← Chapters

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

အခန်း (၈၀၂-၈၀၄)

Vol. 54 Ch. 802-804

အခန်း (၈၀၂) : အသက်သစ်သီး

နောက်တစ်နေ့ မနက်စောစောတွင် ကျိုးဟောင် နှင့် အဖွဲ့သည် အဖိုးတန်သော အသက်သစ်သီးကို ရှာဖွေရန် ချက်ချင်း ထွက်ခွာခဲ့ကြသည်။

ကျိယောင်ယွဲ့သည် ယာဉ်ပေါ်တွင် ထိုင်လျက် တည်ငြိမ်သောအမူအရာဖြင့်အဝေးကို ကြည့်နေသည်။ လင်းထျန်မှာမူ သူ၏ ကုလားထိုင်ပေါ်တွင် နောက်သို့ မှီကာ မျက်လုံးများကို ပိတ်၍ အနားယူနေရင်း ဆင်းသက်ပြီးနောက် မည်သည့်အချိန်မဆို တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားသည်။

"စကြာဝဠာမှာ ဒီလို မှော်ဆန်တဲ့ သစ်သီး ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး ဒါပေမဲ့ ငါတို့အတွက် ရှာဖွေဖို့ ခက်ခဲလိမ့်မယ်လို့ ငါ ထင်တယ်"

ဂျယ်လီဖြူသည် ကျိုးဟောင်၏ အိတ်ကပ်ထဲမှ ထွက်လာပြီး ခေါင်းကိုစောင်းငဲ့ကာ ပြောလိုက်သည်။

"မင်း ငတုံးလား ဘာလို့ ငါတို့ ကမ္ဘာက အခု ဘယ်လောက် ရှုပ်ထွေးနေလဲ ဆိုတာကို မစဥ်းစားတာလဲ ဘာကများမဖြစ်နိုင်သေးလို့လဲ"

"လွန်ကဲသားရဲတွေ၊ နည်းပညာ... အနာဂတ်မှာတစ်နေရာကနေတစ်နေရာ ကူးပြောင်းလို့တောင်ရနိုင်လောက်တာ မင်းရဲ့ ဒီ အသက်သစ်သီး ကို ငါက ဘာကြောင့် လိုအပ်နေရမှာလဲ"

ဖား သည် နေကာမျက်မှန် တပ်ထားပြီး ကျိုးဟောင်ပခုံးပေါ်တွင် ရပ်နေသည်။ ၎င်းသည် ကျိုးဟောင်အားမထီမဲ့မြင် ကြည့်ကာ ရယ်မောလိုက်သည်။

"သြော် အဲဒါတော့ ပြောရခက်တယ်"

ဂျယ်လီဖြူသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် အဝေးကို ကြည့်လိုက်သည်။

အာကာသယာဉ်သည် ဒဏ္ဍာရီလာအသက်သစ်သီးရှိသည့်ဂြိုဟ်ဆီသို့ တစ်စထက်တစ်စ ရွေ့လျားသွားခဲ့သည်။ နာရီဝက်မပြည့်မီမှာပင် ယာဉ်သည် ဂြိုဟ်အနီးသို့ ချဉ်းကပ်လာသည်။

သို့သော် နီးကပ်လာသည့်အခိုက်အတန့်တွင် လင်းထျန်သည် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ သူသည် မျက်လုံးပေါ်မှ မျက်လုံးအကာကို ချက်ချင်း ဖြုတ်လိုက်ပြီး မျက်လုံးကို မှေးကာ အဝေးကို ကြည့်လိုက်သည်။

အဝေးမှ အလင်းရောင်ကို မြင်လိုက်ရသောအခါ သူ မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ ဘာလို့ ဒီဂြိုဟ်က ရေတွေ ပြည့်နေသလို ဖြစ်နေတာလဲ"

"ငါတို့မာကျူရီကို ရောက်လာတာလားဒါပေမဲ့ ဒါက မာကျူရီဂြိုဟ် မဟုတ်ဘူး မာကျူရီဂြိုဟ်နဲ့ ယှဉ်ရင် ဒီနေရာက အရမ်းသေးတယ်"

လင်းထျန်သည် အဝေးကို သံသယဖြင့် ကြည့်ကာ ရှုပ်ထွေးစွာ မေးလိုက်သည်။

"ကျွန်တော်တို့ နေရာမှား ရောက်လာတာလား ဒါပေမဲ့ အာကာသယာဉ်က မမှားလောက်ပါဘူး ကျွန်‌တော်အရင်က ရိုက်ထည့်ခဲ့တဲ့ အမိန့်က ဒီကြယ်စုပဲ"

ကျိုးဟောင်သည် သူ အစောပိုင်းက ထည့်သွင်းခဲ့သည့် မှတ်တမ်းကို ချက်ချင်း ဖွင့်ကြည့်လိုက်ရာ အမှားအယွင်း မရှိကြောင်း တွေ့ရှိလိုက်ရသည်။ ထို့နောက်သူသည် အဝေးကို စိုက်ကြည့်လိုက်သည်။

"ထားလိုက်တော့ ကိစ္စမရှိဘူး ဆင်းဖို့ နေရာတစ်ခုကို အရင်ရှာရအောင် ချောချောမွေ့မွေ့ ဆင်းပြီးမှ ကျန်တာကို ပြောကြမယ်"

ကျိုးဟောင်သည် ချက်ချင်း လက်အားဝှေ့ယမ်းလိုက်ပြီး ရှေ့သို့ လျင်မြန်စွာ မောင်းနှင်လိုက်သည်။

ပျံသန်းနေသော ယာဉ်၏ အရှိန်သည် အလွန်မြန်ပေသည်။ ခဏအကြာတွင် သူတို့သည် ထိုဂြိုဟ်ပေါ်သို့ ရောက်ရှိလာခဲ့ပြီး ရေမရှိသော မြေပြင်တစ်ခုကို ရွေးချယ်ပြီး ဆင်းသက်လိုက်သည်။

အာကာသယာဉ် ဆင်းသက်လိုက်သည်နှင့် ကျိုးဟောင်သည် တစ်ခုခု မှားယွင်းနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ သူသည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ မကြာမီမှာပင် အဝေးရှိ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် အလွန်ပြင်းထန်သော အော်သံကြီး ပေါက်ကွဲထွက်လာသည်ကို ကြားလိုက်ရသည်။

ခဏအကြာတွင် မြေပြင်မှ "ဒုန်း ဒုန်း ဒုန်း၊ ဒုန်း ဒုန်း ဒုန်း" ဟူသော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

