← Chapters

Report

Vol. 11 Ch. 105

Report

Vol. 11 Ch. 105

ချန်ရှုယိ မျက်နှာ နီမြန်းသွားခဲ့သည်။

ထို့နောက် တိုးညှင်းစွာ လျှောက်တင်လိုက်သည်။

“ဒီရေမွှေးနဲ့… အဝတ်အစား နှစ်ခုစလုံးကို ဒီကြင်ယာတော်ရဲ့ ခမည်းတော်က အနောက်နန်းဆောင်ထဲ နည်းလမ်းရှာပြီး ပို့ဆောင်ပေးခဲ့တာပါ၊ အရှင်မင်းကြီးကို မြှူဆွယ် ဖြားယောင်းဖို့အတွက် အသုံးပြုဖို့လို့လည်း ခမည်းတော်က မှာကြားလိုက်ပါတယ်”

ကျန်းကျီမြောင် ခပ်သဲ့သဲ့ ချောင်းဆိုးလိုက်ပြီး မိန့်လိုက်ပါသည်။

“မဆိုးပါဘူး… မဆိုးပါဘူး…”

“ဒီပစ္စည်းတွေကိုလက်ခံရရှိတဲ့ အချိန်တုန်းက အရှင်မကို ဒီကြင်ယာတော် အစီရင်မခံဘဲ သွယ်ဝှက်ထားခဲ့မိတယ်၊ ဒါပြစ်မှုမြောက်ပါတယ်၊ အရှင်မ ဒီကြင်ယာတော်ကို အပြစ်ပေးတော်မူပါ”

ချန်ရှုယိ ဒူးထပ်ထောက်ဖို့ ပြင်လိုက်သည်။

“ထိုင်နေစမ်း!”

ကျန်းကျီမြောင် အချိန်မှီအော်ပြောလိုက်ပါသည်။

ချန်ရှုယိလည်း ပြန်ထိုင်လိုက်ရပြီး ကျန်းကျီမြောင်ကို ခိုင်မာပြတ်သားစွာ ကြည့်လိုက်ပါသည်။

“အရှင်မ… ဒီကြင်ယာတော် ရင်ထဲမှာ ယှဉ်ပြိုင်လိုစိတ်မရှိပါဘူး”

ကျန်းကျီမြောင် ရယ်ချင်စိတ်ပေါက်သွားပြီး မိန့်လိုက်ပါသည်။

"ကြင်ယာတော်ချန်က အနောက်နန်းဆောင်ရဲ့ ကြင်ယာတော်တစ်ပါးလေ၊အရှင်မင်းကြီးရဲ့ မေတ္တာအတွက် တခြားကိုယ်လုပ်တော်တွေနဲ့ ယှဉ်ပြိုင်တာ ဘာအပြစ်် ရှိလို့လဲ ? ပြီးတော့ ဒီမိဖုရားက သဝန်တိုတတ်တဲ့လူမို့လို့လား”

[ဒါပေမယ့် ယွဲ့လင်းကမှ မစွမ်းဆောင်နိုင်တာ… အဲ့တာကြောင့် ဘာမှယှဉ်ပြိုင်နေစရာကို မလိုတာ၊ သူ့ကို ပြန်သန်စွမ်းအောင်လုပ်ပေးဖို့ နည်းလမ်းစဉ်းစားမှဖြစ်မယ်၊ အဲ့တာပြီးမှ ကျန်တာ ဆက်ဆွေးနွေးလို့ရတယ်]

ကျန်းကျီမြောင် ထိုသို့တွေးလိုက်သည်။

သို့သော် သူ့ရင်ထဲမှာတော့ ထူးထူးဆန်းဆန်းခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ ဒီကမ္ဘာကြီးထဲ ရောက်လာခါစက သောက်စားပျော်ပါးပြီး သေမည့်အချိန်ကို အေးအေးဆေးဆေးထိုင်စောင့်နေဖို့သာ ကြံရွယ်ခဲ့သည်။ အရှင်မင်းကြီးရဲ့ မေတ္တာကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူ ဂရုမစိုက်ပါ၊ တစ်ခါမှလည်း မစဉ်းစားဖူးပါ။

