အခန်း (၇၉၆-၇၉၈)
Vol. 54 Ch. 796-798
အခန်း (၇၉၆) : ဂြိုဟ်သားကျူးကျော်ခြင်း
ဧရာမ စစ်သင်္ဘောကြီးသည် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထိုအချိန်တွင် စစ်သင်္ဘောကြီးသည် နဂါးငွေ့တန်းဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားလာနေသည်။ စစ်သင်္ဘောပေါ်တွင် အသားအရေအပြာရောင်ရှိသော လူအနည်းငယ်တို့သည် အရက်သောက်ရင်း စည်းစိမ်ခံနေကြသည်။
"ခေါင်းဆောင် ဒီတစ်ခေါက် ကျွန်တော်တို့ရဲ့ မစ်ရှင်က အရမ်း ကျေနပ်စရာကောင်းတယ် နဂါးငွေ့တန်းမှာ ဘာများရှိဦးမှာလဲ ဒါ လုံးဝ ခေတ်နောက်ကျနေတဲ့ ကြယ်တစ်ခုပဲကို မိနစ်ပိုင်းအတွင်း ဖျက်ဆီးလိုက်လို့ရတယ်"
အပြာရောင်အသားအရေဖြင့် ကြံ့ခိုင်သန်မာသော အမျိုးသားတစ်ဦးက ပြောလိုက်ပြီး သူ၏ မျက်လုံးများတွင် လည်း အထင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
"ဟဲဟဲ၊ အရမ်းကြီး ပေါ့ဆမနေနဲ့ဦး ဒီနဂါးငွေ့တန်းကပြည်နှင်ဒဏ်ပေးခံရတာ နှစ်ထောင်ပေါင်များစွာကြာခဲ့ပြီ။ ပြောမရဘူး ဉာဏ်ရည်တွေ ဖွံ့ဖြိုးလာပြီး သန်မာတဲ့လူတွေ ရှိနေနိုင်တယ်"
စားပွဲခုံထိပ်တွင် ထိုင်နေသော ခေါင်းဆောင်က အနည်းငယ် ပြုံးကာပြောလိုက်သော်လည်း သူ၏ စကားများက နဂါးငွေ့တန်းကို အထင်သေးကြောင်းပြသနေဆဲဖြစ်သည်။
"ဒီနဂါးငွေ့တန်းက တကယ်ထူးဆန်းတယ် ဖုန်မှုန့်လေးတစ်မှုန်လောက်ပဲ ရှိတယ် ဘာကြောင့်အထက်လူကြီးတွေက ကျွန်တော်တို့ကို ဒီကို စေလွှတ်လိုက်တာလဲဆိုတာ တကယ်မသိဘူး ခေါင်းဆောင်လို ပဉ္စမအဆင့် သိုင်းသူတော်စင်ကိုတောင် စေလွှတ်တာ"
နောက်ထပ် အပြာရောင်အသားအရေနှင့်လူတစ်ဦးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ သူ့ပုံစံမှာ လုံးဝ နားမလည်နိုင်ကြောင်း သိသာပေသည်။
"ဒီအကြောင်း ငါလည်း စဥ်းစားဖူးတယ် ဒီလို ကြယ်မျိုးကို ရောင်းရင်တောင် ဘယ်သူမှ ဝယ်ချင်မှာ မဟုတ်ဘူး ပထမအချက်က ထိပ်တန်း တွင်းထွက်ပစ္စည်းတွေ မရှိဘူး ဒုတိယအချက်က အဆင့်မြင့် အသက်ရှိပုံစံတွေမရှိဘူး ဒါက ကျောက်တုံးအစုအပုံသာသာပဲ အမှိုက်သရိုက်လို အဆင့်နိမ့်သက်ရှိပုံစံတွေ ရှိချင်ရှိလိမ့်မယ် ဒါပေမဲ့ ငါတို့ သံမဏိသွေးမဟာမိတ်အဖွဲ့ အတွက်တော့ ဘာမှ မဟုတ်ဘူး"
ဤမေးခွန်းက ခေါင်းဆောင် ရက်ဒိုကိုလည်း ဝေခွဲမရဖြစ်စေခဲ့သည်။ ဤတာဝန်သည် အလွန်ခက်ခဲခြင်းမရှိပေ။ သူအရင်က လုပ်ဖူးသော မစ်ရှင်များနှင့် နှိုင်းယှဉ်လျှင် အလွန်ရိုးရှင်းသည်ဟုပင် ပြောနိုင်သော်လည်း ဆုလာဘ်က မဆိုးပေ။ မဟုတ်ပါက သူ ဒီလို အမှိုက်ဂြိုဟ်ကို လာမှာ မဟုတ်ပေ။
"ဟုတ်တယ် ကြယ်စုမှာတကယ်ကောင်းတဲ့ တစ်ခုခုများ ရှိနေတာလား"
သူတို့အားလုံး အလွန်ရှုပ်ထွေးနေကြသည်။ ထိုအချိန်တွင် သူတို့သည် နဂါးငွေ့တန်းစကြာဝဠာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
"နဂါးငွေ့တန်းထဲကို ဝင်ဖို့ ပြင်ဆင်တော့ ကြယ်စုရဲ့ ဖွဲ့စည်းပုံကို ထောက်လှမ်းထား ပြီးရင် စစ်သင်္ဘောရဲ့ ဆွဲငင်အားကို ချိန်ညှိပြီး ဂရုစိုက်နေ ဒီနေရာမှာ ဘာမှမရှိနိုင်ပေမဲ့သတိထားရမယ်"
ခေါင်းဆောင် ရက်ဒို သည် ချက်ချင်း ထရပ်ပြီး နဂါးငွေ့တန်းထဲသို့ ဝင်ရန် စစ်သင်္ဘောကို ကွပ်ကဲလိုက်သည်။ သူ ဝင်ရောက်လိုက်သည်နှင့် တောက်လောင်နေသော နေနှင့် အခြားဂြိုဟ်များကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
"တွေ့လား ငါပြောသားပဲ ဒါ သေချာပေါက် အမှိုက်သာသာဂြိုဟ်ပဲလို့ အာကာသယာဉ်တောင် မရှိဘူး အရမ်း အမှိုက်ဆန်တာပဲ"
သူတို့သည် ဟာလာဟင်းလင်းဖြစ်နေသော နဂါးငွေ့တန်းကို မြင်ပြီး စိတ်ပျက်စွာ ခေါင်းခါလိုက်ကြသည်။
"မဟုတ်ဘူး ဟိုဘက်ကို ကြည့်"
ခေါင်းဆောင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူ အဝေးကို ကြည့်လိုက်သောအခါ ဂြိုဟ်တုများစွာကို မြင်လိုက်ရပေရာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
"ဒါက... စူးစမ်းရေး စက် လိုမျိုးလား ဒီနေရာက ငါတို့ ထင်သလောက် အမှိုက်မဆန်ဘူး ထင်တယ်"
လက်ဒိုက ပြုံးပြီး ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျိုးဟောင်၏ လုံနတ်ဘုရားစစ်သင်္ဘော သည် ကမ္ဘာမြေပေါ်ရှိ စစ်နတ်ဘုရားဌာနချုပ်သို့ ဆင်းသက်လာခဲ့သည်။
ကျိယောင်ယွဲ့နှင့် လင်းထျန် နှစ်ဦးစလုံးမှာ ကျိုးဟောင် ကို စောင့်နေခဲ့ကြပြီး ကျိုးဟောင် အာကာသယာဉ်မှ ဆင်းလာသည်ကို မြင်သောအခါ အလွန်ပျော်ရွှင်သွားခဲ့ကြသည်။
