အခန်း (၈၀၅-၈၀၇)
Vol. 54 Ch. 805-807
အခန်း (၈၀၅) : သားရဲဘုရင်၏ ဖိအား
ဟာရီကိန်း ကျားဘုရင် သည် ကောင်းကင်သို့မော့ပြီး အော်ဟစ်လိုက်ရာ အလွန်အားကောင်းပြီး ခြိမ်းခြောက်နိုင်သော ဟိန်းသံ တစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းသည် သားရဲတစ်သောင်း၏ ဘုရင်ဖြစ်သောကျားဘုရင်၏ ဖိအားဖြစ်သည်။ မည်သူကမှ ၎င်း၏စူးစူးစိုက်စိုက်အကြည့် ကို မခံနိုင်ပေ။
မုန်တိုင်း၏ သမီးတော် ဂျက်စမင်သတိပြန်ဝင်လာသောအခါ သူမနှင့် မလှမ်းမကမ်းတွင် ရပ်နေခဲ့သော မြွေနက်၏ ကျန်ရှိနေသည့်ခန္ဓာ တစ်ဝက်သည် ပင်လယ်ထဲသို့ ကျသွားသည်ကို မြင်လိုက်ရသည်။
ပင်လယ်ရေသည် သွေးများကြောင့် အနီရောင်ပြောင်းသွားခဲ့ပြီး အပြာရောင် ပင်လယ်သည်လည်း ရုတ်တရက် သွေးဆာနေသော ပုံစံ ဖြစ်သွားခဲ့သည်။ သူမသည် ကျားဘုရင် ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ခဏအကြာတွင် သူမ၏ မျက်ဆံများသည် ရုတ်တရက် သွေးနီရောင် သို့ ပြောင်းလဲသွားခဲ့သည်။
ဤဟာရီကိန်း ကျားဘုရင်သည် သူမအားရန်စနေသည်မှာသိသာပေသည်။ နဂါးတွင် ပြောင်းပြန် အကြေးခွံရှိပြီးထိုအရာအား ထိမိသူတိုင်း သေဆုံးရမည်ဖြစ်သည်။ သူမ မုန်တိုင်း၏ သမီးတော် ဂျက်စမင်သည် ယခင်က ယခုလိုအရှက်ခွဲမှူမျိုးအား တစ်ခါမှမခံစားခဲ့ဖူးပေ။
ဒုန်း... ဒုန်း... ဒုန်း...
မူလက တိမ်ကင်းစင်နေသော ကောင်းကင်သည် ရုတ်တရက် မည်းမှောင်နေသော တိမ်တိုက်များဖြင့်စုစည်းလာသည်။ ထိုအချိန်တွင် ကောင်းကင်တစ်ခုလုံး လျှပ်စီးများ မိုးခြိမ်းသံများ ဖြင့် ပြည့်နှက်နေခဲ့သည်။ တိမ်မည်းများမှာ အချိန်မရွေး ကျရောက်လာပြီး ၎င်းတို့အား သတ်ပစ်တော့မည့်အလား ထင်ရပေသည်။
တိမ်တိုက်များထဲတွင် လျှပ်စီးကြောင်းများတလက်လက် လက်နေပြီး ထိတ်လန့်ဖွယ် အလင်းရောင်များကို ထုတ်လွှတ်နေပြီး ကောင်းကင်ယံ၌ မိုးခြိမ်းသံများဖြင့် မြည်ဟည်းနေခဲ့သည်။
မိုးရွာတော့မည်ကို မြင်သောအခါ ကျိုးဟောင် နှင့် ကျန်နှစ်ဦးသည် မိုးခိုရန် အာကာသယာဉ်သို့ ပြန်သွားခဲ့သည်။ သို့သော် ယာဉ်ပေါ်တွင် ရှိနေသော်လည်း သူတို့သည် စစ်မြေပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထို ကုန်းနှင့်ပင်လယ်တိုက်ပွဲသည် တကယ်ပင်ခမ်းနားထည်ဝါ လွန်းသောကြောင့် ဖြစ်သည်။
ဗီဇပြောင်းလဲသားရဲ နှင့် ပင်လယ်သားရဲ သောင်းပေါင်းများစွာသည် သူတို့ရှေ့မှ မြင်ကွင်းအား အလောင်းတောင် နှင့် သွေးပင်လယ်လိုဖြစ်အောင် ဖန်တီးနေခဲ့ကြသည်။
"အား"
မုန်တိုင်း၏ သမီးတော် ဂျက်စမင်သည် သည်းမခံနိုင်တော့ပေ။ သူမသည် ဦးခေါင်းကို ချက်ချင်းမော့လိုက်ကာ အော်ဟစ်လိုက်ရာ နားကွဲမတတ်ကျယ်လောင်သောနဂါးဟိန်းသံတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုအသံသည် အလွန်ထိတ်လန့်ဖွယ်ကောင်းပြီး အာကာသယာဉ်အတွင်းရှိ ခွက်များနှင့် ပန်းကန်များမှာ ချက်ချင်း ပေါက်ကွဲ ကာ အပိုင်းအစများ ဖြစ်သွားခဲ့သည်။
"သေစမ်း ဒီ ရေနဂါး က တကယ်ကို အစွမ်းထက်တာပဲ"
ကျိုးဟောင် သည် သူ့ရှေ့ရှိ ခွက်အမှုန့်ဖြစ်သွားသည်ကို မြင်သောအခါ အံ့အားသင့်စွာပြောလိုက်သည်။
"ကံကောင်းလို့ ငါ့ရဲ့ အာကာသယာဉ်ကို အကောင်းဆုံး ပစ္စည်းတွေနဲ့လုပ်ထားလို့ မဟုတ်ရင် သူ့ရဲ့အော်သံကြောင့်တင် ဒီဂြိုဟ်ကနေ ငါတို့ ပြန်လာနိုင်မှာ မဟုတ်ဘူး"
ဤအချက်ကို စဥ်းစားမိသောအခါ ကျိုးဟောင်သည် ဤဂြိုဟ်ပေါ်သို့ရောက်စကမှန်ကန်သော ရွေးချယ်မှု ကို ပြုလုပ်ခဲ့ခြင်းအတွက် အလွန် ကံကောင်းသည် ဟု ခံစားလိုက်ရသည်။ သူတို့သည် ဟာရီကိန်း ကျားဘုရင် နှင့် မုန်တိုင်း၏ သမီးတော် ဂျက်စမင် တို့နှင့် ပဋိပက္ခ ဖြစ်ခဲ့ပါက ရလဒ်ကောင်းနိုင်မည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် အဝေးရှိ မုန်တိုင်း၏ သမီးတော်၊ ဂျက်စမင် သည် သွေးနီရောင်မျက်လုံး၊ သတ်ဖြတ်လိုစိတ်များ ဖြင့် ပြည့်နှက်နေခဲ့သည်။ သူမသည် ဟာရီကိန်း ကျားဘုရင် ကို စိုက်ကြည့်ပြီး ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။
"ရှင်က ပုရွက်ဆိတ်တစ်ကောင်ပဲ နဂါးနတ်ဘုရားရဲ့ အခွင့်အာဏာကို စိန်ခေါ်ရဲတယ် သေသင့်တယ်"
"ဒီနေ့ ရှင့်အရိုးတွေကိုတစ်စစီဖြစ်အောင်လုပ်ပြီး ငရဲကို ပို့ပေးမယ်!"
