← Chapters

Heaven’s Mandate is With Me

Vol. 11 Ch. 109

Heaven’s Mandate is With Me

Vol. 11 Ch. 109

လွီယု၏ ရုတ်တရက်ဆန်သော အကြံပေးစကားကို ရှစ်ယိုချန်း နားမလည်နိုင်ခဲ့ပေ။

လွီယုထွက်သွားသောအခါ အခြားအမတ်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး ရှစ်ယိုချန်း၏ ပခုံးကို ပုတ်သွားကြသည်။

“အားတင်းထားနော်”

“အဆင်ပြေသွားမှာပါ”

“မနက်ဖြန်တိုင်းက ပိုလှပပါလိမ့်မယ်”

အရာရှိတစ်ယောက်ချင်းစီတိုင်းက နှစ်သိမ့်စကားတစ်ခွန်းစီပြောသွားပြီး ထွက်ခွားခဲ့ကြသည်။ ရှစ်ယိုချန်း ကြက်သေ သေနေရပါပြီ။

ဒီလူတွေ ဘာဖြစ်နေတာလဲ…

သူက ဘာလို့ အားတင်းထားရမှာလဲ!

ရှစ်ယိုချန်း သူ့ဘဝသူ ပြန်သုံးသပ်နေမိသည်။

တော်ဝင်စာကြည့်ဆောင်ထဲတွင်…

ယနေ့ ချန်ရှုယိနှင့် အန်းကျောက်ရီတို့ ပြောပြခဲ့သည့် အကြောင်းအရာတိုင်းကို ယွဲ့လင်းအား ကျန်းကျီမြောင် ပြန်တင်ပြခဲ့သည်။ လိပ်စာတစ်ခုလည်း အပါအဝင်ဖြစ်ပါသည်။

“အဲ့ဒီနေရာမှာ ပြဿနာတစ်ခုခုရှိနေနိုင်တယ်”

ကျန်းကျီမြောင် တစ်ခုခု ဆက်ပြောဖို့ ကြံလိုက်စဉ် သူမ မျက်နှာ ရုတ်တရက်ကြက်သေသေသွားခဲ့ရသည်။

ဒင်!

သူ့ အာရုံထဲ စနစ်အသိပေးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“အချိန်အကန့်အသတ် အတင်းအဖျင်းမစ်ရှင် စတင်ပါပြီ။”

“မစ်ရှင်အသေးစိတ်: ချန်ကျင်းမင်ရဲ့ဂုဏ်သရေရှိ၊ ဖြောင့် မတ်မှန်ကန်တဲ့ မျက်နှာဖုံးနောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိနေတယ်၊ ဒီမစ်ရှင်အတွက် အချိန်အကန့် အသတ်က တစ်လပါ၊ တစ်လအတွင်း ချန်ကျင်းမင်ရဲ့ လျှို့ဝှက်ချက်တွေကို လူအများသိအောင်ဖော်ထုတ်ပြီး အံ့ဩတုန်လှုပ်မှု ရမှတ်တွေ စုဆောင်းလိုက်ပါ၊ ရမှတ်တွေကို နေ့စဉ် သန်းခေါ်ယံအချိန်မှာ စာရင်းရှင်းပေးသွားပါမယ်”

“မှတ်ချက်: ချန်ကျင်းမင်ထံမှာ ဖော်ထုတ်စရာလျှို့ဝှက်ချက်တွေ အများကြီးရှိနေပါတယ်၊ ထို လျှို့ဝှက်ချက် အားလုံးကို ထုတ်ဖော်နိုင်ပါက စနစ်စတိုးဆိုင်ကို Level 2 အထိ အဆင့်မြှင့်တင်နိုင်ပါလိမ့်မယ်”

“လက်ရှိ ချန်ကျင်းမင်၏လျှို့ဝှက်ချက်တူးဖော်မှု အောင် မြင်ခြင်း: ၅၀%”

ကျန်းကျီမြောင် မျက်ဝန်းများတုန်လှုပ်သွားသည်။ ချန်ကျင်းမင်၏လျှို့ဝှက်ချက်တွေ အားလုံးနီးပါးကို သူမ ဖော် ထုတ်ပြီးပြီဟု ထင်ထားခဲ့ခြင်းဖြစ်သည်။

ဖြစ်ချင်တော့ ဒီလောက်ထိကြိုးစားခဲ့တာတောင် လျှို့ဝှက်ချက် ၅၀% ကိုသာ ဖော်ထုတ်နိုင်ပါသေးသည်။

ဒီလူကြီးမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေတာလဲ!