"ကောင်စုတ်လေး ပြန်လာတတ်သေးတယ်ပေါ့ မင်းသွားတာ ၂လရှိနေပြီ ငါတို့ စိုးရိမ်လို့ သေတော့မတတ်ပဲ"
ကျိယောင်ယွဲ့နှင့် လင်းထျန်တို့ ကျိုးဟောင်အားစိတ်ပူသည်မှာသဘာဝကျပေသည်။ ကျိုးဟောင်သည် ကမ္ဘာမြေဂြိုဟ် တစ်ခုလုံးကို ကိုယ်စားပြုပေရာ သူ အန္တရာယ်ကျရောက်ပါက သူတို့လည်း အဆုံးသတ်သွားပေလိမ့်မည်။
ကျိုးဟောင်က ရယ်မောပြီး ခေါင်းကုတ်လိုက်သည်။
"တချို့ ကိစ္စတွေကြောင့် အချိန်ကြာသွားတာ"
ကျိုးဟောင်မှာပြောနေရင်း ကျိယောင်ယွဲ့ လင်းထျန်တို့နှင့်အတူ စစ်နတ်ဘုရားတပ်ရင်းထဲသို့ ဝင်လာခဲ့သည်။ သူတို့အပြင် ကောင်းကင်ဘုံဘုရင်ကျူး နှင့် မိုးပြာရောင်ဓားဘုရင် တို့လည်း ရှိနေသည်။ ၎င်းတို့သည် ဟွာရှား ၏ အစွမ်းအထက်ဆုံး အင်အားစုများဖြစ်သည်။ ၎င်းတို့အဖွဲ့မှာ သေးငယ်သော်လည်း မဟာမိတ်အဖွဲ့ ငါးခုအနက် အစွမ်းအထက်ဆုံး ဖြစ်သည်။
ကျိုးဟောင်မှာ အသက်ပြင်းပြင်း ရှူကာ အားလုံးကိုကြည့်လိုက်ပြီး ယူအက်စ်ဘီတစ်ခုကို ထုတ်ယူပြီး ကွန်ပျူတာထဲသို့ ထိုးထည့်ကာ လုံနတ်ဘုရားစစ်သင်္ဘောမှ မှတ်တမ်းတင်ထားခဲ့သော အရာများအားပြသလိုက်သည်။
လုံနတ်ဘုရားစစ်သင်္ဘောတွင် မှတ်တမ်းတင်နိုင်သော လုပ်ဆောင်ချက် ပါရှိသောကြောင့် ကျိုးဟောင်က ၎င်းကို ကမ္ဘာမြေ နည်းပညာဖြင့် ဖတ်နိုင်သော ဗီဒီယိုပုံစံသို့ တမင်တကာ ပြောင်းလဲပြီး ဖွင့်ပြခဲ့ခြင်းဖြစ်သည်။
"ဒါတွေက ကျွန်တော် လွန်ခဲ့တဲ့ နှစ်လအတွင်း သွားခဲ့တဲ့ နေရာတွေပါ အားလုံးပဲစကြာဝဠာက ဘယ်လောက် ကျယ်ပြောလဲ ဆိုတာ ကြည့်လိုက်ကြပါဦး"
ကျိုးဟောင်မှာပြောနေရင်း ဗီဒီယိုအားစတင်ဖွင့်ပြလိုက်ရာ ကျိယောင်ယွဲ့တို့ လေးဦးမှာ ထိုမြင်ကွင်းအား မြင်လိုက်ရချိန်တွင်အံ့အားသင့်သွားခဲ့ကြသည်။
"ဘုရားရေ... အပြင်ဘက်မှာ... ဒီလို ကျယ်ပြောတဲ့ ကောင်းကင်ကြီး ရှိနေတာလား"
"ဒါက စကြာဝဠာလား... ဂြိုဟ်သားတွေ အများကြီးပဲ... ဒါက တကယ်ကို..."
သူတို့အားလုံး ထိတ်လန့်သွားကြသည်။
ကျိုးဟောင် သည် အစောပိုင်းတွင် သူတို့လိုပင်ဖြစ်သော်လည်း ယခုအချိန်တွင်အသားကျနေပြီဖြစ်သည်။
"ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ကနဂါးငွေ့တန်းကြယ်စုမှာ တည်ရှိပြီး စကြာဝဠာရဲ့ အစွန်းမှာ ရှိတယ် အရမ်းခေတ်နောက်ကျနေပြီး ဘယ်အင်ပါယာကမှ ဒီကြယ်စုကို ပေါင်းစည်းဖို့ ဆန္ဒမရှိဘူး အကျိုးဆက်အနေနဲ့ ကျွန်တော်တို့ နဂါးငွေ့တန်း ကြယ်စုဟာ ပိုင်ရှင်မဲ့ကြယ်စုတစ်ခုဖြစ်နေတယ်"
"ကျွန်တော်တို့မှာ သခင်မရှိတာကြောင့် ဘယ်သူမဆို ကျွန်တော်တို့ကို ကျူးကျော်နိုင်တယ် ဘယ်သူ့ရဲ့ ကာကွယ်မှုမှ မရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲကာကွယ်မှရမယ်"
"ကံကောင်းထောက်မစွာနဲ့ နဂါးငွေ့တန်းနဲ့ ကမ္ဘာမြေဂြိုဟ်ရဲ့ နေရာညွှန်းကိန်းတွေက ဖုံးကွယ်ထားခံရတယ် နေရာညွှန်းကိန်းမရှိရင် ဒီကို လာလို့မရဘူး အခုအချိန်ကစပြီး ကျွန်တော်တို့ ပိုပြီး ဘေးကင်းလုံခြုံသွားပြီ ဒါပေမဲ့ ဒီလိုဆိုရင်တောင် ဒါကရေရှည်အတွက် အစီအစဥ် မဟုတ်ဘူး"
ကျိုးဟောင် ပြောလိုက်ချိန်တွင် ကျိယောင်ယွဲ့ ကျိုးဟောင်နှင့် အခြားသူများမှာ ခေါင်းညိတ်လိုက်ကြသည်။ လုံလောက်သောခွန်အား ရှိမှသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည်ဖြစ်သည်။ အခြား မည်သည့်နည်းလမ်းမှ ရေရှည်တည်တံ့နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့ ကျိုးဟောင်၏စကားအားသဘောပေါက်လိုက်သည်။
"ကျိုးဟောင် မင်းပြောချင်တာ ငါ နားလည်တယ် ငါတို့လည်း စကြာဝဠာထဲကို စောစောစီးစီးဝင်သင့်ပြီ"
လင်းထျန်သည် စကားနည်းသူဖြစ်သော်လည်း သူ ပါးစပ်ဖွင့်တိုင်း အမှန်တရားကိုသာပြောပေသည်။
"ဟုတ်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့စောင့်ရဦးမယ် လအနည်းငယ်ကြာပြီးရင် ထွက်ခွာမယ်"
ကျိုးဟောင်သည် ကမ္ဘာမြေဂြိုဟ်မှ မထွက်ခွာရဲသေးပေ။ အနည်းဆုံးအာကာသသားရဲက နတ်ပိုးစာပင်အား ထိန်းချုပ်နိုင်ပြီး လကမ္ဘာအားကာကွယ်ရန် ပြန်လာနိုင်သည်အထိ စောင့်ရပေမည်။ ထိုသို့ဆိုလျှင် တစ်စုံတစ်ယောက်က ကျူးကျော်လာရင်တောင် ကျိုးဟောင်ချက်ချင်း ပြန်လာနိုင်မည်ဖြစ်သည်။
"လအနည်းငယ် စောင့်ရဦးမယ် ဘာလို့လဲ"
ကျိယောင်ယွဲ့မှာ အံ့အားသင့်သွားခဲ့သည်။ သူမသည် ကမ္ဘာဂြိုဟ်မှထွက်ခွာရန်မစောင့်နိုင်တော့ပေ။
