← Chapters

အခန်း (၈၀၈-၈၁၀)

Vol. 54 Ch. 808-810

အခန်း (၈၀၈-၈၁၀)

Vol. 54 Ch. 808-810

အခန်း (၈၀၈) : နဂါးခြင်ဆီ တည်နေရာ

ကျိုးဟောင် ထိုစကားကို ကြားသောအခါ ချက်ချင်း စိတ်ဓာတ်ကျသွားခဲ့သည်။ သဲလွန်စအားလုံး ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။ နဂါးမျိုးနွယ်မှ ဂျက်စမင်ပင် လုံယွမ်အား မသိပါက သူ မည်သို့ သိနိုင်မည်နည်း။

"ဒါကြောင့်ပဲ ရှင်တို့ ရမှာမဟုတ်ဘူးလို့ ကျွန်မပြောခဲ့တာ တခြားနည်းလမ်း ရှာတာ ပိုကောင်းမယ်"

ဂျက်စမင်မှာ သူ့အားသိမ်းသွင်းရန် ကြိုးစားသော်လည်း ကျိုးဟောင်မှာ ခေါင်းယမ်းနေဆဲပင်ဖြစ်သည်။။

"မရဘူး ဒါကတစ်ခုတည်းသော နည်းလမ်းပဲ ငါ့မွေးရပ်မြေကို ကယ်ဖို့ တခြားနည်းလမ်း မရှိဘူး"

ဒီကိစ္စဟာ နဂါးမျိုးနွယ်နှင့် မည်မျှ ဆက်စပ်နေပါစေ မည်မျှခက်ခဲပါစေ ကျိုးဟောင် ကြိုးစားရမည်သာဖြစ်သည်။ သူတို့ ဒီဂြိုဟ်ပေါ် ရောက်နေပြီဆိုမှတော့ မြေကြီး သုံးပေတူးရမယ်ဆိုရင်တောင် ကျိုးဟောင် ရှာတွေ့အောင် လုပ်ရပေမည်။

ထိုစကားကို ကြားသောအခါ ဂျက်စမင်၏ မျက်လုံးများတွင် ထူးဆန်းသော အရောင်တစ်ခုဖျတ်ခနဲပေါ်လာခဲ့သည်။ သူမသည် စကားမပြောသော်လည်း သူမ၏ မျက်နှာအမူအရာမှာ ဤကိစ္စသည် ရိုးရှင်းသည် မဟုတ်ကြောင်း ပြသနေပေသည်။

မကြာမီပင် ကျိယောင်ယွဲ့ နှင့် အခြားသူများလည်း ပြန်ရောက်လာသည်။ သူတို့သည်လည်း ဘာသတင်းမှ မရခဲ့ပေ။ ရက်အနည်းငယ် ကြာမြင့်လာပြီဖြစ်ပြီး သဲလွန်စ တစ်ခုမှ မရှိသေးသောကြောင့် ကျိုးဟောင်တို့မှာ အနည်းငယ် စိုးရိမ်ပူပန်လာကြသည်။ သို့သော် ကျိုးဟောင် မျက်မှောင်ကြုတ်နေစဉ်တွင် ဖား မှာ ရုတ်တရက် နတ်ဘုရားအသိစိတ်ဖြင့် ကျိုးဟောင်နှင့် ဆက်သွယ်လိုက်သည်။

"ကျိုးဟောင် ဘာမှ မပြောနဲ့ ငါပြောတာ နားထောင်"

"ခုနက ကောင်မလေး ပြောသွားတဲ့ လုံယွမ်ကို ငါ သိပြီထင်တယ် ငါက အသက်သစ်သီးအကြောင်း သိပ်မသိပေမယ့် လုံယွမ်ဆိုရင်တော့ ငါ တစ်ခုခု သိကောင်းသိနိုင်တယ်"

ကျိုးဟောင်မှာ ထိုစကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားသည်။ သို့သော် သူသည်ချက်ချင်းပင် ဘာမှ မဖြစ်သလို ဟန်ဆောင်ပြီး သူ၏ ဝိညာဉ်စွမ်းအားဖြင့် ဖားနှင့် ဆက်သွယ်လိုက်သည်။

"ခင်ဗျားသိပြီဆိုရင်လည်း ပြောပြလေ "

"စိတ်မပူပါနဲ့ ဒီလုံယွမ်က ကောင်မလေး ပြောခဲ့တာနဲ့ တကယ်ပဲ ဆင်တူတယ် သူက အရမ်း ထူးဆန်းနက်နဲပြီး ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခုနဲ့ ပတ်သက်နေတယ်"

ဖား၏ မျက်နှာအမူအရာ တည်ကြည်ပြီး အသံကလည်းလေးနက်နေသဖြင့် ကျိုးဟောင်မှာ အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

"ကြယ်တာရာကောင်းကင်ယံမှာ မရေမတွက်နိုင်တဲ့ မျိုးနွယ်တွေ ရှိပြီး အဲဒီထဲမှာ ရှေးအကျဆုံးကတော့ သားရဲမျိုးနွယ် တွေပဲ သူတို့က ကောင်းကင်ကနေ မွေးဖွားလာတာဖြစ်ပြီတော့ မင်းတို့တွေကတော့ ဆင့်ကဲပြောင်းလဲလာတာ ရှင်းရှင်းပြောရရင် သူတို့က သဘာဝကနေ မွေးဖွားလာတာ မင်းတို့ကတော့ သဘာဝက ရွေးချယ်ခံရတာ ဒီနှစ်ခုရဲ့ ဆက်နွယ်မှုကို မင်း နားလည်ပါလိမ့်မယ်"

"သူတို့က အချိန်အကြာကြီး တည်ရှိခဲ့တာကြောင့် သူတို့မှာ ထူးခြားတဲ့အရာတစ်ခု ရှိနေတာ သဘာဝပဲဒါက သူတို့ရဲ့ သွေးမျိုးဆက် ပဲ"

ဖားက စကားလုံး တစ်လုံးချင်းစီကို လေးနက်စွာ ပြောနေပြီး ကျိုးဟောင်မှာ အသက်အောင့်ပြီး အလွန် ဂရုတစိုက် နားထောင်နေသည်။

"စကြာဝဠာရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်သူမှ အပြည့်အဝ မရှင်းပြနိုင်သေးဘူး မူလစွမ်းအားကို ထိန်းချုပ်နိုင်တဲ့အနန္တတန်ခိုးရှင်တောင်မှ ငါတို့ ဘယ်ကလာသလဲ၊ ဘယ်လိုကျင့်ကြံသလဲ၊ ငါတို့ စုပ်ယူတဲ့ အသက်စွမ်းအင်က ဘာလဲဆိုတာကို ရှင်းပြနိုင်ခြင်း မရှိဘူး ဒါတွေအားလုံးက လျှို့ဝှက်ချက်တွေပဲ"

"ဒါပေမဲ့အချက်တစ်ချက်ကတော့ ရှင်းတယ် ငါတို့ကျင့်ကြံနိုင်သရွေ့ အဲဒါအားလုံးဟာ နိယာမတွေကနေ လာတာပဲ"

ဖား၏ မျက်နှာအမူအရာ ပို၍ပင် တည်ကြည်လာသည်။ ဤနက်နဲသော လျှို့ဝှက်ချက်ကို သူ သေချာ မရှင်းလင်းကြောင်း ထင်ရှားပေသည်။