၎င်းမှာပြင်းထန်သော တုန်ခါမှု အသံပင်ဖြစ်သည်။ နောက်တစ်စက္ကန့်တွင် လင်းထျန်၊ ကျိုးဟောင် နှင့်ကျိယောင်ယွဲ့ တို့မှာ သူတို့ခြေထောက်အောက်မှ မြေပြင်သည် တုန်ခါလာသည်ကို ခံစားလိုက်ရသည်။

ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ကျယ်ပြောကာ အဆုံးမရှိသော ပင်လယ်ကြီးအားမြင်လိုက်ရသည်။ သို့သော် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းလုံးများသည် အလွန်ပြင်းထန်စွာလှိုင်းထနေပြီး တုန်ခါမှု၏ ပြင်းအားမှာလည်း အလွန်အားကောင်းလှပေသည်။

ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ ရေများသည် ဤပြင်းထန်သော တုန်ခါမှုကြောင့် ဆက်တိုက်လှိုင်းထနေခဲ့သည်မှာ နောက်တစ်စက္ကန့်တွင် အလွန်ပြင်းထန်သော ဆူနာမီ ဖြစ်ပေါ်လာတော့မည့်အလားပင်။

ဤမြင်ကွင်းကြောင့် ကျိုးဟောင် ၏ အမူအရာမှာရုတ်တရက် တင်းမာသွားခဲ့ကာ အသက်ရှူသံသည် အနည်းငယ် လျင်မြန်လာပြီး သူသည် ထိတ်လန့်တကြား ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် ဤ အမည်မသိဂြိုဟ် သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သည်။ သူတို့ ရောက်ရှိလာသည်နှင့် ဤမျှ ပြင်းထန်သောဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရသည်မှာ သူ့အား အနည်းငယ် စိတ်လှုပ်ရှားစေခဲ့သည်။

"မဖြစ်ဘူး ကျိုးဟောင် ပြေးကြရအောင်"

ဂျယ်လီဖြူသည် အဝေးမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ရှေ့သို့ ချက်ချင်း လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ဟိုဘက်ကို ကြည့်ပါဦး အဲဒါ ဘာလဲ"

"ဘာ... ဘာလဲ"

ကျိုးဟောင်၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် အဝေးမှ လျင်မြန်စွာ ချဉ်းကပ်လာသည့် မြင်ကွင်းကို ကြည့်လိုက်ပြီး ၎င်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ၏ နှလုံးသားသည် ပို၍ပင် ပြင်းထန်စွာ တုန်ယင်သွားခဲ့သည်။

အဝေးတွင် ပင်လယ်သားရဲများရှိနေခဲ့သည်။ ၎င်းတို့သည် သူတို့စီးလာသော အာကာသယာဉ်၏ ထူးဆန်းသောအသံကို ကြားလိုက်ရပုံရသည်။ ထို့ကြောင့် ၎င်းသည် ဤဘက်သို့ လျင်မြန်စွာတိုက်ခိုက်လာပြီး မြေပြင်အားပြင်းထန်စွာတုန်ခါစေခြင်းဖြစ်သည်။

"ဒါ... ဒါ ဘာလဲ..."

"မင်း ငတုံးလား ဒါ ပင်လယ်သားရဲဆိုတာ အသိသာကြီးကို"

"ပင်လယ်သားရဲတွေဆိုတာ ငါ သိတယ် ဒါပေမဲ့ သူတို့ အရေအတွက်က နည်းနည်း များလွန်း နေတာ မဟုတ်ဘူးလား"

"ယာဉ်ပေါ် တက်"

လင်းထျန်မှာ စိုးရိမ်တကြီး အော်ပြောလိုက်သည်။ အဝေးတွင် ပင်လယ်သားရဲ ထောင်ပေါင်းများစွာ ရှိနေပေသည်။ သူတို့ သုံးဦးသည် အစွမ်းအထက်ဆုံးဖြစ်သော်လည်း သူတော်စင်အဆင့်သို့ ရောက်ရှိနေသော ဤထောင်ပေါင်းများစွာသော ထူးခြားသည့် သားရဲများ နှင့် မတိုက်ခိုက်နိုင်ပေ။

ကျိုးဟောင်သည်လည်း ထိတ်လန့်သွားသည်။ ဤပင်လယ်သားရဲများ၏အရေအတွက် မှာအလွန်များပြားပြီး ၎င်းတို့၏ တိုက်ခိုက်မှုများကလည်း အလွန်ပြင်းထန်သည်။ သူတို့ ရောက်ရှိလာသည်နှင့် ဤမျှများပြားသော ထူးခြားသည့်သားရဲများနှင့် တိုက်ခိုက်ခြင်းသည် ဉာဏ်ရှိသော ရွေးချယ်မှု မဟုတ်ပေ။

ယခုအချိန်တွင် သူတို့သည် အမြန်ဆုံး ထွက်ပြေးမှသာ ဖြစ်မည်။ မဟုတ်ရင် သူတို့သည် အလွန် အသက်အန္တရာယ်ရှိသော ခြိမ်းခြောက်မှု နှင့် ရင်ဆိုင်ရပေလိမ့်မည်။

သို့သော် ကျိုးဟောင်လှည့်ထွက်ပြီး ထွက်ပြေးရန် ပြင်ဆင်နေစဥ်မှာပင် ရုတ်တရက် ဆန့်ကျင်ဘက် ကမ်းစပ်မှ ကျားကြီးတစ်ကောင် ခုန်ထွက်လာသည်ကို မြင်လိုက်ရသည်။

ကျား၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားကာ ကမ်းရိုးတန်းမှ ခုန်ထွက်လာပြီးနောက် ကမ်းခြေကို လျင်မြန်စွာ တိုက်ခိုက်လာသော ပင်လယ်သားရဲ အုပ်စုအားကြည့်ကာ ဟိန်းဟောက်လိုက်သည်။ အသံသည် အလွန်ပြင်းထန်သဖြင့် လေထုပင် တုန်ခါသွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် ပင်လယ်သားရဲများမှာရေပေါ်မှ ကျားကြီးကို ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် ဘေးတွင် ရပ်နေသော ကျိုးဟောင်သည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ပင်လယ်သားရဲများ၏ ပစ်မှတ်မှာ သူတို့မဟုတ်ဘဲ ကုန်းပေါ်ရှိ ကျားနှင့်တူသည့် ထူးခြားသည့် သားရဲ အုပ်စု ဖြစ်နေခဲ့သည်။

