← Chapters

ရှားပါးရောဂါ

Vol. 3 Ch. 31

ရှားပါးရောဂါ

Vol. 3 Ch. 31

ယခုခေတ်ကာလသည် နောင်လာမည့် ခေတ်များလောက် အလွတ်လပ်သေးချေ။ သို့သော် အမျိုးသမီး တစ်ဦးသည် အမျိုးသား တစ်ဦး၏ အဝတ်အစားအား သူ့သဘောနှင့် သူ လျှော်ဖွတ်ခွင့်တောင်းခြင်းသည် အရိပ်အမြွတ်ပြသည့် သဘောဆိုသည်မှာ ထင်ရှားလွန်းလှသည်။ ထို့အပြင် မိုဘိုင်ချွမ်းသည် သူ၏ တစ်သီးတစ်သန့် နေတတ်သည့် ပုံစံကြောင့် လူသိများလှသည်။ သို့ပေသိ ထိုအချိန်ကာလတွင် ခပ်ခွာခွာ တစ်သီးတစ်သန့် နေတတ်သည်ဆိုသော စကားလုံးသည် ခေတ်မစားသေးပေ။

လူအများစုသည် မိုဘိုင်ချွမ်းကဲ့သို့ တစ်သီး တစ်သန့်နေတတ်သော သူမျိုးကို မာနကြီးသူဟု သတ်မှတ်ကြသည်။ မိုဘိုင်ချွမ်းသည် တစ်ကိုယ်ထဲ နေတတ်ကာ မည်သည့် အမျိုးသမီးကိုမှ အနားကပ်မခံဖူးပေ။ လီရှန်းရှန်းသည် သူမကိုယ် သူမ ခြွင်းချက်လို့ ခံစားနေရသည်။ သူမသည် မိုဘိုင်ချွမ်း ဘေးမှ တစ်ဦးတည်းသော အမျိုးသမီး လက်ထောက် ဖြစ်သောကြောင့် ဖြစ်သည်။

သူမသည် ထို့အတွက် ဝန်ထမ်းအားလုံး၏ မနာလို ဝန်တိုမှုအား ခံရသူ ဖြစ်သည်။ ထို့အပြင် သူမတွင် ဂုဏ်ယူစရာများစွာ ရှိနေသေးသည်။ သူမသည် ငယ်ရွယ်ကာ လှပပြီး ထက်မြက်သည်။ ထို့အပြင် မည်သည့် အချိန်တွင် ရှေ့တိုး နောက်ဆုတ်ရမည်ကိုလည်း ကောင်းစွာ နားလည်ထားသေးသည်။ ထို့ကြောင့် သူမသည် လူအများကြားတွင် ထင်ပေါ်ကျော်ကြားလှသည်။ သည့်အပြင် သူမအား မိုမိသားစုမှ ကိုယ်တိုင်ရွေးချယ်ထားခြင်း ဖြစ်သည်။ သူတို့ဘက်မှ ပွင့်ပွင့်လင်းလင်း မပြောခဲ့သော်လည်း လီရှန်းရှန်းသည် သူမကိုယ် သူမ မိုမိသားစု၏ အနာဂတ်ချွေးမ မိုဘိုင်ချွမ်း၏ အနာဂတ် ဇနီးလောင်း အဖြစ် သူမကို သူမ သတ်မှတ်ထားခဲ့သည်။ သည့်အပြင် မိုဘိုင်ချွမ်းသည်လည်း သူမ အပေါ် သံယောဇဉ် ရှိမည်ဟု ယုံကြည်နေခဲ့သည်။ အသိုင်းအဝိုင်း စံနှုန်းများ အရသာ သူသည် သူ၏ ခံစားချက်များအား ချပြရန် မသင့်တော်ဟု ယူဆနေသောကြောင့်သာ ဖြစ်ပေမည်။ မိုဘိုင်ချွမ်းဘက်က သူ၏ ခံစားချက်များအား ထုတ်ပြောရန် ရှက်ရွံနေသည့်အတွက် သူမဘက်က အရင်စတင် လှုပ်ရှားရမည်ဟု ခံစားလိုက်ရသည်။

