အခန်း (၈၁၄-၈၁၆)
Vol. 55 Ch. 814-816
အခန်း (၈၁၄) : မစ်ကီဝေးလူမျိုးစု၏ခေါင်းဆောင်
ကျိုးဟောင်ရောက်ရှိလာခြင်းကြောင့် ထိုအကောင်ကြီးကြီးနှင့်လူကြီးမှာနောက်သို့လှည့်ကြည့်လာလေသည်။ သူ့အသားမှာ သံကဲ့သို့မဲနက်နေပြီး ခက်ထန်မာကျောမည့်ပုံပေါ်လေသည်။ သူ့ဆီမှာ အလွန်လွှမ်းမိုးချိန်းခြောက်နိုင်စွမ်းရှိသောအရှိန်အဝါကိုခံစားမိလေသည်။
"ငါ့ကိုအသက်သစ်သီးပေးပါ"
ထိုလူကြီးမှာစကားအများကြီးပြောမနေဘဲ လိုရင်းကိုသာပြောလာလေသည်။ သူ့အသံမှာလေးနက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိလေသည်။
ကျိုးဟောင်လည်းအသက်သစ်သီးကိုထုတ်ကာ လက်ကမ်းပြီးပေးလိုက်လေသည်။ ထိုလူကြီးကအသက်သစ်သီးကိုတချက်ကြည့်ပြီးနောက် ယူသွားလေသည်။
ထို့နောက်သူ၏ကျင့်ကြံရေးစွမ်းအားများပျံ့လွင့်လာပြီး အသက်သစ်သီးအားသူ့အမျိုးသမီး၏ခန္ဓာကိုယ်ထဲသို့ထည့်လိုက်လေသည်။ ထိုအချိန်တွင် စိတ်စွမ်းအင်လှိုင်းများပျံ့နှံ့ဖွဲ့စည်းလာလေသည်။
"ဒါကတကယ့်အသက်သစ်သီးပဲ။ ကျိုးဟောင်မင်းတောင်းဆိုချက်တွေကိုငါသဘောတူတယ်။ ဒါကမစ်ကီဝေးဂလက်စီရဲ့ခေါင်းဆောင်အဖြစ်ခန့်အပ်ခြင်းစည်းမျဉ်းတွေပဲ။ တစ်ချက်ကြည့်ပြီး ပြဿနာမရှိဘူးဆိုရင်လက်မှတ်ထိုးလိုက်ပါ"
ခပ်ထွားထွားလူကြီးမှာ အချိန်ဖြုန်းမနေဘဲ ကျိုးဟောင်ရှေ့သို့စာရွက်စာတမ်းတစ်ခုကမ်းပေးလိုက်လေသည်။
ကျိုးဟောင်က ယူလိုက်ပြီးသေချာဖတ်ကြည့်လိုက်သောအခါ မှင်တက်သွားခဲ့ရလေသည်။
"ကမ္ဘာဂြိုလ်ပေါ်ကလူတွေအကုန်လုံးက နယ်သာဂြိုဟ်ကနေဆင်းသက်လာတာလား။ သူတော်စင်ဘုံအဆင့်ရောက်တဲ့ဘယ်သူမဆို နိုင်လော့ကြယ်စနစ်ကို၀င်ရောက်နေထိုင်ခွင့်ရှိပြီး တရား၀င်နေထိုင်သူအဖြစ်သတ်မှတ်ခံရမှာလား။ ကျုပ်တောင်မှ ကြေးစားစစ်တပ်ကို၀င်ရောက်နိုင်မှာလား"
ကျိုးဟောင်မှာခဏလောက်မှင်တက်သွားခဲ့လေသည်။ ဒါသည်သတင်းကောင်းလို့ဆိုနိုင်ပေသည်။ သတ်မှတ်ထားသောကျင့်ကြံဆင့်သို့ရောက်သူတိုင်းသည် နိုင်လော့ဂြိုလ်၌နေထိုင်ခွင့်ရမည်ဖြစ်ပြီး ကမ္ဘာဂြိုဟ်မှထွက်ခွာနိုင်မည်ဖြစ်လေသည်။ဒါသည်ကျိုးဟောင်အတွက်စိတ်ချမ်းမြေ့စေသောအချက်လည်းဖြစ်ပေသည်။
"ဟုတ်တယ် ဒီအချက်ကစာချုပ်မှာပါတဲ့အရေးအပါဆုံးစည်းမျဉ်းပဲ။ ဒါကမင်းကိုအရှင်သခင်အဖြစ်အရည်အချင်းပြည့်မှီစေဖို့လုပ်ထားတဲ့စည်းကမ်းချက်လည်းဖြစ်တယ်။ ဒါပေမဲ့ နိုင်လော့ဂြိုဟ်ကဒုက္ခသည်စခန်းတော့မဟုတ်ဘူး။ မင်းတို့ကမ္ဘာသားတွေရဲ့ အသက်ပုံစံကအားနည်းပေမဲ့ မျှော်လင့်ချက်တော့ရှိတယ်။ ဒါ့ကြောင့်ငါတို့က လူအင်အားအနည်းငယ်လောက်ခေါ်ပြီး လေ့ကျင့်ပေးမယ်။ မင်းနားလည်မယ်လို့ထင်ပါတယ်"
"နားလည်ပါတယ်"
ကျိုးဟောင်ကခေါင်းညိတ်ပြီးသဘောတူလိုက်လေသည်။
"အရမ်းကောင်းတယ်။ အခုကမင်းက မစ်ကီဝေးဂလက်စီရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး နိုင်လော့ဂြိုဟ်ရဲ့ကာကွယ်မှုအောက်ရောက်ရှိသွားပြီ။ နိုင်လော့ဂြိုဟ်ရဲ့ကြယ်တာရာမြေပုံထဲမှာ မစ်ကီဝေးဂလက်စီကိုထည့်သွင်းသတ်မှတ်ပေးမယ်"
ခပ်ထွားထွားလူကြီးကဆက်ပြောလေသည်။ သူ့စကားဆုံးသောအခါ ကျိုးဟောင်လည်းခေါင်းညိတ်ပြီးလက်မှတ်ထိုးလိုက်လေသည်။
ထို့နောက် ထိုလူကြီးကလက်ကိုဝှေ့ယမ်းလိုက်သောအခါ အာကာသစွမ်းအင်အတက်အကျလှိုင်းများပေါ်ပေါက်လာပြီး ကျိုးဟောင်လည်းခန်းမအပြင်သို့ပြန်ရောက်သွားလေသည်။
"အခြေအနေဘယ်လိုလဲ"
ဂျော့ခ်ျကချက်ချင်းမေးလိုက်လေသည်။
"အဆင်ပြေသွားပြီး ဟားဟား ကျေးဇူးပါပဲဂျော့ခ်ျရေ"
ကျိုးဟောင်မှာ အလွန်ပျော်ရွှင်နေလေသည်။
"မင်းနဲ့ငါ့ကြားမှာ အရမ်းယဉ်ကျေးနေစရာမလိုပါဘူး"
ဂျော့ခ်ျကပြုံးပြီးပြောလိုက်လေသည်။