နောက်တစ်စက္ကန့်တွင် နဂါးဟိန်းသံ သည် မိုးခြိမ်းသံကဲ့သို့ ကောင်းကင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
ဟာရီကိန်း ကျားဘုရင် သည် ဦးခေါင်းကိုမော့ကာအော်ဟစ်လိုက်ပြီး အဝေးမှနေပြီး ဂျက်စမင်အားစူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ၎င်း၏ မျက်လုံးများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေပြီး ပြုံးရယ်လိုက်သည်။
"မင်း နဂါး အဖြစ် မပြောင်းလဲသေးဘူး ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် နဂါးနတ်ဘုရားလို့ ခေါ်ဝံ့တာလဲ"
"ငါ ဒီလို အရှက်မရှိတာကိုတစ်ခါမှ မမြင်ဖူးဘူး မင်းကတကယ်မျက်နှာပြောင်တိုက်တာပဲ"
ကျားဘုရင် ၏ ရန်စမှုနှင့် မထီမဲ့မြင်ပြုမှုကိုရင်ဆိုင်ရသောအခါ မုန်တိုင်း၏ သမီးတော်၊ ဂျက်စမင် ၏ နှလုံးသားထဲရှိအမုန်းတရားအားလောင်စာဖြည့်ပေးလိုက်သလိုဖြစ်သွားစေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ ပြင်းထန်သောစွမ်းအားသည် ချက်ချင်း ပေါက်ကွဲထွက်လာပြီး သူမ၏ ခန္ဓာကိုယ်သည် အလွန်တောက်ပသော အလင်းရောင်တို့ဖြင့်တလက်လက်တောက်ပနေသည်မှာ သူမအားတည့်တည့်ပင်မကြည့်နိုင်တော့ပေ။
မကြာမီ ရုတ်တရက် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပင်လယ်ရေမျက်နှာပြင်မှ ပြင်းထန်သော တုန်ခါမှု တစ်ခုပေါ်လာခဲ့သည်။ နောက်တစ်စက္ကန့်တွင် ဧရာမ လှိုင်းလုံးကြီး တစ်ခု ပေါ်ထွက်လာသည်။ အဝေးရှိလှိုင်းထလာသော လှိုင်းလုံးများသည် အလွန်ကြီးမားသော ဆူနာမီ ကို လျင်မြန်စွာ ဖြစ်ပေါ်လာစေကာ ထိုလှိုင်းလုံးသည် မီတာ တစ်ထောင်ကျော် မြင့်ပေသည်။
ဧရာမလှိုင်းလုံးများ၏ ဆန့်ကျင်ဘက်တွင် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ပုံမှန်မဟုတ်ဘဲ သေးငယ် နေပုံရသည်။
"ချီး..."
သူက ဒီလောက်တောင် အစွမ်းထက် တာလား"
လင်းထျန် သည် ဤမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်ပေ။
"ပင်လယ်ရဲ့ အရှင်သခင်လို့မပြောရဘူး သူ့မှာ တကယ်ကို ဒီလို အစွမ်းထက်တဲ့ စွမ်းရည် ရှိတာပဲ"
"ဒါက လှည့်ကွက်သေးသေးလေးတစ်ခုပဲကို ငါ ဂရုမစိုက်ဘူး"
ကျိယောင်ယွဲ့၏ လေသံသည် အလွန် တည်ငြိမ် နေပြီး သူမသည် သူ့ရှေ့မှ မြင်ကွင်းကို အလေးမထားပုံပင်။
အဝေးရှိ မီတာတစ်ထောင်ကျော် မြင့်သော ဆူနာမီ သည် ကုန်းမြေပေါ်ရှိ ထူးခြားသားရဲများစွာကို တုန်လှုပ်သွားစေခဲ့သည်။ ၎င်းတို့သည် မသိစိတ်၏နှိုးဆော်မှုကြောင့် နောက်သို့ အနည်းငယ် ဆုတ်သွားကြပြီး အရာအားလုံးကို သတိကြီးစွာ ကြည့်နေခဲ့ကြပြီး အသက်ရှူသံများပင် လျင်မြန်လာခဲ့သည်။
"မြွေနက်သေသွားတာက မုန်တိုင်းရဲ့ သမီးတော်ဂျက်စမင် ကို ဒီလောက်ထိ ဒေါသထွက် စေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
"သူ့ရဲ့ ခွန်အားက တကယ်ပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ အဆင့် ကို ရောက်နေတာလား"
ဟာရီကိန်း ကျားဘုရင် ဘေးရှိ တစ္ဆေမီးဝံပုလွေသည်လည်း မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်သွားခဲ့သည်။ သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်သောအမူအရာတို့ဖြင့်ပြည့်နေပြီး ရှေ့မှ မြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။
သူတို့၏အမြင် မှားနေခြင်းလားဟု သံသယဝင်နေသော ထူးခြားသားရဲများလည်း အများအပြား ရှိပေသည်။ သူတို့သည် ထိုသို့သော ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်း ကို မည်သို့ မြင်တွေ့နိုင်မည်နည်း။ အကယ်၍ မီတာ ၁၀၀၀ ကျော်မြင့်သော ဆူနာမီသည် ကမ်းခြေအားတကယ်ရိုက်ခတ်လာပါက သူတို့သည် ချက်ချင်း အသားပုံ အဖြစ် ကြေမွသွားဖွယ် ရှိသည်။
"ကျားဘုရင် ဒါမှမဟုတ် ကျွန်တော်တို့ အရင် ဆုတ်ခွာကြရင်ရော"
တစ္ဆေမီးဝံပုလွေသည် လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားခဲ့သည်။ သူသည် နောက်သို့ အနည်းငယ် ဆုတ်သွားပြီး နဂါးအားသတိကြီးစွာ ကြည့်နေသည်။ နဂါးနတ်ဘုရား၏ ခြိမ်းခြောက်နိုင်စွမ်းသည် တကယ့်ကိုဟန်ပြသက်သက်မဟုတ်ပေ။
ရေနဂါး သည် နတ်နဂါး အဖြစ် မပြောင်းလဲသေးသော်လည်း ဤမျှ အစွမ်းထက်နေပေရာ အကယ်၍ ၎င်းသည် တကယ် နတ်နဂါး အဖြစ် ပြောင်းလဲခဲ့ပါက ၎င်းတို့အား တစ်ချက်ကြည့်ရုံဖြင့် သေအောင် ကြောက်လန့်စေနိုင်ဖွယ် ရှိသည်။