ကျိယောင်ယွဲ့နှင့် လင်းထျန်တို့သည် အာကာသသားရဲနှင့် တိုက်ပွဲကြောင့်သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့ကြပြီးဖြစ်သည်။ သူတို့သည် ပထမမြောက်သူတော်စင်အဆင့်သာ ရှိသေးသော်လည်း စကြာဝဠာတွင် တစ်ဦးတည်း ရပ်တည်နိုင်သည့် စွမ်းရည် ရှိနေပြီဖြစ်သည်။
ကျိုးဟောင် သည် ဤအချက်ကို အံ့အားမသင့်ပေ။ကျိယောင်ယွဲ့နှင့် လင်းထျန်တို့၏ အရည်အချင်းများသည် ကမ္ဘာဂြိုဟ် တစ်ခုလုံးတွင် အကောင်းဆုံးဖြစ်သည်။ သို့သော် သူကတော့ တစ်ခုတည်းသော ချွင်းချက်ဖြစ်သည်။ ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ် သာ မရှိပါက ကျိုးဟောင်သည် ယခုလို ခွန်အားမျိုး ရှိလာမည်မဟုတ်ကြောင်း သူ သိပေသည်။
"သေချာပေါက် ကမ္ဘာဂြိုဟ်ရဲ့ ဘေးကင်းလုံခြုံရေးအတွက်ပေါ့ ကျွန်တော်တို့ ထွက်သွားရင် ကမ္ဘာဂြိုဟ်မှာ ဘယ်ပညာရှင်မှ ရှိမှာမဟုတ်ဘူး ကျွန်တော်တို့ဘယ်လိုလုပ် အဲဒီလို လုပ်လို့ရမှာလဲ"
ကျိုးဟောင်မှ ချက်ချင်းပြောလိုက်သည်။
"လအနည်းငယ်ကြာရင်လား"
ကျိယောင်ယွဲ့မှာ ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဟုတ်တယ်"
ကျိုးဟောင်မှာ ဘာမှမပြောဘဲ ပြုံးလိုက်သည်။ သူ၏ အမူအရာက ကျိယောင်ယွဲ့နှင့် လင်းထျန်တို့ကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေခဲ့သည်။ ကျိုးဟောင် မပြောသရွေ့ သူတို့ နှစ်ယောက်လည်း မေးလို့မရပေရာ ဒီတိုင်း ခေါင်းသာညိတ်လိုက်ရသည်။
အစည်းအဝေး ပြီးဆုံးပြီးနောက် ကျိုးဟောင်မှာအိမ်သို့ ပြန်လာခဲ့သည်။ သူအပြင်တွင်ရှိနေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သောကြောင့် ရှုလင် နှင့် သူ့မိဘများမှာ အလွန်စိုးရိမ်ပူပန်နေကြပြီဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ကျိုးဟောင်မှ သူတို့အားမက်ဆေ့ချ်များ အမြဲ ပေးပို့နေသောကြောင့် သူတို့ သိပ်မစိုးရိမ်ကြပေ။
"ကောင်လေး မင်းနောက်ဆုံးတော့ ပြန်လာပြီ"
ဝမ်ရှုယွင်သည် သားဖြစ်သူ ပြန်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။ သူမသည်ချက်ချင်းပင် ထိုညတွင် ကောင်းမွန်သော စားကောင်းသောက်ဖွယ်များအား စားပွဲအပြည့်ပြင်ဆင်ပေးခဲ့သည်။
ကျိုးဟောင် သည် အိမ်ပြန်လာရသော ပျော်ရွှင်မှုအားခံစားနေပေသည်။ ကျိုးဟောင်သည် မည်သို့ပင်ဖြစ်စေ မိသားစုနှင့် ကမ္ဘာဂြိုဟ်အားကာကွယ်ရန် ပိုမိုသန်မာလာရမည်ဟု စိတ်ထဲတွင် လျှို့ဝှက်ကျိန်ဆိုနေခဲ့သည်။
....................................................................................
အခန်း (၇၉၆) ပြီးပါပြီ။
အခန်း (၇၉၇) : အကြပ်အတည်း
ထိုအချိန်တွင် ကြီးမားသောဏရာမ စစ်သင်္ဘောကြီးသည် နဂါးငွေ့တန်း ကြယ်စုထဲသို့ ဝင်ရောက်လာပြီး ကမ္ဘာဂြိုဟ်သို့ချဥ်းကပ်လာခဲ့သည်။
"ဒီလို ရိုးရှင်းတဲ့ထောက်လှမ်းရေးပစ္စည်း နဲ့ ငါတို့ဂြိုဟ်ကို ထောက်လှမ်းလို့မရနိုင်ဘူး ဖုံးကွယ်တဲ့စနစ်ကို ဖွင့်ပြီး တစ်ချိန်တည်းမှာပဲ ဂြိုဟ်ရဲ့ ကွန်ရက်ထဲကို ဝင်ဖျက်စီးလိုက်"
ထိုသို့ပြောပြီးနောက် ဂြိုဟ်သားများသည် အလုပ်ရှုပ်သွားကြသည်။ သူတို့သည် ကြီးမားသော မျက်နှာပြင်ကို နှိပ်လိုက်ရာ မကြာမီမှာပင် ၎င်းတို့၏ စစ်သင်္ဘောထံသို့ မက်ဆေ့ချ်တစ်ခု ရောက်လာသည်။
သတင်းအချက်အလက်များကို တွေ့လိုက်ရသောအခါ သူတို့သည်အတော်လေး အံ့အားသင့်သွားကြသည်။
"ဟဲဟဲ ဒီသတင်းအချက်အလက်ခေတ်က အတော်လေး တိုးတက်နေတာပဲ သူတို့မှာ ကိုယ်ပိုင် ဒေသတွင်း ကွန်ရက်စနစ် ရှိတယ် မဆိုးဘူး မဆိုးဘူး ဒါပေမဲ့ အရမ်းကို ခေတ်နောက်ကျနေသေးတာပဲ"
ခေါင်းဆောင်ရက်ဒိုက ပြုံး၍ မပြောလိုက်သည်။
ထို့နောက် သူတို့သည် အင်တာနက်ကို ကျူးကျော်ဝင်ရောက်လိုက်ရာ ကမ္ဘာဂြိုဟ်အကြောင်း အားလုံး ရှာဖွေတွေ့ရှိသွားကြသည်။
"ကမ္ဘာဂြိုဟ်ဟာပင်လယ်ရေ ၇၀% ဖုံးလွှမ်းထားတဲ့ ဂြိုဟ် တစ်ခုပဲ သိုင်းပညာရှင်တွေ မရှိဘူး လူဦးရေရဲ့ ၉၀% ဟာ သာမန်လူတွေဖြစ်ပြီး စကြာဝဠာထဲက အနိမ့်ဆုံး သက်ရှိပုံစံတွေပဲ သူတို့က စကြာဝဠာရဲ့ မူလဒြပ်စွမ်းအင် ကို ခံစားနိုင်စွမ်းမရှိဘူး"
"ဒီနေရာက လေထုက ပါးလွှာတယ် ကမ္ဘာဂြိုဟ်ကနေထိုင်သူတွေအားလုံးက အသက်ရှင်ဖို့အောက်ဆီဂျင်ကို မှီခိုနေရတယ် လူတွေ အများကြီးရှိပြီး လူဖြူ၊ လူမဲ၊ လူဝါဆိုပြီး လူမျိုး သုံးမျိုးခွဲခြားထားတယ်"
