စီးပွားရေး စတင်လုပ်ကိုင်ခြင်း
Vol. 2 Ch. 24
နီချွေ့ဟွာသည် ပြုံးလျှက် ပြောလိုက်သည်။
“ရှင်က အရမ်း ယဉ်ကျေးနေပြန်ပြီ ချန်ကွေ့ ဒီမှာ ထိုင်လေ ယန်ယန် ချက်ထားတဲ့ ငါးချဉ််စပ်ကို စားကြည့်ပါအုန်း ဒီကောင်မလေးက စမ်းချက်ကြည့်တာ ပြောနေပေမဲ့လည်း အရသာက တကယ်ကောင်းတယ်”
သူမသည် စမ်းချက်သည်ဟု ပြောလိုက်ချိန်တွင် နီချွေ့ဟွာ၏ မျက်လုံးများတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နေခဲ့သည်။ သူမအတွက် နီယန်ကဲ့သို့ အရည်ချင်း ပြည့်ဝသော ကလေး တစ်ယောက်အား ပိုင်ဆိုင်ထားရခြင်းသည် မည်ကဲ့သို့ ဂုဏ်မယူပဲ နေနိုင်မည်နည်း။ နီယန်ကြောင့်သာ မဟုတ်ခဲ့လျှင် သူမသည် ဒမ်ကျေးရွာတွင် ယခုအချိန်ထိတိုင် ဒုက္ခခံကာ နေနေရအုန်းမည် ဖြစ်သည်။ ယခုလို ဘဝမျိုးအာ းသူမသည် အိပ်မက်ထဲတွင်ပင် မမက်ရဲခဲ့ဖူးပေ။
“ငါးချဉ်စပ်လား”
နီချန်ကွေ့၏ မျက်လုံးများတွင် စူးစမ်းချင်စိတ်များ အရောင်တောက်ပ သွားခဲ့သည်။
“ဒါက ဒီလိုငါးဟင်းမျိုးကို စားဖူးတာ ကျွန်မအတွက် ပထမဆုံး အကြိမ်ပဲ အနံ့ကလည်း မွှေးနေတာပဲ အရသာလည်း ကောင်းမှာ သေချာတယ်”
“ဒေါ်လေးနီ အရင် မြည်းကြည့်ပါအုန်း “
နီယန်သည် တူဖြင့် ငါးအသားလွှာ တစ်ပိုင်းအား ညှပ်ကာ နီချန်ကွေ့၏ ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။ နီချန်ကွေ့သည် ပုံမှန်အားဖြင့် ငါး သိပ်မကြိုက်ပေ။ ထို့အပြင်လည်း အစားအသောက်များသည် အနံ့မွှေးကြိုင်သော်လည်း အရသာ ကောင်းချင်မှ ကောင်းပေလိမ့်မည်။ သို့သော် နီယန်၏ နွေးထွေးသော ဖိတ်ခေါ်မှုအား သူမ ကြိုးစား ငြင်းဆန်ခဲ့သော်လည်း ကျရှုံးခဲ့သည်။
နီယန်၏ မျှော်လင့်စောင့်ဆိုင်းနေသော အကြည့်အောက်တွင် နီချန်ကွေ့သည် ငါးအား တစ်ကိုက် စားလိုက်သည်။ သူမ၏ အမူအရာသည် သာမာန်ကာလျှံကာ အမူအရာမှ အံ့အားသင့်ဟန်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုငါးဟင်းသည် မယုံနိုင်လောက်အောင် နူးညံ့ကာ လတ်ဆတ်နေရုံသာ မကဘဲ မွှေးကြိုင်ကာ ချဉ်စပ်အရသာ ရောနှောနေခဲ့သည်။ ရိုးရှင်းစွာ အ၇သာ ရှိနေခဲ့သည်။
“ယန်ယန် ဒါ တကယ်ပဲ ငါးလား ဘာလို့ ငါးညှီနံ့မရတာလဲ အရမ်း အရသာ ရှိတာပဲ “
နီချန်ကွေ့၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများ တောက်ပလျှက် ရှိသည်။ သူမသည် ထိုကဲ့သို့ အရသာမျိုးအား မည်သို့သော အခါမှ မစားခဲ့ဖူးပေ။ ထို့ကြောင့် ယခုဟင်းပွဲသည် အမှန်တကယ် ငါးဟင်း ဖြစ်ပါမည်လားဟု သူမကိုယ်တိုင် မေးခွန်း ထုတ်မိလေသည်။ နီယန်သည် ခေါင်းငြိမ့်လျှက် ပြန်လည် ဖြေဆိုလိုက်သည်။