သူမ လက်ရှိ ဧကရီမိဖုရားကြီးဖြစ်သည်။ ယွဲ့ဟွာကို သုတ် သင်ဖို့အတွက် ယွဲ့လင်းအားကူညီပေးလိုက်ပါက ယွဲ့လင်းသာ ကျေးဇူးကန်းသူမဟုတ်လျှင် သူ့အပေါ် လေးစားမှုရှိလာမှာ သေချာပါသည်။

သဘောကောင်းမနောကောင်း ဘော့စ်တစ်ယောက်ကတော့ ထူးချွန်ထက်မြက်သည့် ဝန်ထမ်းတစ်ယောက်ကို အလုပ် ထုတ်မည် မဟုတ်ပေ။

အရာရာပြည့်စုံနေသည့် ဇာတ်လိုက်မင်းသားကို တွန်းလှန်ဖို့ သူမ ခိုင်ခိုင်မာမာရပ်တည်လိုက်ပြီး ကိုယ့်ကဏ္ဍကိုယ် ထမ်းဆောင်လိုက်လျှင် မကြာခင် အေးအေးလူလူသောက် စားပျော်ပါးပြီး သေမည့်အချိန်ကိုသာ ထိုင်စောင့်နေရမည့် ဘဝမျိုးကို ရရှိပါလိမ့်မည်။

ယွဲ့လင်းကို ကျန်းမာရေးပြန်ကောင်းသွားအောင် ကုသပေးဖို့ကြံရွယ်ထားသည့်အပြင် တခြားကိုယ်လုပ်တော်များအား အရေးပေးမည်ကိုလည်း ကျန်းကျီမြောင် မတားမြစ်လိုပါ။

သို့သော် ထိုအတွေးမျိုးဝင်လာတိုင်း ကျန်းကျီမြောင် စိတ်မသက်သာဖြစ်ရသည်။

ထိုအချိန်ကျလျှင် အနောက်နန်းဆောင် ညီအစ်မတွေအား လုံး ဒီတံတိုင်းတွေအတွင်းမှာ ထာဝရ ပိတ်မိသွားတော့မှာ ဖြစ်သည်။ လွတ်လပ်မှုဆိုတာကို တစ်သက်လုံးခံစားရတော့မည်မဟုတ်ပေ။

သူမကမူ အရင်ဘဝကတည်းက လွတ်လပ်မှုကိုခံစားခဲ့ရပြီဖြစ်ခါ ဒီဘဝမှာလည်း အေးအေးချမ်းချမ်းနေထိုင်ချင်မိ သည်။

သို့သော် ဒီညီအစ်မတွေကတော့…

အားလုံး ငယ်ရွယ်ကြသေးသော်လည်း ရွေးချယ်စရာမရှိဘဲ ဒီထဲပိတ်မိကာ တစ်သက်လုံးလွတ်မြောက်နိုင်တော့မည်မဟုတ်တော့ပေ။

ဒီညီအစ်မများ၏ဘဝသည် စံအိမ်နံရံအတွင်းမှ အနောက်နန်းဆောင်နံရံတွေအတွင်း ပြောင်းလဲသွားရုံသာရှိသည်။

သူတို့ ဆန္ဒရှိသလား မရှိသလားဆိုတာကို ဘယ်သူမှဂရုမစိုက်ကြပါ။

ကျန်းကျီမြောင်ကို ကြည့်ရင်း ချန်ရှုယိ နှလုံးသားနူးညံ့သွားခဲ့သည်။

ဘာကြောင့်မှန်းမသိဘဲ မိဖုရားကြီးကို လူ့လောက၏နတ်ဘုရားတစ်ပါးသဖွယ် သူမ ငေးကြည့်နေမိသည်။ ထိုနတ်ဘုရားက လောကတစ်ခုလုံးကို ကြင်နာမှုတွေ၊ သက်ညှာမှုတွေ၊ မေတ္တာတရားများနှင့် စောင့်ရှောက်နေသည်။

ချန်ရှုယိ အရဲတဝံ့ လျှောက်တင်လိုက်သည်။

“ဒီကြင်ယာတော် ဆန္ဒမရှိပါဘူး အရှင်မ”

ဆန္ဒမရှိပါဘူးဟုတ်လား ?

