← Chapters

Two Unlucky Souls

Vol. 11 Ch. 104

Two Unlucky Souls

Vol. 11 Ch. 104

ချန်ရှုယိနှင့် အန်းကျောက်ရီတို့ ဆွံ့အသွားခဲ့သည်။

သူမတို့နှစ်ယောက်က ဖအေတူမအေကွဲညီအစ်မတွေ ဖြစ်နေသည့် အမှန်တရားကိုပင် နာနာကျင်ကျင်နှင့် လက်ခံနိုင်အောင် အချိန်အတော်ကြာကြိုးစားခဲ့ရသည်။

ယခုမူ ပိုဆိုးသွားပါပြီ။

သူတို့မှာ တခြားမောင်နှမတွေ အများကြီးရှိနေသေးတယ်တဲ့လား!

ချန်ရှုယိ စိတ်သောကရောက်သွားခဲ့သည်။ ဘယ်လိုပဲ စဉ်းစားကြည့်ပါစေ နားမလည်နိုင်ခဲ့ပါ။

သူငယ်စဉ်ကတည်းက လေးစားဂုဏ်ယူခဲ့ရသည့် ဖခင်ဖြစ်သူက နောက်ကွယ်မှာ ဒီလိုလူမျိုးဖြစ်နေတာကို လုံးဝမယုံ ကြည်နိုင်ပေ။

အန်းကျောက်ရီလည်း အငြှိုးကြီးစွာ အံကြိတ်ထားမိသည်။

သူနှင့် ချန်ကျင်းမင်တို့ သိပ်ပြီးမပတ်သတ်ဖူးကြသော် လည်း ချန်ကျင်းမင်မှာ သူ့ အျဖအရင်းဖြစ်မှန်း သိခဲ့ရပြီ ဖြစ်သည်။ သို့သော် သူမ ငယ်စဉ်ကတည်းက ဖခင်နှင့် မိခင်ဟု သတ်မှတ်ထားသူတွေ ရှိပြီးသားဖြစ်သည်။

ထို့ကြောင့် အမှန်တရားကို သိထားသော်လည်း သူ့ရင်ထဲမှာ လက်ခံထားသည့် ခမည်းတော်ကို ပြောင်းလဲမှာ မဟုတ်ပါ။

ဧကန္တ သူကပဲ ရိုးအလွန်းခဲ့တာလား…

အရင် မျိုးဆက်တွေတုန်းက ဒီလိုပဲအချစ်ကြမ်းခဲ့ကြတာလား ?

သူတို့တွေတကယ် မေတ္တာရှိခဲ့ကြတာများလား…

ယခင်တုန်းက ထိုကဲ့သို့ အတွေးများဖြင့် အန်းကျောက်ရီကိုယ့်ကိုကိုယ် ဖြောင်းဖြကြည့်ဖို့ ကြိုးစားပါသေးသည်။

သို့သော် ယခုမူ ချန်ကျင်းမင်မှာ တစ်ယောက်မကပိုသည့် အချစ်တော်တွေ ရှိနေလေသည်။

အဖေနဲ့ အမေတို့ကော ဒီကိစ္စကို သိထားကြတာလား!

တွေးကြည့်ရုံနဲ့ အန်းကျောက်ရီ သတိလစ်ချင်လာရသည်။

တခြားကိုယ်လုပ်တော်တွေလည်း ချန်ရှုယိနှင့် အန်းကျောက်ရီတို့ကို ကရုဏာသက်စွာကြည့်လိုက်ကြသည်။

အနောက်နန်းဆောင်မှာ ကံအဆိုးဆုံးကို ပြပါဆိုလျှင် ထိုနှစ်ယောက်ကိုသာ လက်ညှိုးထိုးပြရမည်ဖြစ်သည်။

ပုံမှန်ဆို ချန်ရှုယိနှင့် အမြဲတမ်း အတိုက်အခံဖြစ်တတ်သည့် ကြင်ယာတော်သဲ့ပင် ချန်ရှုယိ၏ဖြူဖြူဖပ်ဖပ် မျက်နှာကိုမြင်ပြီး လှောင်ပြောင်သရော်ချင်စိတ်မရှိတော့ပါ။

ကြင်ယာတော်သဲ့ရင်ထဲ သက်ပြင်းချလိုက်သည်။

ကမ္ဘာကြီးက ဒီလိုပါပဲ…

မိန်းမသားတွေက ဘာမှမလုပ်နိုင်ပေမယ့် မိသားစုထဲက ယောက်ျားသားတွေ တစ်ခုခုလုပ်လိုက်တာနဲ့ အကျိုးဆက်တွေကို မိန်းမသားတွေပဲ ခံစားရတာပဲ…

