သန်းခေါင်ယံအချိန် တံခါးခေါက်သံ (၁)
Vol. 15 Ch. 147
ဤမျှလောက် ထိတ်လန့်ဖွယ်ကောင်းသော အင်အားတိုးတက်မှုက ဂုဏ်ထူးဆောင်အမှတ် ၈၃,၀၀၀ သုံးစွဲရခြင်းနှင့် တန်လှပေသည်။ ကျန့်ဖုန်း၏ ရှင်းပြချက်ကြောင့် နောက်ဆုံးတွင် ကျန်းရှင်းရန်သည် ထိုပစ္စည်းသုံးမျိုးကို လက်ခံသည်။
"နောက်တစ်လှည့်က ဝမ်မင်နဲ့ ငါပဲ"
ကျန့်ဖုန်းက ကျေနပ်အားရစွာ ပြောလိုက်ပြီး သူ၏ အဖော်များကို ခေါ်ကာ ကုန်သွယ်ရေးစင်တာ၏ ဒုတိယအထပ်ကို ဆက်လက် လှည့်လည်ကြည့်ရှုသည်။
ဝမ်မင်တွင် မတုန်လှုပ်သော ပညာရှိဘုရင်ဒိုင်းရှိထားပြီးဖြစ်ရာ ခုခံမှုအတွက်မှာမူ သူစိုးရိမ်စရာ မရှိသလောက်ပင် ဖြစ်သည်။ သို့သော် ကျန့်ဖုန်းသည် သူ၏အတွက် ဂုဏ်ထူးဆောင်အမှတ် ၂၀,၀၀၀ အထိ စျေးကြီးသော မဟာပထဝီ သံချပ်ကာဟု အမည်ရသည့် ခမ်းနားထည်ဝါသောအဆင့် အထွတ်အထိပ် ပစ္စည်းဖြစ်သော သံချပ်ကာတစ်ခုကို ဝယ်ယူပေးသည်။
ထို့ပြင် အကယ်၍ ဤပစ္စည်းကို အသုံးပြုသူအတွက် လိုအပ်ချက်များ မမြင့်မားပါက ၎င်း၏စျေးနှုန်းမှာ အနည်းဆုံး ဂုဏ်ထူးဆောင်အမှတ် ၃၀,၀၀၀ ခန့် ရှိပေလိမ့်မည်။
ဤသံချပ်ကာကို မြေဒြပ်စင် မွေးရာပါ အတွင်းဝိညာဉ်စွမ်းအား ၇၀ ထက် ကျော်လွန်သော ကျွမ်းကျင်သူများသာ ဝတ်ဆင်အသုံးပြုနိုင်သည်။ ၎င်းတွင် ပထဝီစွမ်းအား ဟူသော အသင့်ပါရှိသည့် ကျွမ်းကျင်မှု ပါဝင်ပြီး အသုံးပြုသူသည် မြေပြင်ပေါ်တွင် ရပ်နေသရွေ့ မြေဒြပ်စင်၏ အားဖြည့်မှုကို အဆက်မပြတ် ရရှိနေမည်ဖြစ်ကာ ဝိညာဉ်စွမ်းအား ပြန်လည်ပြည့်ဝမှုနှုန်းကို ၄၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးသည်။
၎င်းတွင် မြေတံတိုင်း နည်းစနစ်ဟု ခေါ်သော အဆင့် ၆ ကာကွယ်ရေး ကျွမ်းကျင်မှုလည်း ပါဝင်ပြီး အသုံးပြုသူ၏ ဝိညာဉ်စွမ်းအားကို သုံးစွဲကာ ချက်ချင်း ထုတ်လွှတ်နိုင်သည်။
ဤပစ္စည်းမှာ ဝမ်မင်အတွက် အထူးသီးသန့် ပြင်ဆင်ထားသကဲ့သို့ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားကျောင်း မဟာမိတ်အတွင်း၌ မွေးရာပါ အတွင်းဝိညာဉ်စွမ်းအား ၇၀ ကျော်လွန်သော မြေဒြပ်စင် ကျွမ်းကျင်သူ လူငယ်မျိုးဆက်ကို ကျန့်ဖုန်း မကြားဖူးသောကြောင့် ဖြစ်သည်။