“အဲ့ဒါက ပြည်ကြီးငါးပါ ကျွန်မက မချက်ပြုတ်ခင် အတုံးတုံးပြီး ဟင်းချက်ဝိုင်နဲ့ အခြား ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ ရောနှပ်ထားပြီးမှ ဟင်းသီး ဟင်းရွက်ချဉ်တွေနဲ့ ရောချက်ထားတာမို့လို့ ငါးညှီနံ့ မရတာပါ”
“ယန်ယန် သမီး အရမ်းတော်တာပဲ “
ဟု ပြောရင်း နီချန်ကွေ့သည် နီချွေ့ဟွာ ဘက်သို့ လှည့်ကာ ရီမောလျှက် ပြောလိုက်သည်။
“ယန်ယန့်အမေ အစ်မကတော့ တကယ်ကို သမီးကောင်း တစ်ယောက် မွေးထားတာပဲ အစ်မတို့ရဲ့ ဘဝက အနာဂတ်မှာ တကယ် ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်လာမှာပါ”
နီချွေ့ဟွာသည် ပြုံးလိုက်ကာ ပြောလိုက်သည်။
“ ကျွန်မ သမီးက ငယ်ငယ်ထဲက စဉ်းစားချင့်ချိန် တတ်တဲ့သူ တစ်ယောက်ပါ”
“ဒါနဲ့ ယန်ယန်ရေ သမီး ဒီ ငါးဟင်းကို ဘယ်ကနေ သင်ခဲ့တာလဲ အဒေါ်တော့ တစ်ခါမှ မစားဖူးဘူး”
ဟု နီချန်ကွေ့ မေးမြန်းလိုက်သည်။ ချီးမွန်းသောကြောင့် ဘဝင်လေဟပ်ခြင်း မရှိပါပဲ နီယန်သည် တည်ငြိမ်စွာဖြင့် မေးမြန်းမှုအား ပြန်လည် ဖြေကြားလိုက်သည်။
“ကျွန်မ ဟင်းချက်စာအုပ် တစ်အုပ်ထဲက တွေ့ထားတာပါ”
“ဘယ် ဟင်းချက်စာအုပ်လဲ”
ဟု နီချန်ကွေ့ ပြန်လည် မေးမြန်းလိုက်သည်။ နီယန် ပြန်ပြောလိုက်သည်မှာ
“ဘယ်စာအုပ် ဆိုတာတော့ မမှတ်မိတော့ဘူး အဲ့ဒါက အတော် ကြာခဲ့ပြီ ဒီ ငါးဟင်းက ချုံချင့်က ဟင်းတစ်မျိုးလို့ ထင်တယ် အဒေါ်နီ အကယ်၍ အဒေါ် သင်ချင်ရင် ကျွန်မ သင်ပေးပါ့မယ်”
နီယန်သည် ထို ဟင်းဖြင့် ပိုက်ဆံ ရှာရန် မျှော်လင့်ထားသော်လည်း ထိုဟင်း၏ ချက်ပြုတ်နည်းများအား လျှို့ဝှက်ထားရန် မရည်ရွယ်ထားပါပေ။ အထူးသဖြင့် ထို ဟင်းသည် သူမကိုယ်တိုင် ဖန်တီးမှု မဟုတ်သောကြောင့် ဖြစ်သည်။
“အဒေါ်က ဒီအတိုင်း မေးရုံပါ အဒေါ်က တစ်နေကုန် အလုပ်လုပ်နေရတာ ဘယ်လိုလုပ် သင်ဖို့ အချိန် ရှိမှာလဲ “
တကယ်တမ်းတွင် နီချန်ကွေ့သည် လွန်ခဲ့သော ငါးနှစ်ခန့်က လယ်ယာ လုပ်ငန်းအား လုပ်ကိုင်ခဲ့သေးသော်လည်း သူမ၏ ခင်ပွန်း ဖြစ်သူ ကားမတော်တဆမှု ဖြင့် ဆုံးပါးသွားပြီးနောက်တွင် ဓာတ်ရထား ကုမ္ပဏီကလည်း အမြောက်အမြား လျော်ကြေးပေးခဲ့ကာ သူမအတွက် သင့်လျှော်ကာ ပေါ့ပေါ့ပါးပါး လုပ်ရသော အလုပ်တစ်ခုအား လစာမြင့်မြင့်ဖြင့် စီမံပေးခဲ့သောကြောင့် ထိုအချိန်မှ စကာ သူမသည် လယ်ယာ အလုပ်အား စွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။
