← Chapters

အခန်း (၁၀၂၇)

Vol. 70 Ch. 1027

အခန်း (၁၀၂၇)

Vol. 70 Ch. 1027

"ရီဖုန်း ဟုတ်လား... မင်း တပည့်အဖြစ် လက်ခံဖို့ ကြံရွယ်ထားတဲ့ လူငယ် မဟုတ်လား"

လော့ဟုန်ဖေး၏ ရှည်လျားသောမျက်ခုံးများ အနည်းငယ် တွန့်ကွေ့သွားပြီး သူ၏မျက်လုံးများတွင် တွေဝေတုံ့ဆိုင်းနေသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

ဖုနန်ထျန်းက တုံ့ပြန်အဖြေပေးလိုက်သည်။

"ဟုတ်တယ်... ရီဖုန်းက ခြေလှမ်းတစ်ဝက် သူတော်စင်အဆင့်ပဲ ရှိသေးပေမယ့် သူက ပါရမီရှိတဲ့သူပါ... လမ်းပြအဖြစ် လိုက်ပါဖို့ သူက အသင့်တော်ဆုံးပဲ"

လော့ဟုန်ဖေး၏မျက်လုံးများတွင် အလေးအနက် စဉ်းစားနေမှုများ ထင်ဟပ်လာပြီး ချက်ချင်းသဘောမတူချေ။

ဖုနန်ထျန်း ထပ်မံ၍ မပြောဆိုနိုင်သေးမီမှာပင် လန်ရှင်းမှ လူငယ်တစ်ယောက်က အေးစက်စက်ရယ်မောရင်း လှောင်ပြောင်လိုက်သည်။

"ခြေလှမ်းတစ်ဝက် သူတော်စင်လောက်လေးကို ပါရမီရှင်လို့ သတ်မှတ်တာလား... ယွင်ရှင်းနယ်မြေက တကယ့်ကို ဒီလောက်တောင် နိမ့်ကျသွားတာလား"

သူ၏လေသံတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေပြီး သူ၏မျက်လုံးများတွင် စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင်များ ထင်ဟပ်နေပေ၏။

လူအိုကြီးနှစ်ဦးသည် ကိုးရိုးကားရားဖြစ်သွားပြီး ပြန်လည်ချေပရန် ယုံကြည်ချက် များစွာမရှိကြပေ။

ကံကောင်းထောက်မစွာဖြင့် ခေါင်းဆောင်အမျိုးသမီးက အေးစက်စက်လေသံဖြင့် ဝင်ရောက်ပြောဆိုသည်။

"အဲ့ဒီလူရဲ့ ကျင့်ကြံဆင့်က ဘာပဲဖြစ်ဖြစ်ပါ... သူက ကျွန်မတို့ကို လမ်းပြပေးနိုင်သရွေ့ အဆင်ပြေပါတယ်... အခြေအနေက အရေးကြီးနေတာကြောင့် သူ့ကို အမြန်ဆုံးသွားခေါ်လိုက်ပါ"

ဖုနန်ထျန်းသည် ထိုစကားကို ကြားလိုက်ရသဖြင့် သက်ပြင်းချလိုက်ပြီး ဦးညွှတ်အရိုအသေပြုကာ ရှင်းပြလိုက်သည်။

"စီနီယာတို့ ခွင့်လွှတ်ပေးပါ... ကျွန်တော့်ရဲ့တပည့်က အတွေ့အကြုံ နုပါသေးတယ်... ဒီလမ်းပြရမယ့် တာဝန်က အရမ်းအရေးကြီးတာကြောင့် ကျွန်တော့်က သူ့ကို နည်းနည်းလောက် မှာကြားပါရစေ..."

အမျိုးသမီးက ဂရုမစိုက်သည့်အမူအယာဖြင့် ခေါင်းညိတ်ပြလိုက်သည်ကို မြင်တွေ့ချိန်၌ ဖုနန်ထျန်းက အလျင်အမြန် ထွက်ခွာသွားသည်။

ဤကိစ္စသည် အလွန်အရေးကြီးသဖြင့် လော့ဟုန်ဖေးသည်လည်း အနောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားလေ၏။

လူအိုကြီးနှစ်ဦးသည် ရွာအဝင်ဝရှိ အိမ်ငယ်လေးဆီသို့ တန်းတန်းမတ်မတ် ဦးတည်ကာ အလျင်အမြန် သွားလိုက်ကြသည်။

