← Chapters

မနာလိုစိတ်

Vol. 2 Ch. 27

မနာလိုစိတ်

Vol. 2 Ch. 27

အကယ်၍ နီယန်သာ ဝင်၍ မနှောင့်ယှက်ခဲ့ရင် သူမသည် ကွေ့ပေါင်အား အခုချိန်တွင် ဆေးခန်းသို့ ခေါ်သွားခဲ့ပြီ ဖြစ်သည်။ ယခုလို နှောင့်နှေးနေလိမ့်မည် မဟုတ်ပေ။ နီယန်သည် ထို အမျိုးသမီးကြီးအား တစ်ချက်ကြည့်လိုက်ကာ နှစ်သိမ့်သော အသံဖြင့် ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ကွေ့ပေါင် အဆင်ပြေပါတယ် ခဏလောက်နေရင် သူနိုးလာပါလိမ့်မယ်”

နီယန်၏ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကလေးလေးသည် သတိပြန်လည်လာခဲ့ကာ သူ၏ မျက်နှာသည်လည်း တဖြေးဖြေး နီမြန်းလာခဲ့သည်။ နီယန်သည် သူမ၏ လက်အား ပြန်ရုတ်လိုက်ကာ သူမ ယူဆောင်လာသော တစ်ရှုးကို ထုတ်ယူ၍ ကလေး၏ ပါးစပ်နားမှ အမြှပ်များအား ဂရုတစိုက် သုတ်ပေးလိုက်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လူစုလူဝေးကြီးတွင် ကွဲပြားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။ နီယန်တွင် ထိုကဲ့သို့ အရည်အချင်း ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ လူအုပ်ကြီးသည် ထိုမြင်ကွင်းအား စိတ်ဝင်တစ်စား ကြည့်ရှုနေရင်း ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

“ကံကောင်းတာသွားတာပါ”

လူအုပ်ကြီး အတွင်းထဲမှ ထေ့ငေါ့ပြောသော အသ့တစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုပြောလိုက်သော ကောင်မလေး၏ အမည်မှာ ဝမ်ရှို့ဟုန် ဖြစ်ကာ အသက်ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်နှစ်ခန့်သာ ရှိသေးသည်။ သူမတွင် ကြည်လင်သောမျက်လုံးများ ဖြင့် အတော်လေး ဆွဲဆောင်မှုရှိကာ ရွာမှ အလှလေး တစ်ဦး အဖြစ် သတ်မှတ်ခံထားရသည်။

နီယန် မရောက်လာခင် သူမသည် ကျင်းဟိုင်ရွာတွင် အလှဆုံး အမျိုးသမီး တစ်ဦး ဖြစ်သည်။ သို့သော် နီယန် ပေါ်လာသည့် အချိန်မှ စ၍ နီယန်သည် သူမထက် ပိုလှ ပိုချမ်းသာကာ တစ်ရွာလုံး၏ အာရုံစိုက်မှုသည် နီယန်အပေါ်သို့သာ ရောက်ရှိနေခဲ့သည်။ သူမ၏ ထင်ပေါ် ကျော်ကြားမှု အားလုံး ခိုးယူခံလိုက်ရသည်။ ထို့အတွက် သူမသည် သဘာဝကျကျပင် နီယန်အပေါ် မနာလိုမုန်းတီးမှု ရှိနေခဲ့သည်။ အကောင်းသော သတင်း တော်တော်များများသည် ဝမ်ရှို့ဟုန်ထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သူမ ပြောလိုက်သည်နှင့် တစ်ပြိုက်နက် အခြားသူများသည်လည်း ခေါင်းငြိမ့်ကာ လိုက်လံ ပြောဆိုကြတော့သည်။ ဆယ်ကျော်သက် တစ်ယောက် က ဘာတွေများ သိနိုင်မှာလဲ ဘဝ အတွေ့အကြုံ ပိုများတဲ့ သူတို့လို လူကြီးတွေက ဒီကောင်မလေးလောက်တောင် မတတ်နိုင်ဘူးလား