ခေတ္တတုန်လှုပ်သွားသော်လည်း ချက်ချင်းဆိုသလို ကျန်းကျီမြောင် မျက်နှာထားအလွန်လေးနက်သွားသည်။ ယွဲ့လင်း၏ကျန်းမာရေးကို ငယ်စဉ်ကတည်းက ဖျက်ဆီးခံခဲ့ရတာဖြစ်သည်။ လောလောဆယ် စနစ်စတိုးဆိုင်ထဲမှာလည်း သူ့အား ကုသပေးဖို့ နည်းလမ်းမရှိသေးချေ။

သူ့ကို အဆိပ်ခတ်ခဲ့သည့်လူကို ရှာတွေ့ရင်တောင် အခုလိုချိန်မှာ အဆိပ်ပြယ်အောင်လုပ်ဖို့ နောက်ကျသွားလောက်ပါပြီ။ စနစ်စတိုးဆိုင်ကို အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် ရရှိလာသည့် ရလဒ်များက အလွန်အရေးပါနိုင်သည်။

စနစ်စတိုးဆိုင်ကို အဆင့်မြှင့်တင်လိုက်လို့ ယွဲ့လင်းကို ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုခုပေါ်လာရင် ဘယ်လိုလုပ်မလဲ…

ကျန်းကျီမြောင် အာရုံထဲမှ မေးမြန်းလိုက်သည်။

“စနစ်… စတိုးဆိုင်ကို အဆင့်မြှင့်တင်ပြီးရင် ယွဲ့လင်းကို ကုသနိုင်မယ့် နည်းလမ်းတစ်ခုခု ပေါ်လာနိုင်လောက်လား”

စနစ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်ပါသည်။

“စနစ်စတိုးဆိုင် Level 2 မှာ ယွဲ့လင်းရဲ့ သက်တမ်းကို တိုးချဲ့နိုင်တဲ့ ပစ္စည်းတွေ ပါဝင်ပါလိမ့်မယ်၊ Level 3 မှာတော့ အဆိပ်ကို အမြစ်ပြတ် ဖယ်ရှားပေးနိုင်မယ့် ပစ္စည်းတွေ၊ သူ့ခန္ဓာကိုယ်ကို အပြည့်အဝ ပြန်ကျန်းမာစေမယ့် ပစ္စည်းတွေ၊ သူ့ကို သက်ရှည်ကျန်းမာစေမယ့် ပစ္စည်းတွေ ပါဝင်ပါလိမ့်မယ်”

စနစ်က အတိအကျ ရှင်းပြလိုက်သည်။ လက်ရှိ စနစ်စတိုးဆိုင်က Level 1 သာ ရှိသေးသည်။ အဆင့်မြှင့်တင်ပြီးနောက် Level 2 ဖြစ်သွားမည်ဖြစ်ကာ Level 2 တွင် ယွဲ့လင်းသက်တမ်းကို ၅ နှစ်ထက် ပိုပြီး တိုးချဲ့နိုင်ပါလိမ့် မည်။

Level 3 မှာတော့ သူ့ကျန်းမာရေးကို ရာနှုန်းပြည့်ပြန်ကောင်းအောင် ကုသပေးနိုင်မည့် နည်းလမ်းများပေါ်လာလိမ့်မည်။

ထို့ကြောင့် ကျန်းကျီမြောင်အတွက် ရှင်းလင်းပြတ်သားသော လမ်းစတစ်ခု ပေါ်လာခဲ့သည်။ သူမ စိတ်ဓာတ်ပြန် လည်တက်ကြွသွားခဲ့သည်။

