← Chapters

Truly Irritating

Vol. 11 Ch. 107

Truly Irritating

Vol. 11 Ch. 107

ပထမတော့ ယွဲ့လင်းထံသို့ ကျန်းကျီမြောင် ကိုယ်တိုင်သွားဖို့ အစီအစဉ်ရှိခဲ့သည်။

သို့သော် ယခင်နှစ်ခေါက်တုန်းက တော်ဝင်စာကြည့်ဆောင်ကိုရောက်တိုင်း ပြဿနာတစ်ခုမဟုတ်တစ်ခုကြုံခဲ့ရသည်။ ထို့ကြောင့် ဒီတစ်ခါတော့ အရင်ဆုံးကင်းထောက်စေလွှတ်ကာ အခြေအနေကြည့်ခိုင်းဖို့ စီစဉ်ထားပါသည်။

ယွဲ့လင်း အလုပ်ပြီးသည့်အချိန်အထိစောင့်ပြီးမှ သူမ ကြွ မြန်းမည်သာ။

ကျွေ့ယွဲ့ အမိန့်နာခံလိုက်ပြီး အခြွေအရံတချို့ကိုခေါ်ကာ ထွက်ခွာသွားလေသည်။

“အရှင်မလည်း မြည်းစမ်းလို့ရအောင် ဒီအခြွေအရံ ယူလာခဲ့ပေးရမလား” ယွင်ရှန်း မေးလိုက်သည်။

“ကောင်းတာပေါ့”

ကျန်းကျီမြောင် မျက်လုံးများ အရောင်တောက်နေသည်။

“တစ်ခွက်လောက် လာဆက်သလိုက်၊ ပြီးရင် ဖုန့်ယီနန်းဆောင်ထဲက လူတိုင်းကိုလည်း မြည်းစမ်းခိုင်းလိုက်”

“အမိန့်တော်အတိုင်းပါ!”

ယွင်ရှန်း အမိန့်နာခံလိုက်ပါသည်။

သိပ်မကြာလိုက်ဘဲ ကျန်းကျီမြောင် လက်ထဲသို့ဆင်စွယ်ခွက်ရောက်ရှိလာပြီး ချိုမြိန်အေးမြသော မစ်တီးအား သောက်သုံးနေပါပြီ။ အရသာက ခေတ်သစ်မစ်တီးနဲ့ အနည်းငယ်ကွာခြားသည်။ ပုလဲသီးများကမူ ဝါးလို့သိပ်မကောင်းလှပါ။

သို့သော် ဒီလိုရှေးခေတ်မှာ မစ်တီးသောက်နိုင်တာတစ်ခုတည်းနဲ့တင် ကျန်းကျီမြောင် ကျေနပ်နေပါပြီ။

မစ်တီးသောက်ရင်း ကျန်းကျီမြောင်ရင်ထဲ ညည်းတွားလိုက်သည်။

ဧကရီမိဖုရားတစ်ပါးဖြစ်နေရခြင်း၏အကျိုးဟုပင် ဆိုနိုင် သည်။ သူ့နှုတ်မှ သတိမထားမိဘဲ ပြောဆိုလိုက်သည့်အရာကိုအားလုံး အမှန်တကယ်ဖန်တီးပေးခဲ့ကြသည်။

ထို့ကြောင့် ယွဲ့လင်း၏ထီးနန်းကို ကျိန်းသေပေါက်ကာကွယ်ပေးမှဖြစ်မည်။ သို့မှသာ သူလည်း ဘဝအား ယခုလို သက်တောင့်သက်သာ ဆက်နေနိုင်မည်ပင်။

မစ်တီးထဲမှ ပုလဲသီးများအား ကျန်းကျီမြောင် စုပ်သောက်နေစဉ် ကျွေ့ယွဲ့ပြန်ရောက်လာခဲ့သည်။

“အရှင်မ”

