အခန်း (၈၂၀-၈၂၂)
Vol. 55 Ch. 820-822
အခန်း (၈၂၀) : ကံစမ်းမဲသေတ္တာ သူဌေး
ဤ လှပသော အမျိုးသမီးစစ်သည်တော် သည် အမှန်စင်စစ် လှပသော အမျိုးသမီးစစ်သည်တော်ဖြစ်ပေသည်။ ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်သူမှာတစ်ဦးတည်းမဟုတ်ဘဲ ခြောက်ဦးရှိပြီး ၎င်းတို့အားလုံးသည် တစ်ချိန်တည်း တိုက်ရိုက်ထုတ်လွှင့်နေကြပြီး တစ်ဦးစီမှာ ဆွဲဆောင်မှုရှိနေသည်။ ၎င်းတို့မှာ ဖြူစင်သောအသားအရေ၊ ရှည်လျားသောနားရွက်ရှည်များ၊ ကျောဘက်တွင်ဖောက်ထွင်းမြင်နိုင်သော အတောင်ပံများ ပါရှိကာ၊ ခန္ဓာကိုယ်တွင်လှပသော အမွေးများရှိနေသည်မှာ နတ်မိမယ်များကဲ့သို့ ပင်။
သို့သော် ၎င်းတို့၏ အလှကြောင့်သာ ဆိုလျှင် ထိုမျှ မဖြစ်နိုင်ပါ။ အရေးအကြီးဆုံးမှာ ၎င်းတို့၏ တိုက်ရိုက်ထုတ်လွှင့်မှု ပုံစံသည် အလွန်ထူးခြားနေခြင်းပင်။
လူများအား ကံစမ်းမဲသေတ္တာများ ဖွင့်ပေးခြင်းပင်ဖြစ်သည်။
မှန်ပေသည် ဤသည်မှာ၎င်းတို့ရဲ့ ဆွဲဆောင်မှုဖြစ်သည်။
ကျိုးဟောင်သည် အခြားသူများ ကံစမ်းမဲသေတ္တာဖွင့်ခြင်းကို မသိသော်လည်း၊ သူကိုယ်တိုင် ဖွင့်ရန် ကံကြမ္မာအမှတ်လိုအပ်ပေသည်။ တစ်ဦး၏ ကံကောင်းမှု မြင့်မားလေလေ၊ ကံစမ်းမဲသေတ္တာဖွင့်ရာမှ ရရှိသော ဆုလာဘ် ပိုကောင်းလေလေဖြစ်သည်။ သို့သော် ဤလှပသော မိန်းကလေးတွင် အခြားသူများကို ကံစမ်းမဲသေတ္တာ ဖွင့်ပေးရန် မည်သည့်အခွင့်အရေး ရှိပါသနည်း။
"လေးစားအပ်ပါသော 'မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်' သခင်ကြီး ရှင့်ရဲ့ပလက်တီနမ် ကံစမ်းမဲသေတ္တာ ဆယ်ခုကို ဖွင့်ပေးဖို့အမှာစာကို ကျွန်မတို့ လက်ခံရရှိပြီးပါပြီ ကောင်းကင်ဘုံဒင်္ဂါးပြား တစ်ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး အနည်းဆုံး ဆယ်ဘီလီယံ တန်ဖိုးရှိတဲ့ဆုများပေးမှာပါ"
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လှပသော မိန်းကလေး ခြောက်ဦးအနက်မှ တစ်ဦးက ပြုံးကာ ပြောလိုက်သည်။
ထို့နောက် ပလက်တီနမ် ကံစမ်းမဲသေတ္တာ ဆယ်ခုကို မျက်နှာပြင်ကြီးပေါ်တွင် ပြသထားသည်။ ကျိုးဟောင်သည်လည်း ယခင်က ပလက်တီနမ်သေတ္တာကို ဖွင့်ဖူးသည်။ ဆုလာဘ်များမှာ အလွန်ကြွယ်ဝပြီး ဆုအမျိုးအစားကို ရွေးချယ်နိုင်သည်။
"ဒါ ဆယ်ဘီလီယံတန်ဖိုးရှိမရှိ ငါ ဂရုမစိုက်ဘူး အနန္တမီးလျှံ မြက်ခင်းပြင်ကျင့်ကြံရေးသိုင်းကို မင်းတို့ ငါ့အတွက် ရအောင်ယူပေးရမယ်"
ကောင်းကင်ဘုံလမ်းကြောင်းဆော့ဖ်ဝဲလ်ပေါ်တွင် 'မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်' သည် ထူးဆန်းသည့် အလွန်ကြီးမားသော သားရဲ တစ်မျိုးဖြစ်သည်။ အနည်းဆုံးတော့ ကျိုးဟောင် တစ်ခါမှ မမြင်ဖူးပါ။ ထိုအချိန်တွင် သူသည် ရှေ့ဆုံးတွင် ရပ်နေပြီး ထိုသူ၏ ပလက်တီနမ် ကံစမ်းမဲသေတ္တာ ဆယ်ခုကို စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ကြည့်နေသည်။
"လေးစားအပ်ပါသော 'မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်' စိတ်မပူပါနဲ့ ကျွန်မတို့ကရှင့်ကို အနန္တမီးလျှံ မြက်ခင်းပြင်ကျင့်ကြံရေးသိုင်းကို သေချာပေါက် ပေးမှာပါ"
"ဒါပေမဲ့ နောက်ထပ် ကောင်းကင်ဘုံလမ်းကြောင်း ဒင်္ဂါးပြား တစ်ဘီလီယံတော့ ထပ်လိုအပ်ပါလိမ့်မယ်"
အမျိုးသမီးစစ်သည်တော်များထဲမှ တစ်ဦးမှာပြုံးပြီး ပြောလိုက်သည်။
"မင်းတို့ တကယ် ဖွင့်ပေးနိုင်လို့လားမင်းတို့ မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ"
မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်က နှာမှုတ်လိုက်သည်။ ဈေးနှုန်းကို အကြောင်းမဲ့ တိုးမြှင့်လိုက်ခြင်းကြောင့် သူ အနည်းငယ် မကျေမနပ်ဖြစ်နေသည်။
"မဖွင့်နိုင်ရင် ကျွန်မတို့ တစ်ပြားမှ မယူပါဘူး ပလက်တီနမ် ကံစမ်းမဲသေတ္တာ ဆယ်ခုနဲ့ ပြန်လျော်ပါမယ် ဒါက ကျွန်မတို့ လှပသာအမျိုးသမီးစစ်သည်တော်တွေရဲ့ စည်းမျဉ်းပါ"
သူတို့မှာပြောရင်း ရယ်မောနေကြသည်။ သူမတို့ရဲ့ စကားများမှာအရမ်းကို မာနကြီးလွန်းလို့ ကျိုးဟောင်ပင် တုန်လှုပ်သွားခဲ့သည်။
"မြန်မြန်လုပ် မိန်းမလှလေးတွေ ငါတို့ စောင့်နေကြပြီ!"
