← Chapters

ရေခဲနှလုံးသား ကြာပန်း

Vol. 4 Ch. 58

ရေခဲနှလုံးသား ကြာပန်း

Vol. 4 Ch. 58

~သို့သော် သူတို့၏ ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်ပြီး၊ (၁၀) မှတ်တွင် (၆) မှတ်၊ (၇) မှတ် လောက်သာ ပေးရမည့် အဆင့်ပင် ဖြစ်သည်။

အမျိုးသမီးသည် သူတို့ထဲမှ တစ်ယောက်နှင့် ချစ်ကြိုက်နေသူ ဖြစ်သည်။ ကျန်တစ်ယောက် ဖြစ်သော မုတ်ဆိတ်မွေးများနှင့် ကြမ်းတမ်းသော ရုပ်ရည်ရှိသည့် ဗလတောင့်တောင့် အမျိုးသားကြီးသည် မတ်တပ်ရပ်လိုက်ပြီး၊ ဝူဇီကန်ကို ပြုံးဖြဲဖြဲ ကြည့်ကာ ပြောလိုက်သည်။

“ဘာတွေ စိတ်ဆိုးနေတာလဲဗျာ”

“ပြန်ရောက်မှ သူ့ကို သွားရှင်းလိုက်တာပေါ့... ကျွန်တော် ဝူကြီးဘေးမှာ ရှိနေပေးမှာပါ”

“ချီစွမ်းအင် စုစည်းခြင်း အဆင့် (၈) လောက်နဲ့ တခြားနယ်က ရောက်လာတဲ့ အညတရ ကောင်ကများ... ဝူကြီးကို စော်ကားရဲတယ်ပေါ့... သေချင်နေပြီနဲ့ တူတယ်”

သူ့မျက်လုံးများထဲတွင် မုန်းတီးမှုနှင့် ယုတ်မာမှုများ ပြည့်နှက်နေလေ၏။

အမျိုးသမီးက တခစ်ခစ် ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“သူ ..ဝူကြီးကို စော်ကားမိသွားပြီ ဆိုတာ သိလို့... အပြင်မထွက်ရဲဘဲ မြို့ထဲမှာ ပုန်းနေတာ ဖြစ်မှာပါ”

“ဘာပဲဖြစ်ဖြစ်... ဝူကြီးက အမှန်တရားခန်းမ က ထိပ်တန်း အဆောင်လက်ဖွဲ့ ပညာရှင် တစ်ယောက် ဖြစ်သလို၊ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) ကို ရောက်ဖို့ နီးစပ်နေပြီလေ”

“ဟွန်.. သူ့လို ဘာကောင်မှ မဟုတ်တဲ့လူက ဝူကြီးကို ဘယ်လိုလုပ် ယှဉ်ရဲမှာလဲကွာ”

ဤမြှောက်ပင့် ချီးကျူးစကားများသည် ဝူဇီကန်၏ စိတ်အခြေအနေကို များစွာ တိုးတက်ကောင်းမွန်သွားစေခဲ့သည်။

ဝူဇီကန် မထီမဲ့မြင် ပြုံးလိုက်သည်။

“အဆောင်လက်ဖွဲ့ ပညာရှင် တစ်ယောက်ကို စော်ကားမိရင် ဘာဖြစ်မလဲ ဆိုတာ သူ မကြာခင် သိရတော့မှာပါ”

“သွားကြစို့... ယွမ်ယန် တောရိုင်းကို သွားကြမယ်”

ထို့နောက် သူတို့လေးဦးသည် တည်းခိုခန်းမှ ထွက်ခွာလာပြီး ဝိညာဉ်မြင်းများကို စီးနင်းကာ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ ထွက်ခွာသွားကြလေ၏။

သို့သော် သူတို့၏ အနောက်တွင် တစ္ဆေတစ်ကောင်သဖွယ် အရိပ်မည်း တစ်ခုက ခပ်လှမ်းလှမ်းမှ တိတ်တဆိတ် လိုက်ပါလာသည်ကို သူတို့ လုံးဝ သတိမထားမိခဲ့ကြပေ။

