← Chapters

ပြုပြုင်မွမ်းမံသူ

Vol. 18 Ch. 178

ပြုပြုင်မွမ်းမံသူ

Vol. 18 Ch. 178

မိစ္ဆာလမ်းစဉ်ကို လူများ ထိုမျှ ရွံရှာကြရခြင်းမှာ အကြောင်းပြချက်က ရိုးရှင်းပေသည်။ ၎င်းက လူမဆန်၍ပင်။

“သတ်တယ်ဆိုတာ ညှဉ်းပန်းတာ မဟုတ်ဘူး။ ကြက်တစ်ကောင်ကို သတ်ဖို့ ကြက်လည်ပင်းကို ချိုးလိုက်တာက မိစ္ဆာလမ်းစဉ် မဟုတ်ဘူး။ ကြက်ကို အသက်ရှင်လျက်နဲ့ ရေနွေးပူထဲ နှစ်ပြီးမှ အမွေးညှပ်နဲ့ အမွေးတွေ တစ်ပင်ချင်း ဆွဲနှုတ်တာမျိုးကတော့... မိစ္ဆာလမ်းစဉ်ပဲ။”

ဒီယုတ္တိက တိရစ္ဆာန်တွေကို ညှဉ်းပန်းနှိပ်စက်တဲ့သူတွေနဲ့လည်း အတူတူပဲ။

ချန်ဟွိုက်အန်သည် ကောင်းကင်မိစ္ဆာကျင့်စဉ် တစ်ခုလုံးကို ဖတ်ရှုရန် နာရီဝက်ခန့် အချိန်ပေးလိုက်သည်။ သူ မလေ့ကျင့်ရသေးခင်မှာတင် စိတ်ဓာတ်များမှာ လူသတ်သမား တစ်ယောက်လို ဖြစ်တည်လာသကဲ့သို့ ခံစားလိုက်ရ၏။ အကြောင်းမှာ ထိုကျင့်စဉ်က... အလွန်ပင် ယုတ်မာကောက်ကျစ်လွန်း၍ပင်။

၎င်း၏ ရွံရှာဖွယ်ကောင်းသော နည်းလမ်းများစွာထဲတွင် အဆိုးဝါးဆုံးမှာ မိစ္ဆာမျက်လုံးကို သန့်စင်ခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ရန်အတွက်...

မိမိ၏ အနီးကပ်ဆုံး ဆွေးမျိုးသားချင်းများ၏ အသွေးအသားကို စားသုံးရမည်။

သူတို့၏ နာကျင်မှုနှင့် ကြောက်ရွံ့မှုများကို စွမ်းအင်အဖြစ် ပြောင်းလဲရမည်။

“ဆွေမျိုး”ဆိုသည်မှာ မိသားစုဝင်များသာမက ကျင့်ကြံသူကို အမှန်တကယ် ချစ်မြတ်နိုးခဲ့ဖူးသည့် မည်သည့် တာအိုအဖော်ကိုမဆို ဆိုလိုသည်။

၎င်းအပြင် ထိုလုပ်ငန်းစဉ် အောင်မြင်ရန်အတွက် အနည်းဆုံး ဝိညာဉ် ၉၉ခုကို ယဇ်ပူဇော်ရမည် ဖြစ်သည်။

လုံးဝကို ရူးမိုက်တဲ့ အလုပ်ပဲ...

တစ်ဖက်တွင်မူ ဒီရေလှိုင်းကျင့်စဉ်မှာ ယှဉ်ကြည့်လျှင် အလွန်ပင် နူးညံ့လွန်းနေ၏။

“နည်းနည်းလောက်... ပိုပြီး ကြမ်းတမ်းတဲ့ အရာမျိုး မရှိဘူးလား။”

ထိုသို့ တွေးမိသည်နှင့် ချန်ဟွိုက်အန်က စိတ်ထဲရှိ ကြက်သွေးနီနှလုံးသားအမြင်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်ပြီး ၎င်းကို ကောင်းကင်မိစ္ဆာကျင့်စဉ် အပေါ်တွင် အသုံးချလိုက်သည်။ ထိုသို့ လုပ်ဆောင်လိုက်သည်နှင့် ကျောက်ပြားကြီးမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

ကောင်းကင်မိစ္ဆာကျင့်စဉ်။

[ပြုပြင်မွမ်းမံနိုင်သော အချက်များအား ကြိုတင်ကြည့်ရှုခြင်း]

ကောင်းကင်နှင့် မြေကြီး၏ မွေးဖွားခြင်း မရှိသေးသော ချီစွမ်းအင်များကို ခိုးယူခြင်းမှသည် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများထံမှ မိစ္ဆာစွမ်းအင်များကို စုပ်ယူခြင်း...