"ဟုတ်တယ် လုပ်ကြစို့ ငါတို့ အံ့ဖွယ်ဖြစ်ရပ်ကို မြင်ချင်နေပြီ"
"အနန္တမီးလျှံ မြက်ခင်းပြင်ကျင့်ကြံရေးသိုင်းက တာအို အဆင့်သိုင်းပညာလို့ ယူဆလို့ရတယ် အဲဒါရမဲ့ ပလက်တီနမ် ကံစမ်းမဲသေတ္တာကို ဖွင့်နိုင်ရင် ငါ ဇောက်ထိုးရပ်ပြီး ချီးစားပစ်မယ်"
တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူများသည် ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ဤအရာမှာ ကံစမ်းမဲသေတ္တာ ဖြစ်သည်။ ဒီလို အဆင့်မြင့် ကောင်းမွန်တဲ့ ပစ္စည်းတွေ မရတာက ပုံမှန်ပင်။ သို့သော် လှပသော အမျိုးသမီးစစ်သည်တော်များ၏ပုံစံမှာ အားလုံးမှာ အစီအစဉ်ချထားသလိုပင်။
ဤမြင်ကွင်းမှာ ကျိုးဟောင်ကို တုန်လှုပ်စေခဲ့သည်။
သူတို့ထံတွင်လည်း ကံကြမ္မာအမှတ်များရှိနေခြင်းပေလော။
ဤသို့မဖြစ်နိုင်ပေ။ ၎င်းတို့ထံတွင် ကံကြမ္မာအမှတ်ရှိလျှင်ပင် လိုချင်တာကို ရမယ်ဆိုပြီး သေချာအောင် လုပ်ဖို့ နည်းလမ်းမရှိပေ။
ကျိုးဟောင် ထိုင်ပြီး သေချာကြည့်နေရင်း သူ့ရင်ထဲမှာ သိချင်စိတ်များဖြင့် ပြည့်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် လှပသော မိန်းကလေးစစ်သည်တော်များမှာ ဘာကြောင့် ဒီလောက် ရေပန်းစားလာသလဲဆိုတာကိုလည်း သူ နားလည်ခဲ့သည်။
ပထမဦးစွာ သူတို့သည် လှပသော အမျိုးသမီးများအဖွဲ့ဖြစ်ပြီး လှပသော အမျိုးသမီးများသည် အမြဲတမ်း မျက်စိပသာဒဖြစ်စေသည်။
ဒုတိယအချက်မှာ ၎င်းတို့သည် အမှန်တကယ် အရည်အချင်းရှိပြီး ကောင်းသောအရာများကို ဖွင့်နိုင်ခဲ့သည်။ လူအများအပြားလည်း ကံစမ်းမဲသေတ္တာများအားဖွင့်ခဲ့ဖူးသည်။ လှပပြီး အရည်အချင်းရှိသောအမျိုးသမီးတစ်ယောက်မှာ ရေပန်းမစားဘဲ နေဖို့ ခက်ပါသည်။
မြောက်ဝင်ရိုးစွန်း၏ အလင်းရောင် က ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် နတ်သမီးတို့ ကြိုးစားပေးပါဦး"
ထိုသို့ပြောပြီးနောက် လှပသော အမျိုးသမီးစစ်သည်တော် ခြောက်ဦးအနက်မှ တစ်ဦးက ပြုံးကာ သူမ၏ လက်ချောင်းသွယ်သွယ်လေးဖြင့် ပလက်တီနမ် ကံစမ်းမဲသေတ္တာကို ထိုးပြလိုက်သည်။
"ကံစမ်းမဲသေတ္တာ စတင်ဖွင့်ပါတော့မယ် ဆယ်ခုကိုတစ်ခါတည်းဖွင့်ပါမယ်"
အသံပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် ချက်ချင်း တောက်ပသော အလင်းရောင်တို့ဖြင့်ဖုံးလွှမ်းသွားခဲ့သည်။
"အဖိုးတန်ရတနာ နဂါးသင်္ချိုင်းဓားကို ရရှိသည့်အတွက် 'မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်' အား ဂုဏ်ယူပါသည်။"
"အဖိုးတန်ရတနာ ဘုရားအဆင့် အမြောက်ကို ရရှိသည့်အတွက် 'မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်' အား ဂုဏ်ယူပါသည်။"
" အဖိုးတန် သိုင်းပညာ ပိုးကောင်အရိုးစု မြေသားကို ရရှိသည့်အတွက် မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်' အား ဂုဏ်ယူပါသည်။"
"အဖိုးတန် ဆေးဖက်ဝင်အပင် ဒဏ္ဍာရီလာ စွမ်းနီကို ရရှိသည့်အတွက် 'မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်' အား ဂုဏ်ယူပါသည်။"
"အဖိုးတန်ရတနာ အဖိုးတန် စွမ်းအင်ဘားကို ရရှိသည့်အတွက် 'မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်' အား ဂုဏ်ယူပါသည်။"
"အဖိုးတန်ရတနာ စွမ်းနီ၏ အဖိုးတန် ခန္ဓာကိုယ်အားဖြည့်ဆေးရည်ကို ရရှိသည့်အတွက် 'မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်' အား ဂုဏ်ယူပါသည်။"
"အဖိုးတန်ရတနာ၊ ပြိုင်ဘက်ကင်းစစ်ပွဲလှံကို ရရှိသည့်အတွက် 'မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်' အား ဂုဏ်ယူပါသည်။"
ပလက်တီနမ် ကံစမ်းမဲသေတ္တာများကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် ချက်ချင်း အလွန်လူကြိုက်များသွားသည်။ ဤပစ္စည်းအားလုံးမှာရတနာများဖြစ်ပြီး ပစ္စည်းတစ်ခုချင်းစီသည် တစ်ဘီလီယံထက် ပိုတန်ဖိုးရှိသော ရတနာများဖြစ်သည်။ဤမျှများပြားသောရတနာများအား တစ်ပြိုင်တည်း ဖွင့်နိုင်တာကို မြင်တော့ ကျိုးဟောင်ပင် တုန်လှုပ်သွားခဲ့သည်။
"အဖိုးတန် ကျင့်ကြံရေးသိုင်းဖြစ်သည့်အနန္တမီးလျှံ မြက်ခင်းပြင်ကျင့်ကြံရေးသိုင်း ကို ရရှိသည့်အတွက် 'မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်' အားဂုဏ်ယူပါသည်။"
သို့သော် နောက်ဆုံး ပလက်တီနမ် ကံစမ်းမဲသေတ္တာကို ဖွင့်လိုက်သောအခါ လူတိုင်း ငြိမ်သက်သွားပြီးနောက် အဆုံးမဲ့သော အားပေးသံများ ပေါ်ထွက်လာသည်။
"ဘုရားရေ"
"အနန္တမီးလျှံ မြက်ခင်းပြင်ကျင့်ကြံရေးသိုင်း အဲဒါတာအိုအဆင့်သိုင်းပညာပဲ"
"ဒီလိုပဲ ရလိုက်တာလား"
"ရရုံတင်မကဘူး တခြား ကံစမ်းမဲသေတ္တာတွေကလည်း ကောင်းတာတွေချည်းပဲ ကံကောင်းရင် ငါ ကောင်းကင်ပေါ်က နဂါးဖြစ်မသွားနိုင်ဘူးလား"
"ဟေ့ဟေ့ မင်း မင်းဝန်ဆောင်ခ ၁ ဘီလီယံတောင် ရွေးဖို့ ခက်နေတာကိုယ့်ကိုယ်ကို အရှက်မရစေနဲ့"
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် စိတ်လှုပ်ရှားမှုနှင့်အတူ ဆူညံနေပြီး ကျိုးဟောင်ပင် တုန်လှုပ်သွားခဲ့သည်။
ဒီလို အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူး၏ခြင်းဖြစ်သည်။ ဤအခြေအနေသည် ဘာတွေဖြစ်နေတာလဲ။ ပလက်တီနမ် ကံစမ်းမဲသေတ္တာကို ဖွင့်ခြင်းသည်ဤမျှလောက် လွယ်ကူသည်လော။ သူတို့ထဲက ဘယ်ဟာမဆို အဖိုးတန်ရတနာ ဖြစ်နေပေသည်။
"ရှင့်ကို စိတ်မပျက်စေခဲ့ပါဘူးနော်"
လူတိုင်း အံ့အားသင့်စွာ အော်ဟစ်နေကြစဉ် လှပသော မိန်းကလေးသည် ပြုံးပြီး ပစ္စည်းကို မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်ထံသို့ ပြန်ပေးလိုက်သည်။
"လေးစားအပ်ပါသော 'မြောက်ဝင်ရိုးစွန်း၏ အလင်းရောင်' ငွေပေးချေဖို့ မမေ့ပါနဲ့ရှင့်"
"သေချာတာပေါ့ သေချာတာပေါ့... ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲ၊ ဟားဟားဟား..."
