The Fish Pond Has Flipped
Vol. 12 Ch. 115
ရုပ်ရှင် ပြီးဆုံးသွားခဲ့ပါပြီ။
အားလုံးလည်း စိတ်အခြေအနေတွေ အတော်လေးရှုပ် ထွေးနေကြသည်။
တိုင်းပြည်တစ်ခုလုံး ပျက်စီးသွားသည့် ဇာတ်သိမ်းအ ကြောင်းကို တွေးရင်း အတိုင်ပင်ခံအမတ်ကြီး ရီဝေသွားခဲ့သည်။ သူ့စိတ်ထဲ မေးခွန်းတစ်ခုထုတ်မိပါသည်။
တန်ရဲ့လား…
သို့သော် သူ့အတွက် ဘယ်သူမှ အဖြေပေးနိုင်မှာမဟုတ်ပါ။ ဇာတ်လမ်းက ဇာတ်လမ်းပဲဖြစ်သည်။ သူတို့ ယုံမင်းဆက်ကတော့ ဒီလောက် မပျော့ညံ့ပေ။ ယုံမင်းဆက်၏ စစ်သူ ကြီးတွေကလည်း ပါရမီပြည့်စုံကြသူများ ဖြစ်သည်။
ထို့ကြောင့် စစ်မြေပြင်ကို မိန်းမသားတွေ စေလွှတ်ရလောက်သည့် အခြေအနေထိ မရောက်ရှိသေးပါ။ ထိုအကြောင်းပြချက်ကြောင့် အရှင်မင်းကြီးသာ ကြင်ယာတော်သဲ့ကို စစ်မြေပြင်ထံစေလွှတ်ဖို့ ခေါင်းမာနေသေးလျှင် အတိုင်ပင်ခံအမတ်ကြီး ကန့်ကွက်မိဦးမှာ ဖြစ်သည်။
အခြား အရာရှိအမတ်တွေလည်း ထိုနည်းလည်းကောင်းတွေးကြပါသည်။
ယွဲ့လင်းမျက်နှာကမူ တည်ငြိမ်နေသည်။ မြောင်မြောင့် ရုပ်ရှင်မှာ အချိန်ကိုက်ရောက်ရှိလာခဲ့တာ ဖြစ်သည်။ ရုပ်ရှင်တစ်ခုကြောင့် လူတွေရဲ့အမြင် ပြောင်းလဲသွားနိုင်မည်ဟု ယွဲ့လင်း မယုံကြည်ပါ။ သို့သော် ထိုဇာတ်လမ်းကြောင့် သူတို့ရင်ထဲ မျိုးစေ့တစ်ခုချပေးနိုင်ခဲ့မှန်း သေချာသည်။ ထိုမျိုးစေ့လေး တဖြည်းဖြည်း ကြီးထွားလာမည့်အချိန်ကိုသာ စောင့်ဖို့လိုအပ်သည်။
ထို့အပြင် ဒီစစ်ပွဲကြီးကိုအနိုင်ရဖို့ ဝူချုံးလန်အား မဖြစ်မနေ လိုအပ်တာမျိုးမဟုတ်ပေ။ သို့သော် အောင်ပွဲကိုဆွတ် ခူးနိုင်ချေ နည်းနည်းလေး တိုးမြှင့်နိုင်လျှင်ပင် ၊ နယ်စပ်မှာ ဆုံးရှုံးမှုတွေ နည်းနည်းလေးလောက်လျှော့ချနိုင်သည်ကိုက သူတို့အတွက် ဝမ်းမြောက်စရာဖြစ်သည်။
သူ့ကိုယ် သူ အမြော်အမြင်ကြီးပြီး သက်ညှာမှုရှိသည့် ဧကရာဇ်မင်းတစ်ပါးဟု ယွဲ့လင်း မထင်မိပေ။ သူ့ အတွက် အကျိုးအမြတ်ရှိမှသာ ဆောင်ရွက်တတ်တာဖြစ်သည်။ ကျန်းကျီမြောင်အတွေးထဲက ချီးကျူးစကားသည်လည်း လွဲမှားနေခဲ့ပါသည်။ မြောင်မြောင်ထင်သလို သူလူကောင်း မဟုတ်ပါ။ အကျိုးအမြတ်ကို ရှေ့တန်းတင်တတ်သူသာ ဖြစ်သည်။