သတ္တဝါအားလုံး၏ မယိမ်းယိုင်သော စိတ်ဝိညာဉ်များကို သန့်စင်ခြင်းမှသည် မိစ္ဆာသတ္တဝါများနှင့် ဝိညာဉ်ဆိုးများ၏ ဝိညာဉ်များကို သန့်စင်ခြင်း...

အရိုးကို ထင်းအဖြစ်၊ သွေးကို ဆီမီးအဖြစ် သုံးခြင်းမှသည် မိစ္ဆာများနှင့် ဝိညာဉ်ဆိုးများ၏ အရိုးနှင့် သွေးကို လောင်စာအဖြစ် သုံးခြင်း...

ကိုးဆင့် အတိဒုက္ခမိုးကြိုးမီးဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်းမှသည် ကိုး-ကိုး ခရမ်းရောင် ကောင်းကင် နတ်ဘုရားမိုးကြိုးဖြင့် ခန္ဓာကိုယ်ကို သန့်စင်ခြင်း...

ဒေါသ၊ ရမ္မတ်၊ လောဘနှင့် အာဃာတများဖြင့် မိစ္ဆာမျက်လုံးကို သန့်စင်ခြင်မှသည် သမာဓိ အစစ်အမှန်မီးတောက်ဖြင့် မီးလျှံမျက်လုံးကို သွန်းလုပ်ခြင်း...

စိတ်ခံစားချက် (၇)ပါးကို နှောင်ကြိုးအဖြစ်သုံး၍ နဂါးရိုးတွင်းခြင်ဆီကို ချည်နှောင်ခြင်းမှသည် ယင်နှင့်ယန် ပေါင်းစပ်ခြင်းဖြင့် နဂါးကျောရိုးကို ဖြစ်တည်စေခြင်း...

လူအများ၏ အော်ဟစ်ငိုကြွေးသံများဖြင့် နှလုံးသားမီးလျှံကို ဆူပွက်စေခြင်းမှသည် သတ္တဝါ အားလုံး၏ ယုံကြည်ကိုးကွယ်မှုဖြင့် ရွှေခန္ဓာကို သွန်းလုပ်ခြင်း...

နေနှင့်လကို အဆင်တန်ဆာအဖြစ် ဝတ်ဆင်ကာ၊ ကြယ်များကို လက်ဖဝါးထဲတွင် ဖုန်မှုန့်အဖြစ် ချေမွပစ်မည်။ ယခုလမ်းစဉ်၏ အထွတ်အထိပ်တွင် ကောင်းကင်ကို သန့်စင်မည်။ မြေကြီးကို သန့်စင်မည်။ မိစ္ဆာများကို သန့်စင်မည်။ မကောင်းမှုအားလုံးကို လောင်စာအဖြစ် အသုံးပြု၍ လောင်ကျွမ်းစေမည်...

ချန်ဟွိုက်အန် အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေမိပြီး စိတ်ကူးများ လုံးဝကို ပေါက်ကွဲထွက် သွားတော့သည်။

“ဟာ့... ဒါက တကယ့်ကို အဆုံးစွန် ကျင့်စဉ်ပြုပြင်ရေး စနစ်ပဲ...”

ဒါ... ဒါက...

“ဘယ်သူမှ ငါ့ကို ချင်းယွန်ဘုံရဲ့ ထိပ်ဆုံးကို မတင်ပေးနိုင်ရင်... ငါ့ဘာသာငါ နည်းလမ်းမျိုးစုံသုံးပြီး တက်မယ်...”

ဒါက ကောင်းကင်မိစ္ဆာကျင့်စဉ် ဟုတ်သေးရဲ့လား။ ဒါက တကယ့်ကို နတ်ဘုရားအဆင့်ရှိတဲ့ ခန္ဓာကိုယ် လေ့ကျင့်ရေး ကျင့်စဉ်ကြီး ဖြစ်သွားပြီ...