"ရိုးရိုးရှင်းရှင်း ပြောရရင် ငါတို့ နေထိုင်တဲ့ စကြာဝဠာက နိယာမတွေ ရောယှက်နေတဲ့ နေရာတစ်ခုပဲ ငါတို့ ဘာလုပ်နိုင်လဲ ဘာမလုပ်နိုင်ဘူးလဲ ဆိုတာကို ဒါက ဆုံးဖြတ်ပေးတယ် အရာအားလုံးကို ဒီနိယာမတွေက သတ်မှတ်ထားတာ"

"နဂါးမျိုးနွယ်ကတော့ မွေးကတည်းက နိယာမတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်နဲ့ မွေးဖွားလာတာ ခေတ်ပေါင်းများစွာမှာ စကြာဝဠာကရှုပ်ထွေးနေတုန်းကတောင် နဂါးမျိုးနွယ် ပေါ်ပေါက်လာမှုက စကြာဝဠာတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့တယ် ဒါက ဒဏ္ဍာရီတစ်ခု ဖြစ်ပေမယ့် ငါတော့ ဒီကိစ္စကအမြဲတမ်း အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်"

"ဒီ နဂါးခြင်ဆီက ငါ့ကို ဒီအချက်ကို ပိုပြီး သေချာစေတယ် နဂါးခြင်ဆီ ဆိုတာ အရာဝတ္ထုတစ်ခုလို့ ပြောတာထက် နဂါးမျိုးနွယ်ရဲ့ နိယာမစွမ်းအား ကနေ စုစည်းထားတဲ့ ခြင်ဆီ(အနှစ်သာရပဲ)"

"မဟုတ်ရင်၊ ဒီပစ္စည်းက ဘာလို့ ဒီလောက် ကြီးမားတဲ့ အာနိသင် ရှိနေမှာလဲ သေလုဆဲဆဲ အသက်တွေကို ပြန်ရှင်စေနိုင်တယ် သေခါနီး ဝိညာဉ်တွေကို ပြန် နိုးထစေနိုင်တယ်ဒါတွေအားလုံးက နိယာမတွေပဲ"

ဖားသည် စကားများစွာကို တစ်ခါတည်းပြောလိုက်သဖြင့် ကျိုးဟောင် လိုက်မမီနိုင်ဖြစ်နေသည်။ သို့သော် ဖား ပြောခဲ့သမျှ အရာအားလုံးသည် အသက်သစ်သီး သို့မဟုတ် နဂါးခြင်ဆီ နှင့် ဆက်စပ်နေကြောင်း သူရှင်းရှင်းလင်းလင်း နားလည်နိုင်ခဲ့သည်။

"နဂါးခြင်ဆီကို ဘယ်လို ရယူခဲ့လဲဆိုတာလည်း ငါ သိတယ် ဒါက နဂါးမျိုးနွယ်ရဲ့ မွေးရပ်မြေနဲ့ သူတို့ရဲ့ နဂါးသွေးကြောတည်နေရာကနေ စုစည်းထားတာ ဒါပေမဲ့ နဂါးသွေးကြောက ပျက်စီးပြီး ပျောက်ကွယ်သွားတာ ဒါမှမဟုတ် အဲဒီနယ်မြေထဲမှာ ငုပ်လျှိုးနေတာ ဖြစ်နိုင်တယ်အတိုချုပ်ပြောရရင် နဂါးမျိုးနွယ်က ဒါကို မကျွမ်းကျင်တော့ဘူး"

ထိုစကားကြားအပြီးတွင် ကျိုးဟောင်မှာရုတ်တရက် အကူအညီမဲ့သလို ခံစားလိုက်ရသည်။ ဒီလိုသာဆိုရင် သူတို့ အဆုံးသတ်သွားပြီဖြစ်ပြီး မည်သည့် နေရာတွင် သွားရှာရမည်နည်း။

"ခင်‌ဗျား စကားတွေပြောပြီး အချိန်အကြာကြီး ဖြုန်းလိုက်ပေမဲ့ နောက်ဆုံးကျ ကျွန်တော့်ကိို ဖြေရှင်းနည်း တစ်ခုမှ မပေးနိုင်ဘူးလား"

ကျိုးဟောင်သည်အနည်းငယ် ဒေါသထွက်သွားသည်။

"ကြည့်စမ်း ဘာလို့ လောနေတာလဲ တခြားသူတွေမှာ နည်းလမ်း မရှိရင်တောင် ငါတို့မှာ တကယ်ပဲ ရှိချင်ရှိနိုင်တယ်"

ထိုစကားတွင် ကျိုးဟောင်၏ မျက်နှာအမူအရာမှာပြောင်းလဲသွားသည်။

"ကျွန်တော်တို့မှာ ရှိတယ် ဘာလုပ်ရမလဲ"

ကျိုးဟောင်မှာ အလျင်အမြန် မေးလိုက်သည်။

"မင်း တကယ့်ခန္ဓာအစစ်က အာကာသသားရဲပဲအာကာသသားရဲရဲ့ အကြီးမားဆုံး စွမ်းရည်ကအာကာသကို ထိန်းချုပ်နိုင်ခြင်းပဲ ငါတို့ နဂါးသွေးကြော ရဲ့ ငုပ်လျှိုးနေတဲ့ နယ်မြေကို ရှာတွေ့နိုင်ကောင်း တွေ့နိုင်တယ် ဒါပေမဲ့ နဂါးသွေးကြော ရှိတဲ့ နယ်မြေထဲကို ဝင်ဖို့ နဂါးမျိုးနွယ်ဆီမှာပဲ နည်းလမ်းရှိတယ် ဒါကြောင့် မင်း လုပ်ဖို့လိုအပ်တာက ဂျက်စမင် ကို နဂါးသွေးကြောဘယ်မှာရှိလဲ သိလားလို့ မေးဖို့ပဲ"

ဖားထိုသို့ပြောလိုက်ပြီးနောက် ကျိုးဟောင်မှာ နောက်ဆုံးတွင်နားလည်သွားသည်။ ဂျက်စမင် နဂါးခြင်ဆီအား ဘာကြောင့်ရှာချင်ရတာလဲဆိုသည်မှာ တကယ်တမ်းတွင် သူမ ရှာချင်သည့်အရာသည် နဂါးခြင်ဆီမဟုတ်ဘဲ နဂါးသွေးကြောဖြစ်သည်။ ကျိုးဟောင်သာ သူမအား ရှာဖွေရာမှာ ကူညီနိုင်ပါက သူမကို နဂါးခြင်ဆီရှိရာနေရာသို့ တကယ်ပဲ ခေါ်သွားနိုင်ပေလိမ့်မည်။

ထိုအကြောင်း စဉ်းစားပြီးနောက် ကျိုးဟောင်မှာ ဂျက်စမင်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"ကောင်မလေး မင်း ပြောနေတဲ့နဂါးခြင်ဆီ ဆိုတာ နဂါးသွေးကြောထဲမှာ မွေးဖွားလာတဲ့ နိယာမ အနှစ်သာရ လား"

သူ စကားပြောပြီးသည်နှင့် ဂျက်စမင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူမ ကြားလိုက်ရသည့်အရာကို မယုံနိုင်ဘဲ အံ့အားသင့်စွာဖြင့် ကျိုးဟောင်ကို ကြည့်လိုက်သည်။

