ကြီးလွန်းတာ မြင်မကောင်းဘူးနော်
Vol. 18 Ch. 179
“သခင်ကြီး... တိကျန်း သေဆုံးသွားပါပြီ။”
“သေသွားပြီလား။ သူ ထွက်လာတာ မကြာသေးဘူးလေ... ဘယ်သူသတ်လိုက်တာလဲ...”
“...လူသားတစ်ယောက်ပါ။”
ဟင်းလင်းပြင်၏ နက်ရှိုင်းရာအရပ်တွင် တိတ်ဆိတ်ခြင်း လွှမ်းမိုးသွားသည်...
ထို့နောက် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အပြာရောင်အလင်းတန်းနှစ်ခု ဝင်းခနဲ ပွင့်လာခဲ့သည်။
၎င်းတို့သည် မျက်လုံးများဖြစ်သော်လည်း ဖန်သားပြင်ကဲ့သို့ မျက်သူငယ်အိမ်ထဲတွင် ကြယ်စင်စု တစ်ခုလုံး အေးခဲနေသကဲ့သို့ ဖြစ်နေပြီး ကမ္ဘာဦး စကြာဝဠာ၏ အပိုင်းအစများအလားပင်။
ချွင်း...
သံခြေကျင်းများ ရိုက်ခတ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
မှောင်ရိပ်ကျနေသော ပုံရိပ်တစ်ခု မတ်တပ်ရပ်လိုက်ရာ သူ၏ နောက်ကွယ်ရှိ ကောင်းကင်ယံမှ ကြယ်များသည် မမြင်ရသော ဖိအားအောက်တွင် လမ်းကြောင်းများ လွဲချော်ကုန်ကြသည်။
“အပြောင်းအလဲတစ်ခု... အပြောင်းအလဲတစ်ခု ပေါ်ထွက်လာပြီပေါ့...”
“သူ့ကို စောင့်ကြည့်ပြီး မှတ်တမ်းတင်ထား... ဒါ ငါတို့အတွက် အခွင့်အရေး ဖြစ်လာနိုင်တယ်...”
စိတ်လှုပ်ရှားမှုနှင့် လောဘဇောများ ပြည့်နှက်နေသော အက်ရှရှ အသံကြီးတစ်ခုမှာ စကြာဝဠာ တစ်ခွင် ပဲ့တင်ထပ်သွားတော့သည်။
“...နားလည်ပါပြီ သခင်ကြီး။ ဒါပေမဲ့ နောက်ထပ် ဘာလုပ်ကြမလဲ။ တိကျန်းကတော့ သေသွားပြီလေ။”
“သူ သေသွားရင်... နောက်တစ်ကောင်ကို ထပ်လွှတ်လိုက်ပေါ့။”
C ပြည်နယ်၊ မိစ္ဆာနှိမ်နင်းသူဗျူရို ဌာနချုပ်။
“ကပ္ပတိန်ကျောက်... အုပ်ချုပ်ရေးမှူးချန်က မနေ့ညက သန်းနဲ့ချီပြီး သုံးပစ်လိုက်တယ်။”
ရုံးခန်းထဲတွင် ရှန့်ရှောင်ယွမ်က မေးစေ့ကို လက်ဖြင့်ထောက်ကာ အလွန်ပင် စိတ်ရှုပ်ထွေး နေပုံရသည်။
“ချန်ဟွိုက်အန် အရင်းအမြစ်တွေ ဝယ်နေတာ ဖြစ်မှာပါ...” ကျောက်ရင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေရင်း အကြော်ကို ပဲနို့ထဲ နှစ်လိုက်၏။
“ငါတို့ရဲ့ ထောက်ပံ့ရေးပြဿနာတွေကို ကူညီဖြေရှင်းပေးမယ်လို့ ပြောထားတယ် မဟုတ်လား။ သူက ဘုရားကျောင်းက ရေမန်းတွေနဲ့ လက်ဝါးကပ်တိုင်တွေကို မဝယ်ဘူးဆိုရင် တခြား အစားထိုး ပစ္စည်းတွေကို ရှာနေတာ ဖြစ်မှာပေါ့...”
