အခန်း (၈၁၇-၈၁၉)
Vol. 55 Ch. 817-819
အခန်း (၈၁၇) : အဠမမြောက် သိုင်းသူတော်စင်အဆင့်
သံမဏိလက်သည် သူ၏ကုလားထိုင်နောက်သို့မှီကာ အသက်ကို ပြင်းပြင်းရှူသွင်းပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
"ငါတော့ဒီလိုထင်တယ် ဒီကိစ္စက တစ်ခုခုတော့ မှားနေပြီ အောက်ချွမ်းအင်ပါယာရဲ့ အုပ်ချုပ်သူက အကြွင်းမဲ့အရှင်သခင်တစ်ပါးဖြစ်ပြီးတော့ စကြဝဠာထဲမှာ လက်ချိုးရေတွက်လို့ရတဲ့နာမည်ကျော်ပုဂ္ဂိုလ်ကြီးတွေထဲက တစ်ဦးပဲ ဒါကတကယ်ကို လက်တွေ့မကျဘူး"
"ငါ့ကိုအစိုးရိမ်စေဆုံးက သဲကန္တာရရဲ့ ကိုယ်ရေးအချက်အလက်နဲ့ သတင်းအချက်အလက်တွေကို ငါ ဘာတစ်ခုမှ ရှာမတွေ့နိုင်ခဲ့တာပဲ ဒါက ငါ ငယ်ငယ်တုန်းက မိသားစုဆီကနေ ရခဲ့တဲ့ တစ်ခုတည်းသောသတင်းအချက်အလက်ပဲ အဲဒီတုန်းက သဲကန္တာရကြောင့် အကြီးအကျယ် အုတ်အော်သောင်းနင်းဖြစ်ခဲ့ဖူးတယ် ဒါပေမဲ့ အဲဒီတုန်းက ငါ ငယ်သေးလို့ မသိခဲ့ဘူး အခု ငါ ရှာကြည့်ချင်ပေမဲ့ ဘာတစ်ခုမှ ရှာမတွေ့တော့ဘူး"
ထိုသို့ပြောပြီးနောက် သံမဏိလက်သည် သဲကန္တာရရော ကမ္ဘာဂြိုဟ်ပါ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
"ပြီးတော့ ဒီသခင်ကြီး က မင်းကို သေအောင်ခြောက်လှန့်နိုင်တဲ့ လူတစ်ယောက် သူက ငါ့ကို နဂါးငွေ့တန်းကို ရှာဖွေဖို့နဲ့ သိမ်းပိုက်ဖို့အထိ တာဝန်လွှဲခဲ့တာ သူလက်ဖျောက်တီးလိုက်ရုံနဲ့ နိုင်လော့ကြယ်စုကို ဖျက်ဆီးပစ်နိုင်လောက်အောင် အစွမ်းထက်ပေမဲ့ သူက အရမ်းသတိထားပြီး ကိုယ်တိုင် ထွက်မလာရဲဘူး ဒါဘာရည်ရွယ်ချက်နဲ့လဲ"
သံမဏိလက်သည် ထူးဆန်းသည်ဟု ထင်ခဲ့သည်။ မူလက သူ ဒီလောက်အထိ အများကြီး မစဉ်းစားခဲ့ပေ။ သူ မလာခင်ကလည်း နဂါးငွေ့တန်းကို သိချင်စိတ်ရှိခဲ့ပြီး ပေါ့ပေါ့ပါးပါးသာ လှန်လှောကြည့်ခဲ့သည်။ အဲဒီလိုနဲ့ပဲ သူ ယခုလိုကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။
ဒုတပ်မှူးသည် ဤစကားကို ကြားသောအခါ တုန်လှုပ်သွားခဲ့သည်။
"တပ်မှူး တပ်မှူးပြောနေတာက သခင်ကြီးနဲ့ အောက်ချွမ်းအင်ပါယာကတောင် ကမ္ဘာဂြိုဟ်ကို စိတ်ဝင်စားနေတယ်လို့ ပြောတာလား"
သူ မပြောချင်သော်လည်း သံမဏိလက်ထံမှ သတင်းကို ကြားပြီးနောက် သူတွက်ချက်နိုင်သည့် နိဂုံးချုပ်ချက်မှာ ဤ တစ်ခုတည်းသာ ရှိပေသည်။
"ဟုတ်တယ် ငါ အဲဒီလိုပဲ သံသယရှိတယ်"
သံမဏိလက်မှာ ခေါင်းညိတ်ပြကာပြောလိုက်သည်။
"တပ်မှူး ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ် ကျိုးဟောင်မှာ နဂါးငွေ့တန်းရဲ့ အကြီးအကဲ မဟုတ်ဘူးလား ကျွန်တော်တို့ သူ့ကို လျှို့ဝှက်သတ်ပစ်လို့ရတယ် ဘယ်သူမှ သိမှာမဟုတ်ဘူး အဲဒီအချိန်ကျရင် နိုင်လော့ကြယ်စုက ဂရုစိုက်မှာ မဟုတ်ဘူး"
လက်ထောက်တပ်မှူးမှာ အေးစက်စွာ ပြုံးကာ ပြောလိုက်သည်။
"ဪ နိုင်လော့ကြယ်စုကနေ ဒုတိယအရှင်သခင်တစ်ယောက် ထပ်ပို့ရင်တောင် ငါတို့ သူ့ကို လုပ်ကြံရဦးမှာလား"
သံမဏိလက်က အံ့သြစွာ မေးလိုက်သည်။
လက်ထောက်တပ်မှူးက လေးလေးနက်နက်ပြုံးပြီး ခေါင်းခါလိုက်သည်။
"သူတို့ လာမှာ မဟုတ်ဘူး အောက်ပိုင်းကြယ်စုက ဂရုစိုက်မှာ မဟုတ်ဘူး ကျိုးဟောင်က နဂါးငွေ့တန်း အစုအဝေးခေါင်းဆောင် ဖြစ်လာတာက အောက်ပိုင်းကြယ်စုရဲ့ ကြေးစားစစ်သည် အကြီးအကဲအတွက် တစ်ခုခု လုပ်ပေးခဲ့လို့ပဲ ဒါ ပထမအချက်ပဲ"
"ဒုတိယအချက်က နဂါးငွေ့တန်းက အရမ်းကို အဆင့်နိမ့်တယ် နိုင်လော့ကြယ်စုက သူတို့ကို စုပ်ယူရင်တောင် ဘာလုပ်နိုင်မှာလဲ ကမ္ဘာဂြိုဟ်ပေါ်က လူတွေက ကျွန်ဖြစ်လာရင်တောင် ဘယ်သူမှ လိုချင်မှာ မဟုတ်ဘူး နိုင်လော့ကြယ်စုပေါ်က လူတွေက အရမ်း မာနကြီးကြတာ ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးဆိုတာ ပြောနေစရာတောင်မလိုဘူး"
သံမဏိလက်သည် ဒုတပ်မှူး၏ စကားများကို ကြားသောအခါ တုန်လှုပ်သွားခဲ့သည်။ သူ၏ ခန့်မှန်းချက်သည် မှန်ကန်လုနီးပါး ဖြစ်နေသည်။
ဘာပဲဖြစ်ဖြစ် နဂါးငွေ့တန်းသည်အမှိုက်သာသာဖြစ်ပေရာ အမှိုက်တစ်ခုကြောင့်မည်သူကလူအများကြီးအား လွတ်မည်နည်း။
"ငါ နားလည်ပြီ အဲဒီလိုဆိုရင် လွယ်သွားပြီ ကျိုးဟောင်က တတိယမြောက်သူတော်စင်အဆင့်ပဲရှိတာ ငါတို့ လူတစ်ယောက်ကို လျှို့ဝှက် လုပ်ကြံဖို့ စေလွှတ်လိုက်ရုံပဲ"
သံမဏိလက်မှာ ပြုံးပြီး ပြောလိုက်သည်။
"တပ်မှူး ကျွန်တော့်ကို ကိုင်တွယ်ခွင့်ပေးပါ ကျွန်တော်ကအဠမမြောက်သူတော်စင်အဆင့်ပညာရှင်တစ်ယောက်ပဲ သူ့ကို သတ်ဖို့ဆိုတာ ကျွန်တော့်အတွက် လွယ်လွယ်လေးပါ"
ဒုတပ်မှူးက ပြုံးပြီး ပြောလိုက်သည်။