မိုဘိုင်ချွမ်းသည် မျက်မှောင်ကြုတ်လျှက် အေးစက်စွာ ငြင်းပယ်လိုက်သည်။

“မလိုဘူး မင်းပြန်လို့ရပြီ”

သူသည် အသက် ၂၆ နှစ်ရှိပြီ ဖြစ်ကာ အကောင်းဆုံး အရွယ် ဖြစ်သည်။ သို့သော် သူ၏ မိသားစုများသည် လူပျိုကြီး အဖြစ် တသက်လုံး နေထိုင်သွားရမည်ကို စိုးရိမ်သည့်အတွက် အလျှင်လိုနေကြသည်။ လီရှန်းရှန်းကိုပင် သူ၏ ဖခင်ဖြစ်သူနှင့် အဖိုး ဖြစ်သူတို့က အလုပ်ဆိုသည့် ခေါင်းစဉ် အောက်တွင် ဟန်ပြ အတင်းထည့်ထားပေးခဲ့ခြင်း ဖြစ်သည်။ လုပ်ငန်းကိစ္စများမှ လွဲ၍ သူသည် လီရှန်းရှန်းအား မည်သည့် မသင့်လျှော်သည့် အပြုအမူ အချက်ပြမှုများကို ဘယ်တုန်းကမှ မပြသခဲ့ဖူးပေ။

သူ၏ စိတ်အတွင်းတွင် သူ၏ လက်တွဲဖော်သည် အပြည့်စုံဆုံး အလှဆုံး ဖြစ်ရန် မလိုအပ်သော်လည်း သူ တကယ် ချစ်ခင် နှစ်သက်သောသူ တစ်ဦး ဖြစ်ရန် လိုအပ်သည်။ ထိုအတွေးများသည် ‘အချစ်’ ဟူသော စကားလုံးအား သယ်ဆောင်လာခဲ့သည်။ သူ၏ စိတ်အတွင်း ပေါ်လာသည့် မျက်နှာလေးသည် ထက်မြက်လှပကာ ထင်ရှားပျော်ရွှင်စေခဲ့သည်။

ထိုမျှ ငယ်ရွယ်လှသော အမျိုးသမီးလေးသည်အမျိူးသားများ၏ စိတ်အား လွတ်ထွက်သွားစေနိုင်သည့် အရည်အချင်းများ ရှိနေသေးသည်။ ကံမကောင်းစွာဖြင့် သူမလေးသည် မည်သူမှန်းမသိသော သက်ကြားအိုကြီး တစ်ယောက်က ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။ ထိုအကြောင်းအရာများအား ပြန်လည် တွေးတောမိချိန်တွင် မိုဘိုင်ချွမ်းသည် သူ၏ အတွေးများအား ခါထုတ်လိုက်သည်။

သူ ဘာလုပ်မိသနည်း အဘယ်ကြောင့် ထို ကောင်မလေးအကြောင်း ရုတ်တရက်ကြီ’ တွေးမိရသနည်း။

သူ၏ စကားအား ကြားချိန်တွင် လီရှန်းရှန်းသည် ထွက်သွားရမည့်အစား မိုဘိုင်ချွမ်း၏ အနားသို့ တိုးလာခဲ့ကာ သူမ၏ မျက်နှာသည် နီရဲနေခဲ့ကာ သူမ၏ အသံသည်လည်း မြူဆယ္နေသာေ အသံမျိုးကဲ့သို့ အသံဖြင့် ပြောလိုက်သည်။

“ရှက်နေစရာ မလိုပါဖူး မစ္စတာမို ဒါက ကျွန်မရဲ့ အလုပ်ပါ”

မိုဘိုင်ချွမ်း၏ မျက်နှာသည် အေးစက်သွားခဲ့ကာ နောက်တစ်လှမ်းဆုတ်လိုက်ကာ ပြောလိုက်သည်။

