လူယုတ်မာတစ်ယောက် အောင်မြင်သွားခြင်း
Vol. 70 Ch. 1022
ထိုစကားပြောနေရင်း လော့ဟုန်ဖေးက ဝေ့သုန်းဟိုင်ကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
သူ့ကဲ့သို့ ဓားသူတော်စင် အဘိုးအိုတစ်ယောက်အတွက် ဤဓားသည် ဆွဲဆောင်မှုကြီးတစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"ကောင်းပြီလေ..."
လော့ဟုန်ဖေးသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေရပြီးနောက် ဝေ့သုန်းဟိုင်သည် တွန့်ဆုတ်စွာဖြင့် စကားတစ်ခွန်း ပြောဆိုလိုက်သည်။
ထို့နောက် သူသည် ဓားရှည်ကိုကိုင်ထားရင်း မလိုလားသကဲ့သို့ပုံစံဖြင့် လက်ကမ်းပေးလိုက်၏။
"ကျေးဇူးပါ..."
လော့ဟုန်ဖေးသည် ဝေ့သုန်းဟိုင်ကို ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်ပြီး သူ၏စိတ်လှုပ်ရှားနေသော အကြည့်များသည် သူ့ရှေ့ရှိ ဓားရှည်ပေါ်သို့ ကျရောက်သွားသည်။
ဤဓားသည် ရိုးရှင်းပြီး အဆင်တန်ဆာများ မပါသော်လည်း ကြွယ်ဝသော တာအိုစည်းချက်များသည် ဓားအတွင်း၌ လှိုင်းထနေသည်ကို ရှင်းလင်းစွာ ခံစားနိုင်သည်။
ကြည့်ရသည်မှာ ရိုးရှင်းဟန်ပေါက်သော်လည်း ဓားသူတော်စင်တစ်ပါးအနေဖြင့် ဓား၏အရှိန်အဝါကို သူ ပိုင်းခြားသိမြင်နိုင်သည်။
ဤဓား၏ပိုင်ရှင်ဟောင်းသည် သေချာပေါက် စွမ်းအားကြီးမားခဲ့ပေမည်။
လော့ဟုန်ဖေးသည် ဓားရှည်ထံသို့ လက်လှမ်းလိုက်ရင်း ထိုသို့ တွေးတောလိုက်၏။
"ဝီ..."
သူ ထိတွေ့လိုက်သည့် အချိန်တခဏမှာပင် ဓားရှည်သည် ပုစဉ်းရင်ကွဲတစ်ကောင်ကဲ့သို့ လော့ဟုန်ဖေး၏နားထဲတွင် မြည်ဟည်းသွားပြီး သူ၏မျက်နှာအမူအယာကို ပို၍စိတ်လှုပ်ရှားသွားစေသည်။
ဤကဲ့သို့ ပြိုင်ဘက်ကင်း ရတနာဓားမျိုးသည် အမှန်တကယ်ကို ထူးခြားပေ၏။
သူသည် ပို၍အံ့အားသင့်လာပြီး ထိုဓားကို မြဲမြံစွာ ဆုပ်ကိုင်လိုလာသဖြင့် သူ၏မျက်နှာအမူအယာ ပို၍တည်ကြည်လေးနက်လာသည်။
သို့ရာတွင် သူ တွေးတောပြီးသည်နှင့် တပြိုင်နက်...
လော့ဟုန်ဖေး၏လက်ချောင်းထိပ်လေးများဖြင့် ထိရုံမျှသာ ရှိသေးသောအချိန်တွင် ဝေ့သုန်းဟိုင်သည် ဓားရှည်ကို ချက်ချင်းပြန်ဆွဲယူလိုက်ပြီး သူ၏လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
"တော်လောက်ပြီ..."
ဝေ့သုန်းဟိုင်က ပြောဆိုသည်။
"အမ်... ဒါက..."
ဓားရှည်ကို ပြန်သိမ်းလိုက်သည့် အမြန်နှုန်းကြောင့် လော့ဟုန်ဖေးသည် စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီး ဝေ့သုန်းဟိုင်ကို ကြည့်ကာ သူ၏မျက်နှာ မည်းမှောင်သွားသည်။
သူသည် ကိုးရိုးကားရားလေသံဖြင့် ပြောဆိုလိုက်၏။
"အဟွတ် အဟွတ်... ညီလေးဝေ့... ငါက ခုမှ ထိရုံပဲ ရှိပါသေးတယ်... ဘာလို့ ငါ့ကို ထပ်ပြီးကိုင်ခွင့်မပေးတာလဲ"
သာမန်အခြေအနေများတွင်ဆိုလျှင် ဝေ့သုန်းဟိုင်သည် ဤလေသံမျိုးကိုကြားပါက သဘောတူလောက်ပေမည်။
"မရဘူး..."