ပိုကောင်းတာက... မိစ္ဆာတွေနဲ့ ဝိညာဉ်ဆိုးတွေအတွက်တော့ ဒါက အိပ်မက်ဆိုးကြီးပဲ။

ဒီရေလှိုင်းကျင့်စဉ်က မှော်ပညာကို အခြေခံသော ကျင့်စဉ်ဖြစ်ပြီး... ယခု ကောင်းကင်မိစ္ဆာ ကျင့်စဉ်က ခန္ဓာကိုယ် ကျင့်ကြံသော လမ်းစဉ် ဖြစ်သွားလေပြီ။ ချန်ဟွိုက်အန်က ကျင့်စဉ် နှစ်ခုလုံးကို ပေါင်းစပ်ကျင့်ကြံရင်း မိစ္ဆာများကို လက်ဗလာနှင့်ဖမ်းကာ နေရာတွင်တင် သန့်စင်ပစ်မယ့် မိမိကိုယ်ကိုယ် စိတ်ကူးကြည့်နေမိသည်။

သန့်စင်မယ်...

ငါ ဒါကို သန့်စင်ရမယ်...

ချန်ဟွိုက်အန်က ထိုကျောက်ပြားကို အလွန်တန်ဖိုးရှိသော ရတနာတစ်ခုလို ကိုင်ထားလိုက်သည်။ အဝေးရောက် ချစ်သူအတွက် စိုးရိမ်နေရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်မှာ သူ၏ အစစ်အမှန် ခန္ဓာကိုယ်က ကိုယ်ပွားနှင့် ယှဉ်လျှင် အလွန်အားနည်းနေ၍ပင်။ သို့သော်လည်း သူက ၎င်းကို အကုန်ကျွမ်းကျင်သွားပြီး မည်သူမှ မတားနိုင်သော တန်ခိုးရှင် ဖြစ်လာခဲ့လျှင်တော့...

အဲဒီနေ့ကျရင် ချင်းရန်နဲ့ လူချင်းတွေ့တဲ့အခါ ကုတင်ပေါ်မှာ လက်နက်ချဖို့ကလွဲပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး...

“ပြုပြင်မယ်...”

[ကောင်းကင်မိစ္ဆာကျင့်စဉ်ကို ပြုပြင်မွမ်းမံမှုများ အတည်ပြုမလား။ မူလကျောက်ပြားကို သိမ်းဆည်းထားပါမည်။]

“ပြုပြင်မယ်...”

[ ကျင့်စဉ်အသစ်အတွက် နာမည်ပေးပါ ]

ချန်ဟွိုက်အန်က မေးစေ့ကို ပွတ်လိုက်ရင်း ပြုံးလိုက်သည်။

“နာမည်ပြောင်းစရာ မလိုပါဘူး။ ကောင်းကင်မိစ္ဆာကျင့်စဉ်လို့ပဲ ဆက်ထားမယ်။”

ဝှစ်...

မူလကျောက်ပြားနက်ကြီးရဲ့ ဘေးတွင် ကျောက်ပြားအသစ်တစ်ခု ပေါ်လာသည်။ အမြဲပင် မိစ္ဆာစွမ်းအင်များ ယိုစိမ့်နေသော ကျောက်ပြားဟောင်းနှင့် မတူဘဲ... ကျောက်ပြားအသစ်ကတော့ ရွှေရောင်မီးလျှံများ တောက်ပနေပြီး ဖြောင့်မတ်စင်ကြယ်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။

ချန်ဟွိုက်အန်က ကျောက်ပြားနက်ကို သိမ်းထားလိုက်သည်။

ဒါက ချိန်ကိုက်ဗုံး တစ်လုံးလိုပဲ...

ဘယ်အချိန်မှာ အသုံးဝင်လာမလဲဆိုတာ ဘယ်သူသိမှာလဲ။

ထို့နောက် သူက ပြုပြင်ထားသော ကျင့်စဉ်၏ ပထမဆုံးအခန်းကို ဖွင့်လိုက်သည်။

သွေးပိုးအိမ်သန့်စင်ခြင်း။

လုပ်ငန်းစဉ်က ရိုးရှင်းပေသည်။

မိစ္ဆာ သို့မဟုတ် ဝိညာဉ်ဆိုး ၁၀၀၏ အသွေးအသားကို စုပ်ယူပြီး မိမိ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ကာ စစ်မှန်သော စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် အသားအရေ အလွှာသစ် တစ်ခုကို ဖန်တီးရမည်။

သူက မိစ္ဆာများကို စားသုံးလေလေ၊ ခန္ဓာကိုယ်သစ်က ပိုမိုသန်မာလေလေ ဖြစ်လိမ့်မည်။ မိစ္ဆာ ၁၀၀ဆိုသည်မှာ နောက်ထပ်အတွဲကို ဖွင့်ရန်အတွက် အခြေခံအဆင့်သာ ရှိနေသေးသည်။

တစ်ခု သတိထားရမည်မှာ...