"ကောင်းပြီ ကလိုင်း မင်း သွားရင် ငါ စိတ်အေးရတာပေါ့ ဒီကိစ္စကို မင်းကို လွှဲပေးလိုက်ပြီ"
သံမဏိလက်မှာ ခေါင်းညိတ်လိုက်သည်။
လက်ထောက်တပ်မှူးကလိုင်းသည် ချက်ချင်း အမိန့်ကို လက်ခံလိုက်သည်။ ထို့နောက် သူသည် အာကာသယာဉ်ငယ်တစ်စီးအား ယူပြီး အမြန် လှည့်ထွက်သွားခဲ့သည်။
မှန်ပေသည်။ ကျိုးဟောင်သည် ဤကိစ္စများအားလုံးဝမသိခဲ့ပေ။ ဤအချိန်တွင် ကျင့်ကြံခြင်းမှလွဲ၍ သူ လုပ်နိုင်သည့်အရာမှာ မိသားစုနှင့်အချိန်ကုန်ခြင်းသာဖြစ်သည်။
ကျိုးဟောင်သည် နိုင်လော့ကြယ်စုပေါ်ရှိ လေ့ကျင့်ရေးစခန်းအတွက် စာရင်းသွင်းထားပြီးဖြစ်သော်လည်း စခန်းသို့ ဝင်ရောက်နိုင်ရန် ရက်အနည်းငယ်ကြာဦးမည်ဖြစ်သည်။
ကျိယောင်ယွဲ့နှင့် လင်းထျန်တို့လည်း ပါဝင်မည်ဖြစ်သည်။ နိုင်လော့ကြယ်စုရှိ လေ့ကျင့်ရေးစခန်းသည် အလွန်အစွမ်းထက်ပြီး ထိုနေရာသို့ ဝင်ရောက်ပါက သူ အကျိုးအမြတတ်အများကြီး ရရှိမည်ဟု ကျိုးဟောင်ယုံကြည်ပေသည်။
ဒီနေ့မှာ ကျိုးဟောင်သည် သူ၏ လေ့ကျင့်မှု ပြီးဆုံး၍ လေ့ကျင့်ခန်းခန်းမမှ ထွက်လာခဲ့သည်။ အိမ်သို့ ပျံသန်းနေစဉ် ရုတ်တရက် အလွန်အမင်း အန္တရာယ်ရှိသော အချက်ပြမှုကို ခံစားလိုက်ရသည်။
ထိုအချက်ပြမှုက ကျိုးဟောင်၏ ကျောရိုးတစ်လျှောက်အေးစက်သွားစေခဲ့သည်။
"သတ်ဖြတ်လိုတဲ့အငွေ့အသက် ငါ့ကိုပစ်မှတ်ထားနေပြီ"
ကျိုးဟောင်မှာ ဦးရေပြားပင်ထုံကျင်သွားခဲ့သည်။ ဤစွမ်းအင်၏ ပိုင်ရှင်သည် သူ့ထက် အလွန်အမင်း အဆပေါင်းများစွာ ပိုမို အစွမ်းထက်သည်။ သူ တိုက်ခိုက်ပါက သေမှာ သေချာပေသည်။
သူ၏ မျက်နှာအမူအရာသည် အလွန်ပျက်ယွင်းသွားခဲ့သည်။ သူ ခေါင်းကိုမော့ကြည့်လိုက်ရာ သူ့ခေါင်းပေါ်တွင်ကြီးမားသောပုံသဏ္ဌာန်တစ်ဦး ရပ်နေပြီး သူ့ကို ပြုံးရယ်ကာကြည့်နေသည်ကို တွေ့လိုက်ရသည်။
"သူပဲ"
ကျိုးဟောင်သည် တစ်ဖက်လူ၏ နာမည်ကို မသိသော်လည်း ၎င်းတို့သည် သံမဏိသွေး မဟာမိတ်အဖွဲ့မှ ဖြစ်ကြောင်း သူ သိသည်။ ကျိုးဟောင်သည် ထိုဝတ်စုံအား မှားမည်မဟုတ်ပေ။
"ကျိုးဟောင် မင်း နဂါးငွေ့တန်း အစုအဝေးခေါင်းဆောင် ဖြစ်လာတာနဲ့ ကမ္ဘာဂြိုဟ်ကို ကယ်တင်နိုင်မယ်လို့ထင်နေတာလား ဘယ်လောက် ရယ်စရာကောင်းလဲမင်း ဒီနေ့ သေရင် ကမ္ဘာဂြိုဟ်က ပိုင်ရှင်မဲ့ အရာဝတ္ထု ဖြစ်သွားလိမ့်မယ် နိုင်လော့ကြယ်စုက ဒီလို အမှိုက်ဂြိုဟ်မျိုးကို ဂရုစိုက်မှာ မဟုတ်ဘူး ဒါကြောင့် သေဖို့ ပြင်ထားလိုက်တော့"
ကလိုင်းမှာ အနည်းငယ် ပြုံးလိုက်သည်။ သူသည် တတိယမြောက်သူတော်စင်အဆင့်ကို သူ၏ မျက်စိထဲတွင် လုံးဝ မထည့်ထားသောကြောင့် လျှို့ဝှက်ကာတိုက်ခိုက်မနေပေ။
ကျိုးဟောင်၏ မျက်နှာအမူအရာသည် အလွန် ပျက်ယွင်းနေခဲ့သည်။ အဠမမြောက်သူတော်စင်အဆင့်၏ကျင့်ကြံမှုသည် အလွန်အစွမ်းထက်ပေသည်။ သူ၏ စွမ်းအင်အားလုံးကို အသုံးပြုပါကပင် သူသည် ဆဋ္ဌမမြောက်သူတော်စင်အဆင့်သာ ရောက်လာမည်ဖြစ်သည်။ ကျိုးဟောင်ထံတွင်ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းနှင့် နတ်ဘုရားသတ်သိုင်းတို့၏ထောက်ပံ့မှုရှိပေသည်။
သို့သော် ကျိုးဟောင်၏ ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ နတ်ဘုရားသတ်သိုင်း နှင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းတို့တွင် ကန့်သတ်ချက်များ ရှိလာသည်။ အထူးသဖြင့် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်း သည် သူ တတိယအဆင့် စကြဝဠာ သက်ရှိပုံစံဖြစ်လာပြီးနောက် တိုးတက်မှုမှာ အလွန်နည်းပါးသွားခဲ့သည်။
"မင်းက ငါ့ကို သတ်ချင်တာလား အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည် မင်းမှာ ရှိမရှိ ကြည့်ကြသေးတာပေါ့"
ကျိုးဟောင်သည် သေဆုံးရမည်ကို ငြိမ်ကာစောင့်နေမည့်လူမဟုတ်ပေ။ ထို့အပြင် သူသည် ငွေရောင်အလင်းစက်ရုပ်အား အမြန်ဆက်သွယ်လိုက်သည်။ ၎င်းသည် ကျိုးဟောင်၏ အကူအညီတောင်းခံမှုကို သိရှိခဲ့ပြီး ကျိုးဟောင်ရှိရာသို့လာနေပြီဖြစ်သည်။
ကျိုးဟောင်၏ ရည်မှန်းချက်မှာ ထွက်ပြေးရန် မဟုတ်ပေ။ သူသည် ဤလူအားအနိုင်မယူနိုင်သော်လည်း ထွက်ပြေးရန် အခွင့်အရေး ရှိနေသေးပေသည်။ ထိုအစား သူသည် သံမဏိသွေး မဟာမဟာမိတ်အဖွဲ့မှ ဤလူအားဖမ်းဆီးပြီး သတ်ပစ်ချင်ပေသည်။
"စိတ်ဝင်စားစရာပဲ တတိယမြောက်သူတော်စင်အဆင့်လေးနဲ့များ ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့"
ကလိုင်းမှာ ကျိုးဟောင်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