အဆင့်နိမ့် ထူးခြားသားရဲ အမြောက်အမြားသည် ကြောက်လန့်တကြား မြေပေါ် သို့လဲကျသွားကြသည်။ ၎င်းတို့၏ နားရွက်များမှာ ကုပ်နေပြီး ကြောက်ရွံ့စွာဖြင့် တအီအီအော်ဟစ်နေကြသည်။ သူတို့၏ ခွန်အားအဆင့်သည် လုံးဝမတူညီပေ။ အကယ်၍ သူတို့သည် အတင်းအကြပ် တိုက်ခိုက်ခဲ့ပါက သူတို့ကို အလွန် ဆိုးရွားစွာအဆုံးသတ်ရမည်မှာသေချာပေသည်။
"အားလုံး ငရဲကို သွားလိုက်တော့"
မုန်တိုင်း၏ သမီးတော် ဂျက်စမင်သည် ချက်ချင်းပင် အားရပါးရ ပြုံးလိုက်သည်။ သူမသည် သူမ ဖန်တီးခဲ့သော ဆူနာမီကြောင့် သေးပင်ထွက်ကျမတတ်ကြောက်လန့်နေသော မြေပြင်ပေါ်ရှိ ထူးခြားသားရဲများအား အေးစက်သောအမူအရာဖြင့် ကြည့်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင်ဂျက်စမင်၏ မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းရပ်တန့်သွားခဲ့ပြီး ဟာရီကိန်း ကျားဘုရင်အား ထိတ်လန့်စွာ ကြည့်လိုက်သည်။ ရုတ်တရက် ၎င်းသည် မြေပြင်ပေါ်သို့ ခြေတစ်ဖက်ဖြင့် နင်းလိုက်ပြီး သူမရှိရာသို့ လျင်မြန်စွာ ခုန်ဝင်လာခဲ့သည်။
"ကျားဘုရင်"
တစ္ဆေမီးဝံပုလွေသည် ဤမြင်ကွင်းကြောင့် လုံးဝ ထိတ်လန့်သွားခဲ့သည်။
သူသည် ကျားဘုရင်အား ပြန်ခေါ်ရန် ကြိုးစားသော်လည်း နောက်ကျသွားပြီဖြစ်သည်။
ကျားဘုရင် ၏ ခန္ဓာကိုယ်တသည် လေးမှပစ်လွှတ်လိုက်သော မြှား တစ်စင်းကဲ့သို့ ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။
ထူးခြားသားရဲအမြောက်အမြားလည်း ဤမြင်ကွင်းကြောင့် အလွန် ထိတ်လန့်သွားကြသည်။ သူတို့၏ မျက်နှာများသည် ထိတ်လန့်မှုများ ဖြင့် ပြည့်နှက်နေသည်။ သူတို့၏ ခေါင်းဆောင် ကျားဘုရင် သည် စကားတစ်ခွန်းမျှ မပြောဘဲ ဤမျှ ရဲရင့်စွာ ရှေ့တက်ကာတိုက်ခိုက်လိမ့်မည်ဟု ဘယ်တုန်းကမှမထင်ခဲ့ကြပေ။
သို့သော် ဟာရီကိန်း ကျားဘုရင် သည် ရေနဂါးအားတကယ်ပင် အနိုင်ယူနိုင်ပါ့မလား။ ထူးခြားသားရဲများစွာသည်တည်ငြိမ်သွားပြီးနောက် သူတို့၏စိတ်ထဲတွင် ယုံကြည်မှု သိပ်မရှိတော့ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ထိုအချိန်တွင် လေထဲတွင် ပျံဝဲနေသော မုန်တိုင်း၏ သမီးတော် ဂျက်စမင် သည်လည်း သူမထံသို့ ပြေးဝင်လာနေသော ဟာရီကိန်း ကျားဘုရင် ကို မြင်လိုက်ရပြီး ထိတ်လန့်သွားခဲ့သည်။
သူမသည် ဟာရီကိန်း ကျားဘုရင် နှင့် ၎င်း၏ လက်အောက်ခံများသည် သူမ၏ ကြီးမားသော ခြိမ်းခြောက်နိုင်စွမ်း ကြောင့် အလွန်ကြောက်လန့်သွားပြီး မတွန်းလှန်ရဲတော့ဘဲ နာခံစွာ အရှုံးပေးမည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းဘက်မှ သူမအား စတင်တိုက်ခိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
....................................................................................
အခန်း (၈၀၅) ပြီးပါပြီ။
အခန်း (၈၀၆) : ငယ်ရွယ်သောဂျက်စမင်
မုန်တိုင်းသမီးတော်ဂျက်စမင် ၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။ ဤအချိန်တွင် သူမထံ၌နောက်ဆုတ်ရန် အခွင့်အရေး မရှိတော့ပေရာ စွမ်းအားကြီးသောမုန်တိုင်းနှင့် ဆူနာမီတို့အားဖန်တီးလိုက်သည်။
ကျားဘုရင်က အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏ မျက်လုံးများက လှောင်ပြုံးများဖြင့် ပြည့်နှက်နေသည်။ တခြားသူများက သူ စိတ်ဆန္ဒအတိုင်း ပြုမူသည်ဟု ထင်ကြသော်လည်း သူတစ်ဦးတည်းသာ အမှန်ကို သိသည်။
"ဒီရတနာသာ မရှိရင် ငါဂျက်စမင်ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရလိမ့်မယ် ဒါပေမဲ့..."
ကျားဘုရင်မှာ လှောင်ပြုံးပြုံးလိုက်ပြီး ပါးစပ်ထဲမှ ကြီးမားသော အလုံးတစ်ခုအား ထွေးထုတ်လိုက်သည်။ ထိုအလုံးသည် ဆန်းကြယ်သော အာကာသ စွမ်းအားဖြင့် စုစည်းထားပြီး အလွန်စွမ်းအားကြီးသည်။ ၎င်းပေါ်လာသည်နှင့်ချက်ချင်းပင် ပတ်ဝန်းကျင်ရှိလေဟာနယ်မှာတုန်ခါလာပြီး နယ်မြေအားထိန်းချုပ်နိုင်သည့် ထူးဆန်းသော စွမ်းအားတစ်ခု ပျံ့နှံ့သွားခဲ့ကာ ချက်ချင်းဆိုသလိုပင် အဆုံးမဲ့ ဆူနာမီနှင့် မုန်တိုင်းတို့ မှာရပ်တန့်သွားခဲ့သည်။
မုန်တိုင်း၏သမီးတော် ဂျက်စမင်၏ မျက်နှာအမူအရာမှာ သိသိသာသာပြောင်းလဲသွားခဲ့သည်။ ကျားဘုရင်၏ ပါးစပ်ထဲရှိ ပုလဲကို ကြည့်ရင်း သူမ ချက်ချင်းပင် ကြောက်ရွံ့သွားခဲ့သည်။