စနစ်စတိုးဆိုင်ကို အဆင့်မြှင့်တင်နိုင်ဖို့ဆိုတာ ရှားပါးသည့် အခွင့်အရေးဖြစ်သည်။ ဒီကမ္ဘာကြီးထဲ ရောက်ရှိလာသည့် အချိန်ကစလို့ ဒီလို အခွင့်အရေးကို ကျန်းကျီမြောင် ပထမဆုံးအကြိမ်အဖြစ် ရရှိဖူးခြင်းဖြစ်သည်။ ဒီတစ်ခေါက်သာ အခွင့်အရေးဆုံးရှုံးလိုက်ရပါက နောက်ထပ်အခွင့်အရေး ဘယ်အချိန်မှ ပြန်ရရှိနိုင်မလဲ မသိနိုင်ပေ။

မူလ ဝတ္ထုထဲတွင် ချန်ကျင်းမင်က အလွန်အရေးပါသည့် ဇာတ်ကောင်ဖြစ်သည်။ ယွဲ့ဟွာက အဘက်ဘက်မှ ပြည့်စုံနေသော ဇာတ်လိုက်မင်းသားဖြစ်ကာ ယုတ္တိတန်သည့် အစွမ်းတွေကိုပါ ပိုင်ဆိုင်ထားသော်လည်း ဇာတ်လမ်းထဲမှာ မိန်းမပေါင်းစုံကို သိမ်းပိုက်ရင်းနဲ့သာ အချိန်ကုန်ခဲ့တာဖြစ်သည်။

သူ့ လျှို့ဝှက်သတင်းအချက်အလက်ဌာနကိုလည်း အလွန်ထူးချွန်ပြောင်မြောက်သည့် အမျိုးသမီးတစ်ယောက်က ဦးဆောင်ထားတာဖြစ်သည်။ ဇာတ်လမ်းထဲမှာ ထိုအမျိုး သမီးနှင့် ယွဲ့ဟွာ ပလူးပလဲလုပ်နိုင်ခဲ့တာကြောင့်သာ လျှို့ဝှက် သတင်းအချက်အလက်ဌာနကို ကောင်းကောင်းမွန်မွန် အုပ်စိုးနိုင်ခဲ့ခြင်းဖြစ်သည်။

သူ့လျှို့ဝှက်တပ်ဖွဲ့တွေကို စစ်မက်ရေးရာကျွမ်းကျင်သူ ပါရမီရှင်တစ်ဦးက လေ့ကျင့်ပေးထားတာဖြစ်သည်။ ထိုပါရမီရှင်ကို သူ့ဘက်ရောက်လာအောင် ယွဲ့ဟွာ သုံးလိုက်သည့် နည်းလမ်းက သူ့ညီမ နှလုံးသားကို သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ ယွဲ့ဟွာကို စွဲလမ်းသွားသောအခါ ညီမဖြစ်သူက သူ့ကို ကူညီပေးဖို့အတွက် အစ်ကိုဖြစ်သူထံ အသည်းအသန် တောင်းဆိုပါလိမ့်မည်။

သူ့စီးပွားရေးအင်ပါယာကိုလည်း သူ့ကို သဘောကျမြတ် နိုးသည့် အမျိုးသမီးတစ်ယောက်က ထိန်းချုပ်ထားတာ ဖြစ်သည်။

အတိုချုန်းပြောရလျှင် ဒီဝတ္ထုထဲ ထူးချွန်ထက်မြက်သည့် အမျိုးသမီးများစွာ ရှိသော်လည်း ခြွင်းချက်မရှိဘဲ ယွဲ့ဟွာနဲ့သာ အားလုံး ချစ်ကြိုက်သွားကြတာဖြစ်သည်။ အားလုံးက ပါရမီတွေ ကိုယ်စီရှိကြသော်လည်း ဝတ္ထုထဲမှာတော့ ယွဲ့ဟွာကို အမှုထမ်းဖို့အတွက်သာ ထိုပါရမီတွေကိုအသုံး ချခဲ့ရခြင်းသာ။