"တတိယအဆင့်လာ မင်းထပ်ကြည့်လိုက်လေ"
"ဝုန်း"
ထိုသို့ပြောပြီးနောက် ကျိုးဟောင်သည် ပြောင်းလဲမှုကိုးသွယ်အရှင်သခင်ခန္ဓာသိုင်းနှင့် နတ်ဘုရားသတ်သိုင်းတို့အား ချက်ချင်း အသုံးပြုလိုက်ရာ သူ၏ အစွမ်းထက်သော ရုပ်ပိုင်းဆိုင်ရာစွမ်းအားသည် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
ထို့နောက် သူ၏ စွမ်းအင်သည် တတိယအဆင့်မှ ဆဋ္ဌမအဆင့်သို့ ရုတ်တရက် မြင့်တက်လာခဲ့သည်။
၎င်းမှာ ဆဋ္ဌမမြောက်သူတော်စင်အဆင့် ၊ တတိယအဆင့် စကြဝဠာ သက်ရှိပုံစံဖြစ်သည်။ ထို့အပြင်အာကာသသားရဲ၏အာကာသစည်းမျဥ်းများအားပိုင်ဆိုင်ထားပြီး စကြဝဠာတွင်းရှိ ခန္ဓာကိုယ်အားလုံးမူလဖြစ်သော ရှေးဟောင်းခန္ဓာသိုင်းအား ပိုင်ဆိုင်ထားပေသည်။
ယခုအချိန်တွင် ကျိုးဟောင်သည် အဠမမြောက်သူတော်စင်အဆင့်သို့ ရောက်ရန် ဝေးကွာနေသေးသော်လည်း တိုက်ခိုက်ရန်လုံလောက်နေပြီဖြစ်သည်။
"ဟမ်"
ကလိုင်း၏ မျက်နှာအမူအရာ မှာအကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူတော်စင်အဆင့်၏ အဆင့်တိုင်းသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ဖြစ်သည်။ သူသည် တတိယအဆင့်မှ ဆဋ္ဌမအဆင့်သို့ ချက်ချင်း ခုန်တက်သွားသည်။ ဤဖြစ်ရပ်သည် မည်သို့ဖြစ်နိုင်မည်နည်း။
"သူ့မှာ လျှို့ဝှက်သိုင်းတစ်ခု ရှိရမယ် ငါ သူ့ကို ဒီအတိုင်း သတ်လိုက်လို့မရဘူး ငါ သူ့ကို ဖမ်းပြီး လျှို့ဝှက်သိုင်းကို ရအောင်ယူရမယ်"
ကလိုင်းမှာ အံ့သြသွားသော်လည်း စိုးရိမ်ခြင်းမရှိဘဲ သူ့ရင်ထဲတွင် လောဘစိတ် ထွက်ပေါ်လာခဲ့သည်။
"ဆဠမအဆင့်လား ဒီနေ့က မင်းသေရမယ့်နေ့ပဲ"
သူ စကားဆုံးသည်နှင့် ကလိုင်း၏ အစွမ်းထက်သောကျင့်ကြံမှုသည် ကျယ်လောင်သောအသံဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ သက်ရှိပုံစံသည် ဒုတိယအဆင့်တွင် ရှိပြီး ကျိုးဟောင်ကို ချက်ချင်း ဖိနှိပ်လိုက်သည်။
"ဝုန်း"
သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးမားလာပြီး သူ၏ ကြွက်သားများမှာတင်းမာလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည်လည်း လျင်မြန်သောအရှိန်ဖြင့် ထွက်ပေါ်လာပြီး အလင်းတန်းအဖြစ် ပြောင်းလဲကာ ကျိုးဟောင်အား ကြမ်းတမ်းစွာတိုက်ခိုက်လိုက်သည်။
၎င်း၏တိုက်ခိုက်မှုမှာ လက်ဗလာဖြင့်တိုက်ခိုက်ခြင်းဖြစ်သည်။ ကျိုးဟောင်မှာ မျက်မှောင်ကြုတ်လိုက်သည်။
"ကောင်းတယ်"
....................................................................................
အခန်း (၈၁၇) ပြီးပါပြီ။
အခန်း (၈၁၈) : တိုက်ခိုက်
ကျိုးဟောင်မှာတိုက်ခိုက်ခြင်းအားလုံးဝရပ်တန့်ခြင်းမရှိဘဲ သူ၏တိုက်ခိုက်ရေးစွမ်းအားတွင်လည်းအလွန်ယုံကြည်မှုရှိနေပေသည်။ သူသည် အဌမအဆင့်မြောက် သူတော်စင်အဆင့်တွင်သာရှိသေးသော်လည်း သူ့အားတစ်ချက်တည်းဖြင့်သတ်ရန်မှာ မဖြစ်နိုင်ပေရာ ရုပ်ပိုင်းဆိုင်ရာပြိုင်ပွဲဆိုပါက ပြောနေစရာပင်မလိုပေ။
ကျိုးဟောင်၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှာ အာကာသသားရဲ၏ဆဲလ်များရှိပြီး ရှေးဟောင်းခန္ဓာသိုင်းကိုလည်းလေ့ကျင့်ထားပေရာ ကျိုးဟောင်သည်အလွန်စွမ်းအားကြီးပြီး ဤဂြိုဟ်သား၏တိုက်ခိုက်ရေးစွမ်းအားအား စမ်းသပ်ချင်ပေသည်။
ကျိုးဟောင်မှာအချိန်ဖြုန်းမနေတော့ဘဲ လေထဲသို့ပျံတက်သွားကာ ရှေ့သို့ပြေးဝင်သွားခဲ့သည်။ သူ၏ စွမ်းအားကြီးသောရုပ်ပိုင်းဆိုင်ရာစွမ်းအားမှာ သူ့လက်သီးတွင်စုစည်းသွားကာ လက်သီးဖြင့်ထိုးလိုက်သည်။
ကလိုင်းမှာ ခေတ္တမျှ ကြက်သေသေသွားခဲ့သည်။ စကြဝဠာထဲတွင် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ဖြင့် နာမည်ကျော်ကြားသည့်မျိုးနွယ်စုတစ်ခုအနေဖြင့် သူတို့သည်အနီးကပ်တိုက်ပွဲတွင်အားသာကြပေသည်။ သူတို့၏ စွမ်းအားကြီးသောသွေးမျိုးဆက်နှင့် သန်မာသောခန္ဓာကိုယ်များမှာ သူတို့အားအဆုံးမရှိသော ယုံကြည်ချက်အားပေးစွမ်းပေသည်။ အနီးကပ်တိုက်ပွဲတွင် သူသည်ဘယ်သောအခါမှရှုံးနိမ့်မည်ဟုမထင်ပေ။ သူ့ထက်အဆင့်နှစ်ဆင့်မျှနိမ့်သောအမှိုက်သာသာလူတစ်ယောက်ဆိုပါက ပြောနေစရာပင်မလိုပေ။
"မင်းကသေလမ်းရှာနေတာပဲ"
သူသည်သရော်လိုက်ကာ စွမ်းအားအားတိုးမြှင့်လိုက်သည်။ သူ့လက်သီးချက်ဖြတ်ကျော်သွားသောနေရာတိုင်းတွင် လေထုအက်ကွဲသံများကိုပင်ကြားနေရပြီး လေဟာနယ်ပင်တုန်ခါသွားသည်မှာ ကမ္ဘာဂြိုဟ်၏အုပ်စိုးနိုင်သောစွမ်းအားအား သူ့စွမ်းအားဖြင့်ဖျက်ဆီးပစ်နိုင်သလိုပင်။ ကျိုးဟောင်၏အရှိန်သည်လည်းနှေးမနေဘဲ မျက်လုံးများထဲတွင်လည်းရူးသွပ်မှုတို့ဖြင့်ပြည့်နေခဲ့သည်။