"ဒါ...ဒါက စိတ်ဝိဉာဥ်ပုလဲပဲ ရှင်..ရှင်ဒါကို ဘယ်လိုရခဲ့တာလဲ"
သူမ ကြောက်လန့်တကြား အော်ဟစ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ ပညာရှင်များကြား တိုက်ပွဲတွင် တစ်စက္ကန့်မျှ အချိန်သည်ပင် အနိုင်အရှုံးကို ဆုံးဖြတ်နိုင်သည်။
ကျားဘုရင်သည် ချက်ချင်းပင်ခုန်အုပ်လိုက်ပြီး စွမ်းအားကြီးသော လျှပ်စီးစွမ်းအားဖွဲ့စည်းကာ မုန်တိုင်း၏သမီးတော် ဂျက်စမင်အား ချက်ချင်းတိုက်ခိုက်လိုက်သည်။ မိုးကြိုး စွမ်းအားသည် ကျားဘုရင်၏ အမြင့်ဆုံးသိုင်းဖြစ်သည်။ ထိုသိုင်းအား အသုံးပြုလိုက်သည့်အခါဂျက်စမင်အား သေစေနိုင်သည့်တိုက်ခိုက်မှုမျိုးဖြင့် တိုက်ခိုက်လိုက်သကဲ့သို့ ခံစားရစေသည်။
သူမသည် သွေးအန်လိုက်ရပြီး သူမ၏ ကြီးမားသောခန္ဓာကိုယ်ကြီးမှာ နောက်သို့ လွင့်စင်သွားခဲ့သည်။ သူမ၏ မူလကိုယ်ခန္ဓာကို ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိတော့ဘဲကလေးမလေးတစ်ယောက်၏ အရွယ်အစားသို့ ပြောင်းလဲသွားခဲ့သည်။
"ဟမ့် ငါနဲ့တိုက်ဖို့အတွက်ဆို ဂျက်စမင်မင်းက ငယ်လွန်းသေးတယ် မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ် ပထမတစ်ခုက အသက်သစ်သီး အကြောင်း ငါ့ကို ပြောပြ ဒုတိယတစ်ခုကသေ"
ကျားဘုရင်၏စကားဆုံးသည်နှင့် ကျိုးဟောင် နှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားခဲ့သည်။
"အသက်သစ်သီးလား"
ကျိုးဟောင်တို့အဖွဲ့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အားလုံး၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုကို မြင်လိုက်ရသည်။
"ဒီ နဂါးမလေးက အသက်သစ်သီးအကြောင်း တကယ်သိတာပဲ ငါတို့ ဘာလုပ်သင့်လဲ တိုက်ခိုက်သင့်လား"
ကျိုးဟောင်မှာ တုံ့ဆိုင်းနေသည်။ ဤသည်မှာ အခွင့်အရေးတစ်ခုဖြစ်သည်။ သူတို့သည် ဤနေရာနှင့် မရင်းနှီးသလို အသက်သစ်သီးနှင့်ပတ်သက်သော အချက်အလက်များသည်လည်း မတိကျပေ။ ယခု အချက်အလက်များ ရရှိလာသဖြင့် သူတို့ လေ့လာရမည်မှာ သဘာဝပင်။
"တိုက်ကြမယ်"
လင်းထျန် သည် ချက်ချင်းပင်ပြောလိုက်သည်။ ဤသည်မှာအခွင့်အရေးဖြစ်သည်။
"ဟုတ်တယ် ဘယ်သူကဂရုစိုက်လို့လဲ အဆိုးဆုံးမှ ငါတို့ လမ်းဖောက်ပြီး ထွက်သွားရုံပဲ"
ကျိယောင်ယွဲ့မှထပ်ပြောလိုက်သည်။
ကျိုးဟောင်မှာ ခေါင်းညိတ်လိုက်ပြီး ပြိုင်ဘက်၏ တိုက်ခိုက်ရေးစွမ်းရည်ကို အကဲဖြတ်လိုက်သည်။ ကျားဘုရင်ဘက်တွင် အရေအတွက်အားဖြင့် အသာစီးရသော်လည်း ဂျက်စမင်ဘက်မှာလည်း အတူတူပင်ဖြစ်သည်။
ထိပ်တန်းတိုက်ခိုက်ရေးစွမ်းရည်အရသာ ဂျက်စမင် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။ သူတို့သာ ဂျက်စမင်အားကယ်တင်ပြီး လုံနတ်ဘုရားစစ်သင်္ဘော ဖြင့် ထွက်ပြေးနိုင်ပါက မဖြစ်နိုင်သည် မဟုတ်ပေ။
ထို့အပြင် ကျိယောင်ယွဲ့နှင့် လင်းထျန်တို့လည်း ရှိနေပေသည်။ ၎င်းတို့နှစ်ဦးက ကာကွယ်ပေးပါက ကျိုးဟောင်မှာ ကယ်ဆယ်ရာတွင် အောင်မြင်နိုင်မည်မှာ သေချာပေသည်။
ထိုသို့ စဉ်းစားပြီးနောက် ကျိုးဟောင်သည် တိုက်ပွဲအစီအစဉ်ကို ရှင်းပြပြီးနောက် လုံနတ်ဘုရားစစ်သင်္ဘောအား တိုက်ပွဲဗဟိုဆီသို့ ဦးတည်မောင်းနှင်လိုက်သည်။
ဤအချိန်တွင် မုန်တိုင်း၏သမီးတော် ဂျက်စမင်သည် အလွန်ဒေါသထွက်နေခဲ့သည်။ ဤကျားဘုရင်တွင် ထိုသို့သော အကွက်တစ်ခု ရှိနေမည်ဟု သူမ လုံးဝမထင်ထားခဲ့ပေ။
"နတ်ဘုရား လျှို့ဝှက်ချက်မဟာမိတ် ရဲ့ စိတ်ဝိဉာဥ်ပုလဲက ရှင့်လက်ထဲ ဘာလို့ ရောက်နေရတာလဲ"
ဂျက်စမင်မှာ ကျားဘုရင်အား ဒေါသတကြီး မေးလိုက်သည်။
"ဟားဟားဟား ဒါက မင်းတို့ နဂါးတွေက ကိုယ့်ကိုယ်ကို မြင့်မြတ်တယ်လို့ ထင်နေလို့ပဲမဟုတ်ဘူးလား ဂျက်စမင်ငါတို့ နှစ်ပေါင်းများစွာ ရင်ဆိုင်လာခဲ့တာမို့ ငါ မင်းကို အမှန်အတိုင်း ပြောပြလို့ရတယ် နတ်ဘုရား လျှို့ဝှက်ချက်မဟာမိတ်က မင်းတို့ကို အရေးယူဖို့ စီစဉ်နေပြီ ဒီလိုမှ မဟုတ်ရင် ငါ ဒီကို ဘာလို့ ရောက်နေတယ်လို့ မင်းထင်လဲ"
ကျားဘုရင်သည် နောက်ဆုံးတွင် သူ၏ မြေခွေးမြီးကို ထုတ်ပြလိုက်ပြီး မာန်မာနကြီးစွာ ပြောလိုက်သည်။ တိုက်ပွဲရလဒ်ကို ဆုံးဖြတ်ပြီးပြီ ဖြစ်သောကြောင့် နှစ်ဖက်စလုံးမှ သားရဲများလည်း တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းလိုက်ကြသည်။