“တကယ်လို့ သူက အရင်းအမြစ်တွေ ဝယ်နေတာဆိုရင်တော့ ကောင်းတာပေါ့...”
ရှန့်ရှောင်ယွမ် သက်ပြင်းရှည်ကြီး ချလိုက်သည်။
“ဒါပေမဲ့ သူ ဝယ်နေတာက အဲဒါတွေ မဟုတ်ဘူး...”
ကျောက်ရင်းက မျက်ခုံးတစ်ချက် ပင့်လိုက်၏။
“...ဘာလဲ။ သူက မှောင်ခိုဈေးကွက်ထဲမှာ သန်းနဲ့ချီ ဖြုန်းပစ်လိုက်တာလား။”
“မဟုတ်ဘူး။ အဲဒီလိုမျိုး မဟုတ်ဘူး။”
ရှန့်ရှောင်ယွမ်က ငွေလွှဲမှတ်တမ်းကို ကျောက်ရင်းအား ပြလိုက်သည်။
ဝယ်ယူမှုတိုင်းမှာ “ကောင်းကင်တာအိုဖျော်ဖြေရေး” ထံမှ ဖြစ်သည်။
နာမည်ကို ကြည့်ရုံနှင့်ပင်...
၎င်းမှာ ဂိမ်းကုမ္ပဏီတစ်ခုနှင့် တူနေ၏။
“နေပါဦး... နင်ပြောတာက ချန်ဟွိုက်အန်က ဂိမ်းတစ်ခုထဲမှာ သန်းနဲ့ချီ သုံးလိုက်တယ်ပေါ့...”
ကျောက်ရင်း ဆွံ့အသွားသည်။
“ဘယ်လိုဂိမ်းမျိုးက ဒီလောက် ငွေဖြုန်းဖို့ လိုနေလို့လဲ... အဲဒီလောက် ပိုက်ဆံနဲ့ဆိုရင် ကိုယ်တိုင် ဂိမ်းတစ်ခု ထောင်လို့တောင် ရတယ်။ သူကိုယ်တိုင် ဂိမ်းမာစတာလုပ်ပြီး သူလိုချင်တာ အကုန်ယူလို့ရတာပဲကို...”
“အဲဒါပဲလေ... ကျွန်မ အဲဒီကုမ္ပဏီကို ရှာကြည့်သေးတယ်။ တကယ်တော့ အဲဒီကုမ္ပဏီက မရှိနေဘူး...”
“အုပ်ချုပ်ရေးမှူးချန် အလိမ်ခံလိုက်ရတာများလား...”
ရှန့်ရှောင်ယွမ်၏ မျက်ခုံးများမှာ တင်းတင်းကြပ်ကြပ် စုသွား၏။
ချန်ဟွိုက်အန်က အမှန်တကယ် အစွမ်းထက်ပေသည်။
သို့သော် သူက ငယ်သေးသည်။
ထို့ပြင် သူ၏ ဖြူစင်ရိုးသားသော မျက်လုံးများကို ကြည့်ရလျှင် “လိမ်မည့်သူကို ပိုက်ဆံအိတ် အပ်မည့်လူ” လိုမျိုး ထင်ရသည်။
၎င်းတို့ကို ထည့်တွက်ကြည့်မည်ဆိုလျှင်...
သူ တကယ်ပင် အလိမ်ခံလိုက်ရရန် အခွင့်အရေး အများကြီး ရှိနေ၏...
“ခက်တော့ ခက်ပြီ။” ကျောက်ရင်းက နားထင်ကို ပွတ်ရင်း ရေရွတ်လိုက်သည်။
“ရုတ်တရက် ချမ်းသာလာတဲ့ ကောလိပ်ကျောင်းသားတွေ ပိုက်ဆံသုံးတာ မထိန်းနိုင်တာကတော့ သဘာဝပါ။ ချန်ဟွိုက်အန်လည်း ဒီလိုဖြစ်မယ်လို့ ငါ တွေးထားပြီးသား။ ဒါပေမဲ့ သူက ကားအကောင်းစားတွေ၊ မိန်းကလေးတွေနဲ့ ဖြုန်းမယ်လို့ ထင်ထားတာ... အခုတော့ မိုဘိုင်းဂိမ်း တစ်ခုထဲမှာတဲ့လား။”
“ငါတို့ ဒါကို သတိထားပြီး ကိုင်တွယ်ရမယ်။ သူ့ကို စကားထဲကနေတစ်ဆင့် အေးအေးဆေးဆေး ပြောကြည့်မယ်။ သူ့ရဲ့ ခံစားချက်ကို နားလည်ပေးပြီး နားဝင်အောင် ဖျောင်းဖျရမယ်။”
ဒေါက် ဒေါက် ဒေါက်...