မြောက်ဝင်ရိုးစွန်း၏ အလင်းရောင် သည် ပျော်ရွှင်လွန်းသဖြင့် ချက်ချင်း နတ် ကောင်းကင်ဘုံဒင်္ဂါး ၄ဘီလီယံကို လွှဲပြောင်းပေးပြီး စိတ်လှုပ်ရှားစွာ ထွက်ခွာသွားခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် အလွန်ရေပန်းစားပြီး တုန်လှုပ်စရာကောင်းနေခဲ့သည်။
"ကောင်းပါပြီ လေးစားအပ်ပါသော ဧည့်သည်များရှင့် ဒီနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဒီလောက်ပါပဲ ကျွန်မတို့ နေ့တိုင်း ပလက်တီနမ်အဆင့်နဲ့ အထက်ရှိတဲ့ အသုံးပြုသူ သုံးဦးကိုသာ ကံစမ်းမဲသေတ္တာတွေဖွင့်ပေးပါတယ် တစ်ချိန်တည်းမှာပဲ အဲဒီသုံးယောက်ဟာ အဲဒီနေ့အတွက် ဆုလာဘ်စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်သူ သုံးဦးလည်း ဖြစ်ပါတယ်ရှင့်"
"ချစ်ခင်ရသောမိသားစုဝင်များ နောက်နေ့မှ ပြန်တွေ့ကြမယ်နော်"
လှပသော အမျိုးသမီးစစ်သည်တော်များမှာ ပြုံးပြပြီး လူတိုင်းကို လက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက် သူမတို့သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်လိုက်သည်။ လူတိုင်းသည် စိတ်ကျေနပ်မှု မရှိသေးဘဲ တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်ခွာသွားကြသည်။ ကျိုးဟောင်သည်လည်း နတ်မိမယ်ယွဲ့လင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ပြန်လာသောအခါ အခြားသူများနှင့်အလားတူပင် တုန်လှုပ်သွားခဲ့သည်။
နတ်မိမယ်ယွဲ့လင်သည် ကျိုးဟောင်ကို အတော်ကြာ မတွေ့ရခဲ့ပေရာ သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုမှ အလျင်အမြန် ထွက်လိုက်ပြီး ကျိုးဟောင်ကို သူမ၏ ကိုယ်ပိုင်နေရာသို့ ခေါ်ဆောင်လာခဲ့ကာ သူမတို့ုနှစ်ယောက်သည် စကားစမြည်ပြောလာခဲ့ကြသည်။
"ဒီ လှပတဲ့ အမျိုးသမီးစစ်သည်တော်က ဘယ်သူလဲ သူက ဒီလောက်တောင် အစွမ်းထက်တာလား"
ကျိုးဟောင်မှာစိတ်ဝင်တစား မေးလိုက်သည်။
"ကျွန်မလည်း မသိဘူး သူက သခင်ကြီးထက်တောင် ပိုတော်တယ် ကံစမ်းမဲသေတ္တာဖွင့်တာများ ကစားသလိုပဲ သူလိုချင်တာကို ဖွင့်လို့ရတယ် ဒါ အဓိပ္ပာယ်မရှိဘူး"
နတ်မိမယ်ယွဲ့လင်သည် ယခင်က ကံစမ်းမဲသေတ္တာ အတော်များများ ဖွင့်ဖူးသော်လည်း ဤကဲ့သို့သောပုံစံမျိုးအား တစ်ခါမှ မမြင်ဖူးပါ။ ဆယ်လုံးအားဆက်တိုက်ဖွင့်ခြင်းသည် အခြေခံအားဖြင့် အဖိုးတန်ရတနာများချည်း ဖြစ်သည်။ တကယ်လို့ တခြားသူသာဆိုပါက အခုလို အခုလို ရတနာတစ်မျိုး ရဖို့ဆိုပါက အခုတစ်ရာထဲမှတစ်ခုရလျှင်ပင် အလွန်ကံကောင်းနေပြီဟုဆိုနိုင်ပေသည်။ နတ်မိမယ်ယွဲ့လင်သည် နားမလည်သော်လည်း ကျိုးဟောင်မှာခန့်မှန်းနိုင်ပေသည်။
ကံစမ်းမဲသေတ္တာမှ ကောင်းသော ပစ္စည်းများ ရရှိနိုင်ခြေသည် ကံကြမ္မာအမှတ်နှင့် ဆက်စပ်နေသည်။ အားလုံးမှာ အဖိုးတန်ပစ္စည်းတစ်ခုရရုံဖြင့် သူတို့၏ ကံကြမ္မာမှာအလွန်သာလွန်နေကြောင်းသိနိုင်ပေသည်။ ဤမျှလောက်ဆိုပါက ကံကြမ္မာဘုရင်မ၏ ကောင်းချီးမင်္ဂလာပင် မဟုတ်ပေ။ နေနတ်ဘုရား၏ ကောင်းချီးမင်္ဂလာအဆင့်ဖြင့် ဖွင့်လှစ်ခြင်းသာဖြစ်နိုင်ပေသည်။ သို့သော် ထိုအဆင့်ဆိုပါက ကံကြမ္မာအမှတ်သည် ၁၀၀ ဘီလီယံနှင့်အထက်တွင်ရှိပေသည်။
....................................................................................