ခြံဝန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ပျင်းရိနေသော ရီဖုန်းသည် ခြံဝင်းထဲတွင် နေပူစာလှုံရင်း အိပ်ပျော်နေသည်ကို တွေ့လိုက်ရပြီး ကျောက်စားပွဲပေါ်တွင် ဝိုင်အိုးတစ်လုံး တင်လျက်သား ရှိနေဆဲပင်။

သူသည် ပင်စင်စားအဘိုးကြီးတစ်ယောက်အလား သူတို့ထက်ပို၍ သက်တောင့်သက်သာရှိစွာဖြင့် ဘဝကိုဖြတ်သန်းနေသည်။

လူအိုကြီးနှစ်ဦးသည် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏မျက်နှာအမူအယာများ အမျိုးမျိုး ပြောင်းလဲသွားသည်။

ဖုနန်ထျန်းက 'ငါ့ကို ယုံလိုက်စမ်းပါ'ဟူသော ပုံစံဖြင့် စိတ်ချလက်ချနေရန် အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။

သူသည် အရင်ဦးဆုံး ရှေ့သို့တိုးပြီး ဟန်ရေးပြလိုက်သည်။

"အဟွတ် အဟွတ်...."

ဤချောင်းဟန့်သံကြောင့် ရီဖုန်း၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး သူ၏မျက်လုံးများ အနည်းငယ် ပွင့်လာသည်။

သူသည် လက်ကိုနောက်ပစ်ကာ ပုံမှန်မဟုတ်ဘဲ တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့် မတ်တတ်ရပ်နေသော အဘိုးအိုဖုကို မြင်တွေ့လိုက်ရသည်။

"ရီဖုန်း... ငါ့မှာ ကိုင်တွယ်စရာ အရေးကြီးကိစ္စတွေ ရှိနေတယ်... အခုလောလောဆယ် နေရာအနှံ့အပြားမှာ ကိစ္စတချို့ကို စုံစမ်းဖို့ လိုအပ်နေတဲ့ စီနီယာသုံးယောက် ရောက်နေတယ်... မင်းက သူတို့ရဲ့ လမ်းပြအနေနဲ့ လိုက်ပါပေးရမယ်... တကယ်လို့ မင်း သူတို့ကို ကောင်းကောင်း ဝန်ဆောင်မှုပေးနိုင်ရင် မင်း လိုချင်တာ မှန်သမျှ ငါ ပေးမယ်"

ဤကိစ္စသည် ယွင်ရှင်းကြယ်နယ်မြေတစ်ခုလုံး၏ ဘေးကင်းလုံခြုံရေးနှင့် ပြင်ပကြယ်နယ်မြေမှ ထိပ်သီးကျင့်ကြံသူများနှင့် သက်ဆိုင်နေကာ ကိစ္စများစွာ ပါဝင်ပတ်သက်နေသောကြောင့် ဖုနန်ထျန်းသည် အမှန်တရားကို ထုတ်မပြောခဲ့ချေ။

သူ၏ညွှန်ကြားချက်များသည် သင့်လျော်ပြီး ရက်ရောသော ဆုလာဘ်များကိုပင် ကတိပေးခဲ့သဖြင့် အလွဲအချော်မရှိနိုင်လောက်သော ပုံစံပေါက်နေသည်။

လော့ဟုန်ဖေးသည် အလွန်စိတ်ကျေနပ်သွားပြီး သတိထားသည့်အနေဖြင့် ထောက်ခံစကား တစ်ခွန်းကို ဖြည့်စွက်၍ ပြောဆိုလိုက်၏။

"လူငယ်လေး... မင်းသာ အဲ့ဒီစီနီယာသုံးယောက်ကို ကောင်းကောင်းဝန်ဆောင်မှု ပေးနိုင်ရင် မင်းရဲ့ တာဝန်ကျေပွန်ပြီပဲ... ပြီးတော့ ငါတို့အားလုံးက ဒီကျေးဇူးကို မှတ်ထားပါ့မယ်"

ထိုသို့ပြောဆိုပြီးသည်နှင့် လူအိုကြီးနှစ်ဦးလုံးသည် မျှော်လင့်ချက်များဖြင့် ရီဖုန်းကို ကြည့်လိုက်ကြသည်။

