← Chapters

ဒါက သဘာဝတရားကို ဆန့်ကျင်နေတယ်...

Vol. 18 Ch. 175

ဒါက သဘာဝတရားကို ဆန့်ကျင်နေတယ်...

Vol. 18 Ch. 175

“ဒါနဲ့... ခုနက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူလည်း သေသွားပြီဆိုတော့ ချင်းရန်ရဲ့ ဂူသင်္ချိုင်းမှာ အသက်ရှင်နှုန်းက တိုးလာသင့်တယ် မဟုတ်လား...”

ချန်ဟွိုက်အန်သည် အဓိကတာဝန်ဘောင်နှင့် လီချင်းရန်၏ အခြေအနေပြဘောင်ကို ဖွင့်လိုက်ရာ ထိတ်လန့်သွားတော့သည်။

သူတို့နှစ်ဦး၏ ရင်းနှီးမှုအဆင့်က ၁၉ အထိ ကျဆင်းသွားသည်လား...

သေချာကြည့်လိုက်ရာ အခြေအနေပြအတန်းတွင် တစ်ခုခု ထူးခြားနေသည်ကို သူ သတိပြုမိ လိုက်သည်။

[ လီချင်းရန်၏ ရင်းနှီးမှုအဆင့် - ♡ ၁၉ (တိတ်တခိုးစွဲလမ်းမှု) ]

“နေပါဦး... ဒီနှလုံးသားပုံစံက ဘာလဲ။ ရင်းနှီးမှုအမှတ် ၁၀၀ ပြည့်သွားရင် နှလုံးသားတစ်ပွင့် ပုံစံမျိုး ပြောင်းသွားတာလား...”

ဒါပေမဲ့ ဘာလို့ နှလုံးသားက မီးခိုးရောင် ဖြစ်နေရတာလဲ။ သုံးပြီးသား ဂိမ်းပစ္စည်းတစ်ခုနဲ့ တူနေတယ်။

ချန်ဟွိုက်အန် ခေါင်းကုတ်လိုက်မိသည်။

“ထားလိုက်ပါတော့လေ။ ချင်းရန်က ငါ့ကို တိတ်တခိုး သဘောကျနေသေးတယ်ဆိုတာ သိရရင်ပဲ လုံလောက်ပါပြီ...”

ဘာလို့ အချစ်ကို အတည်မပြုတာလဲ ဟုတ်လား။

ဟား... အဲဒါက အတွေးအခေါ် သိမ်ငယ်လွန်းရာရောက်တယ်။

တစ်ဖက်သတ် အားကိုးတကြီး အချစ်ခံရတာက... အကောင်းဆုံး ခံစားချက် မဟုတ်ဘူးလား။

စဉ်းစားကြည့်....

နေဝင်ချိန် ပြတင်းပေါက်မှာ ဆည်းဆာရိပ်တွေ လွှမ်းနေတဲ့အချိန် ညနေခင်း ခေါင်းလောင်းသံ မမြည်ခင်ကတည်းက လှုပ်ရှားနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြည့်တွေ။ မနက်ခင်း နှင်းရည်တွေ စိုနေတဲ့ ချယ်ရီပန်းတွေလို သူရဲ့ မျက်ဝန်းတွေက မင်းရဲ့ ကျောပြင်နောက်မှာ ဝဲပျံနေပြီးတော့ လှည့်ကြည့်လိုက်တဲ့အခါ တုန်ယင်ကွဲကြေသွားတတ်သလိုမျိုး။ ဖြူဖျော့တဲ့ ပါးပြင်ပေါ်မှာ လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံလို ခတ်နေတဲ့ မျက်တောင်ဖျားလေးတွေပဲ ကျန်ရစ်ခဲ့တာမျိုး...

ဒီလို မြင်ကွင်းမျိုးက တိတ်တခိုးအချစ်နဲ့ ရူးသွပ်နေတဲ့ မိန်းကလေးဆီမှာပဲ တွေ့နိုင်တာ...

၎င်းမှာ သူ၏ တကယ့်တိုက်ခိုက်ရေးစွမ်းရည်က ရှက်စရာကောင်းလောက်အောင် အားနည်းနေ၍ တစ်နေ့နေ့မှာ လူမိသွားပြီး လီချင်းရန်ရှေ့ မျက်နှာမပြရဲမည်ကို ကြောက်နေခြင်းကြောင့် လုံးဝ မဟုတ်ပေ။

ထိုအတွေးကို ဘေးဖယ်ထားလိုက်ပြီး သူ၏ အဓိကတာဝန်ကို အာရုံစိုက်လိုက်သည်။

[ လီချင်းရန်၏ ဂူသင်္ချိုင်းအသက်ရှင်နှုန်း - ၈၂% ]

ကြိုးကိုင်သူတစ်ယောက်ကို သတ်လိုက်ရုံနဲ့ ၆၁%ကနေ ၈၂%ထိ တက်လာတာပဲ။

“ဒါက ယုတ္တိရှိလို့လား... ဒီလောက်အထိ ဖြစ်နိုင်လို့လား...”