အခန်း (၈၂၀) ပြီးပါပြီ။
အခန်း (၈၂၁) : ကြေးစားစစ်သည် အကဲဖြတ်ခြင်း
ကျိုးဟောင်သည် အလွန်ရှုပ်ထွေးနေပြီး ဘာကြောင့်ဆိုသည်ကို နားမလည်ပေ။ ကံကြမ္မာအမှတ်သည် ဤမျှလောက် လွယ်လွယ်နဲ့ ရနိုင်တဲ့အရာ မဟုတ်ပေ။ သို့သော် လှပသော အမျိုးသမီးစစ်သည်တော်များက ကံကြမ္မာအမှတ်ကို အသုံးမပြုဘဲ ကံစမ်းမဲသေတ္တာများကို ဖွင့်ခဲ့သည်ဆိုလျှင် သူမတို့သည် မည်သို့လုပ်ဆောင်ခဲ့ပါသနည်း။
ကျိုးဟောင်မှာ နားမလည်နိုင်ခဲ့သော်လည်း မည်သို့ပင်ဖြစ်စေဤလှပသော အမျိုးသမီးစစ်သည်တော်သည် သူ၏ အာရုံကို ဖမ်းစားခဲ့သည်။
"လှပသော စစ်သည်တော်နဲ့ အဖွဲ့ဝင်တွေက တိုက်ရိုက်ထုတ်လွှင့်မှုကို ရောက်လာပြီးကတည်းက ရက်အနည်းငယ်အတွင်းမှာပဲ ထိပ်ဆုံး ၁၀၀ စာရင်းထဲ ဝင်သွားခဲ့တာ ပြီးတော့ သူတို့ရဲ့ အဆင့်က ဆက်မြင့်တက်နေတုန်းပဲ။ ဟင်း... "
နတ်မိမယ်ယွဲ့လင်သည် အလွန်စိတ်ဓာတ်ကျနေခဲ့သည်။ သူမ အလွန်ခက်ခဲစွာ စုဆောင်းထားသော လူကြိုက်များမှုနှုန်းသည် ရက်အနည်းငယ်အတွင်း ရုတ်ချည်း ကျဆင်းသွားခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်၍ ကျိုးဟောင်ဘာပြောရမှန်း မသိပေ။ သူ၏ ကံကြမ္မာအမှတ်အားကြည့်လိုက်သည်။ ၎င်းသည် သန်းရာပေါင်းများစွာသာ ရှိသည်။ သူသည် 'ကံကြမ္မာဘုရင်မ၏ မျက်နှာသာပေးခြင်း' အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဤအဆင့် စကြဝဠာထဲရှိ ထိုထူးခြားဆန်းပြားသော သားရဲများကို သတ်ခြင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။
နတ်မိမယ်ယွဲ့လင်နှင့် ခဏတာ စကားပြောပြီးနောက် ကျိုးဟောင်သည် စျေးဆိုင်ထဲသို့ ထပ်မံဝင်ရောက်သွားခဲ့သည်။ တောက်ပနေသော ပစ္စည်းများကို ကြည့်ရင်း ကျိုးဟောင်မှာ အနည်းငယ် စိတ်ဓာတ်ကျနေခဲ့သည်။ ကောင်းသောပစ္စည်းများသည် အလွန်စျေးကြီးပြီး မကောင်းသော ပစ္စည်းများကိုလည်း သူ မကြိုက်ပေ။
"ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က တတိယမြောက်သူတော်စင်အဆင့်ကို ရောက်နေပြီ ငါ့ရဲ့ရှေးဟောင်းခန္ဓာကိုယ်ကလည်း အဆင့်တက်ဖို့ကြန့်ကြာတဲ့အဆင့်ကိုရောက်နေပြီ ငါမန္တန်အများကြီး မသိပေမယ့် ငါ့ရဲ့ ရှေးဟောင်းခန္ဓာကိုယ်နဲ့ အာကာသမန္တန်တွေက ဒါကို အစားထိုးဖို့ လုံလောက်တယ် ငါ အခုလုပ်ရမှာက ငါ့ရဲ့ ကိုယ်ခန္ဓာကို တိုးတက်အောင်လုပ်ပြီး တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ဖို့ပဲ"
ကျိုးဟောင်သည် ကျင့်ကြံရေးနှင့် ပတ်သက်၍ အမြဲတမ်း ရှင်းလင်းသော အတွေးအမြင်ရှိခဲ့သည်။ သူသည် တစ်ချိန်တည်းတွင် အလွန်အကျွံ လုပ်ဆောင်ခြင်း မပြုသင့်ကြောင်း သိသည်။
ထို့အပြင် ရှေးဟောင်းခန္ဓာသိုင်း၊ အာကာသ မန္တန် သို့မဟုတ် ဝိညာဉ်စွမ်းအားဖြစ်စေ ၎င်းတို့သည်ပြည့်စုံသည့်အဆင့်သို့ရောက်အောင်ကျင့်ကြံနိုင်ပါက အလွန်အစွမ်းထက်လာမည်ဖြစ်သည်။ ထို့ကြောင့်မန္တန်များသည် ကျိုးဟောင်အတွက် အရေးမကြီးတော့ပေ။
စျေးဆိုင်ထဲတွင် ခေတ္တမျှဈေးဝယ်ပြီးနောက် ကျိုးဟောင်မှာ နောက်ဆုံးတွင် ထွက်လာခဲ့သည်။ ပုံမှန်အတိုင်း သူသည် ခန္ဓာပုံသွင်းရည်အား သုံး၍ သူ၏ ခန္ဓာကိုယ်ကို အားဖြည့်ခဲ့သည်။ သူ၏ ရှေးဟောင်းခန္ဓာသည် ဒုတိယအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး နောက်ထပ် အဆင့်ချိုးဖောက်ရန် အချိန်အကြာကြီး လိုအပ်နေသောကြောင့် သူ အလျင်စလို လုပ်လို့မရသေးပေ။ အာကာသမန္တန်သိုင်းများအတွက်မူ အာကာသသား အရွယ်ရောက်ပြီးမှသာ ပိုမိုအဆင့်မြင့်သော လျှို့ဝှက်နည်းပညာများကို ရရှိနိုင်မည်ဖြစ်သည်။
ရက်အနည်းငယ် ကုန်လွန်သွားပြီး ကျိုးဟောင်သည် သူ၏အချိန်အားလုံးကို ကျင့်ကြံရင်းသာကုန်ဆုံးခဲ့သည်။ ညဘက်တွင် အိမ်ပြန်ရောက်သောအခါ သူသည် သူ၏ မိသားစုနှင့် ညစာစားပြီး ရှုလင်နှင့် နှစ်ကိုယ်တူအချိန်ကုန်ဆုံးခဲ့သည်။
"ကျွန်မ ကောင်းကင်ဘုံအဆင့်ကို ရောက်နေပြီ ဟွန်း မကြာခင် သူတော်စင်အဆင့်ကို ရောက်တော့မှာ အဲဒီအခါကျရင်သေချာပေါက် ရှင့်နောက်လိုက်ပြီး စကြဝဠာကို စူးစမ်းရှာဖွေမှာ "
ရှုလင်သည် ကျိုးဟောင်ကို ကြည့်ပြီး အလေးအနက် ပြောလိုက်သည်။
"ဟဟ ကောင်းပြီ အဲဒီအချိန်ရောက်ရင် ကိုယ်တို့ ဇနီးမောင်နှံအနေနဲ့ အတူတူ ပူးပေါင်းဆောင်ရွက်မယ် စကြဝဠာထဲမှာ သေချာပေါက် နာမည်ကျော်ကြားလာမှာပဲ"
ကျိုးဟောင်မှာ ရယ်မောရင်း ရှုလင်၏ နှာခေါင်းအား ခပ်ဖွဖွလေးထိလိုက်ပြီးပြောလိုက်သည်။
"ဒါနဲ့ ကိုယ်တို့ ဘယ်တော့ လက်ထပ်ကြမလဲ"
ကျိုးဟောင်မှာ အလျင်အမြန်ပင်ပြောလိုက်သည်။
ဒီလိုကိစ္စမျိုးကို ယောကျ်ားတစ်ယောက်က ပြောရမှာ သဘာဝကျပေသည်။ ဘယ်မိန်းမက ဒီလိုကိစ္စကို ဦးဆောင်ပြီး ပြောမည်နည်း။ ထို့အပြင်ရှုလင်သည် သူ့ဘေးတွင် နှစ်ပေါင်းများစွာ ရှိလာခဲ့ခြင်းဖြစ်သည်။ သူမသည် အချိန်တိုင်း လျှောက်သွားနေခဲ့သည်။ သူမသည် တစ်နေရာတည်းတွင်ရပ်မနေကြောင်းသိသော်လည်း ကျိုးဟောင်သည် သူ ပေးသင့်သည့် ကတိကို ပေးရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း နားလည်ပေသည်။
သူတို့ အထက်တန်းကျောင်းတုန်းကတည်းကယခုအချိန်အထိ အချိန်အတော်ကြာခဲ့ပြီဖြစ်ကာ ကျိုးဟောင်သည် သူမ မရှိဘဲ မနေနိုင်ပေ။
ရှုလင်သည် ဤစကားကို ကြားသောအခါ မျက်ရည်များကျသည်အထိ စိတ်လှုပ်ရှားသွားခဲ့သည်။ သူမသည် ကျိုးဟောင်၏ ခံစားချက်များကို အမြဲသိခဲ့သော်လည်း ယခု ကျိုးဟောင်က ဤစကားကို ပြောလိုက်သောအခါ သူမ ပိုမို စိတ်လှုပ်ရှားသွားခဲ့သည်။
"ရှင်... ရှင် တကယ် ကျွန်မကို လက်ထပ်ချင်တာလား"
ရှုလင်မှာ မသေချာသော အသံဖြင့် မေးလိုက်သည်။
"သေချာတာပေါ့ ဒီဘဝမှာ မင်းတစ်ယောက်တည်းကိုပဲ လက်ထပ်မှာ"
ရှုလင်သည် အလွန်ပျော်ရွှင်နေခဲ့သည်။ သူမ ခေါင်းအားလျင်မြန်စွာညိတ်လိုက်ပြီး ကျိုးဟောင်၏ လက်မောင်းများထဲသို့ မှီချလိုက်သည်။
"အင်း... ရှင် ပြောသလိုပဲ"
ရှုလင်သည် အလွန် ချိုသာစွာ ပြုံးလိုက်သည်။ အမှန်တော့ သူမသည် အစွဲအလမ်းကြီးသောသူ မဟုတ်ပေ။ သူမသည် မင်္ဂလာပွဲကို တစ်ခါမှ ဂရုမစိုက်ခဲ့ပါ။ ကျိုးဟောင်မှာ ဒီလိုရည်ရွယ်ချက်ရှိနေတာနဲ့တင် သူမ အလွန်ပျော်နေပြီဖြစ်သည်။
ထိုညတွင် ရှုလင်သည် ကျိုးဟောင်၏ ရင်ခွင်ထဲတွင် လဲလျောင်းကာ ကျိုးဟောင်အပိုင်မိန်းကလေး ဖြစ်လာခဲ့သည်။ ထိုခံစားချက်က ရှုလင်ကို အလွန်ချိုမြိန်စေခဲ့သည်။ သူမသည် ကျိုးဟောင်အိပ်ပျော်သွားသည်ကို မြင်သောအခါ ပြုံးလိုက်သည်။
"ဟွန်း ကောင်စုတ်လေး..."