အိပ်မှုန်စုံမွှားဖြစ်နေသေးသော ရီဖုန်းသည် အစပထမတွင် ငြင်းဆန်လိုသော်လည်း လူအိုကြီးနှစ်ဦးသည် အလွန်တည်ကြည်လေးနက်နေသည်ကို မြင်လိုက်ရသဖြင့် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သဘောတူလိုက်၏။

"ကောင်းပြီလေ... ဒါဆိုရင်လည်း ကျွန်တော် လိုက်ပို့ပေးပါ့မယ်"

သူသည် ကျေးဇူးတင်ခြင်းများ ဆုလာဘ်များနှင့် ပတ်သက်ပြီး ဂရုမစိုက်ချေ။ သူသည် ယခုလက်ရှိတွင် ပျင်းရိနေသည်ဖြစ်၍ ခရီးထွက်ရခြင်းက ကောင်းမွန်ပေလိမ့်မည်။

ဤသည်မှာ လူအိုကြီးနှစ်ယောက်ကို သူ မျက်နှာသာပေးရာလည်း ရောက်ပေမည်။

ရီဖုန်း လွယ်လင့်တကူ သဘောတူလိုက်သည်ကို မြင်တွေ့ချိန်၌ လူအိုကြီးနှစ်ဦးသည် နားလည်သဘောပေါက်သည့်ဟန်ဖြင့် ပြုံးလိုက်ကြသည်။

'ဘာပဲပြောပြော သူက လူငယ်လေးပဲလေ... စကားနည်းနည်းလောက်နဲ့တင် စိတ်ယိုင်သွားတာပဲ... ပြီးတော့ ယွင်ရှင်း အသက်ရှင်ရပ်တည်ရေးအတွက် ပါဝင်ကူညီဖို့ သူက လိုလားပြီးတော့ သဘောပေါက်လွယ်သားပဲ... နောင်ကျရင် သူ့ကို အခွင့်အရေး ကြီးကြီးမားမား ပေးရမယ်'

လူအိုကြီးနှစ်ဦးသည် သူတို့၏စိတ်ထဲ၌ ဆုံးဖြတ်ချက်ချလိုက်ပြီး ရီဖုန်းကို ရွာအနောက်ဘက်သို့ ချက်ချင်းခေါ်ဆောင်သွားကြသည်။

အချိန်တခဏအကြာတွင်...

သူတော်စင်ရှစ်ပါး စုဝေးနေပြီဖြစ်ကာ လေဟာနယ်ထဲတွင် လှိုင်းဂယက်များ ပျံ့နှံ့နေသည်။

ကျင့်ကြံဆင့်မြှင့်တင်ရန်အတွက် ရှေးဟောင်းစင်္ကြန်လမ်းထဲသို့ ဝင်ရောက်ရန် ပြင်ဆင်ရင်း လမ်းခွဲတော့မည့်အချိန်၌ သူတော်စင်များ၏ မျက်နှာအမူအယာများ မတူကွဲပြားဖြစ်နေပြီး သူတို့အားလုံးတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ရှိနေသည်။

ဖုနန်ထျန်းသည် ရီဖုန်းကို တည်ကြည်လေးနက်စွာ စူးစိုက်၍ ကြည့်လိုက်၏။

ကံတရားကို သူကိုယ်တိုင်ပင် အကဲမခတ်နိုင်သော ဤအနာဂတ်တပည့်လေးသည် လမ်းပြအဖြစ် တာဝန်ထမ်းဆောင်နိုင်စွမ်း ရှိနိုင်ပေလိမ့်မည်။

စိုးရိမ်စိတ်ကြောင့် ဖုနန်ထျန်းသည် သူ၏ခန္ဓာကိုယ်ကို မသိမသာ ကိုင်းညွတ်လိုက်ပြီး သတိပေးစကားကို တီးတိုးပြောဆိုလိုက်သည်။

"ရီဖုန်း... ဒီလူသုံးယောက်က ငါတို့ရဲ့ စီနီယာတွေ... သူတို့ရဲ့စွမ်းအားက ခန့်မှန်းလို့မရနိုင်ဘူး... မင်းက လမ်းပြပေးရုံပဲ လုပ်ရမှာ... လမ်းတလျှောက်မှာ မေးခွန်းတွေ အများကြီး မမေးနဲ့... ပြီးတော့ သူတို့ကို လုံးဝ စိတ်အနှောင့်အယှက် မပေးမိစေနဲ့... ဒါကို မှတ်ထားရမယ်"

ရီဖုန်းသည် အခွင့်အရေးယူပြီး ခရီးထွက်ချင်ရုံသာ ရှိသဖြင့် ဤစီနီယာဆိုသည့်လူများကို များစွာစိတ်မဝင်စားချေ။

"အင်း...."