ဒီကိစ္စမှာတရားခံက ချန်ကျင်းမင်ဖြစ်မှန်း သိသာလှသည်။ မိဖုရားကြီးသာရှိနေလျှင် ချန်ကျင်းမင်နှင့် မင်းသားအန်းဟယ်တို့ နှစ်ယောက်စလုံး ဇာတ်သိမ်းလှမည်မဟုတ်ပါ။

သို့သော် ချန်ရှုယိနှင့် အန်းကျောက်ရီတို့အတွက်ကကော…

စဉ်းစားရင်း ကြင်ယာတော်သဲ့ မွန်းကြပ်သွားခဲ့သည်။

ချန်ရှုယိ တိတ်ဆိတ်နေခဲ့ပြီး အန်းကျောက်ရီနှင့်မကြာခဏ အကြည့်ချင်း ဖလှယ်နေခဲ့ပါသည်။

သူမတို့ မျက်လုံးတွေ တဖြည်းဖြည်းခိုင်မာပြတ်သားလာခဲ့သည်။

ချန်ရှုယိက သူ့ကိုယ် သူ ကယ်တင်ချင်တာဖြစ်ပြီး မိခင်ဖြစ်သူကိုလည်း ကယ်တင်ချင်သေးသည်။ အန်းကျောက်ရီမှာလည်း အန်းမိသားစု၏ကံကြမ္မာကိုပြောင်းလဲချင်သည်။

အားလုံးကို ကံတရားက စီမံထားပြီးသားဖြစ်သည်။ သူမတို့ ချန်ကျင်းမင်၏သမီးများတွေဖြစ်နေလျှင်ပင် သူ့အား ဆန့်ကျင်ကာ ရပ်တည်ရမည့် ကံပါလာပြီးသားဖြစ်သည်။

ချန်ရှုယိနှင့် အန်းကျောက်ရီတို့ ကျန်းကျီမြောင်ရှေ့မှာ ရုတ်တရက် ဒူးထောက်ချလိုက်တော့သည်။

“အရှင်မ… ဒီကြင်ယာတော် သီးသန့်လျှောက်တင်ချင်တဲ့ အကြောင်းအရာတချို့ ရှိပါတယ်”

ချန်ရှုယိ ရုတ်တရက် ဆိုလိုက်သည်။

အန်းကျောက်ရီလည်း အမြန်ပြောလိုက်ပါသည်။

“ဒီကြင်ယာတော်လည်း အတူတူပါပဲ”

သူတို့နှစ်ယောက်ကို ကျန်းကျီမြောင် အံ့အားသင့်စွာ ကြည့်ရင်း ခေါင်းညိတ်လိုက်လေသည်။

“ဟုတ်ပါပြီ”

ကံဆိုးလှသည့် ကြင်ယာတော်နှစ်ယောက်ကိုကြည့်ရင်း အခြားကိုယ်လုပ်တော်တွေလည်း ပထမဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်လိုစိတ်မရှိတော့ဘဲ အလျှော့ပေးလိုက်ကြသည်။

မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့နှစ်ယောက် မိဖုရားကြီးဘေးမှ တိတ်တဆိတ် ဆုတ်ခွာလိုက်ကြသည်။

ထို့နောက် ကြင်ယာတော်သဲ့မှ ဦးဆောင်ကာ လျှောက်တင်လိုက်ပါသည်။

“ဒီကြင်ယာတော် ပြန်လိုက်ပါဦးမယ် အရှင်မ”

ထို့နောက် အခြားကိုယ်လုပ်တော်များလည်း ဂါဝရပြုကာ ကိုယ်စီ ထွက်ခွာသွားကြလေတော့သည်။

ညီအစ်မတွေ ထွက်သွားတာကိုကြည့်ရင်း ချန်ရှုယိနှင့် အန်းကျောက်ရီတို့ စိတ်ထဲမှ ကျေးဇူးတင်လိုက်မိသည်။ အားလုံးက သူတို့အတွက် တမင်သက်သက်ရှောင်ပေးခြင်းဖြစ်မှန်း နားလည်ပါသည်။

ဒူးထောက်နေသည့် ချန်ရှုယိနှင့် အန်းကျောက်ရီတို့ကိုကြည့်ရင်း ကျန်းကျီမြောင့် မိန့်ကြားလိုက်သည်။