ဤအချက်ကို စဥ်းစားမိသောအခါ ကျိုးဟောင်တို့မှာ ကိစ္စတစ်ခုကို နားလည်သွားကြသည်။ ၎င်းမှာ ဤပင်လယ်သားရဲများသည် ကုန်းပေါ်ရှိ ကျားသားများရဲနှင့် နယ်မြေလုပွဲအတွက် တိုက်ခိုက်နေခြင်းဖြစ်နိုင်ပေသည်။

ကျိုးဟောင်သည် အစောပိုင်းက ဖြစ်ပျက်သွားသည်များမှာ တိုက်ဆိုင်မှု သက်သက်သာဖြစ်သည်ကို သိသောအခါ သက်ပြင်းချလိုက်သည်။ သို့သော် သူသည်သတိလက်လွတ်မနေပေ။

မည်သို့ပင်ဆိုစေကာမူ ဤသားရဲအုပ်စုသည် အလွန်ရက်စက်ပြီး အကြမ်းဖက် ကြသည်။ သူသည် အာကာသယာဉ်သို့ အမြန်ဆုံး ပြန်ကာ ဘေးမှ စောင့်ကြည့်ရန်သာ တတ်နိုင်သည်။ သူတို့၏ တိုက်ပွဲ ငြိမ်သက်သွားမှသာ အသက်သစ်သီး ကို သွားရောက်ရှာဖွေရမည်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကျားသည် ရုတ်တရက် မိုးခြိမ်းသံကဲ့သို့သောကျယ်လောင်သောအသံဖြင့် ဟိန်းဟောက်လိုက်သည်။ ဤအသံသည် သူတို့နားထဲတွင် ရုတ်တရက် ပေါက်ကွဲထွက်လာသော မိုးကြိုးပစ်သံကဲ့သို့ပင် အလွန်အားကောင်းပေရာ လူတိုင်းမှာအသက်ရှူပင်မှားသွားခဲ့သည်။

ပင်လယ်အောက်ခြေရှိ ထူးဆန်းသော သားရဲများစွာသည်လည်း ကီလိုဂရမ်ထောင်ချီ အလေးချိန်ရှိသော ကျောက်တုံးကြီး တစ်ခုသည် ၎င်းတို့၏ ရင်ဘတ်ပေါ် ဖိထားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းတို့၏ မျက်နှာများသည် ရုတ်တရက် အလွန်နာကျင်လာပုံရပြီး ပင်လယ်ထဲတွင် လူးလှိမ့်ကာအော်ဟစ်နေကြသည်မှာ အလွန်အမင်း နာကျင်နေပုံရသည်။

အဆင့်နိမ့်သည့် ထူးခြားသားရဲ များစွာသည် ကျား၏အသံကြောင့် အလွန်ကြောက်လန့်သွားကြပြီး ပင်လယ်အောက်တွင် ပုန်းအောင်းနေကာ ခေါင်းပင်ထွက်မလာရဲတော့ပေ။ အကယ်၍ ဤအတိုင်း ဆက်သွားနေပါက သူတို့ မည်သို့ သေဆုံးသွားသည်ကိုပင် သိရမည် မဟုတ်ကြောင်း ကောင်းကောင်းသိကြပေသည်။

....................................................................................

အခန်း (၈၀၂) ပြီးပါပြီ။

အခန်း (၈၀၃) : အလွန်ထူးခြားသည့် သားရဲ

သို့သော် ထိုမျှလောက်မစဥ်းစားသော အဆင့်မြင့်ထူးခြားသားရဲများစွာလည်းရှိပေသည်။ သူတို့သည် ကျား၏ ခြိမ်းခြောက်မှုကို လုံးဝ မကြောက်ကြပေ။ ကျား၏ ဟိန်းသံကို ကြားသောအခါ အားပေးလိုက်သလို ဖြစ်သွားကြသည်။ သူတို့အားလုံးမှာ ကျားအားကြည့်ပြီးအော်ဟစ်ကာ အကြောက်အလန့်မရှိဆန့်ကျင်နေကြသည်။

"ခေါင်းဆောင် ဒီကျားက တကယ်ကိုစွမ်းအားကြီးတယ်"

ခေါင်းဆောင်ဖြစ်သူ ဧရာမ ပုဇွန်ကြီး သည် နှစ်မီတာခန့် ရှည်လျားပြီး ၎င်း၏ မုတ်ဆိတ်မွေးများကို ဝှေ့ယမ်းရင်း ရေနဂါးအလှလေးအား ပြောလိုက်သည်။

ရေနဂါး ၏ မျက်နှာအမူအရာသည်လည်း အလွန်အမင်း တည်ငြိမ်နေသည်။ သူမသည် အဝေးရှိ ကျားကို စိုက်ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အဲဒီတော့ဘာဖြစ်လဲ ဒီနေ့ သူသေရင်သေ မဟုတ်ရင်ငါသေပဲ"

ရေနဂါးမှာ မျက်မှောင်ကြုတ်ပြီး နောက်လှည့်ကြည့်လိုက်သည်။ သူမ ခေါ်လာသည့် စစ်သည်များသည် အဆင့်နိမ့်များဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူတို့သည် အနီရောင်သွေးများအား အန်ထုတ်ထားပြီး အလွန်အမင်း အခြေအနေဆိုးရွားနေပုံရသည်။

သူတို့၏ အသက်ရှူသံသည် အနည်းငယ် လျင်မြန်နေပြီး ပြင်းပြင်းထန်ထန် မောဟိုက်နေကြသည်။ သူတို့သည် ရေနဂါး ကို မကြည့်ရဲဘဲ အလွန်စိုးရိမ်နေကြသည်။ သူတို့သည် ခေါင်းငုံ့ပြီး ပင်လယ်ထဲသို့ ငုပ်လျှိုးကာအင်အားပြန်စုဆောင်းရင်း တိုက်ပွဲအတွက် စောင့်ဆိုင်းနေကြသည်။

ရေနဂါး၏ နာမည်မှာ မုန်တိုင်း၏သမီးတော် ဂျက်စမင် ဖြစ်သည်။ သူမသည် သမုဒ္ဒရာကြမ်းပြင်၏ ခေါင်းဆောင်ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူမသည် ကုန်းမြေ၏ အရှင်သခင်ဖြစ်သော ဟာရီကိန်း ကျားဘုရင် နှင့် နယ်မြေအတွက် တိုက်ခိုက်ရန် လာခဲ့ခြင်း ဖြစ်သည်။