ကျင့်စဉ်၏ သဘောတရား ပြောင်းလဲသွားသော်လည်း အနှစ်သာရက မပြောင်းလဲသွားပေ။ ဥပမာအားဖြင့် သူက ကောင်းကင်မိစ္ဆာကျင့်စဉ်ဟောင်းရဲ့ စာမျက်နှာ နှစ်ခုကို ကျောက်ပြား အသစ်ဘေးတွင် ထားလိုက်သောအခါ ၎င်းတို့က ပေါင်းစည်းရန် ကြိုးစားကြသည်... သို့သော် ကျောက်ပြားအသစ်၏ ဖြောင့်မှန်သော အရှိန်အဝါက ၎င်းတို့ကို လုံးဝ လက်မခံခဲ့ပေ။

၎င်းမှာ စာမျက်နှာဟောင်းများက ကျောက်ပြားအသစ်ကို သခင်အဖြစ် အသိအမှတ်ပြုရန် ကြိုးစားနေသော်လည်း ကျောက်ပြားအသစ်က ၎င်းတို့ကို အသိအမှတ် မပြုခြင်းနှင့် တူနေ၏။

ဆိုလိုသည်မှာ... သူက ပြုပြင်ထားသော ကျင့်စဉ်ကို ကျင့်ကြံနေလျှင်ပင် မူလ ကောင်းကင်မိစ္ဆာ ကျင့်စဉ် ကျင့်ကြံတဲ့သူများကို ထိန်းချုပ်ထားနိုင်ဦးမည် ဖြစ်နေခြင်းပင်။

“ဒါ... ဒါက စိတ်ဝင်စားဖို့ ကောင်းလာပြီ။”

မကောင်းကြံမည့် အကြံအစည်များနှင့် အမြတ်ထုတ်မည့် နည်းလမ်းများက သူ့ခေါင်းထဲ ချက်ချင်း ရောက်လာတော့သည်။

“ဟီးဟီးဟီး... ချင်းရန်ရေ... အားဖြည့်ရမယ့်အချိန် ရောက်ပြီ။ ငါတို့ မိစ္ဆာတွေ ပိုလိုတယ်... မိစ္ဆာတွေ ဘယ်မှာလဲ...”

ချန်ဟွိုက်အန် အလွန်ပင် စိတ်လှုပ်ရှားနေ၏။ မိစ္ဆာနှိမ်နင်းသူဗျူရိုတွင် ဆုကြေးငွေ ထုတ်ထားသော မစ်ရှင် အများအပြားရှိပြီး ထိုအထဲမှ အများစုက မိစ္ဆာများနှင့် ဝိညာဉ်ဆိုးများကို လိုက်လံနှိမ်နင်းရခြင်း ဖြစ်သည်။ သူ မစ်ရှင်အချို့ကို သွားယူချင်နေလေပြီ...

သို့သော် အချိန်ကို ကြည့်လိုက်ရာ မနက် ၄နာရီခွဲနေပြီ ဖြစ်သည်။

“ထားပါတော့... မနက်တောင် ရောက်တော့မယ်။ အိပ်လိုက်တာပဲ ကောင်းမယ်။”

သူက ချီစုစည်းခြင်း ဒုတိယအဆင့်တွင် ရှိနေသော်လည်း အနားယူရန် လိုအပ်နေသေးသည်။ တိကျန်း ဆင်းသက်လာကတည်းက တစ်ခုပြီးတစ်ခု ဖြေရှင်းနေရ၍ လူက အနည်းငယ် ပင်ပန်းနေလေပြီ။

သူ ကုတင်ပေါ် လှဲချလိုက်ပြီး မျက်လုံးမှိတ်ခါနီးမှာပင်... တစ်ခုခုကို သတိရသွား၏။

ဒီနေ့ ငါ ဘယ်သူ့ကိုမှ မနှောင့်ယှက်ရသေးဘူး။

သူ ချက်ချင်းပင် ထထိုင်လိုက်ပြီး ဂိမ်း၏ ဝန်ဆောင်မှုအကွက်ကို ဖွင့်လိုက်သည်။

“ကောင်းကင်နက္ခတ်။ ငါ့ကို ပြောစမ်း။ အဲဒီမိစ္ဆာကျင့်ကြံသူရဲ့ နောက်ကွယ်မှာ ဘယ်သူ ပုန်းနေသေးလဲ...”

