အခန်း (၂၆၄)
Vol. 27 Ch. 264
ချင်းယွမ်ကျစ်အနေဖြင့် လင်းမိသားစုတွင် နေထိုင်သည်မှာ နှစ်ရက်၊သုံးရက်ခန့် ရှိနေခဲ့ပေပြီ။
သူမက လင်းကျန်းအန်းနှင့် နေ့တိုင်း စကားပြောနေသော်လည်း လင်းကျန့်အန်းဘက်က အဆင်မသင့်သေးမည်ကို စိုးရိမ်သောကြောင့် မင်္ဂလာကိစ္စကို မပြောရဲသေးပေ။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ လင်းကျန်းအန်း၏သဘောထားက အနည်းငယ် ပျော့ပြောင်းလာသည်ကို သူမ သတိထားမိသည်။
ထို့ကြောင့် သူမအနေဖြင့် နောက်ထပ် နှစ်ရက်ခန့် စောင့်ကြည့်ပြီးလျှင် လင်းကျန်းအန်း၏ စိတ်ခံစားချက် အဆင်ပြေချိန်တွင် ထိုအကြောင်းကိုမေးမြန်း စိတ်ကူးထားခဲ့ခြင်း ဖြစ်လေ၏။ သို့သော် ထိုအေးချမ်းမှုကို ဤငတုံးလေး လင်းကွမ်းချင်းက တိုက်ရိုက် ဖျက်ဆီးပစ်လိုက်လေပြီ။
ဤကောင်လေးကတော့ တကယ်ကို အကွက်မမြင်တတ်တာပဲ!
လင်းကွမ်းချင်းလည်း သူ မေးပြီးနောက်တွင် မည်သူကမှ ပြန်မဖြေဘဲ သူ့ကိုသာ ဝိုင်းကြည့်နေကြသည်ကို မြင်လိုက်ရပြီးနောက် သူ စကားမှားသွားကြောင်း သတိလိုက်သည်။
သို့သော် စကားက ထွက်သွားပြီဖြစ်ရာ ပြန်နှုတ်၍ မရတော့ပေ။
ထို့ကြောင့် သူ အသံတိုးတိုးဖြင့် ပြောလိုက်ရသည်။
“ကျွန်တော် ... ကျွန်တော်က ဒီအတိုင်းပဲ မေးလိုက်တာပါ.. ထမင်းဆက်စားကြလေ.. ကျွန်တော့်ကို ဂရုမစိုက်ကြပါနဲ့...”
သူက လူတိုင်းကို ဆက်စားရန် ပြောလိုက်သော်လည်း သူကိုယ်တိုင်ကတော့ အဘွားလင်းမှ စိတ်ဆိုးပြီး သူ့၏ထမင်းပန်းကန်ကို သိမ်းသွားမည်ကို စိုးရိမ်နေခဲ့ရကာ ခေါင်းငုံ့ထားခဲ့ပြီး သတိအနေအထားဖြင့် စားနေခဲ့ရသည်။
ထိုအချိန်တွင် လူတိုင်းက ဒေါသထွက်နေလိမ့်မည်ဟု ထင်ထားသော လင်းကျန်းအန်းက ရုတ်တရက် စကားပြောလာခဲ့သည်။
သူက လင်းရန်ကို ကြည့်၍ပြောနေခြင်းသော်လည်း သေသေချာချာနားထောင်လျှင် ဤစကားများက ချင်းယွမ်ကျစ်ကို ရည်ရွယ်ပြောခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
“ရန်ရန်... သမီးလည်း အရွယ်ရောက်နေပြီဆိုတော့ ကိစ္စတော်တော်များများမှာ ကိုယ်ပိုင်ထင်မြင်ချက်တွေနဲ့ အတွေးအခေါ်တွေ ရှိနေလောက်ပြီ.. အဖေက မင်းကို အကြံဉာဏ်ပဲ ပေးနိုင်မှာ၊ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ သမီးရဲ့ဆန္ဒပဲ ဖြစ်လိမ့်မယ်..
