← Chapters

အခန်း ၁၄၆

Vol. 10 Ch. 146

အခန်း ၁၄၆

Vol. 10 Ch. 146

အခန်း (၁၄၆)

ကျိုးစုဟွာသည် နီချွေ့ဟွာ၏ ရင်ခွင်ထဲမှ နီယွင်လေးအား လှမ်းချီလိုက်သည်။

"ချစ်စရာကောင်းတဲ့ ကလေးလေးပဲ နာမည်က ဘယ်လိုခေါ်လဲ"

"သူ့နာမည်က နီယွင်တဲ့ ယွင်ဆိုတာ တိမ်တိုက်ကို ပြောတာပါ"

ဟု နီချွေ့ဟွာမှ ပြောလိုက်သည်။

"ယွင်ယွင် ယွင်ယွင်လေး ယွင်ယွင်လေးက နာမည်လေး လှရုံတင်မကဘူး ရုပ်လေးကလည်း အရမ်းလှတာပဲ"

နီယွင်လေးအား အလွန် သဘောကျနေသော ကျိုးစုဟွာသည် မျက်လုံးများတွင် ချစ်ခင်မြတ်နိုးသည့် အပြုံးများ အပြည့်ဖြင့် ပြောလိုက်သည်။

"ဪ ဟုတ်သားပဲ ငါတို့ ယွင်ယွင်လေး အတွက် လက်ဆောင်လည်း ပါသေးတယ် မေဖုန်း လက်ဆောင်တွေ အမြန်ထုတ်ပေးလိုက်ပါဦး"

ဝမ်မေဖုန်းသည် သူမအိတ်ထဲမှ အနီရောင် လက်ဆောင်ဘူး တစ်ခုအား ချက်ချင်း ထုတ်ပေးလိုက်တော့သည်။ ဘူးထဲတွင် အသက်ရှည်ကျန်းမာ အဆောင်လော့ခ်သီး တစ်ခုနှင့် ရွှေလက်ကောက် နှစ်ကွင်း ပါဝင်ပေသည်။

"ဒီရွှေထည်တွေက အနည်းဆုံး ယွမ်တစ်ထောင်လောက်တော့ တန်မှာပဲ"

နီချွေ့ဟွာမှ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"ကွေ့ပေါင်အဖွား တကယ်ကို ဒီလောက်ထိ အားနာနေစရာ မလိုပါဘူး ဒီလောက် ကြီးမားတဲ့ လက်ဆောင်ကို ကျွန်မတို့ လက်မခံရဲပါဘူး"

"လက်ခံသင့်ပါတယ်"

ကျိုးစုဟွာမှ ပြုံးလျက် ပြောလိုက်သည်။

"ဒါက တန်ဖိုးကြီးတဲ့အရာ မဟုတ်ပါဘူး နီယန်ရဲ့အမေရယ် နီယန်က ငါတို့ မိသားစုတစ်ခုလုံး အတွက်တော့ သက်ရှိထင်ရှား ဘုရားလောင်းလိုပဲ လုံးဝ ငြင်းလို့မရဘူးနော် ကြည့်ပါဦး ငါတို့ ယွင်ယွင်လေး ဒါတွေ ဝတ်ထားတော့ ဘယ်လောက်တောင် လှသွားလဲလို့"

ဖြူဖြူ ဖွေးဖွေးနှင့် ပြည့်ပြည့် ဖောင်းဖောင်းလေး ဖြစ်နေသော နီယွင်လေးသည် အလွန်ပင် ချစ်စရာကောင်းလှပေသည်။ ယခု ရွှေလက်ကောက်များနှင့် အဆောင်လော့ခ်သီးကိုပါ ဝတ်ဆင်လိုက်သောအခါ သူမလေးသည် နှစ်သစ်ကူး ပန်းချီကားထဲမှ ထွက်လာသည့် ချစ်စရာ ဖူဝါ အရုပ်လေးနှင့်ပင် တူနေတော့သည်။