ယွမ်ယန် တောရိုင်းသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော် နယ်မြေအတွင်းတွင် ရှိသော်လည်း တောရိုင်းတိရစ္ဆာန်များနှင့် ပြည့်နှက်နေသော လူသူကင်းမဲ့သည့် တောင်တန်းဒေသ တစ်ခု ဖြစ်သည်။ ထိုနေရာတွင် မရေမတွက်နိုင်သော သားရဲများ ရှိပြီး၊ မိစ္ဆာမျိုးနွယ်ဝင်များ ပုန်းအောင်းနေထိုင်သည် ဟူသော ကောလာဟလများကြောင့် အလွန် အန္တရာယ်များသော ဒေသတစ်ခု ဖြစ်လေ၏။

ဝူဇီကန် ဦးဆောင်သော အဖွဲ့သည် ယွမ်ယန် တောရိုင်း အစပ်သို့ ရောက်ရှိရန် နှစ်ရက်နီးပါး ကြာမြင့်ခဲ့သည်။ ရှေ့မှ ထူထပ်သော တောအုပ်ကြီးကို သူတို့ လှမ်းကြည့်လိုက်ကြသည်။

တုံ့ဆိုင်းမနေဘဲ တောအုပ်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားကြလေ၏။

ခဏအကြာတွင်... အရိပ်မည်း တစ်ခု တိတ်တဆိတ် ရောက်ရှိလာသည်။ ဝိညာဉ်ခန္ဓာ ရုပ်သေး သည် 'အရိပ်ကျားသစ်'တစ်ကောင် အသွင် ပြောင်းလဲသွားပြီး၊ သူတို့နောက်မှ ခပ်လှမ်းလှမ်းမှ လိုက်ပါလာခဲ့သည်။

တောအုပ်သည် ချုံနွယ်ပိတ်ပေါင်းများဖြင့် ထူထပ်နေပြီး၊ သားရဲများနှင့် အဆိပ်ရှိသော အင်းဆက်ပိုးမွှားများ ပုန်းခိုနေတတ်သည်။

ဝူဇီကန်နှင့် အဖွဲ့၏ ခရီးဆက်နှုန်းသည် နှေးကွေးလှသည်။ ခြေလှမ်းတိုင်းတွင် မသိနိုင်သော အန္တရာယ်များ ပြည့်နှက်နေပေ၏။

ထို့ကြောင့် တောအုပ်ထဲ ဝင်ရောက်လာသည်နှင့် သူတို့သည် ချီစွမ်းအင် အကာအကွယ်များကို ဖွင့်ထားလိုက်ကြသည်။ ၎င်းသည် အဆိပ်ရှိသော အင်းဆက်များ သို့မဟုတ် သားရဲများ ရုတ်တရက် တိုက်ခိုက်လာလျှင် ခေတ္တမျှ ကာကွယ်ပေးထားနိုင်ပေ၏။

ဆိုးကျိုးကတော့ ချီစွမ်းအင် ပြန်လည် ဖြည့်တင်းရန်အတွက် မကြာခဏ ရပ်နားရခြင်းပင်။

ဝိညာဉ်ခန္ဓာ ရုပ်သေးသည် ထူထပ်သော ချုံပုတ်များကြားတွင် ပုန်းအောင်းရင်း ပစ်မှတ် လေးဦးကို အဝေးမှ အေးဆေးစွာ စောင့်ကြည့်နေလေ၏။

“လူသား ပုံသဏ္ဍာန်က အပြင်လောကမှာ သွားလာဖို့ သင့်တော်ပြီး... ဒီလို သားရဲပုံသဏ္ဍာန်ကတော့ တောရိုင်းထဲ ဝင်ရောက်ဖို့ အဆင်ပြေတာပဲ”