နီယန်သည် ထိုသူများ ပြောဆိုနေသည်အား စိတ်မဝင်စားပေ။ သူမသည် ကွေ့ပေါင် ဘေးကင်းရန်သာ ဂရုစိုက်ပေသည်။ သူမ ကလေးအား ထိုင်ရန် ကူညီပေးလိုက် ပြီးနောက် ထိုအခါမှ အသက်ကြီးပိုင်း အမျိုးသမီးကြီးသည် ကွေ့ပေါင်မှ နီယန်၏ လက်အား ကိုက်ထားသော ကိုက်ရာသည် သွေးစို့နေကြောင်း ထိုအချိန်မှ သတိထားမိလိုက်သည်။ သက်ကြီးပိုင်း အမျိုးသမီးကြီး ပြောလိုက်သည်။

“ကလေးမလေး နင် မနာဘူးလား ကွေ့ပေါင်ရဲ့ ပါးစပ်ထဲ နင့်လက်ကို ကို့သဘောထဲ ကိုထည့်တာလို့ အစထဲက သဘောတူထားပြီးသားနော် ငါ အတင်းအကြပ် ခိုင်းတာ မဟုတ်ဘူးနော်”

အချို့အရာများသည် ရှင်းရှင်းလင်းလင်း ပြုလုပ်ထားမှ တော်ရာကျပေလိမ့်မည်။ နီယန်သည် ပြင်ပမှ လူစိမ်း တစ်ဦး ဖြစ်သည်။ အဘယ်ကြောင့်များ ထိုကလေးမသည် သူမ၏ မြေးဖြစ်သူအား ဆိုင်းမဆင့်ဘုံမဆင့် ကူညီပေးရသနည်း။ သူမ လိုချင်တာ တစ်ခုခု ရှိပေလိမ့်မည်။ သက်ကြီးပိုင်း အမျိုးသမီးကြီးသည် လိမ်လည် လှည့်ဖျား ခံရမည်အား စိုးရိမ်လျှက် ရှိသည်။

“မပူပါနဲ့”

နီယန်သည် ပြုံးလျှက် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

“အဲ့ဒါက ကိစ္စကြီး မဟုတ်ပါဘူး အဒေါ် အဲ့အတွက် မစိုးရိမ်ပါနဲ့”

သက်ကြီးပိုင်း အမျိုးသမီးကြီးသည် သက်ပြင်းချလျှက် စိတ်သက်သာရာ ရသွားခဲ့သည်။ လူတစ်ယောက်စီမှ အကိုက်ခံရခြင်းသည် ကိစ္စသေး တစ်ခု မဟုတ်သောကြောင့် သူမသည် နီယန်မှ အကိုက်ခံရသည့် ကိစ္စအား အကျယ်ချဲ့လိမ့်မည်ဟု ထင်ထားခဲ့သည်။ သူမက ဆက်လက် ပြောလိုက်သည်။

“ဒါဆို ကွေ့ပေါင် အခု အဆင်ပြေပြီလား”

နီယန်သည် ခေါင်းငြိမ့်လျှက်

“ ဟုတ်တယ် အခုတော့ သူ အဆင်ပြေသွားပြီ ဒါပေမဲ့ ခဏတာ အဆင်ပြေသွားတာပါ ဒါပေမဲ့ ဒီရောဂါက သေချာ ထိထိရောက်ရောက် မကုသဘူးဆိုရင် အနာဂတ်မှာ ဒီရောဂါက သေချာပေါက် ပြန်ဖြစ်လာလိမ့်မယ်”

သူမ စကား ပြောဆိုပြီးသွားသည်နှင့် တစ်ပြိုင်နက် သူမ၏ လက်မောင်း အတွင်းမှ ကလေးငယ်၏ မျက်လုံးများသည် ပွင့်လာခဲ့သည်။ သူသည် ပထမဆုံး အဖွားအိုအား ကြည့်လိုက်သည် ထို့နောက် နီယန်အား ကြည့်ကာ စိတ်ရှုပ်နေသကဲ့သို့ မေးလိုက်သည်။

“အဖွား ကျွန်တော် ဘာဖြစ်သွားတာလဲ”