နံပါတ် ၃ နတ်ဆိုးအမဲလိုက်အဖွဲ့မှ ဟွမ်ယီသည် မြေဒြပ်စင် ဝိညာဉ်ရှိပြီး သူ၏ မွေးရာပါ အတွင်းဝိညာဉ်စွမ်းအားမှာ ၇၀ ထက် ကျော်လွန်နိုင်သော်လည်း သူက မှော်ဆရာတစ်ဦး ဖြစ်သောကြောင့် သံချပ်ကာကို ဝတ်ဆင်၍ မရပေ။
ထို့ပြင် ကျန့်ဖုန်းသည် ဝမ်မင်အတွက် ဂုဏ်ထူးဆောင်အမှတ် ၁၂,၀၀၀ ကျသင့်သော ဓားကြီးတစ်လက်ကိုလည်း ဝယ်ယူပေးသည်။
ခမ်းနားထည်ဝါသော ရူးသွပ်ဓား: ၎င်းတွင် ဘုရင်ဓား ဟူသော အသင့်ပါရှိသည့် ကျွမ်းကျင်မှု ပါဝင်ပြီး ၃ မိနစ်ကြာအောင် တိုက်ခိုက်ရေးစွမ်းအားကို ၃၀ ရာခိုင်နှုန်း မြှင့်တင်ပေးသည်။
ဝမ်မင်သည် တိုက်စစ်ကျွမ်းကျင်မှုများကို အသုံးနည်းသော်လည်း အစွမ်းအစဆိုသည်မှာ တစ်ခါတစ်ရံတွင် ဖိအားပေးမှသာ ထွက်ပေါ်လာတတ်သည်။ မတုန်လှုပ်သော ပညာရှိဘုရင်ဒိုင်းနှင့်အတူ သူ၏ ခုခံမှုမှာ အဆင့်တူသူများကြား ပြိုင်ဘက်ကင်းနေပြီ ဖြစ်သည်။ အကယ်၍ သူသာ တိုက်စစ်စွမ်းရည်ပါ ရှိလာပါက သူ၏ အင်အားမှာ များစွာ တိုးတက်လာပေလိမ့်မည်။
သူသည် ယခင်က တိုက်စစ်ကျွမ်းကျင်မှုများကို အသုံးမပြုခြင်းမှာ မတုန်လှုပ်သော ပညာရှိဘုရင်ဒိုင်းမှာ အလွန်လေးလံသောကြောင့် ဖြစ်သည်။ ဒိုင်းကို ခုခံရန် အသုံးပြုရုံနှင့်ပင် သူ၏ စွမ်းအင်များစွာ ကုန်ဆုံးနေသဖြင့် တိုက်စစ်ကျွမ်းကျင်မှုများ သင်ယူရန် စိတ်မကူးနိုင်ခြင်း ဖြစ်သည်။
ယခုမူ ဝမ်မင်၏ ပြင်ပဝိညာဉ်စွမ်းအားမှာ များစွာ မြင့်တက်လာသဖြင့် သူသည် ဒိုင်းကို ခန္ဓာကိုယ် ခွန်အားသက်သက်ဖြင့်ပင် အသုံးပြုနိုင်ပြီ ဖြစ်ရာ သူ၏ အတွင်းဝိညာဉ်စွမ်းအားကို ကျွမ်းကျင်မှုများ ထုတ်လွှတ်ရန်အတွက် အသုံးချနိုင်ပြီ ဖြစ်သည်။
ဝမ်မင် ကိုယ်တိုင် တိုက်ခိုက်နိုင်မည့်နေ့ကိုလည်း ကျန့်ဖုန်း အလွန်ပင် မျှော်လင့်နေမိသည်။ ဝမ်မင်၏ ဘိုးဘေးသည် စတုတ္ထမြောက် နတ်ဆိုးနတ်ဘုရား ဆာမီကီနာကို တစ်ဦးတည်း ရင်ဆိုင်နိုင်ခြင်းမှာ သူ၏ အားကောင်းသော ခုခံမှုအပေါ်တွင်သာ အခြေခံခြင်း မဟုတ်ပေ။