ကြာမြင့်စွာကတည်းက ကုန်းမြေနှင့် ပင်လယ်သည် လုံးဝ သဟဇာတမဖြစ်သော အရာနှစ်ခု ဖြစ်ခဲ့သည်။ ထိုမျှကြာမြင့်သော ကာလတစ်လျှောက်လုံး တိုက်ပွဲများမှာလည်းမရပ်တန့်ခဲ့ပေ။ ဤတစ်ကြိမ် တိုက်ပွဲသည် နှစ်ဖက်စလုံး၏ ကြာရှည်ပြင်ဆင်မှု၏ ရလဒ်ဖြစ်ကာ ကျိုးဟောင် သည် မတော်တဆ ကြားဝင်သွားမိခဲ့ခြင်းဖြစ်သည်။

ဟာရီကိန်း ကျားဘုရင် ၏ စွမ်းရည်သည် တကယ်ကို အလွန်အစွမ်းထက်သည်ဟု ပြောရမည်။ ဟိန်းသံတစ်ချက်တည်းဖြင့် ပင်လယ်အောက်ခြေရှိ အဆင့်နိမ့် ထူးခြားသားရဲ အမြောက်အမြားကို ချက်ချင်း ကြောက်လန့်သွားစေခဲ့သည်။ သူတို့ လမ်းလျှောက်ဖို့ပင် သတ္တိမရှိကြတော့ပေ။ တစ်ကောင်ပြီးတစ်ကောင် ရေထဲမှာ ပုန်းအောင်းနေကြပြီး ခေါင်းပင် မပြရဲကြတော့ပေ။

သို့သော် ခဏအကြာတွင် ကောင်းကင်ယံ၌ ရုတ်တရက် ထူထပ်သော တိမ်တိုက် များ ပေါ်လာသည်။ ထိုနေရာရှိ လူတိုင်းသည် မှောင်မဲသော တိမ်တိုက်ကြီး ဖြင့် ချက်ချင်း ဖုံးလွှမ်းခံလိုက်ရသည်။

ခဏတာ အကြာတွင် မုန်တိုင်း၏သမီးတော် ဂျက်စမင် သည် လေထဲသို့ လျင်မြန်စွာ ပျံတက်သွားပြီး ပတ်ဝန်းကျင်ရှိ လူတိုင်းအား အထက်စီးမှ ကြည့်လိုက်သည်။

ကျိုးဟောင် သည် အံ့အားသင့်စွာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ဤ မုန်တိုင်း၏သမီးတော် ဂျက်စမင် သည် တကယ်ကို လှပပေသည်။ သူမထံတွင် လူသားမျက်နှာ ရှိပြီး အလွန်လှပသည်။ သူမကို တစ်ချက်ကြည့်လိုက်မိသည်နှင့် မျက်လုံးမလွှဲနိုင်ဘဲ ဆက်ကြည့်နေမိမည် ဖြစ်သည်။

ကျိုးဟောင်သည် လည်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ သူ အရင်က မြင်ဖူးသော ထူးခြားသားရဲများအားလုံးသည် အလွန် ကြမ်းတမ်းသော ပုံပန်းသဏ္ဌာန် ရှိပြီး တစ်ချက်ကြည့်ရုံဖြင့် ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်စေသည်။

သို့သော် ဤ မုန်တိုင်း၏သမီးတော် ဂျက်စမင်သည် လုံးဝ ကွဲပြားခြားနားနေပေသည်။ သူမသည် ပန်းချီကားထဲမှ နတ်သမီး တစ်ပါးကဲ့သို့ လုံးဝ လှပနေပြီး လူများကို မျက်စိမလွှဲနိုင်အောင်ဆွဲဆောင်နိုင်ပေသည်။

ကျိုးဟောင် သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိသည်။

"ဒဏ္ဍာရီလာ ရေသူမင်းသမီးလို့မပြောရဘူး သူကအရမ်းကိုလှတာပဲ ငါသာ သူ့ရဲ့ ရန်သူဆိုရင် သူ့ကိုလက်နဲ့တောင်တို့ဝံ့မှာ မဟုတ်ဘူး..."

"ရေသူမင်းသမီး ဟုတ်လား ဟားဟားဟား ကျိုးဟောင် ငါ့အထင်တော့မင်းကိုနှာဘူးတစ်ယောက်ဝင်ပူးနေပြီထင်တယ် ဒါက ရေနဂါးပဲ ဘယ်လိုလုပ် ရေသူမင်းသမီးဖြစ်နိုင်မှာလဲ"

ဖားက ကျိုးဟောင်အား အရူးတစ်ယောက်လို ကြည့်လိုက်သည်။ ၎င်း၏ မျက်နှာတွင် အကူအညီမဲ့သော အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းခါလိုက်သည်။

"သူသာ မင်းသမီးဆိုရင် ငါတို့အားလုံးက သူ့ရဲ့ ညစာ ဖြစ်သွားလိမ့်မယ်"

"ဟုတ်တယ်"

အချိန်အတော်ကြာကြာ တိတ်ဆိတ်နေခဲ့သော ဂျယ်လီဖြူမှ ဝင်ပြောလာခဲ့သည်။ သူ၏ အမူအရာသည် အလွန်တရာ တည်ငြိမ်နေပြီး ကျိုးဟောင်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေပြီးနောက် တစ်လုံးချင်းစီ ပြောလိုက်သည်။

"ရေနဂါးတွေရဲ့ ပင်ကိုစရိုက်က ရက်စက်ကြမ်းကြုတ် ကြပြီး လူ့ဦးနှောက်ကိုအစားချင်ဆုံးပဲ"

"ကျိုးဟောင် မင်း ဒီ ရေနဂါး မင်းသမီး နဲ့ သွားတိုက်ခိုက်လိုက်ပါလား မင်းရဲ့ ဦးနှောက်ကိ အစားခံရမလား ဒါမှမဟုတ်မင်းကပဲသူ့ကိုအရင်သိမ်းပိုက်နိုင်မလားဆိုတာကြည့်ရအောင်"

ဖားမှာရယ်မောရင်းပြောလိုက်ရာ လူယုတ်မာပုံပေါက်နေခဲ့သည်။

ကျိုးဟောင်၏ မျက်နှာသည် ဘာမှမတတ်နိုင်သည့်အမူအရာများဖြင့်ပြည့်နှက်နေခဲ့သည်။ ဤဖားစုတ်မှာ ထိုမျှလောက် စက်ဆုပ်ဖွယ် ကောင်းလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ပေ။

သို့သော် ရေနဂါး မင်းသမီး သည် တကယ်ကို လှပကြောင်းကိုတော့ ဝန်ခံရပေမည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်ခုန်စေပေသည်။

"ဒါက ဒဏ္ဍာရီလာ သတ္တဝါ ရေနဂါးပဲ သူ ဒီလောက်လှလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး ဒဏ္ဍာရီတွေတောင် သူ့အလှကိုဖော်ပြလို့မရဘူး..."