ဤ ဂရုမစိုက်သော တုံ့ပြန်မှုကို လန်ရှင်းမှလူသုံးဦးက သတိပြုလိုက်မိသည်။

'သူက လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ တာအိုစွမ်းအား အရိပ်အယောင်တောင် မရှိဘူး... သူက ခြေလှမ်းတစ်ဝက် သူတော်စင်အဆင့် တံခါးဝကို အခုမှ ထိတွေ့ကာစ ဖြစ်လောက်တယ်'

'သူ့ရဲ့ကျင့်ကြံဆင့်က နိမ့်ပါးပြီးတော့ ဂျူနီယာတစ်ယောက်မှာ ရှိသင့်တဲ့ နှိမ့်ချမှုမျိုးလည်း မရှိဘူး'

'ဒီလိုလူမျိုးကို အရေးကြီးတဲ့တာဝန် ပေးအပ်ထားရတယ်ဆိုတော့ ယွင်ရှင်းက တကယ့်ကို နိမ့်ကျနေပြီ'

'ထားလိုက်ပါတော့'

'သူက လမ်းပြဖို့အတွက် လူတစ်ယောက်သက်သက်ပဲ... ဒါကြောင့် အရမ်းကြီး တောင်းဆိုနေဖို့ မလိုပါဘူး'

ထိုလူသုံးဦးသည် ကဏဦးအကဲဖြတ်မှု ပြုလုပ်ပြီးနောက် ရီဖုန်းကို ထပ်မံ၍ မကြည့်ကြတော့ချေ။

သူတော်စင်ရှစ်ပါးသည် လေဟာနယ်ထဲသို့ ခြေလှမ်းလှမ်းပြီး ထွက်ခွာသွားကြသည်။

လန်ရှင်းမှ လူသုံးဦးသည်လည်း အချိန်ဆွဲမနေဘဲ ပေတစ်ထောင်ခန့်ရှိသော ပျံသန်းရေးလှေကို ချက်ချင်းဆင့်ခေါ်လိုက်၏။ ထိုလူသုံးဦးနှင့်အတူ ရီဖုန်းသည် ပျံသန်းရေးလှေပေါ်သို့ တက်လိုက်ပြီး အဝေးမှ မိုးကောင်းကင်ယံသို့ ပျံသန်းသွားကြသည်။

ဤသည်မှာ သယ်ယူပို့ဆောင်ရေးယာဉ်တစ်ခု ဖြစ်သော်လည်း သူတော်စင်တစ်ပါး၏ နည်းစနစ်ထက် မလျော့နည်းသော အမြန်နှုန်းဖြင့် မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းတစ်ထောင်ခရီးကို နှင်နိုင်စွမ်း ရှိသည်။

ဤကဲ့သို့ ပျံသန်းရေးလှေမျိုးကို ပထမဆုံးအကြိမ် စီးဖူးခြင်း ဖြစ်သဖြင့် ရီဖုန်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။

တိမ်တိုက်များနှင့်လေဟာနယ်မှတဆင့် မြေပြင်ကို ငုံ့ကြည့်လိုက်ရာ သူသည် ကျင့်ကြံသူတစ်ယောက်နှင့် အမှန်တကယ်တူညီသည့် အောင်မြင်မှုမျိုးကို နောက်ဆုံးတွင် ခံစားလိုက်ရသည်။ သူသည် ခရီးသွားခြင်း၏ အရသာကို တဖြည်းဖြည်း ခံစားမိလေ၏။

စိတ်မကောင်းဖွယ်ကောင်းသည့် တစ်ခုတည်းသော အရာကမူ...