"ဘာပဲဖြစ်ဖြစ် ငါမင်းကိုကျေးဇူးတင်ရမှာပါပဲ။ ရော့...ဒါကအသက်သစ်သီးပဲ သေချာသိမ်းထား"
ကျိုးဟောင်ကအသက်သစ်သီးတစ်လုံးအားထုတ်ပြီးပေးလိုက်လေသည်။
"ဒါ....ဒါကို ငါဘယ်လိုလုပ်လက်ခံရပါ့မလဲ"
ဂျော့ခ်ျမှာ မယုံကြည်နိုင်ဖြစ်ပြီး ကျိုးဟောင်အားအားနာသောအကြည့်ဖြင့်ကြည့်နေလေသည်။
"ဘာလို့ငါ့တို့ကြား အားနာပြီးယဉ်ကျေးချင်ယောင်လာဆောင်နေတာလဲ"
ကျိုးဟောင်ကဂျော့ခ်ျအကြောင်းကိုသိသောကြောင့် ပြုံးပြီးမေးလိုက်လေသည်။
"ဟားဟားဟား မင်းငါ့အကြောင်းသေချာသိတာပဲ။ ငါယူထားလိုက်ပါ့မယ်ကျိုးဟောင်။ရိုးရိုးသားသားပြောရရင် ဒီပစ္စည်းအကြောင်းငါအရမ်းသိချင်နေတာ"
ဂျော့ခ်ျကရယ်ပြီးပြန်ပြောလာလေသည်။
မကြာမီပင်ထိုသတင်းက သံမဏိလက်ထံသို့ရောက်ရှိသွားလေသည်။ သူလည်းဒေါသထွက်သွားပြီး ကြေးစားတပ်ဖွဲ့ခေါင်းဆောင်ထံဆက်သွယ်လိုက်လေသည်။
" သခင်ကြီး ဒီကိစ္စကို ခင်ဗျားတို့ နိုင်လော့ဂြိုဟ်ကဆုံးဖြတ်ပြီးသွားပြီလား။ တကယ်ကြီးခင်ဗျားက ကျုပ်နဲ့ထိပ်တိုက်တွေ့တော့မှာလား"
သံမဏိလက်မှာရှက်စိတ်ကြောင့်အလွန်အမင်းဒေါသထွက်နေလေသည်။ သူသည် တပ်အင်အားအများအပြားအားခေါ်ဆောင်ပြီး ဒီလိုသေးငယ်ဆုတ်ချာသောဂလက်စီလေးဆီသို့လာခဲ့သော်လည်း နောက်ဆုံးတွင်ထိန်းချုပ်ခွင့်မရခဲ့ပေ။ သူ့အတွက်ဒါသည်အကြီးမားဆုံး အရှက်ကွဲခြင်းဖြစ်နေလေသည်။
"သံမဏိလက် ငါမင်းရဲ့နောက်ခံအင်အားကိုသိပါတယ်။ ဒါပေမဲ့ ဒီကိစ္စကဆုံးဖြတ်ပြီးသားဖြစ်နေပြီ။တကယ်လို့မင်း မစ်ကီဝေးဂလက်စီကိုဒုက္ခဆက်ပေးမယ်ဆိုရင်တော့ ငါမင်းကိုအရှင်ထားမှာမဟုတ်ဘူး"
ကြေးစားတပ်ဖွဲ့၏ခေါင်းဆောင် ခပ်ထွားထွားလူကြီးကအေးစက်သောအသံဖြင့်ပြောလိုက်လေသည်။
သံမဏိလက်၏အမူအရာမှာမည်းမှောင်သွားပြီး ဆက်သွယ်ရေးစက်အားချက်ချင်းပိတ်ပစ်လိုက်လေသည်။
"ပြန်ဆုတ်ကြစို့"
သံမဏိလက်မှာဒေါသတကြီးအမိန့်ပေးလိုက်လေသည်။ သူ့အနေဖြင့်အလွန်ဒေါသထွက်နေသော်လည်းရွေးချယ်စရာလမ်းမရှိပေ။ သူ့အနေဖြင့်နိုင်လော့ကြယ်စု၏ကြေးစားစစ်တပ်ကြီးကိုအံတုဖို့သတ္တိမရှိပေ။
ကမ္ဘာဂြိုလ်တစ်ခုလုံးမှာလည်း သံမဏသွေးမဟာမိတ်အဖွဲ့ဆုတ်ခွာသွားသည်ကိုမြင်တော့မှစိတ်အေးသွားကြရလေသည်။ ဘာတွေဖြစ်ပျက်သွားသလဲဆိုသည်ကိုသေချာမသိကြသော်လည်း ဓားစိမ်းရောင်ဧကရာဇ်တို့ကတော့ ကျိုးဟောင်တို့အဖွဲ့အောင်မြင်သွားကြောင်း ခံစားမိလိုက်ကြလေသည်။
နိုင်လော့ဂြိုလ်မှထွက်ခွာလာရင်း ကျိုးဟောင်မှာ ကြေးစားတပ်ဖွဲ့၏ဖိတ်ခေါ်စာကိုကြည့်ရင်း ရင်ထဲတွင်ခံစားချက်များပြင်းထန်နေလေသည်။
"ဒီကြေးစားတပ်ဖွဲ့က နိုင်လော့ကြယ်အစုအဝေးရဲ့အဓိကအင်အားပဲ။ သူတို့ရဲ့စွမ်းအားကထူးခြားဆန်းကြယ်ပြီး ငါတို့ကိုလေ့ကျင့်ပေးချင်တဲ့ရည်ရွယ်ချက်လည်းရှိတယ်"
ကျိုးဟောင်တို့၃ယောက်မှာ အတွေးကိုယ်စီရှိနေကြလေသည်။ သူတို့သည် ကြေးစားတပ်ဖွဲ့လေ့ကျင့်ရေး
စခန်းဆီ ၀င်ရောက်ဖို့ အရည်အချင်းပြည့်မှီကြလေသည်။
သို့သော် သူတို့ ၃ယောက်မှာ တတိယမြောက်သူတော်စင်ဘုံအဆင့်သာရှိကြသောကြောင့် တရား၀င်အဖွဲ့၀င်တော့မဖြစ်နိုင်ကြသေးပေ။ မည်သို့ပင်ဖြစ်စေ ကြေးစားတပ်ဖွဲ့ထံ၀င်ရောက်လိုက်သည်နှင့် သူတို့အားလုံးမှာ ၅ဆင့်မြောက်သူတော်စင်ဘုံအဆင့်သို့တခဏအတွင်းရောက်နိုင်စွမ်းရှိကြလေသည်။
ဒါ့အပြင် ကြေးစားတပ်ဖွဲ့၏အခြေစိုက်စခန်းအတွင်းတွင်လေ့ကျင့်ရေးသင်တန်းကြောင်းများရှိနေပြီး ကမ္ဘာမြေပေါ်တွင်လေ့ကျင့်သည်ထက်ပိုမိုကောင်းမွန်သောနည်းစနစ်များကို လေ့ကျင့်ခွင့်ရနိုင်လေသည်။
"ဒါပေါ့ငါတို့အနေနဲ့ ပါ၀င်လေ့ကျင့်ဖို့လိုအပ်တယ်။ ငါတို့ကလက်ရှိမှာ တိုးတက်ဖို့ကြန့်ကြာနေတဲ့အခြေအနေကိုရောက်နေတာဖို့ တွန်းအားပေးလေ့ကျင့်ဖို့လိုတယ်"