ဘာကို ဆန္ဒမရှိတာလဲ ?

ကျန်းကျီမြောင် ကြက်သေသေသွားသည်။

ချန်ရှုယိ တိုးညှင်းစွာ ထပ်လျှောက်တင်လိုက်ပါသည်။

“အရှင်မင်းကြီးရဲ့ မေတ္တာအတွက် အခြားကိုယ်လုပ်တော်တွေနဲ့ ဒီကြင်ယာတော် ယှဉ်ပြိုင်ဖို့ ဆန္ဒမရှိပါဘူး၊ မုန့်ချိုက်ရမ်နဲ့ ဝမ်ပေါင်လင်တို့လိုပဲ ဒီကြင်ယာတော်လည်း အရှင် မင်းကြီးကို တစ်သက်လုံး အမှုထမ်းခွင့်မရှိတော့ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်”

မုန့်ချိုက်ရမ်နဲ့ ဝမ်ပေါင်လင်တို့လို ဟုတ်လား…

ကျန်းကျီမြောင် ထိတ်လန့်သွားခဲ့သည်။ သူ့ မျက်လုံးများ ဂယောင်ချောက်ချားဖြစ်သွားပြီး ချန်ရှုယိနှင့် အန်းကျောက်ရီတို့နှစ်ယောက်ကို တစ်လှည့်စီ ကြည့်လိုက်ပါသည်။

အန်းကျောက်ရီလည်း ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး အမြန်ရှင်းပြလိုက်ပါသည်။

“အရှင်မ! ဒီကြင်ယာတော်နဲ့ ချန်ရှုယိတို့က ဘာမှမသက် ဆိုင်ပါဘူး!”

ဒီလို နားလည်မှုလွဲသွားလို့ လုံးဝမဖြစ်ပါ။။

ချန်ရှုယိလည်း အမြန်ရှင်းပြလိုက်လေသည်။

“ဒီကြင်ယာတော်နဲ့ အန်းကျောက်ရီတို့က ညီအစ်မတွေလိုပါပဲ”

ကျန်းကျီမြောင် ခေါင်းညိတ်လိုက်ပါသည်။

“ဒီမိဖုရား နားလည်ပါတယ်”

[အပြင်လူတွေရှေ့မှာတော့ မုန့်ချိုက်ရမ်နဲ့ ဝမ်ပေါင်လင်တို့ကလည်း ‘ညီအစ်မ’တွေပဲလေ… အဟဲ]

ချန်ရှုယိနှင့် အန်းကျောက်ရီ: “…”

နှစ်ယောက်စလုံး ဆွံ့အလွန်းသဖြင့် ဘာမှမပြောနိုင်ကြတော့ပေ။

အချိန်အတန်ကြာမှ ချန်ရှုယိ လျှောက်တင်လိုက်လေသည်။

“ယခင်မင်းဆက်တွေရဲ့ သမိုင်းကြောင်းကို ဒီကြင်ယာတော် လေ့လာခဲ့ပါတယ် အရှင်မ၊ တစ်ချိန်တုန်းက နှောင်းဧကရာဇ်လင်းဆိုရင် အနောက်နန်းဆောင်ထဲက ကိုယ် လုပ်တော်တွေ အားလုံးကိုလွတ်လပ်ခွင့်ပေးပြီး နန်းတော်ထဲက ထွက်ခွာခွင့်ပေးခဲ့ဖူးတယ်တဲ့၊ အချိန်တစ်ခုရောက်လာရင် ဒီကြင်ယာတော်လည်း နန်းတော်ကနေထွက်ခွာပြီး မယ်တော့်ကို ပြုစုပေးချင်ပါတယ်၊ ဒီကြင်ယာတော် မွေးရပ်မြေမှာ ဗုဒ္ဓကျောင်းဆောင်တစ်ခုဆောက်လုပ်ပြီးတစ်သက် လုံး အိမ်ထောင်မပြုတော့ဖို့ ဆုံးဖြတ်ထားပါတယ်၊ ဒါဆို အရှင်မင်းကြီးလည်း အရှက်ရစရာမရှိတော့ပါဘူး”