"ဝုန်း"
သူတို့နှစ်ယောက်၏လက်သီးများမှာ အဆုံးတွင်အချင်းချင်းတိုက်မိသွားခဲ့ပေရာ စွမ်းအားကြီးသောအားကြောင့် မုန်တိုင်းတစ်ခုပင်ဖြစ်ပေါ်လာခဲ့သည်။ ပေါက်ကွဲသံမှာအရပ်မျက်နှာအနှံ့ပျံ့နှံ့သွားခဲ့သည်မှာ ကောင်းကင်ပေါ်တွင် အဏုမြူဗုံးနှစ်လုံးပေါက်ကွဲသွားသလိုပင်။ အောက်ရှိမြို့သည်လည်းကျိုးဟောင်တို့တိုက်ခိုက်ရာမှဖြစ်ပေါ်လာသောစွမ်းအား၏သက်ရောက်ခြင်းအားခံလိုက်ရပြီး အချင်းဝက်မီတာတစ်ထောင်အတွင်းရှိဖန်သားများမှာ အားလုံးအစိတ်စိတ်အမြွှာမြွှာကွဲကြေသွားခဲ့သည်။
အဝေးရှိပင်လယ်ကြီးပင် ဤစွမ်းအား၏သက်ရောက်မှုအားခံရပြီး ကြီးမားသောရေလှိုင်းများဖြစ်ပေါ်လာခဲ့သည်။ လက်သီးချက်ချင်းထိမိသွားပြီးနောက် ကျိုးဟောင်၏ခန္ဓာကိုယ်မှာ မီတာရာချီနောက်သို့ဆုတ်သွားခဲ့ရသော်ငြား ကလိုင်းမှာမူခြေလှမ်း ၃လှမ်းသာနောက်ဆုတ်သွားခဲ့ပေသည်။ အနိုင်ရရှိသူနှင့် ရှုံးနိမ့်သူအားတစ်ချက်ကြည့်ရုံဖြင့်သိပေသည်။ သို့သော် ကလိုင်းမှာအနိုင်ရသွားသော်လည်း ပျော်မနေဘဲ သူ့မျက်နှာမှာ အကြီးအကျယ်မဲမှောင်နေခဲ့သည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ သူဘယ်လိုလုပ်ပြီး ငါ့လက်သီးချက်ကိုခံနိုင်တာလဲ ငါ့ခန္ဓာကိုယ်ကဒုတိယအဆင့် စကြဝဠာသက်ရှိပုံစံကိုရောက်နေပြီကို ငါ့သွေးမျိူးဆက်ရဲ့စွမ်းအားနဲ့ဆို ငါစကြဝဠာထဲကပထမအဆင့် စကြဝဠာသက်ရှိပုံစံနဲ့တောင်တိုက်နိုင်တယ်"
"ပြီးတော့ သူကဒီတိုင်းတတိယအဆင့်သက်ရှိပုံစံတစ်ယောက်ပဲကို ငါ့ထက်နှစ်ဆင့်နိမ့်တယ် သူဘယ်လိုလုပ်ပြီး ငါ့လက်သီးချက်ကိုခံနိုင်တာလဲ"
သူသည်အလွန်ထိတ်လန့်နေပြီး ဘာဖြစ်သွားမှန်းနားမလည်နိုင်ဖြစ်နေခဲ့ကာ မျက်လုံးများတွင်လည်းသွေးဆာနေသောအရိပ်အယောင်များဖြင့် ပြည့်နေခဲ့သည်။ တစ်ဖက်တွင်ကျိုးဟောင်မှာ သူ၏ထုံသွားသောလက်မောင်းအားခါရင်းပြုံးလိုက်သည်။
"သူကအတော်လေးစွမ်းအားကြီးတယ် အဠမအဆင့်မြောက် သိုင်းသူတော်စင်အဆင့်ရှိပြီး ဒုတိယသက်ရှိပုံစံရှိတဲ့လူလို့မပြောရဘူး ကတယ်လို့ ငါ့ရှေးဟောင်းခန္ဓာသိုင်းရဲ့ကောင်းကျိုးနဲ့ အာကာသသားရဲရဲ့ဆဲလ်တွေပေါင်းစပ်ထားမှုကြောင့်သာမဟုတ်ရင် ငါသူ့ကိုနိုင်မှာမဟုတ်ဘူး"
"ဒါပေမဲ့ ခုနကအဲဒီလက်သီးကငါ့ရဲ့တိုက်ခိုက်ရေးစွမ်းအားအပြည့်မဟုတ်သေးဘူး"
ကျိုးဟောင်မှာစွမ်းအားအား ထိန်းချုပ်ထားခဲ့ပေသည်။ အကြောင်းမှာ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်အားဖြည့်ဆည်းလို၍မဟုတ်ဘဲ ရန်သူ၏ရှေ့မှောက်တွင် သူ၏စွမ်းအားအပြည့်အဝအားထုတ်မပြချင်၍သာဖြစ်သည်။ သူသည်ရန်သူအားအငိုက်ဖမ်းကာ သတိလွတ်ချိန်မှတိုက်ခိုက်ရေးစွမ်းအားအပြည့်သုံးပြီး တစ်ချက်တည်းဖြင့် သတ်ပစ်မည်ဖြစ်သည်။
"ဟဟဟ ထပ်လာစမ်းပါ"
ကျိုးဟောင်မှာ အားရပါးရရယ်မောလိုက်သည်။ လက်လက်ချင်းတိုက်ခိုက်ရသည့်ခံစားချက်သည် အလွန်စိတ်လှုပ်ရှားစရာကောင်းပေသည်။ ရှေ့တိုးမည့်အစား ကျိုးဟောင်မှာနောက်ဆုတ်ကာ လက်သီးအားမြှောက်ပြီး ထပ်မံထိုးလိုက်သည်။
"မင်းကသေချင်နေတာပဲ"
ကလိုင်း၏သိက္ခာမှာစိန်ခေါ်ခံလိုက်ရပေရာ သူ့ခန္ဓာကိုယ်သည်လည်းဒေါသအရှိန်ကြောင့်တစ်ကိုယ်လုံးနီမြန်းနေခဲ့သည်။ သူသည်သူ၏ခန္ဓာကိုယ်အားစွမ်းအားမြှင့်တင်ရန် မန္တန်သိုင်းအားအသက်သွင်းလိုက်သည်။ ကျိုးဟောင်သည်လည်း ရှေးဟောင်းခန္ဓာသိုင်းအား အပြည့်အဝအသက်သွင်းလိုက်ပေရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာရွှေရောင်အလင်းတစ်ခုဖြင့်တောက်ပသွားခဲ့သည်မှာ အလွန်စွမ်းအားကြီးလှသည့်လူတစ်ယောက်ပမာပင်။
သူတို့နှစ်ယောက်မှာကောင်းကင်အမြင့်တွင်ရှိနေပြီး တဝုန်းဝုန်းသံများသည်လည်းဆက်လက်ထွက်ပေါ်နေခဲ့သည်။ လက်သီးများမှာတစ်ချက်ပြီးတစ်ချက်ကျရောက်နေပြီး ၎င်းတို့နှစ်ယောက်လုံးမှာ နောက်ဆုတ်သွားခြင်းမရှိပေ။ တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှကျိုးဟောင်၏သတ္တိမှာ ပိုမိုများလာခဲ့ပြီး ကလိုင်း၏မျက်နှာမှာပိုမိုမဲမှောင်လာခဲ့သည်။
"သေစမ်း ငါတကယ်ကိုထူးဆန်းတဲ့ကောင်နဲ့ကြုံနေရတာပဲ ငါသူ့ကိုသတ်လို့မရဘူး ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
သူသည်အလွန်ဒေါသထွက်နေပေရာ အနည်းငယ်မျှသက်ညှာမှုမရှိပေ။ ထို့နောက် ကလိုင်းမှာနောက်သို့ခြေတစ်လှမ်းဆုတ်ကာ လက်အိတ်တစ်ခုအားထုတ်ပြီးဝတ်ဆင်လိုက်သည်။
