← Chapters

Address

Vol. 11 Ch. 106

Address

Vol. 11 Ch. 106

စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခု ဟုတ်လား…

ကျန်းကျီမြောင် စိတ်ဝင်စားသွားသည်။

[ကြင်ယာတော်အန်းရဲ့ ခမည်းတော် အန်းယွီကလည်း ချန်ကျင်းမင်ကို အသည်းလှိုက်အူလှိုက် ချစ်နေတဲ့လူ မဟုတ်ဘူးလား ? သူက ချန်ကျင်းမင်ကိစ္စကို သွားစုံစမ်းပေးတာ ဖြစ်နိုင်ပါ့မလား ? တကယ် စုံစမ်းပေးခဲ့တယ်ဆိုရင်တောင် အန်းယွီရဲ့ မဆင်မခြင်လုပ်တတ်တဲ့ အကျင့်ကြောင့် ဒီလောက် လျှို့လျှိ့ဝှက်ဝှက်လုပ်နိုင်ပါ့မလား]

ချန်ရှုယိနှင့် အန်းကျောက်ရီတို့ ဘယ်လိုများကြံစည်လိုက်ကြသလဲဆိုတာ ကျန်းကျီမြောင် နားမလည်နိုင်ပါ။

အန်းကျောက်ရီအနည်းငယ် ချောင်းဆိုးလိုက်ပြိး ဆက်လျှောက်တင်လိုက်သည်။

“အဖေ့ကို ဒီကြင်ယာတော် အကူအညီတောင်းခဲ့တုန်းက လိပ်စာတချို့ပေးပြီး အဲ့ဒီနေရာတွေကို သေသေချာချာ စစ်ဆေးခိုင်းခဲ့ရုံပါ၊ တခြားဘာမှ မပြောခဲ့ဘူး၊ အဖေကလည်း ဒီကြင်ယာတော် ညွှန်ပြထားတဲ့နေရာတွေကို အချိန်အတော်ကြာအောင် သေသေချာချာစုံစမ်းစစ်ဆေးခဲ့တယ်၊ ဒီနေ့ကျမှ ရလဒ်တွေ ထွက်လာခဲ့တာပါ”

ကျန်းကျီမြောင် နားလည်သလိုလို ရှိသွားပြီး ခေါင်းညိတ်လိုက်သည်။

ဖြစ်ချင်တော့ ဒီကောင်မလေးနှစ်ယောက်က အဖေတွေကို လှည့်စားခဲ့ကြတာကိုး…

“ဒါဆို ရလဒ်က ဘာတဲ့လဲ”

ကျန်းကျီမြောင် မေးလိုက်သည်။

ချန်ရှုယိနှင့် အန်းကျောက်ရီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပါသည်။

ထို့နောက် လေးပင်နေသော အသံဖြင့် အန်းကျောက်ရီ လျှောက်တင်လိုက်သည်။

“လိပ်စာလို့ဆိုပေမယ့် တကယ်တမ်းတော့ အတိအကျမပြောနိုင်တဲ့ နယ်မြေတွေပါ၊ အဖေ သူ့လူတွေလွှတ်ပြီး အဲ့ဒီနယ်မြေတွေကို တစ်ခုချင်းစစ်ဆေးခိုင်းခဲ့တယ်၊ တခြားနေရာတွေက ဘာမှမထူးခြားပေမယ့် နေရာတစ်ခုက တော့…”

“အဲ့ဒီနေရာက အတော်လေး ချောင်ကျတယ်၊ စံအိမ်ကြီးတစ်လုံးကိုမြင့်မားတဲ့နံရံတွေနဲ့ ကာရံထားတာ၊ လူတွေကျော်ဝင်လို့မရအောင် နံရံပေါ်မှာလည်း သံဆူးတွေတပ်ထားသေးတယ်၊ ပုံမှန်ဆို အဲ့ဒီစံအိမ်ကြီးထဲ တံခါးတွေအမြဲ တမ်းပိတ်ထားလေ့ရှိတယ်၊ နေ့ဘက်မှာ လူတွေနေထိုင်တာမရှိသလို လူ အဝင်အထွက်လဲ မရှိတတ်ဘူး”