“စကားမစပ် အိမ်မှာလည်း ကျွန်မ တစ်ယောက်ထဲ နေတာ ပြီးတော့ အလုပ်က ပြန်ရောက်ရင်လည်း ညဘက် တစ်ယောက်ထဲ ဖြစ်နေတာ ဆိုတော့ အခုကစပြီး နေ့တိုင်း ညစာ တစ်နပ်လောက်ကို ဒီမှာ တူတူ လာစားရင် အဆင်ပြေမလား ဒါပေမဲ့ စိတ်မပူပါနဲ့ ကျွန်မ ညစာအတွက် ပိုက်ဆံ ပေးမှာပါ တလစာ ညစာအတွက် ငါးယွမ်ဆို ဘယ်လိုလဲ “
ဟု နီချန်ကွေ့ ခွင့်ပြုရန် မေးမြန်းလိုက်သည်။ ထိုကဲ့သို့ နီချန်ကွေ့မှ တောင်းဆိုလာသဖြင့် ငြင်းပယ်ရန် မသင့်တော်တော့ပေ။ ထို့ကြောာင့် နီယန်သည် ရီမောလျှက် ပြောလိုက်သည်။
“အဒေါ်နီ ညစာအတွက်ပဲ မဟုတ်ဘဲ ဘယ်အချိန်ပဲ လာလာ လာလို့ရပါတယ် ကျွန်မတို့က အတူတူ နေကြတာပဲ မိသားစုတွေပါပဲ အဲ့ကြောင့် ငွေအကြောင်း စကားထဲ ထည့်ပြောဖို့ မလိုပါဘူး”
ယဉ်ကျေးပြူငှာသော လောကဝတ်သည် အလွန် အရေးကြီးပေသည်။ ထိုအရာသည် လူမှု ဆက်ဆံရေးအတွက် အခြေခံ ဖြစ်သည်။ ထိုကဲ့သို့ ချိုသာ ယဉ်ကျေးသော စကားများ မပြောတတ်ခဲ့လျှင် လူမှု အဖွဲ့အစည်းတွင် အခွင့်ရေး အယူခံရပေလိမ့်မည်။ နီချန်ကွေ့သည် နီယန် စိတ်ရင်းမှန်ဖြင့် ပြောနေသည်အား သိသော်လည်း သူမ ပျော်ရွှင်နေတုန်း ဖြစ်သည်။ ပြုံးလျှက် သူမသည် ငွေပေးရန် ပြောနေဆဲ ဖြစ်သည်။
“အဒေါ်က ပိုက်ဆံ တစ်ပြားမှ မပေးပဲ ဘယ်လိုလုပ် ဒီမှာ ဆက်ပြီး စားဝင်ပါ့မလဲ ဒီနေ့က စလိုက်ကြရအောင် အဒြေါ် တစ်လစာ ကြိုပေးထားလိုက်မယ် “
ဟုပြောရင်း နီချန်ကွေ့သည် အိတ်ထဲမှ အကြွေများအား ထုတ်ကာ စားပွဲပေါ်တင်နေခဲ့သည်။ နီချွေ့ဟွာသည်လည်း ထပ်ခါထပ်ခါ ငြင်းဆိုနေခဲ့သည်။
“ချန်ကွေ့ ဒီနေ့ ညစာအတွက်တော့ စိတ်မပူနေပါနဲ့တော့ အကယ်၍ ဒီမှာ ညစာစားဖို့ အစီစဉ် ရှိတယ်ဆိုရင် မနက်ဖြန်ကနေ စကျတာပေါ့”
“ကောင်းပါပြီ “
နီချန်ကွေ့သည် ထပ်၍ မငြင်းနိုင်တော့ပဲ ငါးဟင်း အပေါ်သို့သာ အာရုံပြောင်း လိုက်တော့သည်။ ထိုအချိန်မှသာလျှင် သူတို့ သက်တောင့်သက်သာ ဖြစ်ကာ အဆင်ပြေသွားကြ၏။
စားသောက်ပြီးနောက်တွင် နီချန်ကွေ့ ပြောလိုက်သည်မှာ
“ယန်ယန် ဒီနေ့ ငါးချဉ်စပ်က အရမ်း အရသာ ရှိတယ် သမီး မနက်ဖန် အဲ့ဟင်းကို ထပ်ပြီး ချက်ပေးနိုင်မလား ပြီးတော့ အဒေါ် သမီးကို ပြောရအုန်းမယ် အဒေါ်တို့ ရွာရဲ့ အရှေ့ဘက်မှာ မြစ်တစ်စင်းရှိတယ် မြစ်ထဲမှာ ငါတွေ ပုစွန်တွေ အများကြီး ရှိတယ် ရွာသားတွေကတော့ ငါးတွေ ပုစွန်တွေကို မဖမ်းကြဘူး ဘာလို့လဲဆိုတော့ ငါးအရသာ မကောင်းဖူး ထင်ကြလို့လေ အကယ်၍ သမီး အားတယ်ဆိုရင် ငါးမျှားတံနဲ့ သွားဖမ်းရင် ငါးအကြီးကြီးတွေ မိနိုင်လောက်တယ်”