စီနီယာဆိုသော လူသုံးယောက်သည် တစ်ချိန်လုံး ကျောက်ရုပ်များကဲ့သို့ထိုင်၍ ကျင့်ကြံနေကြခြင်းပင်။ အမျိုးသမီးငယ်သည် နတ်မိမယ်ကဲ့သို့ လှပသော်လည်း သူမ၏မျက်နှာထားသည် အလွန်အမင်း အေးစက်နေသဖြင့် ကွမ်ယင်မယ်တော်ကဲ့သို့ ဖြစ်နေသည်။

သူမသည် စကားတစ်ခွန်းမျှ မပြောဘဲ လူတိုင်းကို အကွာအဝေးတစ်ခုတွင် ထားရှိသော မောက်မာသည့် အမူအယာကို ထိန်းသိမ်းထားပေ၏။

သူတို့၏ပုံစံကို မြင်လိုက်ရသဖြင့် ရီဖုန်းလည်း သူတို့ကို စကားပြောလိုစိတ် ကုန်ခမ်းသွားသည်။

သူတို့သည် 'အထက်တန်းစား' ဧည့်သည်များကဲ့သို့ ပုံဖမ်းထားပြီး စကားပြောဆိုရန် ရည်ရွယ်ချက် မရှိကြောင်း သိသာထင်ရှားသည်။ ဖုနန်ထျန်း၏ ကြိုတင်မှာကြားချက်များလည်း ရှိနေသဖြင့် သူသည် မည်သည့်ကိစ္စဖြင့် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်ပြီး သူတို့ကို အရောဝင်ရမည်နည်း။

မြေပြင်မှ လှပသော တောင်များနှင့် မြစ်များကို ငေးမောကြည့်ရှုရင်း ပျံသန်းရေးလှေ၏အစွန်းတွင် ရီဖုန်းက တစ်ယောက်တည်း ထိုင်နေသည်။ သူသည် မေးထောက်ပြီး မျက်လုံးများကို အနားပေးထားကာ သူ၏ အတွေးများ တဖြည်းဖြည်း လွင့်မျောသွားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် အချိန်အတော်ကြာ ပျောက်ဆုံးနေသော စိတ်သက်တောင့်သက်သာရှိမှုကို ခံစားခဲ့ရသည်။

သို့ရာတွင် သူ၏ သေလမ်းရှာမည့် မဟာစီမံကိန်းကြီး အကြိမ်ကြိမ် ပျက်ပြားခဲ့ရခြင်းက သူ့ကို ဆက်လက်၍ ဒုက္ခပေးနေပေ၏။

သူ၏ကျင့်ကြံဆင့်သည် မည်သည့်အဆင့်၌ ရှိနေသနည်း....

ပိုင်ဖျောင်ဖျောင်သည် အစစ်အမှန်သူတော်စင် ဖြစ်သည့်တိုင် သူ့ကို ဘာမှ မလုပ်နိုင်ခဲ့ချေ။ ကြားရသည်မှာ အလွန်စွမ်းအားကြီးမယ့်ပုံပေါက်သော ဓားသူတော်စင်စုကျဲကလည်း သူ့ကို အန္တရာယ် မပေးနိုင်ခဲ့ပေ။

ရွာထဲက အဘိုးအိုဖုနှင့်အဘိုးအိုဝေ့ကဲ့သို့ လူအိုကြီးပင်လျှင် များစွာသန်မာပုံ မရချေ။

ကြည့်ရသည်မှာ သူတော်စင်များသည်ပင် အသုံးဝင်မည်ပုံ မရသည့်အလားပင်။

ဤရက်ပိုင်းတွင် ကြုံတွေ့ခဲ့ရသမျှကို ပြန်စဉ်းစားကြည့်ရင်း ရီဖုန်း ယခုချိန်၌ အလွန်အမင်းရှင်းလင်းသွားလေပြီ။ နောက်ပိုင်းကျလျှင် မျက်ကန်းတစ္ဆေနည်းမျိုးဖြင့် သူ သေလမ်းရှာရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ ဤချီးထုတ်စနစ်၏ သေလမ်းရှာသောတာဝန်ကို အခွင့်အရေးပေါ်လာမှ သူ တစ်ဆင့်ချင်းစီ လုပ်ဆောင်ရပေမည်။

ရီဖုန်းသည် စိတ်ကို ဖြေလျှော့လိုက်ပြီးနောက် ပျံသန်းရေးလှေပေါ်တွင် လှဲချလိုက်ပြီး ကျယ်ပြန့်သော မိုးကောင်းကင်ကြီးကို ငေးကြည့်ရင်း တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

ရက်အနည်းငယ်ကြာသည့်တိုင်အောင် ရှုခင်းကြည့်သည်ကလွဲလျှင် သူ စားလိုက်အိပ်လိုက်သာ လုပ်နေသည်။

သူ့ထံ၌ တခြားအရာများ သိပ်မရှိသော်လည်း ကြက်ဥအမြောက်အများနှင့် ဒေသထွက်ရိက္ခာတချို့ကိုမူ ယူဆောင်လာခဲ့သည်။