ဒီတစ်ခါတော့ ကျန်းကျီမြောင် မတားနိုင်ခင် ချန်ရှုယိ ဒူးထောက်ချလိုက်ပါသည်။

ချန်ရှုယိ၏ဆုံးဖြတ်ချက်ပြတ်သားနေသော မျက်နှာကို ကျန်းကျီမြောင် ကြည့်လိုက်ပြီး ရီဝေသွားခဲ့ပါသည်။

ချန်ရှုယိသည် အပေါ်ယံမှာ ပျော့ညံ့သည်ဟု ထင်ရသော် လည်း အားလုံးထဲ စိတ်ဓာတ်အခိုင်မာဆုံးဖြစ်သည်။

နန်းတော်ထဲမှထွက်ခွာချင်သည့် အကြံမျိုး ဘယ်တုန်းကရသွားသလဲ မသိပါ။

နာမကျန်းဖြစ်နေတဲ့ မယ်တော်ကြောင့်လား…

[ဗုဒ္စကျောင်းတော်တစ်ခု ဆောက်လုပ်မယ်… တစ်သက်လုံး အိမ်ထောင်မပြုတော့ဘူးတဲ့… အဲ့ဒီဘဝကြီးက အထီးကျန်စရာ မကောင်းဘူးလား ? အရှင်မင်းကြီးက မုန့်ချိုက်ရမ်နဲ့ ဝမ်ပေါင်လင်တို့ ကိစ္စကို ခွင့်လွှတ်ပေးထားတယ် ဆိုပေမယ့် ချန်ရှုယိသာ နန်းတော်ထဲက ထွက်ဖို့ခေါင်းမာနေမယ်ဆိုရင် အဲ့လောက် သဘောကောင်းပေးနိုင်ပါ့မလား မသိဘူး]

ခေတ်သစ်မှာလည်း အိမ်ထောင်မပြုဘဲ ပျော်ပျော်ရွှင်ရွှင်နေနိုင်သည့် အမျိုးသမီးများစွာရှိသည်။

သို့သော် အိမ်ထောင်မပြုဖို့ရွေးချယ်ခြင်းနှင့် အိမ်ထောင်မပြုနိုင်ခြင်းမှာ မတူညီသည့် ကိစ္စနှစ်ရပ်ဖြစ်သည်။

ကျန်းကျီမြောင် ခေါင်းကိုက်စပြုလာရပါပြီ။

[အရှင်မင်းကြီးရဲ့ အနောက်နန်းဆောင်ဆိုပြီး ဇာတ်လမ်းတွဲတွေထဲကလိုလည်း မဟုတ်ဘူး! နင် သေရင်သေ မသေရင် ငါ သေရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ဘယ်ရောက်ကုန်ပြီလဲ ? ဒီညီအစ်မတွေကို ဘယ်လိုပဲ ကြည့်ကြည့် အရှင်မင်းကြီးကို စက်ဆုပ်တဲ့လူနဲ့ ရွံရှာတဲ့လူပဲရှိတယ်!]

ယွဲ့လင်းကိုတောင် ကျန်းကျီမြောင် သနားလာမိသည်။

[ထားလိုက်ပါတော့ ထားလိုက်ပါတော့၊ ချန်ရှုယိ အခု ဒီလို တွေးပေမယ့် အချိန်တစ်ခုကြာရင် စိတ်ပြောင်းသွားချင် ပြောင်းသွားမှာပေါ့၊ အဲ့အချိန်ကျမှ စိတ်မပြောင်းသေးဘူးဆိုရင်လည်း ငါနည်းလမ်းတစ်ခုခု ရှာပေးမှဖြစ်မယ်၊ ပန်းလေးလို၊ ကျောက်စိမ်းလေးလိုလှတဲ့ မိန်းကလေးတစ်ယောက်ကို တစ်သက်လုံး ဘုန်းကြီးကျောင်းမှာ သီလရှင် ဝတ်ခွင့် မပြုနိုင်ပါဘူး]

“ထလိုက်ပါ”