ယခုအခါ အဖွဲ့ဝင် ၅ ဦးစလုံးအတွက် ပစ္စည်းကိရိယာ ကိစ္စများ ပြေလည်သွားပြီဖြစ်ရာ ကျန့်ဖုန်း ကိုယ်တိုင်အတွက်သာ ကျန်ရှိတော့သည်။ သို့သော် ဤကဲ့သို့ အကြီးအကျယ် ဈေးဝယ်ထွက်ပြီးနောက်တွင် ဗိုလ်အဆင့် နံပါတ် ၂၁ နတ်ဆိုးအမဲလိုက်အဖွဲ့၏ စုစုပေါင်း ဂုဏ်ထူးဆောင်အမှတ်မှာ ၃၀,၀၀၀ သာ ကျန်ရှိတော့သည်။
သို့သော် ကျန့်ဖုန်းတွင် ဂုဏ်ထူးဆောင်အမှတ်များနှင့် လဲလှယ်နိုင်သော ကိုယ်ခန္ဓာအားတိုးဆေးလုံး များစွာ ရှိနေသေးသည်။
ဤမစ်ရှင်အတွင်း ဗိုလ်အဆင့် နံပါတ် ၂၁နတ်ဆိုးအမဲလိုက်အဖွဲ့သည် အဆင့် ၇ နတ်ဆိုး ၄ ကောင်ဖြစ်သော: ရွှေရောင်ငှက်နတ်ဆိုး၊ ကြက်သွေးရောင် သွေးရူးနတ်ဆိုး၊ နတ်ဆိုးအရှင်နှင့် အိပ်မက်ဆိုး နတ်ဆိုးမြင်းတို့ကို သတ်ဖြတ်နိုင်ခဲ့သည်။
ထို့ပြင် အဆင့် ၆ နတ်ဆိုး ၂၂ ကောင်ဖြစ်သော: အဆင့် ၆ ငှက်နတ်ဆိုး ၁၂ ကောင်၊ နတ်ဆိုးတပ်မှူး ၅ ကောင်နှင့် အဆင့် ၆ အိပ်မက်ဆိုး နတ်ဆိုးမြင်း ၅ ကောင်တို့ကိုလည်း သတ်ဖြတ်သည်။
လိုက်လံအမဲလိုက်သော အဆင့် ၅ နတ်ဆိုးမျိုးနွယ်ဝင် အရေအတွက်မှာလည်း မနည်းလှဘဲ စုစုပေါင်း ၃၃ ကောင် ရှိသည်။
နတ်ဆိုးမျိုးနွယ်ဝင် အလောင်းအများစုကို ကိုယ်ခန္ဓာအားတိုးဆေးလုံးများအဖြစ် ဖော်စပ်ပြီးစီးသွားပြီ ဖြစ်သည်။
လက်ရှိတွင် ကျန့်ဖုန်း၏ သိုလှောင်လက်စွပ်အတွင်း၌ အဆင့် ၅ ကိုယ်ခန္ဓာအားတိုးဆေးလုံး ၃၃၀၊ အဆင့် ၆ ကိုယ်ခန္ဓာအားတိုးဆေးလုံး ၁၀၀ ရှိနေပြီး ကျန်ရှိသော အဆင့် ၆ နှင့် အဆင့် ၇ နတ်ဆိုးအလောင်း အစိတ်အပိုင်းများကိုမူ ဆေးလုံးများအဖြစ် ဖော်စပ်ရန် သိမ်းဆည်းထားဆဲ ဖြစ်သည်။
ထို့ကြောင့် အဆင့် ၅ ဆေးလုံးတစ်လုံးလျှင် ဂုဏ်ထူးဆောင်အမှတ် ၁၀၀ နှင့် အဆင့် ၆ ဆေးလုံးတစ်လုံးလျှင် ဂုဏ်ထူးဆောင်အမှတ် ၅၀၀ နှုန်းဖြင့် တွက်ချက်မည်ဆိုပါက ကျန့်ဖုန်း လက်ဝယ်ရှိသော ဆေးလုံးများကို ဂုဏ်ထူးဆောင်အမှတ် ၈၃,၀၀၀ နှင့် လဲလှယ်နိုင်သည်။
ပစ္စည်းများဝယ်ယူပြီးနောက် ကျန်ရှိသော ဂုဏ်ထူးဆောင်အမှတ် ၃၀,၀၀၀ နှင့် ပေါင်းလိုက်ပါက ကျန့်ဖုန်း၏ ပစ္စည်းများကို လဲလှယ်ရန် သေချာပေါက် လုံလောက်ပေလိမ့်မည်။
"မင်္ဂလာပါ၊ ကျွန်တော် သူရဲကောင်း အတွက် သင့်တော်တဲ့ ခမ်းနားထည်ဝါသောအဆင့် ပစ္စည်းအချို့ လိုချင်ပါတယ်။ ဓားရှည်တွေ၊ သံချပ်ကာတွေ ဒါမှမဟုတ် အသုံးအဆောင် အမျိုးအစား ပစ္စည်းတွေ၊ သူရဲကောင်းတစ်ယောက် သုံးလို့ရမယ့် ဘယ်အရာမဆို အဆင်ပြေပါတယ်"