လင်းထျန်ကအရင်ဆုံးပြောလာလေသည်။သူသည် ကြေးစားတပ်ဖွဲ့ဆီ၀င်ရောက်ဖို့ကိုစိတ်လှုပ်ရှားနေခဲ့လေသည်။ ပုံမှန်အခြေအနေများတွင် အေးဆေးနေပြီး ဘာမှ သိပ်မပြောခဲ့သူက ယခုတွင်သူ့အတွေးအားအရင်ဆုံးပြောပြလာခဲ့လေသည်။
"ငါလည်း၀င်ရောက်ချင်တယ်။ အသန်မာဆုံးဖြစ်လာမှ ငါတို့ကမ္ဘာမြေကိုကာကွယ်ပေးနိုင်မှာ။ အခုလောလောဆယ်တော့ အန္တရာယ်ကင်းနေသေးပေမဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲ ကြိုမသိနိုင်ဘူးလေ"
ကျိယောင်ယွဲ့ကလည်းပြောလာလေသည်။ သူမသည် အားနည်းနေခဲ့ခြင်း၏ဆိုးကျိုးကိုသေချာသိမြင်နေခဲ့လေသည်။
"ဟားဟား ကောင်းပါပြီဗျာ ဒါဆိုလည်း ကျွန်တော်တို့၀င်ရောက်ကြတာပေါ့"
ကျိုးဟောင်ကလည်းရယ်မောပြီးပြောလိုက်လေသည်။
မကြာမီတွင်လုံနတ်ဘုရားစစ်ယာဉ်ပျံမှာ ကမ္ဘာဂြိုဟ်ပေါ်သို့ပြန်ရောက်လာခဲ့လေသည်။ ဓားစိမ်းရောင်ဘုရင်နှင့် အခြားသူများကလည်း စိတ်လှုပ်တရှားကြိုဆိုကြလေသည်။ ကျိုးဟောင်မှာသူတို့နှင့်စကားအနည်းငယ်လောက်အမြန်ပြောပြီးနောက် အိမ်သို့ချက်ချင်းပြန်လာခဲ့လေသည်။
သူ့အနေဖြင့်အိမ်မပြန်ဖြစ်သည်မှာ အတော်ကြာပြီဖြစ်သောကြောင့် အိမ်ကိုလွမ်းဆွတ်နေခဲ့လေသည်။ စစ်နတ်ဘုရားတပ်ရင်းရှိဗီလာသို့ပြန်လာခဲ့ပြီး တံခါးခေါက်လိုက်လေသည်။
မကြာမီတံခါးမှာပွင့်လာပြီး တံခါးလာဖွင့်ပေးသူမှာ ရှုလင်ဖြစ်နေခဲ့လေသည်။ သူမသည်ကျိုးဟောင်အားမယုံကြည်နိုင်သောအကြည့်များဖြင့်ကြည့်နေပြီး ခဏအကြာတွင် ဆို့နင့်နေသောအသံလေးဖြင့်ပြောလာခဲ့လေသည်။
"ကျိုးဟောင် တကယ်ပဲရှင်လား။ တကယ်ပြန်လာတာလားဟင်"
"ဟုတ်ပါတယ် ကိုယ်ပါ"
ကျိုးဟောင်ကရှုလင်အားရင်ခွင်ထဲဆွဲသွင်းကာပြောလိုက်လေသည်။
"ကိုယ်တကယ်ပြန်လာပါပြီ မင်းကိုအကြာကြီးထားမသွားတော့ပါဘူး"
ထိုအချိန်တွင် ၀မ်ရှုယွင်နှင့် ကျိုးရွှယ်ကောတို့မှာလည်းထွက်လာခဲ့လေသည်။ သူတို့သည်ကျိုးဟောင်ကိုတွေ့သောအခါ မျက်ရည်များဝဲပြီးပြောလာခဲ့လေသည်။
"သား မင်းတကယ်ပြန်လာပြီပဲ။ ကောင်းလိုက်တာ"
"သားပြန်လာတာ တကယ်ပဲကောင်းတယ်"
လင်မယားနှစ်ယောက်လုံး မျက်ရည်များဝဲပြီးပြောလာကြလေသည်။ ထို့နောက် သူတို့အားလုံးမှာ အတူတူညစာစားခဲ့ကြလေသည်။
ထို့နောက် ရှုလင်နှင့်ကျိုးဟောင်မှာ လေထဲတွင်ပျံဝဲရင်း ကြယ်များတလက်လက်တောက်ပနေသောကောင်းကင်ကြီးအားကြည့်နေကြလေသည်။
"ရှင်ဒီလောက်ရက်တွေအကြာကြီးထွက်သွားတော့ ကျွန်မဘယ်လောက်စိတ်ပူနေခဲ့ရလဲသိလား။ ကျွန်မမှာနေ့တိုင်း ရှင်အဆင်ပြေရဲ့လား၊ ဘယ်လိုအန္တရာယ်တွေနဲ့များရင်ဆိုင်နေရလဲ၊ ဘေးကင်းကင်းနဲ့ပြန်လာနိုင်ပါ့မလားဆိုပြီး တွေးပူနေခဲ့ရတာ"
ရှုလင်မှာပြောနေရင်းမျက်လုံးလေးများရဲလာကာ ကျိုးဟောင်အားတင်းကျပ်စွာဖက်လိုက်လေသည်။ ကျိုးဟောင်လည်းရှုလင်အားနူးညံ့စွာပြန်ဖက်လိုက်ပြီး သူမ၏ကျောပြင်လေးအားပွတ်သပ်ပေးနေလေသည်။
"စိတ်မပူပါနဲ့ ကိုယ်ရှေ့လျှောက်မင်းစိတ်ပူရမယ့်အရာတွေကိုသတိထားပြီးလုပ်ပါ့မယ်"
ကျိုးဟောင်ကရှုလင်အားနှစ်သိမ့်ပေးလိုက်လေသည်။
ရှုလင်သည်ကျိုးဟောင်၏ရင်ခွင်ထဲသို့တိုးဝှေ့ရင်း မကြာခင်မှာပင်အိပ်ပျော်သွားလေသည်။ သူမအနေဖြင့်ကောင်းကောင်းမအိပ်ရသည်မှာကြာပြီဖြစ်လေသည်။
ကျိုးဟောင်သည်အပြစ်ကင်းစွာဖြင့်အိပ်မောကျနေသောရှုလင်ကိုကြည့်ပြီး ဆုံးဖြတ်ချက်များပိုမိုပြတ်သားလာခဲ့လေသည်။ သူ့အနေဖြင့် ရှုလင်၊သူ့မိဘများနှင့်ကမ္ဘာဂြိုဟ်ကြီးအားသေချာကာကွယ်ပေးချင်နေလေသည်။
....................................................................................