ဝက်ရူးပြန်ကာ တက်နေစဉ်တွင် လူတစ်ယောက်သည် ယာယီ မှတ်ဉာဏ် ပျောက်ဆုံးသွားသည်ကို ကြုံတွေ့ရတတ်သည်။ ကလေးသည် ဝက်ရူးပြန်ရောဂါအား ခံစားနေရသူ ဖြစ်သည်။ ထိုရောဂါ ဖြစ်ပွားချိန်တွင် သတိလစ်ခြင်း တက်ခြင်း ပါးစပ်မှ အမြှပ်ထွက်ခြင်း စသည့် ရောဂါ လက္ခဏာများအား ခံစားရတတ်သည်။ နီယန်သည် အစောပိုင်းတွင် ကလေး၏ ပါးစပ်အတွင်း သူမ၏ လက်အား ထည့်လိုက်သည်မှာ ကလေးသည် သူ၏ လျှာအား မကိုက်မိစေရန်အတွက် ထည့်ထားခြင်း ဖြစ်ကာ အကျီကြယ်သီးများအား ဖြုတ်ပေးခဲ့ကာ သူ၏ အောက်မေးရိုးများအားလည်း အသက်ရှု မကြပ်စေရန် ပင့်တင်ပေးခဲ့သည်။ ထိုလုပ်ငန်းစဉ်များသည် ဝက်ရူးပြန်ရောဂါ စတင်ဖြစ်ပွားစဉ် အတွင်း အရေးပေါ် ကုသကာ ပြုလုပ်ရပေးမည့် အခြေခံလုပ်ငန်းစဉ်များ ဖြစ်သည်။

ကလေး၏ မေးခွန်းကြောင့် အဖွားအိုသည် မည်သို့ ပြန်ဖြေရမည်အား မသိတော့ပေ။ နီယန်သည် ပြုံးလျှက် ကလေး၏ ဦးခေါင်းအား ပုတ်လိုက်ကာ ပြောလိုက်သည်။

“သား ဘာမှ မဖြစ်ပါဘူး အမတို့ ကစားလိုက်ကြရုံပါပဲ “

သူ၏ အကြည့်သည်နီယန်၏ လက်အပေါ်သို့ ရောက်သွားခဲ့ကာ စိုးရိမ်ပူပန်သော အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားခဲ့ကာ မေးမြန်းလိုက်သည်။

“အမ အမလက်က ဘာဖြစ်တာလဲ”

နီယန်သည် သူမ၏ ဘယ်ဘက်လက်အား မြှောက်ကာ သူမ၏ မျက်လုံးများတွင် အပြုံးရိပ်များ ပေါ်လာကာ ပြန်ဖြေလိုက်သည်။

“သြော် ဒါလား အမ ကို့ဘာသာကို ခိုက်မိသွားတာပါ သား မြန်မြန် ထလိုက် မြေကြီးက အရမ်း ညစ်ပတ်တယ်”

ကလေးလေးသည် သူ့ဘာသူ ထလိုက်ပြီး တင်ပါးမှ ဖုတ်များအား ခါလိုက်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

“အစ်မ ကျွန်တော့် နာမည် ယန်ကွေ့ပေါင်ပါ အသက်က ခုနှစ်နှစ်ပါ ဒါက ကျွန်တော့် အဖွားပါ ဒီနေ့ အမ ကူညီတာကို ကျေးဇူးတင်ပါတယ် “

ယန်ကွေ့ပေါင်အတွက် ဝက်ရူးပြန်ရောဂါသည် မွေးရာပါ ဖြစ်သည်။ သူ၏ အခြေအနေ အကြာင်းအား သူသည် အမြဲတမ်း နာနာကျင်ကျင် သိရှိနေခဲ့ကာ ထိုရောဂါကြောင့် ခြံဝင်းထဲမှ တစ်ခြား ကလေးများသည် သူနှင့်အတူ မကစားချင်ကြပေ။ ထို့ကြောင့် သူ၏ မိခင်ဖြစ်သူသည် ပတ်ဝန်းကျင် ပြောင်းလဲပေးရန် အတွက် ကျေးလက်သို့ ခေါ်ဆောင်လာခဲ့သည်။ ကြည့်ရသည်မှာ သူ၏ ရောဂါဟောင်း ပြန်ထလာသည့်ပုံ ရသည်။