မြောင်မြောင်ကသာ လူဆယ်ဦးနှင့်ညီမျှအောင် စေတနာထက်သန်တက်သူဖြစ်သည်။ သူမ နွေးထွေးလွန်းသဖြင့် သူ့ရှေ့မှာ ယွဲ့လင်း တစ်ကိုယ်ကောင်းဆန်မှုတွေ၊ အေးစက်မှုတွေကို ထုတ်မပြရက်ခဲ့ချေ။
သူ့ကို မြောင်မြောင်က အမြော်အမြင်ရှိသည့် ဧကရာဇ်မင်းတစ်ပါးဖြစ်စေချင်လျှင် အမြော်အမြင်ရှိသည့် မင်းတစ်ပါး ဖြစ်အောင် သူ နေထိုင်လိုက်မည်။ သူ့ရင်ထဲက အမှောင်ထုတွေကို ထာဝရဖုံးကွယ်ပေးထားနိုင်သည်။
ရုပ်ရှင်ကြည့်ရှုပြီးသွားပြီဖြစ်သဖြင့် အတင်းအဖျင်း ဖတ်ရှုချိန်ကို ရောက်ရှိလာပါပြီ။ အတင်းအဖျင်းနားထောင်ရမည့် အချိန်ကို အားလုံးလည်း အသားကျမှတ်မိနေကြပြီဖြစ် သည်။ ထို့ကြောင့် မိဖုရားကြီး၏မြင်းလှည်းနားသို့ ထပ်ပြီး တိုးကပ်လာမိကြပါသည်။
ထိုမြင်ကွင်းကိုကြည့်ကာ ယွဲ့ဟွာမျက်မှောင်ကြုတ်သွားပြီး အံ့ဩမှင်သက်သွားခဲ့သည်။
ဒီလူတွေ ဘာလုပ်နေကြတာလဲ…
နားကို မလည်နိုင်တော့ဘူး!
[ဟုတ်ပြီ အချိန်တန်ပြီ! ဒီနေ့က မြေပုံအသစ်ကိုရောက်တဲ့နေ့ဆိုတော့ စိတ်ဝင်စားစရာ အတင်းအဖျင်းတွေ တက်လာနိုင်တာပဲ!]
အတင်းအဖျင်းတွေကို ကြည့်လိုက်တာနဲ့ ကျန်းကျီမြောင် မျက်လုံးများအရောင်လက်သွားခဲ့သည်။
[မြေပုံအသစ်တွေမှာ စိတ်ဝင်စားစရာအတင်းအဖျင်းတွေ ပေါ်လာတတ်တာ သေချာသွားပြီ!]
ကျန်းကျီမြောင် ပထမဆုံး အတင်းအဖျင်းကို ဖွင့်ဖတ်ကြည့်လိုက်ပါသည်။
[ယွဲ့ဟွာက .txt ဖိုင်ထဲက ဖော်မြူလာကိုအသုံးပြုပြီး ယမ်းမှုန့်တွေ တီထွင်နိုင်ခဲ့တယ်တဲ့၊ အဲ့ဒီယမ်းမှုန့်ထုတ်လုပ်ရေးစခန်းက ဒီကနေ ဆယ်မိုင်ကွာဝေးတဲ့ ချိုက်တျဲရွာမှာတဲ့]
ယွဲ့လင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ကျန်းကျီမြောင်လည်း အနည်းငယ်တုန်လှုပ်သွားခဲ့ပါသည်။
[ယမ်းမှုန့်ဆိုတာ txt စာဖိုင်တစ်ခုရှိရုံနဲ့ ဖန်တီးလို့ရတဲ့အရာမှ မဟုတ်တာ၊ ဒါပေမယ့် ယွဲ့ဟွာကတော့ စာဖိုင်တစ်ခုကို အခြေပြုပြီး တကယ်ဖန်တီးနိုင်ခဲ့တယ်၊ တော်တော် ကံကောင်းတဲ့ကောင်ပဲ၊ ကံကြမ္မာ မျက်နှာသာပေးတာကို တော်တော်ခံထားရတဲ့ကောင်၊ အဲ့ဒီယမ်းမှုန့်ဆိုတာ လူသတ် လက်နက်တွေဖြစ်လာမယ့် လမ်းစပဲ! အပွင့်မဖြစ်ခင် အဖူးဘဝမှာကတည်းက တစ်ခါတည်း ဖြတ်ထုတ်ပစ်ရမယ်!]