ဒီကိစ္စကို သမီးဘာသာ ဆုံးဖြတ်လိုက်ပါ၊ အဖေကတော့ သမီးကို အမြဲတမ်းထောက်ခံပေးသွားမယ်”
သူ့စကား၏ အဓိပ္ပာယ်မှာ ဤကိစ္စတွင် သူ ထပ်မံ ဝင်ရောက်မစွက်ဖက်တော့ဘဲ လင်းရန်၏ ဆန္ဒအတိုင်းသာ ဖြစ်စေမည်ဟု ဆိုလိုခြင်းသာဖြစ်ပေ၏။
ထို့ကြောင့် လင်းရန်နှင့် စုန့်စစ်ယန်တို့၏ အိမ်ထောင်ရေးကိစ္စကို လင်းရန်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပေပြီဟု ဆိုလိုခြင်းပင်။
ထိုစကားကို ကြာလိုက်ရလျှင် ချင်းယွမ်ကျစ်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။ ဤကိစ္စက လင်းရန်၏အပေါ်တွင်သာ မူတည်နေမည်ဟု သိခဲ့လျှင် သူမအနေဖြင့် ဤမျှအထိ သတိထားပြီး စောင့်နေမည်မဟုတ်ပေ။
သို့သော် ပြန်စဉ်းစားကြည့်လျှင်လည်း သူမကသာ ဤကာလအတွင်း စည်းကမ်းတကျ မနေထိုင်ခဲ့လျှင် လင်းကျန်းအန်းက ဆုံးဖြတ်ချက်ကို လင်းရန်လက်ထဲသို့ ယုံယုံကြည်ကြည် ပေးအပ်လိမ့်မည် မဟုတ်။
ထို့ကြောင့် သူမ၏ သည်းခံမှုသည်က လင်းကျန်းအန်းမှ သူမနှင့် စုန့်ရှီးယန်တို့အပေါ် စမ်းသပ်ခြင်းတစ်မျိုးပင် ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ လင်းကျန်းအန်းက သဘောတူလိုက်ပြီဖြစ်သောကြောင့် အလွန်ကောင်းသော သတင်းပင် ဖြစ်ပေသည်။
ထို့ကြောင့် မစ္စစ်ချင်းယွမ်ကျစ်တစ်ယောက် ထိုညက စိတ်အခြေအနေ အလွန်ကောင်းနေခဲ့ပြီး လင်းရန်နှင့်အတူ အိပ်ခန်းထဲသို့ ဝင်လာသည့်တိုင်အောင် အပြုံးကို မရပ်တန့်နိုင်ခဲ့ပေ။
လင်းရန်အနေဖြင့် ချင်းယွင်ကျစ်မှ အဘယ်ကြောင့် ဤမျှပျော်ရွှင်နေသည်ကို သိသော်လည်း အတော်ကြာအောင် ဝေခွဲမရဖြစ်နေပြီးနောက် နောက်ဆုံးတွင် ချင်းယွင်ကျစ်၏ လှပသော စိတ်ကူးယဉ်အိမ်မက်ကို ရက်ရက်စက်စက် ရိုက်ချိုးရန် ဆုံးဖြတ်လိုက်ပြီး ပြောလိုက်လေသည်။
“အန်တီ... ကျွန်မ အမှန်အတိုင်းပဲ ပြောပါရစေ၊ တကယ်တော့ ကျွန်မအနေနဲ့ တပ်ထဲမှာ သွားနေရမှာကို သိပ်သဘောမကျဘူး..