“မစ္စ လီရှန်းရှန်း ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် လေးစားပါ”

မိုဘိုင်ချွမ်းသည် သူမအား မည်သည့် အခွင့်အရေးမှ မပေးခဲ့ချေ။ သူသည် သူ၏ လက်မောင်းအား လျှင်မြန်စွာ ဆွဲဖယ်လိုက်ပြီး လေသံမာမာဖြင့် သတိပေးလိုက်သည်။

“လီရှန်းရှန်း ကို့နေရာကို သတိရပါ မင်း ထပ်ပြီး စည်းကျော်လာရင် မနက်ဖြန် ထောက်ပံ့ပို့ဆောင်ရေး ဌာနာကို သွားလိုက်တော့ “

လီရှန်းရှန်းအား သူ၏ ဖခင်နှင့် အဖိုးဖြစ်သူမှ ထောက်ခံပေးထားခြင်း ဖြစ်သည့်အတွက် အကယ်၍ သူမအား ထောက်ပံ့ရေးဌာနသို့ ပို့ဆောင်လိုက်လျှင် သူတို့၏ အကဲဖြတ်နိုင်စွမ်းအား မေးခွန်းထုတ်သလိုဖြစ်ကာ သူတို့၏ မျက်နှာအား မထောက်ပဲ အရှက်ခွဲလိုက်သလို ဖြစ်သွားပေမည်။ ထို့ကြောင့် မိုဘိုင်ချွမ်းသည် အခုလောလောဆယ်တွင် ထိုကဲ့သို့ အပြုအမူမျိုးအား အလုပ်ချင်သေးပေ။

ထိုကဲ့သို့ စကားအား ကြားလိုက်ရချိန်တွင် လီရှန်းရှန်းသည် သူ့အား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ

မိုဘိုင်ချွမ်း၏ မျက်လုံးထဲတွင် သူမအား စက်ဆုပ်ရွံရှာသည့် အရိပ်အယောင်အား မြင်လိုက်ရသည်ဟု ထင်လိုက်မိသည်။

မိုဘိုင်ချွမ်းလည်း သူမအား သေချာပေါက် သဘောကျနေသည် မဟုတ်ပါလား

သူမ၏ စိတ်ကူးသက်သက်သာ ဖြစ်နေသည်လား

မည်သို့ပင်ဆိုစေကာမူ ဒီနေရာသည် ရုံးခန်း ဖြစ်နေခဲ့ကာ အရးကြီးသည့် နေရာ တစ်ခုပင် ဖြစ်သည်။ အာဏာရှိသည့် နေရာတွင် ရှိနေသော မိုဘိုင်ချွမ်းလို လူတစ်ဦး အတွက် ူ၏ ခံစားချက်များအား ပွင့်လင်းစွာ ချပြနိုင်သည့် နေရာမျိုး မဟုတ်ပေ။ မိုဘိုင်ချွမ်းသည် သူ၏ ဂုဏ်သိက္ခာအား ထိန်းသိမ်းရန် လိုအပ်သည့်အတွက် သူ၏ ခံစားချက်များအား ထိန်းချုပ် မြိုသိပ်ထားသည်ပဲ ဖြစ်ရပေသည်။

ထိုသို့တွေးလိုက်ပြီးနောက် လီရှန်းရှန်း စိတ်သက်သာရာ ရသွားတော့သည်။ မိုဘိုင်ချွမ်းအား ကြည့်ကာ ရိုးသားစွာဖြင့် ပြောလိုက်သည်။

“မစ္စတာမို ကျွန်မ အမှားကို ကျွန်မ နားလည်ပါပြီ နောက်တစ်ကြိမ် ထပ်မဖြစ်စေရပါဘူး”