တံခါးခေါက်သံ ခပ်ပြင်းပြင်းက သူတို့၏ စကားဝိုင်းကို ဖြတ်တောက်လိုက်၏။
“ကပ္ပတိန်ကျောက်...”
လက်အောက်ငယ်သား တစ်ယောက်က တံခါးဝတွင် ပြူကြည့်ကာ ဝေခွဲမရဖြစ်နေသည့် ပုံစံဖြင့် ပြောလိုက်သည်။
“ဧည့်သည်တစ်ယောက် ရောက်နေတယ်... နိုးထသူ တစ်ယောက်တဲ့။ ကျွန်တော်တို့ အုပ်ချုပ်ရေးမှူး နေရာမှာ အစားထိုးဖို့ လာတာလို့ ပြောတယ်။”
ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ကျောက်ရင်း၏မျက်နှာ ပျက်သွားပြီး တံခါးဘောင်ကို တင်းတင်းဆုပ်ကိုင်ကာ ထရပ်လိုက်သည်။
“ဒါက ဘယ်လိုအဓိပ္ပာယ်လဲ။ ငါ မနေ့ကတင် ချန်ဟွိုက်အန်ရဲ့ အထောက်အထားတွေကို တင်လိုက်ပြီလေ... ဘာလို့ တခြားလူကို လွှတ်ရသေးတာလဲ...”
“ကျွန်တော်... ကျွန်တော် မသိဘူး။”
“ကျွန်မ သိပါတယ်။”
ဝင့်ဝါသော အသံတစ်ခု စင်္ကြံလမ်းထဲမှ ဝင်လာသည်။
အမျိုးသမီးတစ်ယောက် ရှေ့သို့ တိုးလာရာ သူ၏ အရပ်ရှည်ရှည် ကိုယ်လုံးကြောင့် ခေါင်းပေါ်မှ မီးရောင်အောက်တွင် အရိပ်ရှည်ကြီး ကျလာ၏။
သူ၏ ဒေါက်ဖိနပ်သံက ခြေလှမ်းတိုင်း ပြတ်ပြတ်သားသား မြည်နေသည်။
တင်းကျပ်လှသော သားရေဝတ်စုံက ကိုယ်လုံးအလှကို ပေါ်လွင်စေပြီး ခါးသိမ်သိမ်လေးပေါ်တွင်မူ ချုပ်ရိုးများက တင်းနေ၏။
သူ၏ ခါးတွင် နက်မှောင်သော အစိမ်းရောင် ကြာပွတ်တစ်ခု ချိတ်ထားသည်။
သူ အနီးသို့ ရောက်လာချိန်မှသာ ဆံပင်ကေအောက်မှ အေးစက်ပြီး သားကောင်ကို ချောင်းနေသည့် မြစိမ်းရောင် မျက်လုံးများကို မြင်လိုက်ရ၏။
အန္တရာယ်ရှိတဲ့ မိန်းကလေးပဲ။
၎င်းက ကျောက်ရင်း၏ ပထမဆုံး အကဲဖြတ်ချက် ဖြစ်သည်။
“ရှင်တို့ အကြံပြုထားတဲ့သူက အုပ်ချုပ်ရေးမှူး လုပ်ဖို့အတွက် အရည်အချင်းမပြည့်မီဘူး...” ထိုအမျိုးသမီးက ပြတ်သားစွာ ဆိုလိုက်သည်။
“ဒါကြောင့် ကျွန်မကို လွှတ်လိုက်တာ။”
သူက နှုတ်ဆက်ရန် လက်ကိုပင် ကမ်းမပေးပေ။
သူ၏ လေသံမှာ ယဉ်ကျေးသယောင် ရှိသော်လည်း...