အန်တီ မြင်တဲ့အတိုင်းပဲ ကျွန်မမှာလည်း ကိုယ်ပိုင်အကြံဉာဏ်တွေ အများကြီးရှိတယ်၊ အဲဒီကိုသွားရင် နေ့တိုင်းအပြင်ထွက်ဖို့ ဒါမှမဟုတ် တခြားကိစ္စတွေလုပ်ဖို့အတွက် အခွင့်အရေး သိပ်ရမှာမဟုတ်ဘူး
အရာအားလုံးက သိပ်ပြီး အဆင်မပြေနိုင်ဘူးလေ၊ ဒါကြောင့် ကျွန်မနဲ့ စုန့်ရှီးယန်တို့ လက်ထပ်ဖြစ်ရင်တောင်မှ အချိန်တိုအတွင်းမှာ ကျွန်မ တပ်ထဲကို လိုက်သွားဖြစ်မှာ မဟုတ်ဘူး”
လင်းရန်အနေဖြင့် ချင်းယွင်ကျစ်က လင်းကျန်းအန်းမှ သူမကို တပ်ထဲသို့ လိုက်ခွင့်ပြုလိုက်သောကြောင့် ပျော်ရွှင်နေခြင်းဖြစ်မည်ဟု ထင်မှတ်ထားခြင်းဖြစ်၏။
ထို့ကြောင့် သူမ တပ်ထဲသို့ မလိုက်လိုကြောင်း ပြောလိုက်လျှင် ချင်းယွင်ကျစ် စိတ်ပျက်သွားလိမ့်မည်ဟု တွေးမိလေသည်။
သို့သော်လည်း ချင်းယွင်ကျစ်ကို ပျော်ရွှင်စေသည်မှာ သူမ တပ်ထဲသို့ လိုက်လာမည့်ကိစ္စမဟုတ်ဘဲ လင်းရန်ကိုယ်တိုင်မှ မင်္ဂလာကိစ္စကို ဆုံးဖြတ်နိုင်ခြင်းသာ ဖြစ်ပေသည်။
ဤသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ လင်းရန်နှင့် စုန့်ရှီးယန်တို့နှစ်ယောက် လက်ထပ်ရန် အခွင့်အရေး ပိုများလာပြီး ပို၍ပင်မြန်ဆန်လာနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
လင်းရမ်ဘက်မှ စုန့်ရှီးယန်နှင့် လက်ထပ်ရန် သဘောတူသရွေ့ တပ်ထဲသို့ လိုက်လာသည်ဖြစ်စေ၊ မလိုက်လာသည်ဖြစ်စေ အရေးမကြီးတော့ပေ။ထို့ကြောင့် ချင်းယွင်ကျစ်က သူမ၏လက်ကို ဝေ့ယမ်းကာ အလွယ်တကူပင် ပြန်ပြောလိုက်သည်။
“အိုး... ရန်ရန်၊ ဘာလို့ ဒါတွေပြောနေရတာလဲ.. အန်တီက သမီးကို အပြည့်အဝ ထောက်ခံပေးမှာပါ..
အမှန်အတိုင်း ပြောရရင် အန်တီ့ဆီမှာသာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် အန်တီလည်း ကျေးလက်မှာပဲ ဆက်နေချင်သေးတာ.. အန်တီတို့ စုန့်မိသားစုရဲ့ အိမ်နဲ့ အခြေအနေတွေကို မကြည့်နဲ့ဦး.. တကယ်တော့ အဲ့ဒီမှာနေရတာက ဘာမှ စိတ်ဝင်စားဖို့ မကောင်းဘူး
တစ်နေ့ကုန် အိမ်ထဲမှာပဲ ပိတ်မိနေတာ အကျဉ်းသားကျနေသလိုပဲ၊ အန်တီကတော့ အဲဒါတွေကို ငြီးငွေ့နေတာ ကြာပြီ!”
ဤစကားများက ချင်းယွင်ကျစ်၏ နှလုံးသားထဲမှလာသည့် စကားများပင် ဖြစ်ပေသည်။ သားဖြစ်သူ စုန့်ရှီးယန်တပ်ထဲသို့ ဝင်သွားကတည်းက သူမအနေဖြင့် နေ့ခင်းဘက်တွင် အိမ်၌ တစ်ဦးတည်း ရှိနေခဲ့ရသည်။
သူမ မည်မျှပင် ပျင်းရိနေမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ ဤမျှ နှစ်ရှည်လများ အောင့်အည်းလာခဲ့ရပြီးနောက်တွင် သူမ၏ စိတ်ရှည်ခြင်းများ ပျောက်ဆုံးသွားခဲ့ပေပြီ။