ကျန့်ဖုန်းသည် သူ၏ လိုအပ်ချက်များကို ကောင်တာမှ ဝန်ထမ်းအား ပြောပြလိုက်သည်။ မကြာမီတွင် ဝန်ထမ်းသည် ကျန့်ဖုန်း၏ လိုအပ်ချက်နှင့် ကိုက်ညီသော ပစ္စည်းအားလုံးကို ရွေးချယ်ပေးသည်။
အလင်းပြန်ဒိုင်း: သုံးထပ် အလင်းဒြပ်စင် ဆင့်ပွားဒိုင်း ပါဝင်ပြီး ခုခံနိုင်စွမ်းမှာ နတ်ဘုရားအကာအကွယ်ခုခံခြင်း နှင့် ညီမျှကာ မှော်တိုက်ခိုက်မှုများကို လမ်းကြောင်းလွှဲပေးနိုင်သော အာနိသင် ရှိသည်။ စျေးနှုန်း: ဂုဏ်ထူးဆောင်အမှတ် ၁၁,၀၀၀။
အလင်း ပြစ်ဒဏ်ပေးဓား: ဂုဏ်ထူးဆောင်အမှတ် ၁၆၀၀၀။ အသုံးပြုသူသည် အလင်းဂုဏ်သတ္တိ ရှိရမည်ဖြစ်ပြီး မွေးရာပါ အတွင်းဝိညာဉ်စွမ်းအား ၇၀ ထက် ကျော်လွန်ရမည်။ ချက်ချင်းထုတ်လွှတ်နိုင်သော မြင့်မြတ်ဓား ကျွမ်းကျင်မှု ပါဝင်သည်; ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုမှာ သာမန်အတိုင်း ဖြစ်သော်လည်း ချက်ချင်း ထုတ်လွှတ်နိုင်သည်။ ဝိညာဉ်စွမ်းအား စုပ်ယူမှု ကျွမ်းကျင်မှု ပါဝင်ပြီး ရန်သူကို တစ်ကြိမ်ထိုးမိတိုင်း ရန်သူ၏ ဝိညာဉ်စွမ်းအား ၁၀ မှတ်ကို စုပ်ယူကာ အလင်းဂုဏ်သတ္တိ ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲပြီး အသုံးပြုသူအား ပြန်လည်ဖြည့်တင်းပေးသည်။
အလင်း စီရင်ခြင်းဓား: ဂုဏ်ထူးဆောင်အမှတ် ၁၆၀၀၀။ အသုံးပြုသူသည် အလင်းဂုဏ်သတ္တိ ရှိရမည်ဖြစ်ပြီး မွေးရာပါ အတွင်းဝိညာဉ်စွမ်းအား ၇၀ ထက် ကျော်လွန်ရမည်။ ချက်ချင်းထုတ်လွှတ်နိုင်သော နေအလင်းမီးလျှံကျွမ်းကျင်မှု ပါဝင်သည်။ ဝိညာဉ်စွမ်းအား စုပ်ယူမှု ကျွမ်းကျင်မှု ပါဝင်ပြီး ရန်သူကို ထိုးမိပါက ဝိညာဉ်စွမ်းအား ၁၀ မှတ်ကို စုပ်ယူကာ အသုံးပြုသူအား အလင်းဂုဏ်သတ္တိ ဝိညာဉ်စွမ်းအားအဖြစ် ပြန်လည်ဖြည့်တင်းပေးသည်။