နီယန်သည် ခေါင်းငြိမ့်လိုက်ကာ
“ကောင်းပါပြီ အဒေါ်နီ ကြိုက်တယ်ဆိုရင် ကျွန်မ မနက်ဖြန်လည်း ငါးချဉ်စပ်ကို ထပ်ပြီး ချက်ပေးပါ့မယ်”
တစ်ချိန်ထဲမှာပင် နီယန်သည် အရေးကြီးသော သတ်းအချက်အလက်တစ်ခု ရရှိခဲ့လေသည်။ အရှေ့ဘက်ရှိ မြစ်ထဲတွင် ငါးအများကြီး ရှိသည်။ အကယ်၍ သူမသည်သာ မြစ်ထဲမှ ငါးများအား ဖမ်းကာ ငါးချဉ်စပ်အား ချက်ပြုတ်ခဲ့လျှင် ဈေးမှ ဝယ်လာခဲ့သော ငါးထက် ပို၍ အရသာ ရှိပေလိမ့်မည်။
နီယန် မျက်လုံးများအား ကစားလိုက်ကာ သူမတွင် အကြံစည်အသစ် တစ်ခုပေါ်ထွက်လာသည်။ ထိုညတွင် လူတိုင်း အိပ်မောကျနေချိန်ဝယ် နီယန်သည် မီးဖိုချောင်ထဲတွင် အလုပ်များနေခဲ့သည်။ သူမသည် ကျန်နေသေးသော ငါး ငါးကောင်အား ငါးချဉ်စပ်အဖြစ်သို့ ပြောင်းလဲလိုက်ကာ ဟင်းရည်အဖြစ် ပြောင်းလဲလိုက်သည်။ စွဲမက်စရာကောင်းလှသော ရနံ့သည် အခန်းထဲတွင် ပြည့်နှက်နေခဲ့သည်။ ဟင်းရဉ် အဆင်သင့် ဖြစ်သွား ပြီးနောက်တွင် သူမသည် ကြီးမားသော သံအိုးကြီးအတွင်းသို့ လှယ်ထည့်လိုက်သည်။
အဖုံးအပြည့်ပါသော ထိုသံအိုးအား သူမသည် ယနေ့ အသစ်ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။ အားလုံး ပြီးဆုံးသွား ပြီးနောက်တွင် နီယန်သည် လျို့ဝှက်ဆော့ဖြစ်သော ငရုတ်သီးအနှစ် ထည့်ထားသော အိုးကြီး တစ်လုံး ပါးပါးလှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူများနှင့် နံနံပင်များအား ကြွေရည်သုတ်ထားသော ခွက်များဖြင့် ထည့်ကာ နောက်နေ့အတွက် ယူဆောင်သွားရင် အဆင်သင့် ပြင်ထားခဲ့သည်။
ထိုပြင်ဆင်မှုများသည် နောက်တစ်နေ့ မနက်တွင် ဆိုင်ဖွင့်ရန် အတွက် ဖြစ်သည်။ သို့သော် သူမ၏ အစီစဉ်သည် ငါးချဉ်စပ်အား ရောင်းချရန် မဟုတ်ပဲ ငါးချဉ်စပ်ခေါက်ဆွဲ ရောင်းရန်သာ ဖြစ်သည်။
ငါးချဉ်စပ်အား ခေါက်ဆွဲဖြင့် ပေါင်းစပ်လိုက် ပြီးနောက်တွင် အဓိက ဟင်းပွဲ တစ်ခု ဖြစ်သွားခဲ့သည်။ လူအများသည် ငါးချဉ်စပ်၏ အရသာကို မြည်းနိုင်ရုံ သာမက ဗိုက်ပြည့်စေသည် ဟုလည်း ခံစားရစေသည်။ ထိုခေတ်ကာလမှ လူများသည် ငါးချဉ်စပ်အား စားဖူးမည် မဟုတ်သည်ကို စဉ်းစားလျှက် သူမသည် ငါးချဉ်စပ် ခေါက်ဆွဲသည် အမှန်တကယ်ကို အောင်မြင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်ရှိလေသည်။ သူမ၏ ယခင် အတိတ်ဘဝမှ အတွေ့အကြုံများကြောင့်လည်း နီယန်သည် ယုံကည်မှု အပြည့် ရှိနေခဲ့သည်။