“နှစ်ယောက်စလုံး ထကြပါ၊ ပြောစရာစကားရှိရင် သက်တောင့် သက်သာထိုင်ပြောလို့ ရပါတယ်”

ချန်ရှုယိ ခေါင်းငုံ့လိုက်ပြီး တုန်ယင်နေသော အသံဖြင့် လျှောက်တင်လိုက်ပါသည်။

“အရှင်မ… ဒီကြင်ယာတော် အပြစ်တစ်ခု ကျူးလွန်မိပါတယ်”

ကျန်းကျီမြောင် ကြက်သေသေသွားသည်။

[ဘာတွေဖြစ်နေတာတုန်း… အပြစ်ရှိတဲ့အကြောင်းပြောကြကြေးဆို ချန်ကျင်းမင်ကမှ တကယ့်တရားခံလေ၊ ချန်ရှုယိက နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းတယ်၊ စကားပြောပုံ ဆိုပုံလေးကလည်း နားဝင်ချိုတယ်၊ သူ့လိုလူမျိုးက ဘယ်လိုပြစ်မှုများ ကျူးလွန်နိုင်မှာမို့လို့လဲ]

ကျန်းကျီမြောင် အတွေးသံကို နားထောင်ရင်း ချန်ရှုယိ မျက်ဝန်းများ နီမြန်းသွားခဲ့သည်။

သူမ ခမည်းတော် ပြစ်မှုတွေအများကြီး ကျူးလွန်ထားတာကို အရှင်မ သိနေတာသေချာပါသည်။

သို့သော် သူမအပေါ် ဒေါသပုံချမည့်အစား နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းသည်ဟုပင် စိတ်ထဲမှချီးကျူးနေသေးသည်။

ချန်ရှုယိ အားနည်း ပျော့ညံ့မည့်ပုံစံပေါက်သော်လည်း တကယ်တမ်း စိတ်ဓာတ်မာကျောသည်။ ၁၀ နှစ်သမီး အရွယ်ကတည်းက မျက်ရည်ကျတာ မရှိသလောက်ရှားသည်။

ဖခင်ဖြစ်သူ သရုပ်မှန်နှင့် မိခင်၏ ကျန်းမာရေးအခြေအနေတို့ကိုကြားသိခဲ့ရသောအခါတွင်လည်း လူအများရှေ့မှာ ထုတ်မပြဘဲ လူကွယ်ရာရောက်ခါမှ သူမ ခိုးငိုခဲ့ရတာဖြစ် သည်။

ယခု ကျန်းကျီမြောင်၏အတွေးသံတစ်ခုကို ကြားလိုက်ရရုံနဲ့ သူ ခံနိုင်ရည်မရှိတော့ပေ။ ပါးပြင်ပေါ် မျက်ရည်များ တစ်ပေါက်ပေါက် စီးကျလာခဲ့သည်။

ကျန်းကျီမြောင်ကို ချန်ရှုယိ ကြည်နူးစွာမော်ကြည့်လိုက်ရင်း လျှောက်တင်ဖို့ ကြိုးစားသည်။

“အရှင်မ… ဒီ… ဒီကြင်ယာတော်က…”

သူ ရင်တုန်လွန်းသဖြင့် ရင်ဘတ်ကို လက်ဖြင့် ဖိထားရပြီး ဆက်မပြောနိုင်တော့ပါ။

ကျန်းကျီမြောင် ထိတ်လန့်တကြားဖြစ်ကာ လက်ကိုင်ပဝါတစ်ထည်အမြန်ထုတ်လိုက်ပြီး ချန်ရှုယိအတွက် မျက်ရည်တွေ သုတ်ပေးလိုက်ပါသည်။

“ဘာတွေဖြစ်လို့လဲ”