အမှန်တကယ်တွင်...

“၈၂%နဲ့ သုည% က ဘာကွာလို့လဲ...”

“မရသေးဘူး၊ ဒါက မလုံလောက်သေးဘူး။ ဒီနှုန်းကို တိုးဖို့ တခြားနည်းလမ်း ရှိရမယ်...”

ချန်ဟွိုက်အန် မျက်လုံးကို မှေးလိုက်၏။

နောက်ထပ် ကြိုးကိုင်သူတွေကို လိုက်သတ်ဖို့က လောလောဆယ် မဖြစ်နိုင်သေးဘူး။ ရန်သူက လိပ်ခွံထဲမှာ ပုန်းနေကြလောက်ပြီ။

လီချင်းရန်ရဲ့ အင်အားကလည်း တစ်ညတည်းနဲ့ မိုးပေါ်ပျံတက်သွားမှာ မဟုတ်ဘူး။ ဒါက အချက်အလက်တွေကို ချက်ချင်းမြှင့်လိုက်လို့ရတဲ့ ဂိမ်းမှမဟုတ်တာ။

သူ့အတွက် ဆေးလုံးတွေကနေ စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းတွေအထိ လိုအပ်သမျှ ကျင့်ကြံခြင်းအထောက်အကူ ပစ္စည်းအားလုံးကို အစွမ်းကုန် ပေးထားပြီးသား။

ကျင့်ကြံခြင်း လမ်းစဉ်က လက်တွေ့ကျကျ ခြေတစ်လှမ်းချင်း လျှောက်ရတာမျိုး ဆိုတော့ကာ အလောတကြီး လုပ်ရင် ဘေးဒုက္ခပဲ ကြုံရလိမ့်မယ်။

သူ၏ အကြည့်က အခန်းထဲကို ဝေ့ဝဲကြည့်လိုက်ရာ အပြင်ဘက်တွင် အရက်သောက်ရင်း ငိုက်မြည်းနေသော ယွဲ့ချန်ချီထံသို့ ရောက်ရှိသွား၏။

ယွဲ့ချန်ချီနှင့် ဓားကျောင်းတော် တပည့်များစွာမှာ လီချင်းရန်၏ အဖော်များ ဖြစ်ကြောင်း သိထားကြသည်။

အသင်းဖော်တွေက ဘာလုပ်ရတာလဲ။ အချင်းချင်း ကူညီစောင့်ရှောက်ရတာပေါ့။ ဒါကြောင့် အဖော်တွေ အစွမ်းထက်လာတာက သူ့ရဲ့ ကာကွယ်ရေးစနစ် အားကောင်းလာတာပဲ။ လုံခြုံမှု မြှင့်တင်ရေး နိယာမအရ အသင်း ပိုသန်မာလေ၊ ချင်းရန် ပိုပြီးတော့ ဘေးကင်းလေပဲ။

ချန်ဟွိုက်အန် ချက်ချင်းပင် အကြံတစ်ခု ရသွားခဲ့သည်။

“ယွဲ့ချန်ချီ...”

အပြင်ဘက်တွင် မူးဝေနေသော အမျိုးသမီးကို သူ လက်လှမ်းခေါ်လိုက်သည်။

“အမ်...”

တစ်ဝက်တစ်ပျက် မူးနေသော ယွဲ့ချန်ချီမှာ ဝေဝါးစွာဖြင့် မျက်တောင်ခတ်ရင်း အရက်နံ့ကြောင့် ရီဝေနေသော နီမြန်းနေသည့် မျက်နှာကို မော့ကြည့်လာသည်။

“အေ့... ဘိုး...ဘိုးဘေး... ကျွန်မကို ခေါ်တာလား။”

“ဟုတ်တယ်။ မင်းကိုပဲ...”