အခန်း (၈၁၄) ပြီးပါပြီ။
အခန်း (၈၁၅) : စည်းမျဉ်းများနှင့်ဆုလာဘ်များ
နောက်တစ်နေ့မနက်စောစောတွင် ကျိုးဟောင်မှာ စစ်နတ်ဘုရားတပ်ရင်းဌာနချုပ်သို့သွားခဲ့လေသည်။ ယခုတွင်ဓားစိမ်းဘုရင်မှာ စစ်နတ်ဘုရားတပ်ရင်း၏ အကြီးအကဲဖြစ်လာခဲ့ပြီး ကျိယောင်ယွဲ့တို့မှာလည်း ထိုကိစ္စကိုသဘောကျနေကြလေသည်။
လက်ရှိတွင် ဟွာရှားရှိ အရင်းအမြစ်အားလုံးမှာ ဓားဘုရင်ချင်နှင့် ကောင်းကင်ဘုရင်ကျူးတို့၏ထိန်းချုပ်မှုအောက်တွင်ရှိနေလေသည်။ သူတို့နှစ်ယောက်လုံးမှာ သူတော်စင်ဘုံအဆင့်တ၀က်သို့ရောက်ရှိနေကြပြီး ကိစ္စများကိုအလွယ်တကူဖြေရှင်းနိုင်လာကြလေသည်။
ဂြိုလ်သားများလာရောက်တိုက်ခိုက်စဉ်ကလည်း တခြားမဟာမိတ်အဖွဲ့များ သတ္တိကြောင်နေချိန်တွင်ထိပ်ဆုံးကရှေ့ဆုံးကထွက်တိုက်ခဲ့ကြလေသည်။ တကယ်လို့ကျိုးဟောင်သာအချိန်မှီပြန်မရောက်လာပါက ကမ္ဘာဂြိုဟ်သားများအသတ်ခံရပြီး ကျွန်များဘ၀ရောက်သွားကြမည်ဖြစ်ပေသည်။
ကျိုးဟောင်မှာ ထိုကိစ္စအားအရေးကြီးခွင်ကျယ်မလုပ်ခဲ့ပေ။ ဓားစိမ်းရောင်ဘုရင်နှင့်ကောင်းကင်ဘုရင်ကျူးတို့မှာ တခြားမဟာမိတ်အဖွဲ့များမှာ ပညာရှင်များကို ပေါ်တင်ထိန်းချုပ်ကွပ်ကဲခြင်းမလုပ်ကြသော်လည်း တိတ်တဆိတ်စောင့်ကြည်ခြင်းများတော့ပြုလုပ်ထားလေသည်။
ဓားဘုရင်ချင်နှင့် ကောင်းကင်ဘုရင်ကျူးတို့သန်မာလာခြင်းကြောင့် ဟွာရှားမှာလည်းလုံခြုံလာခဲ့လေသည်။ သူတို့နှစ်ယောက်၏ကျေးဇူးကြောင့် ကျိယောင်ယွဲ့နှင့် လင်းထျန်တို့မှာလည်း လေ့ကျင့်ရေးများကိုပိုမိုအာရုံစိုက်လာနိုင်ခဲ့လေသည်။
ဂျက်စမင်ဆီမှရလာသောနဂါးအနှစ်သာရ၁၀ခုကို ၂ခုအား နိုင်လော့ဂြိုဟ်အရှင်သခင်နှင့်ဂျော့ခ်ျအားကျိုးဟောင်ပေးခဲ့လေသည်။ထို့နောက် ကျိုးဟောင်မှာသူ့အတွက်၄ခုကိုယူပြီးကျန်သည့်နဂါးအနှစ်သာရအားလုံးအား ကျိယောင်ယွဲ့နှင့်လင်းထျန်တို့အားပေးလိုက်လေသည်။
ကျိုးဟောင်မှာသူ၏လေ့ကျင့်ရေးအခန်းဆီသို့ပြန်လာပြီး ဆွဲငင်အားလေ့ကျင့်ရေးအခန်းထဲသို့၀င်လိုက်လေသည်။
"ဒီအသက်သစ်သီးကငါတို့အတွက်အရမ်းတော့အကျိုးမရှိပေမဲ့ ကျင့်ကြံရေးတွေကိုတော့မြှင့်တင်ပေးနိုင်တယ်။ အထူးသဖြင့် ငါတို့ရဲ့ စိတ်စွမ်းအင်အတွက် အရမ်းအကျိုးရှိတယ်"
ကျိုးဟောင်လည်းတချက်တွေးကာပြုံးလိုက်လေသည်။ထို့နောက်အသက်သစ်သီးတစ်ခုအားထုတ်ယူကာစတင်စုပ်ယူလေသည်။
ကျိုးဟောင်မှာ အာကာသသားရဲ၏ခန္ဓာအားဆက်ခံခဲ့ပြီးနောက် သူ၏စိတ်စွမ်းအားမှာလည်းသိသိသာသာပိုမိုသန်မာလာခဲ့လေသည်။ သူ့အတွက်ဒီနဂါးအနှစ်သာရကိုစုပ်ယူရန်အတွက် အားစိုက်ထုတ်စရာသိပ်မလိုခဲ့ပေ။
"မြေနတ်ဘုရားသားရဲခန္ဓာကိုယ်ထဲမှာ ဘယ်လိုအခြေအနေတွေရှိမလဲ သိချင်မိတယ်"
ကျိုးဟောင်မှာထိုကိစ္စကိုစိတ်ပူနေခဲ့လေသည်။ ကျိုးဟောင်မှာမျက်လုံးများကိုမှိတ်လိုက်ပြီး အာကာသားရဲ၏ခန္ဓာကိုယ်နှင့်စိတ်ချင်းဆက်သွယ်လိုက်လေသည်။
နတ်ပိုးစာပင်မှာ စကြ၀ဠာ၏အထူးအသက်ပုံစံရှိသည့်အရာဖြစ်သောကြောင့် အာကာသသားရဲများမှာမထီမဲ့မြင်မလုပ်ရဲပေ။ကျိုးဟောင်းစိတ်ဖြင့်ဆက်သွယ်လိုက်ချိန်တွင် အာကာသားရဲမှာ နတ်ပိုးစားပင်နှင့်ခြေလှမ်းတစ်ရာအကွာတွင်ရောက်နေပြီး အားကောင်းသောဖိအားဒဏ်ကိုအံတုကာရှေ့သို့ဖြေးဖြေးချင်းတိုးနေလေသည်။ ခြေတစ်လှမ်းတိုးရန်အတွက်တခါတရံမှာ တစ်နေ့လုံးစာလောက်အချိန်ယူနေခဲ့ရလေသည်။
"စကြ၀ဠာရဲ့အထူးခြားဆုံးအသက်ပုံစံလို့မပြောရဘူး ဖိအားကအတော်လေးကိုပြင်းထန်ပြီးအားကောင်းတာပဲ"
ကျိုးဟောင်မှာတုန်လှုပ်သွားခဲ့လေသည်။ သူ့ရင်ထဲတွင်လည်းမျှော်လင့်ချက်များပြည့်နှက်နေခဲ့လေသည်။ သူသာဒီနတ်ပိုးစာပင်အားရရှိခဲ့က ဘယ်လိုအပြောင်းအလဲမျိုးကစောင့်ကြိုနေမလဲဆိုသည်ကို သိချင်နေမိလေသည်။
"ရခါနီးနေပြီ သိပ်မကြာခင်မှာနတ်ပိုးစာပင်ကငါ့အပိုင်ဖြစ်လာတော့မယ်။ အဲ့ဒါနဲ့ဆိုငါနဲ့ တတိယကိုယ်ပွားကိုထုတ်လုပ်နိုင်ပြီး ငါ့ရဲ့စွမ်းအားအရင်းအမြစ်အတွက်လည်းအရမ်းသင့်တော်သွားလိမ့်မယ်"
ကျိုးဟောင်မှာပြုံးလိုက်လေသည်။ထိုအချိန်တွင်မြေနတ်ဘုရားသားရဲ၏ခုခံနေမှုကိုလည်းခံစားမိလိုက်လေသည်။ မြေနတ်ဘုရားသားရဲမှာလည်း ဒီနတ်ပိုးစာပင်အား သူ့အသက်ပုံစံအတွက်စုပ်ယူရန်ပျိုးထောင်ထားခဲ့ခြင်းဖြစ်လေသည်။