စုယွီ စိတ်ထဲတွင် တွေးတောလိုက်သည်။ သူ့ ဝိညာဉ်ခန္ဓာ ရုပ်သေး 'အရိပ်ကျားသစ်' ၏ လှုပ်ရှားမှုများသည် တောအုပ်ထဲတွင် အလွန် သက်သောင့်သက်သာ ရှိနေသည်ကို ခံစားနေရသည်။

ထို့ပြင် သူ၏ စိတ်ထဲတွင် တစ်ခါမျှ မကြုံဖူးသော စိတ်သက်သာရာရမှု တစ်မျိုးကို ခံစားနေရသည်။ ကိုယ့်အိမ် ကိုယ့်ယာသို့ ပြန်ရောက်နေသကဲ့သို့ပင်။

ဝိညာဉ်ခန္ဓာ ရုပ်သေးသည် ယွမ်ယန် တောရိုင်းထဲသို့ ဝင်ရောက်ရာတွင် မည်သည့် စိုးရိမ်ကြောက်ရွံ့မှုမျှ မရှိပေ။

ယခင်က စုဇီနှင့်အတူ တောင်ပေါ်လင်းယုန်ကို လိုက်လံ ဖမ်းဆီးစဉ် ကိုယ်တိုင် ကိုယ်ကျ တောအုပ်ထဲ ဝင်ရောက်ခဲ့ရသော ခံစားချက်နှင့် လုံးဝ ကွဲပြားခြားနားနေလေ၏။

နှစ်ရက် ကြာသောအခါ...

ဝူဇီကန်နှင့် အဖွဲ့သည် တောင်ကြားတစ်ခု ရှေ့တွင် ရပ်တန့်လိုက်သည်ကို မြင်လိုက်ရသောအခါ၊ စုယွီသည် ချန်ခွန်းအိတ်ထဲမှ 'စိတ်ညှို့ဆေးရည်'တစ်ပုလင်းကို ထုတ်ယူလိုက်ပြီး အရိပ်ကျားသစ်၏ ခြေသည်းများပေါ်တွင် သုတ်လိမ်းရန် ပြင်ဆင်လိုက်သည်။

“စိတ်ညှို့ဆေးရည်၊ ဒုတိယအဆင့် အဆင့်နိမ့် 'ရေခဲချုပ်နှောင်ခြင်း အဆောင်လက်ဖွဲ့'၊၊ 'မီးနဂါး အဆောင်လက်ဖွဲ့'... ပြီးတော့ ဒုတိယအဆင့် အစောပိုင်း ယဉ်ပါးသားရဲ နှစ်ကောင်... ဒီလောက်ဆိုရင် လုံလောက်ပြီ မလား”

တောင်ကြား ရှေ့တွင်...

ဝူဇီကန်နှင့် အဖွဲ့သည် ပတ်ဝန်းကျင်ကို သတိထား စစ်ဆေးပြီးနောက် မူလ နေရာသို့ ပြန်ရောက်လာကြသည်။

ဝူဇီကန် တိုးတိုးလေး ပြောလိုက်သည်။

“အထဲမှာ ရေခဲ ရေကန် တစ်ခု ရှိတယ်...အဲ့ထဲမှာ ပထမအဆင့် ထိပ်တန်း 'ရေခဲအကြေးခွံ မိစ္ဆာမြွေ' စောင့်ကြပ်နေတဲ့ 'ရေခဲနှလုံးသား ကြာပန်း' ပဲ ..သားကြီးတို့..”

