံရပြီး ရုန်းထွက်နိုင်ရန် ကြိုးစားနေသည်။ ကျန်းနျန်ကမူ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏ လက်မောင်းတွင် ဒဏ်ရာ အနည်းငယ် ရှိနေသော်လည်း လက်မောင်း မည်သို့ ဖြစ်နေသည်ကို မသိပေ။ လုရှောင်ချင်းမှာ ဘာတွေဖြစ်နေမှန်း မသိဘဲ အမေဟူကို ဒေါသတကြီး ဆူပူနေသည်။

ကျိုက်ဖေးဖေးကလည်း ပြောလိုက်သည်။ "အခု ရှင် ဘာလုပ်မလဲ ကြည့်ရသေးတာပေါ့။ နိုင်ငံပိုင် ပန်းထိုးပစ္စည်းရဲ့ ပုံစံကို ပျက်စီးအောင် လုပ်ရုံသာမကဘဲ လူတစ်ယောက်ကိုပါ မေ့လဲအောင် လုပ်လိုက်သေးတယ်"

အမေဟူသည် ပျက်စီးသွားသော ပန်းထိုးပစ္စည်းကို သိပ်မမှုသော်လည်း ရန်ပြုမှုနှင့်ပတ်သက်၍ အမှန်တကယ် ထိတ်လန့်နေ၏။ သူမ၏ ခင်ပွန်းသည်က ဆိုင်တွင် ပြဿနာရှာနိုင်သော်လည်း မည်သူ့ကိုမျှ မရိုက်နှက်ရန်နှင့် အကြမ်းဖက်မှု မပြုရန် သူမကို ပြောခဲ့ဖူးသည်မှာ ထိုသို့လုပ်လျှင် သူတို့ကိုယ်တိုင် ပြန်လည် ဒုက္ခရောက်နိုင်သောကြောင့် ဖြစ်သည်။

ပြီးခဲ့သည့် အကြိမ်က သူမ ကျန်းရှောင်ကို ရိုက်နှက်ခဲ့သောကြောင့် ဆယ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ၏။

ယခုမူ သူမသည် လူတစ်ယောက်ကို တိုက်ရိုက် မေ့လဲသွားအောင် လုပ်ခဲ့မိသည်။ ဤတစ်ကြိမ်တွင် သူမ မည်မျှကြာကြာ ဖမ်းဆီးခံရမည်ကို မသိပေ။

ရဲများ ရောက်လာသောအခါ ကျန်းနျန်မှာ သတိမေ့နေဆဲ ဖြစ်သည်။ သူတို့အားလုံး ကျန်းနျန်ကို သိကြပြီး ဟူကျုံးမင်၏ အဖြစ်အပျက်တွင် သူမသည် အကြီးမားဆုံးသော သားကောင် ဖြစ်သည်ကို သိထားကြ၏။ ထိုစုံတွဲ၏ ဆိုင်တွင် နှောင့်ယှက်မှုများကြောင့် သူတို့ ခေါင်းကိုက်ခဲ့ကြသော်လည်း ရိုင်းစိုင်းသည့် အပြုအမူမျိုး မလုပ်ခဲ့ကြပေ။ ထို့ကြောင့် ထိုသူတို့သည် ဆူပူကြိမ်းမောင်းခြင်းသာ ခံခဲ့ရသည်။ ဤတစ်ကြိမ်တွင် ဟူကျုံးမင်၏ မိခင်က ကျန်းနျန်ကို ရိုက်နှက်၍ မေ့လဲသွားအောင် လုပ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

ထိုမျှမက၊ သူမသည် နိုင်ငံပိုင် ပန်းထိုးဆိုင်၏ပစ္စည်း ပုံစံကိုလည်း ပျက်စီးစေခဲ့၏။

အမေဟူသည် ပန်းထိုးပစ္စည်းကို သူမ မပျက်စီးစေကြောင်းနှင့် သူတို့က ပူးပေါင်းပြီး ရဲများကို လိမ်ညာနေသည်ဟု ဆက်တိုက် ငြင်းဆိုနေသည်။ သို့သော် ပျက်စီးသွားသော ပန်းထိုးပစ္စည်းမှာ စားပွဲပေါ်တွင် ရှိနေသည်။ ကျိုက်ဖေးဖေး လှောင်ပြုံးပြုံးလိုက်၏။

"ပန်းထိုးပစ္စည်းကို ပျက်စီးအောင် လုပ်ဖို့ ကျွန်မတို့မှာ ဘာအကြောင်းပြချက် ရှိလို့လဲ။ ဒါက နိုင်ငံပိုင်ဆိုင်ရဲ့ ပိုင်ဆိုင်မှုပါ။ တစ်ချက်ချင်း ချုပ်ထားတဲ့ ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှုတွေပါ။ ကျွန်မတို့က ပန်းထိုးခြင်းကနေ အသက်မွေးဝမ်းကျောင်း ပြုနေကြတာ။ ပန်းထိုးပစ္စည်းကို ပျက်စီးအောင် လုပ်တာက ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းကို ဖျက်ဆီးသလို ဖြစ်နေလိမ့်မယ်။ အထည်နဲ့ ပိုးချည်တွေက အစျေးအကြီးဆုံးပါ။ ကျွန်မတို့ရဲ့ ကျွမ်းကျင်မှုနဲ့ အချိန်တွေကို အလဟဿ စွန့်ပြီး ပျက်စီးအောင် လုပ်မလား။"

လုရှောင်ချင်းက ရှည်လျားစွာ ပြောဆိုကာ သဘောတူလိုက်၏။ လူတိုင်း၏ ပြောဆိုချက်မှာ တစ်သမတ်တည်းဖြစ်ပြီး ပန်းထိုးပစ္စည်းကို ဖျက်ဆီးမှုအတွက် အမေဟူကို အပြစ်တင်ကြ၏။ ကျန်းနျန်အား မြို့တော် ဆေးရုံသို့ ခေါ်သွားသောအခါ ကျန်းရှောင်သည် အမေဟူ ဆိုင်ထဲသို့ ရောက်ပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို ရဲကို အသေးစိတ် ရှင်းပြခဲ့သည်။ ရဲများက မှတ်စုယူ၍ စုံစမ်းစစ်ဆေးပြီးနောက် နောက်ဆုံးတွင် အမေဟူကို ရဲစခန်းသို့ ခေါ်သွားကာ ကျန်းနျန် သတိပြန်ရလာသောအခါ စုံစမ်းစစ်ဆေးမှုကို ဆက်၍ပြုလုပ်ရန် ဖြစ်သည်။

All Chapters