ကျန်းကျီမြောင် စိုးရိမ်ပူပန်မိသွားသည်။
[ချိုက်တျဲရွာဆိုတာ ဘယ်မှာလဲ ? လမ်းကြုံမလားမသိဘူး၊ ကြုံရင်ကောင်းမှာပဲ!]
ကျန်းကျီမြောင် ဆုံးဖြတ်ချက်ချလိုက်သည်။ ခဏနေ ယွဲ့လင်းကို အရိပ်အမြွက်ပေးနိုင်အောင် သူမ ကြိုးစားရမည်။
[ဒီနေ့ အမဲလိုက်ထွက်ရင် အသုံးပြုဖို့အတွက် ယွဲ့ဟွာက အထူးဆေးမှုန့်တစ်မျိုးကို ပြင်ဆင်ထားတယ်တဲ့၊ အဲ့ဒီဆေးမှုန့်က မြင်းတွေအကုန်လုံးကို ရူးသွပ်သွားစေနိုင်တယ်တဲ့၊ ‘မိန်းမလှလေးကို ကယ်တင်မယ့် သူရဲကောင်း’ဇာတ်ကိုကပြီး ဒီနေ့ ဟန်ရှို့ရုန်ရဲ့ နှလုံးသားကို ဖမ်းစားဖို့ကြိုးစားလိမ့်မယ်တဲ့!]
[အဲ့ဒီဟန်ရှို့ရုန်က ဝူကျီးကိုသစ္စာဖောက်မယ့် လက်ထောက်စစ်သူကြီးဟန်ရဲ့ သမီးပဲ၊ ကြည့်ရတာ ယွဲ့ဟွာက လောတိုင်းပြည်နဲ့ အဆက်အသွယ်ရှိပြီး စစ်ဖြစ်တော့မှာကိုကြိုသိနေပုံရတယ်၊ အဲ့တာကြောင့် အခုလို ကြိုတင်ပြင်ဆင်နေတာဖြစ်နိုင်တယ်]
ကျန်းကျီမြောင် အတွေးသံကိုကြားသောအခါ ဝူကျီးမျက်နှာတင်းမာသွားခဲ့သည်။ ထို့နောက် ခပ်လှမ်းလှမ်းမှ လိုက်ပါလာသည့် စစ်သူကြီးဟန်ရုန်ကိုလှည့်ကြည့်လိုက်သည်။ မိဖုရားကြီး၏အတွေးသံကို မကြားရခင်တုန်းက ဟန်ရုန်မှာ သူ အယုံကြည်ရဆုံး လက်ထောက်စစ်သူကြီး ဖြစ်ခဲ့ဖူးသည်။
သူ ကိုယ်တိုင် ရာထူးအဆင့်ချီးမြှင့်ပေးထားသည့် ထိုလက် ထောက်စစ်သူကြီးသည် စစ်မြေပြင်မှာ သူ့အသက်အား နှုတ်ယူမည့်လူဖြစ်နေလိမ့်မည်ဟု ဝူကျီးတစ်ခါမှမထင်ခဲ့မိပါ။ ဟန်ရုန်ကို ထိုသို့ ကြံစည်ခွင့်ပေးလို့မဖြစ်ပေ။
[နောက်ဆုံးအတင်းအဖျင်းကတော့…]
ကျန်းကျီမြောင် ဆက်ဖတ်ကြည့်လိုက်သည်။
[ချန်ကျင်းမင်ရဲ့ နှလုံးသားထဲမှာ အချစ်ရဆုံးလူတစ်ယောက် ရှိနေတယ်တဲ့၊ ဒါပေမယ့် အဲ့ဒီလူက ဒီလောကထဲမှာတော့ မရှိတော့ဘူးတဲ့…]
ချန်ကျင်းမင်၏လျှို့ဝှက်ချက်ဖော်ထုတ်မှု ဘားတန်းလေးက ၁% တက်သွားခဲ့ပါသည်။ ကျန်းကျီမြောင်လည်း ခေတ္တ ကြက်သေသေသွားခဲ့ရသည်။
ချန်ကျင်းမင်နဲ့ သူမ သိပ်ပြီး မပတ်သတ်ဖူးပါ။ သို့သော် အတင်းအဖျင်းတွေကိုဖတ်ကြည့်ရသလောက်တော့ ချန်ကျင်းမင်က အဆုံးအစမရှိအောင် အချစ်ကြီးတတ်သူဖြစ်ပြီး အချစ်တော်ကတွေလည်း မရေမတွက်နိုင်အောင် ရှိလှသည်။