သူမသည် ကျိုးဟောင်အား ပွေ့ဖက်ကာ ဖြည်းညင်းစွာ အိပ်ပျော်သွားခဲ့သည်။
နောက်နေ့ မနက်စောစောတွင် ကျိုးဟောင်သည် နိုင်လော့ကြယ်စုကြေးစားစစ်သည် လေ့ကျင့်ရေးစခန်းမှ အကြောင်းကြားစာအား ရရှိခဲ့သည်။ ကျိုးဟောင်သာမက ကျိယောင်ယွဲ့နှင့် လင်းထျန်တို့လည်း လက်ခံရရှိခဲ့သည်။
သူတို့သုံးဦးသည် ကမ္ဘာပေါ်တွင် အသန်မာဆုံးသော သူများဖြစ်သည်။ သူတို့အားလုံးသည် ကြေးစားစစ်သည်အဖွဲ့၏ လေ့ကျင့်ရေးစခန်းအတွက် စာရင်းသွင်းခဲ့ကြပြီး နှစ်ပတ်ကြာပြီးနောက်မှ အကြောင်းပြန်ကြားချက် ရရှိခဲ့ခြင်းဖြစ်သည်။
"စာမေးပွဲဖြေရမှာလား"
ကျိုးဟောင် အံ့အားသင့်သွားသည်။ စာမေးပွဲ ဖြေဖို့ လိုအပ်လို့လား။
ကျိယောင်ယွဲ့နှင့် လင်းထျန်တို့သည် ကျိုးဟောင်နှင့် အတူတူ အကြောင်းကြားစာကို ရရှိခဲ့သည်။
"ကြေးစားစစ်သည်လေ့ကျင့်ရေးစခန်းထဲကို ဝင်ရောက်ပြီး ကြေးစားစစ်သည်သင်တန်းသား ဖြစ်လာဖို့အတွက် စာမေးပွဲ အောင်မြင်ဖို့ လိုအပ်ပါတယ် အလုပ်သင်ကာလတစ်နှစ်နဲ့ ပဉ္စမမြောက်သူတော်စင်အဆင့်ကို ရောက်မှသာ တရားဝင် ကြေးစားစစ်သည် ဖြစ်နိုင်မှာပါ ဒါပေမဲ့ ကြယ်တစ်ပွင့် ကြေးစားစစ်သည်ပဲ ဖြစ်နိုင်ပါသေးတယ်"
ကြေးစားစစ်သည် စည်းမျဉ်းများကို ကြည့်ရင်း ကျိုးဟောင်မှာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ပဉ္စမမြောက်သူတော်စင်အဆင့်သည် ကြယ်တစ်ပွင့် ကြေးစားစစ်သည်အဖြစ်သာ သတ်မှတ်ခံရပေသည်။ ဤအဆင့်သည် တကယ်ပင်ကြမ်းတမ်းလှပေသည်။
"ဒီ ကြေးစားစစ်သည်အဖွဲ့က မရိုးရှင်းဘူး စကြဝဠာထဲမှာ ဘယ်ကြေးစားစစ်သည်မဆို အရမ်းလေးစားခံရတယ် သူတို့ရဲ့ စွမ်းဆောင်ရည် ကောင်းရင် ကြေးစားစစ်သည် မဟာမိတ်အဖွဲ့ရဲ့ တကယ့်အဖွဲ့ဝင်တောင် ဖြစ်လာနိုင်တယ်"
ထိုအချိန်တွင်ဖားမှာ ခုန်ထွက်လာပြီး ပြောလိုက်သည်။
"ကြေးစားစစ်သည် မဟာမိတ်အဖွဲ့လား"
ကျိုးဟောင်မှ, အံ့အားသင့်သွားသည်။
"အဲဒါ တကယ့်ကို ဧရာမအဖွဲ့အစည်းကြီးပဲ အထက်စကြဝဠာကို သိမ်းပိုက်ထားတဲ့ အင်အားကြီး မဟာမိတ်အဖွဲ့ အင်အားကြီးတဲ့ အင်ပါယာတချို့နဲ့တောင် ယှဥ်နိုင်တယ် အဲဒီအရာတွေက မင်းနဲ့ အလှမ်းဝေးနေသေးတယ် ဒါကြောင့် မင်းသိရင်တောင် အသုံးမဝင်ဘူး နိုင်လော့ကြယ်စုက ကြေးစားစစ်သည် လေ့ကျင့်ရေးစခန်းထဲကို ဝင်ဖို့ နည်းလမ်းရှာ"
ဖားက ကျိုးဟောင်ကို တစ်ချက်ကြည့်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
ကျိုးဟောင်၏ မျက်နှာ တုန်လှုပ်သွားခဲ့သည်။ ဤသတ္တဝါသည် သူ့ကို အမြဲတမ်း စိတ်ဓာတ်ကျအောင် လုပ်နေခြင်းဖြစ်သည်။
"စီနီယာတို့ ဘာတွေ စဉ်းစားနေလဲ စာမေးပွဲ ဖြေချင်ကြလား"
ကျိုးဟောင်သည် ကျိယောင်ယွဲ့နှင့် လင်းထျန်တို့ကို မေးလိုက်သည်။
"သေချာတာပေါ့ ကြေးစားစစ်သည် လေ့ကျင့်ရေးစခန်းက ငါတို့ရဲ့ကျင့်ကြံရေးအတွက် အများကြီး အထောက်အကူဖြစ်တယ် မသွားတဲ့သူက လူမိုက်မလို့ပဲ"
ကျိယောင်ယွဲ့ မှာတုံ့ဆိုင်းမှုမရှိဘဲ ပြောလိုက်သည်။
"ကောင်းပြီလေ ဒါဆို ထွက်ခွာကြစို့"
ကျိုးဟောင်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ ကျိယောင်ယွဲ့နှင့် လင်းထျန်တို့ကို နိုင်လော့ကြယ်စုသို့ ခေါ်ဆောင်သွားခဲ့သည်။
ကြေးစားစစ်သည်အဖွဲ့၏ လေ့ကျင့်ရေးစခန်းသည် နိုင်လော့ကြယ်စု၏ ကြေးစားစစ်သည်အဖွဲ့ တည်ရှိရာ ကျယ်ပြန့်သော ဂြိုဟ်တွင် တည်ရှိသည်။ ၎င်းသည် အောင်နိုင်သူဂြိုဟ်ပြီးနောက် အစွမ်းအထက်ဆုံး ဂြိုဟ်ဖြစ်သည်။ အမှန်မှာ တိုက်ခိုက်ရေးစွမ်းအားအရ ကြေးစားစစ်သည်အဖွဲ့၏ တိုက်ခိုက်ရေးစွမ်းအားသည် နိုင်လော့ကြယ်စုတွင် အသန်မာဆုံးဖြစ်သည်။