ဇဝေဇဝါ ဖြစ်နေသော်လည်း ယွဲ့ချန်ချီက အဝတ်အစားများကို အမြန်ပြင်ဝတ်ကာ ခါးပတ်ကို တင်းတင်းချည်လိုက်ရာ ထွားကျိုင်းလှသော ရင်အုပ်ကြီးမှာ ဝတ်ရုံကို ဖောက်ထွက်တော့မတတ် မို့မောက်လာ၏။

သူက ဘာမှမသိသလိုပင် ယိမ်းထိုးလျက် ရှေ့သို့တိုးကာ အရိုအသေပေးလိုက်၏။

“ဘိုးဘေး... အေ့...ဘိုးဘေးက ... အေ့... ဒီဂျူနီယာလေးကို ဘာကိစ္စအတွက် ခေါ်တာလဲ...”

ချန်ဟွိုက်အန် ဘာမှမပြောခဲ့။ သူက “ပုံရိပ်‌ယောင်ကောင်မလေးစျေးဆိုင်”ကို ဖွင့်လိုက်ပြီး ဝယ်ယူမှုများ စတင်တော့သည်။

မဟာနလန်ထူဆေးလုံး အလုံး ၁၀၀ - ဝယ်မယ်...

အလတ်စား ဝိညာဉ်သလင်းကျောက်တုံး ၁၀၀ - ဝယ်မယ်...

အထူးအဆင့် အနှစ်သာရပြန်လည်ဖြည့်တင်းဆေးလုံး အလုံး ၁၀၀ - ဝယ်မယ်...

အလတ်စား ဓားပျံ ဝယ်မယ်... ပိုပိုလိုလို သုံးလက်တောင် ဝယ်လိုက်မယ်။

အလတ်စား မိုးကြိုးမီးအဆောင်၊ ချပ်ကာနက်အဆောင် - ဝယ်မယ်... တစ်မျိုးကို အခု ၁၀၀စီ...

အကြီးအကျယ် ဈေးဝယ်ပြီးနောက် ချန်ဟွိုက်အန်က ရရှိလာသော ပစ္စည်းပုံကြီးကို ယွဲ့ချန်ချီ၏ ရှေ့တည့်တည့်တွင် ပုံချလိုက်၏။

သူက လက်ကို ဝင့်ဝင့်ကြွကြွ ဝှေ့ယမ်းလိုက်ရင်း ပြောသည်။

“ဒါတွေအားလုံး မင်းအတွက်ပဲ...”

ယွဲ့ချန်ချီက ထိုရတနာပုံကြီးကို အတော်ကြာအောင် ကြောင်ကြည့်နေခဲ့သည်။

ထို့နောက် ဘာသတိပေးချက်မှ မရှိဘဲ သူဘာသာ ပါးကို ဖြတ်ခနဲ ရိုက်ချလိုက်၏။ သူ၏ အစွမ်းကုန် အားထည့်ထားသည့်အတွက် အသံက စူးရှကျယ်လောင်လှသည်။

ချန်ဟွိုက်အန်၏ မျက်တောင်များ လှုပ်ခတ်သွား၏။

သူ တစ်ခုခု မပြောနိုင်ခင်မှာပင် ယွဲ့ချန်ချီ ဒူးထောက်ကျလာပြီး ဦးတိုက်တော့သည်။

“ဘိုးဘေး..အေ့....ရှင်က အနည်းဆုံး အသက်တစ်ထောင် ရှိပြီဆိုတာ ကျွန်မ သိပါတယ်။ အေ့... ဒါပေမဲ့ ဒါက ရှင့်ရဲ့ ဆန္ဒဆိုရင်တော့... ကျွန်မ... ကျွန်မ မငြင်းရဲပါဘူး... ဒီကိုယ်လုပ်တော်.. အဟွတ်...ဒီတပည့်မက... ကံကြမ္မာကို လက်ခံပါတယ်...”

ချန်ဟွိုက်အန် - “...”

နေပါဦး။ ဘာလားဟ...

ငါ ဆိုလိုတာက ဒါမဟုတ်ဘူးလေ...

တရားမှတ်နေသော လီချင်းရန်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ သူ၏ ဉာဏ်အလင်း ပွင့်ခြင်းမှ ပြန်ထွက်လာတော့မည့် ပုံပေါ်နေသည်။

ချန်ဟွိုက်အန် ပျာယာခတ်သွားပြီး အမြန် ချောင်းဟန့်လိုက်ရသည်။

“ဒီငတုံးမတော့... ငါ ဆိုလိုတာ အဲဒါမဟုတ်ဘူး...”