"ရှင် ဘယ်လိုသိလဲ"

သူမသည်လွှတ်ခနဲပြောလိုက်မိခြင်း ဖြစ်သော်လည်း ချက်ချင်းပင် နောင်တရပြီး ပါးစပ်ကို ပိတ်လိုက်သည်။

"အဲဒါ...ရှင် ဘာတွေပြောနေတာလဲ ကျွန်မနားမလည်ဘူး"

သူမသည် ကျိုးဟောင်၏အကြည့်အား ရှောင်လိုက်သော်လည်း သူမ လှည့်စားနေကြောင်းကို ကျိုးဟောင်သိပေသည်။

"ဟမ့် ငါ ဘာပြောနေလဲဆိုတာ မင်း သိမှာပါ မင်းက အဲဒီနယ်မြေကို ရှာချင်တယ် ငါ့မှာ နည်းလမ်းရှိတယ် မင်း ငါတို့ကို နဂါးခြင်ဆီ ရဖို့ ကူညီပေးနိုင်ရင် ငါတို့ ပူးပေါင်းဆောင်ရွက်လို့ရတယ်"

ကျိုးဟောင်မှာ အချိန်မဖြုန်းတော့ဘဲ ဂျက်စမင်ကို ကြည့်ပြီး တိုက်ရိုက် ပြောလိုက်သည်။ ဂျက်စမင်မှာ တုံ့ဆိုင်းနေသော အမူအရာဖြင့် ကျိုးဟောင်ကို ကြည့်နေသည်။ အချိန်အကြာကြီးနေမှ သူမ နောက်ဆုံးတွင် စကားပြောလာခဲ့သည်။

"ရှင်...ရှင် တကယ်ပြောတာလား"

သူမ၏ စကားများတွင် မယုံကြည်မှုများ ပြည့်နှက်နေသော်လည်း ကျိုးဟောင်၏ စကားများက သူမ၏ နှလုံးသားကို မျှော်လင့်ချက်များဖြင့် ပြည့်စေခဲ့သည်။ အမှန်ဖြစ်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ သူမ အဖြေရှာချင်ပေသည်။

"သေချာတာပေါ့"

"ကျွန်မကဘာလို့ ရှင့်ကို ယုံရမှာလဲ နဂါးသွေးကြောကို ရှာဖို့ ရှင့်မှာ ဘယ်လို စွမ်းရည်ရှိလို့လဲ"

ဂျက်စမင်မှာ ချက်ချင်း မေးလိုက်သည်။

"ဒီတစ်ခုနဲ့ပေါ့"

ကျိုးဟောင်မှာ ပြောပြီးနောက် လက်ဆန့်ထုတ်လိုက်ရာ သေးငယ်သော နယ်မြေတစ်ခုပေါ်လာခဲ့သည်။ ထို့နောက် တစ်ခုပြီးတစ်ခုဖြင့် ဆယ်ခုကျော် ဖန်တီးလိုက်သည်။

"နယ်မြေအပေါ် ငါ့ရဲ့ ထိန်းချုပ်နိုင်စွမ်းက မင်းတို့ယှဉ်လို့ မရဘူး ငါ့မှာ အဲဒီနယ်မြေကို ရှာတွေ့ဖို့ နည်းလမ်း ရှိတယ်"

ကျိုးဟောင်၏ ဤလုပ်ရပ်က ဂျက်စမင်အား ချက်ချင်း အံ့အားသင့်သွားစေခဲ့သည်။

"ဒီလောက် အားကောင်းတဲ့ နယ်မြေ နားလည်မှုဒီ...ဒီအဆင့် နတ်ဘုရားဘုံအဆင့်ပညာရှင်တောင် မရောက်နိုင်ဘူး ရှင့်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဒါကို ဘယ်လို လုပ်နိုင်တာလဲ"

သူမ အလွန် အံ့အားသင့်နေခဲ့သည်။

အာကာသသားရဲ၏ မူလမှော်စွမ်းအားမှာ နယ်မြေ၏ စွမ်းအားကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ ဤလုပ်ရပ်သည် တခြားသူတွေအတွက် ခက်ခဲနိုင်သော်ငြား အာကာသသားရဲအတွက်မူ ဓားနှင့် ထွင်းထုထားသလိုမျိုး အရိုးထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေပေရာ လွယ်လွယ်ကူကူ လုပ်နိုင်ပေသည်။

....................................................................................

အခန်း (၈၀၈) ပြီးပါပြီ။

အခန်း (၈၀၉) : ခိုးဝင်ခြင်း

ကျိုးဟောင်သည် ဂျက်စမင်အား ကြည့်ကာဂရုမစိုက်ဟန်ဖြင့် ရယ်မောပြီးပြောလိုက်သည်။

"အဲဒါအတွက် စိတ်ပူစရာ မလိုပါဘူး ဒါဆို ပူးပေါင်းကြမလား"

ထိုစကားကို ကြားသောအခါ ဂျက်စမင်မှာအသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခဏတာ စဉ်းစားပြီးနောက် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ ရှင့်မှာ စွမ်းရည်ရှိရင်တော့ ကျွန်မတို့ ပူးပေါင်းရမှာပေါ့ ဒါပေမဲ့ရှင့်ကို ပြောပြထားဦးမယ် ကျွန်မကိုလိမ်ရင် အကျိုးဆက်ကဘယ်လောက် ဆိုးရွားမလဲဆိုတာရှင်သိတယ်မှတ်လား "

ဂျက်စမမင်သည်သူမ၏ လက်သီးကို ဝှေ့ယမ်းပြရင်းပြောသည်။ ထိုကလေးမလေး၏ ပုံစံသည် အမှန်ပင် ချစ်စရာကောင်းလှသည်။

ကျိုးဟောင်မှာ ခေါင်းညိတ်ပြလိုက်သည်။

"စိတ်မပူပါနဲ့ ငါလည်းမင်းလိုပါပဲ တကယ်တော့ ငါကမင်းထက်တောင် နဂါးခြင်ဆီကိုရဖို့ ပိုပြီးစိတ်ပူသေးတယ်"

ဂျက်စမင်မှာ သဘောတူကြောင်း အသံပြုလိုက်ပြီး ကျိုးဟောင်အား ယုံကြည်လိုက်သည်။

"ဒါဆို ကောင်းပြီ ကျွန်မတို့ အတူတူ ကောင်းကောင်း အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ် နဂါးသွေးကြော က ပင်လယ်ကြမ်းပြင်က ကျွန်မရဲ့ နဂါးမျိုးနွယ် နယ်မြေမှာ ရှိတယ် ရှင်တို့ကျွန်မနဲ့အတူ နဂါးမျိုးနွယ်ဆီ လိုက်ခဲ့ရမယ်"

ဂျက်စမင်မှာ တိုက်ရိုက် ပြောလိုက်သည်။

ကျိုးဟောင်တို့မှာလည်း တွန့်ဆုတ်မနေပေ။ ကျိယောင်ယွဲ့နှင့် လင်းထျန်တို့မှာ စိုးရိမ်သော်လည်း ကျိုးဟောင် ရှင်းပြပြီးနောက် နားလည်သွားကြသည်။ ဂျက်စမင်၏ နဂါးသွေးကြောကို ရှာတွေ့လိုစိတ်သည် သူတို့၏ နဂါး ခြင်ဆီကို ရှာဖွေလိုစိတ်ထက် မလျော့ပေ။ အဘယ်ကြောင့်ဆိုသော် နဂါးသွေးကြောသည် နဂါးမျိုးနွယ်အတွက် အလွန်တန်ဖိုးရှိသောကြောင့် ဖြစ်သည်!