ကျိုးဟောင်မှာ တီးတိုးရေရွတ်လိုက်သည်။

ကျိယောင်ယွဲ့သည် ကျိုးဟောင် ၏ စကားကို ကြားသောအခါ သူမ၏ အမူအရာမှာတင်းမာသွားသည်။ လှသည်တဲ့လား။ ရယ်စရာပင်။ ထိုမင်းသမီးနှင့် နှိုင်းယှဉ်လျှင် သူမသည် အနည်းငယ်မျှ နိမ့်ကျနေခြင်း မရှိပေ။

အဝေးတွင်မူ ပတ်ဝန်းကျင်ရှိ ရေအောက်မှထူးခြားသားရဲများအားလုံးသည် မုန်တိုင်း၏သမီးတော် ဂျက်စမင် လေထဲတွင် ပျံဝဲနေသည်ကို မြင်သောအခါ အလွန် စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် ခေါင်းများကို ချက်ချင်းမော့ကာ ဟစ်အော် အားပေးနေကြသည်သည်မှာ ၎င်းတို့၏ ခေါင်းဆောင်အတွက် စွမ်းအားများတည်ဆောက်ပေးနေသကဲ့သို့ပင်။

အဝေးရှိ ကမ်းနားတွင် ရပ်နေသော ကျား သည် ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်း သတိထားလာခဲ့သည်။ ၎င်းသည် ရုတ်တရက် ဒူးထောက်လိုက်ပြီးအော်ဟစ်လိုက်ကာ မုန်တိုင်း၏သမီးတော် ဂျက်စမင် အားကြည့်နေခဲ့ပြီး ၎င်း၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

"ဟာရီကိန်း ကျားဘုရင် ကြောက်ရမယ့်နေ့ ရှိလာပြီလား ဟဟ ဒါကမလွယ်ဘူး"

ကျား၏ မျက်လုံးများတွင် ကြောက်ရွံ့မှုကို မြင်ပြီးနောက် ဂျက်စမင်၏ မျက်နှာပေါ်တွင် ကျေနပ်သော အမူအရာ ချက်ချင်း ပေါ်လာခဲ့သည်။ ထိုအကြောက်တရားသည် သမုဒ္ဒရာ၏ အရှင်သခင်အဖြစ် သူမ ယူဆောင်လာသည့် ကြီးမားသောခြိမ်းခြောက်နိုင်စွမ်းဖြစ်သည်။ သူမ၏ ရှေ့တွင် ရပ်နေသော မည်သည့် ကြမ်းတမ်းသော သားရဲမဆို သူမကို ကြောက်ရွံ့ပေလိမ့်မည်။

မှန်ပေသည်။ ဟာရီကိန်း ကျားဘုရင် သည် တစ်ယောက်တည်း တိုက်ခိုက်နေခြင်း မဟုတ်ပေ။ သူ့နောက်တွင် ကုန်းနေသားရဲ အမြောက်အမြား ရှိနေပေသည်။ ထူးခြားသားရဲများကလည်း အသံတိုးတိုးဖြင့် အော်ဟစ်နေကြသည်မှာ ၎င်းတို့၏ အချုပ်အခြာအာဏာကို ကြေညာနေသလိုပင်။ ၎င်းတို့သည် အလွန် ကြမ်းတမ်းသော ပုံစံ ရှိပြီး ၎င်းတို့၏ မျက်နှာအမူအရာများမှာမည်းမှောင်နေကာ‌ဒေါသထွက်နေ‌သော အသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

နဂါး နှင့် ကျား နှစ်ဦးကြား တိုက်ပွဲတွင်မည်သူ အနိုင်ရမလဲ မည်သူ ရှုံးနိမ့်မလဲဆိုတာအား တကယ်မသိနိုင်ပေ။

ကျိုးဟောင် သည် စိတ်ဝင်တစား ကြည့်နေသော်လည်း ဂျယ်လီဖြူမှာမူ မနေနိုင်တော့ဘဲ မေးလိုက်သည်။

"မဟုတ်ဘူး၊ ကျိုးဟောင် မင်း ဒီကို ဘာလုပ်ဖို့ လာတာလဲဆိုတာ မင်း မေ့နေပြီလား"

"မမေ့ပါဘူး"

ကျိုးဟောင်မှာ အကူအညီမဲ့စွာ ရယ်လိုက်သည်။

"စစ်မြေပြင်က ဆိုးဆိုးရွားရွားဖြစ်နေတာကို မမြင်ဘူးလား ကျွန်တော်တို့ အခုသွားရင် အသားပုံဖြစ်သွားအောင်ကြိတ်ခံရလိမ့်မယ်"

မုန်တိုင်း၏သမီးတော် ဂျက်စမင် သည် လေထဲတွင် ပျံဝဲနိုင်စွမ်းရှိသည်။ သူမသည် ကောင်းကင်ပေါ်မှနေပြီး ကုန်းမြေပေါ်ရှိ ကျားဘုရင် ကို ငုံ့ကြည့်ကာဒေါသတကြီး အော်ဟစ်လိုက်သည်။ ကျိုးဟောင်တို့အဖွဲ့အာကာသယာဉ်ပေါ်တက်ပြီး ထွက်ခွာသွားပါက အလွန် အန္တရာယ်များပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ကျားဘုရင်နှင့် ရေနဂါးတို့မှာအလွန် စွမ်းအားကြီးကြပေသည်။ လေထဲတွင် ရေနဂါး က ပိတ်ဆို့ထားပြီး ကုန်းမြေပေါ်မှာ ကြမ်းတမ်းသောကျားရှိနေပေရာ ၎င်းတို့အား ကိုင်တွယ်ဖြေရှင်းရန်မှာတကယ် ခက်ခဲပေသည်။

ဖားသည် မနေနိုင်တော့ဘဲဂျယ်လီဖြူ ၏ ခေါင်းကို ခေါက်လိုက်ပြီး ပြောလိုက်သည်။

"ငါမင်းကို အေးဆေးကြည့်လို့ပြောထားတာကို ဘယ်သူသိမှာလဲအသက်သစ်သီး က ရေနဂါး ရဲ့ ဗိုက်ထဲမှာ ရှိမရှိဆိုတာ"

"အဲဒီအချိန်ကျ သူတို့ တစ်ဦးနဲ့တစ်ဦးတိုက်ခိုက်ပြီး နှစ်ဖက်စလုံး အကြီးအကျယ်ထိခိုက်သွားတဲ့အချိန်ကျ ငါတို့ဒီအခွင့်အရေးကိုအသုံးချလို့ရတယ်"

ဖား၏ စကားကြောင့် ဂျယ်လီဖြူသည် ကျိုးဟောင် ၏ အိတ်ကပ်ထဲသို့ လိလိမ္မာမ္မာဖြင့်ဝင်သွားပြီး စကားမပြောတော့ပေ။

....................................................................................