"မင်းဘယ်လိုပဲရုန်းကန်နေပါစေ မကြာခင်မှာဒီနတ်ပိုးစာပင်မှာ ငါ့ရဲ့အမှတ်အသားကိုရိုက်နှိပ်နိုင်တော့မှာ။ ဒီအပင်ရဲ့အစွမ်းနဲ့ဆို ငါ့ရဲ့တတိယမြောက်ကိုယ်ပွားကိုဖန်တီးနိုင်မယ့်အပြင် ငါ့ရဲ့အသက်ပုံစံကလည်းအများကြီးတိုးတက်လာမှာ"
ကျိုးဟောင်မှာပြုံးပြီး ကျေနပ်နေလေသည်။ ထို့နောက်သူ၏စိတ်ချင်းဆက်သွယ်မှုကိုပြန်ရုတ်သိမ်းလိုက်လေသည်။ ထို့နောက်သူ့အခန်းထဲမှာလမ်းလျှောက်ထွက်လာပြီး သူ့အာရုံခံနိုင်စွမ်းကိုဖြန့်ကျက်ကာ ကျိယောင်ယွဲ့နှင့်လင်းထျန်အားကြည့်လိုက်လေသည်။
ထိုအချိန်တွင်သူတို့နှစ်ယောက်လုံးမှာ အစွမ်းကုန်ကျင့်ကြံနေကြလေသည်။ ကျိုးဟောင်မှာစိတ်ထဲမှကြိတ်ပြုံးမိလေသည်။ သူတို့နှစ်ယောက်မှ ပြန်ရောက်စဉ်ကတည်းက မနားတမ်းကျင့်ကြံနေခဲ့ကြပြီး ကမ္ဘာဂြိုဟ်အားကာကွယ်ရန်အသန်မာဆုံးဖြစ်လာဖို့ဆုံးဖြတ်ထားကြလေသည်။
ကျိုးဟောင်လည်းသူ့အာရုံခံစွမ်းအားများကိုပြန်လည်ရုတ်သိမ်းလိုက်ပြီး နိုင်လော့ဂြိုဟ်၏ပုံရိပ်ယောင်ဖန်သားပြင်အားဖွင့်လိုက်လေသည်။ နိုင်လော့ဂြိုဟ်၏စနစ်များမှာ ကမ္ဘာဂြိုဟ်ထက်ပိုမိုစနစ်ကျပြီးကောင်းမွန်လေသည်။ ကျိုးဟောင်မှာ နက်သာစနစ်ထဲသို့၀င်လိုက်သောအခါ မက်ဆေ့တစ်ခုကိုတွေ့ပြီး မှင်တက်သွားလေသည်။
"နိုင်လော့ကြယ်စနစ်ရဲ့ ခမ်းနားသောမစ်ကီဝေးလူမျိုးစု၏ခေါင်းဆောင် ကျိုးဟောင်"
ကျိုးဟောင်မှာ မှင်တက်သွားခဲ့လေသည်။စနစ်ကသူ့အားအခုလိုဖော်ပြထားလိမ့်မည်လို့မထင်ထားခဲ့ပေ။
"မစ်ကီဝေးလူမျိုးစု၏ခေါင်းဆောင်ကျိုးဟောင် ဒီစာအားကျေးဇူးပြု၍သေချာလေးဖတ်ပြီး သင့်ရဲ့လူမျိုးစုခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့်များကိုလက်ခံပါ"
ထိုအခိုက်အတန့်တွင်စနစ်၏အသံမှာကျိုးဟောင်၏ စိတ်ထဲတွင်ပေါ်ထွက်လာလေသည်။ မကြာခင်တွင် အချက်အလက်များစွာမှာ ကျိုးဟောင်၏ခေါင်းထဲသို့ရောက်ရှိလာခဲ့လေသည်။ စာလုံးတစ်လုံးချင်း စာကြောင်းတစ်ကြောင်းချင်းစီမှာရှင်းလင်းပြီးပြတ်သားလေသည်။ ကျိုးဟောင်လည်းစာကြောင်းများကိုဖတ်ပြီး အနည်းငယ်သဘောပေါက်သွားခဲ့လေသည်။
"ခေါင်းဆောင်တစ်ယောက်ဆိုတာဂုဏ်ပုဒ်တစ်ခုသာသာမဟုတ်ဘဲ တာ၀န်ယူမှုများရှိလေသည်။ နိုင်လော့ကြယ်စုသည် မစ်ကီဝေးအားအလကားကာကွယ်ပေးမည်မဟုတ်ဘဲ နောက်ပိုင်းတွင် စကြ၀ဠာအမှတ်များသို့မဟုတ် စကြ၀ဠာဒေါ်လာများပေးဆောင်ရမည်။ ပမာဏမှာအများကြီးမဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်ပေသည်"
ကျိုးဟောင်မှာဖတ်ရင်းပြုံးလိုက်မိလေသည်။ထို့နောက်ကျန်သည့်စာပိုဒ်များအားဆက်လက်ဖတ်နေလေသည်။
"ခေါင်းဆောင်တွေရဲ့အချက်အလက်တွေကိုတော့ လူသိရှင်ကြား မထုတ်ဖော်ပေမဲ့ စိတ်၀င်စားတဲ့သူတွေကတော့စုံစမ်းလို့ရနိုင်တယ်။ ကြယ်အစုအဝေးတခုတွင် ဂလက်စီပေါင်း၁၀၀ကျော်ရှိပြီး ဂလက်စီတစ်ခုစီတိုင်းတွင်ခေါင်းဆောင်တစ်ယောက်စီရှိပေသည်။ ထိုအထဲတွင်အသန်မာဆုံးခေါင်းဆောင်မှာ နယ်မြေအရှင်သခင်အဆင့်ဖြစ်ပြီး အားအနည်းဆုံးတစ်ယောက်တောင်မှ တာအိုဘုံအဆင့်ဖြစ်လေသည်။ အာ....ဒါဆို သူတော်စင်ဘုံအဆင့်ခေါင်းဆောင်က ငါပထမဆုံးပေါ့"
ကျိုးဟောင်မှာ အနည်းငယ်ရှက်ရွံ့သွားလေသည်။
"ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဆုလာဘ်နဲ့ခံစားခွင့်တွေလည်းရှိတယ်။ ခေါင်းဆောင်တစ်ယောက်မှာ ခံစားခွင့် ၃ခုရှိတယ်။ ပထမတစ်ခုမှာ ခေါင်းဆောင်ဟူသောဂုဏ်ပုဒ်ဖြစ်ပြီး ထိုဂုဏ်ပုဒ်က နိုင်လော့ကြယ်အစုအဝေးတွင်နေထိုင်သူဖြစ်ကြောင်းအထောက်အထားလည်းဖြစ်တယ်"
"ဒုတိယတစ်ခုမှာ ခေါင်းဆောင်တစ်ယောက်ကနိုင်လော့ကြယ်အစုအဝေးကပေးတဲ့ဆုလာဘ် လက်ဆောင်တွေကိုလည်းလက်ခံရရှိနိုင်တယ်။ အဲ့လက်ဆောင်တွေက ကိုယ်ပိုင်အစောင့်အရှောက်တွေ၊ မှောက်လက်နက်တွေ ဒါမှမဟုတ် ကျင့်ကြံရေးနည်းစနစ်တွေပဲဖြစ်တယ်။"
"တတိယတစ်ခုကတော့ ကိုယ့်ဂလက်စီတိုက်ခိုက်ခံရတဲ့အချိန်ကျရင် အဆင့်မြင့်လူလုပ်စက်ရုပ်တပ်တွေကိုနိုင်လော့ဂြိုဟ်ဆီမှ အကူအညီတောင်းခံလို့ရတယ်။"
ကျိုးဟောင်မှာအခွင့်အရေးများကိုကြည့်ပြီး မှင်တက်သွားခဲ့လေသည်။ ခေါင်းဆောင်တစ်ယောက်၏ ဂုဏ်ပုဒ်မှာအလွန်ထူးခြားပြီး တပြိုင်နက်တည်းမှာပင် အခက်အခဲများလည်းရှိပေသည်။