ကျွေ့ယွဲ့ ရယ်ချင်စိတ်ထိန်းကာလျှောက်တင်လိုက်ပါသည်။

“အရှင်မင်းကြီး အလုပ်များနေရင် မနှောင့်ယှက်ဖို့ အရှင်မ မှာလိုက်ပေမယ့် မစ်တီးကို မိန်းမစိုးကြီးလီမြင်သွားတာနဲ့ အရှင်မင်းကြီး ကြိုက်နှစ်သက်မှာပါဆိုပြီး ချက်ချင်းသွားဆက်သလိုက်တယ်”

“ခဏကြာတော့ မိန်းမစိုးကြီးလီ ပြန်ထွက်လာပြီး ကျန်နေတဲ့ မစ်တီးတွေကိုပါ ခွက်ထဲထပ်ထည့်ပြီး အမြန်ပြန်ဝင်သွားပါတယ်၊ အရှင်မင်းကြီးက မစ်တီးသောက်ရင်း အမတ်တွေရှေ့မှာ ကြွားလုံးထုတ်နေခဲ့တာပါတဲ့၊ အမတ်တွေက ဒေါသထွက်ပေမယ့် ထုတ်မပြောရဲလို့ မိန်းမစိုးကြီးလီကပဲ ကျန်တဲ့ မစ်တီးတွေလာယူသွားပြီး ဝေငှပေးလိုက်ရတယ်တဲ့”

ကျန်းကျီမြောင်: “…”

ယွဲ့လင်း ဘယ်လိုတွေကြွားလုံးထုတ်နေမလဲဆိုတာ သူမ ခန့်မှန်းကြည့်နိုင်သည်။ သိပ်မကြာသေးခင်တုန်းက ထိုစွပ်ပြုတ်အကြောင်း ယွဲ့လင်းကြွားဝါးခဲ့သည့်ပုံစံကို ကျန်းကျီမြောင် သဲသဲကွဲကွဲမြင်ယောင်နေဆဲဖြစ်သည်။

ဒါ့ကြောင့်လည်း အနောက်နန်းဆောင်ညီအစ်မတွေအားလုံး သူ့ကို သဘောမကျကြတာ ဖြစ်ပါလိမ့်မည်။

အရှင်မင်းကြီးသည် လူရိုက်ချင်စရာလုပ်ရပ်တွေသာ လုပ်နေခြင်းကြောင့်ပင်။

ကျန်းကျီမြောင် စိတ်ပျက်လက်ပျက် မိန့်လိုက်ပါသည်။

“မိန်းမစိုးကြီးလီ ပင်ပန်းသွားလောက်ပြီ၊ ကျန်တဲ့ မစ်တီးတွေပါ ပို့ပေးလိုက်ပါ၊ အနည်းဆုံးတော့ မြည်းစမ်းကြပါစေ”

ကျွေ့ယွဲ့ အမိန့်နာခံလိုက်ပြီး တီးတိုးလျှောက်တင်လိုက်ပါသည်။

“ဒီငယ်သား ပြန်ဖို့လုပ်တုန်းက ထုံးတမ်းရေးရာဝန်ကြီးက အပြင်ရောက်တဲ့အထိ လိုက်ပို့ပေးခဲ့ပြီး အရှင်မကိုလည်း အားလပ်ရင် တော်ဝင်စာကြည့်ဆောင်ကိုကြွမြန်းခဲ့ပါဦးလို့ မှာကြားလိုက်ပါတယ်”

ကျန်းကျီမြောင် ရီဝေသွားခဲ့သည်။ ယွဲ့လင်း၏အနောက်နန်းဆောင် ကိုယ်လုပ်တော်တွေကပဲ ထူးဆန်းတာမဟုတ်ဘဲ ဒီအရာရှိအမတ်တွေကလည်း အတော်လေးထူးဆန်းကြသည်။

ညီလာခံကို နှစ်ရက်တိတိ သူ တက်ရောက်ခဲ့တာတောင်မကန့်ကွက်ကြသည့်အပြင် ယခု တော်ဝင်စာကြည့်ဆောင်ကိုပါဖိတ်ခေါ်နေလေသည်။ ဒါ မိဖုရားကြီးဖြစ်သည့် သူမလုပ်ရမည့် အလုပ်တွေမဟုတ်ပါ။