အမျိုးသမီးက ပြန်ပြောသည်။

“အရှေ့ဘက်မှာ ပထမအဆင့် နှောင်းပိုင်း မိစ္ဆာငှက် တစ်ကောင်ရဲ့ အရှိန်အဝါကို ခပ်ရေးရေး အာရုံခံမိတယ်နော်... သူက မိစ္ဆာမြွေရဲ့ ကြာပန်းကို ခိုးဖို့ ချောင်းနေတာ ဖြစ်မယ်”

သူမ၏ စကားနည်းသော ချစ်သူက ပြောလိုက်သည်။

“အနောက်ဘက်မှာ ဒုတိယအဆင့် အလယ်အလတ် သားရဲငယ် သုံးကောင် ရှိတယ်... စိုးရိမ်စရာ မရှိပါဘူး”

ကျန်ရှိသော ဗလတောင့်တောင့် အမျိုးသားကြီးကလည်း ပြောသည်။

“မြောက်ဘက်မှာက ပထမအဆင့် ထိပ်တန်း မိစ္ဆာဝံပုလွေ တစ်ကောင်... သူလည်း ကြာပန်းကို ချိန်ရွယ်နေတာ ဖြစ်လောက်တယ်”

ဝူဇီကန် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“ငါ့အထင်... ရေခဲနှလုံးသား ကြာပန်း က နောက်ထပ် တစ်ရက်ခွဲလောက် နေရင် ရင့်မှည့်တော့မယ်... အဲ့ဒီအချိန်ကျရင် ဒီမိစ္ဆာကောင်တွေ သေချာပေါက် လုကြတော့မှာဟ”

“ဒါကြောင့်... အစီအစဉ်က ဒီလို... အကြီးအကဲကွားနဲ့ ငါက မိစ္ဆာမြွေကို ရင်ဆိုင်ပြီး ကြာပန်းကို လုမယ်... အကြီးအကဲယောင် နဲ့ သူ့ညီမက တခြား မိစ္ဆာကောင်တွေကို တားထားပေး”

“ကြာပန်း ရတာနဲ့ ချက်ချင်း ယွမ်ယန် တောရိုင်း ကနေ ထွက်ခွာကြမယ်”

“ကောင်းပြီ”

“ပြဿနာ မရှိပါဘူး”

ကျန်သုံးဦးက ချက်ချင်း သဘောတူလိုက်ကြသည်။

နေ့တစ်ဝက် ကုန်လွန်သွားသည်။

ညရောက်လာသောအခါ... ပထမဆုံး လရောင်သည် တောင်ကြားအတွင်းပိုင်း ရေကန်အေး ဘေးရှိ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးအေးစက်နေသော ကြာပန်းပေါ်သို့ ကျရောက်လာသည်။ အဖူးငုံနေသော ရေခဲနှလုံးသား ကြာပန်းသည် ရုတ်တရက် ပွင့်အာလာပြီး အေးစက်သော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာလေ၏။

“ဝှစ်..”

မှောင်မိုက်နေသော တောင်ကြား တစ်ခုလုံးသည် တောက်ပသော အလင်းရောင်ဖြူဖြင့် လင်းထိန်သွားလေ၏။

“ဝူး... ဝူး... ဝူး...”

အရပ်လေးမျက်နှာမှ သဘာဝ ဝိညာဉ်စွမ်းအင်များသည် ရေကန်အေး ဘေးရှိ ကြာပန်းဆီသို့ စုစည်းဝင်ရောက်လာကြသည်။

စောင့်ကြပ်နေသော မိစ္ဆာမြွေ၏ မျက်လုံးများ အရောင်လက်သွားလေ၏။

ကြာပန်း ရင့်မှည့်လာသော မွှေးပျံ့သည့် ရနံ့က မိစ္ဆာမြွေ၏ သွေးများကို ဆူပွက်သွားစေသည်။ ကြာပန်းကို တစ်လုပ်တည်း မျိုချပစ်ချင်သော ဆန္ဒကို မထိန်းချုပ်နိုင်တော့ပေ။

ရေခဲနှလုံးသား ကြာပန်းသည် ရေခဲဓာတ် ဝိညာဉ်ဆေးပင် ဖြစ်ပြီး၊ ဒုတိယအဆင့် အစောပိုင်း သားရဲ အဖြစ်သို့ ကူးပြောင်းရန် လိုအပ်နေသော ၎င်းအတွက် အသင့်တော်ဆုံး အရာပင် ဖြစ်သည်။