**

တစ်ဖက်မှာတော့

မိုမိသားစု

စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည့် အဖွားအိုမိုသည် နွေးထွေးသည့် အိပ်ခန်း တစ်ခုအတွင်း ထိုင်ကာ အခန်းအတွင်းတွင် ဆေးနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။ ပန်းရောင်မင်းသမီးအိပ်ယာ အတွင်းတွင် ဆယ့်သုံးနှစ် ဆယ့်လေးနှစ်သာ ရှိလောက်မည့် ငယ်ရွယ်သော ကလေးမလေး တစ်ဦး လှဲလောင်းနေခဲ့သည်။

ထိုကလေးမလေး၏ မျက်နှာသည် နှင်းကဲ့သို့ ဖြူဖွေးနေခဲ့ကာ နှုတ်ခမ်းသားများသည်လည်း စက္ကူဖြူ တစ်ရွက်လို ဖြူစွတ်နေခဲ့သည်။ အဖွားအိုမိုအား ကြည့်ကာ သူမသည် အားနည်းသည့် လေသံဖြင့် ပြောလိုက်သည်။

“အဖွား မစိုးရိမ်ပါနဲ့ သမီး ဘယ်လို နာကျင်မှုကိုမှ မခံစားရပါဘူး တကယ် မနာပါဘူး”

သူမသည် ပါးစပ်မှ မနာဘူးလို့ ပြောနေခဲ့သော်လည်း သူမ၏ အသံသည် မယုံနိုင်လောက်အောင် အားနည်းကာ တိုးလျှနေခဲ့သည်။ နှစ်ပေါင်းများစွာ အိပ်ယာအတွင်း လဲနေခဲ့ရသည့် အတွက် သူမ၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် ပေါ့ပါးနေခဲ့သည်။ ထိုသို့ ပြောဆိုသံအား ကြားလိုက်ချိန်တွင် အဖွားအိုမိုသည် မျက်ရည်များကြားမှ ပြုံးပြလိုက်ကာ ပြောလိုက်သည်။

“စိတ်မပူနဲ့ အဖွားက နောက်ထပ် မစိုးရိမ်တော့ပါဘူး ငါတို့ရဲ့ ရှောင်တျယ်လေးက မကြာခင် ပြန်ကောင်းလာမှာပဲဟာ ဒီလို သာမာန် နေမကောင်းတာက ဘာမှ မဟုတ်ဘူးး”

“အင်း”

မိုဟူတျယ်သည် ခေါင်းငြိမ့်လိုက်ကာ ဆက်လက်ပြောလိုက်သည်။

“သမီး တကယ် ပြန်ကောင်းလာမှာ “

မိုဟူတျယ်သည် အသက်ရွယ် မကြီးသေးသော်လည်း သူမ၏ စိတ်က ရင့်ကျက်နေခဲ့ပြီ ဖြစ်သည်။ သူမတွင် အချိန် သိပ်မကျန်တော့သည်ကို သူမသိနေခဲ့သည်။

ထို့အစား အသက်ရှင်နေရသည်ထက် မြန်မြန် သေသွားသည်မှာ ပို၍ ကောင်းပေလိမ့်မည်။ သူမ အသက်ရှင်နေရသည့် မိနစ်တိုင်းသည် ပြင်းထန်စွာ နာကျင်မှု ဒဏ်အား ခံစားနေခဲ့ရကာ ထိုအရာများသည် သည်းမခံနိုင်လောက်အောင် နာကျင်မှုများ ဖြစ်သည်။ သို့တိုင် သူမ၏ အဖွား စိတ်မပူရစေရန် အတွက် သူမသည် နာကျင်သည်ကို မည်သည့် အချိန်ကမှ ထုတ်မပြခဲ့ပေ။