ဂလက်စီတစ်ခု၏ခေါင်းဆောင်တစ်ယောက်ဖြစ်လာရန်မှာ အလွန်ခက်ခဲပြီး ကျိုးဟောင်အနေဖြင့်တကယ့်ကိုကံကောင်းသွားခဲ့ခြင်းဖြစ်လေသည်။
အခြားသူများအနေဖြင့်ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် လုံလောက်သောကျင့်ကြံအားရှိရန်လိုအပ်ပြီး တောင့်တင်းသောနောက်ခံအင်အားလည်းရှိရန်လိုအပ်လေသည်။
ကျိုးဟောင်အနေဖြင့် နိုင်လော့ဂြိုဟ်အရှင်သခင်၏ ဇနီးအားကူညီခဲ့ခြင်းကြောင့် ဒီဂုဏ်ပုဒ်ကိုရရှိခဲ့ခြင်းဖြစ်လေသည်။
"ဒါဆို ဒီအရာတွေက ငါလက်ခံရမယ့်အထူးအခွင့်အရေးတွေပေါ့"
ကျိုးဟောင်ကပြောပြီးနောက်လက်ခံမည်ဆိုသောစာသားကိုနှိပ်လိုက်လေသည်။
"သင်၏အခွင့်အရေးများကိုလက်ခံပြီးပါပြီ။ ကျေးဇူးပြု၍မှတ်သားထားပေးပါ"
စနစ်မှအသံကြောင့်ကျိုးဟောင်မှာအံ့ဩသွားခဲ့လေသည်။ သူ့အနေဖြင့်ဆုလာဘ်လက်ဆောင်များကိုဘယ်နေရာတွင်လက်ခံပြီးကြောင်းကြည့်ရမည်နည်း။
ထိုအချိန်တွင်ငှက်မွှေးတစ်ထောင်ချပ်၀တ်ဆီမှသတိပေးချက်တစ်ခု၀င်လာခဲ့လေသည်။ အလွန်ကြီးမားသော ကြယ်တာရာကူးပြောင်းရေးအာကာသယာဉ်ကြီးတစ်ခုမစ်ကီဝေးဂလက်စီထဲ၀င်လာသည်ဆိုသောအချက်ပင်ဖြစ်လေသည်။
....................................................................................
အခန်း (၈၁၅) ပြီးပါပြီ။
အခန်း (၈၁၆) : လျှို့ဝှက်ချက်
ကျိုးဟောင်မှာ တုန်လှုပ်သွားခဲ့သည်။ သူသည် နိုင်လော့ကြယ်စု၏ပုံရိပ်ယောင်ကမ္ဘာမှ ထွက်ခွာပြီး သူ၏ ခန္ဓာကိုယ်သို့ ပြန်ရောက်လာသည်။ သူသည် အာကာသထဲမှ စွမ်းအင်အတက်အကျများအား ချက်ချင်း ခံစားလိုက်ရသည်။ ထိုအချိန်မှာပင် ကျိယောင်ယွဲ့နှင့် လင်းထျန်တို့သည်လည်း ခံစားမိသည်။ သူတို့နှစ်ဦးစလုံးသည် သူတော်စင်အဆင့်ကျင့်ကြံသူများဖြစ်ပြီး ၎င်းတို့၏ အာရုံခံစားမှုသည် ကောင်းကင်ဘုံအဆင့်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ထိုအချိန်တွင် သူတို့ စိတ်လှုပ်ရှားနေကြသည်။
"မပူပါနဲ့ နိုင်လော့ကြယ်စုကနေ ဆုလာဘ် ရောက်လာတာပါ"
ကျိုးဟောင်သည် အသံကို အလျင်အမြန် ပို့လွှတ်လိုက်ရာ ကျိယောင်ယွဲ့နှင့် လင်းထျန်တို့မှာသက်ပြင်းချလိုက်သည်။
"ဘယ်လို ဆုလာဘ်လဲ"
ကျိယောင်ယွဲ့မှာ စိတ်ဝင်တစား မေးလိုက်သည်။
"နဂါးငွေ့တန်း အစုအဝေးခေါင်းဆောင်ဖြစ်လာတဲ့အတွက် ဆုလာဘ်ပဲ"
ကျိုးဟောင်က ရယ်မောလိုက်ပြီးနောက် ကျိယောင်ယွဲ့နှင့် လင်းထျန်တို့ကို လုံနတ်ဘုရားစစ်သင်္ဘောပေါ်သို့ခေါ်လိုက်သည်။
ချက်ချင်းပင် သူတို့သည် ဧရာမ အနက်ရောင် စစ်သင်္ဘောကြီးကို တွေ့လိုက်ရသည်။ ၎င်း ပေါ်လာသည်နှင့် တပြိုင်နက် အသံလှိုင်းတစ်ခု ပျံ့နှံ့သွားသည်။
"နဂါးငွေ့တန်း အစုအဝေးခေါင်းဆောင် ကျိုးဟောင်၏ ကိုယ်ရေးအချက်အလက် အတည်ပြုပြီးပါပြီ ကိုယ်ရေးအချက်အလက် အတည်ပြုပြီးပါပြီ ဆုလာဘ် ထုတ်ပေးမည်"
အသံသည် လုံနတ်ဘုရားစစ်သင်္ဘောသို့ ရောက်လာပြီးနောက် ကျိုးဟောင်သည် ဧရာမ စစ်သင်္ဘောကြီးမှ စက်ရုပ် အမြောက်အမြား ပျံထွက်လာသည်ကို တွေ့လိုက်ရသည်။ ဤစက်ရုပ်များသည် စနစ်တကျ တန်းစီကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ၎င်းတို့သည် နဂါးငွေ့တန်းထဲတွင် နေရာယူထားသော သက်တော်စောင့်များကဲ့သို့ ဖြစ်နေသည်။
ထိုမျှသာမက ဧရာမ စစ်သင်္ဘောကြီးမှ ကြီးမားသော လေဆာအမြောက်ကဲ့သို့ အရာဝတ္ထုတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အလွန်အစွမ်းထက်သော ဖျက်ဆီးရေးလက်နက် ဖြစ်သည်မှာ ထင်ရှားပေသည်။
ကျိယောင်ယွဲ့နှင့် လင်းထျန်တို့လည်း အလွန်တုန်လှုပ်သွားခဲ့ကြသည်။ ဒီလိုအရာမျိုးကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး သူတို့ရှေ့က မြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်နေကြသည်။
"ဘုရားရေ ဒါ ဘာကြီးလဲ"
"ဒါက နိုင်လော့ဂြိုဟ်ရဲ့ နဂါးငွေ့တန်းကိုကာကွယ်ထားတဲ့ အကာအကွယ်ပဲ"
ကျိုးဟောင်က ပြောလိုက်သည်။
"ဒါက သူတို့ရဲ့ လုံခြုံရေးစနစ်ပဲ ရန်သူ ကျူးကျော်လာတာနဲ့ ချက်ချင်း အသက်ဝင်လာလိမ့်မယ်"