ယခုအချိန်တွင် အာကာသယာဉ်များစွာမှာာ ကောင်းကင်ယံတွင် ဆင်းသက်နေကြသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အာကာသယာဥ်ထောင်ပေါင်းများစွာ ရှိနေခဲ့သည်။
"ဒီနေ့က ကြေးစားစစ်သည်အဖွဲ့ လေ့ကျင့်ရေးစခန်းအတွက် လူသစ်စုဆောင်းတဲ့ ပထမဆုံးနေ့ပဲ နိုင်လော့ကြယ်စုမှာရှိတဲ့ ထောင်ပေါင်းများစွာသောဂြိုဟ်တွေက စစ်သည်တော်တွေအားလုံး ပါဝင်ဖို့ ရောက်လာကြတာ ဒီလိုခမ်းနားတဲ့ မြင်ကွင်းမျိုးကို ကမ္ဘာဂြိုဟ်ရဲ့ စစ်နတ်ဘုရားတပ်ရင်းက ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး"
အပြင်ဘက်က ခမ်းနားတဲ့ မြင်ကွင်းကို ကြည့်ရင်း လင်းထျန်သည် မျှော်လင့်ချက်တွေဖြင့် ပြည့်နှက်နေသည်။ သူတို့နှစ်ဦးသည် စစ်နတ်ဘုရားတပ်ရင်း၏ စစ်နတ်ဘုရားကြီး နှစ်ပါးဖြစ်ခဲ့သော်လည်း ယခုအခါ ဤစကြဝဠာထဲတွင် အလုပ်သင်ကြေးစားစစ်သည်များ ဖြစ်လာခဲ့ပြီဖြစ်သည်။ ဤအခြေအနေကို လင်းထျန်နှင့် ကျိယောင်ယွဲ့တို့ မည်သို့ ခံစားရမည်ကို ကျိုးဟောင်တွေးမိသည်။
စင်စစ် သူတို့နှစ်ဦးသည်လက်ရှိအချိန်တွင်ဘာမှမခံစားရဘဲ သူတို့ရဲ့ သွေးများမှာဆူပွက်နေခဲ့သည်။ သူတို့ သည်ချက်ချင်း စာမေးပွဲဖြေပြီး ဘယ်နေရာမှာ ချို့ယွင်းနေလဲဆိုတာကို သိချင်နေကြပေသည်။
ရုတ်တရက် အလင်းတန်းတစ်ခုသည် ကြီးမားသောတိုက်တန်းနစ်ကြယ် မှ ဆင်းသက်လာပြီး အဘိုးအိုတစ်ဦး၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည်ကြီးမားသော ပုံရိပ်တစ်ခုဖြစ်သည်။ ကြီးမားသော ပုံသဏ္ဌာန်သည် တိုက်တန်းနစ်ကြယ်တစ်ခုလုံးထက်ပင် အများကြီး ပိုကြီးပေသည်။
"ကြေးစားစစ်သည်သင်တန်းသား အကဲဖြတ်ခြင်းမှာ ပါဝင်ဖို့ ကျယ်ပြန့်သော ဂြိုဟ်သို့ ရောက်ရှိလာကြတာကိုကြိုဆိုပါတယ်"
....................................................................................
အခန်း (၈၂၁) ပြီးပါပြီ။
အခန်း (၈၂၂) : အကဲဖြတ်မှု စတင်ခြင်း
ဤအသံသည် အလွန်ခမ်းနားသည်။ ပေါ်လာသောအခါ လူတိုင်း၏ စစ်သင်္ဘော အသံစနစ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားပြီး လူတိုင်းနှင့် ချိတ်ဆက်ခဲ့သည်။ ထိုအဘိုးအို၏ ပုံသဏ္ဌာန်သည် သူတို့၏ ကွန်ပျူတာ မျက်နှာပြင်များတွင် ပေါ်လာသည်။
"ဒီတစ်ကြိမ် ကြေးစားစစ်သည် ရွေးချယ်မှုအတွက် ပထမဆုံး လူတစ်ထောင်ကိုပဲ လက်ခံပါမယ် ပြိုင်ပွဲမှာ ပါဝင်သူ စုစုပေါင်း တစ်သောင်းနှစ်ထောင် ရှိပါတယ် တစ်နည်းအားဖြင့် လူတစ်ဆယ့်နှစ်ယောက်မှာ အနည်းဆုံး တစ်ယောက်ကို ဖယ်ထုတ်ပစ်မှာ ဖြစ်ပါတယ်"
"စမ်းသပ်မှုက အဆင့်သုံးဆင့် ခွဲခြားထားပါတယ် အဆင့်သုံးဆင့် ပြီးတဲ့အခါ ထိပ်ဆုံး ၁၀၀၀ အတွင်း အဆင့်သတ်မှတ်ခံရသူတွေဟာ ကြေးစားစစ်သည်အဖွဲ့ လေ့ကျင့်ရေးစခန်းကို ဝင်ရောက်ခွင့် ရရှိပါမယ် အခု ကျေးဇူးပြုပြီး အားလုံးရဲ့ နာမည်တွေအတိုင်း သတ်မှတ်ထားတဲ့ နေရာကို လာပေးပါ"
အဘိုးအို စကားဆုံးသည်နှင့် တွင်းနက်ကြီးငါးခုသည် ကျယ်ပြန့်သော ဂြိုဟ်၏အပြင်ဘက်တွင် အနက်ရောင်တွင်းများကဲ့သို့ ပေါ်လာခဲ့ပြီး လေထဲတွင် ပါဝင်သူများ၏ အမည်များနှင့်အတူ များစွာသော စာသားများ ပေါ်လာခဲ့သည်။
ကျိုးဟောင်နှင့် ကျိယောင်ယွဲ့တို့လည်း ကြည့်လိုက်ကြသည်။
"ကျိုးဟောင် ဧရိယာစီ"
ကျိုးဟောင်သည် သူ၏ နာမည်နှင့် ၎င်းပေါ်တွင် ဧရိယာစီ ဟု ရေးထားသော ဧရာမတွင်းကြီးအားတွေ့လိုက်ရသည်။
"ငါ ဧရိယာဘီ မှာ"
လင်းထျန်သည်လည်း သူ၏ နာမည်ကို တွေ့လိုက်ရသည်။
"အင်း... ကျွန်မကဧရိယာအေ မှာ..."