သူမ၏ မိခင် ထွက်ခွာသွားခြင်းသည်ပင် အဖွားအတွက် ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်နေခဲ့ပြီးသား ဖြစ်သည်။ ချစ်ခင်ရသူ တစ်ဦးအား ထပ်မံ၍ ဆုံးရှုံးရသည့် ခံစားချက်အား သူမ၏ အဖွားဖြစ်သူအား ထပ်မံ၍ မခံစား စေချင်တော့ပေ။ ထို့ကြောင့်သာ သူမသည် သူမ အသက်ရှင်ရန် အခွင့်ရေး မှန်သမျှအား လက်မလွှတ်ပဲ မည်သည့် ကုသမှုများကို မဆို တက်တက်ကြွကြွ ပူးပေါင်း ပေးနေခဲ့ခြင်း ဖြစ်သည်။

အိပ်ယာအတွင်း လဲနေခဲ့သည်မှာ ငါးနှစ် ရှိခဲ့ပြီ ဖြစ်သည်။ သူမသည် ရှင်သန်နိုင်ရန် အမှန်ပင် ကြိုးစားခဲ့သည်။ သို့သော် ယခုတွင်သူမ တကယ်ကိုပင် ဆက်လက်၍ မခံစားနိုင်တော့ပေ။ အိပ်ဆေးများ၏ အကူအညီဖြင့် မိုဟူတျယ်သည် သက်တောင့်သက်သာ မရှိပဲ အိပ်ပျော်သွားခဲ့သည်။ အိပ်မက်ထဲတွင်ပင် သူမ၏ မျက်ခုံးများသည် တင်းကြပ်စွာ ကြုတ်ထားဆဲ ဖြစ်သည်။

သူမ ခံစားနေရသည့် အရိုးများ ကြေမတတ် နာကျင် ခံစားရမှုများအား စိတ်ကူးကြည့်ရုံသာ တတ်နိုင်ပေသည်။ ထိုအချိန်တွင် အဖွားအိုမိုသည် နောက်ဆုံးတွင် သူမ၏ ခံစားချက်များအား မထိန်းချုပ်နိုင်တော့ပဲ တိုးတိတ်စွာ ငိုကြွေးနေတော့သည်။ သူမ၏ သမီးသည် အစောကြီး ထွက်ခွာသွားခဲ့သည်။ မည်သို့ပင်ဆိုစေ သူမ၏ သမီး ဖြစ်သူမှ ထားခဲ့သည့် သွေးသားများအား သူမက ဆက်လက်၍ ထိန်းသိမ်း စောင့်ရှောက်ရပေအုန်းမည် ဖြစ်သည်။ ထိုသို့ မဟုတ်ခဲ့လျှင် သူမ သေဆုံးသွားသည့်အချိန် သူမ သမီးအား ထပ်မံတွေ့သည့်အခါတွင် သူမ မျက်နှာ ပြနိုင်လိမ့်မည် မဟုတ်ချေ။

ငိုပြီးသည့်နောက်တွင် အဖွားအိုမိုသည် ဧည့်ခန်းအတွင်းသို့ သွားကာ ဖုန်းဆက်လိုက်သည်။

“သမားတော်လီကို ပြောလိုက်ပါ သူသာ ငါတို့ရဲ့ ရှောင်တျယ်ကို ကုသပေးနိုင်ရင် ငါတို့မိုမိသားစုက သူလိုချင်တာ မှန်သမျှ ပေးမယ်လို့”

ဟု ပြောခိုင်းလိုက်သည်။

**

ဝမ်မိသားစု

ယန်ကွေ့ပေါင်သည် ခြံဝင်း အတွင်းတွင် ကြက်ဖကြီး တစ်ကောင်အား လိုက်လံ ဖမ်းဆီးနေခဲ့သည်။ အဖွားအိုသည် သူ၏ သမီး ဖြစ်သူ ဝမ်မေဖုန်းအား မြစ်ကမ်းနားတွင် နေ့လည်က ဖြစ်ပျက်ခဲ့သည်များအား ပြနလည် ပြောပြနေခဲ့သည်။ ထိုအကြောင်းရာများအား နားထောင်ပြီးနောက်တွင် ဝမ်မေဖုန်းသည် ကျောရိုးတစ်လျှောက် အေးစက်သွားခဲ့သည်။