အန်းကျောက်ရီခေတ္တရပ်တန့်သွားပြီး ဆက်လျှောက်တင်လိုက်ပါသည်။

“သို့ပေမယ့်… မှောင်ရီပျိုးတဲ့အခါကျရင်တော့ မျက်နှာတွေကို ဖုံးအုပ်ထားတဲ့ ယောက်ျားတွေ၊ မိန်းမတွေ အဲ့ဒီစံအိမ်ထဲကို ဝင်ထွက်သွားလာလေ့ရှိတယ်၊ အဖေ့ရဲ့ လူတွေက စံအိမ်အနားသိပ်မကပ်ရဲကြလို့ ဘယ်သူဘယ်ဝါတွေလဲဆိုတာကိုတော့ မသိရှိခဲ့ရပါဘူး၊ သို့ပေမယ့် နေ့ဘက်မှာ လူဝင်လူထွက်မရှိဘဲ ညဘက်ကျမှ လူဝင်လူထွက်ရှိတာမျိုးက ကျိန်းသေပေါက် သံသယဖြစ်စရာ ကောင်းလွန်းနေပါတယ်၊ ဒီတာဝန်ကို အရှင်မင်းကြီး ပေးအပ်ထားတာလားလို့တောင် အထေက ဒီကြင်ယာတော်ကိုမေးမြန်းနေပါ သေးတယ်”

“အဲ့ဒီ စံအိမ်ထဲမှာ အရင်မင်းဆက်ရဲ့ ပုန်ကန်သူတွေရှိနေနိုင်လို့ ဆက်ပြီးစောင့်ကြည့်ထားဖို့အတွက် ခမည်းတော်ကို ဒီကြင်ယာတော် တောင်းဆိုထားခဲ့ပါတယ်၊ အဖေလည်း ဒီကြင်ယာတော်ရဲ့ စကားကိုယုံကြည်ပါတယ်၊ အခုတောင် လက်ဖဝါးတွေပွတ်၊ လက်သီးတွေဆုပ်ရင်း ပုန်ကန်သူတွေကို ဖမ်းဖို့စောင့်နေလေရဲ့”

ချန်ရှုယိ ဝင်ပြောလိုက်သည်။

“အဲ့ဒီနေရာတွေကို ဒီကြင်ယာတော် သိနေရတဲ့အကြောင်းအရင်းက ဒီကြင်ယာတော် ငယ်စဉ်တုန်းက အဖေ့ကို လေးစားကြည်ညိုတဲ့အတွက် သူ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့တာပါ၊ အဖေလည်း ကလေးတစ်ယောက်ဖြစ်တဲ့ ဒီကြင်ယာတော်ကို ဘာမှသံသယမဖြစ်ခဲ့ဘူး၊ အဲ့တာကြောင့် အဖေ သွားလေ့သွားထရှိတဲ့ နေရာတွေကို ဒီကြင်ယာတော် မှတ်မိနေခဲ့တာပါ”

“ဒီကြင်ယာတော် မှတ်ဉာဏ်ကလည်း ကောင်းမွန်ပါတယ်၊ ငယ်စဉ်တုန်းက အရေးမပါဘူးလို့ထင်ခဲ့တဲ့ ကိစ္စတချို့ကို အခု သေချာပြန်စဉ်းစားကြည့်မှ သဲလွန်စတချို့ပေါ်လာသလို ခံစားရတယ်၊ အဲ့ဒီ စံအိမ်က အနည်းဆုံးသက်တမ်း ၁၀ နှစ်လောက် ရှိနေပါပြီ အရှင်မ”

ယခု ထိုစံအိမ်သို့ ချန်ကျင်းမင်သွားနေသေးသလားဆိုတာကို ချန်ရှုယိ သေချာမသိပေ။

မသွားတော့ဘူး ဆိုလျှင်တောင် ထိုစံအိမ်ကြီးက ပြဿနာရှိနိုင်ဆဲဖြစ်သည်။ လမ်းစကိုလိုက်ကာ အဆုံးထိ စုံစမ်းစစ်ဆေးလိုက်ပါက အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့အတွက် အထောက်အကူဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သူမနဲ့ အန်းကျောက်ရီတို့အတွက်လည်း အကျိုးထူးရရှိမည်ဖြစ်သည်။

“ဒီမှာ လိပ်စာအပြည့်အစုံပါ အရှင်မ”

အန်းကျောက်ရီ စာလိပ်တစ်ခုကို ဆက်သလိုက်သည်။

ကျန်းကျီမြောင် စာလိပ်ကို လက်ခံရင်း သက်ပြင်းချလိုက်သည်။

“ဒီလို အရေးကိစ္စတွေကို အရှင်မင်းကြီးဆီ တိုက်ရိုက်တင် ပြသင့်တာ…”