"ကျိုးဟောင်ငါဒီရတနာကိုထုတ်သုံးတာမင်းအတွက် ကံကောင်းတာပဲ"
လက်အိတ်အားဝတ်လိုက်သည်နှင့် ထိုပစ္စည်းထံမှဖျက်ဆီးနိုင်စွမ်းရှိသည့်စွမ်းအားတစ်ခုထွက်ပေါ်လာခဲ့သည်။
"ဒီလက်အိတ်မှာ တိုက်စားနိုင်တဲ့စွမ်းအားရှိတယ် မာကျောတဲ့သတ္တုရိုင်းတောင်ငါ့လက်သီးချက်ကြောင့်အမှုန်ဖြစ်သွားတာ မင်းဆိုရင်တော့ပြောမနေနဲ့တော့ ဒါကြောင့် မင်းဒီနေ့သေချာပေါက်သေရမယ်"
ကလိုင်းမှာအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ယခုအချိန်တွင်၎င်းသည်အချိန်အများကြီးဖြုန်းတီးပြီးပြီဖြစ်ပေရာ ထပ်မံမဖြုန်းတီးလိုတော့ဘဲ ၎င်း၏သတ်ဖြတ်ရေးအကွက်အားချက်ချင်းပင်ထုတ်သုံးလိုက်သည်။ ကျိုးဟောင်၏မျက်လုံးများမှာ ကျဥ်းမြောင်းသွားခဲ့သည်။ ဤကလိုင်းသည်၎င်း၏သတ်ဖြတ်ရေးအကွက်အားထုတ်သုံးတော့မည်လော။
သို့သော်၎င်းထံတွင်သတ်ဖြတ်ရေးအကွက်ရှိသည်ဆိုပါက ကျိုးဟောင်ထံတွင်လည်းထိုကဲ့သို့သောအရာမျိုးရှိပေသည်။ သူ၏သတ်ဖြတ်ရေးအကွက်မှာ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမဟုတ်ဘဲ ဝိဉာဥ်စွမ်းအားဖြစ်သည်။
ကျိုးဟောင်၏ဝိဉာဥ်စွမ်းအားမှာ အလွန်အားကောင်းပေသည်။ အဆုံးမဲ့ထောင်ချောက်ဖြင့်ဆိုပါက ကျိုးဟောင်၏တိုက်ခိုက်မှုခံလိုက်ရသည်နှင့် ကျိုးဟောင်မှာတစ်ဖက်လူအားသူ၏ဝိဉာဥ်ပိုင်နက်ထဲသို့ဆွဲသွင်းနိုင်ပြီး ထိုအချိန်ရောက်ပါက တစ်ဖက်လူ၏သေရေးရှင်ရေးမှာ ကျိုးဟောင်လက်ထဲရောက်သွားပြီဖြစ်သည်။ သို့သော် ဤသိုင်းတွင်ဆိုးကျိုးအချို့လည်းရှိပေသည်။
ဤသိုင်းအားဝိဉာဥ်စွမ်းအားသန်မာသည့်လူတစ်ယောက်အပေါ်တွင်သုံးလိုက်ပါက ၎င်း၏အကျိုးသက်ရောက်မှုမှာ ကြီးမားစွာလျော့ကျသွားမည်ဖြစ်သည်။ စင်စစ်တွင်ကျိုးဟောင်မှာဤလူအားအရှင်ဖမ်းလိုခြင်းဖြစ်သည်။ သို့သော် ၎င်းသည်သူ့ထံတွင်အသက်ရှင်လျက်အဖမ်းခံမည့်အစား သတ်သေမည်ဆိုပါကသူလည်းတားနိုင်မည်မဟုတ်ပေ။
သို့သော်ထိုအချိန်တွင် ကျိုးဟောင်မှာခပ်သာသာပြုံးလိုက်သည်။ အကြောင်းမှာ ငွေရောင်စက်ရုံရောက်လာကြောင်းခံစားမိလိုက်၍ဖြစ်သည်။ ၎င်း၏အကူအညီသာရှိပါက သူသေချာပေါက် ဤလူအားအသက်ရှင်လျက်ဖမ်းနိုင်ပေလိမ့်မည်။ ထိုအကြောင်းအားတွေးပြီး ကျိုးဟောင်မှာပြုံးလိုက်သည်။
"လာ မင်းဘယ်လောက်စွမ်းအားကြီးလဲဆိုတာ ငါ့ကိုပြစမ်းပါ"
ကျိုးဟောင်မှာရန်စလိုက်သည်။
"မင်းမြင်မှာပါ"
ကလိုင်း၏အရှိန်မှာတိုးလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းကျိုးဟောင်၏ရှေ့တွင်ပေါ်လာခဲ့သည်။ စွမ်းအားကြီးသောလက်အိတ်မှာကျိုးဟောင်အားခေါင်းကျိန်းစေနိုင်သည့် စွမ်းအားမျိုးထွက်ပေါ်နေပေသည်။ ၎င်းမှာအရာအားလုံးကို တစ်စစီဖြစ်သွားစေနိုင်သည့်ထူးဆန်းသောစွမ်းအားတစ်ခုပမာပင်။
ကျိုးဟောင်မှာချက်ချင်းပင် ၎င်း၏ဓားရှည်အားထုတ်လိုက်ပြီး အရိပ်ဓားခုနစ်ချောင်းသိုင်းအားသုံးလိုက်ရာ ၎င်း၏ပတ်ပတ်လည်တွင် ဓားပုံရိပ်များစွာထွက်ပေါ်လာခဲ့သည်။ ဤသိုင်းမှာ သူတော်စင်အဆင့်ပညာရှင်မှသုံးသောသိုင်းလောက် မပြင်းထန်တော့ပေ။
ကျိုးဟောင်မှာတစ်ဖက်လူအားခေတ္တမျှတားရန်သာသုံးလိုက်ခြင်းဖြစ်သည်။ အချိန်ခဏဆိုပါက ကျိုးဟောင်အဆုံးမဲ့ထောင်ချောက်အားသုံးရန်လုံလောက်ပေသည်။ ကလိုင်းမှာ ကျိုးဟောင်၏အတွေးအားမသိပေ။ သူသည်အဆုံးမရှိသောဓားပုံရိပ်များအားကြည့်ကာ သရော်ပြုံးပြုံးလိုက်သည်။
ကလိုင်းလက်တစ်ချက်ဝေ့လိုက်ရုံဖြင့် တစ်စစီဖြစ်စေနိုင်သည့်စွမ်းအားမှာ ပေါက်ကွဲထွက်လာခဲ့ပြီး ဓားပုံရိပ်များစွာမှာတစ်စစီဖြစ်သွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် ကလိုင်းမှာကျိုးဟောင်၏ရှေ့တွင်ပေါ်လာခဲ့ပြီး လက်အားကျိုးဟောင်ရှိရာသို့ဆန့်ထုတ်လိုက်ကာ ကျိုးဟောင်၏ခေါင်းအားဆုပ်ကိုင်ရန်ချိန်ရွယ်လိုက်သည်။ သူသည်ကျိုးဟောင်အားအသက်ရှင်လျက်ဖမ်းပြီး ကျိုးဟောင်၏လျှို့ဝှက်သိုင်းအားရယူလိုစိတ်မရှိတော့ပေ။ သူ့အစွမ်းဖြင့် ကျိုးဟောင်အားအသက်ရှင်လျက်ဖမ်းရန်မှာမဖြစ်နိုင်ကြောင်း သိပေသည်။
ထို့ကြောင့်ကျိုးဟောင်အားသတ်ရုံသာတတ်နိုင်တော့ပေရာ ကလိုင်းမှာစွမ်းအားအားထိန်းချုပ်မထားတော့ပေ။ သို့သော် ထိုအချိန်တွင်ကျိုးဟောင်မှာခေါင်းမော့လာခဲ့ပြီး ကြယ်များကဲ့သို့တောက်ပနေသောကျိုးဟောင်၏ မျက်လုံးများမှာ မှင်များကဲ့သို့မဲနက်နေခဲ့သည်။