ကြာပန်း၏ ဆေးစွမ်းအင်ကိုသာ သန့်စင်လိုက်နိုင်လျှင်၊ အောင်မြင်စွာ အဆင့် ချိုးဖြတ်နိုင်ချေ အနည်းဆုံး (၅၀) ရာခိုင်နှုန်း ရှိလေ၏။

သို့သော်... မိစ္ဆာမြွေ ပါးစပ် မပိတ်မီမှာပင်၊ ကောင်းကင်ယံမှ စူးရှသော လင်းယုန်ငှက် အော်သံ တစ်ခု ထွက်ပေါ်လာလေ၏။

အမည်းရောင် အရိပ်တစ်ခုသည် အနောက်ဘက် သစ်ပင်များကြားမှ လျှပ်စီးလို ဖြတ်သန်းလာပြီး၊ ခြေသည်းများဖြင့် မိစ္ဆာမြွေ၏ အပေါ်ပိုင်း အကြေးခွံများကို ပြင်းထန်စွာ ကုတ်ခြစ်လိုက်လေ၏။

“ဘုန်း...”

မိစ္ဆာမြွေသည် ယိမ်းယိုင်သွားပြီး လိမ်တွန့်ကာ ရေကန်ထဲသို့ ခေါင်းစိုက်ကျသွားလေ၏။

အမည်းရောင် အရိပ် (ဝံပုလွေ) သည် ကြာပန်းကို ဝါးမြိုရန် ကြိုးစားလိုက်စဉ်မှာပင် လင်းယုန်ငှက်က ထိုးဆင်းလာပြန်သည်။ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန်ကြောင့် မိစ္ဆာဝံပုလွေသည် ကြာပန်းကို လက်လျှော့လိုက်ရသည်။ ဝံပုလွေ ဟောင်သံ တောအုပ်ထဲ ပဲ့တင်ထပ်သွားပြီး၊ ဒေါသတကြီးနှင့် မတတ်သာဘဲ ရှောင်တိမ်းလိုက်ရလေ၏။

လင်းယုန်ငှက်ကို ထိပ်တိုက် ရင်ဆိုင်ခြင်းသည် မိစ္ဆာမြွေရော၊ ဝံပုလွေပါ အကျိုးမရှိကြောင်း သိကြသည်။

ဝံပုလွေ ရှောင်တိမ်းသွားပြီးနောက် လင်းယုန်ငှက်သည် ခြေသည်းများကို ကြာပန်းဆီသို့ ဆန့်တန်းလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင်...

“ဝှစ်...”

ရေခဲတုံး သုံးတုံး ဆက်တိုက် ပစ်လွှတ်လိုက်ခြင်း ခံရပြီး၊ ချက်ချင်း ပေါက်ကွဲကာ ပြင်းထန်သော အအေးဓာတ်များ ထွက်ပေါ်လာပြီး အရာအားလုံးကို အေးခဲသွားစေသည်။

ပထမအဆင့် ထိပ်တန်း 'ရေခဲချုပ်နှောင်ခြင်း' အောက်တွင် လင်းယုန်ငှက်၏ ခန္ဓာကိုယ် အေးခဲသွားပြီး၊ အအေးဓာတ်များ ခန္ဓာကိုယ်ထဲ တိုးဝင်သွားသဖြင့် လှုပ်ရှားမှုများ နှေးကွေးသွားရလေ၏။

“တိုက်ခိုက်ကြစို့”

ဝူဇီကန် ကျယ်လောင်စွာ နှိုးဆော်လိုက်သည်နှင့် လူလေးဦးသည် ရေကန်ဘေးသို့ ပြေးဝင်သွားကြသည်။ ဝူဇီကန်က ကြာပန်းကို ရယူရန် တာဝန်ယူပြီး၊ ဗလတောင့်တောင့် အမျိုးသားကြီးက မိစ္ဆာမြွေကို တားဆီးရန် တာဝန်ယူသည်။

လင်မယား နှစ်ယောက်ကတော့ လင်းယုန်ငှက်၊ ဝံပုလွေနှင့် အခြား သားရဲငယ်များကို တားဆီးရန် တာဝန်ယူကြသည်။

“ဘုန်း...”