“အရှင်မင်းကြီး နည်းနည်း စိတ်မကြည်မလင်ဖြစ်နေတဲ့ပုံပဲ”

ကျွေ့ယွဲ့ ထပ်လျှောက်တင်လိုက်သည်။

ထိုအခါမှသာ ကျန်းကျီမြောင် နားလည်သွားခဲ့သည်။ ဖြစ် ချင်တော့ ယွဲ့လင်း ဒေါသတကြီး ထပေါက်ကွဲမှာကိုအား လုံး စိုးရိမ်နေကြခြင်းဖြစ်သည်။ အရှင်မင်းကြီးကို စိတ်တည်ငြိမ်အောင်ထားနိုင်သည့် လူကလည်း သူမတစ် ယောက်တည်းသာ ရှိသည်မဟုတ်ပါလား ?

“ဟုတ်ပြီ ဒါဆိုလည်း ဒီမိဖုရားကြွမြန်းလိုက်ပါ့မယ်”

ကျန်းကျီမြောင် သက်ပြင်းချလိုက်သည်။ သူ အလုပ်တာ ဝန်တွေ ပိုပိုများလာတာသေချာသလောက်ပင်။

လစာတိုးတောင်းရမယ်…

သေချာပေါက် လစာတိုးတောင်းရတော့မယ်!

ကျန်းကျီမြောင် ဆင်စွယ်ခွက်ကိုကိုင်ပြီး မစ်တီးသောက်လျက် အေးအေးဆေးဆေးကြွမြန်းလာခဲ့သည်။ တော်ဝင်စာကြည့်ဆောင်ကိုရောက်သည်နှင့် သူ့အား လီသဲ့ဟွိုက် စောင့်ကြိုနေခဲ့သည်။

ကျန်းကျီမြောင် ဘာမှမပြောနိုင်ခင် လီသဲ့ဟွိုက် လက်တစ်ချက် ဝှေ့ရမ်းလိုက်ရာ မိန်းမစိုးလေးနှစ်ယောက် သေတ္တာ နှစ်လုံး ကိုင်ဆောင်ပြီးရောက်ရှိလာခဲ့သည်။

သေတ္တာတွေကိုဖွင့်ကြည့်လိုက်သောအခါ အထဲမှာ ရွှေသစ်ရွက်များဖြင့် ပြည့်နှက်နေပါသည်။

ကျန်းကျီမြောင် မျက်နှာထက်မှ အတုအယောင်အပြုံးမှာလည်း ချက်ချင်းဆိုသလို တောက်ပသွားခဲ့သည်။

“မိန်းမစိုးကြီးလီ ဒါ…”

လီသဲ့ဟွိုက် အမြန်လျှောက်တင်လိုက်သည်။

“ဒီအထိ ကြွမြန်းလာရတာ အရှင်မ ပင်ပန်းနေမှာစိုးတဲ့အတွက် အသိအမှတ်ပြုတဲ့အနေနဲ့ ဒီရွှေသစ်ရွက်တွေကို အရှင်မင်းကြီးက ချီးမြှင့်ထားတာပါ”

ကျန်းကျီမြောင် ချက်ချင်းကြည်နူးသွားရသည်။

ဒီဘော့စ်က ဝန်ထမ်းတွေရဲ့စိတ်ကို ကောင်းကောင်းသိတာပဲ!

“ရပါတယ် ရပါတယ် ဘာမှအပန်းမကြီးပါဘူး!”