အလင်းအစောင့်အရှောက် သံချပ်ကာ: ၁၆,၀၀၀ မှတ်။ အသုံးပြုသူသည် အလင်းဂုဏ်သတ္တိ ရှိရမည်ဖြစ်ပြီး မွေးရာပါ အတွင်းဝိညာဉ်စွမ်းအား ၇၀ ထက် ကျော်လွန်ရမည်။ အဆင့် ၆ အလင်းအစောင့်အရှောက် ကျွမ်းကျင်မှု ပါဝင်ပြီး တစ်ကြိမ်သုံးလျှင် ဝိညာဉ်စွမ်းအား ၅၀၀ ကုန်ဆုံးကာ ချက်ချင်း ထုတ်လွှတ်နိုင်သည်။ ပစ္စည်းအတွဲလိုက် အာနိသင်: မြင့်မြတ်အလင်း။ အလင်းဂုဏ်သတ္တိ ကျွမ်းကျင်မှုများ၏ စွမ်းအားကို ၂၀ ရာခိုင်နှုန်း မြှင့်တင်ပေးပြီး ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုကို ၁၀ ရာခိုင်နှုန်း လျှော့ချပေးသည်။
ခမ်းနားထည်ဝါသော မြင့်မြတ်ဒိုင်း: အဆင့် ၆ မြင့်မြတ်ဒိုင်း နည်းစနစ် ပါဝင်သည်။ ဝိညာဉ်စွမ်းအား သုံးစွဲရန်သာ လိုအပ်ပြီး ချက်ချင်း ထုတ်လွှတ်နိုင်သည်၊ တစ်ကြိမ်သုံးလျှင် ဝိညာဉ်စွမ်းအား ၃၀၀ ကုန်ဆုံးကာ ၁၀ စက္ကန့်ကြာ ခံသည်။ စျေးနှုန်း: ဂုဏ်ထူးဆောင်အမှတ် ၂၀၀၀၀။
ခမ်းနားထည်ဝါသော မြင့်မြတ်ဓား: တိုက်ခိုက်ရေး သူရဲကောင်း၏ အဆင့် ၆ ကျွမ်းကျင်မှု (ဓားမုန်တိုင်း) ပါဝင်ပြီး ချက်ချင်း ထုတ်လွှတ်နိုင်သည်။ စျေးနှုန်း: ဂုဏ်ထူးဆောင်အမှတ် ၂၀၀၀၀။
ခမ်းနားထည်ဝါသော မြင့်မြတ်သံချပ်ကာ: အစောင့်အရှောက်သူရဲကောင်း၏ အဆင့် ၆ ကျွမ်းကျင်မှု မြင့်မြတ်ဝိညာဉ်အကာအကွယ် ပါဝင်ပြီး ချက်ချင်း ထုတ်လွှတ်နိုင်သည်။ ပစ္စည်းအတွဲလိုက် ကျွမ်းကျင်မှု ‘ခမ်းနားထည်ဝါမှု’: ခမ်းနားထည်ဝါသောအဆင့် ပစ္စည်း နှစ်ခုကို တစ်ပြိုင်တည်း ဝတ်ဆင်ထားချိန်တွင် ၎င်းတို့၏ ကျွမ်းကျင်မှုများအတွက် ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုကို သုံးပုံတစ်ပုံ လျှော့ချပေးပြီး ကျွမ်းကျင်မှု စွမ်းအားကို သုံးပုံတစ်ပုံ မြှင့်တင်ပေးသည်။ စျေးနှုန်း: ဂုဏ်ထူးဆောင်အမှတ် ၂၀၀၀၀။
(ကာကွယ်ရေးသူရဲကောင်းကို အစောင့်အရှောက် သူရဲကောင်းလို့ ပြောင်းသုံးပါမယ်)
အလင်းအစောင့်အရှောက် အတွဲ၏ အလုံးစုံ အာနိသင်မှာ ပိုမိုကောင်းမွန်သည်ဟု ထင်ရသော်လည်း ၎င်း၏ စျေးနှုန်းမှာ ခမ်းနားထည်ဝါမှု အတွဲထက် များစွာ လျော့နည်းနေသည်မှာ အသုံးပြုသူအတွက် သတ်မှတ်ချက်များ တင်းကျပ်လွန်းသောကြောင့် ဖြစ်သည်။ ထို့ပြင် အလင်းအစောင့်အရှောက် အတွဲမှာ တစ်ခုတည်းသာ ရှိသော်လည်း ခမ်းနားထည်ဝါမှု အတွဲမှာ ကုန်သွယ်ရေးစင်တာ၏ စံနမူနာသုံး ပစ္စည်းဖြစ်ပြီး အများအပြား ထုတ်လုပ်နိုင်သည်။