ဒီလိုလူမျိုးရဲ့ ရင်ထဲမှာ အချစ်ရဆုံးလူတစ်ယောက်ရှိတယ်တဲ့လား…
ပြီးတော့ အဲ့ဒီလူက လောကြီးထဲမှာ မရှိတော့ဘူးတဲ့လား…
[လခွမ်း! ဧကန္တ နှောင်းဧကရာဇ်မင်းကြီးတော့ မဟုတ်လောက်ပါဘူးနော်! တစ်ယောက်က ရုပ်ရည်ချောမောပြေ ပြစ်ပြီး နန်းတော်ထဲက အထူးချွန်ဆုံးပညာရှိသုံးယောက်ထဲကတစ်ယောက်၊ နောက်တစ်ယောက်က အရှိန်အဝါကြီးမားတဲ့ ဧကရာဇ်မင်းကြီးတစ်ပါး! သူတို့နှစ်ယောက် တွေ့ဆုံပြီး အချစ်မီးပွားလေးတွေ ပွင့်ထွက်လာတာတော့မဖြစ်နိုင်ပါဘူးနော်!]
ကျန်းကျီမြောင် အတွေးထဲ အဓိပ္ပာယ်ရှိတာတွေကော အဓိပ္ပာယ်မရှိတာတွေပါ စတွေးမိနေပါပြီ။ သူမကို အပြစ် တင်လို့မရနိုင်ပေ။
ယွဲ့ဟွာအား ချန်ကျင်းမင် စုံလုံးကန်းပြီး ကူညီထောက်ပံ့နေရသည့် အကြောင်းအရင်းတစ်ခုခုတော့ရှိရမည်။ သူ့မှာ သေဆုံးသွားပြီဖြစ်သည့် ‘လရောင်ဖြူ’လေးလည်းရှိနေသေးသည်။ အားလုံးကို ချိတ်ဆက်ကြည့်သောအခါဖြစ်နိုင်ချေက တစ်ဦးတည်းသာရှိနေသည်။ နှောင်းဧကရာဇ်မင်းကြီးပင်…
[တကယ်သာ ဒီလိုဆိုရင် ချန်ကျင်းမင်က… ယွဲ့လင်းရဲ့ မိထွေးဖြစ်မသွားဘူးလား ?]
ယွဲ့လင်း: “…”
ယွဲ့လင်း ဆက်နားထောင်ချင်စိတ် မရှိတော့ချေ။
ကျန်းကျီမြောင် အတွေးသံအား ကြားမိကြသော အရာရှိအမတ်များလည်း တိတ်ဆိတ်မှုမျိုးစံဖြင့် တိတ်ဆိတ်သွားကြသည်။ ‘မိထွေး’ဟူသည့် စကားလုံးကိုပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သော်လည်း အဓိပ္ပာယ်ကို သူတို့ရင်ထဲ နားလည်ကြပါသည်။
ချန်ကျင်းမင်နဲ့ နှောင်းဧကရာဇ်မင်းကြီးတို့က…
နှောင်းဧကရာဇ်မင်းကြီး အုပ်စိုးစဉ်ကာလအတွင်း ချန်ကျင်းမင်နဲ့ ပတ်သတ်မှုတွေရှိခဲ့မှန်း အမတ်အိုတချို့က မှတ်မိနေသည်။ သူတို့ စဉ်းစားကြည့်မိလေလေ မိဖုရားကြီး၏ခန့်မှန်းချက်က မှန်ကန်နိုင်သည်ဟု ထင်မိလေလေ ပင်။
နှောင်းဧကရာဇ်မင်းကြီးက ချန်ကျင်းမင်အားဟန်မဆောင်နိုင်အောင် မျက်နှာသာပေးပြီး ဆုလာဘ်ပေါင်းများစွာ ချီးမြှင့်ခဲ့သည်။ ချန်ကျင်းမင်ကလည်း နှောင်းဧကရာဇ်မင်းကြီးအပေါ် လွန်လွန်ကျူးကျူးသစ္စာစောင့်သိခဲ့သည်။
သူတို့နှစ်ယောက်… သူတို့နှစ်ယောက်က….
