← Chapters

အသက် ၁၇ နှစ်တွင် ပြန်လည်မွေးဖွားလာခြင်း - ၁

Vol. 1 Ch. 1

အသက် ၁၇ နှစ်တွင် ပြန်လည်မွေးဖွားလာခြင်း - ၁

Vol. 1 Ch. 1

နာကျင်မှု ...

အလွန်ကြီးမား ပြင်းထန်တဲ့ နာကျင်မှု......

မြင့်မားလှတဲ့ အဆောက်အဦးပေါ်မှ ပစ်ချခံလိုက်ရသလိုမျိုး သူမ၏ခန္ဓာကိုယ်ဟာ ရုတ်တရက် ကိုယ်အလေးချိန်မရှိတော့သလို ခံစားလိုက်ရသည်။

ခန္ဓာကိုယ် တစ်ခုလုံးသည်လဲ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ နီယန်ဟာ ရုတ်တရက် သတိပြန်လည်လာပြီး ပေါက်ကွဲမတတ်ဖြစ်နေသော ခေါင်းကိုက် ဝေသနာကို ခံစားနေရတဲ့ ကြားမှ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

မှုန်ဝါးနေသော အမြင်အာရုံသည် တစ်ဖြေးဖြေး ရှင်းလင်းလာခဲ့သည်။ ပတ်ဝန်းကျင်မှ မပီသသော အသံများလည်း ထိုနည်းတူ ရှင်းလင်း ပြတ်သားစွာ ကြားလာခဲ့သည်။ နီယန်ဟာ မျက်စိများကို အနည်းငယ်မှိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်လေသည်။ မျက်နှာကျက်ပေါ်မှ ဝါကျင့်ကျင့် အလင်းရောင်သည် ၇၀-၈၀ ခုနှစ်များ အလွန်တွင် ကျေးလက် ဒေသများတွင် တွေ့ရတတ်သော မီးသီးဟောင်း တစ်လုံး၏ အလင်းကဲ့သို့ မှိတ်တုတ် မှိတ်တုတ် ဖြစ်နေပြီး ကြည့်မိသူကို ခေါင်းမူးသွားစေလောက်အောင် ပြင်းထန်လွန်းလှသည်။

“ဝါးးး ဝါးးး”

ရုတ်တရက် မွေးကင်းစကလေး တစ်ယောက်၏ ငိုရှိုက်သံ ပေါ်ထွက်လာခဲ့လေသည်။

‘ဒီနေရာက ဘယ်နေရာလဲ’

‘ဘာလို့ ကလေးငိုသံ ကြားနေရတာလဲ’

နီယန်ဟာ ရုတ်တရက် လက်ရှိအခြေအနေဟာ အလွန် ရင်းနှီးလွန်းနေတာကို သဘောပေါက်လိုက်ပါသည်။နီယန်ဟာ လက်ရှိ အခြေအနေကို နားလည်သွားချိန် ပိန်ပါးပြီး အရပ်ရှည်တဲ့ အဖွားကြီး တစ်ယောက်က အပြင်ကနေ အလျှင်အမြန် ဝင်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပါတော့သည်။

“မွေးပြီး ငါ့အဖိုးတန်မြေးလေး မွေးလာပြီ ငါ့ရဲ့ မြေးကောင်းလေးကို ကြည့်ရအောင် ငါ့ရဲ့ အဖိုးတန်မြေးလေးကို ကြည့်ဖို့ ဒီအဖွားကြီး ရောက်လာပြီ”

အိပ်ယာပေါ်တွင် ကလေးငယ်ကို ပွေ့ချီထားသော အမျိုးသမီးဟာ မျက်နှာပေါ်တွင် အပြုံးမရှိပဲ မျက်ဝန်းထဲတွင် ရှက်ရွံမှုများနှင့် ပြည့်နှက်နေကာ

“အမေ ကျွန်မ စိတ်မကောင်းပါဖူး”