ကိုယ်ပိုင်ရည်မှန်းချက်၊ ကိုယ်ပိုင် အတွေးအခေါ်တွေဆိုတာ ထိုအမျိုးသမီးတွေမှာ မရှိပါ။ ယွဲ့ဟွာအတွက်ဟူသော စိတ်တစ်ခုတည်းနဲ့သာ ဖြစ်တည်နေကြခြင်းဖြစ်သည်။

ဇာတ်လိုက်မင်းသားကို ဦးနှောက်မရှိသော်လည်း သက်တောင့်သက်သာ နေနိုင်သည့်လူဖြစ်အောင် အကူအညီပေးခဲ့သူက ချန်ကျင်းမင်ဖြစ်သည်။ ယွဲ့ဟွာ၏အကြံအစည်တွေ အားလုံးမှာ သူ ပါဝင်နေလေ့ရှိသည်။ ယွဲ့ဟွာ မိန်းမများနှင့် ချစ်ကြည်နူးပျော်ပါးနေစဉ် အရာရာကို အကောင် အထည်ဖော်ပေးခဲ့သည်မှာ ချန်ကျင်းမင်ပင်။

ခေါင်းဆောင်တစ်ယောက်ဖြစ်လာရုံနဲ့ မပြီးသေးပါ။ လက် အောက်ငယ်သားတွေ သစ္စာစောင့်သိစေဖို့အတွက် ကိုယ် တိုင်က ခေါင်းဆောင်လမ်းစဉ်ကို သင်ယူရမည်ဖြစ်သည်။ ယွဲ့ဟွာက 1GB လောက်ရှိသည့် .txt စာဖိုင်များနှင့် ကူး ပြောင်းလာခြင်းဖြစ်သော်လည်း အလွန်မောက်မာသည့် စိတ်မျိုးရှိသည်။

ထိုစာဖိုင်တွေကိုသာ အားကိုးပြီး ရှေးခေတ်ပညာရေးကို အထင်အမြင်သေးကာ ယွဲ့ဟွာ ဘာပညာမှ ဆက်မသင်ယူခဲ့ပါ။

ထို့ကြောင့် လျှို့ဝှက်သတင်းအချက်အလက်ဌာနကို ယွဲ့ဟွာကိုယ်စား ချန်ကျင်းမင်က အုပ်ချုပ်စီမံ ပေးခဲ့ရသည်။ တပ်သားတွေကို လျှို့ဝှက် ဖုံးကွယ်ထားခြင်း၊ ရိက္ခာတွေ ထောက်ပံ့ပေးခြင်း၊ တပ်သားတွေ သစ္စာစောင့်သိအောင် ဝါဒရိုက်သွင်းခြင်း စသည်တို့ကို မိန်းမပိုးပန်းနိုင်စွမ်း တစ်ခုတည်းနဲ့ ဆောင်ရွက်လို့ မရနိုင်ပါ။ ထို့ကြောင့် ချန်ကျင်းမင်ကသာ အားလုံးကို စီမံပေးခဲ့ရသည်။

ယွဲ့ဟွာ၏ စီးပွားရေးအင်ပါယာ ကျယ်ပြန့်လာခြင်းကပင် ချန်ကျင်းမင် သူ့ဆွဲဆောင်မှုတွေကိုအသုံးချပြီး အဘက်ဘက်မှ အကူအညီ အထောက်အပံ့တွေ ရယူနိုင်ခဲ့တာကြောင့်ဖြစ်သည်။

အဘက်ဘက်မှပြည့်စုံနေသည့် ဇာတ်လိုက်မင်းသားက ဦးနှောက်မရှိသော်လည်း ချန်ကျင်းမင်က သူ့ဦးနှောက်အဖြစ် ထမ်းဆောင်ပေးခဲ့တာကြောင့် အရာရာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ယွဲ့ဟွာအပေါ် ချန်ကျင်းမင် ဒီလောက်ထိ ဘာကြောင့် သစ္စာစောင့်သိနေရသလဲဆိုတာကို ဇာတ်လမ်းပထမတစ် ဝက်မှာ ဖော်ပြမထားပါ။ ပဟေဠိတွေကို ဖြေရှင်းဖို့အတွက် ဇာတ်လမ်း ၁၀၀% ကို သူမ လိုအပ်သည်။