ထိုအမသည် သူအား သူ၏ ရောဂါကြောင့် စိတ်မထိခိုက်စေရန် အတွက် မပြောပဲ နေခဲ့ခြင်း ဖြစ်ပေမည်။ သို့သော် အမှန်တကယ်တွင် သူသည် အားလုံး သိနေခဲ့ပြီးသား ဖြစ်သည်။ မယုံကြည်သူ တစ်ဦးသည် ရှေ့သို့ လျှောက်လာကာ ကွေ့ပေါင်အား အပေါ်အောက် စုန်ဆန် ကြည့်လျှက် သံသယ ဖြစ်စွာ မေးလိုက်သည်။

“ကွေ့ပေါင် မင်း တကယ် အဆင်ပြေတာလား”

တစ်ခဏအတွင်း သူ့အား ကြည့်ရသလောက် သေတော့မည်ကဲ့သို့ ဖြစ်နေခဲ့ကာ ခဏကြာတွင် သူသည် အကောင်းတိုင်း ပြန်ဖြစ်နေခဲ့သည်။ ယန်ကွေ့ပေါင်သည် ခေါင်းငြိမ့်လျှက် ထိုနေရာတွင်ပင် တစ်ပတ်လှည့်ပြလိုက်ကာ ပြန်ဖြေလိုက်သည်။

“ကျွန်တော် တကယ် ကောင်းပါတယ်”

လူအုပ်ကြီးသည် ယန်ကွေ့ပေါင်အား ကြည့်ကာ အံ့အားတကြီး ပြောဆိုနေခဲ့ကြသည်။ အဖွားအိုသည် နီယန်အား ကျေးဇူးတင်စွာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“သမီးလေးရယ် ဘယ်လိုတောင် ကျေးဇူးတင်ရမလဲ မသိဘူး အကယ်၍ သမီဂသာ မရှိရင် ငါ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး”

“ကျေးဇူးတင်ဖို့ မလိုပါဘူး ဒါက လုပ်သင့်လုပ်ထိုက်တာပါ “

နီယန်သည် သာမာန်ကာ လျှံကာ ပြန်ဖြေလိုက်သည်။ တစ်ကြိမ် ပြန်လည် ရှင်သန်လာခဲ့ခြင်း ဖြစ်သည့်အတွက် နီယန်သည် အခြားသူများထက် အသက်၏ တန်ဖိုးအား ပို၍ နားလည်ပေသည်။ ထို့အပြင် သူမ၏ အသက်တင်မကပဲ အခြားသူများ၏ အသက်ကိုပင် တန်ဖိုး ထားတတ်လာခြင်း ဖြစ်သည်။

ယန်ကွေ့ပေါင်သည် နီယန်အား ကြည့်လိုက်ကာ သူ၏ မျက်လုံးများတွင် သိချင်စိတ်များ ပြည့်နေခဲ့ကာ မေးမြန်းလိုက်သည်။

“အမ အမနာမည် ဘယ်လိုခေါ်လဲ”

သူသည် အမှန်ပင် ထို လှပသော အစ်မက သဘောကျသည်။ သူမသည် နတ်သမီး တစ်ပါးလိုပင်ဖြစ်သည်။ ရုပ်ရည်ချောမောသည်သာမကပဲ ကြင်နာတတ်သော နှလုံးသားလည်း ပိုင်ဆိုင်ထားသေးသည်။ နီယန်သည် ပြုံးလျှက် ပြောလိုက်သည်။

“အမ နာမည် နီယန်ပါ”

“လီယန်”

ယန်ကွေ့ပေါင်သည် သူ၏ ခေါင်းလေးအား တစ်ဖက်သို့စောင်းကာ ချစ်စရာဟန်ပန်ဖြင့် ပြောလိုက်သည်။

“ယန် ဆိုတာက လှပခြင်း ဆိုတဲ့ ယန်လား”