ထိုကလေးမှာ ယောကျ်ားလေးမဟုတ်ပဲ မိန်းကလေးတစ်ဦး ဖြစ်နေခဲ့လေသည်။ ထိုအရာက အဖွားကြီးကို အလွန်အမင်း စိတ်ပျက်သွားစေခဲ့သည်။ အဖွားကြီးမူ သည် ကလေးကို ခြုံထားသော စောင်ကို အလျှင်အမြန် ဆွဲဖယ်လိုက်ကာ သူမ၏ မျက်နှာ ပေါ်တ္င် မျက်ရည်များစီးကျလာကာ

“ ငါ့မြေးလေး ငါ့မြေးလေး ဘယ်ရောက် သွားတာလဲ အယုတ်တမာမ .. ငါ့မြေးကို ငါ့စီ ပြန်ပေးလိုက်”

ကုတင်ပေါ်မှ အမျိုးသမီးထံမှ သနားစဖွယ် ငိုရှိုက်သံများ ထွက်ပေါ်လာခဲ့ပြီး

“တောင်းပန်ပါတယ် တောင်းပန်ပါတယ်အမေ ကျွန်မ မူမိသားစုကို စိတ်ပျက်စေမိပြီ ဒါပေမဲ့ ကျွန်မ ကတိပေးပါတယ် နောက်တစ်ခါ ကိုယ်ဝန်ဆောင်ခဲ့ရင် မူမိသားစုအတွက် သားယောကျာ်းလေးကို မွေးပေးမယ်လို့ ကတိပေးပါတယ်”

“နောက်တစ်ခါ…. နောက်တစ်ခါ ကိုယ်ဝန်‌ဆောင်ဖို့ ထပ်ပြောရဲသေးတာလား စဥ်းစားကြည့်စမ်း နင်ဘယ်နှစ်ခါတောင်ရှိနေပြီလဲ သားတစ်ယောက်ကိုတောင် အဖြစ်ရှိအောင် မွေးမပေးနိုင်တဲ့ အမြုံမ“

မူကတော်က ကြမ်းဆမ်းစွာ ဆဲဆိုလိုက်သည်။

“သွား ခုချက်ချင်း စွန့်ပစ်လိုက် ငါတို့ မူမိသားစုက ဒီလိုမျိုး အသုံးမဝင်တဲ့ အရာအတွက် တာဝန်မယူနိုင်ဘူး”

ထိုကဲ့သို့ မပြောသင့်တဲ့ ဆိုးဝါးရက်စက် ကြမ်းတမ်းသော စကားလုံးတွေဟာ သူမနားထဲမှာ ပဲ့တင်ထပ်နေခဲ့ပါသည်။ နီယန်ဟာ သူမရဲ့ နားထင်ကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ရုတ်တရက် နီယန်ဟာ အေးခဲသွားလေသည်။

သူမ၏ လက်တစ်စုံက မယုံနိုင်လောက်အောင် နူးညံ့ချောမွေ့ပြီး တိုင်းတာလို့မရအောင် သွယ်လျလွန်းလှနေပါသည်။ အချိန်ကာလ ရိုက်ခတ်မှုကြောင့် ဒဏ်ရာဒဏ်ချက် အမာရွတ်များ ရှိနေတဲ့ သူမရဲ့ လက်တွေက ဒီလောက်ထိနူးညံ့လှပနေဖို့ ဆိုတာ မဖြစ်နိုင်ဘူး” ဒါပေမဲ့ ကျားပါးစပ်ပေါ်က အနီရောင် မွေးရာပါအမှတ်ကလေးကတော့ သူမဖြစ်ကြောင်း သံသယရှိစရာ မလိုပေ။

နီယန်ဟာ ချက်ချင်း သဘောပေါက်သွားတယ်။ ဒီလက်တစ်စုံဟာ သူမ ငယ်ရွယ်စဥ်က လက်တစ်စုံ ပါပဲ ။ ဒီဟာသာ အိပ်မက် မဟုတ်ခဲ့ဘူးဆိုရင် ၁၉၈၃ခုနှစ် နွေရာသီ သူမ အရာအားလုံး ဆုံးရှုံးသွားရတဲ့နှစ် ဖြစ်ပါသည်။ အဲ့အချိန်တုန်းက သူမရဲ့ နာမည်ဟာ မူယန်ဖြစ်ပါသည်။