ပထမတော့ သုံးနှစ်ခန့်ကြာသည်အထိ ကြီးကြီးမားမားကိစ္စတွေ ဖြစ်မလာနိုင်လောက်ဟု ကျန်းကျီမြောင် ထင်ထားခဲ့တာဖြစ်သည်။ ထို့ကြောင့် သူမ ဇာတ်လမ်း ၁၀၀% အား အလောတကြီး ရယူဖို့ မတွေးခဲ့ချေ။

သို့သော် ယခုမူ ရုတ်တရက်ကြီး စိတ်ပူပန်နေရပါပြီ။ ကျန်ရှိနေသည့် ဇာတ်လမ်း ၅၀% ထဲမှာ ချန်ကျင်းမင်၏ လျှို့ ဝှက်ချက်တွေအကုန်ပါရှိလိမ့်မည်။

အချိန်အကန့်အသတ်ကမူ တစ်လဖြစ်သည်။ တစ်နည်း အားဖြင့် ထိုတစ်လအတွင်း ဇာတ်လမ်း ၁၀၀% ကို ဝယ်ယူနိုင်အောင် သူ ကြိုးစားရမည်။ ကံကောင်းစွာဖြင့် သူမအမှတ်တွေကို မဖြုန်းတီးခဲ့ပါ။ လက်ရှိ အမှတ် ၂၀၀ ကျော် ကျန်နေဆဲဖြစ်သည်။

ချန်ကျင်းမင်၏လျှို့ဝှက်ချက်တစ်စိတ်တစ်ပိုင်းကို အရင်ဖော်ထုတ်လိုက်လို့ရသည်။ ဒီမစ်ရှင်အတွက် အံ့ဩတုန် လှုပ်မှု ရမှတ်တွေကို နေ့စဉ်စာရင်းရှင်းပေးမှာဖြစ်သဖြင့် အချိန်မပြည့်ခင် ဇာတ်လမ်း ၁၀၀% ကို ဝယ်ယူနိုင်ချေရှိပါသေးသည်။

နောက်လအတွက် အဓိကတာဝန်တွေကတော့ ချန်ကျင်းမင်၏ဟန်ဆောင် မျက်နှာဖုံးကို ခွာချဖို့ဖြစ်သည်။ အံ့ဩတုန်လှုပ်မှု ရမှတ်တွေကို စုဆောင်းပြီး အမှတ်တွေအဖြစ် ပြောင်းလဲရမည်။ ဇာတ်လမ်း ၁၀၀% ကို လဲလှယ်ဝယ်ယူပြီးနောက် ချန်ကျင်းမင်၏ လျှို့ဝှက်ချက်ကြီးကြီးငယ်ငယ် အကုန်လုံးကို ဖော်ထုတ်ရမည်။ ထိုပန်းတိုင်သုံးခုမှာ အချိတ်အဆက်ရှိနေပြီး ပထမဆုံးခြေလှမ်းက အရေးအကြီးဆုံးဖြစ်သည်။

ကျန်းကျီမြောင် ရုတ်တရက်ကြီး ငိုင်သွားတတ်တာကို ယွဲ့လင်း အသားကျနေပြီဖြစ်သည်။ ထို့ကြောင့် သူစိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့ပါသည်။ ခဏကြာတော့ ကျန်းကျီမြောင် အသိစိတ်ပြန်ကပ်လာပြီး သူ့ကို တောက်လောင်နေသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

“အရှင်မင်းကြီး”

ကျန်းကျီမြောင် လျှောက်တင်လိုက်သည်။

“ချန်ရှုယိရဲ့ အရေးကိစ္စကို ကျေးဇူးပြုပြီး အလေးပေး ဆောင်ရွက်မှဖြစ်မယ်နော်”

[ချန်ကျင်းမင်ရဲ့ပြစ်မှုတွေကို မြန်မြန်ဖော်ထုတ်လိုက်စမ်းပါ၊ မြန်လေ ကောင်းလေပဲ!]

