တရားဝင် ကွာရှင်း ပြတ်ဆဲခြင်း -၁
Vol. 1 Ch. 3
နီယန်နှင့် ထိုအမျိုးသား နှစ်ဦးလုံးသည် တစ်ယောက်မျက်နှာ တစ်ယောက် အသေးစိတ် ရှင်းရှင်းလင်းလင်း မြင်နိုင်သည် အထိ အလွန် နီးကပ်စွာရှိနေကြသည်။ ထို အမျိုးသား၏ လက်သည် သူမ၏ ခါးကို တင်းကျပ်စွာ ကိုင်ထားပြီး တစ်ဖက်သို့ လှည့်လိုက်ရာ သူတို့ နှစ်ဦး၏ အနေအထားမှာ ပြောင်းလဲသွားလေသည်။ ထိုသူသည် အောက်ဘက်သို့ ရောက်သွားပြီး သူမသည် ထိုသူအပေါ်သို့ ရောက်သွားလေသည်။ မပြောင်းလဲသော တစ်ခုထဲသော အရာမှာ ထိုသူ၏ လက်သည် သူမ၏ သေးသွယ်လှသော ခါးလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
နီယန်၏ အသွင်အပြင်သည် ဖြူဖွေးသော အသားအရည်နှင့် ချို့ယွင်းချက်မရှိအောင် အပြစ်အနာအဆာကင်းမဲ့ကာ ကြည်လင်ပြီး မက်မွန်ပွင့်များကဲ့သို့ မျက်လုံးများကို ပိုင်ဆိုင်ထားလေသည်။ သူမ၏ မျက်တောင်ရှည်များသည် ပန်ကာရွက်ငယ်လေးများကဲ့သို့ လှုပ်ခတ်နေပြီး ပေါ့ပေါ့ပါးပါး လျှပ်တစ်ပြတ် ကြည့်မိလိုက်သူများ၏ စိတ်ဝိဉာဉ်ကို ဆွဲဆောင်နိုင်လျှက်ရှိသည်။
သို့သော်လည်းပဲ သူမ၏ ဘယ်ဘက်ပါးပြင်၌ ထင်ရှားသော လက်ဝါးရာ ထင်ကျန်ရစ်နေသော်လည်း သူမရဲ့ အလှကို မယုတ်လျော့စေရုံ သာမက ဆွဲဆောင်မှု တစ်ခု အနေနဲ့ ထပ်ပေါင်း ပေးထားသလိုပင် ဖြစ်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် နီယန်သည် ယနေ့တွင် အစိမ်းရောင် အဝတ်အစားကို ဝတ်ဆင်ထားသဖြင့် ထူထပ်သော မြက်ခင်းတွင် ပုန်းကွယ်နေသည်။ ထိုအစိမ်းရောင်သည် မြက်ခင်း အသွင်ဆောင်ထားသကဲ့သို့ ဖြစ်နေသောကြောင့် မည်သည့် သံသယဝင်စရာ အစအနမှ ရှာမတွေ့နိုင်ပေ။
“ထပ် ထပ် ထပ်”
တောင်စောင်းပေါ်မှ မြက်ခင်းပြင် တစ်လျှောက် လည်ရှည်ဖိနပ်များ စီးကာ လျှောက်လာသော ခြေသံများ ကြားလာရသည်။ အများကြီး ထပ်တွေးနေစရာမလိုပေ။ အတိအကျပင် ထိုလူများ ရှာနေသော သူသည် သူမ၏ အောက်တွင် ရောက်နေသော အမျိုးသားကိုသာ ဖြစ်ပေသည်။
ဤကဲ့သို့ ကျပ်တည်းသော အခြေအနေတွင် သူမသာ ထိုသူနှင့် အတူတူ ပုန်းကွယ်နေသည်ဆိုသော အဖြစ်မှန်ကို အမိအခံလိုက်ရလျှင် မြစ်ဝါမြစ်ထဲ ခုန်ချလိုက်လျှင်တောင်မှ အမှန်တရားကို ဆေးကြောလို့ရတော့မည် မဟုတ်ပေ။
နီယန်သည် သူမ၏ နှုတ်ခမ်းကို ကိုက်လျှက် သူမ၏ မျက်နှာသည် ဖြူဖျော့သွားကာ သူမ၏ နှလုံးခုန်နှုန်းသည်လဲ မြန်ဆန်လာလေသည်။
‘သူမ အခု ဘာလုပ်သင့်သလဲ...’