အခန်း (၈၀၃) ပြီးပါပြီ။

အခန်း (၈၀၄) : ကုန်းမြေနှင့် ပင်လယ် အရှင်သခင် တိုက်ပွဲ

ကျိုးဟောင် သည် အမြဲတမ်း သတိကြီးသူဖြစ်သည်။ ယခုလို မရင်းနှီးသော နေရာ မှာ ရှိနေသောကြောင့် တစ်ခုခု မလုပ်ခင် များစွာ စဥ်းစားရမည်ဖြစ်သည်။

ယခုကုန်းမြေ၏ အရှင်သခင်နှင့် ပင်လယ်၏ အရှင်သခင်တို့ အပြည့်အဝ တိုက်ခိုက်နေသည်ကို မြင်သောအခါ သူတို့သည် ပစ်မှတ်အဖြစ် သတ်မှတ်ခံရမည်ကို စိုးရိမ်သောကြောင့် ဝင်ပြီးပြဿနာရှာလိုစိတ် မရှိပေ။

ထို့ကြောင့် သူသည် ဘေးတွင် ဆက်လက်ပုန်းအောင်းကာ ထိုမှတ်တမ်းဝင်အဆင့်ရှိသည့် ထူးခြားသားရဲနှစ်ကောင်၏ တိုက်ပွဲအား စောင့်ကြည့်နေခဲ့သည်။

ခဏအကြာတွင် ကျားဘုရင်သည် ရုတ်တရက် အလွန်ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ထိုမျှ အားကောင်းပြီးပြင်းထန်သော ဖိအား သည် ပတ်ဝန်းကျင်မှကုန်းမြေပေါ်ရှိ ကြမ်းတမ်းသော သားရဲများစွာကို ကြောက်ရွံ့သွားစေခဲ့သည်။

ကျားများ ကုန်းမြေ၏ အရှင်သခင် ဖြစ်လာရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့၏ အင်အားကြီးမားသော လွှမ်းမိုးနိုင်စွမ်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုသို့သော အောင်မြင်မှုကို ရရှိနိုင်ခဲ့ခြင်းဖြစ်သည်။

ဖိအား ရောက်လာသည်နှင့်အမျှ ကျားဘုရင် ၏ ခြိမ်းခြောက်နိုင်စွမ်း သည် ချက်ချင်း ပျံ့နှံ့သွားသည်။

ဤမြင်ကွင်းကို မြင်သောအခါ မုန်တိုင်း၏ သမီးတော် ဂျက်စမင်၏ မျက်နှာတွင် ရေခဲကဲ့သို့ အေးစက်သောအမူအရာ ပေါ်လာခဲ့သည်။ သူမသည် မျက်မှောင်ကြုတ်ကာ သူမရှေ့ရှိ ကျားဘုရင် ကို ငုံ့ကြည့်ပြီး အေးစက်စွာ အော်ပြောလိုက်သည်။

"ဟာရီကိန်း ကျားဘုရ ရှင်ဒီနေ့ ကျွန်မလက်ချက်နဲ့ချေမှုန်းခံရလိမ့်မယ်"

"ရှင်သာအညံ့ခံဖို့ ဆန္ဒရှိမယ်ဆိုရင် ရှင့်အလောင်း ကို အကောင်းအတိုင်း ထားခဲ့ပေးလို့ရတယ် ဒါပေမဲ့ ရှင်အညံ့မခံဘဲ ခေါင်းမာနေမယ်ဆိုရင် ကုန်းပေါ်က သက်ရှိအားလုံးကို သတ်ပြီး ပင်လယ်ကို ပူဇော် လိုက်တဲ့အတွက် ကျွန်မကို အပြစ်မတင်နဲ့"

ရေနဂါးသည် တကယ့် နဂါး မဟုတ်သော်လည်း သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နဂါးတစ်ကောင်၏အငွေ့အသက်သည် အနည်းငယ်မျှ လျော့နည်းမနေပေ။

ကုန်းမြေပေါ်ရှိ ဟာရီကိန်း ကျားဘုရင် သည် လှောင်ပြောင်လိုက်ပြီး ပြောလိုက်သည်။

"မင်း ထင်ယောင်ထင်မှားဖြစ်နေပြီ"

"သိပ်မကြာခင် ငါ မင်းရဲ့ ဦးခေါင်းကို ကိုက်ဖြတ် အရေခွံကိုခွာ မင်းရဲ့ သွေးတွေကို သောက်ပြီး မင်းရဲ့ အရိုးတွေကို တစ်လက်မချင်းစီ ဝါးစားပစ်မယ်"

ကျယ်လောင်သော ဟိန်းသံနှင့်အတူ ကုန်းမြေပေါ်ရှိ ပင်လယ်သားရဲ အမြောက်အမြားသည် ရူးသွပ်စွာအော်ဟစ်လာကြသည်။ ဤအသံကို ကြားသောအခါ ထူးခြားသားရဲအားလုံး၏ သွေးသားများ ဆူပွက်လာခဲ့သည်။သူတို့သည် ချက်ချင်း အရှိန်အပြည့်ဖြင့် ပြေးထွက်လာပြီး သူတို့စိတ်ကြိုက်ကြီးမားသော တိုက်ပွဲ တစ်ခုအား ဆင်နွှဲရန် ပြင်ဆင်နေကြသည်။

"ခဏလေး၊ ခေါင်းဆောင် မြေကြီးက တစ်ခုခု မှားနေတယ်လို့ကျွန်တော် ဘာလို့ ခံစားနေရတာလဲ"