ကျိယောင်ယွဲ့မှာ မျက်မှောင်ကြုတ်လိုက်သည်။
သူတို့သုံးဦးစလုံးကို မတူညီသော နေရာများသို့ ခွဲဝေချထားခဲ့သည်။ ဤသည်မှာအနည်းငယ် အန္တရာယ်ရှိနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူတို့ ယခုလိုအကဲဖြတ်မှုကို တစ်ခါမှ မကြုံဖူးသေးပေ။ သူတို့ အတူရှိနေပါက တစ်ဦးကိုတစ်ဦး ကူညီနိုင်မည်ဖြစ်သော်လည်း ယခု သူတို့သုံးဦးစလုံးကို ဧရိယာ၃ခုခွဲလိုက်ချိန်တွင် တစ်ယောက်နှင့်တစ်ယောက် မမြင်ရဘဲ မည်သို့ကူညီနိုင်မည်နည်း။
"ငါတို့ အခု ဘာလုပ်ရမလဲ"
လင်းထျန်မှာ ချက်ချင်း ပြောလိုက်သည်။
ကျိုးဟောင်သည် နာမည်ကို ကြည့်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
"ဒါက ကြေးစားစစ်သည်အဖွဲ့က တမင်တကာ လုပ်နေတာ ဖြစ်နိုင်တယ် ရင်းနှီးတဲ့သူတွေကို တခြားနေရာတွေ ပို့လိုက်တာ ဒါက အရမ်းမျှတတယ် မဟုတ်ရင် လူရာပေါင်းများစွာပါတဲ့ အဖွဲ့တစ်ခုရှိနေရင် အဲဒီအဖွဲ့က ဘယ်လိုလုပ်ရှုံးတော့မှာလဲ"
ကျိုးဟောက်၏ ခွဲခြမ်းစိတ်ဖြာမှုမှာ အလွန်ကျိုးကြောင်းဆီလျော်သည်။ ဤသည်မှာ ကြေးစားစစ်သည် လေ့ကျင့်ရေးစခန်းက တွေးနေသောအရာဖြစ်သည်။ သူတို့ အဖွဲ့ဖွဲ့ခွင့်ပေးပါက ၎င်းသည် မျှတမှုကို လုံးဝ ဆုံးရှုံးစေလိမ့်မည်။ ဤနည်းဖြင့်ဆိုပါက သူတို့ကိုယ်သူတို့အားကိုးရန်သာရှိတော့ပေသည်။ ဤသည်မှာ အမြင့်ဆုံးတန်ဖိုးပင်ဖြစ်သည်။
"တခြားနည်းလမ်း မရှိဘူး ကျွန်တော်တို့ သွားရုံပဲရှိတယ်"
ကျိုးဟောင်နှင့် ကျိယောင်ယွဲ့တို့သည် အကူအညီမဲ့စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း သူတို့ ဘာမှ မတတ်နိုင်ခဲ့ပေ။
"အားလုံးပဲ မင်းတို့ရဲ့ သင်္ဘောတွေဟာ စကြဝဠာ အာကာသစခန်းမှာ ရပ်ပါလိမ့်မယ် အားလုံးမင်းတို့ရဲ့ ကိုယ်ပိုင် ဧရိယာတွေထဲကို ဝင်ရောက်နိုင်ပါပြီ"
အဘိုးအို ဤစကားကို ပြောပြီးနောက် နေရာငါးခုတွင် စွမ်းအင်အတက်အကျများ ဖြစ်ပေါ်လာခဲ့သည်။ သိုင်းပညာရှင်အများအပြားသည် ၎င်းထဲသို့ တိုက်ရိုက်ဝင်ရောက်သွားကာ ချက်ချင်း ပျောက်ကွယ်သွားပြီး အခြားနေရာများသို့ ပို့ဆောင်ခံလိုက်ရသည်။
"အကဲဖြတ်တဲ့ နေရာက ဒီမှာ မဟုတ်သေးဘူး ထားလိုက်ပါတော့ ကိုယ့်ဘာသာ ကိုယ်ပဲ ဆုတောင်းရတော့မယ်! ကံကောင်းပါစေ"
လင်းထျန်မှာရယ်မောကာပြောလိုက်သည်။
သူတို့တွင် အခြားရွေးချယ်စရာ မရှိတော့ဘဲ သူတို့ သုံးဦးစလုံး အကဲဖြတ်မှုအားအောင်မြင်နိုင်ဖို့သာ မျှော်လင့်ရပေတော့မည်။ ထို့နောက်သူတို့ သုံးဦးစလုံး ခွဲထွက်သွားပြီးနောက် သက်ဆိုင်ရာ ဧရိယာများသို့ ဝင်ရောက်သွားခဲ့သည်။ ကျိုးဟောင်သည် ဧရိယာစီထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူ ဝင်ရောက်သွားသည်နှင့် ကျိုးဟောင်၏ မျက်လုံးများမှာရုတ်တရက် ပွင့်လာခဲ့သည်။ သူသည် ဧရာမစင်မြင့်အားတွေ့လိုက်ရပြီး ထိုနေရာတွင် သိုင်းပညာရှင်အများအပြားဖြင့် ပြည့်နှက်နေပြီး ၎င်းတို့အားလုံးသည် ဧရိယာစီသို့လာရန် ရွေးချယ်ခံရသူများ ဖြစ်သည်။
"သူ ဘာလုပ်နေတာလဲ သူလျှောက်ရှုပ်နေတာလား"
ကျိုးဟောင်မှာ အနည်းငယ် စိတ်ရှုပ်ထွေးနေသော်လည်း သူသည် ဘေးဘက်တွင် ရပ်နေပြီးထိုအရာအားထိတွေ့နေဆဲဖြစ်သည်။ လူအများကြီးရှိနေပြီး လူတိုင်းမှာ တစ်ယောက်တည်း ရပ်နေကြပြီး တစ်ဦးနှင့်တစ်ဦး ကြားလုံလောက်သောအကွာအဝေးခြားနေပေသည်။ သို့သော် အချိန်အတော်ကြာပြီးနောက် လူအချို့သည်မနေနိုင်တော့ဘဲ သူတို့ပတ်ဝန်းကျင်ရှိ လူများနှင့် စကားစမြည်ပြောလာတော့သည်။
ဥပမာအားဖြင့် ထိုအချိန်တွင် ခရမ်းရောင်အသားအရေရှိသော လူပု ဂြိုဟ်သား တစ်ဦးသည် ကျိုးဟောင်၏ ဘေးတွင် ရပ်နေသည်။
"ညီကို ဒါကိုဘယ်ကရလာတာလဲ"
ထိုဂြိုဟ်သားမှာ သူတို့ချင်းရင်းနှီးသလိုမျိုး ရယ်မောကာပြောလိုက်သည်။
သူတို့အားလုံးသည် ဘာသာစကားပြောင်းလဲရေး ကိရိယာအားတပ်ဆင်ထားသောကြောင့် သူတို့ပြောသမျှကို ဘာသာပြန်ဆိုနိုင်ပေသည်။
"ဒီလို ခြောက်သွေ့တဲ့ နေရာမှာ ကျယ်ကျယ်လောင်လောင် ပြောရတာကိုရှက်နေတာလား ညီနောင်ကဘယ်ကလဲ"
ကျိုးဟောင်သည် သူ နဂါးငွေ့တန်းမှလာကြောင်းအားမပြောချင်ပေ။
ထိုဂြိုဟ်သားသည်လည်းဂရုမစိုက်ပေ။
"ကျွန်တော်က ကူတာပါ ဇီမိုကြယ်က ညီနောင် ဒီမှာလူတွေဒီလောက်များတာ တကယ်လို့ခဏနေလို့ ရှုပ်ထွေးတဲ့တိုက်ပွဲဖြစ်လာရင် ကျွန်တော်တို့ ပူးပေါင်းကြမလား"
ကူတာသည် ကျိုးဟောင်ကို ကြည့်ပြီး ပြောလိုက်သည်။
ကျိုးဟောင်သည် ဤလူ၏ကျင့်ကြံဆင့်သည် သူ့ကဲ့သို့ပင် တတိယမြောက်သူတော်စင်အဆင့်ဖြစ်သည်ကို ခံစားနိုင်ပေသည်။ အဖွဲ့ဖွဲ့လိုက်ပါကမဆိုးပေ။ သို့သော် ကျိုးဟောင်မှာသိလိုစိတ်ဖြင့်မေးလိုက်သည်။
" မင်းလည်း ဒါကိုရှုပ်ထွေးတဲ့တိုက်ပွဲလို့ထင်နေတာလား"