ဒီကိစ္စက အမှန်တကယ် အရေးကြီးကိစ္စဖြစ်နေနိုင်သည်။

ထိုစံအိမ်က ယွဲ့ဟွာ၏အရေးပါသော ဌာနချုပ်တစ်ခုဖြစ်နေနိုင်သည်ဟု ကျန်းကျီမြောင် သံသယဖြစ်မိသည်။

သဲလွန်စတွေကို ခြေရာခံပြီး အမှန်တကယ်တစ်ခုခု ရှာတွေ့ခဲ့လျှင် ယွဲ့လင်းအတွက် အကျိုးရှိနိုင်ပါသည်။ ချန်ရှုယိနှင့်အန်းကျောက်ရီတို့သာ မျက်နှာသာရချင်ပါက ယွဲ့လင်းထံ တိုက်ရိုက်သွားလိုက်တာ ပိုအဆင်ပြေနိုင်သည်။

ချန်ရှုယိနှင့် အန်းကျောက်ရီတို့ ကျန်းကျီမြောင်ထံယုံကြည် မှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။

“အရှင်မင်းကြီးက နန်းတွင်းရေးရာကိစ္စတွေကြောင့် မအား လပ်နိုင်ဖြစ်နေပါတယ်၊ အရှင်မကို တင်ပြတာကလည်း အရှင်မင်းကြီးကို တင်ပြတာနဲ့အတူတူပါပဲ”

ကျန်းကျီမြောင် ဘာပြောရမှန်းမသိတော့ပေ။

“ဟုတ်ပါပြီ အရှင်မင်းကြီးကို ဒီမိဖုရား ပြန်ဆက်သပေးပါ့မယ်”

[ဘာတွေဖြစ်နေတာလဲ… ယွဲ့လင်းရဲ့ အနောက်နန်းဆောင်ကကိုယ်လုပ်တော်တွေအားလုံး သနားစရာကောင်းလောက်အောင် ရိုးအကြပါလား ? ငါ့နေရာမှာသာ တခြား မိဖုရားတစ်ပါးဆိုရင် အားလုံးကို အစိမ်းလိုက် ဝါးစားပစ်လိမ့်မယ်၊ ရှိပါစေတော့ ရှိပါစေတော့၊ ဒီမိဖုရားကပဲ ကာကွယ်ပေးရတာပေါ့]

ချန်ရှုယိ ခေါင်းငုံ့လိုက်ပြီး နှုတ်ခမ်းထက်အပြုံးတစ်ခုပေါ်လာခဲ့ပါသည်။

မိဖုရားကြီးမှာ ကျန်းကျီမြောင် မဟုတ်လျှင် သူလည်း ဒီလောက်ထိ ကျိုးနွံနေစရာအကြောင်းမရှိပါ။

အနောက်နန်းဆောင်ထဲ မရောက်ခင်တုန်းက ရာထူးတက်ဖို့ ဘယ်လိုနည်းကိုပဲ သုံးရသုံးရ ကြိုးစားရမည်ဟု သူ့အား ချန်ကျင်းမင် အတွေးအခေါ်တွေရိုက်သွင်းပေးခဲ့ဖူးသည်။ သူမ ရာထူးအာဏာမြင့်မားမှ ရိုးအသည့် အန်းကျောက်ရီကိုကာကွယ်ပေးနိုင်မည်ဟု ဆိုခဲ့ပါသေးသည်။

ချန်ရှုယိလည်း အနောက်နန်းဆောင်ထဲမှာ အသေအကြေတိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားခဲ့သည်။

အရှင်မ အတွေးထဲက မူလဇာတ်လမ်းအရဆို ကိုယ်လုပ် တော်တွေအကြား အချင်းချင်းကြံစည်တိုက်ခိုက်ရင်း သူမ အသက်ဆုံးရှုံးသွားရတာဖြစ်မည်ဟု ချန်ရှုယိ ခန့်မှန်းမိ သည်။

သို့သော်လည်း ယခုမူ…

အနောက်နန်းဆောင်ထဲ ရောက်ရှိလာပြီးနောက် အရှင်မနှင့် ဆုံတွေ့ကာ ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် သူမကို တိုက်ခိုက်စေချင်သေးလျှင်တောင် တိုက်ခိုက်နိုင်မှာ မဟုတ်တော့ပါ။

ဒီတစ်ခါတော့ သူမကိုယ်တိုင်နှင့် မိခင်ဖြစ်သူတို့၏အသက်ကိုသာ ကာကွယ်ပေးချင်တော့သည်။ အရှင်မ ရှိနေသေးသရွေ့ တစ်လောကလုံးက မိန်းမများနှင့် ပျော်ပါးနေသည့် သူ့ ဖခင်လည်း သူမတို့အား ဘာအန္တရာယ်မှပြုနိုင်မည် မဟုတ်ပေ။