အမတ်အိုတချို့၏ မုတ်ဆိတ်မွေးများ တုန်ယင်သွားခဲ့ရသည်။ စိတ်ဝိညာဉ်တွေပါ တုန်လှုပ်သွားခဲ့သော်လည်း နှုတ်မှ ထုတ်ပြောလို့မရကြပါ။ ထို့ကြောင့် ချန်ကျင်းမင်ကိုသာ ခံစားချက်ရှုပ်ထွေးနေသည့် မျက်လုံးများဖြင့် ဝိုင်းကြည့်လိုက်ကြသည်။
ဝန်ကြီးချန်… ဝန်ကြီးချန်…
တော်တော်လည်း ဆန်းကြယ်တဲ့လူပါလား…
ချန်ကျင်းမင် မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး ဇဝေ ဇဝါဖြစ်သွားခဲ့ပါသည်။ သူ မဟုတ်တာ ဘာမှမလုပ်ရသေးပါ။
သူ့ကို ဘာလို့ ဒီလိုမျက်လုံးတွေနဲ့ ကြည့်နေကြတာလဲ!
ထားလိုက်ပါ ရှိပါစေ! ဒီလူတွေကို လျစ်လျူရှုထားမှဖြစ်မယ်!
ဒီနေ့ အမဲလိုက်ထွက်လာသောအခါ သူ့ ငါးကန်ထဲက ငါးတွေအများကြီး(ပွေရှုပ်ထားသူတွေ) လိုက်ပါလာခဲ့သည်။ ထိုငါးတွေကို တစ်ကောင်ချင်း ဘယ်လိုချော့မြူရမလဲဆိုတာကသာ ပိုအရေးကြီးသည်။
ဒီနေ့က ပိတ်ရက်တစ်ရက်ဖြစ်သဖြင့် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံဖို့ ချန်ကျင်းမင် ချိန်းဆိုထားခဲ့သည်။ သို့သော် အရှင်မင်းကြီးမှ အမဲလိုက်ထွက်မည့်အကြောင်းကို သန်း ခေါင်ယံကြီး ရုတ်တရက်ကြေညာလိုက်သဖြင့် သူတို့ အရုဏ်တက်ချိန် အသည်းအသန်ထွက်ခွာလာရကာ ချိန်းထားတာကိုပင် မဖျက်နိုင်ခဲ့ကြချေ။
သို့သော် ယနေ့ အရှင်မင်းကြီးနဲ့အတူ အမဲလိုက်ထွက်ဖို့ သူလိုက်ပါသွားမှာကို ‘သူမ’ သိနေလောက်သည်။ ထို့ကြောင့် ချိန်းထားသော်လည်း ရောက်လာမည် မဟုတ်လောက်ပေ။ ရောက်လာခဲ့လျှင်ပင် ထိုနေရာမှာ သူရှိမနေမှန်းမြင်ကာ ပြန်ထွက်ခွာသွားလောက်သည်။
ချန်ကျင်းမင်တစ်ယောက် သူ့ငါးကန်မှောက်မကျအောင် ဘယ်လိုထိန်းသိမ်းရမလဲ စဉ်းစားနေခဲ့သည်။ အနောက်ဘက်မှာတော့ ကြင်ယာတော်အန်း၏ ခမည်းတော် အန်းယွီတစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသလို မျက်နှာမျိုးဖြစ်နေခဲ့သည်။
သူ… သူ ဘာတွေကြားလိုက်တာလဲ!!