"ဟမ့် ရှင် ကျွန်မဆီက အသက်သစ်သီးရဲ့ တည်နေရာကို ရချင်တာလား အိပ်မက်မက်နေလိုက်"
ဂျက်စမင်၏ မျက်လုံးများတွင်ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။ ကျားဘုရင်မှာ ထိုစကားကို ကြားသောအခါ အေးစက်စက် နှာမှုတ်လိုက်သည်။
"မင်း ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ငါ ဂရုမစိုက်ဘူး ငါ မင်းကို နတ်ဘုရား လျှို့ဝှက်ချက်မဟာမိတ်လက်ထဲ အပ်ဖို့ပဲ လိုတယ်"
ထိုသို့ ပြောဆိုရင်း ကျားဘုရင်မှာလှုပ်ရှားရန်ပြင်လိုက်သည်။ သို့သော်ထိုအချိန်တွင် ပူပြင်းသော မီးတောက်တစ်ခုနှင့် ချွန်ထက်သော လှံရောင်ခြည်တစ်ခု ထွက်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်နှင့် မမျှတသော စွမ်းအားကို သယ်ဆောင်ထားသည့် သေးငယ်သော ပုံသဏ္ဌာန် နှစ်ခု ရောက်ရှိလာခဲ့သည်။
ကျားဘုရင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး လှည့်ကြည့်လိုက်သည်။ အဝေးမှ ပုံရိပ်သုံးခု ချဉ်းကပ်လာခဲ့သည်။ တစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး ကျန်နှစ်ဦးမှာ အမျိုးသား ဖြစ်သည်။ ၎င်းတို့သည် သူ့အားတိုက်ရိုက်တိုက်ခိုက်လိုက်ကြသည်။
"အပြင်လူပဲ သူတော်စင်ဘုံအဆင့်ပညာရှင်"
ကျားဘုရင်၏ ကြီးမားသော မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားခဲ့သည်။ ထို့နောက် သူသည်အေးစက်စက် နှာမှုတ်လိုက်ပြီးနောက် အားကောင်းသော စွမ်းအားတစ်ခုပေါက်ကွဲထွက်လာခဲ့သည်။
သူ၏ ခွန်အားသည် ကျိယောင်ယွဲ့နှင့် လင်းထျန်တို့ထက် သာလွန်သည်မှာ သေချာသော်လည်း ထိုနှစ်ဦးသည် သူနှင့် အချိန်မဖြုန်းမည်မှာ သေချာပေသည်။ သူတို့၏ ရည်မှန်းချက်မှာ ရိုးရှင်းသည်။ ၎င်းတို့သည် ကျိုးဟောင်အတွက် အခွင့်အရေး ဖန်တီးပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။
ကျိုးဟောင်၏ မျက်လုံးများမှာတောက်ပလာသည်။ ကျားဘုရင် ခေတ္တသတိလွတ်သွားသည့် အခွင့်အရေးကို ယူကာ သူသည်ငှက်မွေးတစ်ထောင်ချပ်ဝတ်၏ နေရာကူးပြောင်းရေးစွမ်းရည်အားသုံးပြီး ချက်ချင်းပင် ဂျက်စမင်၏ ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် သူမ သဘောတူ မတူအား ဂရုမစိုက်ဘဲ သူမကို ပခုံးပေါ် ထမ်းတင်လိုက်ကာ ဗုံးအမြောက်အမြားကို ထုတ်ယူကာ ကြုံသလိုပစ်ချပြီး လှည့်ထွက်သွားခဲ့သည်။ ကျိယောင်ယွဲ့နှင့် လင်းထျန်တို့သည်လည်းအားကုန်တိုက်ခိုက်ပြီးနောက် ဆုတ်ခွာလာခဲ့ကြသည်။
ထိုသုံးဦးစလုံးသည် တစ်ချိန်တည်းမှာပင် လုံနတ်ဘုရားစစ်သင်္ဘောဆီသို့ ပြန်လာကြပြီး နောက်တစ်စက္ကန့်တွင် စစ်သင်္ဘောသည် အလွန်လျင်မြန်သည့်အမြန်နှုန်းဖြင့် ထွက်ခွာသွားခဲ့သည်။ ထိုမျှသာမက ကျိုးဟောင်သည် အငွေ့အသက်များကိုပါ ဖုံးကွယ်လိုက်ပေရာ မျက်စိတစ်မှိတ်အတွင်း လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
တကယ်ပင်တိတ်တဆိတ်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ ကျားဘုရင်၏ ငယ်သားများသာမက ဂျက်စမင်၏ ငယ်သားများပါ မည်သူမျှ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။ ဤအတောအတွင်း ကျိုးဟောင်နှင့် အခြားသူများသည် ထွက်ခွာသွားခဲ့ပြီးပြီဖြစ်သည်။
"ဝေါင်း"
ကျားဘုရင်သည် ထိုအချိန်တွင် အသိပြန်ဝင်လာပြီး ကောင်းကင်သို့ မော့ကာအော်ဟစ်လိုက်ကာ အလွန်အမင်း ဒေါသထွက်နေခဲ့သည်။
"လိုက်ကြစမ်း မြေကြီး သုံးပေတူးရမယ်ဆိုရင်တောင် သူတို့ကို ရှာရမယ်"
သူ့ နယ်မြေတွင် သူ၏ ပါးစပ်နားမှအသားအား လာရောက်လုယူဝံ့သူ ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဤလုပ်ရပ်သည်ကိုယ့်သေတွင်းကိုယ်တူးခြင်းသာဖြစ်သည်။
လုံနတ်ဘုရားစစ်သင်္ဘောအတွင်းတွင် လူသားပုံစံသို့ ပြောင်းလဲထားသော ဂျက်စမင်သည် ကလေးမလေးတစ်ဦးနှင့်တူပေသည်။ သူမ၏ ခေါင်းပေါ်တွင် ချိုများရှိပြီး နောက်ဘက်တွင် အမြီးတစ်ခုရှိနေပြီး အလွန်ချစ်စဖွယ်ကောင်းပေသည်။
သို့သော် သူမ၏ အပြာရောင် မျက်လုံးများသည် အေးစက်ပြီး အလွန်နိုးကြားနေကာ ကျိုးဟောင်နှင့် အခြားနှစ်ဦးအား ကြည့်နေခဲ့သည်။ သူမ၏ကျင့်ကြံမှုအဆင့်သည် သိသိသာသာ ကျဆင်းသွားခဲ့သည်။
သူမသည် သူတော်စင်ဘုံအဆင့်တွင် ရှိနေဆဲ ဖြစ်သော်လည်း တကယ်တမ်းသူတို့ တိုက်ခိုက်မည်ဆိုပါက ကျိုးဟောင်တို့အဖွဲ့အား အနိုင်ယူနိုင်မည် မဟုတ်ပေ။ သူမသည် ထိုသုံးဦး၏ အတွေးကို မသိသောကြောင့် ရဲရဲတင်းတင်း လုပ်ဆောင်ခြင်း မရှိပေ။