ကျန်းကျီမြောင် အားနားပါးနာ ပြန်ပြောလိုက်သည်။

“အရှင်မင်းကြီးအတွက် အပင်ပန်းခံရတာ ဒီမိဖုရားဝမ်း မြောက်ကျေနပ်ပြီးသားပါ”

ထိုသို့မိန့်ပြီးနောက် ရွှေသစ်ရွက်များကို အမြန်သိမ်းလိုက်ဖို့ ကျွေ့ယွဲ့အား ကျန်းကျီမြောင် ချက်ချင်းအမိန့်ပေးလိုက်သည်။

လီသဲ့ဟွိုက်လည်း အပြုံးမပျက်ပေ။

“ကျေးဇူးကြီးမားလှပါတယ် အရှင်မ”

ကျန်းကျီမြောင် ခေါင်းညိတ်လိုက်ပြီး တော်ဝင်စာကြည့်ဆောင်ထဲ အေးအေးလူလူဝင်လာခဲ့ပါသည်။ ကျွေ့ယွဲ့ကမူ တခြားအခြွေအရံများနှင့်အတူ အပြင်မှာကျန်နေခဲ့ပြီး မစ်တီးများ လိုက်ဝေငှပေးနေခဲ့သည်။

လီသဲ့ဟွိုက် မစ်တီးတစ်ငုံပျော်ပျော်ကြီး သောက်လိုက်သည်။ တောက်လောင်နေသော နေရောင်ခြည်ကြောင့် ပူပြင်းနေသည်များ အကုန်ပျောက်ကွယ်သွားသလိုခံစားလိုက်ရသည်။ မိဖုရားကြီးရောက်လာသည့်အချိန်မှ စတင်ပြီး သူတို့ ဘဝတွေ သက်တောင့်သက်သာပိုရှိလာသည်ဟု လီသဲ့ဟွိုက် တွေးထင်မိသည်။

တော်ဝင်စာကြည့်ဆောင်ထဲ ငြင်းခုံနေကြသည့် အမတ်များအား ယွဲ့လင်း တည်တည်ငြိမ်ငြိမ်ကြည့်ရှုနေခဲ့သည်။

မနက်ခင်းညီလာခံပြီးဆုံးသောအခါ တရားရေးရာဝန်ကြီး ဌာန၊ ထုံးတမ်းရေးရာဝန်ကြီးဌာနနှင့် စိစစ်ကွပ်ကဲရေးဝန်ကြီးဌာနတို့မှ အရေးပါသူတချို့ကိုဆင့်ခေါ်ခဲ့သည်။ အမှုဟောင်းတွေကို ပြန်လည် စုံစမ်းစစ်ဆေးဖို့အတွက် အားလုံးနဲ့ ဆွေးနွေးတိုင်ပင်ချင်တာကြောင့်ပင်။

ယွဲ့လင်း ထုတ်မပြောသော်လည်း လူအတော်များများက နားလည်သိရှိထားပြီးသားဖြစ်သည်။ အမှုကိစ္စကြီးကြီးမားမားကြုံလာရတိုင်း ထိုဌာနသုံးခု ပူးပေါင်းဆောင်ရွက်ရပြီး နောက်ဆုံးရလဒ်ကို ခုံရုံးတင်စစ်ဆေးဆုံးဖြတ်ရသည်။

ယွဲ့လင်း စိတ်ချနိုင်တာတစ်ခုက ဌာနသုံးခု၏အကြီးအကဲများဖြစ်ကြသော- တရားရေးရာဝန်ကြီး ယုကျင်း၊ ထုံး တမ်းရေးရာဝန်ကြီး လွီယု၊ စိစပ်ကွပ်ကဲမှုဝန်ကြီး လျို့ပေါ်တို့အားလုံးမှာ မြောင်မြောင့် အတွေးသံများအားကြားနိုင်ကြခြင်းပင်။

၎င်းတို့သုံးယောက်က သူ့ဘက်မှာ ရာနှုန်းပြည့်ရှိနေသည်ဟု ကောက်ချက်မချနိုင်သေးပါ။ သို့သော် မြောင်မြောင်အား ၎င်းတို့ ရန်လိုခြင်းမရှိသဖြင့် ဧကရာဇ်မင်းကြီးဖြစ်သည့် သူ့ကိုလည်း ရန်လိုခြင်းမရှိလောက်ပါ။