ကူတာက ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် ထင်တယ် ဒါပေမဲ့ အဲဒီလိုဆိုရင် ကျွန်တော်တို့ အတူတူပူးပေါင်းကြမလား"
ကျိုးဟောင်မှာခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
"ရတယ်လေ"
မကြာခင်မှာပဲ လူတိုင်းနီးပါး ရောက်ရှိလာခဲ့ကြသည်။ ထိုအချိန်တွင် သံချပ်ကာဝတ်စုံနှင့် အမျိုးသားတစ်ဦး ကောင်းကင်မှ ဆင်းသက်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြယ်ငါးပွင့် ရှိပြီး ၎င်းသည် ကြယ်၅ပွင့် ကြေးစားစစ်သည် ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်သည်လည်း တာအိုအဆင့်တွင် ရှိပြီး အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
သူ ပေါ်လာသည်နှင့် တပြိုင်နက် သူ၏ကျင့်ကြံမှုအဆင့်သည်းစင်မြင့်ပေါ်သို့ဦးတည်ကျရောက်လာရာ ဤနေရာတွင်ရှိနေသောလူများအားလုံး၏ မျက်နှာများတွင်လေးနက်သောအမူအရာများပေါ်လာခဲ့သည်။
"ဧရိယာစီ ကနေကြိုဆိုပါတယ် ငါကမင်းတို့ရဲ့ အဓိက စစ်ဆေးသူကြယ်၅ပွင့် ကြေးစားစစ်သည်မိုကာရွန်ပဲ မင်းတို့ငါ့ကို တပ်မှူးမိုလို့ ခေါ်လို့ရတယ်"
မိုကာရွန် သည် လူတိုင်းကို ကြည့်ပြီးအသံသြသြဖြင့် ပြောလိုက်သည်။
"မင်းတို့ စည်းမျဉ်းတွေကို ခုနက ကြားပြီးသား ဖြစ်မှာပါ စုစုပေါင်း သုံးဆင့်ရှိပြီး တစ်ခုချင်းစီဟာ သူတို့ရဲ့ အမှတ်တွေပေါ် မူတည်ပြီး ရွေးချယ်မှာ ထိပ်ဆုံး ၁၀၀၀ က ကြေးစားစစ်သည် လေ့ကျင့်ရေးစခန်းကို ဝင်ခွင့်ရမယ်"
"စမ်းသပ်မှုက ပိုပြီး ခက်ခဲလာမှာဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်သလို အရမ်းလည်းအန္တရာယ်ရှိနိုင်တယ် မင်းတို့ကို ဂဏန်းတစ်ခု ပြောပြမယ် စမ်းသပ်မှုတိုင်းမှာ လူ ၃၀၀၀ ထက်မနည်း သေဆုံးတယ် ငါ မင်းတို့ကို ခြောက်လှန့်နေတာ မဟုတ်ဘူး ဒါက တကယ့် အချက်အလက်ပဲ ဒါကြောင့် အခုချိန်မှာ နောက် ပြန်ဆုတ်ဖို့ နောက်မကျသေးဘူး မင်းတို့ ပြန်ဆုတ်ချင်လား"
မိုကာရွန်မှာဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
ဒီစကားကို ပြောပြီးနောက် မိုကာရွန်မှာ ဘာစကားမှ ထပ်မပြောဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
"ဘုရားရေ အန္တရာယ်ရှိသေးတာလား ငါမလာခင်က မသိခဲ့ဘူး ဒါက အကဲဖြတ်မှုတစ်ခုပဲကို ဘယ်လိုလုပ်ပြီးအသက်အန္တရာယ် ရှိနိုင်တာလဲ"
ကူတာ၏ မျက်နှာအမူအရာမှာပြောင်းလဲသွားပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
ကျိုးဟောင်သည် ဤအရာကို ကျင့်သားရနေပြီဖြစ်သည်။ အကဲဖြတ်မှုတွင် အသေအပျောက်မရှိရန်မှာမဖြစ်နိုင်ပေ။
"မဟုတ်ဘူး ငါ သေသွားရင် ငါ့မိဘတွေ ဘယ်လိုလုပ်မလဲ ငါ့ဇနီးတွေရော ဘယ်လိုလုပ်မလဲ မဖြစ်ဘူး... ငါ မပါနိုင်တော့ဘူး"
"ဒါပေမဲ့... ငါ မပါရင် ငါ့ရဲ့ ကျင့်ကြံမှုနဲ့ အဆင့်အတန်းကို ဘယ်လို တိုးတက်အောင် လုပ်မလဲ သူတို့အားလုံး ငါ့ကို စောင့်ကြည့်နေကြတာ ငါ ပိုသန်မာမလာရင် ဘယ်လိုလုပ် မိသားစုရဲ့ ခေါင်းဆောင်ကောင်း ဖြစ်နိုင်မှာလဲ"
ကူတာသည် ဤအချိန်တွင်ဝေခွဲမရဖြစ်နေပြီး သူ့ကိုယ်သူ ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။
ကျိုးဟောင်မှာ ကူတာအားကြည့်ပြီး ခေါင်းခါလိုက်သည်။ ဤလူသည်တကယ်ကိုစိတ်ဝင်စားစရာကောင်းပေသည်။
သူတို့အတွက်အသက်အန္တရာယ်ရှိကြောင်း ကြားလိုက်ရပြီးနောက် ပြိုင်ပွဲဝင် အများစု၏ မျက်နှာများမှာ အနည်းငယ် စိုးရိမ်ပူပန်သွားကြသည်။ ခြွင်းချက်မရှိ သူတို့အားလုံးသည် သူတို့၏ကျင့်ကြံမှုအား မယုံကြည်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် သူတို့အားလုံးသည် သေမှာကို ကြောက်သောသူများ ဖြစ်ကြသည်။
ကြေးစားစစ်သည် ဖြစ်လာဖို့အတွက် ပထမဆုံး ကိုယ့်အသက်ရှင်သန်မှုနဲ့ သေဆုံးမှုကို ဘေးဖယ်ထားရမည်။ မဟုတ်ပါက ယခုလို အန္တရာယ်များသောတာဝန်များစွာကို မည်သို့ထမ်းဆောင်နိုင်မည်နည်း။ ျထို့ကြောင့် မိုကာရွန်၏ စကားများသည် လူများစွာကို စိတ်ဓာတ်ကျစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
သူ၏ စကားများသည် ထိရောက်ခဲ့ပြီး လူအများအပြား ထွက်ပေါ်လာသည်။
"ကျွန်တော် ထွက်မယ် ကျွန်တော် မပါချင်တော့ဘူး ခင်ဗျားတို့က အသက် အန္တရာယ်ရှိတယ်လို့ ဘာလို့ မပြောရတာလဲ"
"ဟုတ်တယ် ကျွန်တော် ဒီကိုအပျော်တမ်းကြေးစားစစ်သည်လုပ်ဖို့ လာတာ ကျွန်တော်ပြန်ပြီး မိသားစုလုပ်ငန်းကို အမွေဆက်ခံရဦးမှာ ဘယ်လိုလုပ် ဒီနေရာမှာသေနိုင်မှာလဲ"
"ဟုတ်တယ် ကျွန်တော်လည်း ထွက်မယ် ကိုယ့်အသက်ကို စွန့်ပြီး ဒီလိုဉာဏ်မရှိတဲ့အကဲဖြတ်မှုမှာ ပါဝင်ရမှာလား ကျွန်တော် အဲဒီလောက် မမိုက်ဘူး"
....................................................................................
အခန်း (၈၂၂) ပြီးပါပြီ