သူတို့ လေးဦးသည် လုံနတ်ဘုရားစစ်သင်္ဘောဖြင့် ပင်လယ်ကြမ်းပြင်သို့ ဆင်းသက်ခဲ့ကြသည်။ မီတာသောင်းနှင့်ချီ ဆင်းသက်ပြီးနောက် နောက်ဆုံးတွင် နဂါးမျိုးနွယ်၏ နယ်မြေသို့ ရောက်ရှိလာခဲ့သည်။ ကျိုးဟောင်သည် ပင်လယ်ကြမ်းပြင်ပေါ်တွင် အိပ်နေသော ဧရာမ နဂါးများစွာအား မြင်လိုက်ရသည်။ မျက်စိတစ်ဆုံး အဆုံးမရှိပေ။ အလားတူပင် ပတ်ဝန်းကျင်တွင် ပင်လယ်သားရဲမျိုးနွယ်များ မရေမတွက်နိုင်အောင် ရှိနေပြီး ၎င်းတို့အားလုံးသည် နဂါးမျိုးနွယ်၏ ကျွန်များနှင့် လက်အောက်ခံများ ဖြစ်ကြသည်။

သမုဒ္ဒရာကြမ်းပြင်တွင် ကြီးမားသော အဆောက်အအုံများ မရေမတွက်နိုင်အောင် ရှိသည်။ ၎င်းတို့သည် အလွန် ရှေးကျပြီး ဆန်းကြယ်သော သင်္ကေတများဖြင့် ဖုံးလွှမ်းနေကာ ကာလကြာရှည်မှုကို ဖော်ပြနေသည်။

ဂျက်စမင်သည် ကျိုးဟောင်နှင့် အခြားသူများကို ကြည့်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

"ဒီကိစ္စကို အကြီးအကဲတွေကို အကြောင်းကြားဖို့ လိုအပ်သေးတယ် အခုကျွန်မရှင်တို့ကို နဂါးခန်းမကို ခေါ်သွားမယ်"

ထိုသို့ပြောဆိုရင်း ဂျက်စမင်သည် ကျိုးဟောင်နှင့် အခြားသူများကို နဂါးခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။ မုန်တိုင်း၏သမီးတော် ဂျက်စမင်မှာ နဂါးမျိုးနွယ်၏ အကြီးအကဲကို ကြည့်ကာစိုးရိမ်တကြီး မေးလိုက်သည်။

"အကြီးအကဲ တားမြစ်နယ်မြေကို ဖွင့်ပေးဖို့ ကူညီပေးလို့ရမလား"

ကျိုးဟောင်နှင့် အခြားသူများ အသက်သစ်သီး၏နေရာအတိအကျကို ရှာဖွေလိုပါက တားမြစ် နယ်မြေထဲ ဝင်ပြီး နဂါးသွေးကြောရှိသည့် နယ်မြေကို ရှာဖွေရပေမည်။ သို့သော် သူမ စကားမဆုံးမီတွင် များစွာသော နဂါးမျိုးနွယ်များ၏ မရေမတွက်နိုင်အောင် ကန့်ကွက်နေသည့် အသံကို ကြားလိုက်ရသည်။

"မဖြစ်ဘူး သူတို့က ငါတို့ နဂါးမျိုးနွယ်ဝင်တွေ လုံးဝ မဟုတ်ဘူး ဘယ်လိုလုပ်တားမြစ် နယ်မြေထဲ ဝင်ပြီး နဂါးသွေးကြောကို ဖွင့်နိုင်မှာလဲ"

"ဟုတ်တယ် နဂါးသွေးကြောက နဂါးမျိုးနွယ်ကို မျိုးဆက်ပေါင်းများစွာ ကာကွယ်ပေးခဲ့တာ ဘယ်လိုလုပ်ဒီ ဘယ်ကမှန်းမသိတဲ့အဖွဲ့ကို ကျူးကျော်ဝင်ရောက်စေပြီးနဂါးသွေးကြောကို ခြိမ်းခြောက်ခိုင်းနိုင်မှာလဲ"

"ဒီအဖွဲ့က ငါတို့ရဲ့မြင့်မြတ်နယ်မြေကို ညစ်ညူးစေတယ် သူတို့မှာ နဂါးသွေးကြော ရှိတဲ့ နယ်မြေထဲ ဝင်ဖို့ အရည်အချင်းမရှိဘူး"

"ထွက်သွား ချက်ချင်း ဒီကနေ ထွက်သွားကြ"

နဂါးမျိုးနွယ်များမှာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လာကြသည်။ သူတို့ လက်ထဲတွင် သုံးခွခက်ရင်းများကို တင်းတင်းကြပ်ကြပ် ကိုင်ထားကြပြီး ကျိုးဟောင်တို့အား ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေကြသည်မှာ ဤနေရာမှ အမြန် မထွက်ခွာပါက ဓားဖြင့် ထိုးသတ်တော့မလိုပင်။

ထိပ်ဆုံးတွင် ထိုင်နေသော နဂါးမျိုးနွယ်၏ အကြီးအကဲသည် တည်ကြည်သော မျက်နှာအမူအရာ ရှိသည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ လူများကို အမိန့်ပေးသည့် ပုံစံဖြင့် လှည့်ပတ်ကြည့်ရှုပြီးနောက် ထိုအကြည့်မှာ ဂျက်စမင်၏ မျက်နှာပေါ်သို့ဖြည်းညှင်းစွာ ကျရောက်လာသည်။

"နဂါးမျိုးနွယ်ရဲ့ သဘောထားကို မင်း ကြားပြီးပြီ ငါတို့ပြင်ပကလာတဲ့လူတွေကို နဂါးသွေးကြော နဲ့ ထိတွေ့ပြီး နဂါးမျိုးနွယ်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခွင့် မပြုနိုင်ဘူး"

နဂါးအကြီးအကဲမှာ စကားပြောပြီးနောက် ကျိုးဟောင်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"မင်းတို့ ဉာဏ်ကောင်းမယ်ဆိုရင် အမြန်ဆုံး ထွက်သွားသင့်တယ် မဟုတ်ရင် နဂါးမျိုးနွယ်ကို ခြိမ်းခြောက်တဲ့ ကျူးကျော်သူအားလုံးကို ငါတို့ ဖယ်ရှားပစ်မယ်"

ဤစကားများသည် သူ့ကို မောင်းထုတ်ရန် ရည်ရွယ်သည်မှာ ရှင်းနေပေသည်။ ဂျက်စမင်သည် နဂါးမျိုးနွယ်၏ အကြီးအကဲကို အကူအညီမဲ့စွာ ကြည့်လိုက်သည်။ အကြီးအကဲပြောပြီးသည့်နောက် ၎င်း၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရန် သူမတွင်နည်းလမ်းမရှိတော့ပေ။ သူမ ခေါင်းညိတ်ပြီး ရိုသေစွာ ပြန်ဖြေရုံသာ ရှိတော့သည်။

"ကောင်းပါပြီ အကြီးအကဲ..."