သူ ၎င်းကို စမ်းသပ်ဖူးသည်။ ပေးဆပ်ရမည့် တန်ဖိုးကို မပေးလျှင်ပင် ကောင်းကင်နက္ခတ်၏ ထူးဆန်းမှုများ ဖြစ်ပေါ်လာဦးမည် ဖြစ်သည်။ ဆိုလိုသည်မှာ သူ ဘာမှ အကုန်အကျမခံလျှင်ပင် ရန်သူကတော့ တစ်စုံတစ်ယောက် သူ့ကို ချောင်းကြည့်နေသည်ဟု ခံစားရပေလိမ့်မည်။

[ ကောင်းကင်နက္ခတ် တွက်ချက်နေသည်... သတိပေးချက် - ပစ်မှတ်ကို တာအိုရတနာတစ်ခုက ကာကွယ်ထားပါသည်... အတင်းအကျပ် တွက်ချက်ပါက ကံတရားဆုံးရှုံးမှု အနည်းဆုံး အထပ် ၂၀၀၀ ရှိလိမ့်မည်... လက်ရှိ ကစားသူအဆင့်မှာ ထိုဝန်ထုပ်ဝန်ပိုးကို မခံနိုင်ပါ။ တွက်ချက်ခြင်းကို ငြင်းပယ်လိုက်သည်... ]

“အဟက်... နေ့တိုင်း နှောင့်ယှက်ခံရတာကို ပျော်ပျော်ကြီး ခံစားလိုက်တော့။”

ချန်ဟွိုက်အန် ယုတ်မာစွာ ပြုံးလိုက်ပြီး ဖုန်းကို ပိတ်ကာ... နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

တောင်တန်းတစ်သောင်းနယ်မြေ...

တရားထိုင်နေသော လင်းဖူက ရုတ်တရက် ကျောရိုးထဲ စိမ့်တက်သွားသလို ခံစားလိုက်ရ၏။ သူ တစ်ကိုယ်လုံး တုန်ခါသွားပြီး လန့်နိုးလာခဲ့သည်။

ကောင်းကင်ကို မော့ကြည့်လိုက်ရာ မည်းမှောင်နေသော တိမ်တိုက်ကြီးများ လိပ်တက်လာပြီး လျှပ်စီးများ လက်နေသည်ကို တွေ့လိုက်ရသည်။ ရွှေရောင် မျက်လုံးကြီးတစ်ခုက ဘယ်ညာ ဝေ့ကြည့်နေပြီး ဖိအားကြီးသော စောင့်ကြည့်မှု အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။

“ဒီအရှိန်အဝါက... ဒုက္ခပဲ...”

လင်းဖူ၏ မျက်နှာ ပျက်သွားခဲ့လေသည်။ “ဟိုဓားကျင့်ကြံသူပဲ... သူ ငါ့ကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရှာတွေ့သွားတာလဲ...”

သူ၏ တာအိုရတနာကို တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ သူက စောင့်ကြည့်ခံရမှာကို မကြောက်ပေ။ သူ၏အဆင့်မှာ ထိုဓားကျင့်ကြံသူကို အလွယ်တကူ တိုက်ခိုက်နိုင်သည်။ သူ ကြောက်သည်မှာ သူ သေချာ စီစဉ်ထားသော အကြံအစည်များ ပေါ်သွားမည်ကိုပင်။

ကံကောင်းထောက်မစွာဖြင့် ရွှေရောင်မျက်လုံးကြီးမှာ ခဏအကြာတွင် ပျောက်ကွယ်သွားသည်။ စောင့်ကြည့်ခံနေရသည့် ခံစားချက်လည်း ပျောက်သွား၏။

ဂွက်...

သူ၏ တာအိုရတနာပေါ်တွင် အက်ကြောင်းလေးတစ်ခု ပေါ်လာ၏။

“အဟက်... မင်းရဲ့ကံကြမ္မာ အရင်ပျက်စီးမလား၊ ငါ့ရဲ့ရတနာ အရင်ပျက်စီးမလား ကြည့်ရသေးတာပေါ့...”

....

All Chapters