"လူမဲတွေက သန်မာပြီး ကြီးထွားဖွံ့ဖြိုးတယ် လူဖြူတွေကတော့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကောင်းပေမဲ့ အလေးချိန်များလွန်းတယ် လူဝါတွေကတော့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းပေမဲ့ တကယ်ကို ဉာဏ်အကောင်းဆုံးမျိုးနွယ်ပဲ"
"ကမ္ဘာဂြိုဟ်ပေါ်က စွမ်းအားရှင်အများစုဟာ ကောင်းကင်ဘုံအဆင့်စွမ်းအားရှင်တွေပဲ ဟားဟားဟား တကယ်ကို အားနည်းတာပဲ"
သူတို့သည် ကမ္ဘာမြေအကြောင်း အရာအားလုံးကို စတင်ဆန်းစစ်ပြီးနောက် အားလုံးကို သိသွားခဲ့ကြသည်။
"ကမ္ဘာမြေပေါ်မှာ အစွမ်းအထက်ဆုံး သက်ရှိကသူတော်စင်အဆင့်သက်ရှိပဲ ဒါပေမဲ့သူကအာကာသသားရဲ နဲ့ တိုက်ခိုက်ရင်း သေဆုံးသွားခဲ့ပြီ လက်ရှိမှာ ကမ္ဘာပေါ်က အသန်မာဆုံးလူတွေက ပထမအဆင့် သူတော်စင်ဘုံ နှစ်ဦးပဲ ဟားဟားဟား... အရမ်းကို အားနည်းတာပဲ"
"ပထမအဆင့် သူတော်စင်ဘံုအဆင့်ပဲရှိတာ ဒီစွမ်းရည်အဆင့်က အမှိုက်သာသာပဲ
သူတို့ သည်ထိုသတင်းကို မြင်သောအခါ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။
"ဒီကမ္ဘာဂြိုဟ်မှာရှေးဟောင်းအမွေအနှစ်တွေအများကြီးရှိတယ်။ ဒီ ကောင်းကင်မျှော်စင်က အဲဒီအထဲက တစ်ခုပဲ"
သူတို့အားလုံး အံ့အားသင့်သွားကြသည်။ ထိုအရာက သူတို့အားလုံးကို အလွန်အံ့ဩစေခဲ့သည်။
"ဒါပေမဲ့ အာကာသသားရဲတွေက ပစ္စည်းကောင်းပဲ ကောလဟလတွေအရ သူတို့က စကြာဝဠာထဲက စွမ်းအားအရှိဆုံးမျိုးနွယ် ၁၂ မျိုးထဲက တစ်မျိုးပဲ"
ခေါင်းဆောင်က အံ့အားသင့်နေရင်းအာကာသသားရဲများနှင့် ပတ်သက်သည့် အချက်အလက်များကို ချက်ချင်း ရှာဖွေကြည့်ရှုလိုက်သည်။ လူသားမျိုးနွယ်နှင့် တိုက်ပွဲဝင်ခဲ့တဲ့ အာကာသသားရဲ၏အတွင်းသတင်းအားတွေ့လိုက်ရချိန်တွင် တအံ့တဩ ဖြစ်သွားခဲ့သည်။
"သေသွားပြီလား အာကာသသားရဲက သေသွားပြီလား သူကသားပေါက်ဖြစ်လိမ့်မယ် ဒါပေမဲ့ ဒါကသေသွားရင်တောင် သူ့ရဲ့ ခန္ဓာကိုယ်ကအရမ်းတန်ဖိုးရှိနေတုန်းပဲ သူ့ရဲ့ အမွှေး၊ သွေး၊ အမြုတေအားလုံးဟာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ"
ရက်ဒိုသည် အလွန်စိတ်လှုပ်ရှားနေကာ တိုက်ပွဲ၏သက်တမ်းအား ကြည့်လိုက်ပြီး ဝမ်းသာအားရ ခုန်ပေါက်လိုက်သည်။
"တစ်နှစ်ပဲ ရှိသေးတယ် ဟားဟား အရမ်းကောင်းတာပဲ အာကာသသားရဲက သေဆုံးသွားပြီး သူ့ရဲ့ စွမ်းအားတွေ ပျံ့ကျဲသွားပြီဆိုပေမဲ့ ပျက်စီးဖို့ဆိုအနည်းဆုံး ဆယ်စုနှစ်နဲ့ချီကြာဦးမှာ ပြီးတာ့ တခြား ထူးဆန်းတဲ့ သားရဲတွေက အာကာသသားရဲနားကိုကပ်ရဲကြမှာမဟုတ်ဘူး သူက သေသွားပြီဆိုပေမဲ့ ကျန်နေတဲ့ သွေးမျိုးဆက်ဖိအားက သူတို့ခုခံနိုင်တဲ့အရာမျိုးမဟုတ်ဘူး ငါတို့ တော့ချမ်းသာပြီးရင်း ချမ်းသာပြီကွ"
ရက်ဒိုသည် အလွန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသည်။ အကယ်၍ ဒီအရာက သူထင်ထားသလိုဆိုပါက သူ့အတွက် အကျိုးအမြတ်ကြီးကြီးရပေလိမ့်မည်။
"ဟမ် ပျောက်သွားပြီလား"
သူသည် အာကာသသားရဲနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဆက်လက်ဖတ်ရှုနေခဲ့ပြီး အာကာသသားရဲသည် ပင်လယ်ထဲသို့ နစ်မြုပ်သွားပြီး ခြောက်လအကြာတွင် အရည်ပျော်သွားကာ မည်သည့်နိုင်ငံမှ ရှာမတွေ့တော့ကြောင်း သိလိုက်ရသောအခါ အံ့အားသင့်သွားသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"အာကာသသားရဲရဲ့ အလောင်းကို တစ်ယောက်ယောက်က ခိုးယူသွားတာ ဖြစ်ရမယ် ဒီပညာရှင်တွေများလား"
"ဟမ့်"
ရက်ဒို သည် နှာခေါင်းရှုံ့လိုက်သည်။
"ခေါင်းဆောင် ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ရဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မယ့်ပုံပဲ ဒီ နဂါးငွေ့တန်းက အရမ်းကို ခေတ်နောက်ကျနေတယ် ဒီနေရာကို အုပ်စိုးပြီး ပြန်ရောင်းလိုက်ရင် ကျွန်တော်တို့ ဈေးကောင်းလောက်တယ် ဟုတ်တယ်မလား"
နောက်လိုက်အုပ်စုမှ ပြောလိုက်သည်။
"ဒီလို အမှိုက်ဂြိုဟ်မျိုးက တန်ဖိုးမရှိဘူး ဒီမြေပေါ်က သက်ရှိပုံစံတွေက အရမ်းအားနည်းတော့ အလုပ်ကြမ်းတွေကို မလုပ်နိုင်ဘူး သူတို့ကို စစ်သားအဖြစ် လေ့ကျင့်ဖို့ကလည်း အရမ်းနှေးတယ် စကြာဝဠာထဲက အနိမ့်ဆုံး သက်ရှိပုံစံတွေက ငါ့ကိုယ်ပေါ်ကသန်းတွေနဲ့တောင် မယှဥ်နိုင်ဘူး ဒီလူတွေအားလုံးကို သတ်ပြီး ဒီဂြိုဟ်ကို ဦးစီးချုပ် အတွက် အထိမ်းအမှတ်တစ်ခုအနေနဲ့ လက်ဆောင်ပေးလိုက်ရုံပဲ စုဆောင်းစရာ ဖြစ်သွားတာပေါ့"