"ဒါပေမဲ့ သူတို့ကို ဒဏ်ရာရအောင်မလုပ်ပါနဲ့ သူတို့က လူကောင်းတွေပါ သူတို့က ကျွန်မ အသက်ကို ကယ်ခဲ့တာ..."

မုန်တိုင်း၏သမီးတော်ဂျက်စမင်မှာ နဂါးအကြီးအကဲအား ကြည့်ကာပြောလိုက်သည်။

"ကျွန်မ အခုပဲသူတို့ကို ခေါ်သွားလိုက်ပါ့မယ်"

နဂါးအကြီးအကဲမှာ ဘာမှ မပြောဘဲ ဂျက်စမင်အား လျစ်လျူရှုဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး သဘောတူလိုက်သည်။ ဂျက်စမင်မှာ ကျိုးဟောင်တို့အားလှည့်ကြည့်ကာ ပြောလိုက်သည်။

"ကောင်းပြီ ကျွန်မရှင်တို့ကို လိုက်ပို့ပေးမယ်"

ကျိုးဟောင်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်ကာ ဂျက်စမင်၏နောက် လိုက်သွားခဲ့သည်။ သူတို့ အတော်လေး အဝေးရောက်သွားမှ ကျိုးဟောင်မှာ ရပ်တန့်လိုက်ပြီး ဂျက်စမင်အားတည်ကြည်စွာ ကြည့်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။

"ဂျက်စမင် ဘာပဲဖြစ်ဖြစ် ငါ အသက်သစ်သီးကို ရှာဖွေတာကို ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး"

"ဟုတ်တယ်ငါတို့ ဒီကို ရောက်လာရတဲ့ အကြောင်းရင်းက ဒီတာဝန်ကိုလုပ်ဖို့ပဲ နဂါးအကြီးအကဲက သဘောမတူရင်တောင် ငါတို့ ဝင်ဖို့ တခြားနည်းလမ်း ရှာမယ်"

လင်းထျန်သည်လည်း ခိုင်မာသော လေသံဖြင့် ပြောလိုက်ပြီး သူတို့ထံတွင်နောက်ဆုတ်ရန်ရည်ရွယ်ချက် စိုးစဥ်းမျှပင်မရှိပေ။

"ကျွန်မသိပါတယ်"

ဂျက်စမင်မှာ အားလုံးကို ကြည့်ပြီး ခေါင်းညိတ်ကာ လေးနက်စွာ ပြောလိုက်သည်။

"ကျွန်မ နဂါးမျိုးနွယ် အကြီးအကဲကို အဲဒီလို ပြောခဲ့တာက သူ့ကို ကိုင်တွယ်ဖို့ပဲ"

"စိတ်မပူပါနဲ့ ရှင်တို့ကကျွန်မအသက်ကို ကယ်ခဲ့တာ ဒီကျေးဇူးကို ကျွန်မဘယ်လိုပဲဖြစ်ဖြစ် ပြန်ဆပ်မှာပါ ပြီးတော့.......ကျွန်မလည်း လူတစ်ယောက်ကို ကယ်ဖို့ အသက်သစ်သီးလိုအပ်တယ်"

သူမ၏စကားတစ်ဝက်အရောက်တွင် ဂျက်စမင်၏ မျက်နှာအမူအရာ ရုတ်တရက် မှောင်မိုက်သွားသည်။

ကျိုးဟောင်သည် ဝမ်းနည်းစရာအတိတ်တစ်ခုအား တွေးမိသွားပုံရသော ဂျက်စမင်အား ကြည့်လိုက်ကာ ထပ်မမေးတော့ဘဲ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်

"ကောင်းပြီ ဒါဆို ငါတို့ အတူတူ သွားကြစို့"

အသက်သစ်သီးသည် တစ်လုံးတည်း ရှိသည် မဟုတ်ပေ။ ၎င်းသည် အသက်ပင်ပေါ်တွင် ပေါက်ရောက်ပြီး နှစ်ပေါင်း တစ်ထောင်လျှင် တစ်ကြိမ် အသီးသီးကာ၊တစ်ကြိမ်လျှင် နှစ်လုံး သို့မဟုတ် သုံးလုံး သီးပေသည်။

ကံကောင်းပါက လေးလုံး သို့မဟုတ် ငါးလုံးအထိပင် ရရှိနိုင်သည်။ ထို့ကြောင့် အသက်သစ်သီးသည် အလွန်တန်ဖိုးရှိပြီး လူတိုင်းက ရှာဖွေလိုကြသည်။

ဂျက်စမင်သည် ကျိူးဟောင်တို့သုံးဦးအားသူမနောက်မှ လိုက်စေသည်။ သူတို့သည် ရှည်လျားသော စင်္ကြံလမ်းတစ်လျှောက် လျှောက်သွားကြပြီး တားမြစ်နေရာကို စောင့်ကြပ်နေသည့် နဂါးအစောင့်များစွာကို ရှောင်တိမ်းကာ နောက်ဆုံးတွင်တားမြစ်နယ်မြေ၏ တည်နေရာသို့ ရောက်ရှိလာခဲ့သည်။

တားမြစ်နယ်မြေသည် ကြီးမားသော မြေအောက်ချိုင့်ကြီးဖြစ်သည်။ ချိုင့်ကြီးသည် ငါးမီတာ အနက်ရှိပြီး အလယ်တွင် စက်ဝိုင်းပုံ ကျောက်ပြားတစ်ခု ရှိသည်။ ကျောက်ပြား၏ အပေါ်တွင် ဧရာမ နဂါးရုပ်တုတစ်ခုရှိကာ ၎င်းသည် အလွန် အသက်ဝင်လှပပြီး ခမ်းနားထည်ဝါလှပေသည်။

ကျောက်ပြားတစ်ဝိုက်တွင် နဂါးအစောင့်များမှာ တစ်မီတာတစ်ယောက်နှုန်းဖြင့်စောင့်ကြပ်သည်။ သူတို့သည် လက်ထဲတွင် သုံးခွခက်ရင်းခွ များကို ကိုင်ထားပြီး တည်ကြည်သော မျက်နှာအမူအရာဖြင့် အဝေးကို ကြည့်နေကြသည်။ သူတို့သည် ရုပ်တုများကဲ့သို့ လှုပ်ရှားမှုမရှိကြပေ။

သူတို့ သုံးဦးသည် ကျောက်တိုင်တစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်းနေကြပြီးတားမြစ်နေရာ၏ ဝင်ပေါက်ကို ကြည့်နေကြသည်။ ဤနေရာကို စောင့်ကြပ်နေသည့် နဂါးမျိုးနွယ်အစောင့် အယောက်နှစ်ဆယ်ထက် မနည်းရှိသည်။ သူတို့၏ ရင်ထဲတွင် စိုးရိမ်သွားခဲ့သည်။

"ဒုက္ခပဲ နဂါးအစောင့်တွေ အများကြီးပဲ သူတို့နဲ့ တိုက်ခိုက်ရင် သေချာပေါက် နဂါးအကြီးအကဲတွေကိုသတိပေးသလိုဖြစ်သွားမှာ"