အဲ့ဒီအချိန်မှာပင် ကျယ်လောင်သော အော်ဟစ်သံကို တောင်းစောင်းပေါ်မှ ကြားလိုက်ရလေသည်။
“သူက ဒီအနီးအနားမှာပဲ ပျောက်သွားတာ နေရာအနှံ့ ရှာကြစမ်း”
ထိုသို့ ပြောပြီးတောက်တွင် ခြေသံများ ပြန့်ကျဲကာ လျှောက်သွားကြသံများ ကြားရလေသည်။
“ဒီဘက်မှာ ဘာမှ မရှိဖူး”
“ဒီဘက်မှာလဲ မရှိဘူး”
ထိုသူသည် မျက်မှောင် ကြုံလျှက် ပြောလိုက်သည်။
“အောက်ဘက်မှာကော ရှာပြီးပြီလား”
“မရှာရသေးဘူး”
“အဲ့ဒါဆို အောက်ကို ဆင်းပြီး ရှာကြ”
“ဟုတ်ကဲ့”
ထိုလူများသည် အောက်သို့ ဆင်းလာကြသည်။
သူမ ဘာလုပ်သင့်လဲ
နီယန်သည် စိုးရိမ်ကြောင့်ကြသောကြောင့် သူမသည် မည်သည်ကိုမှ မတွေးနိုင်ပဲ ရှိလေသည်။
“ကျီကျီ ကျာကျာ “
“ရှူး ရှူး”
ရုတ်တရက် လေထဲမှ ငှက်ကလေးများ၏ တောင်ပံခတ်သံများနှင့် မြေတွန်သံများကို ကြားလာရသည်။
ဒီအောက်မှာ မြွေရှိတယ်။
ခြေသံများသည် နီးကပ်လာသော အချိန်မှာပင် ရပ်တန့်သွားခဲ့သည်။
“ရှူး “
“ကျီ ကျီ”
ငှက်ကလေးများ၏ အသံသည် တိုးညှင်းသွားခဲ့သည်။ သို့သော် မြွေတွန်သံသည် ပို၍ ကျယ်လောင်လာခဲ့သည်။ ထိုအသံကို နားထောင်ကြည့်လိုက်လျှင် မြွေသည် သေးငယ်ပုံမပေ။ အကယ်၍ လူကို ကိုက်လိုက်ရင် သေသွားနိုင်တယ် မဟုတ်ပါလား။
မူလက အောက်သို့ ဆင်းရန် ကြိုးစားနေသော သူများသည် ချက်ချင်း နောက်ပြန်ဆုတ်ကာ အပေါ်သို့ ပြန်တက်သွားပြီးနောက်
“ဒီအောက်မှာ ဘာမှ မရှိဘူး”
“ဟိုဘက် သွားရှာကြည့်ရအောင်”
“ရှပ် ရှပ်”
တည်ငြိမ်သော ခြေသံများသည် တစ်ဖြေးဖြေး ဝေးကွားသွားလေသည်။ သို့သော် နီယန်သည် ထိုသူများ နောက်တစ်ကြိမ် ပြန်လာကြမည်ကို စိုးရိမ်သောကြောင့် အပေါ်မှ အသံများကို ဂရုတစိုက် နားစွင့်လျှက် အသက်ကို ပြင်းပြင်းမရှုရဲပေ။
သူမ၏ အောက်မှ အမျိုးသားသည် မျက်လုံးကို မှေးကြဉ်းလိုက်ကာ ပတ်ဝန်းကျင် အခြေအနေကို လေ့လာလိုက်သည်အခုဏက အသံကို ပြုလုပ်လိုက်သူမှာ တခြားသူ မဟုတ်ပဲ သူ၏ ရှေ့မှ ရွာသူ မိန်းကလေးသာ ဖြစ်သည်။
ထို ရိုးရိုးသာမာန် ရွာသူလေးတစ်ဦးမှ ထိုသို့သော အသံတုလုပ်နိုင်တဲ့ အရည်အချင်းရှိမည်ဟု သူလုံးဝ မယုံကြည်နိုင်ခဲ့ပေ။ထိုကဲ့သို့ ပညာမျိုးသည် ကျွမ်းကျင်သော ဆရာတစ်ဦး၏ လက်အောင်ထံ ဆယ်စုနှစ်တစ်စု သေချာ သီးသန့် လမ်းညွှန် သင်ကြားပေးမှသာ တတ်မြောက်နိုင်ခြင်းဖြစ်သည်။
ဒါပေမဲ့ သူ၏ ရှေ့မှ မိန်းကလေး၏ ပုံစံသည် အသက် ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ် အရွယ်လောက်ထက် ပိုလောက်မည် မဟုတ်ပေ။အကယ်၍ မြွေနှင့် ငှက် အစစ်များ ရှိနေလျှင်တောင် ဘယ်သူမှ ခြားနားချက်ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။ သူမက တကယ် မယုံကြည်နိုင်စရာပါပဲ....