ချန်ကျင်းမင်၏လျှို့ဝှက်ချက်တွေ စောစောပေါ်လာလေ သူမ အံ့ဩတုန်လှုပ်မှုရမှတ်တွေ စောစောပိုရလေဖြစ်ကာ ဇာတ်လမ်း ၁၀၀% ကို အမြန်ဆုံး ဝယ်ယူနိုင်မှာဖြစ်သည်။ ချန်ကျင်းမင်၏လျှို့ဝှက်ချက်များကို အကုန်ဖော်ထုတ် နိုင်လျှင် ယွဲ့လင်း အသက်ကိုလည်း ကယ်တင်နိုင်ပါလိမ့်မည်။

နဂိုကတည်းက ကျန်းကျီမြောင်မျက်နှာထားက အလွန်လေးနက်နေသဖြင့် ချန်ကျင်းမင် အရေးကိစ္စအား ယွဲ့လင်း အာရုံစိုက်ထားပြီးသားဖြစ်သည်။

သို့သော် ကျန်းကျီမြောင် အခုလိုအလောတကြီးတိုက်တွန်း လာသောအခါ ယွဲ့လင်း ဆုံးဖြတ်ချက် ပြတ်သားစွာမိန့်လိုက်ပါသည်။

“စိတ်ချ မြောင်မြောင်၊ မကြာခင် ရလဒ်တွေ ထွက်ပေါ်လာစေရမယ်”

နှောင်းဧကရာဇ်မင်းကြီးက လျှို့ဝှက်သတင်းအချက်အ လက်ဌာနကို ယွဲ့ဟွာထံ ပေးအပ်ခဲ့မှန်း ယွဲ့လင်း သိသည်။ သို့သော် သူ့မှာလည်း သူ့အဖွဲ့အစည်းနဲ့သူ ရှိပြီးသားဖြစ် သည်။

ယခင်တုန်းက သူ ဘာပဲလုပ်ဖို့ ကြိုးစားပါစေ ကံကြမ္မာက အနှောင့်အယှက်ပေးနေသလိုခံစားခဲ့ရသည်။ သို့သော် မြောင်မြောင် ရောက်ရှိလာသည့်အချိန်ကစလို့ ထိုခံစားချက် မှေးမှိန်သထက် မှေးမှိန်လာခဲ့သည်။

ယွဲ့လင်း ယခင်က ကံကြမ္မာတွေဘာတွေကို မယုံကြည်ခဲ့ပါ။ သို့သော်လည်း ယခုမူ သူယုံကြည်ရပါတော့မည်။

ယခင်တုန်းက ယွဲ့ဟွာ၏ကံကောင်းခြင်းမှာ ထိပ်ဆုံးသို့ ရောက်ရှိနေခဲ့သည်။ သူဘာလုပ်လုပ် အောင်မြင်ခဲ့သည်။ သူ့ရန်သူဖြစ်သည့် ယွဲ့လင်းကတော့ အရာရာကျရှုံးခဲ့သည်။ ယခု ယွဲ့ဟွာ၏ကံက ယခင်ကလောက် မကောင်းတော့သဖြင့် ယွဲ့လင်းဘက် အခြေအနေတွေချောမွေ့လာခဲ့ပြီဖြစ် သည်။

ယွဲ့လင်း ခံစားနေရတာတစ်ခုရှိသည်။ ဒီကမ္ဘာကြီးထဲမှာ ‘ကောင်းကင်ဘုံအမိန့်အာဏာ’ဆိုတာသာ အမှန်တကယ် ရှိခဲ့လျှင် ယခု ထိုအမိန့်အာဏာက ဦးတည်ချက်မှာတဖြည်း ဖြည်းပြောင်းလဲလာပြီဖြစ်သည်။ ယွဲ့ဟွာအတွက်မူ ဘာဆို ဘာမှ အောင်မြင်နိုင်မှာ မဟုတ်တော့ပါ။

All Chapters