လင်းထျန်မှာမျက်မှောင်ကြုတ်သွားပြီး ဤအရာသည် မကောင်းသောအရိပ်အယောင်ဖြစ်ကြောင်း စိတ်ထဲမှ တွေးလိုက်သည်။

ဂျက်စမင်သည် ခဏတာ စဉ်းစားပြီးနောက် ရုတ်တရက် ထရပ်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။

"သူတို့ကို ကျွန်မအာရုံပြောင်းလိုက်မယ် ရှင်တို့ အခွင့်အရေးယူပြီး ဝင်လိုက် ရှင်တို့သာအမြန်ဝင်နိုင်ရင် အတွင်းပိုင်း နယ်မြေထဲ ဝင်ပြီးရင် သူတို့ ကျွန်မတို့ကို ရှာဖို့ မလွယ်တော့ဘူး"

ဂျက်စမင်သည် ကျိုးဟောင်ကို ကြည့်ပြီး ထပ်မံ သတိပေးလိုက်သည်။

"အတွင်းပိုင်းက အရမ်း အန္တရာယ်များတယ် ရှင်တို့သေချာပေါက် သတိထားရမယ် ကျွန်မအပြင်က ကိစ္စတွေ ရှင်းပြီးရင် ရှင်တို့ကို လာရှာမယ်"

"ကောင်းပြီ"

ကျိုးဟောင်မှာ ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဂျက်စမင်မှာနေရာမှထရပ်လိုက်သည်ကို မြင်လိုက်ရသည်။ သူမသည် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ခုန်ဆင်းသွားပြီး နဂါးမျိုးနွယ် အစောင့်များ၏ ခေါင်းဆောင်ရှေ့သို့ ရောက်ရှိသွားသည်။

"မင်းသမီး ဂျက်စမင်ဘာလို့ ဒီကို ရောက်လာတာလဲ"

နဂါးအစောင့်များ၏ ခေါင်းဆောင် ဖြစ်သော အားမို့စ်သည် အံ့အားသင့်သွားသည်။ သူသည် ချက်ချင်းပင် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပြီးနောက် လေးနက်သော လေသံဖြင့်ပြောလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်က ညွှန်ကြားထားတယ် ဒီနေရာက နဂါးမျိုးနွယ်ရဲ့တားမြစ်နယ်မြေပဲ မျိုးနွယ်စုခေါင်းဆောင်ရဲ့အမိန့်မရှိဘဲ ဘယ်သူမှ ခြေလှမ်းတစ်ဝက်တောင်ဝင်ခွင့်မပြုဘူး မင်းသမီး ဂျက်စမင် မလိုအပ်တဲ့ အထင်လွဲမှုတွေမဖြစ်အောင် ဒီနေရာကနေအမြန်ဆုံး ထွက်ခွာပေးပါ"

....................................................................................

အခန်း (၈၀၉) ပြီးပါပြီ။

အခန်း (၈၁၀) : ဝင်ရောက်ခြင်း

နဂါးအစောင့်များ၏ ခေါင်းဆောင်အားမို့စ်မှာ ဂျက်စမင်အား ကြည့်ပြီး အလွန်တင်းမာသော လေသံဖြင့် ပြောလိုက်သည်။

"အို"

ဂျက်စမင်၏ မျက်ခုံးများမှာတွန့်ချိုးသွားပြီး သူမ၏ မျက်နှာတွင် အေးစက်သောအမူအရာတစ်ခု လျှပ်တစ်ပြက်ပေါ်လာကာ ဖြည်းညှင်းစွာ မေးလိုက်သည်။

"ဒါဆို မင်း ဆိုလိုတာက နဂါးမျိုးနွယ်ရဲ့ မင်းသမီးတစ်ပါးဖြစ်တဲ့ ငါ့ကို မင်းက အလိုရှိသလို အမိန့်ပေးနိုင်တယ်ပေါ့"

"ငါက နဂါးမျိုးနွယ်ရဲ့ ဧကရီအဖြစ် အပြည့်အဝ မရောက်သေးဘူးဆိုပေမယ့် မင်း အမိန့်ပေးနိုင်တဲ့ သူတော့ မဟုတ်ဘူး"

အားမို့စ်၏ ရင်ထဲတွင်တုန်လှုပ်သွားခဲ့သည်။ ထိုစကားများက သူ့ကို အပြစ်တင်ရန် ရည်ရွယ်နေသည်မှာ ထင်ရှားသည်။

မည်သို့ပင်ဖြစ်စေ ဂျက်စမင်ပြောသည်မှာ မှန်ပေသည်။ သူမသည် အစကတည်းက နဂါးမင်းသမီးတစ်ပါးပင်... သူမက သူ့အပေါ်နဂါးစွမ်းအားသုံးပြီး ဒေါသပုံချလျှင်ပင် သူ့မှာရှင်းပြပိုင်ခွင့် သို့မဟုတ် ခုခံပိုင်ခွင့်မရှိပေ။

"တောင်းပန်ပါတယ် မင်းသမီးဂျက်စမင် ကျွန်တော် သေသင့်ပါတယ်"

အားမို့စ်မှာထိတ်လန့်တကြားဖြင့် ဒူးတစ်ဖက်ထောက်ကာ လက်သီးဆုပ်၍အရိုအသေပေးလိုက်သည်။ သူသည် ခေါင်းငုံ့ထားသော်လည်း အံကြိတ်ကာပြောလိုက်သည်။

"မင်းသမီး ဂျက်စမင် ကျွန်တော်တို့ရဲ့ အလုပ်တာဝန်ကို နားလည်ပေးပြီး ကျွန်တော်တို့ကို အခက်တွေ့အောင်မလုပ်ပါနဲ့"

ဂျက်စမင်၏ မျက်နှာအမူအရာမှာ တင်းမာသွားပြီး သူမ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါ ဒီကို လာတာ ဘယ်လိုလုပ်ပြီး အကြီးအကဲရဲ့ အမိန့် မပါဘဲနေမှာလဲ"

ဂျက်စမင်သည်လက်ထုတ်တော့မယောင် လုပ်ပြီးအားမို့စ်အားပြောလိုက်သည်။

"ဒီကို လာ ငါ မင်းကို ပြမယ်"

အားမို့စ်မှာချက်ချင်း ထရပ်ပြီး ခုခံကာကွယ်မှု မရှိဘဲ ဂျက်စမင်၏ ဘေးသို့ လျှောက်သွားခဲ့သည်။

သူဂျက်စမင်၏ ဘေးသို့ ရောက်သည်နှင့် သူမက ချက်ချင်း သူ့လည်ပင်းကို လက်ဖဝါးဖြင့် ရိုက်လိုက်ပြီး အသက်တစ်ချက် ရှူထုတ်လိုက်သည်။ အပြာနုရောင်အငွေ့သည် အားမို့စ်၏ မျက်နှာပေါ် တိုက်ရိုက်ထိခတ်သွားကာ အားမို့စ်မှာမျက်လုံးပြူးသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားကာ ချက်ချင်း သတိလစ်သွားသည်။

"ကပ္ပတိန်အားမို့စ် ကပ္ပတိန် အားမို့စ် ဘာဖြစ်တာလဲ"