ပြင်းထန်သောစိတ်ဝိဉာဥ်မုန်တိုင်းတစ်ခုမှာ ချက်ချင်းပင်ကလိုင်းထံဦးတည်ရောက်လာခဲ့သည်။ သူတို့နှစ်ယောက်မှာအချင်းချင်းကြည့်လိုက်ကြသည်။ ဤကဲ့သို့နီးကပ်နေသောအကွာအဝေးတွင် ကလိုင်းမှာလုံးဝမရှောင်လိုက်နိုင်ဘဲ ထိုတိုက်ခိုက်မှုမှာသူ့အားတိုက်ရိုက်ပင်ထိသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သူ့မျက်စိရှေ့ရှိအရာအားလုံးမှာ ပျောက်ကွယ်သွားခဲ့သည်။ သူသည်ကျိုးဟောင်၏စိတ်ဝိဉာဥ်လောကထဲဝင်ရောက်သွားပြီးနောက် အမှောင်ထုကလွဲမည်သည့်အရာကိုမှမမြင်ရပေ။ သူသည်အမှောင်ထု၏အလယ်တွင်ရှိနေပေသည်။
"ချီးပဲ စိတ်ဝိဉာဥ်တိုက်ခိုက်မှု ငါသူ့ပုံရိပ်ယောင်ထဲရောက်လာတာလား"
ကလိုင်း၏အမူအရာမှာသိသိသာသာပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပင်ပတ်ဝန်းကျင်အားသတိထားလာခဲ့သည်။ သို့သော် ကျိုးဟောင်၏စိတ်ဝိဉာဉ်လောကအတွင်းဝင်လာပြီးနောက်ပိုင်းတွင် ဘာကြောင့်မည်သည့်ကြိုတင်ကာကွယ်မှုမှသုံးမရပါသနည်း။
"ငါမင်းကိုမသတ်ချင်ဘူး ဒါပေမဲ့ မင်းထွက်ပြေးလို့လည်းမရဘူး ချိပ်ပိတ်"
ကျိုးဟောင်မှာအေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး များစွာသောစိတ်စွမ်းအားများမှာရေတံခွန်တစ်ခုပမာထွက်ပေါ်လာခဲ့သည်။ ကလိုင်း၏အမူအရာမှာလည်းသိသိသာသာပြောင်းလဲသွားခဲ့သည်။ အကြောင်းမှာသူလုံးဝလှုပ်မရတော့ကြောင်းသိလိုက်ရ၍ဖြစ်သည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ တကယ်လို့ဒါကပုံရိပ်ယောင်ဆိုရင်တောင် ဒီလောက်အစစ်အမှန်လို့မခံစားရလောက်ဘူး မင်းတကယ်ငါ့လှုပ်ရှားမှုတွေကိုထိန်းချုပ်နိုင်တာလား"
ကလိုင်းမှာထိတ်လန့်နေသော်ငြား ပုံရိပ်ယောင်လောကအပြင်ဘက်ရှိသူ့ခန္ဓာကိုယ်မှာ ငွေရောင်စက်ရုပ်၏တင်းကြပ်စွာဖမ်းချုပ်ထားခံရကြောင်းအားမသိပေ။ သူတွေးနေသည့်လှုပ်ရှားမရခြင်းသည် စိတ်လောကထဲတွင်သာကန့်သတ်ထားခြင်းမဟုတ်ဘဲ ပြင်ပလောကတွင်လည်းအတူတူပင်ဖြစ်သည်။
....................................................................................
အခန်း (၈၁၈) ပြီးပါပြီ။
အခန်း (၈၁၉) : လှပသော အမျိုးသမီးစစ်သည်တော်
ကလိုင်းကို ဖမ်းမိပြီးနောက် ကျိုးဟောင်သည် သက်ပြင်းချလိုက်ပြီး ၎င်း၏ စွမ်းအင်ကိုချိပ်ပိတ်လိုက်သည်။ အခြားသူများအတွက်ဆိုလျှင် တစ်စုံတစ်ယောက်၏ကျင့်ကြံရေးအဆင့်ကို ပိတ်ပင်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်သော်လည်း ကျိုးဟောင်အတွက်မူ အလွန်လွယ်ကူသော ကိစ္စဖြစ်သည်။
အကြောင်းမှာ သူ၌ မူလကျောက်စာအမှတ်အသားများရှိသောကြောင့် ဖြစ်သည်။ မူလကျောက်စာ၏ စွမ်းအားသည် အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းပြီး ၎င်း၏ ကန့်သတ်ချက်များကို ကျိုးဟောင်ပင်လျှင် အပြည့်အဝ နားမလည်သေးပေ။
ကလိုင်းသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း တဖြည်းဖြည်း လျော့နည်းလာသည်ဟုသာ ခံစားရပြီး မည်သည့်အားကိုမျှ ထုတ်မသုံးနိုင်တော့ပေ။ သူ၏ မျက်နှာအမူအရာမှာ အလွန်ရုပ်ဆိုးသွားပြီး အော်ဟစ်လိုက်သည်။
"ဒါ ပုံရိပ်ယောာင်လား ဒါက အရမ်းကို အစစ်အမှန်ဆန်တယ် ဘာတွေဖြစ်နေတာလဲ ဘယ်လိုလုပ် သူ့ဝိညာဉ်က ဒီလောက်တောင် အားကောင်းနေရတာလဲ ဝိညာဉ်ဖတ်ဆရာလိုပဲ"
ကလိုင်းမှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားသည်။ ထိုအချိန်တွင် အမှောင်ထု ပျောက်ကွယ်သွားပြီး ၎င်း၏မူလခန္ဓာကိုယ်ထံသို့ ပြန်ရောက်လာခဲ့ပြီး ကလိုင်းမှာ သူ၏ အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် ပိုမို ကြောက်ရွံ့သွားသည်။ သူ၏ကျင့်ကြံရေးစွမ်းအင်ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရပြီး ထိတ်လန့်သွားခဲ့သည်။ မဟုတ်ပေ။ ၎င်း၏စွမ်းအားမှာချိပ်ပိတ်ထားခံရခြင်းဖြစ်သည်။
"ဒါ... ဒါ ဘယ်လိုစွမ်းအားမျိုးလဲ"
သူ မယုံနိုင်အောင် ဖြစ်နေသည်။ စကြဝဠာထဲတွင် ထူးဆန်းသောမျိုးနွယ်များ အများကြီးရှိပေမဲ့ ဒီလို အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။
"မရုန်းကန်နေနဲ့တော့ မင်းရဲ့ကျင့်ကြံရေးစွမ်းအားကိုငါချိပ်ပိတ်လိုက်ပြီ မင်း မသေချင်ဘူးဆိုရင်လိမ်လိမ်မာမာနေ"
ကျိုးဟောင်၏ အသံက သူ့အတွေးအားပြတ်တောက်သွားစေခဲ့သည်။
သူ ခေါင်းကိုမော့ကြည့်လိုက်ချိန်တွင် သူ့ဘေးတွင် ငွေရောင်စက်ရုပ်တစ်ခု ရှိနေပြီး ၎င်း၏ကျင့်ကြံရေးစွမ်းအားမှာလည်း အဠမမြောက်သူတော်စင်အဆင့်ဖြစ်သည်ကို သတိပြုမိလိုက်သည်။
"ချီး ငွေရောင်စက်ရုပ် နိုင်လော့ဂြိုဟ် က ငွေရောင်စက်ရုပ်ကသူ့မှာ ဘယ်လိုလုပ် ရှိနေတာလဲ"
"ငါတို့တော့သွားပြီ ထွက်ပြေးလို့မရတော့ဘူး!"