ရီဖုန်းသည် လုံးလုံးလျားလျား အပန်းဖြေနေပြီး သူ၏ လွတ်လပ်ပြီး အေးဆေးသော ခရီးသွားချိန်ကို ကောင်းစွာခံစားနေသည်။

ဤသည်မှာ ပျံသန်းရေးလှေသည် အနက်ရောင်မြူခိုးတိမ်တိုက်တစ်ခုဆီသို့ ရောက်လုဆဲဆဲအချိန်ထိပင်။

အိပ်မက်မက်နေသော ရီဖုန်းသည် စကားပြောသံများကြောင့် နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ စီနီယာဆိုသူသုံးယောက် ဖြစ်နေသည်။

"ကြည့်ရတာတော့ ယွင်ရှင်းနယ်မြေမှာ လေဟာနယ်အက်ကွဲကြောင်း မူမမှန်တာတွေရဲ့ အရင်းအမြစ်က ဒီအနက်ရောင်နယ်မြေထဲမှာ ရှိနေလောက်တယ်"

"ဖြစ်နိုင်တာက နတ်ဆိုးတွေက လေဟာနယ်ကို စုတ်ဖြဲလိုက်လို့ အချိန်နဲ့လေဟာနယ်ရဲ့ ဖရိုဖရဲစွမ်းအင်စီးကြောင်းတွေထဲမှာ လှည့်လည်သွားလာနေတဲ့ လေဟာနယ်သားရဲတွေ ဝင်ရောက်လာတာပဲ ဖြစ်လိမ့်မယ်"

"အင်း... မင်းတို့နှစ်ယောက် ပြောတာ ဖြစ်နိုင်တယ်... ဒီစူးစမ်းလေ့လာမှုကို လျှော့တွက်လို့ မဖြစ်ဘူး"

စကားအနည်းငယ်ကို ပြောဆိုပြီးနောက်....

ပါးလွှာသောဝတ်စုံကို ဝတ်ဆင်ထားသည့် အေးစက်စက် အမျိုးသမီးသည် ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်၏။ သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွတ်သော ခြေထောက်များဖြင့် ပေါ့ပါးစွာ ခြေလှမ်းလှမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ပျံသန်းရေးလှေ၏အစွန်းရှိ ရီဖုန်း၏နံဘေးသို့ ရောက်ရှိလာသည်။

အရာအားလုံးသည် ဖြစ်ပျက်သွားသည်မှာ အလွန်မြန်ဆန်သဖြင့် ရီဖုန်း အချိန်တခဏမျှ ကြက်သေသေသွားသည်။

ဤအမျိုးသမီးက အမှန်တကယ်ကို ထူးခြားပေ၏။

သူမသည် နတ်မိမယ်တမျှ လှပရုံသာမက သူမ၏စွမ်းရည်များကလည်း အလွန်ထူးကဲသည်။ ရီဖုန်းသည် သူ့ကိုယ်သူ အမြင်ကျယ်သည်ဟု ယူဆထားသော်လည်း ဤကဲ့သို့ ထိပ်သီးကျင့်ကြံသူမျိုးနှင့် တွေ့ဆုံဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။

သူမသည် အမှန်တကယ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်သောဟန်ပန် အပြည့်ရှိပြီး ထူးခြားသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

ရီဖုန်း တိတ်တဆိတ် အံ့အားသင့်နေစဉ်မှာပင် အမျိုးသမီးသည် နံဘေးဘက်သို့ လုံးဝလှည့်မကြည့်ဘဲ သူမ၏ ကြည်လင်သော မျက်လုံးများဖြင့် ရှေ့တည့်တည့်ကိုသာ စူးစိုက်ကြည့်နေပြီး အလွန်တည်ကြည်လေးနက်ပုံရသည်။

သူမ၏ အကြည့်နောက် လိုက်ကြည့်လိုက်ရာ...