ဒီလိုရာထူးမြင့် အကြီးအကဲတွေနဲ့ ယှဉ်လိုက်လျှင် ရာထူးနိမ့် အရာရှိများက ယွဲ့ဟွာ လာဘ်ထိုးဖို့ လွယ်ကူကြသူများ ဖြစ်သည်။ ဒီတစ်ခေါက် အကြီးအကဲသုံးယောက်စလုံးကို ပူးပေါင်းကာ အမှုဟောင်းများကို ပြန်လည်စစ်ဆေးခိုင်းဖို့ ကြံရွယ်ထားသော်လည်း လက်တွေ့အကောင်အထည်ဖော်ရမည့်အချိန်ရောက်လာချိန်မှာ ပြဿနာများတစ်ခုပြီးတစ်ခု ကြုံလာရသည်။

ယခုလက်ရှိ အခစားဝင်နေသည့် အရာရှိတွေထဲ အကြီးအ ကဲသုံးယောက်ကလွဲပြီး တခြားသူများအားလုံးပြဿနာရှာချင်နေကြပုံပေါ်သည်။

အထူးသဖြင့် ထုံးတမ်းရေးရာဒုဝန်ကြီး ရှစ်ယိုချန်းက အဆိုးဆုံးဖြစ်သည်။ သူ ရာထူးသိပ်မမြင့်သော်လည်း ရှစ်မိသားစုမှာ နန်းတော်အတွင်း ပညာဂုဏ်ရည် မြင့်မားသောမိသားစု တစ်စုဖြစ်သည်။

ရှစ်ယိုချန်း၏မျိုးဆက်အထိဆို နန်းတွင်းစာမေးပွဲတွေမှာ အမှတ်အများဆုံး ရရှိသူ ရှစ်မိသားစုဝင် သုံးဦးအထိ ရှိနေပြီ ဖြစ်သည်။ ရှစ်ယိုချန်း၏အဘိုးဖြစ်သူက နှောင်းဧကရာဇ်မင်းကြီး၏ ဆရာဖြစ်ပြီး နွေဦးစာမေးပွဲအား သုံးကြိမ်တိုင်တိုင် ဦးစီးကျင်းပပေးခဲ့သူဖြစ်ကာ နန်းတော်တွင်း သူ့တပည့်များစွာမရေမတွက်နိုင်အောင် ရှိနေခဲ့သည်။

အမှုဟောင်းများကို ပြန်လည်စုံစမ်းစစ်ဆေးခြင်းက လူအင် အားနှင့် ရင်းမြစ်များကို ဖြုန်းတီးရာကျသည်ဟူသော အကြောင်းပြချက်ကို ရှစ်ယိုချန်း အသုံးချပြီး ရာထူးနိမ့် အမတ်များနဲ့အတူ အပြင်းအထန်ကန့်ကွက်နေကြသဖြင့် စိတ်ရှုပ်ဖို့ အလွန်ကောင်းလှသည်။

သို့သော် ယွဲ့လင်း ဒေါသမထွက်သေးပါ။ မြောင်မြောင့် အတွေးသံကြောင့် ရှစ်ယိုချန်းအကြောင်းကို သူကောင်းကောင်းသိနေပြီဖြစ်သည်။ ရှစ်ယိုချန်းမှာ ထူးထူးဆန်းဆန်းဝါသနာတစ်ခုနှင့် သဘောအကျဆုံး ကိုယ်လုပ်တော် တစ်ယောက်လည်း ရှိနေသည်။ ထိုကိုယ်လုပ်တော်အားစုံစမ်းစစ်ဆေးဖို့ရာ ယွဲ့လင်း လူတွေလွှတ်ထားပြီးသား ဖြစ်သည်။

ယွဲ့လင်း ဆင်စွယ်ခွက်ကိုကိုင်ပြီး မစ်တီး ဆက်သောက်နေလိုက်သည်။ ယွဲ့လင်း ပုလဲသီးကို ပိုက်မှစုပ်နေသည့် အသံက အလွန်ကျယ်လောင်လွန်းသဖြင့် ငြင်းခုံနေကြသည့် အမတ်များ ရုတ်တရက် ရပ်တန့်သွားကြသည်။