ကလိုင်းမှာ လုံးဝ ထိတ်လန့်သွားသည်။ ကျိုးဟောင်သည် အချိန်မဖြုန်းချင်တော့ဘဲ သူ့ကို ကြိုးတုပ်ကာ စစ်ဆေးရန် စစ်နတ်ဘုရားတပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ကလိုင်းသည် အတော်လေး ခေါင်းမာသည်။ အစပိုင်းတွင် သူ ဘာမှ မပြောခဲ့သော်လည်း ကျိုးဟောင်၏ ညှဉ်းပန်းနှိပ်စက်မှု နည်းလမ်း ရှစ်ဆယ့်တစ်မျိုးကို မခံနိုင်ဘဲ နောက်ဆုံးတွင် အမှန်အတိုင်း ဝန်ခံလိုက်ရသည်။
ကလိုင်း၏ စကားများကို ကြားရသောအခါ ကျိုးဟောင်၏ မျက်နှာသည် အလွန်တရာမဲမှောင်သွားခဲ့သည်။
"သံမဏိသွေးမဟာမိတ်အဖွဲ့... ကကမ္ဘာဂြိုဟ်ရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့သွားပြီ"
ကျိုးဟောင်စိုးရိမ်ခဲ့သောအရာ မှာဖြစ်လာခဲ့ပြီဖြစ်သည်။ သဲကန္တာရမှ သူတို့ကို ပြောခဲ့သည်မှာ ကမ္ဘာဂြိုဟ် သည် စကြဝဠာ၏ မူလဇစ်မြစ်များထဲမှ တစ်ခုဖြစ်ပြီး လူသူကင်းမဲ့သော်လည်း နက်နဲဆန်းကြယ်ဆဲဖြစ်သည်။
ရှေးဟောင်း ကမ္ဘာဂြိုဟ်သည် တစ်ချိန်က စကြဝဠာမှ ကျွမ်းကျင်သူ အစစ်အမှန်များကို မွေးထုတ်ပေးခဲ့သည်ဟု သဲကန္တာရပင် သံသယရှိခဲ့သည်။ မဟုတ်လျှင် ထိုရှေးဟောင်းအပျက်အစီးများစွာသည် မည်သည့်နေရာမှလာခဲ့ခြင်းဖြစ်မည်နည်း။
ကျိုးဟောင်သည် ဤကိစ္စများကို စုံစမ်းရန် မတတ်နိုင်သော်လည်း ယင်းကိစ္စက သူ့ကို စိုးရိမ်ပူပန်ခြင်းမှ မတားဆီးနိုင်ခဲ့ပေ။ သံမဏိလက်သာ ဤကိစ္စကို သိပါက လုံးဝ လွှတ်ပေးမှာ မဟုတ်ပေ။ သို့သော် သူ အခုသိလိုက်ရခြင်းသည် ကောင်းသော ကိစ္စဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ပြီဖြစ်သည်။
သူသည် သံမဏိလက်အား အလွန်စိုးရိမ်သော်လည်း သံမဏိလက်ကို ကမ္ဘာဂြိုဟ်အား ရှာဖွေရန် စေလွှတ်ခဲ့သောသခင်ကြီးအား ပိုမိုစိုးရိမ်သည်။
ဤလူမှာမည်သူနည်း။ ကလိုင်း၏ စကားများအရဤလူမှာ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သူ ဖြစ်ရမည်။ သံမဏိလက်ပင်လျှင် သူ့အားသခင်ကြီးဟုခေါ်ဝေါ်နေပေသည်။ သံမဏိလက်သည် တာအိုအဆင့်ပညာရှင်ဖြစ်ပေရာ သူမှသခင်ကြီးဟု ခေါ်ဝေါ်လျှင် ထိုလူသည် နယ်ပယ်သခင်အဆင့်လူတစ်ယောက် ဖြစ်ရမည်။ သို့မဟုတ် နယ်ပယ်သခင်ထက်ပင် မြင့်မားသူ ဖြစ်ပေလိမ့်မည်။
ကျိုးဟောင် မှာပိုမို ဖိအားများလာသည်။ သူသည် စကြဝဠာကိုပင် မစူးစမ်းရသေးသော်လည်း အလွန်စွမ်းအားကြီးသောသခင်ကြီးတစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံနေရသည်။ ဤသည်မှာသူ့အားကစားနေခြင်းပေလော။
"ငါ ဂရုမစိုက်တော့ဘူး သူသံမဏိလက်ကို ခိုင်းတယ်ဆိုကတည်းက သူ့မှာ စိုးရိမ်စရာတွေ ရှိနေလို့ပဲနေမှာ ငါ မသေမချင်း သံမဏီလက်က ကမ္ဘာဂြိုဟ်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး ဒီကိစ္စကို စကြဝဠာ တစ်ခုလုံး သိအောင်လုပ်ဖို့လောက်ထိ သူက မိုက်မဲမှာ မဟုတ်ဘူး"
ကျိုးဟောင်မှာအခြေအနေကို ဆန်းစစ်ပြီးနောက် စိတ်တည်ငြိမ်သွားကာ သက်သာရာရသွားသည်။ အနည်းဆုံး ကမ္ဘာဂြိုဟ်ဟာ အချိန်တိုအတွင်းလုံခြုံနေဦးမည်ဖြစ်သည်။
အန္တရာယ်မှာ ပျောက်ကွယ်မသွားသေးသော်လည်း ကျိုးဟောင်တွင် အခွင့်အရေးရှိသေးသည်။
ဒီကိစ္စကို ဖြေရှင်းပြီးနောက် ကျိုးဟောင်သည် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲသို့ ဝင်လိုက်သည်။ သူသည် ဤကာလအတွင်း အလုပ်များနေခဲ့ပြီး ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ကို အချိန်အတော်ကြာ မဖွင့်ဖြစ်ခဲ့ပေ။
သူ ဝင်ရောက်ပြီးသည်နှင့် ပလက်ဖောင်းပေါ်တွင် ရှိနေဆဲဖြစ်ပြီး ဆူညံသံများ ဖြစ်ပေါ်စေခဲ့သည်။
ငါကသာမန်လူတစ်ယောက်ပါပဲမှာ အိုင်ဒီတစ်ခုဖြစ်သော်ငြား ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ် အသုံးပြုသူများစွာရဲ့ မျက်လုံးထဲမှာတော့ သခင်ကြီးတစ်ဦးပင်ဖြစ်သည်။
ကျိုးဟောင်သည် ၎င်းတို့အားလျစ်လျူရှုကာစျေးဆိုင်အားဖွင့်လိုက်သည်။ ယခုတစ်ကြိမ်တွင် သူ့အတွက် ပစ္စည်းတွေ ဝယ်ရန်မဟုတ်ဘဲ ကမ္ဘာဂြိုဟ်အား တိုးတက်အောင် လုပ်ချင်၍ဖြစ်သည်။ ကမ္ဘာဂြိုဟ်ကို ကာကွယ်ရန်အတွက် ကျိုးဟောင်ထံတွင် အင်အားအလုံအလောက်ရှိသော်ငြား တစ်ချိန်တည်းမှာပဲ ကမ္ဘာဂြိုဟ်သည်လည်း အလုံအလောက် ခိုင်မာနေဖို့ လိုအပ်ပေသည်။
ကမ္ဘာဂြိုဟ်ခွန်အားရဲ့ အခြေခံမှာ လူသားမျိုးနွယ်တွင် အင်အားကြီးမားသော ပညာရှင်တွေ အလုံအလောက် ရှိနေဖို့ဖြစ်သည်။ သို့သော် မွေးရာပါ အကြောင်းအရင်းများကြောင့် ကမ္ဘာဂြိုဟ်ပေါ်တွင် သိုင်းပညာရှင်အလွန်နည်းပါးသည်။ ကျင့်ကြံနိုင်သော သိုင်းပညာရှင်များပင်လျှင် အလွန်အားနည်းကြသည်။ ရှင်းရှင်းပြောရပါက ၎င်းတို့၏ပါရမီနှင့် သွေးမျိုးဆက်တို့ဖြင့်ဆက်စပ်နေပေသည်။
ကျိုးဟောင်သည် လူသားမျိုးနွယ်ကို အကျိုးပြုနိုင်မည့် ရတနာများ ဆိုင်ထဲတွင် ရှိမရှိ သိလိုခြင်းဖြစ်သည်။
ဆက်လက်ကြည့်ရှုနေစဉ် ကျိုးဟောင်၏ မျက်လုံးများမှာ အရင်းအမြစ်တိုးမြှင့်ဆေးရည်ဟု ခေါ်သော ရတနာတစ်ခုပေါ်သို့ရောက်သွားခဲ့သည်။ ဤပစ္စည်းအား လူများက စုပ်ယူခြင်းဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်ကို တိုးတက်စေနိုင်ပြီး ၎င်းတို့၏ ဝိညာဉ်ကိုပင် ပြောင်းလဲနိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်တွင် အလိုအပ်ဆုံးအရာ ဖြစ်သည်။