ရက်ဒိုမှာ ခေါင်းခါလိုက်သည်။ ဒီလို ဂြိုဟ်မျိုးကို သူတို့ စိတ်ဝင်စားမှာ မဟုတ်ပေ။ သံမဏိသွေးမဟာမိတ်အဖွဲ့ သည် အင်အားမရှိသောအဖွဲ့အစည်းငယ်လေး ဖြစ်ပြီးယခုလို အားနည်းသောဂြိုဟ်များမှာသာ လှည့်လည်ပြီး မီးရှို့၊ သတ်ဖြတ်ကာ အရင်းအမြစ်အချို့ကို လုယက်ယူပြီး သူတို့ရဲ့ အင်အားကို ထိန်းသိမ်းထားရသော်ငြား ဤကဲ့သို့သော ဂြိုဟ်မျိုးကိုတော့ ဂရုမစိုက်ကြပေ။
"မင်းပြောတာ မှန်တယ် ဒါဆိုရင် သူတို့အားလုံးကို သတ်ပစ်ကြစို့ ဒါပေမဲ့ စုဆောင်းစရာအဖြစ် မျိုးနွယ်နည်းနည်းငယ်ကိုတော့ ချန်ထားခဲ့ပြီး ဦးစီးချုပ်ကို လက်ဆောင်ပေးရမယ် မဟုတ်သေးဘူး ယောက်ျားတွေနဲ့ အသက်ကြီးသူတွေ အားလုံးကို သတ်ပစ်ပြီး မိန်းမငယ်လေးတွေကိုပဲ ချန်ထားခဲ့လိုက်"
ခေါင်းဆောင် ရက်ဒိုမှာ ပြုံးလိုက်သည်။ ဤစကားအားကြားပြီးနောက် အားလုံးမှာသဘောပေါက်သွားခဲ့သည်။ စကြာဝဠာထဲတွင် အသုံးမဝင်သောယောက်ျားများမှာ အမျိုးသမီးများ လောက်ပင်တန်ဖိုးမရှိပေ။ အနည်းဆုံး မိန်းမများတွင် ၎င်းတို့၏ ကိုယ်ပိုင် တည်ရှိမှု တန်ဖိုးရှိကြပေသည်။ ယောက်ျားများမှာ ခွန်အားမရှိပါက လူမိုက်လုပ်ရန်လည်းအသုံးမဝင်ဘဲ ပိုက်ဆံဆုံးရှုံးစေမည့်အရာများသာဖြစ်သည်။
"မင်းတို့ ရေခဲသစ်ခွမျိုးနွယ်ကို မှတ်မိသေးလား အဲဒီက အမျိုးသမီးတွေအားလုံးဟာ ချောမောလှပကြပေမဲ့ နောက်ဆုံးမှာ ကျွန်ပြုခံခဲ့ရတယ် အခုတော့ ရေခဲသစ်ခွမျိုးနွယ်က အမျိုးသမီးတွေကို ရောင်းချပြီးရတဲ့ ငွေတွေက ငါတို့ လဝက်လောက် တိုက်ခိုက်ဖို့ လုံလောက်နေပြီ ကမ္ဘာဂြိုဟ်က အမျိုးသမီးတွေသာ ဒီလိုဆိုရင် ဒီတစ်ကြိမ်မှာလည်းငါတို့ အမြတ်အစွန်း ရနိုင်တယ်"
ခေါင်းဆောင် ရက်ဒိုမှာ ရယ်မောလိုက်ပြီးနောက် ၎င်း၏ အာကာသယာဉ်ကို ထိန်းချုပ်ကာ ကမ္ဘာဂြိုဟ်ဆီသို့ ဦးတည်သွားခဲ့သည်။ ဤသင်္ဘောသည် အလွန်ကြီးမားပြီး လုံနတ်ဘုရားစစ်သင်္ဘော ထက် ဆယ်ဆကျော် ပိုကြီးပေသည်။
"ဟုတ်ပြီ မင်းတို့ အာကာသယာဉ်ကို ထိန်းချုပ်ပြီး ကမ္ဘာမြေထဲကို ဝင်နှင့်ငါတော့ ဦးစီးချုပ် နဲ့ ဆက်သွယ်လိုက်ဦးမယ်"
ရက်ဒိုမှာပြောဆိုရင်း ၎င်း၏ ထိန်းချုပ်ခန်းသို့ ပြန်လာကာ သံမဏိသွေးမဟာမိတ်အဖွဲ့၏ ဦးစီးချုပ်ကို ချက်ချင်း ဆက်သွယ်လိုက်သည်။
"ရက်ဒို မင်း ရောက်ပြီလား ဘယ်လိုလဲ"
မျက်နှာပြင်ပေါ်တွင် အေးစက်သော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ၎င်း၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ၎င်း၏ အေးစက်သော အသံမှာ စိုးမိုးနိုင်စွမ်းအပြည့်ရှိပေသည်။
"ဦးစီးချုပ် ကျွန်တော်တို့ ရောက်ပါပြီ ဒီဂြိုဟ်က တကယ်ကိုမဖွံ့ဖြိုးသေးဘူး မွေးဖွားလာတဲ့ သက်ရှိပုံစံတွေအားလုံးဟာ စကြာဝဠာထဲမှာ အနိမ့်ဆုံးအဆင့် သက်ရှိပုံစံတွေပါပဲ ကျွန်တော် ယောက်ျားတွေ အားလုံးကို သတ်ပြီး မိန်းမတွေကိုပဲ ချန်ထားဖို့ အမိန့်ပေးထားပြီးပါပြီ ဒီက မိန်းမတွေက အရမ်းလှတယ် သူတို့သာ ရေခဲသစ်ခွမျိုးနွယ်လိုဆိုရင် ကျွန်တော်တို့ အတော်လေး အမြတ်ရနိုင်ပါလိမ့်မယ်"
ရက်ဒိုက တိုက်ရိုက်ပြောလိုက်ရာ ဦးစီးချုပ်မှာ ခေါင်းညိတ် သဘောတူလိုက်သည်။
"ကောင်းပြီ ဒါဆိုရင် မင်းပဲ စီစဥ်လိုက်ပါ ပြီးရင် ငါ့ကို အသိပေး ငါကိုယ်တိုင် လာကြည့်မယ်"
ဦးစီးချုပ်မှာ စကားပြောပြီးနောက် ဆက်သွယ်မှုကို ဖြတ်လိုက်သည်။ ထိုအချိန်တွင် သူတို့သည်ကမ္ဘာမြေဂြိုဟ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ထိုမျှ ကြီးမားသော စစ်သင်္ဘောကြီးသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်ပြီး မဟာမိတ်အဖွဲ့ ငါးခုလုံး အံ့အားသင့်သွားကြသည်။
အိမ်မှာရှိနေသောကျိုးဟောင် သည်လည်း ထိုသတင်းကို ပထမဆုံးကြားသိသူဖြစ်ပြီး သူ့စိတ်ထဲ တုန်လှုပ်သွားကာ အန္တရာယ်ကို ခံစားလိုက်ရသည်။ အေးစက်သော စစ်သင်္ဘောကြီးကို မော့ကြည့်လိုက်သောအခါ သူ့မျက်နှာသည် အလွန်ထိတ်လန့်သွားခဲ့သည်။
"ကျိုးဟောင်တိုက်ပွဲအတွက် မြန်မြန်ပြင်ဆင်တော့"
ကျိယောင်ယွဲ့၏မက်ဆေ့ချ်မှာ ချက်ချင်း ရောက်လာခဲ့သည်။ လူသားမျိုးနွယ် တစ်ရပ်လုံး စစ်ပွဲအတွက် အသင့်ပြင်နေခဲ့ကြပြီး မဟာမိတ်အဖွဲ့ ငါးခုမှာလည်း ပညာရှင်များအားလုံးကို စေလွှတ်လိုက်သည်။ ကျိုးဟောင်သည်လည်း စစ်မြေပြင်သို့ အပြေးအလွှားထွက်လာခဲ့ပြီး ကျိယောင်ယွဲ့တို့နှင့်အတူ ရပ်ကာ စစ်သင်္ဘောကြီးအားစိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။
....................................................................................