ရွှေလက်ကောက်တွင် ခေါင်းလောင်းငယ်လေး တစ်ခု ပါရှိပေသည်။ နီယွင်လေး လှုပ်ရှားလိုက်တိုင်း ခေါင်းလောင်းလေးမှ တချွင်ချွင် မြည်ကာ လူတိုင်း၏ စိတ်နှလုံးအား ရွှင်လန်းစေသော သာယာသည့် အသံလေးကို ထွက်ပေါ်စေသည်။

နီချွေ့ဟွာ ဧည့်ခန်းထဲတွင် ဧည့်သည်များအား ဧည့်ခံနေစဉ် နီယန်သည် ဟင်းချက်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့တော့သည်။ ယခု ဆယ်နာရီကျော်နေပြီ ဖြစ်သည်။ သူမ ဟင်းချက် ပြီးချိန်ဆိုလျှင် နေ့လယ်ခင်းလောက် ရောက်သွားမည် ဖြစ်ရာ နေ့လယ်စာ စားရန် အချိန်ကိုက်ပင် ဖြစ်တော့သည်။

သူမက အဓိက ဟင်းလျာများ အဖြစ် ငါးချဉ်စပ် ဝက်သုံးထပ်သားနှပ် ခရုစပ်ကြော်နှင့် ကြက်ကင်တို့အား ချက်ရန် စီစဉ်ထားသည်။ အရံဟင်းများ အနေဖြင့် ကြွက်နားရွက်မှိုနှင့် မုန်ညင်းဖြူကြော် ဂေါ်ဖီထုပ်နှင့် ပဲကြာဆံကြော်တို့ကို လုပ်မည် ဖြစ်သည်။

ပဲကြာဆံသည် ရှောင်ဟွာ ပေးထားသည့် လက်ဆောင် ဖြစ်သည်။ အိမ်လုပ် ဖြစ်သဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဓာတုကင်းစင်ရုံ သာမက အသားလည်း အလွန်ကောင်းပေသည်။ ထို့အပြင် အအေးစာ အဖြစ် လျန်ဖီ အသုပ်ကိုလည်း ပြင်ဆင်မည် ဖြစ်သည်။

နီယန် လိုက်ရှာကြည့်လေရာ ယမန်နေ့တွင် ထဲ့တန်၏အမေ ပေးထားသော တို့ဟူးအနည်းငယ် ကျန်နေသေးသည်အား တွေ့လိုက်ရသဖြင့် ၎င်းနှင့် ပုစွန်တို့ဟူးဟင်းရည် လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

အသားနှင့် ဟင်းသီးဟင်းရွက်များအား အချိုးကျစွာ တွဲဖက်ထားပြီး ငါး အသား ကြက်သား အားလုံး ပါဝင်လေသည်။ ဟင်းခုနစ်ခွက်နှင့် ဟင်းရည်တစ်ခွက်သာ ရှိသော်လည်း ဤခေတ်ရှိ သာမန်လူ တစ်ယောက်အတွက်မူ အလွန်ခမ်းနားလှသော စားသောက်ပွဲကြီးတစ်ခုပင် ဖြစ်ချေတော့သည်။

မီနူးအား ဆုံးဖြတ် ပြီးနောက် နီယန်သည် ပေါင်မုန့်ဖုတ် မီးဖိုအား မီးမွှေးလိုက်ကာ ယမန်နေ့တွင် ဝယ်ထားသော ကြက်ဖကြီးအား သွားပေါ်လေတော့သည်။

နီယန်သည် ဖြူဖြူချောချော ကောင်မလေး တစ်ယောက် ကဲ့သို့ ပုံပေါက်နေသော်လည်း ကြက်ပေါ်သည့် နေရာတွင်မူ အလွန် ပြတ်သားလှပေသည်။