သို့ရာတွင် အံ့အားသင့်စရာကောင်းသည်မှာ ဝေ့သုန်းဟိုင်သည် ဓားကို သူ၏ဂျိုင်းအောက်တွင် ညှပ်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် ငြင်းပယ်လိုက်ခြင်းပင်။
တစ်ချိန်တည်းမှာပင် သူသည် ဓားရှည်ကို တန်ဖိုးကြီးရတနာတစ်ခုကဲ့သို့ ကိုင်ဆောင်ထားပြီး တစ်စုံတစ်ယောက် လုယူသွားမည်ကို ကြောက်ရွံ့သည့်အလား တွန့်တိုသည့်ပုံစံ ပေါက်နေသည်။
ထိုစကားတစ်ခွန်းသည် သူတော်စင်များအားလုံးကို ကြက်သေသေသွားစေသည်။
ဤဓားကို လော့ဟုန်ဖေးသည် ထိတွေ့ကိုင်တွယ်ချင်နေရုံသာမက နံဘေးနားကလူများသည်လည်း စိတ်အားထက်သန်နေကြသည်။
သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်ကြည့်လိုကြသည်။
သို့ရာတွင် ဤလူအိုကြီးက...
'သူက တကယ်ကြီး ဟန်လုပ်နေတာလား...'
ဤကဲ့သို့ ငြင်းပယ်လိုက်ခြင်းသည် လော့ဟုန်ဖေးကို ငြင်းလိုက်ရုံသာမက သူတို့ကိုလည်း ငြင်းဆန်လိုက်ခြင်းပင်။
သို့ရာတွင် လော့ဟုန်ဖေးသည် အနည်းဆုံးအနေဖြင့် ထိတွေ့ခွင့်ကို ရလိုက်ပေ၏။
သို့ရာတွင် သူတို့သည် သူ၏ရတနာဓားကို ထိတွေ့ကြည့်လိုနေကြသဖြင့် မတတ်သာဘဲ မချိပြုံး ပြုံးပြနေရကာ ဝေ့သုန်းဟိုင်အပေါ် ချီးကျူးစကားများ စတင်၍ ရွာချလိုက်ကြတော့သည်။
"ညီအစ်ကိုဝေ့... အစ်ကိုလော့ကို ပြန်ကိုင်ခွင့်ပေးလိုက်ပါဗျာ"
"သူ ပြီးသွားရင် ငါတို့ညီအစ်ကိုတွေကိုလည်း ကိုင်ခွင့်ပေးအုံးလေ"
"ဟုတ်တယ် ညီအစ်ကိုဝေ့... မင်းက ပုံမှန်ဆိုရင် အရမ်းသဘောကောင်းပြီး အရက်ရောဆုံးလူပါ... ဒီလို အရေးကြီးတဲ့ အချိန်ကျမှ သေချာပေါက် ကပ်စေးနည်းနေမှာ မဟုတ်ဘူး"
သူတို့သည် စကားပြောနေရင်း မျှော်လင့်ချက်အပြည့်ရှိသော အကြည့်များက ဝေ့သုန်းဟိုင်ထံသို့ ကျရောက်လာသည်။
"ဟမ့်.. မရဘူး"
ဝေ့သုန်းဟိုင်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဓားရှည်ကို သူ၏ဂျိုင်းကြားထဲတွင် ပို၍တင်းကြပ်စွာ ညှပ်ထားလိုက်သည်။ သူ၏ ဂုဏ်ယူဝင့်ကြွားနေသော အမူအရာသည် မိုးထိအောင် မြင့်တက်နေသည့်အလားပင်။
ဤလူအိုကြီးများအားလုံးသည် ကောက်ကျစ်စဉ်းလဲကြောင်း သူ ကောင်းစွာသိရှိထားသည်။
မည်သူက သိနိုင်မည်နည်း... သူတို့သည် ဓားကိုကြည့်ရုံမျှဖြင့် ပျောက်ကွယ်သွားအောင် ပြုလုပ်လိုက်လျှင် သူ မည်သို့ပြုလုပ်ရမည်နည်း...