“မဟုတ်ပါဘူး နီယန်ပါ ‘နီ’ ဆိုတာက စတင်ခြင်းဆိုတဲ့ ‘နီ’ နဲ့ ‘ယန်’ ဆိုတာက မီးနဲ့ မီးခိုး ဆိုတဲ့ ‘ယန်’ပါ “

နီယန် မွေးခါစချိန်တွင် ထမင်းချက်ပြုတ်ချိန် ဖြစ်နေခဲ့ကာ အိမ်တိုင်း၏ မီးခိုးခေါင်းတိုင်မှ မီးခိုးများ ထွက်ပေါ်နေခဲ့သောကြောင့် မူကျင်းပေါင်သည် သူမ၏ နာမည်အား နီယန်ဟု ပေးခဲ့ခြင်း ဖြစ်သည်။ သူမသည် ထမင်းချက်ချိန်တွင် မွေးခဲ့သည်မှာ ကံကောင်းသွားခြင်း ဖြစ်သည်။ အကယ်၍များ သူမသည် ခေတ်ကာလအား ကိုယ်စားပြုသည့် နာမည်များဖြစ်သည့် ချန်ကျန်း အနီရောင်စစ်သား ချွင်းချန် ချွင်းဟွာ စသည့် နာမည်များ အပေးခံရနိုင်သည်။

“အမ ကျွန်တော် အမနဲ့ သူငယ်ချင်း ဖြစ်လို့ရမလား”

ယန်ကွေ့ပေါင်သည် နီယန်၏ လက်အား ဆွဲကိုင်လျှက် မျှော်လင့်ချက်ကြီးစွာဖြင့် မေးလိုက်သည်။

“ရတာပေါ့”

နီယန်သည် ပြုံးလျှက် ခေါင်းငြိမ့်လိုက်သည်။

“ကွေ့ပေါင် တူတူ သွားကစားကြရအောင် “

ထိုအချိန်တွင် လူအုပ်အတွင်းမှ ကလေးနှစ်ယောက် ပြေးထွက်လာခဲ့သည်။ ချက်ချင်းပင် လူကြီးများသည် သူတို့၏ လက်အား ဆွဲထားကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“နောက်နောင် သူနဲ့ မဆော့နဲ့ သူ့ရောဂါက ကူးစက်တတ်တယ် အကယ်လို့ သူသေသွားရင် ဘယ်သူ့ကို အမှားလို့ ပြောမလဲ ဒီလိုလူတွေနဲ့ ဝေးဝေးနေရမယ် “

ထိုစကားအား ကြားသောအခါ နီယန်သည် မျက်မှောင် ကြုတ်လိုက်သော်လည်း ကွေ့ပေါင်၏ မျက်နှာသည် တည်ငြိမ်နေဆဲပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည်ထိုကဲ့သို့ အခြေအနေမျိုးအား ကြိမ်ကြိမ် ကြုံတွေ့ခဲ့ပြီးပြီ ဖြစ်သည့် အတွက် ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။ နီယန်သည် ကြည့်လိုက်ကာ တစ်စုံတစ်ခု ပြောမည် ပြင်လိုက်ချိန်တွင် ကွေ့ပေါင်သည် သူမ၏ လက်အား ဆွဲကာ နှစ်သိမ့်ပေးလိုက်သည်။

“အမ ကျွန်တော် အဆင်ပြေပါတယ်”

သူ့အတွက်ဖြင့် သူ၏ အစ်မက ရွာသားများအား စော်ကားမိမည်အား သူခွင့်မပြုနိုင်ပေ။ ယန်ကွေ့ပေါင်သည် ငယ်ရွယ်သော်လည်း သူသည် ထောက်ထားညှာတာ တတ်သည်။