ကိုယ်နေဟန်ထားမှာမူ ထောင်လွှားမှုတွေ အပြည့်ပင်။
“ကျောက်ရင်း ဟုတ်လား။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက လင်းချန်ပါ။ လင်းမျိုးနွယ်စုရဲ့ သမီးဦးပေါ့။ အခုကစပြီး C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ကျွန်မ တာဝန်ယူမယ်။”
ကျောက်ရင်း၏ မျက်နှာ ပိုမိုပျက်သွား၏။
“...နင်ပြောချင်တာက ချန်ဟွိုက်အန်က အုပ်ချုပ်ရေးမှူးလုပ်ဖို့ အရည်အချင်း မပြည့်မီဘူးပေါ့။”
ဒါက နောက်နေတာလား...
ချန်ဟွိုက်အန် ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သူတို့ မသိကြဘူးလား။ အဲဒီလူက KSC-01နဲ့ KSC-02တို့ကို လက်ဖျားနဲ့တောင် မထိဘဲနဲ့ တုန်လှုပ်သွားအောင် လုပ်နိုင်တဲ့သူလေ။ အရင်ကတော့ သူ့မှာရှိတဲ့ မိစ္ဆာနဂါး ကင်ဆာဆဲလ်တွေကြောင့်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ မုတ်ဆိတ်နဲ့လူကို နိုးထစေဖို့ အဲဒီဆဲလ်တွေ ထုတ်ယူလိုက်တဲ့အခါ အဲဒီဆဲလ်တွေက အိပ်ပျော် သွားခဲ့ကြတယ်။ ဒါပေမဲ့ KSC-01နဲ့ KSC-02 တို့ကတော့ အခုထိ မလှုပ်ရဲကြသေးဘူး။
ဆိုလိုတာက...
သူတို့ အကြောက်ဆုံးအရာက မိစ္ဆာနဂါး မဟုတ်ဘူး။
ချန်ဟွိုက်အန် ကိုယ်တိုင်ပဲ။
“သူ့ရဲ့ အစွမ်းက အတုအယောင်ပါ...” လင်းချန်က အေးအေးဆေးဆေးပြောရင်း ကျောက်ရင်းကို ဖြတ်ကျော်ကာ ရုံးခန်း၏ အဓိကနေရာတွင် ဝင်ထိုင်လိုက်သည်။
“သူ လုပ်ခဲ့တာက အစွမ်းထက်တဲ့ ရတနာတွေကိုသုံးပြီး ဗိုလ်ချုပ်အဆင့် သတ္တဝါတစ်ကောင်ကို သတ်လိုက်ရုံပဲ။”
“ရတနာတွေဆိုတာ အပြင်ပန်း အထောက်အကူတွေပဲလေ။ အဲဒီအဆောင်တွေကို သုံးတဲ့ တန်ဖိုးက ဘာလဲ။ တစ်ကြိမ်သုံးတိုင်း အသက်တမ်း ၁၀နှစ် ပေးရတာ။”
လင်းချန်က ခြေချိတ်ထိုင်လိုက်ပြီး ဒေါက်ဖိနပ်ဖြင့် ကြမ်းပြင်ကို တောက်တောက်တောက် ခေါက်နေလိုက်သည်။
“အဲဒီတော့ ပြောစမ်းပါဦး... သူ ဘယ်လောက်တောင် အသက်ရှည်နိုင်မှာမို့လို့လဲ။”
“ကျွန်မလို တကယ့်လေ့ကျင့်ထားတဲ့ ပညာရှင်တွေပဲ အုပ်ချုပ်ရေးမှူးလုပ်ဖို့ ထိုက်တန်တာ။”
ကျောက်ရင်း ရယ်ပင်ရယ်ချင်သွားသည်။
သူ လင်းချန်ကို အသုံးမကျသော စကားများ ပြောနေသလိုမျိုး စိုက်ကြည့်လိုက်သည်။
“နင်ပြောတာ ဌာနချုပ်က တိကျန်းကို ဗိုလ်ချုပ်အဆင့်လို့ သတ်မှတ်လိုက်တာပေါ့...”