လီချင်းရန်၏ တွန့်နေသော မျက်ခုံးများ ပြေလျော့သွားပြီး နှုတ်ခမ်းထောင့်များက အပေါ်သို့ အနည်းငယ် ကွေးညွှတ်သွား၏။

တစ်ဖက်တွင်မူ ယွဲ့ချန်ချီမှာ ထိတ်လန့်သွားပြီး မျက်လုံးထဲမှ အရက်ရှိန်များပင် ပျောက်ကွယ် သွားတော့သည်။

သူ၏ နှုတ်ခမ်းများ တုန်ယင်နေ၏။

“ဒါ...ဒါဆိုရင်... ဘိုးဘေးက ကျွန်မကို မွေးစားသမီးအဖြစ် အရင်သတ်မှတ်ပြီးတော့... နောက်မှ...”

သူ အသက်ရှူ မှားသွားလေသည်။

“မဖြစ်ဘူး... ဘိုးဘေး... ဒါက သဘာဝတရားကို ဆန့်ကျင်နေတာပဲ......”

ချန်ဟွိုက်အန်၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွား၏။

သူ အနည်းငယ် လှည့်ကြည့်လိုက်သောအခါ လီချင်းရန်၏ အကြည့်ထဲတွင် နှင်းမုန်တိုင်းတစ်ခု ကျရောက်တော့မည့်အလား မြင်လိုက်ရလေသည်။

“ပါးစပ်ပိတ်ထား...” သူက ငေါက်လိုက်သည်။ “မင်းကို အလားအလာရှိတဲ့ မျိုးဆက်သစ် တစ်ယောက်အဖြစ် မြင်လို့ အခွင့်အရေး ပေးတာပဲ။ ယူရင်ယူ၊ မယူရင် ထားခဲ့...”

သူက ပစ္စည်းတွေကို ပြန်သိမ်းမည့်ဟန်ဖြင့် လက်လှမ်းလိုက်၏။

သို့သော် သူလက်မလှမ်းမီမှာပင် ယွဲ့ချန်ချီက ပစ္စည်းပုံကြီးပေါ်ကို ခုန်အုပ်လိုက်ပြီး လူမိုက် တစ်ယောက်လို တင်းတင်းကြပ်ကြပ် ဖက်ထားတော့သည်။

“ကျေးဇူးတင်ပါတယ် ဘိုးဘေး... အသက်တစ်သောင်းကျော်ပါစေ...”

သူက မြေပြင်ကို ဆယ်ကြိမ် ဆက်တိုက် ဦးတိုက်လိုက်၏။

ချန်ဟွိုက်အန်က လီချင်းရန်ကို လှည့်ကြည့်လိုက်သည်။

သူ၏ မျက်နှာပေါ်က ရေခဲလွှာပါးလေးမှာ အရည်ပျော်သွားပြီး ချိုမြိန်သော အပြုံးရိပ်လေးက အစားထိုးဝင်ရောက်လာသည်။

ချန်ဟွိုက်အန်၏ မျက်နှာက မည်းမှောင်သွား၏။

တစ်ချိန်တည်းမှာပင် သူ သက်ပြင်းချရင်း စိတ်အေးသွားသော်လည်း လီချင်းရန်ကို ဆူပူ လိုက်မိသေးသည်။

“မင်းက ဉာဏ်အလင်းပွင့်မှုထဲမှာ ရှိနေရမှာလေ။ ဘာလို့ ဘေးပတ်ဝန်းကျင်ကို ဒီလောက် အာရုံစိုက်နေရတာလဲ... မင်းက ဘာလဲ။ အရာရာကို သိနေတဲ့ နတ်ဘုရားကျင့်ကြံသူလား...”

ငှက်ကလေးတစ်ကောင် ဆိတ်လိုက်သလို လီချင်းရန်၏ လည်ပင်းလေးက ဆတ်ခနဲ ဖြစ်သွားပြီး ဝါးပင်တစ်ပင်လို ကျောကို မတ်လိုက်ကာ တည်ကြည်သော မျက်နှာထားကို ချက်ချင်း ပြန်ဖော်လိုက်၏။

“တော်ပြီ။ ပစ္စည်းတွေယူပြီး သွားတော့။ ကြိုးကြိုးစားစား ကျင့်ကြံ။ မောက်မာမလာစေနဲ့။”

ချန်ဟွိုက်အန်က ပင်ပန်းနွမ်းနယ်လျက် နားထင်ကို ပွတ်ရင်း ယွဲ့ချန်ချီကို လက်ကာပြကာ လွှတ်လိုက်သည်။

“နားလည်ပါပြီ ဘိုးဘေး... ဒီတပည့် ဘယ်တော့မှ မမောက်မာပါဘူး...”