တရားရေးရာဝန်ကြီးလည်း သူ့ခွက်သူကိုင်ကာ တစ်ငုံသောက်လိုက်ပါသည်။ နွေပူပူနေ့တစ်နေ့မှာ ဒီလိုအရာမျိုး သောက်သုံးရတာ စိတ်နှလုံးကြည်လင်စရာကောင်းလှသည်။

တော်ဝင်စာကြည့်ဆောင်ထဲ ခေတ္တတိတ်ဆိတ်သွားပြီးနောက် မစ်တီးစုပ်သောက်သံတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

ကျန်းကျီမြောင် ဝင်လာသောအခါ ခွက်အောက်ခြေမှာရှိနေသည့် ပုလဲသီးများကို အမတ်များ ခက်ခက်ခဲခဲစုပ်သောက်ဖို့ ကြိုးစားနေတာကို မြင်လိုက်ရလေသည်။

ယွဲ့လင်းကမူ ပုလ္လင်ထက် ခံ့ခံ့ညားညားထိုင်နေခဲ့သည်။ သူ့ဆင်စွယ်ခွက်မှာ ထူးခြားပြီး မြောင်မြောင်ကိုယ်တိုင်ပြင် ဆင်ပေးထားခြင်းဖြစ်သဖြင့် အသုံးပြုရလွယ်ကူသည်။

ဒီလူတွေကတော့ လီသဲ့ဟွိုက် အလောတကြီးပြင်ဆင်ပေးထားသည့် ကျူပိုက်များကိုအသုံးပြုပြီး သောက်ရတာဖြစ်သည်။ ကျူပိုက်များမှာ အလွန်ပျော့ပြောင်းပြီး အဝလည်းကျဉ်းမြောင်းသဖြင့် ပုလဲသီးများကို စုပ်သောက်ရ သည်မှာ အခက်ခဲတွေ့နေရသည်။

ယွဲ့လင်းနှုတ်ခမ်းထက် အပြုံးတစ်ခုပေါ်လာပြီး အသံ ကျယ်ကျယ်မြည်အောင် တမင်တကာ စုပ်သောက်ပြလိုက်သည်။

ကြည့်စမ်း…

ပုလဲသီးတစ်လုံး ထပ်ပါလာပြန်ပြီ မြင်ကြလား…

ယွဲ့လင်းထပ်ကြွားဖို့ပြင်လိုက်စဉ် နန်းဆောင်ဝမှာ နားလည် ရခက်သော မျက်နှာထားမျိုးဖြင့် မတ်တပ်ရပ်နေသည့် ကျန်းကျီမြောင်ကို မြင်လိုက်ရသည်။

“မိဖုရား”

ယွဲ့လင်း ဆင်စွယ်ခွက်ကို ချက်ချင်းချလိုက်ပြီး ကျန်းကျီမြောင်ထံလျှောက်သွားကာ လက်ကိုဆုပ်ကိုင်လိုက်သည်။ ထို့နောက် ဝံ့ကြွားစွာမိန့်လိုက်ပါသည်။

“မိဖုရား ဆက်သတဲ့မစ်တီးက အရမ်းထူးခြားပြီး ရေငတ်ပြေစေတယ်၊ အထူးသဖြင့် ခွက်အောက်ခြေမှာရှိတဲ့ အလုံးလေးတွေက အရမ်းအရသာရှိတာပဲ၊ လီသဲ့ဟွိုက်ကတော့ အဲ့ဒါလေးတွေကို ပုလဲသီးလို့ ခေါ်တယ်လို့ပြောတယ်၊ အဲ့ဒီ ပုလဲသီးလေးတွေက နူးညံ့ပြီးချိုမြိန်နေတာပဲ၊ ကျန်း တစ် ချက်တည်းနဲ့ နှစ်လုံးသုံးလုံးလောက် စုပ်သောက်လိုက်တာလေ”

ပြောပြောဆိုဆိုနဲ့ တခြားအမတ်များထံ ယွဲ့လင်း ရည်ရွယ် ချက်ရှိရှိ လှည့်ကြည့်လိုက်ပါသေးသည်။

အရာရှိအမတ်များ : “…”

ဒေါသထွက်စရာကောင်းလိုက်တာ!

All Chapters