ကျိုးဟောင်သည် ဈေးနှုန်းကို တစ်ချက်ကြည့်လိုက်ရာ ချက်ချင်းပင် ပြုံးလိုက်မိသည်။ ဤအရာ၏ ပုလင်းငယ်တစ်လုံးလျှင် ကောင်းကင်ဘုံဒင်္ဂါးပြား သန်း ၅၀ တန်ဖိုးရှိပေသည်။
ဤသည်မှာနေ့ခင်းကြောင်တောင်လုယက်နေသလိုပင်။
ကျိုးဟောင်စိတ်ဓာတ်ကျသွားခဲ့သည်။ ကံကောင်းထောက်မစွာပင် သူသည် ကောင်းကင်ဘုံဒင်္ဂါးပြား ဘီလီယံပေါင်းများစွာအား စုဆောင်းထားခဲ့သည်။ ထို့အပြင် ကျိုးဟောင်တွင် ပိုက်ဆံအများအပြားရှိပေသည်။ ကမ္ဘာဂြိုဟ်တစ်ခုလုံးရှိ အရင်းအမြစ်အားလုံးသည် သူ့အပိုင်ဖြစ်သည်။ သူသည် ဤမျှလောက်ငွေကြေးပမာဏကို ဂရုမစိုက်ပါ။ ထို့အပြင် ကျိုးဟောင်ထံတွင် စကြဝဠာ ဒေါ်လာ ၁၀ ဘီလီယံ ရှိသေးသည်။ ဤ စကြဝဠာ ဒေါ်လာ ၁သောင်းအားကမ္ဘာဂြိုဟ်မှ ရွှေဒင်္ဂါးပြား ၁ ဘီလီယံနှင့် လဲလှယ်နိုင်သည်။
ထို့ကြောင့် သူသည် ဘာမှ မပြောဘဲအရင်းအမြစ်တိုးမြှင့်ဆေးရည်ပုလင်း ၁သောင်းအား ချက်ချင်း ဝယ်ယူလိုက်သည်။
ဤ အရင်းအမြစ်တိုးမြှင့်ဆေးရည် ၁သောင်းအား ဟွာရှားစုဆောင်းရေးဌာနထဲသို့ချက်ချင်းပစ်ထည့်လိုက်သည်။ ကျိုးဟောင်မှာတစ်ကိုယ်ကောင်းဆန်သည်မဟုတ်သော်လည်း တရုတ်လူမျိုးများအသန်မာဆုံးလူများဖြစ်လာစေရန် သူ မျှော်လင့်နေဆဲ ဖြစ်သည်။
ထို့နောက် ကျိုးဟောင်မှာပြုံးလိုက်သည်။ အကြိမ်ပေါင်းများစွာ ရေဖြင့်ရောနှောထားသော်လည်း အရင်းအမြစ်တိုးမြှင့်ဆေးရည်သည် ထိရောက်မှုရှိဆဲဖြစ်သည်။ သာမန်လူတစ်ဦး သောက်သုံးပါက ၎င်းတို့၏ ခန္ဓာကိုယ်ကို ပြောင်းလဲစေနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် ကမ္ဘာဂြိုဟ်၏ နောက်မျိုးဆက် လူသားများ၊ သို့မဟုတ် နောက်နောက်မျိုးဆက်များကိုပင် သက်ရောက်မှုရှိနိုင်ပေသည်။
ဤကိစ္စမျိုးမှာအလျင်စလိုလုပ်လို့ မရပေ။ မည်သူမှ တစ်ထိုင်တည်း စားပြီး ဝိတ်တင်လို့မရနိုင်ပေ။
အရင်းအမြစ်တိုးမြှင့်ဆေးရည်များအား သိုလှောင်ပြီးနောက် ကျိုးဟောင်သည် ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်သို့ ပြန်သွားပြီး နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ သွားရောက်လိုက်သည်။
သို့သော် နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူ အလွန်နည်းနေပေသည်။
ကျိုးဟောင်သည်အံ့သြသွားခဲ့သည်။ သူ လက်ဆောင်များ မပို့ပေးဘူးဆိုလျှင်ပင် နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် လူပေါင်း ထောင်ဂဏန်းလောက်ပဲ ရှိနေတာ မဖြစ်သင့်ပေ။
နတ်မိမယ်ယွဲ့လင်သည်လည်း ကျိုးဟောင် ရောက်ရှိလာကြောင်း သိရှိသောကြောင့် သူ့အားသီးသန့်မက်ဆေ့ချ် ပို့လိုက်သည်။
"သခင်ကြီး ပြီးပြီလား ကျွန်မ အားတဲ့အချိန်ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ထဲ ဝင်လာခဲ့မယ်"
ကျိုးဟောင်မှာ 'အင်း' ဟု ပြန်ဖြေပြီး စိတ်ဝင်တစား မေးလိုက်သည်။
"မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်တဲ့လူက ဘာလို့ဒီလောက်နည်းနေရတာလဲ"
"လှပသော အမျိုးသမီးစစ်သည်တော်လို့ ခေါ်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအဖွဲ့အသစ်တစ်ခု ပေါ်လာတယ် သူတို့က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအားလုံးကို ကျော်တက်သွားပြီး လူအတော်များများက သူတို့ကို ကြည့်ဖို့ သွားကြတယ်"
နတ်မိမယ်ယွဲ့လင်မှာ သက်ပြင်းချလိုက်ပြီး အထီးကျန်သလို ခံစားနေရပေသည်။
"ဪ တကယ်ပဲ ဒီလိုကိစ္စမျိုး ရှိခဲ့တာလား"
ကျိုးဟောင်မှာအနည်းငယ် အံ့သြသွားခဲ့သည်။ ဤနေရာရှိ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြင်ပမှ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် မတူပေ။ နတ်မိမယ်ယွဲ့လင်မှာ ဝါရင့်တစ်ယောက်ဖြစ်ပေရာ မည်သည့်အကြောင်းအရင်းကြောင့် အသစ်ပေါ်လာသည့်တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးက ချက်ချင်း အနိုင်ယူသွားရတာလဲ။
"ဟုတ်တယ် သခင်ကြီး သူတို့ ဘာလို့ အင်အားကြီးလဲဆိုတာ သခင်ကြီးသွားကြည့်လိုက်ရင် သိပါလိမ့်မယ်"
နတ်မိမယ်ယွဲ့လင်မှာ အကူအညီမဲ့စွာ ပြောလိုက်သည်။
ကျိုးဟောင်အမှန်တကယ်ပင် စိတ်ဝင်စားသွားခဲ့ပေရာ ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
"ငါ သွားကြည့်လိုက်မယ် ခဏနေ ပြန်လာခဲ့မယ်"
ပြောရင်းဆိုရင်း ကျိုးဟောင်သည် နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ထွက်ခွာလာခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအား ဖွင့်ပြီးနောက် သူသည် လူကြိုက်များသော ခေါင်းစဉ်များတွင် 'လှပသော အမျိုးသမီးစစ်သည်တော်' ဟူသောတိုက်ရိုက်ထုတ်လွှင့်မှုအခန်းအား ချက်ချင်း မြင်လိုက်ရသည်။
သူ၏ သိချင်စိတ်ကြောင့် ကျိုးဟောင်သည် ချက်ချင်း ဖွင့်ကာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ဝင်ရောက်လိုက်ရာ ဝင်ရောက်လိုက်သည်နှင့် ကျိုးဟောင်မှာအံ့အားသင့်သွားခဲ့သည်။
....................................................................................
အခန်း (၈၁၉) ပြီးပါပြီ။