ဂျက်စမင်မှာ ဟန်ဆောင်ပြီး ထိတ်လန့်တကြား အားမို့စ်၏နာမည်အားအော်ခေါ်လိုက်သည်။ ထို့နောက် သူမ စိုးရိမ်တကြီးဖြင့် နဂါးအစောင့်များကို‌အော်ဟစ်ကာပြောလိုက်သည်။

"မင်းတို့ ဘာလို့ ရပ်နေသေးတာလဲ ခေါင်းဆောင်အားမို့စ်သတိလစ်သွားတာ မမြင်ဘူးလား"

"အမြန်လုပ်ပြီး သူ့ကို နဂါးသမားတော်ဆီ ခေါ်သွားကြ ဒီနေရာမှာပဲ သူ သေသွားတာကို ထိုင်ကြည့်နေမလို့လား"

ခေါင်းဆောင် ရုတ်တရက် မြေပြင်ပေါ် လဲကျသွားပြီး မင်းသမီး ဂျက်စမင်မှာ ဒေါသထွက်နေသည်။ ထိုမြင်ကွင်းကို မြင်သောအခါ တိတ်ဆိတ်စွာ ရပ်နေခဲ့သော နဂါးမျိုးနွယ် အစောင့်များမှာထိတ်လန့်သွားကြသည်။ သူတို့သည်ချက်ချင်း ပြေးလာပြီး အားမို့စ်အားကူညီရန်ပြင်လိုက်သည်။

ဂျက်စမင်သည် ထိုအခွင့်အရေးကိုယူ၍ အဝေးရှိ လူသုံးဦးကို အဓိပ္ပာယ်ပါပါ မျက်စပစ်ပြကာ ယခုအချိန်သည် အကောင်းဆုံး အချိန်ဖြစ်ကြောင်း အရိပ်အမြွက်ပြလိုက်သည်။

"ကျွန်တော်တို့ အခု သွားလို့ရပြီ"

ကျိုးဟောင်သည် ဂျက်စမင်က သူ့အားပေးခဲ့သော အရိပ်အမြွက်ကို တိကျစွာ ဖမ်းဆုပ်မိလိုက်သည်၊ ထို့ကြောင့် သူသည် ချက်ချင်း ထရပ်ပြီး သူတို့နှစ်ဦးကို ပြောလိုက်သည်။

"ကောင်းပြီ"

ကျိယောင်ယွဲ့နှင့် လင်းထျန်တို့မှာချက်ချင်း ထရပ်ပြီး ကျိုးဟောင်နောက်မှ လိုက်ကာတားမြစ်နယ်မြေ၏ ဝင်ပေါက်သို့ ဦးတည်ထွက်သွားကြသည်။

တစ်ချိန်တည်းမှာပင်ဂျက်စမင်သည်လည်းမည်သူမှ အာရုံမစိုက်သည့်အချိန်တွင် တားမြစ်နေရာ၏ ဝင်ပေါက်ဆီသို့ လျှောက်သွားသည်။ သူမသည် ချက်ချင်းဓား တိုဖြင့် သူမ၏ လက်ဖဝါးကို ဖြတ်လိုက်ပြီး ရွှေရောင်သွေးများအားထွက်လာစေကာ နဂါးရုပ်တုပေါ်သို့ဖျန်းလိုက်သည်။

"အိုး..."

သူမ၏ သွေးများကို နဂါး၏ မျက်လုံးများက စဉ်ဆက်မပြတ် စုပ်ယူနေသည်ကို ဂျက်စမင် ခံစားလိုက်ရသည်။ ပန်းပုရုပ်ပေါ်ရှိ နဂါး၏ မျက်လုံးများ နီသထက်နီမြန်းလာသည်ကို မြင်သောအခါ တားမြစ်နယ်မြေ၏ တံခါး ဖွင့်တော့မည်ကို သူမ သိလိုက်သည်။

"မင်းသမီးဂျက်စမင်ဘာလုပ်နေတာလဲ"

နဂါးအစောင့်တစ်ဦးမှာ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိပြီး ဂျက်စမင်အားလှည့်ကြည့်လိုက်သောအခါ ချက်ချင်း ထိတ်လန့်သွားခဲ့သည်။ သူ စိုးရိမ်တကြီး ပြေးသွားပြီး သူမကို တားဆီးရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။

နဂါး၏ မျက်လုံးများသည် သွေးနီရောင်သို့ ပြောင်းလဲသွားပြီး ရွှေရောင် အလင်းတန်းများ အများအပြားမှာ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးတွင် ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ မြေပြင်သည်လည်း ပြင်းထန်စွာ တုန်ခါလာပြီး စက်ဝိုင်းပုံ ကျောက်ပြားသည် ဖြည်းညှင်းစွာ မြင့်တက်လာခဲ့သည်။

"အောင်မြင်ပြီ ကောင်းလိုက်တာ"

ဂျက်စမင်မှာအလွန်ပျော်ရွှင်သွားခဲ့သည်။ သူမ အလျင်စလိုပြေးသွားရန် ပြင်ဆင်လိုက်စဉ်တွင် သူမ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်မှာ အလွန်အကျွံ ကုန်ဆုံးသွားခဲ့သောကြောင့် သူမ၏စွမ်းအားမှာမတည်မငြိမ် ဖြစ်လာပြီး ခြေတစ်လှမ်းပင် ရှေ့မတိုးနိုင်တော့ပေ။

မှန်ပေသည်။ တားမြစ်နယ်မြေအား ဖွင့်ရန် နဂါးမျိုးနွယ်၏သွေးမျိုးဆက်ရှိသူများ၏ကိုယ်ပိုင်သွေးကို ပူဇော်ရန် လိုအပ်ပေသည်။

ယခုဂျက်စမင်မှာသွေးအများအပြားဆုံးရှုံးလိုက်ရသောကြောင့် သူမ၏ နှုတ်ခမ်းများ ဖြူဖျော့လာပြီး သူမ၏ ခန္ဓာကိုယ်ထဲမှ ခွန်အားများ တစ်စထက်တစ်စကုန်ဆုံးလာနေသည်ကို ခံစားလိုက်ရသည်။

တားမြစ်နယ်မြေ အောင်မြင်စွာပွင့်သွားသည်ကို မြင်သောအခါ ကျိုးဟောင်၊ ကျိယောင်ယွဲ့ နှင့် လင်းထျန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး လှုပ်ရှားလိုက်ကြသည်။ အကယ်၍ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းဆိုပါက သူတို့ အနိုင်ရမည် မဟုတ်သော်လည်း ဂျက်စမင်အားကယ်ဆယ်ခြင်းသည် လွယ်ကူသော အလုပ်တစ်ခု ဖြစ်သည်။

ကျိုးဟောင် သည် ချက်ချင်း နယ်မြေ အိတ်ကပ် များ မရေမတွက်နိုင်အောင် ဖန်တီးပြီး နဂါးအစောင့်အချို့ကို တားလိုက်သည်။ ထို့နောက် ဂျက်စမင်၏ဘေးသို့ နေရာကူးပြောင်းရေးအစွမ်းဖြင့် ရောက်သွားခဲ့ကာ ကျိုးဟောင် ၏အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ စွမ်းအားမှာပေါက်ကွဲထွက်လာခဲ့သည်။ နဂါးအစောင့်သည် အားကောင်းသော်လည်း ကျိုးဟောင်၏ အစွမ်းကုန် တိုက်ခိုက်မှုကို သူပင် ရှောင်ရှားရမည် ဖြစ်သည်။