အခန်း (၇၉၇) ပြီးပါပြီ။
အခန်း (၇၉၈) : သေရေးရှင်ရေး
"ကျိုးဟောင် ဒါတွေက ပြင်ပအာကာသက သတ္တဝါတွေလား သူတို့ ဘာကြောင့် ငါတို့ ကမ္ဘာမြေဂြိုဟ်ကို ရောက်လာတာလဲ"
"ဘာတွေဖြစ်နေတာလဲ"
ကျိယောင်ယွဲ့မှာ အလောတကြီး မေးလာခဲ့သည်။ ပြင်ပအာကာသ သတ္တဝါတွေအကြောင်း အသိဆုံးက ကျိုးဟောင်ဖြစ်သောကြောင့် သူမ မေးခြင်းမှာ သဘာဝကျပေသည်။
ကျိုးဟောင် သည်လည်း ဘာဖြစ်လို့ ဘယ်လို ရောက်လာမှန်း လုံးဝမသိဘဲ အံ့အားသင့်နေသည်။
"ဖား ဘာတွေဖြစ်နေတာလဲ သူတို့ ကမ္ဘာဂြိုဟ်ကို ဘယ်လိုရှာတွေ့သွားတာလဲ"
ဖားက ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
"မဖြစ်နိုင်ဘူး ကျတ်တီးမြေက နဂါးငွေ့တန်းရဲ့ နေရာညွှန်းကိန်းတွေကို ဖုံးကွယ်ထားပြီးသား သူတို့ ဒီကို ရောက်လာနိုင်တယ်ဆိုရင် နဂါးငွေ့တန်းကြောင့်ပဲ ဖြစ်ရမယ် သူတို့မှာ နဂါးငွေ့တန်းရဲ့ နေရာညွှန်းကိန်းတွေ ရှိနေတာ သေချာတယ်"
ဖားက စိတ်ထဲမှာ အံ့အားသင့်ရင်း အခြေအနေကို ဆန်းစစ်လိုက်သည်။
"တိုက်ခိုက်ဖို့ပဲ ရှိတော့မယ် ထင်တယ်"
သူတို့ ဘယ်ကနေလာတယ်ဆိုတာ သိနိုင်ဖို့ ၎င်းတို့အားဖယ်ရှားပစ်မှ ဖြစ်မည်ဆိုသည်ကို ကျိုးဟောင် နားလည်ပေသည်။ ထို့ကြောင့် သူ အင်အားအပြည့်ဖြင့် တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် စစ်သင်္ဘောကြီး၏ တံခါးပွင့်လာပြီး အပြာရောင် ဂြိုဟ်သား လေးဦးထွက်လာသည်။ ၎င်းတို့သည် သုံးမီတာခန့် မြင့်ပြီး ကြီးမားကာ အနက်ရောင် သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားပြီး အလွန်အစွမ်းထက်ပုံရသည်။
"သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ဆန်းစစ်လိုက်"
ဤရှေးကျသောဂြိုဟ်တွင် အစွမ်းထက်သူများ ရှိမည်မဟုတ်ကြောင်း သိသော်လည်း ဆန်းစစ်ရန် အမိန့်ပေးလိုက်သည်။
"ခေါင်းဆောင် အသန်မာဆုံးကတော့ ရှေ့က သုံးယောက်ပါ နှစ်ယောက်က ပထမအဆင့် သိုင်းသူတော်စင် ( တွေဖြစ်ပြီး တစ်ယောက်ကတော့...တတိယအဆင့် သိုင်းသူတော်စင်ပါ"
"အို တတိယအဆင့် သိုင်းသူတော်စင်တစ်ယောက်လည်း ပါတာပေါ့ ဒါပေမဲ့ ရှေးကျတဲ့ဂြိုဟ်က တတိယအဆင့် သိုင်းသူတော်စင်တစ်ယောက်ဆိုတာ သေချာပေါက် အမှိုက် ပဲ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ငါတို့ရဲ့ ကောင်းကင်ဘုံအဆင့်ရဲ့ အမြင့်ဆုံးအဆင့်ပဲ ဖြစ်မယ်"
ရက်ဒိုသည် လုံးဝ ဂရုမစိုက်ဘဲ သူတို့ကို ကြည့်နေခဲ့သည်။
"ဘာသာပြန်စက်ကို ဖွင့်လိုက် ငါ သူတို့နဲ့ စကားပြောချင်တယ်"
ထို့နောက် သူ့နောက်မှ လူတစ်ဦးက ဖောက်ထွင်းမြင်ရသည့် ကိရိယာတစ်ခုကို ထုတ်ယူပြီး နှိပ်လိုက်ကာ ရက်ဒိုမှစကား ပြောလိုက်သည်။
"ဒီဂြိုဟ်မှာနေထိုင်တဲ့လူတွေ ငါက သံမဏိသွေးမဟာမိတ်အဖွဲ့ ရဲ့ ခေါင်းဆောင်တစ်ဦးပဲ ငါတို့ ဒီကမ္ဘာမြေကို ရောက်လာတာ မင်းတို့အတွက် ဂုဏ်ယူစရာပဲ ဒီနေ့ကစပြီး ကမ္ဘာမြေဟာ သံမဏိသွေးမဟာမိတ်အဖွဲ့ရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီ ကမ္ဘာပေါ်က ယောက်ျားတွေ အားလုံး သေရမယ်ဒါပေမဲ့ မိန်းမတွေကတော့ ကျန်နေရစ်ရမယ် ငါ မင်းတို့ ဒါလုပ်ဖို့ တစ်ရက် အချိန်ပေးမယ် မင်းတို့ကို ငြိမ်းချမ်းစွာ သေခွင့်ပေးမယ်မဟုတ်ရင် မင်းတို့ သေချင်စိတ် ပေါက်သွားအောင် လုပ်ပြမယ်"
ဤစကားကို ပြောလိုက်သည်နှင့် ကမ္ဘာဂြိုဟ်ပေါ်ရှိသိုင်းပညာရှင်အားလုံးမှာ တုန်လှုပ်သွားကြသည်။ ဥရောပ သမဂ္ဂ၊ မြောက်အမေရိက၊ တောင်ကိုရီးယား၊ အာဖရိက သို့မဟုတ် တရုတ် မည်သည့် မဟာမိတ်အဖွဲ့မှ ဖြစ်စေ၊ လူတိုင်း၏ မျက်နှာတွင် ထိတ်လန့်သော အသွင်များ ပေါ်နေခဲ့သည်။
"ငါတို့ ကမ္ဘာဂြိုဟ်ရဲ့ အဆုံးသတ်က... "
သူတို့သည် ရှေ့က လူလေးယောက်ဆီမှ ပြင်းထန်သော ဖိအားကို ခံစားနေရသည်။ ထိုအငွေ့အသက်က သူတို့အားအသက်ရှူကျပ်စေပေသည်။ ကျိယောင်ယွဲ့ နှင့် လင်းထျန်တို့ပင် အတူတူပင်။
"ဒီလူက အနည်းဆုံး ပဉ္စမအဆင့် သူတော်စင်ဘုံပဲ ကျိုးဟောင် ငါတို့ ဘာလုပ်သင့်လဲ"