ကျိုးဟောင်၏ စကားဆုံးသောအခါကျိယောင်ယွဲ့နှင့် လင်းထျန်တို့ နှစ်ဦးစလုံးမှာ အံ့အားသင့်သွားကြသည်။
"ဒီနိုင်လော့ ဂြိုဟ်စနစ်က တကယ်မဆိုးဘူး တကယ်ကို စေ့စေ့စပ်စပ် စဉ်းစားထားတာပဲ"
ကျိုးဟောင်လည်း ရယ်မောလိုက်သည်။ သူသည် နိုင်လော့ကြယ်စုနှင့်ပူးပေါင်းခဲ့တဲ့အတွက် အလွန်ပျော်ရွှင်မိပေသည်။
ထိုအချိန်တွင် အာကာသယာဉ်မှ အလင်းတန်းတစ်ခု ထွက်လာခဲ့သည်။ ထို့နောက် ကျိုးဟောင်နှင့် အခြားသူများ၏ ခန္ဓာကိုယ်အရွယ်အစာမျှရှိသော စက်ရုပ်တစ်ရုပ် ထွက်လာသည်။ ၎င်းသည် ငွေဖြူရောင် သံမဏိပြားများဖြင့် ဖုံးအုပ်ထားပြီး အလွန်အစွမ်းထက်ပုံရသည်။
"လေးစားအပ်ပါသော နဂါးငွေ့တန်း အစုအဝေးခေါင်းဆောင် ကျိုးဟောင် ကျွန်တော်ကခင်ဗျားရဲ့ အစောင့် ငွေရောင်အလင်းစက်ရုပ်ပါ"
စက်ရုပ်သည် ထွက်လာပြီးနောက် ချက်ချင်းပင် မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်လိုက်ပြီး အလွန်ရိုသေလေးစားစွာ ပြောလိုက်သည်။
ကျိုးဟောင်မှာ အနည်းငယ် တုန်လှုပ်သွားသည်။ သူ သင်္ဘောတံခါးကို ဖွင့်လိုက်ရာ ငွေရောင်စက်ရုပ်မှာ ဝင်လာခဲ့သည်။
"မင်းက ငါ့ရဲ့ အစောင့်လား"
"ဟုတ်ပါတယ် နဂါးငွေ့တန်း အစုအဝေးခေါင်းဆောင် ကျွန်တော်က ခင်ဗျားရဲ့ ကိုယ်ရံတော်ပါ တစ်နေ့ကို ၂၄ နာရီ ခင်ဗျားကို ကာကွယ်ပေးပါ့မယ် ဒါက ကျွန်တော့်ရဲ့ အချက်အလက်နဲ့ အမိန့်ပေးပိုင်ခွင့်ပါ ကျေးဇူးပြုပြီး သိမ်းထားပါ"
ပြောရင်းဆိုရင်း ငွေရောင်စက်ရုပ်သည် အလင်းလုံးသေးသေးလေးကို ထုတ်ယူပြီး ကျိုးဟောင်ကို လှမ်းပေးလိုက်သည်။ ကျိုးဟောင်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ၎င်းကို လှမ်းယူလိုက်သည်။
အလင်းလုံးသေးသေးလေးသည် ကျိုးဟောင်၏ လက်ဖဝါးမှ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် ၎င်းကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သည်ဟု ခံစားလိုက်ရသည်။ ထိုအချိန်မှာပင် သူသည် ငွေရောင်စက်ရုပ်နှင့် ပတ်သက်သော အချက်အလက်များကို သူ၏ ခေါင်းထဲတွင် သိရှိလိုက်ရသည်။
"နိုင်လော့ ကြယ်စုအစောင့်တပ်ဖွဲ့ များသည် စုစုပေါင်း အဆင့်ငါးဆင့်ရှိပြီး အစိမ်းရောင်အလင်း ၊ ငွေရောင်အလင်း ၊ ရွှေရောင်အလင်း ၊ အနီရောင်အလင်း ၊ အနက်ရောင်အလင်း တို့ ဖြစ်သည် အစွမ်းအထက်ဆုံး အနက်ရောင်အလင်းသည် ဂိုဏ်းသခင်ကိုပင် တိုက်ခိုက်နိုင်ပြီး ငွေရောင်အလင်းသည် အဠမမြောက်သူတော်စင်အဆင့်အောက်ပညာရှင်ကိုပင် တိုက်ခိုက်နိုင်သည်"
ကျိုးဟောင်သည် ထိုသတင်းကို ကြားသောအခါ အလွန်တုန်လှုပ်သွားခဲ့သည်။ နိုင်လော့ကြယ်စုသည် ဤမျှ ရက်ရောလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။ ၎င်းသည် သူ့အား အလွန်အစွမ်းထက်ပြီး အလွန်သစ္စာရှိသော တိုက်ခိုက်ရေးသမားကို ပေးအပ်လိုက်ခြင်း ဖြစ်သည်။
ကျိုးဟောင်သည် အလွန်စိတ်လှုပ်ရှားနေသည်။ ငွေရောက်စက်ရုပ် ရှိနေခြင်းဖြင့် ကမ္ဘာဂြိုဟ်သည် လုံခြုံစိတ်ချရပေလိမ့်မည်။ သူသည် ဤပစ္စည်းအား သူနှင့်အတူ ယူမသွားလိုဘဲ ကမ္ဘာဂြိုဟ်ကို ကာကွယ်စေလိုပေသည်။ ဤအရာရှိနေလျှင် သာမန်လူများသည် ကမ္ဘာဂြိုဟ်ထဲသို့ ဝင်ရောက်ရန်ဝံ့ရဲကြတော့မည်မဟုတ်ပေ။
"ကောင်းပြီ ငွေရောင်အလင်း မင်းကို အခုပဲ အမိန့်ပေးမယ် ဒီနေ့ကစပြီး ကမ္ဘာဂြိုဟ်နဲ့ဟွာရှားမဟာမိတ် ကို ကာကွယ်ရမယ် နားလည်လား"
ကျိုးဟောင် စကားဆုံးသောအခါ ငွေရောင်စက်ရုပ်သည် ဘာမှ မပြောဘဲ သူ၏ ခေါင်းမှ အင်တာနာနှစ်ခု ထွက်လာပြီး ကမ္ဘာမြေမှ အချက်အလက်အမျိုးမျိုးကို လက်ခံစပြုလာသည်။
"ကမ္ဘာဂြိုဟ် အဆင့်နိမ့် ဂြိုဟ်တစ်လုံး အသန်မာဆုံးက တတိယမြောက်သူတော်စင်အဆင့်ပညာရှင်ပဲ....."
"ဟွာရှားမဟာမိတ်က လက်ရှိတွင် ကမ္ဘာပေါ်တွင် အခိုင်မာဆုံး မဟာမိတ်အဖွဲ့ဖြစ်ပြီး အခြား မဟာမိတ်အဖွဲ့များမှာ အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယား၊ ဥရောပမဟာမိတ်အဖွဲ့နှင့် အာဖရိကတို့ ဖြစ်သည်"
"ဟွာရှားမဟာမိတ်က အခြား မဟာမိတ်အဖွဲ့တွေကို ဖွံ့ဖြိုးတိုးတက်စေပေမယ့် သတိလက်လွတ်လုံးဝမနေဘဲ သူတို့ရဲ့ လှုပ်ရှားမှုတွေကို အမြဲတမ်း စောင့်ကြည့်နေပါတယ်..."