ချန်ရှုယိ ငိုကြွေးနေသဖြင့် စကားပင်မပြောနိုင်တော့ပါ။

ထို့ကြောင့် အန်းကျောက်ရီကိုသာ ကျန်းကျီမြောင်လှည့်ကြည့်လိုက်ရသည်။

ချန်ရှုယိ၏အတွေးကို အန်းကျောက်ရီနားလည်သဖြင့် သိမ်မွေ့စွာ လျှောက်တင်လိုက်ပါသည်။

“အရှင်မ… ရွှမ်းယွီရဲ့စိတ်ကို အရှင်မလည်း သိပါတယ်၊ လူတိုင်းရဲ့ရှေ့မှာ တောက်တောက်ပပ ပြုံးနေတတ်တယ်၊ သူ့စကားသံတွေ ကြားရရင် နွေးဦးရာသီရဲ့လေပြည်လေ ညှင်းလေး တိုက်ခတ်လာသလိုခံစားရတယ်၊ သူ့ကို နှစ် သက် ခင်မင်တဲ့လူတွေက မိတ်ဆွေကောင်းတစ်ဦးအဖြစ် သဘောထားကြတယ်၊ သူ့ကို မနှစ်သက်တဲ့လူတွေကတော့ အရမ်းစိတ်ပျော့တယ်လို့ ထင်မှတ်ကြတယ်၊ သို့ပေမယ့် အရှင်မကတော့ ရွှမ်းယွီကို မလိုမုန်းထားမှုတစ်ခါမှမရှိခဲ့ဘူး၊ အရှင်မရဲ့ စေတနာနဲ့မေတ္တာတရားတွေကို တွေးမိပြီး ရွှမ်းယွီစိတ်ကြည်နူး ဝမ်းသာသွားလို့ ဖြစ်မှာပါ”

ကျန်းကျီမြောင် ဇဝေဇဝါဖြစ်သွားခဲ့သည်။

[အဲ့တာလေးကြောင့်လား၊ ဒီလောက်နူးညံ့ချစ်ဖို့ကောင်းပြီး စကားကို ချိုချိုသာသာပြောတတ်တဲ့ ကောင်မလေးတစ်ယောက်ကို ဘယ်သူက မုန်းတီးနိုင်မှာလဲ]

နဂိုကတည်းက စိတ်မထိန်းနိုင်သည့် ချန်ရှုယိ မျက်ရည်များ ပိုစီးကျလာခဲ့ပါသည်။

ထိုမြင်ကွင်းကို ကြည့်ရင်းနဲ့ ကျန်းကျီမြောင်လည်း စိတ်မကောင်းဖြစ်သွားပါသည်။

[တချို့လူတွေ မွေးလာကတည်းက ချစ်ခြင်းမေတ္တာကို အများကြီး ရရှိခဲ့ကြတယ်၊ ဒါပေမယ့် ချန်ရှုယိက… သူ့အမေ သူ့ကို ချစ်တယ်ဆိုပေမယ့် သူ့အဖေကိုမကျော်နိုင်ခဲ့ဘူး၊ သူ့အဖေလည်း သူ့ကို ချစ်မှာပါ၊ ဒါပေမယ့် ချန်ရှုယိ ကျေးဇူးပြန်ဆပ်နိုင်ဖို့အတွက် ကြိုးစားခဲ့ရတယ်၊ အနောက်နန်းဆောင်ထဲက ညီအစ်မတွေထဲ အကြီးဆုံးကကြင်ယာတော်သဲ့ဆိုပေမယ့် ကြင်ယာတော်သဲ့က အသက် ၂၀ ပဲရှိသေးတာ၊ အရင်ဘဝတုန်းကဆို ဒီအသက်အရွယ်နဲ့ မိန်းက လေးတွေ ကျောင်းတက်နေကြတုန်းပဲ၊ ဒါပေမယ့် ဒီမှာတော့ ကြင်ယာတော်သဲ့ကို အသက်ကြီးနေပြီလို့တောင် ပြောကြတယ်၊ ချန်ရှုယိနဲ့ အန်းကျောက်ရီတို့ကလည်း အသက် ၁၆ နှစ် ၁၇ နှစ်လောက်ပဲ ရှိဦးမှာ ဒါပေမယ့် ရှုပ်ထွေးတဲ့ နန်းတွင်းရေးရာ ကိစ္စတွေ၊ လူ့သဘာဝတွေကို မသင်ယူချင်ပေမယ့်လည်း သင်ယူနေရပြီ]

[ချန်ရှုယိက မျက်နှာပေါ်မှာ အမြဲတမ်းပြုံးထားတယ်ဆိုပေမယ့် အဲ့ဒီအပြုံးအတွက် ဘယ်လောက်တောင်ပေးဆပ်ထားရလဲ ဘယ်သူမှ မသိနိုင်ဘူး]

ချန်ရှုယိ ငိုသံများ ရုတ်တရက် ပိုကျယ်လာပါသည်။

ကျန်းကျီမြောင် ခေတ္တတွန့်ဆုတ်သွားပြီးနောက် ရှေ့တိုးကာ ချန်ရှုယိကိုဖက်ထားလိုက်သည်။