ဝေ့သုန်းဟုန်၏ငြင်းဆန်မှုကို ထပ်မံ၍ ခံလိုက်ရချိန်၌ အစောပိုင်းကမှ သူ့ကို ချီးကျူးစကားများ ရွာချနေကြသူများ၏မျက်နှာများ ချက်ချင်း ပြောင်းလဲသွားပြီး သူ့ကို စတင်၍ ဆဲဆိုကြတော့သည်။
"ညီအစ်ကိုဝေ့... ဒါက မကောင်းဘူးလေ... ငါတို့က မင်းရဲ့ ရတနာဓားကို ခဏငှားရုံပဲဟာ... ဘာလို့ ဒီလောက်တောင် ကပ်စေးနည်းနေရတာလဲ"
"အမှန်ပဲ... ငါတို့ မိတ်ဆွေဖြစ်လာတာ နှစ်တွေအများကြီး ကြာနေပြီ... ကြည့်ရုံလေးပဲကို မင်းက အရမ်းတွန့်တိုတာပဲ"
"ဟုတ်တယ်... ကြည့်ရုံလေးက ဘာဖြစ်မှာမလို့လဲ... ငါတို့အားလုံးက အသက်နဲ့ရင်းပြီး အတူတူရင်ဆိုင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေပါ... မင်းရဲ့ ရတနာဓားကို ငါတို့က မက်မောနေမယ်များ ထင်နေလား"
"မင်း ငါတို့ကို မယုံရင်တောင် အစ်ကိုကြီးလော့ကိုတော့ ယုံတယ်မလား"
"မင်း ပြန်တွေးကြည့်စမ်း... ငါတို့ညီအစ်ကိုတွေက ပုံမှန်ဆို မင်းကို ဘယ်လောက် ဂရုစိုက်ပေးလဲဆိုတာ... မင်း အခုလို ကပ်စေးနည်းတာက ငါတို့ကို တကယ်ကြီး စိတ်ပျက်အားငယ်စေတာပဲ"
လူများအားလုံးက သူ့ကို စတင်၍ ဆုံးမကြတော့သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် ဝေ့သုန်းဟိုင်၏မျက်နှာအမူအယာကို စောင့်ကြည့်နေကြ၏။
သို့ရာတွင် ဝေ့သုန်းဟိုင်သည် သူတို့၏ နည်းဗျူဟာများအတွင်းသို့ အနည်းငယ်မျှ သက်ဆင်းမသွားပေ။ သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းကို ဘေးသို့လှည့်ထားလိုက်ပြီး စကားတစ်လုံးမျှ ပြန်မပြောချေ။
အကြမ်းနည်းဖြင့် အလုပ်မဖြစ်ကြောင်း မြင်လိုက်ရချိန်၌ လက်ရှိနေရာတွင် ရှိနေကြသော သူတော်စင်များသည် အနုနည်းဘက်သို့ ပြန်လှည့်လိုက်ကြသည်။
သူတို့ထံမှ အော့နှလုံးနာချင်စရာကောင်းသည့် အမျိုးမျိုးသော မြှောက်ပင့်ချီးမွမ်းမှုများ စတင်၍ စီးဆင်းလာတော့သည်။
ပုံမှန်အားဖြင့် တည်ကြည်လေးနက်ပြီး ပြုံးခဲသော လော့ဟုန်ဖေးပင်လျှင် မနေနိုင်တော့ဘဲ ထိုအခြေအနေနှင့်အတူ လိုက်ပါစီးမျောသွားပြီး ပုံစံမကျသည့် ကိုးရိုးကားရားချီးကျူးစကားအချို့ကို ကြားညှပ်ပြောဆိုလိုက်၏။
သူတို့သည် အလွန်အမင်း ကြာမြင့်သည်အထိ ဇွဲနပဲနှင့် နားချပြီးသည့်နောက်တွင်...
မြှောက်ပင့်ခံရသဖြင့် ခေါင်းမီးတောက်ပြီး ပေါ့ပါးလန်းဆန်းနေသော ဝေ့သုန်းဟိုင်သည် နောက်ဆုံးတွင် စတင်၍ အနည်းငယ် အလျှော့ပေးလိုက်သည်။
သူက တွန့်ဆုတ်စွာဖြင့် ပြောဆိုလိုက်သည်။
"ဒါဆိုရင်... ခဏပဲရမယ်နော်...."