ကျန်းကျီမြောင် တိုးညှင်းစွာ သတိပေးလိုက်သည်။

“ဒီစကားလုံးတွေ ဒီမိဖုရားရှေ့မှာပဲ ပျောက်ကွယ်သွားပါစေ၊ တခြားလူတွေရှေ့မှာ မပြောမိစေနဲ့ ကြားလား”

“ဒီကြင်ယာတော် နားလည်ပါတယ်”

ကျန်းကျီမြောင်ကို ချန်ရှုယိ လေးစားကြည်ညိုစွာမော် ကြည့်လိုက်ပါသည်။

“နန်းတော်ထဲက ထွက်ခွာနိုင်မယ့် အခွင့်အရေးနဲ့ လဲလှယ်ဖို့အတွက် ဒီကြင်ယာတော့်ထံမှာ အဖိုးတန်သတင်းအချက် အလက်တချို့ ရှိပါတယ်”

ယနေ့ သူမ လာရောက်ရသည့် အကြောင်းအရင်းအစစ်အ မှန်လည်း ဖြစ်သည်။

“အဖိုးတန် သတင်းအချက်အလက်ဟုတ်လား”

ကျန်းကျီမြောင် နားမလည်နိုင်ဖြစ်သွားရသည်။

ချန်ရှုယိ အံကြိတ်လိုက်ပြီး မျက်ဝန်းတွေထဲ ခေတ္တဝေခွဲမရဖြစ်ခဲ့သော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ပြတ်သားခိုင်မာသွားခဲ့သည်။

“အရှင်မ! ဒီကြင်ယာတော်ရဲ့ ခမည်းတော် ဘာသာရေးဝန်ကြီးချင်ကျင်းမင်နဲ့ ပတ်သတ်ပြီး တိုင်ကြားချင်တာရှိလို့ပါ!”

ကျောက်တုံးလို မာကျောသည့် လေသံဖြင့် ချန်ရှုယိ လျှောက်တင်လိုက်သည်။

အန်းကျောက်ရီလည်း သူမ နည်းတူ ဒူးထောက်လိုက်ပါသည်။

ကျန်းကျီမြောင်တစ်ယောက် နားကြားလွဲသွားသည်ဟုပင်ထင်ကာ ချန်ရှုယိကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

“ဝန်ကြီးချန်ကျင်းမင်နဲ့ ပတ်သတ်ပြီး တိုင်ကြားချင်တာရှိတယ် ဟုတ်လား ?”

ချန်ကျင်းမင်ကို အနှေးနဲ့အမြန် ရှင်းထုတ်ပစ်ရမည်ဖြစ်မှန်း ကျန်းကျီမြောင် သိထားပြီးသားဖြစ်သည်။ သို့သော် သူမ စိုးရိမ်ပူပန်မိတာက ထိုအချိန်ရောက်လာလျှင် ချန်ရှုယိ ဝမ်းနည်းသွားမလား ဆိုတာပင်။

သို့သော်ငြား ယခုမူ…

အရှင်မင်းကြီး ချန်ကျင်းမင်ကို ဘာမှ မလုပ်ရသေးသော် လည်း ချန်ရှုယိက တရားမျှတမှုလိုချင်သဖြင့် မိဘအရင်းအားဖျက်ဆီးပစ်ဖို့ ကြံရွယ်နေပုံရသည်။

“အမှန်ပါပဲ၊ ချန်ကျင်းမင်က ကိုယ်ကျင့်သိက္ခာ မစင်ကြယ်တဲ့လူတစ်ယောက်ပါ၊ လူရှေ့တစ်မျိုး လူကွယ်ရာတစ်မျိုး လုပ်တတ်တဲ့လူတစ်ယောက်ပါ၊ ဝန်ကြီးမှူးမတ်တွေရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ဖို့ မသင့်တော်ပါဘူး!”