လက်တစ်ဖက်မှ ကြက်အား ကိုင်ထားပြီး နောက်လက်တစ်ဖက်မှ မီးဖိုချောင်သုံးဓားအား ကိုင်ထားခြင်း ဖြစ်ကာ မြင်ကွင်းသည် အနည်းငယ် သွေးထွက်သံယို ဖြစ်နေသော်လည်း အေးချမ်းသည့် ခံစားချက်အား ပေးစွမ်းနေဆဲ ဖြစ်သည်။ ဝမ်မေဖုန်းသည် နီယန်အား ကြက်မွေးနုတ် ကူရန် ရောက်လာခဲ့သည်။ နီယန်မှ ပြုံးလျက် ပြောလိုက်သည်။

"ဒေါ်လေးဝမ် လာကူစရာ မလိုပါဘူး ကျွန်မဘာသာ လုပ်နိုင်ပါတယ်"

ဝမ်မေဖုန်းမှ ရယ်မောရင်း ပြန်ပြောလိုက်သည်။

"ရပါတယ် ဒေါ်လေး အားနေတာပဲလေ"

သူတို့အားလုံး အလုပ်မရှိ ထိုင်နေပြီး နီယန် တစ်ယောက်တည်း ဟင်းချက်နေရသည်မှာ တရားမျှတမည် မဟုတ်ပေ။ ရွာတွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် ဝမ်မေဖုန်းသည် နောက်ပိုင်းတွင် မြို့ပေါ်သို့ ပြောင်းရွှေ့ သွားသော်လည်း ဤအလုပ်များအား ကျွမ်းကျင်နေဆဲပင် ဖြစ်သည်။ သူမသည် ကြက်မွေးများအား လျင်မြန်စွာ နုတ်ပြီးနောက် ကြက်အား ရေဖြင့် ဆေးကြောလိုက်ကာ အခြားသော ဟင်းသီးဟင်းရွက်များအား ဆက်လက် ဆေးကြောလိုက်တော့သည်။ နီယန်မှ တားသော်လည်း သူမမှ ဆက်လုပ်နေဆဲပင် ဖြစ်သည်။

ဟင်းသီးဟင်းရွက်များ ဆေးကြော ပြီးနောက် ဝမ်မေဖုန်းသည် မီးမွှေးရန် မီးဖိုနားတွင် ဝင်ထိုင်လိုက်လေသည်။ မီးရောင်သည် ဝမ်မေဖုန်း၏ ပြုံးရွှင်နေသော မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်နေပြီး ဆီသတ်သံများ နှင့်အတူ အရသာရှိသော အမွှေးနံ့များသည် မီးဖိုချောင် တစ်ခုလုံး ပြန့်နှံ့လာတော့သည်။ နီယန်၏ လက်ရာအား အရင်တွင် စားဖူးပြီး ဖြစ်သော်လည်း ဝမ်မေဖုန်းမှာ အံ့သြမဆုံးနိုင်အောင် ဖြစ်နေရဆဲပင် ဖြစ်သည်။

‘ဒီကလေးမလေးက တကယ်ကို အံ့သြစရာကောင်းတာပဲ’

အသက် ဆယ့်ခုနစ်နှစ်သာ ရှိသေးသော်လည်း နီယန်သည် လူကြီး အများစုထက် အများကြီး ပိုသာလွန်နေပြီ ဖြစ်သည်။ သူမသည် ဧည့်ခန်းကိစ္စများ သာမက မီးဖိုချောင်ကိစ္စများတွင်ပါ အညီအမျှ ကျွမ်းကျင်သော အမျိုးသမီးငယ်လေး တစ်ဦး အမှန်ပင် ဖြစ်နေချေတော့သည်။

မွန်းတည့်ချိန်လောက်တွင် နီယန်သည် ဟင်းခုနစ်ခွက်နှင့် ဟင်းရည်တစ်ခွက်အား ပြီးပြည့်စုံစွာ ပြင်ဆင် ပြီးစီးသွားပြီ ဖြစ်သည်။ ထမင်းစားပွဲပေါ်တွင်မူ အံ့သြချီးကျူးသံများ စဉ်ဆက်မပြတ် ထွက်ပေါ်နေတော့သည်။