မုန်တိုင်း၏သမီးတော် ဂျက်စမင်မှာ တိုက်ခိုက်ရန် အပြေးအလွှား သွားခါနီးတွင် သူမဘေးတွင် ရပ်နေသော ဧရာမ ပုဇွန်ဖြစ်သည့် ထူးခြားသားရဲမှာ အဝေးရှိ မြေပြင်အား ရုတ်တရက် သတိပြုမိလိုက်သည်။ ၎င်းသည် အန္တရာယ် ကို အလွန်အမင်း ခံစားနိုင်စွမ်းရှိပြီး မြေအောက်တွင် အလွန်ပြင်းထန်သော အန္တရာယ် တစ်မျိုး ဖုံးကွယ်နေသည်ကို ချက်ချင်း ခံစားမိလိုက်သည်။

"ငရဲကို သွားလိုက်တော့"

မျှော်လင့်ထားသည့်အတိုင်း ပင်လယ်အောက်ခြေရှိ ထူးခြားသားရဲများ ကုန်းမြေပေါ်ရှိသားရဲများအား အရူးအမူး တိုက်ခိုက်ရန်ပြေးလာစဥ်... ကျားဘုရင် သည် ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် တီကောင်ကဲ့သို့သော ထူးခြားသားရဲ အမြောက်အမြားသည် မြေပြင်မှ တိုးထွက်လာခဲ့ကြသည်။ ၎င်းတို့သည် ပါးစပ်များမှ အစိမ်းရောင် အရည် ပြစ်များအား ထွေးထုတ်လိုက်ပြီး ရှေ့ဆုံးမှ ပြေးဝင်လာသော ထူးခြားသားရဲ အုပ်စုအား ရုတ်တရက်တိုက်ခိုက်လိုက်သည်။

အစိမ်းရောင်အရည်များဖြင့်ထိမိသော ထူးခြားသားရဲများအားလုံးမှာ ၎င်းတို့၏ မျက်နှာနှင့် ခန္ဓာကိုယ်များတွင် မီးလောင်နေသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။

"အားးးးးးးးးးးးးးးးးးးးးး"

ထူးခြားသားရဲ အမြောက်အမြားသည်ကြောက်လန့်ဖွယ်ကောင်းအောင် အော်ဟစ်လာကြသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူတို့သည် နေရောင်အောက်ရှိ ဆီးနှင်းပွင့်များ ကဲ့သို့ပင် မျက်စိဖြင့် မြင်နိုင်သောအရှိန် ဖြင့် လျင်မြန်စွာ သွေးအိုင် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အရိုးတစ်ပိုင်းမျှ မကျန်ခဲ့တော့ပေ။

ဤမြင်ကွင်းသည် ထိုနေရာရှိ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ အထူးသဖြင့် ကျိုးဟောက် သည် မြေပြင်မှ တွားသွားထွက်လာသော တီကောင်များအားကြည့်ရင်း ကြက်သေသေသွားသော အမူအရာ ဖြင့် ပြောလိုက်သည်။

"မဟုတ်မှ ဒီ ထူးခြားသားရဲတွေက ဗီဇပြောင်းသွားတာလား"

"သူတို့ ထွေးထုတ်လိုက်တဲ့ အရည်က ဘာလို့ ဒီလောက် အစွမ်းထက်နေတာလဲ"

ဘေးနားမှ လင်းထျန်မှာ ပြုံးပြီး ပြောလိုက်သည်။

"ငါတို့ တချို့ကို ပြန်ယူသွားပြီး အဆိပ် အဖြစ် ပြောင်းလိုက်ရင်ထင်မထားတဲ့ အာနိသင် ရှိလောက်တယ်..."

ကျိယောင်ယွဲ့သည် မူလက စစ်မြေပြင်ကို တည်ငြိမ်စွာ ကြည့်နေသော်လည်း လင်းထျန်၏ စကားကို ကြားသောအခါ သူမသည် မနေနိုင်တော့ဘဲ မထီမဲ့မြင်ပြုသော လေသံ ဖြင့် ပြောလိုက်သည်။

"ရှင်ပြောတာတော့ တကယ်လွယ်တယ် အဲဒီ ထူးဆန်း သားရဲတွေက သူတော်စင်အဆင့်ကို ရောက်နေပြီဆိုတာမမြင်ဘူးလား"

"ရှင်အနားမရောက်ခင်မှာပဲ နင်းသတ်ခံရ လိမ့်မယ်"

ကျိယောင်ယွဲ့၏ လှောင်ပြောင်မှုကြောင့် လင်းထျန်မှာ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

အဝေးတွင်လည်း တိုက်ပွဲမှာဆက်လက်ဖြစ်ပွားနေသည်။

မုန်တိုင်း၏ သမီးတော် ဂျက်စမင်၏ ဘေးတွင် အနည်းဆုံး မီတာနှစ်ဆယ်ခန့် ရှည်လျားသော ဧရာမ ပင်လယ်မြွေ တစ်ကောင် ရုတ်တရက် ပေါ်လာခဲ့သည်။ ၎င်းသည် ၎င်း၏ သွေးဆာနေသော ပါးစပ်ကို ဖွင့်လိုက်ပြီး လျှာမှ တရွှစ်ရွှစ်အသံအား ကြားနေရသည်။ နောက်တစ်စက္ကန့်တွင် ၎င်းသည် အဖြူရောင်အခိုးအငွေ့တို့အား ရုတ်တရက် ထွေးထုတ်လိုက်သည်။

ထိုအငွေ့သည် ကုန်းမြေဆီသို့ ချက်ချင်း လွင့်မျောသွားပြီး မကြာမီ ကုန်းမြေ၏ ဧရိယာကျယ်ကြီးကို ဖုံးလွှမ်းသွားသည်။ မကြာခင်မှာပဲ နောက်ထပ် မီးလုံး တစ်လုံးအား ထပ်ထွေးထုတ်လိုက်သည်။ ထူးဆန်းသည်မှာ လေထဲရှိအခိုး သည် မီးလုံး နှင့် ထိတွေ့သောအခါ ချက်ချင်း မီးပန်းကဲ့သို့ ဖြစ်သွားပြီး ပြင်းထန်သော ပေါက်ကွဲမှု ကို ဖြစ်ပေါ်လာစေခြင်းဖြစ်သည်။

မကြာမီ ပေါက်ကွဲမှုမှ လေစီးကြောင်းများသည် ကုန်းမြေသို့ ရောက်ရှိလာပြီး မြေပြင်ပေါ်ရှိ တီကောင် သားရဲများ အားလုံးကို ချက်ချင်း ပေါက်ကွဲသွားစေခဲ့သည်။ ရှေ့ဆုံးမှ တိုက်ခိုက်လာသော ကုန်းနေသားရဲ အများအပြားသည် ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။ သို့သော် မြူခိုးပျံ့နှံ့သွားသည့် အရှိန်သည် အလွန်မြန်ပြီး ထိုအရှိန်သည် ၎င်းတို့ယှဥ်နိုင်သောအရာမဟုတ်‌ပေ။