ကျိယောင်ယွဲ့မှာ ကျိုးဟောင်ကို ကြည့်ပြီး ပြောလိုက်သည်။
"ပဉ္စမအဆင့် သူတော်စင်ဘုံ တစ်ယောက်ပဲလား"
ကျိုးဟောင်မှာ မျက်လုံးများအားမှေးကျဉ်းကာကြည့်လိုက်သည်။ အကယ်၍ ပဉ္စမအဆင့် သိုင်းသူတော်စင် တစ်ယောက်သာဆိုပါက သူ့အားမခြိမ်းခြောက်နိုင်ပေ။
"စီနီယာကျိ စီနီယာလင်းထျန် ခင်ဗျားတို့ နှစ်ယောက် အဲဒီလူတွေထဲက နှစ်ယောက်ကို တားထားပေးပါ ဓားဘုရင်ချင် ခင်ဗျားက မဟာမိတ်အဖွဲ့အသီးသီးက စစ်သည်တွေကို ဦးဆောင်ပြီး တစ်ယောက်ကို တားထားပေးပါ။ ခေါင်းဆောင်ကိုတော့ ကျွန်တော် ကိုင်တွယ်မယ် မှတ်ထားပါ သူတို့ကို တားထားရုံ ပဲ အဲဒီလူကို ကျွန်တော် ရှင်းပြီးတာနဲ့ ခင်ဗျားတို့ကို လာကူညီမယ်"
ကျိုးဟောင်မှာအသက်ပြင်းပြင်း ရှူလိုက်သည်။ သူသည် ပဉ္စမအဆင့် သိုင်းသူတော်စင်တစ်ဦးနှင့် တိုက်ခိုက်နိုင်လောက်အောင် အင်အားရှိနေဆဲ ဖြစ်သည်။ သူ၏ ရှေးဟောင်းခန္ဓာကိုယ်သိုင်း အာကာသသားရဲ၏ အသက်နှောင်ကြိုးဓာတ်သိုင်း နှင့် ကျိုးဟောင်၏ အသက်ကယ်နည်းလမ်းများဖြင့် ဤအရာအားလုံးကို ရင်ဆိုင်ဖြေရှင်းရန် လုံလောက်ပေသည်။
"ကောင်းပြီ"
ကျိယောင်ယွဲ့နှင့် အခြားသူများက ခေါင်းညိတ်လိုက်သည်။ ကမ္ဘာဂြိုဟ်၏ အသက်ရှင်ရေးနှင့် သေရေးရှင်ရေး ကာလတွင် မဟာမိတ်အဖွဲ့အသီးသီးကြား ပဋိပက္ခများ ရှိနေလျှင်ပင်၊ ဤအချိန်တွင် အားလုံးကို ဖယ်ရှားနိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ရှုံးနိမ့်ပါက ကမ္ဘာမြေဂြိုဟ်သည် ကျဆုံးသွားမည်၊ ယောက်ျားများအားလုံး အသတ်ခံရပြီး အမျိုးသမီးများမှာ ကျွန်များအဖြစ် ကျန်ရစ်မည်ကို သူတို့ သိရှိထားသောကြောင့် ဖြစ်သည်။
"အိုး ငါတို့နဲ့ တိုက်ချင်တာလား"
သူတို့၏ စွမ်းအင်များ ပြောင်းလဲသွားသည်ကို ခံစားမိသောအခါရက်ဒို က ချက်ချင်း လှောင်ပြောင်လိုက်သည်။
"သူတို့က ငါတို့ကြားက ကွာခြားချက်ကို မသိကြသေးပုံပဲ ဒီလိုဆိုရင် သူတို့ကို သတ်ပစ်လိုက်ကြစို့"
ရက်ဒိုမှာလက်အားဝှေ့ယမ်းလိုက်ရာ သူ့နောက်မှ လူသုံးဦး လွင့်ထွက်သွားခဲ့သည်။ ကျိယောင်ယွဲ့နှင့် လင်းထျန်တို့သည်လည်း ပြေးဝင်ကာတိုက်ခိုက်လာကြပြီး ဓားဘုရင်ချင်မှာ ကောင်းကင်ဘုံအဆင့်ပညာရှင် ဆယ်ဦးကျော်ကို ဦးဆောင်ကာ သူတော်စင်အဆင့် ဂြိုဟ်သားတစ်ဦးကို ရင်ဆိုင်နေခဲ့သည်။
ကျိုးဟောင်သည်လည်း တွန့်ဆုတ်မနေတော့ဘဲ ငှက်မွေးတစ်ထောင်ချပ်ဝတ်အား ဝတ်ဆင်ကာ ရက်ဒိုအားဦးတည်ကာ တိုက်ခိုက်လိုက်သည်။
"ဟားဟား မင်းက ရဲရင့်တာပဲ ငါ့ကို တကယ်တိုက်ရဲတယ် မင်းက တတိယအဆင့် သူတော်စင်ဘုံအဆင့်ပဲရှိတာ ငါ့ကို ဘယ်လို တိုက်နိုင်မှာလဲ"
ရက်ဒိုမှာအေးစက်စွာ ရယ်မောလိုက်ပြီး ကျိုးဟောင်အား လုံးဝ အလေးမထားပေ။
ကျိုးဟောင်ကလည်း ပြုံးပြလိုက်သည်။ ဤလူသည် အရမ်းပေါ့ဆလွန်းသည်။ ကျိုးဟောင်သည် တတိယအဆင့် သိုင်းသူတော်စင် ဖြစ်သော်လည်း ကျိုးဟောင်၏ တိုက်ခိုက်ရေးစွမ်းအားက တတိယအဆင့် သိုင်းသူတော်စင်အဆင့်မဟုတ်တာ သေချာပေသည်။
သူသည် ရှေးဟောင်းခန္ဓာကိုယ်အား ပိုင်ဆိုင်သူဖြစ်ပြီး ဒုတိယအဆင့်စကြာဝဠာခန္ဓာကိုယ်အား တိုးတက်နိုင်ရန် လုပ်ဆောင်ခဲ့ပြီး ပထမအဆင့်ရောက်ရန်သိပ်မဝေးတော့ပေ။
အာကာသသားရဲ၏ အထူးသက်ရှိပုံစံ အဆင့်ကို မရောက်နိုင်သေးသော်လည်း သူသည် အာကာသသားရဲမှ မွေးထုတ်ထားသည့် ကိုယ်ပွားတစ်ယောက်ဖြစ်သောကြောင့် သူ့ခန္ဓာကိုယ်တွင် အာကာသသားရဲ၏ ဆဲလ်များ ပါဝင်ပြီး သူ၏ ခန္ဓာကိုယ်သည်လည်းသန်မာပေသည်။
ငှက်မွေးတစ်ထောင်ချပ်ဝတ်ပါထပ်ပေါင်းလိုက်သောအခါ ကျိုးဟောင်သည် ထိုသို့သော အစွမ်းထက်သည့် လက်နက်ကို မကြောက်တော့ပေ။
"ဟွန့် မင်းရဲ့ ရန်သူကို အထင်သေးတာက မင်းရဲ့ ကျရှုံးမှုအတွက် တန်ဖိုးပဲ"
ကျိုးဟောင်မှာ ပြောရင်း သူ၏ရှေးဟောင်းခန္ဓာအားအသက်သွင်းလိုက်သည်။ ထိုမျှမက သူသည် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်သိုင်း နှင့် နတ်ဘုရား သတ်သိုင်းကိုပါ အသုံးပြုလိုက်ရာ သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ ၆ဆအထိတိုးသွားခဲ့သည်။