"အရသာရှိလိုက်တာ"

"အရသာက အတိအကျပဲ။"

"နတ်ဆေးသမား တော်လေး သမီးက အရမ်းတော်တာပဲ"

ပုံမှန်အားဖြင့် ဘဲစာ အဖြစ်သာ အသုံးပြုလေ့ရှိသော ခရုများကိုပင် ဤမျှ အရသာရှိအောင် ချက်ပြုတ်နိုင်လိမ့်မည်ဟု ကျိုးစုဟွာ တစ်ခါမှ မထင်ထားခဲ့ဖူးပေ။

ဝက်သုံးထပ်သားနှပ်သည် ချိုမြိန်မွှေးကြိုင်နေပြီး နူးညံ့ကာ အဆီဓာတ် ပြည့်ဝသော်လည်း မအီနေပေ။ ပါးစပ်ထဲ ရောက်သည်နှင့် အရည်ပျော်သွားသလိုပင် ဖြစ်နေချေတော့သည်။

ကြက်ကင်သည်လည်း အလွန်ကြွပ်ရွနေလျှက် ရှိကာ အပြင်ဘက်မှ ကင်ထားသည်မှာလည်း ကွက်တိဖြစ်နေကာ အထဲမှာမူ နူးညံ့ပြီး တစ်လုတ် ကိုက်လိုက်တိုင်း အရသာများ ပေါက်ကွဲ ထွက်လာတော့သည်။

အားလုံးထဲတွင် အကောင်းဆုံးမှာမူ ငါးချဉ်စပ်ပင် ဖြစ်သည်။ ငါးအမြီးပိုင်းသည် ကစီဓာတ်နှင့် ကြက်ဥရည်တို့ဖြင့် ဖုံးအုပ်ထားသဖြင့် နူးညံ့ပြီး လန်းဆန်းစေကာ ခံတွင်းမြိန်စေပြီး ထမင်းနှင့် စားရန် အလွန်ပင် သင့်တော်လှသည်။

မုန်ညင်းချဉ်နှင့် ငရုတ်သီးတို့၏ ချဉ်စပ်အရသာနှင့် ပေါင်းစပ် လိုက်သောအခါ သွားရည်ကျလောက်အောင် ကောင်းမွန်လှပေသည်။ ငါးစား ပြီးသွားပါက ဟင်းရည်ကိုပါ ကုန်အောင် သောက်ချင်စိတ် ပေါက်သွားစေမည်မှာ အသေအချာပင် ဖြစ်တော့သည်။ အဆင့်မြင့် စားသောက်ဆိုင်များတွင်ပင် ဤမျှလောက် အရသာရှိသည့် ဟင်းလျာများ ရရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ဆေးပညာ စွမ်းရည် ထက်မြက်ကာ လှပသည့် ကောင်မလေး တစ်ယောက်သည် ဟင်းချက်ရာတွင်လည်း ဤမျှ ကျွမ်းကျင်လိမ့်မည်ဟု မည်သူမှ ထင်ထားလိမ့်မည် မဟုတ်ချေ။ အရသာသည် ရိုးရှင်းစွာပင် အံ့မခန်း ဖြစ်နေချေတော့သည်။

"နတ်ဆေးသမားတော်လေး ဒီကြက်ကင်ကို ဘယ်လို ကင်လိုက်တာလဲ"

ယန်ချန်ကျန်းမှ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ အိမ်ထဲတွင် မည်သည့် အကင်စင်မှ သူ မတွေ့ခဲ့ရသကဲ့သို့ ကြက်ကင်သည်လည်း ပူပူနွေးနွေးလေး ရောက်လာသဖြင့် အပြင်မှ ဝယ်လာသည်လည်း မဖြစ်နိုင်ပေ။ ထို့အပြင် ကြက်ကင် သို့မဟုတ် ဘဲကင်ကဲ့သို့သော အရာများသည် ရှားပါးပြီး ရှာရခက်ပေသည်။

All Chapters