ရီဖုန်းသည် မိုးကုပ်စက်ဝိုင်းတွင် လှည့်ပတ်နေသော ထူထပ်သိပ်သည်းသည့် အနက်ရောင်မြူခိုးများကိုသာ မြင်လိုက်ရသည်။ ထိုမြူခိုးများသည် ကြယ်နယ်မြေ၏ အစိတ်အပိုင်းတစ်ခုကို လုံးလုံးလျားလျား ဖုံးလွှမ်းထားပြီး ဖုန်မှုန့်မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသည့်အလား သို့မဟုတ် ကန်ရေပြင်ထဲသို့ မှင်စက်တစ်စက် ကျသွားသည့်အလား အဆက်မပြတ် ပျံ့နှံ့ကာ လှိုင်းထနေသည်။

ဂရုတစိုက်ကြည့်လိုက်ချိန်မှသာ မီးခိုးရောင်သမ်းသော မြေပြင်မှ ရံဖန်ရံခါ၌ ခုန်ထွက်လာသော အနက်ရောင်ပုံရိပ်များကို သတိပြုမိနိုင်သည်။

သူ ယခင်က မြင်ဖူးသော မန်ဒိုသားရဲများ ရှိနေသည့်အပြင် ကြီးမားသော နှုတ်သီးကောက်ကြီးများ ပါသည့် ထူးဆန်းသော သားရဲများနှင့် ပေါက်စီကြီးများနှင့်တူသော သားရဲများလည်း ရှိနေသည်။ ထိုသားရဲများသည် ကြည့်ရဆိုးပြီး တောကြက်များ ယုန်များလောက်ပင် ကြည့်မကောင်းချေ။

ရီဖုန်းသည် ထိုသားရဲများကိုကြည့်ရင်း စိတ်ဝင်စားမှု လျော့နည်းသွားကာ ပျံသန်းရေးလှေပေါ်တွင် ငူငူငိုင်ငိုင်ဖြင့် ထိုင်နေလိုက်သည်။

ထိုဂရုမစိုက်သောပုံစံကို ခေါင်းဆောင်အမျိုးသမီးက သူမ၏မျက်လုံးထောင့်စွန်းမှ မြင်လိုက်မိသည်။ သူမ၏အမြင်အရ သူသည် မသိနားမလည်သော ပုံစံပေါက်နေသည့်အပြင် အလွန်အမင်း ကြောက်ရွံ့ပြီး ရှောင်ဖယ်နေသော ပုံစံနှင့်လည်း တူညီနေပေ၏။

သူမသည် ရီဖုန်းကို တစ်ချက်သာလှမ်းကြည့်လိုက်ပြီး သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းကာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

"မကြာခင်မှာ ငါတို့က အနက်ရောင်မြူခိုးတွေထဲ ဝင်တော့မယ်"

"ဘာပဲဖြစ်ဖြစ် နင်က ငါတို့သုံးယောက်နားမှာပဲ ကပ်နေရမယ်... မဟုတ်ရင် နင်ရဲ့အသက် ဆုံးရှုံးတာက ကိစ္စမရှိပေမယ့် ငါတို့က နောက်ထပ် လမ်းပြတစ်ယောက် ရှာရလိမ့်မယ်... အဲ့ဒါက တော်တော်အလုပ်ရှုပ်တယ်"

'ဒါက လူပြောတဲ့ စကားရော ဟုတ်ရဲ့လား'

ရီဖုန်း၏ပါးစပ် တယွယွဖြစ်သွားပြီး ဤရက်စက်သော အမျိုးသမီးကို မည်သို့ခွန်းတုံ့ပြန်ပြောရမည်ကို မသိတော့ချေ။

သို့ရာတွင် သူ အနည်းငယ် စဉ်းစားလိုက်ချိန်၌ အန္တရာယ်အငွေ့အသက်ကို ရလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် သူမ၏သဘောထားကို ဂရုမစိုက်တော့ဘဲ ရှေ့မှအနက်ရောင်မြူခိုးများကို စိုက်ကြည့်လိုက်သည်။

'တကယ်လို့ အန္တရာယ်တစ်ခုခု ရှိနေတယ်ဆိုရင် အဲ့ဒါက အရမ်းကောင်းတဲ့ ကိစ္စပဲ'

ထိုစကားကိုပြောနေစဉ်မှာပင် အမျိုးသမီးသည် သူမ၏ပွယောင်းယောင်းအင်္ကျီလက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်၏။ ရုတ်ချည်းဆိုသလိုပင် ပျံသန်းရေးလှေသည် အလင်းတန်းတစ်တန်းအလား ရှေ့သို့ပျံသန်းသွားပြီး အနက်ရောင်မြူခိုးများထဲသို့ တိုးဝင်သွားတော့သည်။

ရီဖုန်းသည်လည်း ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူ၏မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။

All Chapters