ယွဲ့ချန်ချီက ရသမျှပစ္စည်းတွေကို သိုလှောင်အိတ်ထဲ ထိုးထည့်၊ ကျန်သောအရာများကို ဝတ်ရုံထဲ အတင်းထည့်ပြီး ချန်ဟွိုက်အန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သည့်အလား နောက်ပြန်ဆုတ်ရင်း အမြန် ထွက်သွားတော့သည်။

သူ အခန်းအပြင်ရောက်သွားသည်နှင့် အရူးအမူး အော်ဟစ်သံကြီး တစ်ခု ဟိန်းထွက်လာ၏။

“ဟားဟားဟားဟားဟားဟားဟား... ငါ ချမ်းသာပြီဟေ့...... တကယ်ကြီး ချမ်းသာပြီကွ.... ဟားဟားဟားဟား....”

ချန်ဟွိုက်အန် - “...”

“မမောက်မာပါဘူး”ဆိုတဲ့ စကားက ဘယ်ရောက်သွားတာလဲ...

လီချင်းရန်ရဲ့ အသက်ရှင်နှုန်းကို လှမ်းကြည့်လိုက်ရာ သေချာပေါက် တိုးလာခဲ့သည်။

[ လီချင်းရန်၏ ဂူသင်္ချိုင်း အသက်ရှင်နှုန်း - ၈၄% ]

“အောင်မြင်တယ်......”

ချန်ဟွိုက်အန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်လုံးများမှာ ပြတ်သားမှုများဖြင့် တောက်လောင်နေ၏။

ဒီနှုန်းအတိုင်းဆိုရင် လျိုရှားတောင်ထွတ်က လူတိုင်းကို လာဘ်ထိုးလိုက်ရုံနဲ့ လီချင်းရန်ရဲ့ အသက်ရှင်နှုန်းက မကြာခင် ၁၀၀% ပြည့်သွားတော့မှာပဲ...

ဘယ်လောက်ကုန်မလဲ။

သန်းနဲ့ချီလား၊ သန်းတစ်ထောင်လား...

ဒါတွေက ဘာမှမဟုတ်ပါဘူး။

ချန်ဟွိုက်အန်က ထက်မြက်လှသော မဟာဗျူဟာအတွက် ဂုဏ်ယူနေစဉ်မှာပင် တစ်ခုခု ပြောင်းလဲသွားခဲ့သည်။

သူ၏ အနောက်တွင် ထိုင်နေတဲ့ မိန်းကလေးက လှုပ်ရှားလာခဲ့သည်။

လီချင်းရန်... အဆင့်တက်သွားလေပြီ။

သူ၏ အန္တိမအဆင့် ဒန်တျန်ကြောင့် ဉာဏ်အလင်းရနေစဉ်မှာပင် ပြင်ပလောကကို အနည်းငယ် သိရှိနေခဲ့ခြင်း ဖြစ်သည်။

သို့သော် ဆရာဖြစ်သူ ဘေးနားမှာ ရှိနေပေးသဖြင့် အပူအပင်ကင်းကင်းနှင့် ဉာဏ်အလင်းထဲတွင် အပြည့်အဝ နစ်မြုပ်နိုင်ခဲ့ခြင်းပင်။

ချန်ဟွိုက်အန်၏ ဓားကွက်ပုံရိပ်များက စိတ်ထဲ ထပ်ခါတလဲလဲ ပေါ်လာပြီး လှုပ်ရှားမှုတိုင်းက ပိုမိုထင်ရှားလာသည်။

ထို့နောက်...

ထက်မြက်လှသော စွမ်းအင်တစ်ခုက သူ၏ဒန်တျန်ထဲမှ ထွက်ပေါ်လာ၏။

သူ၏မျက်ခုံးများ လှုပ်ခတ်သွားခဲ့သည်။

သူ့ကို တားဆီးထားသည့် တစ်ဆို့မှုမှာ ကြေကွဲသွားပြီး အကြောများထဲသို့ ပျော်ဝင်သွား၏။

အခြေခံအုတ်မြစ်အဆင့် နောက်ဆုံးအဆင့်....အောင်မြင်သွားလေပြီ။

တစ်ချိန်တည်းမှာပင် ချန်ဟွိုက်အန်၏ ဖုန်းထဲတွင် အကြောင်းကြားချက်တစ်ခု ပေါ်လာ၏။

[ သင့်ရဲ့ ပုံရိပ်ယောင်ကောင်မလေးက အခြေခံအုတ်မြစ်အဆင့် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပါပြီ။ အထူးတိုက်ပွဲဝင်ဆုလာဘ်အသစ်ကို ဖွင့်လှစ်လိုက်ပါပြီ ]

....

All Chapters