"တွေ့ရတာဝမ်းသာပါတယ် ငါက ပြင်ပအာကာသက လူသားတစ်ယောက်ပါ ငါ့နာမည် ကျိုးဟောင် မင်းက အသက်သစ်သီးရဲ့ တည်နေရာကို သိတယ်လို့ ကျားဘုရင်က ခုနက ပြောသွားတယ် အဲဒီအကြောင်း ငါ့ကို ပြောပြလို့ရမလား"
ကျိုးဟောင်သည် သူလာရသည့် ရည်ရွယ်ချက်အားတိုက်ရိုက် ပြောပြလိုက်သည်။ ထိုစကားကို ကြားသောအခါ ဂျက်စမင်၏ မျက်လုံးများ မကျေနပ်မှု၊ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်သွားပြီး ချက်ချင်း နားလည်လိုက်သည်။
"ဒါဆို ရှင်တို့က ကျွန်မကိုပြန်ပေးဆွဲပြီးရှင်တို့အတွက် အသက်သစ်သီးကို ရှာခိုင်းချင်တာပေါ့ ဟမ့် ရှင်တို့က တကယ်ပဲ မြွေနဲ့ကြွက် အဖွဲ့ပဲ အကုန်ဘယ်သူမှ မကောင်းဘူး"
သူမသည် အေးစက်စက် နှာမှုတ်လိုက်ပြီး ခေါင်းလှည့်သွားခဲ့သည်။ ကလေးမလေးတစ်ဦးအနေဖြင့် သူမသည် အမှန်တကယ်ပင် အလွန်ချစ်စရာကောင်းပေရာ သူမကို ဒေါသထွက်ဖို့ပင် ခက်ခဲလှပေသည်။
"အမ်... ငါတို့ ကိုယ်ကျိုးအတွက် မင်းကိုကယ်ခဲ့တာ ဝန်ခံပါတယ် ဒါပေမဲ့ ငါတို့က မင်းကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး ငါတို့ မင်းရဲ့ အကူအညီကိုပဲ လိုတာပါ"
ကျိုးဟောင်သည် ဘာပြောရမှန်း မသိဖြစ်သွားခဲ့သည်။
"အကူအညီလား ရှင်တို့က အကူအညီ တောင်းနေတာလား ရှင်တို့ လူသားတွေက တကယ်ဉာဏ်များတာပဲ ရှင်တို့ကျွန်မကိုကို ကယ်တင်လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ အသက်သစ်သီးကို ရှာပေးမယ်လို့ရှင်တို့ ထင်နေတာလား တွေးတာလွန်သွားပြီ အရှုံးပေးမဲ့အစားသေလိုက်တာကမှ ပိုကောင်းဦးမယ်"
ဂျက်စမင်မှ ချက်ချင်း ပြောလိုက်ရာ ကျိုးဟောင်မှာ ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။
"ဟမ့် စွမ်းအားကြီးတဲ့တဲ့ ကောင်မလေးပဲ ငါတို့မင်းကို ကျားဘုရင်လက်ထဲ ပြန်အပ်လိုက်မယ်ဆိုတာ မင်းယုံလား"
ကျိယောင်ယွဲ့သည် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်သည်။
....................................................................................
အခန်း (၈၀၆) ပြီးပါပြီ။
အခန်း (၈၀၇) : နဂါးခြင်ဆီ
ကျိယောင်ယွဲ့၏ စကားကို ကြားသောအခါ ဂျက်စမင်သည် ပို၍ပင် ဒေါသထွက်သွားခဲ့သည်။ ထို့နောက်သူမသည် ခါးထောက်ကာပြောလိုက်သည်။
"ဒါဆိုရင် ကျွန်မကိုလက်လွှဲပေးလိုက်လေ အဲလိုလုပ်ရင် ရှင်တို့ ဘယ်တော့မှ အသက်သစ်သီးရဲ့ ရှိတဲ့နေရာကို သိတော့မှာ မဟုတ်ဘူး"
သူမဟာ ခြိမ်းခြောက်လို့ရသောလူမျိုးမဟုတ်ပေ။ ယခုအချိန်တွင် ဘာမှ မလုပ်နိုင်သောကလေးမလေးလို ဖြစ်နေသော်ငြား မူပုံစံကို ပြန်ပြောင်းသွားပါက သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူတို့သုံးယောက်ကိုပါ ရင်ဆိုင်နိုင်လောက်သည်အထိ အားကောင်းတယ်ပေသည်။
"ဟူး ထားလိုက်ပါတော့ မပြောချင်ဘူးဆိုရင်လည်း မပြောပါနဲ့ ငါတို့ ကိုယ့်ဘာသာပဲရှာလိုက်မယ်"
ကျိုးဟောင်မှာ စိတ်ပျက်အားငယ်သွားခဲ့သည်။ သူမအား အတင်းအကျပ် ဝန်ခံခိုင်းချင်သော်ငြား ဤကလေးမလေးမှာ အလွန်ချစ်စရာကောင်းနေတာကြောင့် ကျိုးဟောင်ရဲ့ လူသားဆန်တဲ့ စိတ်နှလုံးမှာ မမာနိုင်ပေ။ သူ ထိုသို့ မလုပ်နိုင်ပေ။
လင်းထျန်ပင်လျှင် ခါးသီးသော မျက်နှာအမူအရာဖြင့် ဤကလေးမလေးအားမည်သို့ကိုင်တွယ်ရမလဲ မသိဖြစ်နေခဲ့သည်။ ကျိယောင်ယွဲ့မှာတော့ အေးစက်စွာ နှာမှုတ်လိုက်ပြီး သူမကို လျစ်လျူရှုထားလိုက်သည်။
"ငါတို့ ဘာလုပ်သင့်လဲ သူက ဘာမှ မပြောဘူး ငါတို့မှာလည်း သဲလွန်စမရှိဘူး နောက်တစ်ဆင့်အနေနဲ့ ဘာဆက်လုပ်သင့်လဲ"
လင်းထျန်သည် အလွန်အေးဆေးစွာ ပြောလိုက်သည်။
"သဲလွန်စမရှိရင်လည်း ကျွန်တော်တို့ ရှာရမှာပေါ့ နတ်ဘုရား လျှို့ဝှက်ချက်မဟာမိတ်အဖွဲ့ကလည်း အသက်သစ်သီးကို ရှာနေတယ် သူတို့ တစ်ခုခု သိကောင်းသိနိုင်တယ် နတ်ဘုရား လျှို့ဝှက်ချက်မဟာမိတ်ဆီ သွားကြည့်ရင်ရော"
ကျိုးဟောင်မှာ အကြံပြုလိုက်သည်။
သို့သော် သူ့စကားဆုံးပြီးနောက် ကလေးအရွယ်ဂျက်စမင်မှာနှာမှုတ်လိုက်သည်။
"ရှင်တို့ တကယ်ပဲ သေရမှာကို မကြောက်ဘူးပဲ နတ်ဘုရားလျှို့ဝှက်ချက် မဟာမိတ်ဆီ သွားချင်သေးတယ် ရှင်တို့လိုသူတော်စင်ဘုံအဆင့်လူ ၃ယောက်ကို သူ့လက်တစ်ဖက်တည်းနဲ့ သတ်လို့ရတယ်"