လင်းချန်က မျက်ခုံးပင့်လိုက်သည်။
“ဟုတ်တယ်။ အထက်တန်းလွှာ မိသားစုတွေနဲ့ ဌာနချုပ်က တင်ပြထားတဲ့ မှတ်တမ်းအားလုံးကို ပြန်သုံးသပ်ပြီး ဒီအဆင့်သတ်မှတ်ချက်ကို သဘောတူခဲ့ကြတာ။”
လင်းချန်က လက်ချောင်းများကို ဖြန့်လိုက်သည်။
“တိကျန်း ဖျက်ဆီးခဲ့တာက စတုရန်းကီလိုမီတာ ၁၀၀တောင် မပြည့်ဘူး။ သေဆုံးသူကလည်း တစ်သိန်းအောက်မှာပဲ ရှိတယ်။”
“အဲဒီလောက် ဖျက်ဆီးမှုအဆင့်က... ဗိုလ်ချုပ်အဆင့်တွေထဲမှာတောင် အနိမ့်ဆုံးပဲ ရှိသေးတယ်။”
“ဘော်လ်ကန်ဒေသမှာ လူဘယ်နှသန်း ဗန်ပိုင်းယားအဖြစ် ပြောင်းလဲခံလိုက်ရလဲ သိလား။”
လင်းချန်က ပြုံးလိုက်သည်။
“၅သန်းကျော်ပဲ။”
“အဲဒါမှ ဗိုလ်ချုပ်အဆင့်ရဲ့ ဖျက်ဆီးမှုလို့ ခေါ်တာ။”
ဂွက်...
စားပွဲပေါ် ဖန်ခွက်ကို ပြင်းပြင်းထန်ထန် ချလိုက်သံက ရုံးခန်းထဲ ပဲ့တင်ထပ်သွား၏။
ရုံးခန်းထဲတွင် အမြဲတမ်း စိတ်အအေးဆုံး ရှန့်ရှောင်ယွမ်ပင် ဒေါသကို မထိန်းနိုင်တော့ပေ။
“ဒါပေမဲ့ တိကျန်းရဲ့ ဖျက်ဆီးမှုကို တားနိုင်ခဲ့တာက ချန်ဟွိုက်အန် အချိန်မီ ရောက်လာလို့လေ...”
“ဟုတ်ပါတယ်...” လင်းချန်က ခြေထောက်ကို ပျင်းရိစွာ လှုပ်ရင်း ပြောသည်။
“ဒါကြောင့်လည်း သူ့ရဲ့ ဖျက်ဆီးမှုက မျှော်လင့်ထားတာထက် နည်းနေပေမဲ့ အလားအလာကို တွက်ပြီး ဗိုလ်ချုပ်အဆင့်လို့ သတ်မှတ်ပေးလိုက်တာပေါ့။”
ကျောက်ရင်းက နှာခေါင်းရှုံ့လိုက်သည်။ တစ်ချိန်က သူသည် မိစ္ဆာနှိမ်နင်းသူဗျူရိုမှာ လောက၏ အလင်းရောင်ဟု ယုံကြည်ခဲ့ဖူးသည်။
ဒါပေမဲ့ အခုတော့...
တကယ်လို့ ဌာနချုပ်က အတွင်းကနေစပြီး ပုပ်ဆွေးနေပြီဆိုရင်...
သူတို့ကို ယုံကြည်နေရတာ ဘာထူးမှာလဲ။
ကျွီ...
အစည်းအဝေးခန်း နောက်ဘက်မှ တံခါးတစ်ချပ် ပွင့်လာသည်။
ချန်ဟွိုက်အန် သမ်းဝေရင်း မျက်လုံးကို ပွတ်ကာ ထွက်လာသည်။
သူ ရုံးခန်းထဲကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် လင်းချန်ကို စိုက်ကြည့်လိုက်သည်။
“...လူသစ်လား။”
ထို့နောက် သူ၏ အကြည့်က အောက်သို့ နိမ့်ဆင်းသွားပြီး မျက်မှောင်ကြုတ်လိုက်၏။
“မင်းရဲ့ စနေနှစ်ခိုင်က ကြီးလွန်းနေတယ်နော်။”
“သားရေဝတ်စုံတွေ မဝတ်နဲ့။ အဲဒါက မသင့်တော်ဘူး။”
....