ဆိုင်ဖွင့်ရန် အတွက် သူမသည် မနက်ခင်းဈေးတွင် လူအသွားအလာများသော နေရာအား ကြိုတင် ရှာဖွေထားခဲ့ပြီး ဖြစ်သည်။ မနက်ခင်းဈေးတွင် ဆိုင်ခန်းများစွာ ရှိသောကြောင့် ပြင်းထန်လှသော ပြိုင်ဆိုင်မှုများ ရှိပေမည်။ သို့သော် အစားအစာများသည် အရသာရှိကာ ဆက်ဆံမှု ကောင်းမွန်နေသ၍ ဖောက်သည်များ ပြတ်လတ်လိမ့်မည် မဟုတ်ပေ။
နီယန်သည် မအိပ်ခင်ထိ ဆက်လက်၍ အလုပ်လုပ်နေခဲ့ကာ အာရုံတက်ချိန်တွင် နိုးထလာခဲ့သည်။ ထို့နောက် သူမသည် မနက်စာများ ပြင်ဆင်ပြီးနောက် ဘန်းကိတ် အနည်းငယ်ခန့် စားပြီးနောက်တွင် သူမ၏ စက်ဘီးပေါ်သို့ တက်ကာ ထွက်သွားတော့သည်။
နီယန်သည် ထို အစားအသောက်များ ရောင်းချရာ လမ်းသို့ ရောက်သွားချိန်တွင် ၆နာရီကျော်ကျော်ခန့်သာ ရှိသေး၏။ ထို အစားအသောက် များရောင်းချရာ လမ်းတွင် ဆီကြော် ထားသောမုန့်များနှင့် ပေါင်းထားသော ဘန်းကိတ်များ၏ ရနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။ နီယန်သည် စားပွဲ ကုလားထိုင်များ အရင်ဆုံး ချလိုက်ကာ ကျောက်မီးဖိုအား မီးမွှေးလိုက်ကာ သံအိုးကြီးအား မီးဖိုပေါ်သို့ တင်ထားလိုက်သည်။ ထို့နောက် အိုးထဲမှ သရေယိုစရာ အနံ့များထွက်ပေါ်လာခဲ့သည်။ နီယန်သည် ယမန်နေ့ ကတည်းမှ မြို့သို့သွားစဉ် စားပွဲ ထိုင်ခုံအသေးများ တစ်ပါတည်း ဝယ်ယူလာခဲ့သည်။ထို့နောက် အသွားအပြန် သယ်ယူရသည်မှာ မလွယ်ကူသောကြောင့် သူမသည် ဆိုင်ရှင်အား တစ်လလျှင် တစ်ယွမ်ဖြင့် ဆိုင်မှ ပစ္စည်းများအား ထားခွင့်ပေးရန် အတွက် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဖြစ်သည်။
လမ်းပေါ်တွင် ဖြတ်သွားဖြတ်လာ ဈေးဝယ်သူများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း နီယန်၏ ဘေးတွင် ထောင်ထားသော ငါးချဉ်စပ် ခေါက်ဆွဲ ဆိုသော ဆိုင်းဘုတ်အား မြင်လျှင် သူတို့၏ စားချင်စိတ် ပျောက်ဆုံးသွားခဲ့ကြသည်။
ငါးက ဘာများကောင်းလို့လဲ .....
နာရီဝက်ခန့် ကြာပြီးသည်အထိ သူမ၏ ဆိုင်တွင် ဖောက်သည် မရှိသည်ကို တွေ့လိုက်သောအခါ နီယန်သည် စတင်၍ စိုးရိမ်လာခဲ့သည်။ သူမသည် နဖူးနား တစ်ဝိုက်အာ ပွတ်သပ်လိုက်ကာ ရုတ်တရက် အကြံတစ်ခု ပေါ်လာခဲ့သည်။
သူမတွင် ဖြေရှင်းနည်း ရှိပြီ .......
နီယန်၏ မျက်လုံးများသည် အပြုံးတစ်ပွင့်နှင့် အတူ အရောင်တောက်ပလာခဲ့သည်။ သူမသည် အနီးအနားရှိ ကုန်စုံဆိုင် တစ်ခုသို့ သွားခဲ့ကာ သူမ၏ လက်ထဲတွင် ခွက်ငယ်လေး ဆယ်ခွက်ဖြင့် ပြန်လာခဲ့သည်။