သူမရဲ့၏ညှာတာမှုမရှိသော လှောင်ပြောင်မှုကြောင့် ကျိုးဟောင်တို့အဖွဲ့၏မျက်နှာများမှာ မည်းမှောင်သွားခဲ့သည်။
"သေရမယ်ဆိုရင်တောင် ကြိုးစားရမှာပဲ ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ"
ကျိုးဟောင်မှာ တည်ကြည်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကလေးမလေးသည် မျက်တောင်ခတ်လိုက်သော်လည်း ဘာမှ မပြောဘဲ သက်သောင့်သက်သာရှိသော နေရာကို ရှာပြီး ထိုင်ချလိုက်သည်။
"ကလေးမလေး မင်းအန္တရာယ်ကင်းသွားပြီဆိုတော့ ထွက်သွားသင့်ပြီလေ ဘာလို့ ဒီမှာ ဆက်နေသေးတာလဲ"
ကျိုးဟောင်မှာ သူမ၏ပုံစံကို ကြည့်လိုက်ရာ ချက်ချင်း ဒေါသထွက်သွားသည်။
"အန္တရာယ် မရှိဘူးလို့ ဘယ်သူပြောလဲ ကျားဘုရင်နဲ့ တခြားသူတွေက ကျွန်မကို တစ်ဂြိုဟ်လုံး လိုက်ရှာနေမှာ သေချာတယ် ဒီနေရာက အရမ်း လုံခြုံနေတော့ ကျွန်မရှင်တို့နဲ့ လိုက်ရမှာပေါ့"
ကလေးမလေးဂျက်စမင်မှာ ကျိုးဟောင်အား မျက်စောင်းလှန်ထိုးရင်းပြောလိုက်သည်။ ထိုအကြည့်မှာ ကျိုးဟောင်အား အလွန် ဒေါသဖြစ်စေခဲ့သည်။
ကျိုးဟောင်မှာ စိတ်ပျက်အားငယ်ပြီး အကူအညီမဲ့နေခဲ့သည်။ ယခုလို ရလဒ်ဖြစ်မယ်မှန်းသိပါက ကျိုးဟောင်သူမအား ကယ်တင်ခဲ့မည်မဟုတ်ပေ။ ဤနေရာသည် အန္တရာယ်များဖြင့်ပြည့်နေသောကြောင့် ကျိုးဟောင်တို့အဖွဲ့မှာ ရဲရဲတင်းတင်း လုပ်ဆောင်ရဲခြင်း မရှိပေ။
ထို့ကြောင့် သူတို့သည် နေရာတစ်ခု ရှာပြီး ပုန်းအောင်းလိုက်ကြသည်။ ထို့နောက် သတင်းအချက်အလက်များကို ထုတ်ယူကာ စတင် ဖတ်ရှုကြတော့သည်။ သူတို့ သုံးဦးသည် နောက်တစ်ဆင့်အနေဖြင့် မည်သို့ဆက်လုပ်ရမလဲဆိုတာကို စတင် ဆွေးနွေးကြပြီးနောက် မြို့တစ်မြို့ဆီသို့ ဦးတည်သွားခဲ့ကြသည်။
"ဒီနေရာက နတ်ဘုရားလျှို့ဝှက်ချက်မဟာမိတ်အဖွဲ့ရဲ့ ပိုင်နက်ပဲ သတင်းအချက်အလက်တွေ စုဆောင်းဖို့ ဟန်ဆောင်ပြီးဝင်သွားဖို့က ပြဿနာမရှိလောက်ဘူး"
ကျိုးဟောင်သည် ငှက်မွေးတစ်ထောင်ချပ်ဝတ်အား မြို့ပြင်တွင်ပုန်းခိုင်းပြီး သူတို့ သုံးဦးမှာ အာကာသယာဉ်ပေါ်မှ ဆင်းလိုက်ကြသည်။ ဂျက်စမင်သည်လည်း ခုန်ဆင်းလာပြီး သူတို့နောက်ကို လိုက်လာခဲ့သည်။
"ကလေးမလေး ငါတို့ ဒီရောက်နေပြီ မင်း ဘာလို့ ငါတို့နောက် လိုက်နေသေးတာလဲ"
ကျိုးဟောင်မှာပြောစရာစကားမရှိဖြစ်သွားခဲ့သည်။
"ကျွန်မ လိုက်ချင်တဲ့သူနောက် လိုက်မယ် ရှင်နဲ့မဆိုင်ဘူး"
ကလေးမလေးဂျက်စမင်မှာ နှာမှုတ်ကာပြောလိုက်ပေရာ ထိုအမူအရာမှာ တကယ် စိတ်တိုစရာကောင်းပေသည်။ သို့သော် ကျိုးဟောင်သည်မျက်တောင်ခတ်ကာ လင်းထျန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး နှစ်ဦးစလုံး တစ်ယောက်၏ အတွေးကို တစ်ယောက် သိလိုက်ကြသည်။
သူမသည် မည်သည့်သဲလွန်စမှ မထုတ်ဖော်ခဲ့သော်ငြား သူမ နောက်လိုက်ခြင်းသည် အကျိုးကျေးဇူးပဲ ရှိပြီးဆုတ်ယုတ်မှုမရှိပေ။ အကြောင်းမှာ သူတို့၏လုံခြုံရေးက သူမနှင့်ဆက်စပ်နေ၍ဖြစ်သည်။ သူတို့ အန္တရာယ်ကြုံရင် သူမပါ အန္တရာယ်ကြုံမည်ဖြစ်သည်။ ထို့ကြောင့် သူမသည်ယခုလိုဖြစ်ခွင့်ပြုမည်မဟုတ်ပေ။
"ကောင်းပြီ၊ ဒါဆိုမင်း လိုက်ခဲ့လို့ ရတယ် ဒါပေမဲ့ငါတို့ ဒီနေရာကို မရင်းနှီးတော့ လမ်းပြပေးဖို့ မင်းကို လိုအပ်လိမ့်မယ်"
ကျိုးဟောင်မှာ ပြုံးပြီး ပြောလိုက်သည်။
"ဟွန့် ဟွန့်"
ဂျက်စမင်မှာ ကျိုးဟောင်အား မျက်စောင်းလှန်ထိုးလိုက်ပြီး မည်သည့်စကားမှမပြောတော့ပေ။ ထို့နောက်သူတို့ လေးဦးဟန်ဆောင်ကာ မြို့ထဲ ဝင်သွားခဲ့ကြသည်။
"လူခွဲပြီး အသက်သစ်သီးရဲ့ တည်နေရာကို သေချာ ရှာကြမယ်"
ကျိုးဟောင်တို့အဖွဲ့သည် ခဏမျှ စဉ်းစားပြီးနောက် လူစုခွဲကာသွားလိုက်ကြသည်။ သို့သော်လည်း ကလေးမလေးဂျက်စမင်မှာ ကျိုးဟောင်နောက်ကို လိုက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"အသက်သစ်သီးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘယ်မှာစုံစမ်းလို့ရနိုင်မလဲ"
ကျိုးဟောင်မှာ မေးမြန်းကြည့်ရန်ကြိုးစားလိုက်သည်။
"အသက်သစ်သီးကို အဲဒီလောက် လွယ်လွယ် ရှာလို့ရတယ်လို့ ရှင်ထင်နေတာလား"
ကလေးမလေးဂျက်စမင်သည် စိတ်မရှည်ဘဲ ချက်ချင်း ပြောလိုက်သည်။ ကျိုးဟောင်မှာ အကူအညီမဲ့နေခဲ့သည်။ ဒီကောင်မလေးသည် အလွန်ဉာဏ်များပေသည်။ အသက်သစ်သီးနှင့်ပတ်သက်သည့်ကိစ္စဆိုပါက စကားတစ်ခွန်းမှ မပြောပေ။ ကျိုးဟောင်မှာ ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့သည်။