ယန်ကွေ့ပေါင်၏ မိခင် တစ်ယောက် အနေဖြင့် သူမသည် သူမ၏ သားဖြစ်သူ၏ အခြေအနေအား ကောင်းစွာ နားလည်ပေသည်။ သူမ သိသည်မှာ ထို အခြေအနေမျိုးတွင် နီယန်သည် သူမ၏ မိခင်အား မတားပဲ အမြန်ဆုံး ကယ်ဆယ်ရန် မစီစဉ်ခဲ့လျှင် သူမသည် သူမ၏ သားလေးအား ယနေ့တွင် အသက်ရှင်လျှက် ပြန်လည် မြင်တွေ့နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအကြောင်းအရာများအား တွေးတောလိုက် ပြီးနောက်တွင် ဝမ်မေဖုန်းသည် အကြောက်တရားများ တစ်စိမ့်စိမ့် ဝင်ရောက်လာခဲ့သည်။

“အမေ ကျွန်မတို့ အဲ့ကလေးမလေးကို သေချာပေါက် ကျေးဇူးတင်ရမယ် သူ ဘယ်မှာနေလဲ သမီးကို သူ့စီ မြန်မြန် ခေါ်သွားပေးပါလား”

အဖွားအိုသည် မျက်မှောင်ကြုတ်လျှက် မေးလိုက်သည်။

“သမီး ပြောတာက အဲ့ကောင်မလေး ယန်ယန်က တကယ် တော်တယ်လို့ ပြောချင်တာလား”

အခုအချိန်ထိတောင် အဖွားအိုသည် နီယန်အား သံသယရှိနေခဲ့သေးကာ ထို အခြေအနေတွင် ဝင်ရောက် ကူညီနိုင်ခဲ့ခြင်းသည် ကံကောင်းမှုတစ်ခု ဆိုသည်ထက် မပိုဟု ထင်နေခဲ့ခြင်း ဖြစ်သည်။

“ဒါပေါ့”

ဝမ်မေဖုန်း ဆက်ပြောလိုက်သည်။

“အကယ်လို့ အမေသာ အမေ့ အကြံအတိုင်း ကွေ့ပေါင်ကို ဒီနေ့ ဆေးပေးခန်းကို ခေါ်သွားမယ် ဆိုရင် သမီး ကွေ့ပေါင်ကို အခုလိုတောင် မြင်နိုင်တော့မှာ မဟုတ်ဘူး အမေ အမေက ဒီနေ့ တကယ့်ကို ကယ်တင်ရှင်နဲ့ တွေ့ခဲ့တာပဲ “

အဖွားအိုသည် ဝမ်မေဖုန်းအား ကြည့်ကာ နေ့လည်ခင်းတွင် နီယန် ပြောကြားခဲ့သည်များအား ပြန်သတိရလိုက်သည့် အတွက် သူမ၏ သမီး ဖြစ်သူအား ပြန်လည် ပြောပြလိုက်သည်။

“မေဖုန်း အဲ့ကောင်မလေး ပြောတာက သူတို့ မိသားစုက မျိုးရိုးစဉ်ဆက် ဆေးကုလာတာတဲ့ ပြီးတော့ ကွေ့ပေါင် ရောဂါအတွက်လည်း သူ့မှာ ဆေးနည်း ရှိတယ် ပြောတယ်”

မူလတွင် အဖွားအိုသည် ထိုကိစ္စနှင့် ပတ်သက်၍ အလေးနက်မထားခဲ့ချေ။ သို့သော် သူမ၏ သမီး ဖြစ်သူမှ နီယန်အား မြင့်မားစွာ ချီးကျူးနေသည်အား မြင်လိုက်ရချိန်တွင် သူမသည် ထိုအကြောင်းအား ပြောပြရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထိုစကားအား ကြားလိုက်ချိန်တွင် ဝမ်မေဖုန်းသည် အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်။

“အမေ အမေ တစ်ကယ်ပြောတာလား “

All Chapters