သို့သော် ထိုအချိန်အတောအတွင်း ကျိုးဟောင်မှာအောင်မြင်သွားခဲ့သည်။ သူသည် ဂျက်စမင်အားဆွဲခေါ်သွားပြီး စက်ဝိုင်းပုံ ကျောက်ပြား၏ အောက်ခြေရှိ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာရာ ဝင်ပေါက်ဆီသို့ အလျင်အမြန် ဦးတည်သွားလိုက်သည်။

"သူတို့ကို တားကြ အတွင်းထဲ မဝင်အောင် လုပ်ရမယ်"

အစောင့်တစ်ဦးမှာ အော်ဟစ်လိုက်ပြီး ရှေ့ဆုံးမှ ပြေးဝင်လာခဲ့သည်။ သို့သော်ကျိုးဟောင်တို့မှာအလွန်မြန်လွန်းသောကြောင့် နဂါးအစောင့်များမှာ သူတို့ကို တားဆီးနိုင်ခြင်း မရှိပေ။ သူသည် လင်းထျန်၏ ခြေထောက်တစ်ဖက်ကို ဖမ်းဆုပ်ပြီး လင်းထျန်အားဆွဲထုတ်ရန် ကြိုးစားရုံသာ တတ်နိုင်ခဲ့သည်။

"သေလိုက်တော့"

လင်းထျန်သည် သူ့လက်ထဲရှိ ဓားကို မြှောက်လိုက်သော်လည်း ဆွဲထုတ်ခြင်း မရှိဘဲဓားအိမ်ဖြင့် နဂါးအစောင့်၏ လက်မောင်းကို ရိုက်ချလိုက်သည်။

သို့သော် သူ၏ ခွန်အားသည်လည်း ဟန်ပြမဟုတ်ပေ။ ပြင်းထန်သောခွန်အားကြောင့် နဂါးအစောင့်သည် သွေးပျက်ဖွယ် အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။ ထိုအစောင့်အား ဒဏ်ရာမရအောင် မလုပ်ခဲ့ခြင်းမှာဂျက်စမင်အတွက် ပြဿနာ ပိုမို မဖန်တီးလိုသောကြောင့် ဖြစ်သည်။

သူမသည် သူတို့ကို အလွန်အမင်း ကူညီခဲ့သည်။ နဂါးမျိုးနွယ်ဝင် နောက်တစ်ဦးကို သတ်မိပါက နဂါးမျိုးနွယ်၏ အကြီးအကဲများက သူမကို ထိုရာဇဝတ်မှုအတွက် အပြစ်တင်မည်မှာ သေချာပေသည်။

သူတို့ လေးဦး တားမြစ်နယ်မြေထဲသို့ ဝင်သွားသည်နှင့်တားမြစ်နယ်မြေ၏ဝင်ပေါက်သည် လျှင်မြန်စွာ ပိတ်သွားခဲ့သည်။ ဂျက်စမင်သည် သူတို့ အောင်မြင်စွာ ဝင်ရောက်သွားသည်ကို အားအင်ချိနဲ့စွာ ကြည့်နေပြီးနောက် မျက်လုံးများပိတ်ကျသွားခဲ့ကာ သူမ၏ ခန္ဓာကိုယ်လုပ်ဆောင်ချက်များ ကုန်ဆုံးသွားပြီး သတိလစ်သွားခဲ့ပြီဖြစ်သည်။

"အကြီးအကဲကို အမြန် သတင်းပို့ကြ တားမြစ်နယ်မြေထဲကို ကျူးကျော်သူတွေ ဝင်သွားပြီ"

လက်ထောက်ခေါင်းဆောင်သည် ပျာယာခတ်နေပြီး အလျင်အမြန် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ ဒုတိယခေါင်းဆောင်"

နဂါးအစောင့်တစ်ဦးမှာ ချက်ချင်း ထရပ်ပြီး နဂါးခန်းမဆီသို့ ပြေးသွားခဲ့သည်။

ကျိုးဟောင်တို့အဖွဲ့ တားမြနယ်မြေထဲသို့ ဝင်ရောက်သွားသောအခါ သူတို့၏ ရှေ့မှ မြင်ကွင်းကြောင့် ချက်ချင်း အံ့အားသင့်သွားခဲ့သည်။ ထိုနေရာတွင်နယ်မြေများ မရေမတွက်နိုင်အောင်ရှိနေကာ သန်းပေါင်းများစွာသော နယ်မြေများသည် ဤနေရာတွင် စုဝေးနေသည်မှာ ကျိုးဟောင်အား ခေါင်းကိုက်လာစေသည်။

"နဂါးမျိုးနွယ်က နဂါးသွေးကြောကို ဘာလို့ ရှာမတွေ့နိုင်တာလဲဆိုတာမထူးဆန်းတော့ဘူး ဒီက နယ်မြေတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတာ ပြီးတော့ သူတို့က နယ်မြေစွမ်းအားကို ကောင်းကောင်းမထိန်းချုပ်နိုင်ဘူး နဂါးသွေးကြောကို ရှာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"

ကျိုးဟောင်မှာ အကြောင်းအရင်းကိုသဘောပေါက်သွားပြီး ထိတ်လန့်သွားသည်။

ဂျက်စမင် သတိလစ်သွားသည်ကို မြင်သောအခါ ကျိုးဟောင်မှာချက်ချင်းပင် သူ့ခန္ဓာကိုယ်ထဲရှိချီဓာတ်အားလည်ပတ်စေပြီး ဂျက်စမင်၏ ခန္ဓာကိုယ်ထဲသို့ ပို့ဆောင်ပေးလိုက်သည်။ သူမသည် နဂါးမျိုးနွယ်၏ သွေးအနှစ်သာရအား အလွန်အကျွံ ဆုံးရှုံးသွားခဲ့သောကြောင့် အရေးပေါ် အခြေအနေတွင် ရှိနေသည်။

ကျိုးဟောင်သည် ရှားပါးအဆင့်စွမ်းအင်ဘားတစ်ခုကို ထုတ်ယူကာ သူမ၏ ဒဏ်ရာများကို ကုသရင်း သူ့ကိုယ်သူ အားဖြည့်လိုက်သည်။

နာရီဝက်တိတိ ကြာပြီးနောက် နောက်ဆုံးတွင် ဂျက်စမင်မှာသတိပြန်လည်လာခဲ့သည်။

"ကျေးဇူးတင်ပါတယ်"

သူမသည်ကျိုးဟောင်အားပြောရင်း ထရပ်ရန်ကြိုးစားလိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် အလွန် အားနည်းနေသော်လည်း သူမသည်သည်းခံနေပေသည်။

"ကျွန်မတို့မှာ အချိန်သိပ်မရှိဘူး ကျွန်မတို့ ဝင်လာတာကို အကြီးအကဲတွေ သိသွားပြီ သူတို့ အပြင်ကနေချိပ်ပိတ်ထားတာကို ဖွင့်ပြီး ဝင်လာရင် ရှင်တို့ အားလုံး သေလိမ့်မယ် ဒါကြောင့်...ကျွန်မတို့ နဂါးသွေးကြောကို အမြန်ဆုံး ရှာရမယ်"

....................................................................................

အခန်း (၈၁၀) ပြီးပါပြီ။

All Chapters