အကူအညီမဲ့စွာဖြင့် ကျိုးဟောင်သည် ထိုနေရာတစ်ဝိုက်တွင်သာ လှည့်လည်သွားလာနိုင်ခဲ့သည်။ သို့သော် နေရာများစွာကို သွားခဲ့သော်လည်း အသက်သစ်သီးနှင့်ပတ်သက်သည့် သတင်းအားတစ်ခုမှ မတွေ့ရပေ။
နေ့လယ်ခင်း တစ်ခုလုံး သဲလွန်စ မရဘဲ ဖြစ်နေသောကြောင့် ကျိုးဟောင်မှာ ပို၍ စိုးရိမ်လာခဲ့သည်။ အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ သူတို့၏ အချိန်သည်လည်း လျော့နည်းလာပေသည်။ ဤသည်မှာ သူတို့အတွက် ကောင်းမွန်သောအခြေနေတစ်ခုမဟုတ်ပေ။
ကျိုးဟောင် စိတ်ဓာတ်ကျနေစဉ်တွင် ဂျက်စမင်မှာ ရုတ်တရက် ကျိုးဟောင်အားကြည့်လိုက်ပြီး မေးလိုက်သည်။
"ရှင် အသက်သစ်သီးရဲ့ တည်နေရာကို တကယ်သိချင်တယ်ဆိုရင် ဘာအတွက် လိုအပ်တာလဲ"
"ငါ့ အိမ်အတွက်"
ကျိုးဟောင်မှာ မစဥ်းစားဘဲ ဖြေလိုက်သည်။ ထိုစကားမှာ ဂျက်စမင်အား တုန်လှုပ်သွားစေခဲ့သည်။
"မွေးရပ်မြေ အသက်သစ်သီးက တန်ဖိုးရှိပေမယ့် အဲဒီလို အာနိသင်မျိုးတော့မရှိဘူး မလား"
"ငါတို့ ဂြိုဟ်မှာငါတို့ကို ကာကွယ်ပေးမယ့် ပညာရှင် မရှိဘူး အခု ငါတို့က ရန်သူကြီးကို ရင်ဆိုင်နေရတယ် အသက်သစ်သီးကို ရမှသာ အဲဒီပညာရှင်က ငါတို့ကို ကာကွယ်ပေးမှာ မဟုတ်ရင်တော့ သေရမှာ သေချာတယ်"
ကျိုးဟောင် ထိုစကားကို ပြောလိုက်ပြီးနောက် ကလေးမလေးသည် ခဏမျှ တုန်လှုပ်သွားခဲ့သည်။ ကျိုးဟောင်တို့အဖွဲ့မှာ ဤပစ္စည်းအားအသုံးချပြီးချမ်းသာဖို့ ကြိုးစားနေသည်ဟု သူမထင်ထားခဲ့ခြင်းဖြစ်သည်။ ထိုမျှလောက် အရေးကြီးလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ"
"ရှင်တို့ရဲ့ ခံစားချက်ကို ကျွန်မနားလည်ပေမယ့် မျှော်လင့်ချက်က အရမ်းနည်းတယ်လို့တော့ပြောရမှာပဲ"
ဂျက်စမင်မှာ ခေတ္တ စဉ်းစားပြီး ပြောလိုက်သည်။ သူတို့ အချင်းချင်း သိကျွမ်းခဲ့သည်မှာအချိန်မကြာသေးသော်ငြား ကျိုးဟောင်တို့သည်လူဆိုးများမဟုတ်ကြောင်း သူမခံစားမိပေသည်။
"ဘာကို ဆိုလိုတာလဲ"
ကျိုးဟောင်မှာ ထိုစကားအားကြားသောအခါ ရင်ထဲတွင် တလပ်လပ်တုန်လာခဲ့သည်။
"ရှင်တို့ ဒီနေရာကို နားမလည်ဘူး အသက်သစ်သီးက ဒီနေရာအတွက် အရမ်းထူးခြားတဲ့ အဓိပ္ပာယ်ရှိတယ် ဒီကို လာတဲ့ လူတိုင်း အသက်သစ်သီးကို ရချင်ကြတယ်လို့တောင် ပြောလို့ရတယ် ရှင်တို့က ပထမဆုံးလူ မဟုတ်သလို နောက်ဆုံးလူလည်း ဖြစ်လာမှာ မဟုတ်ဘူး"
ဂျက်စမင်မှာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ အသက်သစ်သီးကို ရဖို့က အရမ်းခက်တယ် အခုအချိန်အထိ ဆယ်လုံးကျော်လောက်ပဲ ခူးလို့ရသေးတာ သူတို့အကြောင်း ဒဏ္ဍာရီတွေ အများကြီး ရှိနေတော့ တစ်လုံးလောက်ဆိုပြီး ယူသွားဖို့မကြိုးစားနဲ့"
ဂျက်စမင်မှာ ကျိုးဟောင်အား လိမ်ညာနေခြင်း မဟုတ်ဘဲ အမှန်တရားကို ပြောပြနေခြင်း ဖြစ်သည်။
"ရှင် ယုံချင်ယုံ မယုံချင်နေ ဘာလို့လဲဆိုတော့ ကျွန်မလည်း အသက်သစ်သီးကို ရှာချင်တာပဲ"
ကျိုးဟောင်မှာ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမကို ကြည့်လိုက်သည်။
"ငါ မင်းကို မေးချင်တာက မင်း အသက်သစ်သီးအကြောင်း တစ်ခုခု သိလား" ဂျက်စမင်မှာ ရယ်လိုက်သည်။
"ရှင် ရူးနေတာလား ကျွန်မသိစရာ အကြောင်းမရှိဘူးပေါ့ ကျွန်မသိရင် အစောကြီးကတည်းက အဲဒါကိုရနေလောက်ပြီပေါ့"
"ဒါဆို ကျားဘုရင်ကမင်းသိတယ်လို့ ဘာလို့ ပြောတာလဲ"
ကျိုးဟောင်မှာအလွန် နားမလည်ဖြစ်နေခဲ့သည်။
"အဲဒါက နဂါးမျိုးနွယ်ဖြစ်တဲ့ ကျွန်မတို့က အသက်သစ်သီးကို စောင့်ရှောက်ဖို့ မွေးဖွားလာလို့ပဲ ပြီးတော့ဒီအသက်သစ်သီးရဲ့တကယ့်နာမည်ကဒါမဟုတ်ဘူး နဂါးခြင်ဆီပဲ"
ထိုစကားမှာ ကျိုးဟောင်အား တုန်လှုပ်သွားစေပြီး မယုံနိုင်ဖြစ်သွားခဲ့သည်။
"နဂါးခြင်ဆီလား"
ကျိုးဟောင်မှာ နားလည်ရခက်နေခဲ့သည်။ သူသည် ၎င်းအား သစ်ပင်မှ သီးသောအသီးဟုသာထင်နေခဲ့ပြီး နဂါးမျိုးနွယ်နှင့် ဆက်စပ်နေလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ပေ။
"ဟုတ်တယ် အဲဒါကလုံယွမ် ပဲ ကျွန်မသိတာ ဒါအကုန်ပဲ တခြားဘာမှ မသိဘူး"
ဂျက်စမင်မှာ သူမ၏ လက်များအားဖြန့်ကာ ချစ်စဖွယ် အမူအရာဖြင့် ပြောလိုက်သည်။
....................................................................................
အခန်း (၈၀၇) ပြီးပါပြီ။