မကြာသေးခင်တုန်းက အရှင်မင်းကြီး၏တော်ဝင်မြင်း လှည်းနားကို အရာရှိအမတ်တွေ စုပြုံတိုးကပ်နေသဖြင့် အန်းယွီလည်း စပ်စုချင်စိတ်ပေါ်လာကာလိုက်ကပ်ခဲ့မိသည်။
ထို့နောက် ကျန်းကျီမြောင်၏အတွေးသံတွေကိုကြားလိုက်ရပြီး အန်းယွီတုန်လှုပ်ချောက်ချားသွားခဲ့ရသည်။ ထို့ကြောင့် သမီးဖြစ်သူ ကြင်ယာတော်အန်းပေးပို့သည့် စာတွေထဲမှာ ဝန်ကြီးချုပ်ကျန်းအား တလေးတစားဆက်ဆံဖို့ အကြိမ်ကြိမ်မှာကြားခဲ့တာဖြစ်ပါလိမ့်မည်။
အစကတော့ ကျန်းကျီမြောင်က ဧကရီမိဖုရားကြီးဖြစ်သဖြင့် ဝန်ကြီးချုပ်ကျန်းကိုသာ တလေးတစားဆက်ဆံလျှင် သူ့သမီးကိုလည်း ကျန်းကျီမြောင် မျက်နှာသာပေးနိုင်တာကြောင့်ဖြစ်မည်ဟု အန်းယွီ တွေးခဲ့မိသည်။
သို့သော် ယခုသေချာပြန်စဉ်းစားကြည့်ခါမှ အခြေအနေက ပြောင်းပြန်ဖြစ်နေသည်။ ကျန်းကျီမြောင်မှာ ဒီလိုထူးခြားသည့် စွမ်းရည်တစ်ခုရှိနေမှန်း သူ့သမီးဖြစ်သူ အစောကြီးကတည်းကကြိုသိနေခဲ့တာဖြစ်မည်။ ကျန်းကျီမြောင်၏ စွမ်းရည်ကြောင့် ဝန်ကြီးချုပ်ကျန်း အရေးပါမှုမှာမြင့်တက်သွားခြင်းသာ။
အရာရှိအမတ်များ၏အပြုအမူများကို ကြည့်ခြင်းအားဖြင့် မိဖုရားကြီးအတွေးသံတွေကို ကြားနိုင်သူတွေ အတော်များ ပြားသည်ဟုခန့်မှန်းမိသည်။ ဇဝေဇဝါဖြစ်နေသည့် မျက်နှာ တွေကတော့ မကြားနိုင်သည့်လူများဖြစ်နိုင်သည်။ ဒါကော မိဖုရားကြီးရဲ့ စွမ်းရည်ပဲလား…
အန်းယွီ ကြောင်စီစီဖြစ်နေသော်လည်း ဟွားမူလန်ဟူသည့် ရုပ်ရှင်ကို အများနည်းတူကြည့်ရှုခဲ့ပါသည်။ ချက်ချင်းဆိုလို သူတုန်လှုပ်သွားခဲ့ရသည်။ ဒီလို အသက်ဝင်လှသည့် ရုပ်ပုံတွေက သူ့အာရုံထဲ တိုက်ရိုက်ပေါ်လာခဲ့သည်။ မိဖုရားကြီးမှာ နတ်ဘုရားလိုစွမ်းအင်တွေ တကယ်ရှိနေတာ သေချာသည်။
ထို့နောက် ချက်ချင်းဆိုသလို မိဖုရားကြီးမှ အတင်းအဖျင်းတွေဖတ်ပြခဲ့ပြန်သည်။ တိုင်းရေးပြည်ရေးတွေကို အန်းယွီ စိတ်မဝင်စားပါ။ ထို့ကြောင့် ပထမအတင်းအဖျင်းနှစ်ခုကို သာမန်ကာလျှံကာ နားထောင်ခဲ့သည်။ သို့သော် တတိယ အတင်းအဖျင်းကို ကြားလိုက်ရချိန်မှာတော့… ဖျားချင်စိတ်ပါ ပေါက်သွားခဲ့ပါသည်။
ဘာ…
ချန်ကျင်းမင် အချစ်ရဆုံးလူက သေသွားပြီဟုတ်လား…
မဖြစ်နိုင်တာ!
သူ့အချစ်စစ်က အန်းယွီဆိုတဲ့ သူပါလို့ ချန်ကျင်းမင်ပါးစပ်က သူ ကိုယ်တိုင်ပြောခဲ့တာ မဟုတ်ဘူးလား!