ပြင်းထန်သော စွမ်းအင်သည် ချက်ချင်း ပျံ့နှံ့သွားပြီး ကျိုးဟောင်မှာဆဋ္ဌမအဆင့်သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိသွားသည်။ ဤအရာကရက်ဒို၏ မျက်နှာကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့သည်။
"ဒါ... ဒါ ဘယ်လို လျှို့ဝှက်နည်းပညာမျိုးလဲ ဘာလို့သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ဒီလောက်အထိ တိုးမြှင့်ပေးနိုင်တာလဲ"
သူ အံ့အားသင့်သွားသော်လည်း သူသည် သိုင်းသူတော်စင် တစ်ဦးဖြစ်နေဆဲပင်။ ယခုအချိန်တွင် ခုခံကာကွယ်ခြင်း မပြုပါက မလွဲမသွေ ပျက်စီးသွားမည်ကို သူ နားလည်ပေသည်။
ထို့ကြောင့် စကားမပြောဘဲ ချက်ချင်း တိုက်ခိုက်လိုက်ရာ ပြင်းထန်သော စွမ်းအင်တစ်ခုမှာပေါက်ကွဲထွက်လာခဲ့သည်။ သို့သော်လည်း သူသည် ကျိုးဟောင်၏ ပြိုင်ဘက် မဖြစ်နိုင်သေးပေ။
၎င်းသည် ခွန်အားကို နှိမ်နင်းခြင်းဖြစ်ပြီး ထိုထက်ပို၍ သက်ရှိများ၏ အသက်အားဖိနှိပ်မှုလည်း ဖြစ်သည်။
"မင်း... မင်း... မင်းရဲ့ ခန္ဓာကိုယ်... ဒါကို ဘယ်လိုလုပ်နိုင်တာလဲ"
သူသည် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။ ရက်ဒိုသည် စကြာဝဠာထဲတွင် ဒုတိယအဆင့် သက်ရှိပုံစံသာ ဖြစ်ပြီး ၎င်းသည် သူတော်စင်အဆင့်သို့ ရောက်ရှိပြီးနောက် ရရှိခဲ့သော အကျိုးကျေးဇူးဖြစ်သည်။
သို့သော် ယခုအချိန်တွင် ကျိုးဟောင်သည် သူ့လိုပင် ဒုတိယအဆင့်စကြာဝဠာ သက်ရှိပုံစံ အဆင့်တူဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းအားမှာတစ်ဆင့် ပိုမြင့်နေပေရာ သူတိုက်ခိုက်နိုင်စွမ်းမရှိပေ။
"ပြီးတော့.. မင်းရဲ့ ချပ်ဝတ်... ဘာလို့ ဒီလို ရှေးဟောင်းအငွေ့အသက် ရှိနေရတာလဲ ဒါ... ဒါက သေချာပေါက် အဆင့်မြင့်ဆုံး ချပ်ဝတ်ပဲ"
ရက်ဒိုမှာ ကြောက်ရွံ့တုန်လှုပ်သွားသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ ကျိုးဟောင်သည် သူ့ရှေ့သို့ ရောက်နေပြီဖြစ်ကာ စွမ်းအားကြီးသော ငှက်မွေးတစ်ထောင် ချပ်ဝတ် သည် အကွာအဝေးကို ချက်ချင်း ကျော်ဖြတ်ပြီး ဆွဲငင်အားပိုင်နက်ထဲသို့ ကျရောက်စေလိုက်သည်။
ရက်ဒိုမှာရုတ်တရက် သူ့ခန္ဓာကိုယ် နစ်မြုပ်သွားသည်ကို ခံစားလိုက်ရပြီးနောက် ကျိုးဟောင်၏ တားဆီးမရနိုင်သော လက်သီးမှာ သူ့ထံသို့ ဦးတည်လာနေသည်ကို မြင်လိုက်ရသည်။
သူ မကာကွယ်နိုင်မီမှာပင် လက်သီးက သူ့ရင်ဘတ်ကို ဖောက်ထွင်းသွားခဲ့သည်။ သူ့ရဲ့ နှလုံးသားမှာ ကျိုးဟောင်၏လက်ချက်ဖြင့်တစ်စစီဖြစ်သွားခဲ့ပြီး အသက်ဓာတ်အားလုံးမှာပျောက်ကွယ်သွားခဲ့သည်။
ဤမြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ အထူးသဖြင့်ရက်ဒို၏နောက်လိုက်ဂြိုဟ်သားများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
"ခေါင်းဆောင်... ဒါ..."
"ကျွန်တော်တို့... ကျွန်တော်တို့ အရှုံးပေးပါတယ်"
"ကျွန်တော်တို့ အရှုံးပေးပါတယ်"
ဤဂြိုဟ်သားများမှာ ဦးနှောက်မရှိသောလူများမဟုတ်ပေ။ သူတို့ရဲ့ အစွမ်းအထက်ဆုံး ခေါင်းဆောင်တောင် တစ်ခဏအတွင်း အသတ်ခံလိုက်ရပေရာ သူတို့ဆိုပါက ပြောနေစရာပင် မလိုတော့ပေ။
သူတို့တွင် ခုခံနိုင်စွမ်းမရှိပေ။ လက်နက်ချခြင်းကသာ တစ်ခုတည်းသော လွတ်မြောက်ရာလမ်း ဖြစ်သည်။
ကျိုးဟောင်မှာ ရယ်မောလိုက်ပြီးမူလကျောက်စာ ၏ စွမ်းအားကို အသုံးပြုကာ သူတို့အားချိတ်ပိတ်လိုက်သည်။ ဤမြင်ကွင်းက သူတို့ကို ပို၍ပင် ကြောက်ရွံ့ထိတ်လန့်သွားစေသည်။
"ဘုရားရေ... မူလကျောက်စာ စွမ်းအင် ဒီဂြိုဟ်ကနေထိုင်သူတွေက မူလကျောက်စာ စွမ်းအင်ကိုတောင် သုံးနိုင်တာလား ဘာတွေဖြစ်နေတာလဲ"
....................................................................................
အခန်း (၇၉၈) ပြီးပါပြီ။