နီယန်ဆိုတဲ့ နာမည်ကို ဒီလို ခက်ခဲ ကြမ်းတမ်းတဲ့ ငရဲခန်းက ထွက်လာရတဲ့အချိန်မှာ သူမ ပြောင်းလဲခဲ့တဲ့ နာမည် တစ်ခုဖြစ်ပါသည်။ သူမဟာ သားယောကျ်ားလေးကို သမီးမိန်းကလေးထက် ဦးစားပေးတဲ့ မိသားစုမှာ မွေးဖွားလာခဲ့ပါသည်။

သူမ အမေဖြစ်သူ နီချွေ့ဟွာက သမီးလေးယောက် မွေးဖွားခဲ့ပြီး သုံးယောက်ကို စွန့်ပစ်ခဲ့ရပါသည်။ သူမရဲ့ ဖခင် မူကျင်းပေါင်ဆိုသူဟာ သားယောကျ်ားလေး အရမ်းလိုချင်တဲ့အတွက် နောက်ထပ် မယားငယ် တစ်ယောက် ယူခဲ့ပါသည်။

သူမမိခင် ဖြစ်သူ နီချွေ့ဟွာဟာ မယားငယ်အတွက် ကျွဲလိုနွားလို အစေခံလုပ်ရင်း မူမိသားစုရဲ့ နှိပ်စက်စော်ကားမှု ဒဏ်တွေကြောင့် နောက်ဆုံးမှာ သေဆုံးသွားရပါတော့သည်။ ပြီးတော့ သူမကကော ...

သူမဟာလည်း ဘေးနားရွာက လူပျိုကြီးတစ်ယောက်ထံသို့ မယားငယ်မရဲ့ ရောင်းစားတာခံလိုက်ရပြီး မရေတွက်နိုင်တဲ့ နှိပ်စက် ညှင်းပန်းမှုတွေကို ခံစားရပါသည်။ ပြီးတော့ အဲ့ဒီ ရက်စက်ကြမ်းတမ်း ရွံရှာဖွယ်ကောင်းတဲ့ ပါးစပ်နဲ့သူဟာ သူမ၏ အဖွားဖြစ်သူ မူကတော်ပဲ ဖြစ်ပါသည်။

အရင်ဘဝမှာ နီယန်ဟာ သူမအမေနဲ့ သူမရဲ့ အငယ်ဆုံး ညီမလေးကို ကာကွယ်ဖို့ မတတ်နိုင်ခဲ့ဘူး ။ ခုအချိန်မှာတော့ ဒါဟာ အိပ်မက်ဖြစ်ခဲ့ရင်တောင်မှ သူမအမေနဲ့ ညီမလေးကို အဆုံးတိုင် ကာကွယ်သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတော့သည်။

“အဖွား ကျေးဇူးပြုပြီး ငါ့ညီမလေးကို မစွန့်ပစ်လိုက်ပါနဲ့ “

နီယန်ဟာ သူ့အမေနဲ့ သူ့ညီမလေးကို လက်နှစ်ဖက်နဲ့ ကာကွယ်လိုက်ပါသည်။ မူကတော်ထံမှ ပြင်းထန်လွန်းတဲ့ ရိုက်ချက်ဟာ နီယန်ရဲ့ မျက်နှာစီသို့ ဦးတည်လာပြီး မျက်နှာပေါ်မှာ အမှတ်အသား တစ်ခုအနေနဲ့ ထင်ကျန်ရစ်ခဲ့ပါသည်။

“ပါးစပ်ပိတ်ထားစမ်း သုံးစားမရတဲ့ ခွေးမ နင်က ငါ့ကို ဆန့်ကျင်ရဲတာလား သေချင်နေပြီလား”

အရမ်းနာတယ်….

သူမရဲ့ ပါးစပ်ထောင့်မှ သွေးတွေက စီးကျလာသည်။ နီယန်ဟာ သူမ၏ ဘယ်ဘက်ပါးပြင်ကို လက်ဖြင့် ဖုန်းအုပ်လိုက်ပြီး သူမရဲ့ မျက်လုံးထဲမှာ မယုံကြည်မှု အံ့သြမှုတွေက ပြည့်နှက်နေခဲ့ပါသည်။

ဘယ်အိပ်မက်က ဒီလောက်နာကျင်လို့လဲ...