တီကောင်ထောင်ချီမှာ အချိန်မီ မထွက်ပြေးနိုင်ဘဲ ထူးဆန်းသော မြူခိုးများ၏ဝါးမြိုခြင်းအား ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ကျားဘုရင် ၏ လက်အောက်ခံများထဲမှ တစ်ကောင်ဖြစ်သော မိစ္ဆာမီး ဝံပုလွေ သည် အံ့အားတကြီးဖြင့် အဝေးကို ကြည့်လိုက်သည်။

"ကျားဘုရင် ရေနဂါး ဘေးနားက မြွေနက်မှာ လှည့်ကွက်တွေရှိတဲ့ပုံပဲ"

သူသည် တိုက်ရိုက် မပြောသော်လည်း ရေနဂါး သည် လှုပ်ရှားမှု မလုပ်ရသေးသော်ငြား အရှိန်အဝါအားဖြင့် အသာစီးရနေသည်ဟု တွေးနေပြီး ၎င်းသည် ကျားဘုရင် ထက်ပင်ပိုမိုအားကောင်းသည်ဟု သူ့အားခံစားရစေသည်။

"ဘယ်လိုဖြစ်ဖြစ် ရေနဂါး တွေက သမုဒ္ဒရာအောက်ခြေရဲ့ အရှင်သခင် တွေပဲ သူတို့မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အရှိန်အဝါ ရှိတယ်"

"ဒီတိုက်ပွဲမှာ ကျားဘုရင်က မုန်တိုင်းရဲ့သမီးတော် ဂျက်စမင် ကို ရှုံးနိမ့်သွားနိုင်တယ်..."

"ကုန်းမြေပေါ်မှာ ကန့်သတ်ချက်တွေ အရမ်းများတယ် စစ်မြေပြင်က ပင်လယ်အောက်ခြေကိုပြောင်းသွားတာနဲ့ ကျားဘုရင်သေချာပေါက် ရှုံးလိမ့်မယ်"

"ငါ ကျားဘုရင် ကို အမြန်ဆုံးဆုတ်ခွာအောင်စည်းရုံးဖို့ နည်းလမ်းတစ်ခု စဥ်းစားတာ ပိုကောင်းတယ် မဟုတ်ရင် ငါတို့အားလုံး ဒီမှာ သေလိမ့်မယ်"

မိစ္ဆာမီး ဝံပုလွေသည် ၎င်း၏ ချွန်ထက်သော သွားများအားစိကာ ခန္ဓာကိုယ်ကို အနည်းငယ် နှိမ့်ချကာ မြွေနက်အားကြည့်ပြီး ကြမ်းတမ်းသောအသွင်ဖြင့် ဟိန်းဟောက်လိုက်သည်။ နောက်တစ်စက္ကန့်တွင် ကျားဘုရင် သည် ရုတ်တရက် ခုန်တက်သွားပြီး မြွေနက်အားလျင်မြန်စွာဖမ်းလိုက်သည်။

မြွေနက် ၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် ဟာရီကိန်း ကျားဘုရင် ကိုပင် မျက်စိထဲမထည့်ပေ။

၎င်းသည် ပါးစပ်အားဖြည်းညှင်းစွာ ဖွင့်ပြီး ကျားဘုရင်ထံသို့အလင်းတန်း တစ်ခုအားပစ်လွှတ်လိုက်သည်။

"တိုက်ခိုက်‌ရေး အလင်းတန်း"

နောက်တစ်စက္ကန့်တွင် တိုက်ခိုက်ရေးအလင်းတန်း သည် ဟာရီကိန်း ကျားဘုရင် ၏ လက်ဖဝါးဖြင့် ခွဲခြမ်းခံလိုက်ရသည်။ မကြာမီ ဟာရီကိန်း ကျားဘုရင် သည် မြွေနက်၏ ရှေ့တွင်လျင်မြန်စွာ ပေါ်လာခဲ့ပြီး ၎င်းသည် ၎င်း၏ ကြီးမားပြီး ချွန်ထက်သော လက်သည်းများအား မြှောက်ကာ မြွေနက် ၏ ဦးခေါင်းကို လက်သည်းဖြင့် ကုတ်ချလိုက်သည်။

"လေမိုးကြိုးခွဲခုတ်ချက်"

နောက်တစ်စက္ကန့်တွင်အလွန်ပြင်းထန်သော ဟာရီကိန်း သည် ပင်လယ်တစ်ခုလုံးပေါ်သို့ ရုတ်တရက် ဖြတ်တိုက်ခတ်လာခဲ့သည်။

ကျိယောင်ယွဲ့နှင့် ကျိုးဟောင်တို့သည် သူတို့၏ မျက်နှာများကို လက်ဖြင့်ဖုံးလိုက်ကာ ဖြစ်ပျက်နေသည်များအားသိရရန် မျက်လုံးများအားမှေးကာဖွင့်ကြည့်လိုက်ကြသည်။ လင်းထျန်မှာမူ နောက်ကျောပေးကာ ထိုမြင်ကွင်းအားမကြည့်တော့ပေ။

မုန်တိုင်း တဖြည်းဖြည်း ငြိမ်သက်သွားသောအခါ သူတို့ သုံးဦးစလုံးအား ထိတ်လန့်စေမည့် အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။

ဟာရီကိန်း ကျားဘုရင် သည် မြေပြင်ပေါ်သို့တည်ငြိမ်စွာ ဆင်းသက်လာခဲ့သည်။ ၎င်း၏ ကြီးမားသော ခြေသည်းများသည် မြွေနက် ၏ ဦးခေါင်းအားဆုပ်ကိုင်ထားသည်။ မြွေနက် ၏ ဦးခေါင်းသည် သွေးများ ထွက်နေဆဲဖြစ်ပြီး အလွန်ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။ ၎င်း၏ မျက်လုံးများမှာ ပြူးကျယ်နေခဲ့သည်မှာ ၎င်း၏အသက်အား ဟာရီကိန်းကျားဘုရင်မှ ယခုလိုမျိုး အဆုံးသတ်လိုက်သည်ကိုမယုံကြည်နိုင်ပုံပင်။

...................................................................................

အခန်း (၈၀၄) ပြီးပါပြီ။

All Chapters