အဆောင်လက်ဖွဲ့ အဆောင်များ၏ အကူအညီဖြင့် လင်းယုန်ငှက်သည် လင်မယား နှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် လွင့်စင်သွားပြီး နောက်ဘက် တောင်စောင်းနှင့် ဝင်ဆောင့်မိကာ နာကျင်စွာ အော်မြည်နေရှာသည်။

လူသား ကျင့်ကြံသူများ ပေါ်လာသည်ကို မြင်သောအခါ ဝံပုလွေက ဒေါသတကြီး ဟောင်ပြီး ပြေးဝင်လာသည်။

သို့သော် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၉) လင်မယား နှစ်ယောက်ကို ရင်ဆိုင်ရသောအခါ ဝံပုလွေခမျာ အရာမထင်ဘဲ သူတို့၏ တားဆီးမှုကို မကျော်ဖြတ်နိုင်ခဲ့ပေ။

မိစ္ဆာမြွေသည် ရေကန်ထဲမှ ဒေါသတကြီး ပြန်ထွက်လာသော်လည်း၊ နောက်တစ်စက္ကန့်တွင် ကောင်းကင်မှ ကျဆင်းလာသော ကြီးမားသည့် ပုဆိန်ကြီး တစ်လက်နှင့် ရင်ဆိုင်လိုက်ရသည်။

မိစ္ဆာမြွေက ပါးစပ်ဖွင့်ပြီး အေးစက်သော အသက်ရှူသံများ မှုတ်ထုတ်လိုက်ရာ ပုဆိန်ကြီး အေးခဲသွားသည်။

“ဘုန်း...”

ချီစွမ်းအင်နှင့် မိစ္ဆာစွမ်းအင် ထိပ်တိုက် တွေ့ဆုံကြပြီး ရေခဲများ ကွဲကြေသွားသည်။ ပုဆိန်ကြီးကို တားဆီးနိုင်ခဲ့သော်လည်း မိစ္ဆာမြွေသည် ရေကန်ထဲသို့ နောက်တစ်ကြိမ် ပြန်လည် လွင့်စင်သွားရပြန်သည်။

ဝူဇီကန်သည် ရေခဲနှလုံးသား ကြာပန်းကို အချိန်မီ ရယူနိုင်လိုက်သည်။ ဂရုတစိုက်ဖြင့် ကျောက်စိမ်းသေတ္တာထဲ ထည့်၊ ထို့နောက် အိတ်ထဲ ထည့်ပြီး တားဆီးပိတ်ပင်မှု အခင်းအကျင်း ခတ်ကာ ချန်ခွန်းအိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။

ဝမ်းသာအားရ ဖြစ်နေသော ဝူဇီကန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“သွားကြစို့”

“ဝီ... ဝီ... ဝီ...”

လေးဦးသား အချိန်မဆွဲတော့ဘဲ ကြာပန်း ရသည်နှင့် ချက်ချင်း ထွက်ပြေးကြလေ၏။ လင်းယုန်၊ ဝံပုလွေ၊ မိစ္ဆာမြွေ နှင့် အခြား သားရဲများ ပြန်လည် မတုံ့ပြန်နိုင်မီ တောင်ကြားထဲမှ အမြန်ဆုံး ထွက်ခွာလာခဲ့ကြသည်။

သို့သော် ထိုအချိန်တွင်...

အရှေ့ဘက် ချုံပုတ်များကြားမှ ရေခဲပြာရောင်နှင့် အနီရောင် အဆောင်လက်ဖွဲ့ နှစ်ခုသည် ပြိုင်တူ ပျံသန်းထွက်ပေါ်လာလေတော့သည်။

ဝူဇီကန်နှင့် အဖွဲ့သားများ - “ ”

All Chapters