သို့သော်လည်း ကျေးလက်ဒေသတွင် နေထိုင်ခဲ့သည့် ဤရက်အနည်းငယ်အတွင်း၌ သူမအနေဖြင့် လွတ်လပ်မှု၊ ဆန်းသစ်မှုနှင့် ပျော်ရွှင်မှုတို့၏ အရသာကို အပြည့်အဝ ခံစားခဲ့ရလေ၏။
ယမန်နေ့ကလည်း အဘွားနှင့် တခြားလူများက သူမကို တောင်ပေါ်သို့ ခေါ်သွားကာ တောရိုင်းသစ်သီးများ ခူးဆွတ်ခဲ့ကြသည်။
မနေ့ကလည်း ပန်းများနှင့် ဟင်းသီးဟင်းရွက်များကို ခူးခဲ့ကြပြန်သည်။
ယနေ့တွင်မူ တောရိုင်းဟင်းရွက်ပင်များနှင့် မှိုများ သွားတူးခဲ့ကြသည်။
ဤကဲ့သို့အရာများက တပ်မဟာရှိ ကလေးများအတွက် ကလေးကစားစရာကဲ့သို့ ပျင်းရိစရာ ဖြစ်နေနိုင်သော်လည်း ချင်းယွင်ကျစ်အတွက်တော့ ပျော်ရွှင်ဖွယ်ရာများသာဖြစ်နေခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် သူမအနေဖြင့် ချွမ်းဖန်းတပ်မဟာမှ ထွက်ခွာကာ မြို့သို့ ပြန်မသွားချင်တော့ပေ။
သို့သော် သူစိမ်းတစ်ယောက်၏အိမ်တွင် အမြဲတမ်း နေထိုင်နေရန်မှာလည်း မသင့်တော်လှပေ။
ထို့ကြောင့် သူမအနေဖြင့် မူလက အဖေလင်းကို စည်းရုံးပြီးမှ ပြန်ရန် စီစဉ်ထားခဲ့သည်။ ယနေ့ညတွင် အဖေလင်းဘက်မှ ဦးစွာလျှော့ပေးလာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ချင်းယွင်ကျစ်တစ်ယောက် ပျော်ရွှင်နေသော်လည်း တစ်ဖက်တွင်လည်း ဝမ်းနည်းသကဲ့သိာ့ ခံစားနေခဲ့ရသည်။ အရေးကြီးသည့် ကိစ္စများက ပြေလည်သွားပေပြီ။
စုန့်ရှီးယန်မှ လင်းရန်ကို မည်သည့်အချိန်တွင် အပါခေါ်နိုင်မည်ဆိုသည့်အကြောင်းမှာတော့ သူ့အပေါ်တွင်သာ မူတည်ပေလိမ့်မည်။ ထိုအချိန်သို့ရောက်မှသာ သူမလည်း အောင်မြင်စွာဖြင့် အနားယူနိုင်ပေလိမ့်မည်။
သို့သော်လည်း သူမအနေဖြင့် အိမ်သို့မပြန်ချင်သေးပေ။
ချင်းယွင်ကျစ်၏ စကားကို ကြားလျှင် လင်းရန်လည်း ရယ်မောလိုက်ပြီး ကျေးဇူးတင်စွာဖြင့် ပြောလိုက်လေသည်။
“အန်တီ့ကို ကျေးဇူးတင်ပါတယ်”
“ရန်ရန် ဒါဆို အန်တီက...”
ချင်းယွင်ကျစ်အနေဖြင့် နောက်နှစ်ရက်အတွင်း ပြန်တော့မည်ဖြစ်ကြောင်းကို ပြောရန်တွေးလိုက်သော်လည်း နောက်တစ်စက္ကန့်တွင်ပင် လင်းရန်ပြောလာသော စကားကို ကြားလိုက်ရသည်။
“မနက်ဖြန်ကျရင် ကျွန်မ အစ်ကိုကြီးကို ရထားဘူတာကို သွားပို့မလို့လေ၊ အဲဒီအချိန် အန်တီ့ကိုလည်း မြို့ထဲကို လိုက်ပို့ပေးမယ်၊ ပြီးတော့ အဘွားဝူရဲ့ ဂျူနီယာမောင်နဲ့လည်း သွားတွေ့ကြတာပေါ့၊ ဟုတ်ပြီလား?”
ချင်းယွင်ကျစ်: “!!!”
ချင်းယွင်ကျစ်တစ်ယောက် နောက်ထပ်ပြောမည့် စကားလုံးများကို ချက်ချင်းပင် ပြန်မျိုချလိုက်လေသည်။
နောက်ထပ် လည်ပတ်နိုင်ဦးမှာလား!