သူမ နူးညံ့သိမ်မွေ့စွာ နှစ်သိမ့်ပေးလိုက်ပါသည်။

“ငိုချင်ရင်လည်း မျက်ရည်ကုန်တဲ့အထိ ငိုပစ်လိုက်ပါ”

ကျန်းကျီမြောင် ရုတ်တရက် ဖက်လိုက်သောအခါ ချန်ရှုယိ ဆက်ငိုဖို့ပင် ရှက်ရွံ့သွားပါသည်။ သူမ မျက်ရည်များကြောင့် ကျန်းကျီမြောင်အဝတ်အစားတွေ ညစ်ပေသွားမှာကို စိတ်ပူတာကြောင့်လည်းပါသည်။

ထို့ကြောင့် မျက်ရည်တွေကို အမြန်သုတ်လိုက်ပြီး ကျကျ နနဒူးထောက်လိုက်လေသည်။

“ဒီကြင်ယာတော် ဣန္ဒြေသိက္ခာ ပျက်မိပါတယ် အရှင်မ…”

ချန်ရှုယိနှင့် အန်းကျောက်ရီတို့၏လက်ကို ဆွဲကာ ကျန်းကျီမြောင် မိန့်လိုက်သည်။

“နှစ်ယောက်စလုံး ပြောစရာရှိတာ ပြောလို့ရတယ်၊ ဒါပေမယ့် ဒီလို ဒူးထောက်နေတာမျိုးကိုတော့ ဒီမိဖုရား မကြည့်ရက်ဘူး”

ထို့ကြောင့် ချန်ရှုယိနှင့် အန်းကျောက်ရီတို့ သက်တောင့်သက်သာ ပြန်ထိုင်လိုက်ကြသည်။

“အရှင်မ”

ချန်ရှုယိ စိတ်တည်ငြိမ်အောင်ထိန်းကာ လျှောက်တင်လိုက်ပါသည်။

“ဒီကြင်ယာတော် ဝန်ခံစရာ အရေးကိစ္စ တစ်ခုရှိလို့ပါ… အဲ့ဒီကိစ္စကို အရှင်မ ကြားပြီးရင် ဒီကြင်ယာတော်ကိုရိုက်ချင်သည်ဖြစ်စေ အပြစ်ပေးချင်သည်ဖြစ်စေ ဒီကြင်ယာတော်ခံယူဖို့ အသင့်ပါပဲ”

ကျန်းကျီမြောင် စိတ်ပျက်လက်ပျက်ဖြင့် မိန့်လိုက်သည်။

“ဒီမိဖုရားက အကြမ်းဖက်တစ်ယောက်နဲ့ တူနေလို့လား ? ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောစမ်းပါ”

ချန်ရှုယိ ခေတ္တတွန့်ဆုတ်သွားပြီး ရေမွှေးတစ်ပုလင်းထုတ်ပြလိုက်လေသည်။

ခဏကြာတော့ သူ့မျက်နှာ ပိုမိုတွန့်ဆုတ်သွားပုံရသည်။

ထို့နောက် ချန်ရှုယိ အံကြိတ်လိုက်ပြီး ပစ္စည်းတစ်ခုကို ထပ်ထုတ်ပြလိုက်ပါသည်။

ထိုပစ္စည်းကို မြင်တော့ ကျန်းကျီမြောင် မျက်လုံးပြူးသွားသည်။

ရေမွှေးကိစ္စကိုတော့ အတင်းအဖျင်းစနစ်ကြောင့် သူမ သိထားပြီးသားဖြစ်သည်။ ထိုရေမွှေးကို အသုံးပြုပြီ အရှင် မင်းကြီးကိုမြှူဆွယ်ဖို့ ချန်ရှုယီအား ချန်ကျင်းမင် တာဝန်ပေးထားမှန်း သူမ သိထားသည်။

သို့သော် ဒီပစ္စည်းအကြောင်းကိုတော့… စနစ်က တစ်ခါမှ မပြောခဲ့ဖူးပါ။

[… နည်းနည်းမကြမ်းလွန်းဘူးလား! အဲ့တာကြီးက အဖော်အချွတ် အတွင်းဝတ်ကြီးမှန်းသိသာတယ်! စတိုင်က ခေတ် သစ်စံနှုန်းနဲ့ ယှဉ်ရင်တောင် အရမ်းပွင့်လင်းလွန်းတယ် မထင်ဘူးလား ? ခေါင်းအစ ခြေအဆုံး ခပ်ပါးပါးအဝတ် နှစ်ခုပဲ ပါတယ်!]

All Chapters