ချန်ရှုယိ မျက်ဝန်းများ အလွန်လေးနက်သွားသည်။

“ဒီကြင်ယာတော် ငယ်စဉ်ဘဝတုန်းက ခမည်းတော်ကို အလွန် လေးစားကြည်ညိုခဲ့ရပြီး သူ့လုပ်ရပ်တိုင်းကို အတု ယူခဲ့မိတယ်၊ လစဉ်လတိုင်း ခမည်းတော် ခရီးထွက်ခွာသွားပြီး ရက်အနည်းငယ် ကြာတဲ့အထိ အိမ်ပြန်မလာတတ်ဘူး။ နန်းတွင်းရေးရာကိစ္စတွေကြောင့် ခမည်းတော် အလုပ်များနေတာ ဖြစ်မှာပါလို့တွေးရင်း ဒီကြင်ယာတော် ပိုလေးစားခဲ့ရပါတယ်”

ချန်ရှုယိ သေချာပြန်စဉ်းစားလိုက်ပြီး ဆက်လျှောက်တင်လိုက်ပါသည်။

“တစ်ခါတုန်းက ဒီကြင်ယာတော်ရဲ့ အဘွားမွေးနေ့မှာ အိမ်တော်အများစုက သခင်မတွေ တက်ရောက်လာကြတယ်၊ ခမည်းတော်နဲ့ အဲ့ဒီသခင်မတွေ ဆွဲလားရမ်းလားလုပ်ပြီး တရင်းတနှီးဖြစ်နေကြတာကို ဒီကြင်ယာတော် မြင်ခဲ့ရပါတယ်၊ ဒီကြင်ယာတော်ကို မြင်ပြီး ဖခင်ဖြစ်သူကလည်း ဂုဏ်ယူဝံ့ကြွားပြခဲ့သေးတယ်၊ ဒီကြင်ယာတော်ရင်ထဲမှာတော့ သံသယတချို့ ဖြစ်လာခဲ့ပါတယ်၊နောက်ပိုင်း ခမည်းတော်ရဲ့အပြုအမူတွေကို ဒီကြင်ယာတော် သေသေချာချာ ဆက်စောင့်ကြည့်ခဲ့တယ်၊ သို့ပေမယ့် ဘာသဲလွန်စမှ မရခဲ့ဘူး၊ ဒါ့ကြောင့် ဒီကြင်ယာတော်ကပဲ သံသယလွန်ကဲနေတာ ဖြစ်မှာပါလို့ ကိုယ့်ကိုကိုယ် နှစ်သိမ့်ခဲ့ရတယ်”

“သို့ပေမယ့် ခုတလော အတိတ်ကဖြစ်ရပ်တွေကို ပြန်တွေးကြည့်မိတိုင်း တစ်ခုခု မူမမှန်သလို ဒီကြင်ယာတော် ခံစားမိပါတယ်၊ ဒါ့ကြောင့် အန်းကျောက်ရီရဲ့ဖခင် အကူအညီနဲ့ တချို့နေရာတွေကို စုံစမ်းခိုင်းခဲ့တယ်”

ထို့နောက် အန်းကျောက်ရီ ဆက်လက်လျှောက်တင်လိုက်သည်။

“ဒီကြင်ယာတော်ရဲ့ဖခင်က ပါရမီရှင် မဟုတ်ပါဘူး၊ အား လုံးက သူ့ရှေ့ရောက်ရင်တော့ စစ်သူကြီးအန်းလို့ ခေါ်ဝေါ်ပြီး မျက်နှာလိုမျက်နှာရလုပ်တတ်ကြပေမယ့် နောက်ကွယ်မှာတော့ မိသားစုစည်းစိမ်ကို ဖြုန်းတီးပစ်မယ့် ဟန်ရှိပြီး အဆံမရှိတဲ့လူဆိုပြီး လှောင်ပြောင်သရော်ခဲ့ကြတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အဖေ့မှာ အားသာချက်တစ်ခုတော့ရှိပါတယ်၊ မြို့တော်အတွင်းမှာ အဖေက အတော်လူဝင်ဆံ့ပြီး အပေါင်းအသင်းမိတ်ဆွေများတယ်၊ ဒါ့ကြောင့် ဘယ်လိုလူမျိုးကိုမဆို ဆက်သွယ်နိုင်တယ်၊ အဖေ့ကို ဒီကြင်ယာတော် အကူအညီတောင်းပြီး စုံစမ်းခိုင်းခဲ့ပါတယ်၊ ရလဒ်ကတော့ ခမည်းတော်တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုကို သိရှိခဲ့ရပါတယ်”

All Chapters