ဒါဟာ အိပ်မက်မဟုတ်ဘူး။ သူမ တစ်ကယ် ပြန်လည်မွေးဖွားလာခဲ့တာပဲ ။ သူမ အတိတ်ကို ပြန်ရောက်လာခဲ့ပြီ ။ ဆိုးရွားတဲ့အခြေအနေကို ရောက်ရှိနေပေမဲ့လည်း သူမဟာ ဝမ်းသာပျော်ရွှင်နေဆဲ ဖြစ်ပါသည်။

ဒီတစ်ကြိမ်မှာတော့ သူမဟာ သူမရဲ့ ကံကြမ္မာကို သူမကိုယ်တိုင် ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။ သူမ ချစ်ရတဲ့ သူတွေကို ကာကွယ်ပြီး မူကတော်ကို အဆုံးထိ ဆန့်ကျင်ဖို့ ဆုံးဖြတ်လိုက်သည်။ နီယန်ဟာ မူကတော်ကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။

“အဖွား ကျွန်မကလဲ အဖွားမြေးအရင်း တစ်ယောက်ပါပဲ ဒါပေမဲ့ အဖွားက ကျွန်မကို ခွေးမလို့ ကျိန်ဆဲနေတဲ့အချိန်မှာ အဖွားရဲ့ အဆင့်အတန်းကိုကော စဥ်းစားမိရဲ့လား”

မူကတော်ဟာ အမျိုးသမီးတွေဆိုရင် မုန်းတီးပြီး ရွံရှာစက်ဆုပ်တဲ့ မိန်းမတစ်ဦးဖြစ်သည်။ (T/N : သူက မိန်းမမဟုတ်တာကျလို့ အဖွားကြီး စိတ်ဓာတ်ကိုက...)

မူကတော်ဟာ စကားမပြောနိုင်လောက်အောင် ဆွံ့အနေခဲ့ပြီး သူမရဲ့ မည်းမှောင်နေတဲ့ မျက်လုံးတစ်စုံဟာ ပြူးထွက်လာတော့မလိုဖြစ်နေခဲ့ပါသည်။

‘ဒီ တိရစ္ဆာန်မကများ ငါ့ကို ပြန်ပြောရဲသးတယ်ပေါ့ ‘

သို့ပေမဲ့လဲ ဒီတစ်ကြိမ်မှာတော့ မူကတော်ဟာ အပြစ်တင်ကြိမ်းမောင်းကို ထပ်မလုပ်ခဲ့တော့ပါ။ အကယ်၍ သူမသာ ထပ်ပြီး နီယန်ကို ပြစ်တင်ကြိမ်းမောင်းနေခဲ့မယ်ဆိုရင် သူမကိုယ် သူမလည်း သုံးစားမရဖူးလို့ သွယ်ဝိုက်ပြီး ဝန်ခံရာ ရောက်သွားလိမ့်ပေမည်။

“နင်က ကျေးဇူးကန်းတဲ့ ကောင်မပဲ ဘေးဖယ်လိုက် မဖယ်ရင် ငါ နင့်ကို သတ်ပစ်မယ်”

မူကတော်ဟာ နီယန်ကို တွန်းထုတ်လိုက်ပြီး နီချွေ့ဟွာ လက်ထဲမှ ကလေးငယ်ကို ဆွဲယူလိုက်ပါသည်။

“အဖွား သူမဟာလဲ အဖွားရဲ့ ‌မြေးပါပဲ ကျေးဇူးပြုပြီး သူမကို စွန့်မပစ်လိုက်ပါနဲ့ “

ဒီလိုအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အခါ နီယန်ဟာ မူကတော်ကို တောင်းပန်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ သူမရဲ့ ညီမလေးဟာ ခုမှ မွေးလာခါစပဲ ရှိသေးတယ် ဆိုရင်တောင် သူမကို တောင်တွေပေါ်မှာ စွန့်ပစ်ခဲ့ရင် တောခွေးတွေအတွက် တစ်နပ်စာထပ် မပိုခဲ့ပါဘူး။

All Chapters