ဤသို့ဆိုပါက သူမအနေဖြင့် ယခုအချိန်တွင် ပြန်ရန်အတွက် တောင်းဆိုတော့မည် မဟုတ်ပေ။
“ကောင်းပြီ၊ ကောင်းပြီ.. ဒါဆို မနက်ဖြန် မနက်စောစော ထရမှာဆိုတော့ ငါတို့တွေ အိပ်ရာစောစောဝင်ကြမလား?”
ယခုအချိန်တွင် ချင်းယွင်ကျစ်၏ မျက်နှာကို မမြင်ရသော်လည်း သူမ၏ လေသံထဲမှ ကလေးတစ်ယောက်ကဲ့သို့ မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများကို လင်းရန် ခံစားမိနိုင်ခဲ့ပြီး အံ့သြသွားမိရသည်။
အဆုံးတွင်တော့ လင်းရန်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်ရလေတော့၏။
*
နောက်တစ်နေ့ မနက်စောစောတွင် လင်းကွမ်းချင်းက ခရီးထွက်ရန် ပြင်ဆင်နေခဲ့သည်။
လင်းရန်မှလွဲ၍ ကျန်မိသားစုဝင်များက အလုပ်မအားကြသောကြောင့် သူ့ကို လိုက်ပို့ရန် တာဝန်က လင်းရန်အပေါ်သို့ ကျရောက်လာခဲ့သည်။
လင်းရန်အနေဖြင့် ဤနှစ်ရက်အတွင်း ကွန်မြူနတီ စားဖိုဆောင်သို့ သွားရောက်လုပ်ကိုင်ခဲ့သော်လည်း နှစ်ရက်အကြာတွင် သူမ မရှိဘဲနှင့်ပင် စားဖိုဆောင်က လည်ပတ်နိုင်နေသည်ကို အံ့သြဖွယ်တွေ့ရှိခဲ့ရသည်။
သူမ၏အကြီးဆုံးအဒေါ် ဝမ်ရှို့ကျူက အလွန်ပင် တော်လွန်းနေခဲ့သည်ပင်။
သူမက မီးဖိုချောင်အတွင်းအပြင်ကိစ္စများကို စနစ်တကျ ကိုင်တွယ်နိုင်ရုံသာမက ကွန်မြူနတီ ခေါင်းဆောင်များပင် သူမ ရှိနေခြင်းကို အသားကျနေပုံရသည်။
လင်းရန် ပြန်လာပြီးချက်ပေးသည့် နှစ်ရက်အတွင်း လူတိုင်းက သူမ၏လက်ရာကို ပြန်စားရသဖြင့် မျက်ရည်ကျမတတ် ပျော်ရွှင်ခဲ့ကြသော်လည်း ဝမ်ရှို့ကျူသည်လည်း လျစ်လျူရှုခြင်း မခံခဲ့ရပေ။
ထို့ကြောင့် ယခုအချိန်တွင် လင်းရန်အနေဖြင့် ကွန်မြူနတီ စားဖိုဆောင်ကိစ္စကို စိတ်ပူနေရန် မလိုတော့ပေ။ထို့အပြင် သူမ၏ လစာကို ရက်တွက်ဖြင့် တွက်ချက်ခြင်းဖြစ်ပြီး ခွင့်ယူသည့်ရက်အတွက် လစာမရသောကြောင့် စိတ်ထဲတွင်ဝန်ထုတ်ဝန်ပိုး ဖြစ်နေစရာမလိုတော့ပေ။
ယခုအချိန်တွင် သူမအတွက် ပို၍ အရေးကြီးသော ကိစ္စတစ်ခု ရှိနေသည်။
ထိုသည်မှာ အဘွားဝူ၏ ဂျူနီယာမောင်နှင့် သွားရောက်တွေ့ဆုံရန်ပင် ဖြစ်သည်။
သူတို့ ပြန်ရောက်နေသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်သော အဘွားဝူလည်း သူမ၏ ဂျူနီယာမောင်သည်နှင့် ဆက်သွယ်ထားပြီးလောက်ပေပြီ။ ထို့ကြောင့် ရိုးသားမှုကို ပြသသည့်အနေဖြင့် လင်းရန်ဘက်မှ ထိုဆရာကြီးထံသို့ အမြန်ဆုံး သွားရောက် ဂါရဝပြုရပေလိမ့်မည်။