ဝမ်ဟုတ်ရှု၏ မျက်နှာသည် စိတ်ပျက်မှုကြောင့် မည်းမှောင်သွားခဲ့သည်။ သူမသည် နီယန်မှ ကွေ့ပေါင်နှင့် ထိုကဲ့သို့ လျှင်လျှင်မြန်မြန် ရင်းနှီးသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သူမသိသည်မှာ ကွေ့ပေါင်သည် မြို့မှ လာခဲ့ခြင်း ဖြစ်ကာ သူ၏ မိသားစုသည် အလွန် ချမ်းသာကြွယ်ဝလှသည်။ သူ၏ ဖခင်ဖြစ်သူသည် ဘေကျင်းတွင် အလွန် နာမည်ကြီးသည့် သူတစ်ဦး ဖြစ်ကာ သူ၏ မိခင်သည်လည်း တက္ကသိုလ် ဘွဲ့ရတစ်ယောက် ဖြစ်သည်။ ယန်ကွေ့ပေါင်သည် ကျေးလက်သို့ လာရောက်ခြင်းသည် သူ၏ ကျန်းမာရေးအား ပြန်လည် ထူထောင်ရန် အတွက် ဖြစ်သည်။

ထိုတောသားများသည် ယန်ကွေ့ပေါင်၏ ဘဝအဆင့်အတန်းအား မသိသောကြောင့် သူတို့၏ ကလေးများနှင့် မကစားခိုင်းကြချေ။ အကယ်၍ သူတို့သာ သိသွားခဲ့လျှင် အလွန် နောင်တရနေကြပေလိမ့်မည် ဖြစ်သည်။ သူမသည်လည်း ယန်ကွေ့ပေါင်နှင့် ရင်းနှီးအောင် လုပ်ချင်ခဲ့သော်လည်း အခွင့်ရေး မရခဲ့ပေ။ သို့သော် ယခုတွင် အပြင်လူ တစ်ယောက်ဖြစ်သည့် နီယန်သည် သူမအား ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

ထိုသို့တွေးရင်း ဝမ်ရှို့ဟုန်၏ မျက်နှာသည် မနာလိုစိတ်ဖြင့် ရှုံမဲ့သွားခဲ့သည်။ သို့သော်လည်း သူမသည် ယန်ကွေ့ပေါင် ရောဂါ လက္ခဏာများ ပေါ်လာချိန်တွင် သူမသည် သူ့အား ပုလိတ်ရောဂါ တစခုလို ရှောင်ရှားခဲ့သည်အား မေ့ရော့သွားခဲ့ပြီ ဖြစ်သည်။ အဖွားအိုကြီးသည် ယန်ကွေ့ပေါင်အား လက်ဆွဲလျှက် နီယန်အား ပြောလိုက်သည်။

“သမီးလေး ဒီနေ့ အတွက် သမီးကို အဒေါ် ဘယ်လိုမျိုး ကျေးဇူးတင်ရမယ်ဆိုတာ မသိလောက်အောင်ပါပဲ အခု အဒေါ် ကွေ့ပေါင်ကို အိမ် ခေါ်သွားလိုက်မယ် “

ကွေ့ပေါင်သည် အခုမှ နိုးထလာသည် ဖြစ်ကာ အဖွားအိုကြီးသည်အနည်းငယ် စိုးရိမ်နေခဲ့သည်။ သူမ အိမ်ပြန်ရောက်ချိန်တွင် သူမ၏ သမီး ဖြစ်သူအား အမှန်တကယ် ဖြစ်ပျက်နေသည်များအား မေးရန် အစီစဉ် ချလိုက်သည်။ သူမ၏ မြေးလေးတွင် ယခုလို ရောဂါ ခံစားနေခဲ့ရသည်အား သူမ မသိခဲ့ပေ။

နီယန်သည် မော့ကြည့်လိုက်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ အခုကစပြီး ကျွန်မကို ယန်ယန်လို့ ခေါ်လို့ရပါတယ် ဒါနဲ့ ကျွန်မ အဒေါ့်ကို ဆေးနည်း တစ်ခု ညွှန်ပေးလိုက်မယ် ဒီအညွှန်း အတိုင်း တရုတ်တိုင်းရင်းဆေးကို ချိန်ဆပြီး တိုက်လိုက်ပါ ကွေ့ပေါင်ကို သုံးလလောက် တိုက်ပြီးသွားရင် သူ့ရောဂါက အရှင်း ပျောက်ကင်းသွားလိမ့်မယ်”

All Chapters