သူမနှင့်မိခင်ဖြစ်သူတို့ နာကျင်ခံစားနေရတာတွေ အဆုံး သတ်စေဖို့အတွက် သူ ကြိုးစားရမည်။

ဇာတ်လမ်းထဲတွင် ချန်ကျင်းမင်က သူ့ မယ်တော်တို့၏ ဘဝများကိုစတေးပြီး အာဏာပါဝါရယူခဲ့ခြင်းဖြစ်သည်။

ဒီဘဝမှာတော့… သူမနှင့်မိခင်ဖြစ်သူတို့ နန်းတော်ထဲမှာ မျက်နှာသာရအောင် သူ့ဘဝကိုပြန်စတေးရမည်မှာ တရားပါသည်။

ချန်ရှုယိမျက်လုံးတွေထဲ သွေးအေး ရက်စက်မှုအရိပ်အ ယောင်တွေ ထင်ဟပ်လာသည်။

“ဒီကိစ္စတွေကို ဒီမိဖုရား နားလည်သွားပြီ၊ ကြင်ယာတော်တို့နှစ်ယောက် ခဏပြန်နှင့်နေကြပါ၊ ဒီမိဖုရား အရှင်မင်းကြီးဆီကြွမြန်းပြီး အကျိုးအကြောင်းရှင်းပြလိုက်မယ်”

ကျန်းကျီမြောင် မိန့်လိုက်သည်။

ချန်ရှုယိ ချက်ချင်း မော့ကြည့်လိုက်ပြီး သိမ်သိမ်မွေ့မွေ့ ပြုံးပြလိုက်ပါသည်။

“ဒါဆို ဒီကြင်ယာတော်တို့ အရှင်မကိုပဲ အားကိုးပါ့မယ်”

[ဟူး… ဒီကလေးနှစ်ယောက် တော်တော်ရိုးအကြတာပဲ]

ကျန်းကျီမြောင် ညည်းတွားပြီးသောအခါ ချန်ရှုယိနှင့် အန်းကျောက်ရီတို့လည်း ထပြန်ဖို့ ပြင်လိုက်ကြသည်။

ထိုစဉ် ချန်ရှုယိ တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွားပြီး လျှောက်တင်လိုက်ပါသည်။

“အရှင်မ… ဒီကြင်ယာတော် ငယ်စဉ်တုန်းက ခမည်းတော်နဲ့ ဆွဲလားရမ်းလားလုပ်ပြီး တရင်းတနှီးဖြစ်နေခဲ့တဲ့ သခင်မတစ်ယောက်ကိုမှတ်မိပါတယ်၊ သူက… ထုံးတမ်းရေးရာဒုဝန်ကြီးရဲ့ဇနီးပါ”

ကျန်းကျီမြောင်: “???”

ထုံးတမ်းရေးရာဒုဝန်ကြီးရဲ့ဇနီးဟုတ်လား…

အဲ့ဒီလူက ညီလာခံမှာယွဲ့ဟွာဘက်က အမြဲတမ်းကာပြောပေးနေတတ်တဲ့ လူ မဟုတ်လား…

သူ့ကို ချန်ကျင်းမင် ဦးထုပ်စိမ်းဆောင်းပေးထားတာကိုမသိရှာဘူးလား ??

[ထုံတမ်းရေးရာဒုဝန်ကြီးမှာ သားတစ်ယောက်ရှိတယ်လို့ ငါ ကြားဖူးတယ်၊ ဧကန္တ အဲ့ဒီသားက…]

ကျန်းကျီမြောင် အံ့အားသင့်စွာ မေးလိုက်မိသည်။

“သေချာရဲ့လား”

ချန်ရှုယိ ယုံကြည်ချက်အပြည့်ဖြင့် အတည်ပြုပေးလိုက်ပါသည်။

“ဒီကြင်ယာတော်ရဲ့ မှတ်ဉာဏ်ကကောင်းပြီးသားပါ၊ မှားစရာအကြောင်းမရှိပါဘူး”

ချန်ရှုယိ မှတ်ဉာဏ်ကို ကျန်းကျီမြောင် ယုံကြည်ပါသည်။

ချန်ရှုယိ ၁၀ နှစ်အကြာတုန်းက ကိစ္စတချို့ကိုပြန်လည်ချိတ်ဆက်ပြီး မှတ်မိအောင် ဖန်တီးနိုင်စွမ်းရှိသည်။ မှားနိုင်ချေက သုညသာရှိသည်။

ကျန်းကျီမြောင် တဒိတ်ဒိတ်ခုန်နေသော ရင်ဘတ်ကိုဖိရင်း ကြင်ယာတော်နှစ်ယောက် ထွက်ခွာသွားတာကိုငေးကြည့်နေခဲ့သည်။

ထို့နောက် အခြွေအရံခေါင်းဆောင်နှစ်ယောက်ကို ကျန်းကျီမြောင် ဆင့်ခေါ်လိုက်ပါသည်။

“ဒီနေ့ မီးဖိုဆောင်မှာ အပူဒဏ်သက်သာစေမယ့် အစားအ သောက်တချို့ စီစဉ်ထားသေးလား ?”