ငွေရောင်စက်ရုပ်မှ အချက်အလက်များအား တစ်ခုပြီးတစ်ခု ဖတ်ပြရာ ကျိုးဟောင် ကျိယောင်ယွဲ့နှင့် အခြားသူများအား တုန်လှုပ်သွားစေခဲ့သည်။
"ဘုရားရေ ဒါ... ဒါ အရမ်းကို အံ့သြစရာကောင်းတာပဲ"
လင်းထျန်မှာ မျက်လုံးပြူးသွားခဲ့သည်။
ဤအချက်အလက် အများစုမှာ လျှို့ဝှက်ထားတာသည့်အချက်များဖြစ်သည်။ ဥပမာအားဖြင့် သူတို့သည် အခြား မဟာမိတ်အဖွဲ့များကို စောင့်ကြည့်နေခြင်းပင်။
သို့သော် ဤငွေရောင်စက်ရုပ်သည် ၎င်းကို ချက်ချင်း ရယူနိုင်ခဲ့သည်။ ရိုးရိုးရှင်းရှင်း ပြောရရင် ဤအချက်သည်လုံးဝမဖြစ်နိုင်ပေ။ ကျိုးဟောင်သည်လည်း တုန်လှုပ်သွားခဲ့သည်။
နိုင်လော့ကြယ်စု၏ နည်းပညာစွမ်းအားသည် သူတို့နှင့် နှိုင်းယှဉ်၍ မရသည်မှာ အမှန်ပင်။ ဤငွေရောင်စက်ရုပ်ပင် ဤမျှ အစွမ်းထက်နေပါက အနက်ရောင်အလင်းစက်ရုပ်ကို မည်သို့ အသုံးပြုနိုင်သည်ကို စဉ်းစားရန်ပင်မဖြစ်နိုင်ပေ။
"အချက်အလက်များ လက်ခံရရှိပြီးပါပြီ ငွေရောင်စက်ရုပ်အခုဘာလုပ်ရမလဲဆိုတာကိုသိပါပြီ"
ကျိုးဟောင်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သို့သော် ကျိုးဟောင်သည် အန္တရာယ် ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်ကို မသိခဲ့ပေ။
ထိုအချိန်တွင် သံမဏိသွေး မဟာမိတ်အဖွဲ့၏ စစ်တပ်သည် နဂါးငွေ့တန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာနေသည်။ သူတို့သည် သူတို့လက်ထဲရှိ အချက်အလက်များကို ကြည့်ပြီး အလွန်အမင်းမျက်နှာများပျက်ယွင်းနေကြသည်။
"ဒီ ကျိုးဟောင်က နဂါးငွေ့တန်း အစုအဝေးခေါင်းဆောင် ဖြစ်သွားတယ်ပေါ့ ဒီလို ပျက်စီးနေတဲ့ အရာကို ဘယ်သူက လိုချင်တာလဲ"
သံမဏိလက် သည် အလွန် ဒေါသထွက်နေသည်။ နိုင်လော့ကြယ်စုမှပို့ပေး အစီရင်ခံစာကို ကြည့်ရင်း ဒေါသထွက်လွန်း၍ မျက်နှာပင်ပျက်ယွင်းနေခဲ့သည်။
"တပ်မှူး ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ ဒါက အမှိုက်သာသာနဂါးငွေ့တန်းတစ်ခုပဲ ဒီလိုနဂါးငွေ့တန်းတွေအများကြီးရှိတယ် ဘာကိုကြောက်နေတာလဲ"
လက်ထောက်တပ်မှူးက ဂရုမစိုက်စွာ ပြောလိုက်သည်။
သံမဏိလက်က နှာခေါင်းရှုံ့လိုက်ပြီးပြောလိုက်သည်။
"အဲဒီလိုသာဆိုရင် ငါ ဒီလောက် ဒေါသထွက်မှာ မဟုတ်ဘူး ဒါပေမဲ့ ငါ ရုတ်တရက် တစ်ခုခုကို သတိရလိုက်တယ် ဒီနဂါးငွေ့တန်းက အရမ်း ထူးခြားတယ်။"
"ထူးခြားတယ် ဘာထူးခြားတာလဲ"
လက်ထောက်တပ်မှူးမှ မေးလိုက်သည်။
"ဒီလို စွန့်ပစ်ထားတဲ့ နေရာမျိုးကို ငါ လာမှာ မဟုတ်သလို ဂရုလည်း စိုက်မှာ မဟုတ်ဘူး ဒါပေမဲ့ ဒီမှာ ဂလက်ဆီတစ်ခု ရှိတယ်ဆိုတာ ငါ ဘယ်လို သိခဲ့တာလဲ သိလား"
သံမဏိလက်က သူ၏ ကုလားထိုင်နောက်သို့ မှီရင်း ဝိုင်ခွက်ကို လှည့်ရင်း ပြောလိုက်သည်။
"အင်း... ဒါက ကျွန်တော်တို့ စုဆောင်းထားတဲ့ အချက်အလက် မဟုတ်ဘူးလား ဘာပြဿနာ ရှိလို့လဲ"
လက်ထောက်တပ်မှူးမှာ ပဟေဠိဖြစ်နေသည်။
"အချက်အလက် ဒီအချက်အလက်ကို စုဆောင်းခဲ့တာလုံးဝမဟုတ်ဘူး တစ်စုံတစ်ယောက်က ငါ့ကို သိမ်းပိုက်ဖို့ ပိုက်ဆံအများကြီး သုံးပြီးခိုင်းခဲ့တာ"
သံမဏိလက်မှာ မျက်လုံးမှိတ်ပြီး ပြောလိုက်သည်။
"အာ တပ်မှူး ကျွန်တော် သိပ်နားမလည်ဘူး ဒါက သာမန်နဂါးငွေ့တန်းတစ်ခု မဟုတ်ဘူးလား ဘယ်လိုလုပ် တစ်ယောက်ယောက်က ဒီလောက် ပိုက်ဆံအများကြီး သုံးနိုင်တာလဲ"
လက်ထောက်တပ်မှူးမှာ နားမလည်သေးပေ။
"ငါလည်း နားမလည်ဘူး ဒါပေမဲ့ ငါ ရုတ်တရက် လူတစ်ယောက်ကို သတိရလိုက်တယ် ဟွမ်းလို့ ခေါ်တဲ့ လူတစ်ယောက် သူက ကမ္ဘာဂြိုဟ်ပေါ်က လူသားတွေနဲ့ တူညီတဲ့ သွေးမျိုးဆက်ရှိတယ် သူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ကျင့်ကြံဆင့်ကိုလျှို့ဝှက်ထားတယ် သူနဲ့ပတ်သက်တဲ့သဲလွန်စ တစ်ခုတောင် မရှိဘူး"
"ငါ့အထင် ဒီဂြိုဟ်က သဲကန္တာရ နဲ့ ဆက်စပ်နေမှာပဲ ငါ သဲကန္တာရရဲ့ အချက်အလက်ကို စစ်ဆေးကြည့်လိုက်တာ သူက အောက်ချွမ်းအင်ပါယာက လိုချင်နေခဲ့တဲ့သူ ဖြစ်နေတယ်"
"အဲဒါ ငါတို့ ပြောနေတဲ့ အယ်ထရွန်အင်ပါယာပဲ"
သံမဏိလက်သည် အောက်ချွမ်းအင်ပါယာအကြောင်း ပြောသောအခါ သူ၏ မျက်နှာအမူအရာသည် လေးနက်ပြီး တုန်လှုပ်နေခဲ့သည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ အဲဒါကစွမ်းအားကြီးစကြဝဠာအင်ပါယာတစ်ခုလေ သူတို့က ဒီလို အဆင့်နိမ့်သက်ရှိပုံစံစစ်သည်ကို ဘယ်လိုလုပ် လိုချင်မှာလဲ တပ်မှူးဆိုလိုတာက သဲကန္တာရ ဒါမှမဟုတ် ဒီကမ္ဘာဂြိုဟ်က တစ်ခုခု မှားနေတာလား"
....................................................................................
အခန်း (၈၁၆) ပြီးပါပြီ။