နီယန်သည် ခေတ်သစ်လောကတွင် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး တစ်ဦးဖြစ်ပြီး သူမသည် ၁၉၈၃ခုနှစ် ပိုင်းကာလ သူမအသက် ၁၇နှစ်တွင် ပြန်လည် မွေးဖွားလာခဲ့ပါသည်။ အဲ့ခေတ်ကာလတွေမှာ ယောကျားလေးကို မိန်းကလေးထက် ဦးစားပေးပြီး နီယန်သည် သူမ၏ ယခင်ဘဝမှ ဝမ်းနည်းဖွယ် ကောင်းသော ကံကြမ္မာကို ပြန်လည်ပြင်ဆင်ပြီး စျေးအတွင်း တိုက်ခိုက်မှုများ အတားအဆီး အမျိုးမျိုးကို အဆင့်ဆင့် ကျော်ဖြတ်ကာ အလွန်ထင်ရှား အောင်မြင်သော ဘဝသို့ ရောက်ရှိလာခဲ့သည်။ နီယန်သည် သူမ၏ သေးသွယ်သောခန္ဓာကိုယ်နှင့် သန်မာသော လက်များကိုအသုံးပြုကာ သာမာန်ကျေးလက်တောသူမိန်းကလေး ဘဝမှ အချမ်းသာဆုံးအမျိုးသမီးအဖြစ်သို့ သူမ၏ ကံကြမ္မာကို ပြောင်းလဲခဲ့ပါသည်။ ထို့သို့သော ချမ်းသာကွယ်ဝသော ဘဝကို တည်ဆောက်နေချိန် နီယန်ဟာ လျှို့ဝှက် ပဟေဠိဆဆန်သော ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ရဲ့ အာရုံကို အမှတ်တမဲ့ ဆွဲဆောင်မိတဲ့အခါမှာ...။ မည်သို့ပင် ဖြစ်စေ အပြင်သူများအမြင်တွင် အေးတိအေးစက်အမူအရာနှင့် ခံစားချက်ကို ဖော်ပြခြင်းမရှိတဲ့ ထို ရေခဲတုံး အမျိုးသားသည် အလွန်သစ္စာရှိသော ခင်ပွန်းအဖြစ်သို့ ပြောင်းလဲလာခဲ့ကာ မိန်းမ ဖြစ်သူ၏ နောက်လိုက် အဖြစ်သို့ ပြောင်းလဲလာခဲ့ပါသည်။ ထိုအခါမှစ၍ 'မိန်းမကို သစ္စာရှိရှိ အလုပ်အကျွေးပြုရတာသည် တာ၀န်ဖြစ်သည်' ဟူသော နိယာမများအား ကျင့်သုံးလာခဲ့သည်။ ယခုစာစဥ်သည် အမျိုးသမီးဇာတ်လိုက်၏ အောင်မြင်ခဲ့သော နှစ်များ အကြောင်းကို တဆင့်ချင်းပုံဖော် ရေးသားထားခြင်း ဖြစ်ပါသည်။