ကျွေ့ယွဲ့ အမြန်လျှောက်တင်လိုက်သည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ‘မစ်တီး’ဆိုတဲ့အရာကို အရှင်မ မိန့်ဖူးတယ်လေ၊ အခု မီးဖိုဆောင်က အဲ့ဒီ ‘မစ်တီး’အကြောင်း သုသေသနလုပ်နေတာ ၇၀ - ၈၀ ရာခိုင် နှုန်းလောက် အောင်မြင်နေပါပြီ၊ အရှင်မ ပြောတဲ့ ‘ပုလဲသီး’လေးတွေကိုလည်း မီးဖိုဆောင်က ဖန်တီးနိုင်နေပါပြီ ၊အမှန်တကယ် ပျော့အိမွှေးပျံ့ပြီး အရသာလည်းရှိလှပါတယ် အရှင်မ”

မစ်တီး ဟုတ်လား…

ကျန်းကျီမြောင် မျက်လုံးများအရောင်တောက်သွားခဲ့သည်။

‘မစ်တီး’အကြောင်းကို သူ့ နှုတ်မှ မတော်တဆထုတ်ပြောလိုက်မိတာသာဖြစ်ပြီး သူများတွေကို ဒုက္ခပေးထားခြင်း မဟုတ်ပါ။ သို့သော် အားလုံးက အမှန်တကယ်ဖန်တီးနေကြလေသည်။

“မစ်တီး ဘယ်နှခွက် ဖျော်ထားတာလဲ”

ကျန်းကျီမြောင် မေးကြည့်လိုက်သည်။

“မီးဖိုဆောင်ထဲမှာ ပုံးတစ်ပုံးအပြည့် ကျိုထားပါတယ် အရှင်မ”

ယွင်ရှန်း အပြုံးဖြင့် လျှောက်တင်လိုက်သည်။

“အထဲမှာ ရေခဲတုံးလေးတွေတောင် ထည့်ထားပါသေးတယ်၊ နွေရာသီမှာ သောက်လို့အရမ်းကောင်းမှာပဲ”

ကျန်းကျီမြောင် ခေတ္တစဉ်းစားလိုက်ပြီး မိန့်ကြားလိုက်သည်။

“ကျွေ့ယွဲ့၊ အခြွေအရံတချို့ကိုခေါ်ပြီး အဲ့ဒီ ကျောက်စိမ်းဆင်စွယ်ခွက်ကိုယူပြီးတော့ အရှင်မင်းကြီးဆီ မစ်တီးတစ်ခွက် ဆက်သလိုက်ပါ၊ ပြီးတော့ မိန်းမစိုးကြီးလီနဲ့ တခြားသူတွေကိုလည်း မြည်းစမ်းခိုင်းဖို့ နည်းနည်းယူသွားလိုက်ဦး၊ တခြားဝန်ကြီးမှူးမတ်တွေ ရှိနေရင် အရှင်မင်းကြီး လုပ်ငန်းကိစ္စတွေပြီးတဲ့အချိန်ထိ စောင့်ပြီးမှ ဆက်သလိုက်နော်၊ အနှောင့်အယှက်မပေးနဲ့”

ကျန်းကျီမြောင် ဒီခေတ်ကို ရောက်လာပြီးမှ ရှေးခေတ်လူတွေကလည်း အပန်းဖြေသည့်နေရာမှာ အတော်လေးဆန်းသစ်ကြမှန် သိခဲ့ရပါသည်။ ထိုဆင်စွယ်ခွက်တွေမှာ ပိုက်တစ်ဆက်တည်းပါရှိပြီး ပုံသဏ္ဌာန်လည်း အလွန်ထူးခြားကာ စိတ်ဝင်စားဖို့ကောင်းလှသည်။ အဖျော်ယမကာတွေ ထည့်သောက်သုံးဖို့ရာ အကောင်းဆုံးခွက်တစ်ခွက်ပင်။

All Chapters