‘အမှန်တကယ် အထင်ကြီးစရာကောင်းတာပဲ’
နီယန်သည် ထိုသူ၏ မျက်နှာအမူအရာကို အာရုံစိုက်နေရန် အချိန် မရှိခဲ့ပါ။ အပေါ်မှ လူများ ထွက်ခွာသွားတာ သေချာသည် နှင့် သူ့ အပေါ်မှ ထလိုက်လေသည်။ မြေပြင်ပေါ်၌ ထိုင်ကာ အသက်ကို အမောတကော လုရှုနေခဲ့ပါသည်။ သူမသည် အလွန် တော်သည်။သူမသည် ဉာဏ်ကောင်းပြီး တစ်ချိန်ထဲမှာပဲ အရမ်းကို တည်ငြိမ်လှပါသည်။
ဘယ်လိုပြောရမလဲ
သူမသည် သာမာန် ၁၆နှစ် ၁၇နှစ် ရွာသူ တစ်ယာက် နှင့် မတူညီပေ။သူမ၏ ပုံပန်းသွင်ပြင်သည် ထူးခြားလွန်းလှသည်။ ယခုလို ရုပ်ရည်မျိုးနှင့် အလိုက်အထိုက် ပြောင်းလဲနိုင်သော သာမာန်ရွာသူဆိုတာ ရှိနိုင်ပါ့မလားထို အမျိုးသားသည် မြေပြင်မှ ထလိုက်ပြီးနောက် နီယန်အား စောင်းငဲ့ကြည့်လိုက်ကာ
“ မင်းနာမည် ဘယ်လိုခေါ်လဲ”
“ယင်ယင်”
နီယန် သည် သူမ၏ အမည်အရင်းကို လိမ်လည်လိုက်သည်။ သူမသည် မတုံးအပေ။ ထို အမျိုးသား၏ ရက်စက်သော အပြုအမူတို့ကို ကြည့်ခြင်း အားဖြင့် ထိုသူသည် ဆက်ဆံရ လွယ်ကူမည် မဟုတ်သည်ကို သိရှိပြီး ဖြစ်သည်။ သူမ၏ နာမည် အရင်းကို သူမ ထုတ်ပြောလိမ့်မည် မဟုတ်ပေ။ ဘာြဖစ်ဖြစ် ယင်ယင် နဲ့ ယန်ယန်ဟာ သိပ်တော့ မကွာပါဘူး
“မင်းရဲ့ မျိုးရိုးနာမည်က ဘာလဲ”
ထို အမျိုးသားက ဆက်လက်၍ မေးမြန်းလေသည်။
“မူ”
နီယန်ဟာ ပြန်လည် ဖြေဆိုလိုက်သည်။တစ်ကယ့်ကို သူမ၏ မျိုးရိုးနာမည်သည် ယခုလက်ရှိ မူ ဖြစ်နေသေးသည်။ သူမသည် သည်တစ်ခါတော့ မလိမ်လိုက်ပေ။
“ခုဏက လုပ်တဲ့ အသံတုကို မင်းဘယ်လို သင်ယူထားတာလဲ”
ထိုသူ၏ အကြည့်သည် သူမ အပေါ်သို့ ဧရာမ သားရဲကြီးတစ်ကောင် စူးစိုက် ကြည့်နေသကဲ့သို့ သူမအား အသက်ရှု ကြပ်မတတ် ဖြစ်သွားစေသည်။ နီယန်က ပြန်လည်ပြောဆိုလိုက်သည်။
“ဒီနေရာက ကျေးလက်တောရွာ ဒေသတစ်ခုပါ ကျွန်မတို့ ကျေးရွာ ပတ်ဝန်းကျင်မှာ တိရစ္ဆာန် အမျိုးအစား အစုံအလင်ရှိနေတယ် ကျွန်မ ငယ်ငယ်လေးထဲက လေ့လာသင်ယူရင်း ကြီးပြင်းလာခဲ့တာပါ”
နီယန်ဟာ အမြဲတမ်း ဉာဏ်ကောင်းပြီး မှတ်သားနိုင်စွမ်းလည်း ကောင်းခဲ့ပါတယ်။ထိုသူက သူမ၏ စကားလုံးများကို မေးခွန်းထုတ်သလိုမျိုး သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်ပါသည်။ ထို့နောက် သူ၏ အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်လိုက်ကာ ပိုက်ဆံ အစည်းလိုက် တစ်ထပ်ကို ဆွဲထုတ်လိုက်ပါသည်။
“ဒါက ငါ့ရဲ့ ကျေးဇူးတင်လက်ဆောင်လို့ မှတ်လိုက်ပါ ငါက ဘေဂျင်းက လာတာပါ အကယ်၍ မင်းအခက်ခဲရှိရင် ဘေဂျင်းမှာ ငါ့ကို လာပြီး ရှာနိုင်ပါတယ်”
“ဟုတ်ပြီလေ”
နီယန်ဟာ နာခံတတ်သော ပုံစံဖြင့် ပိုက်ဆံကို ယူလိုက်ပြီးနောက် မျက်လွှာချထားသော သူမ၏ မျက်လုံးထဲတွင် လှောင်ပြောင် သရော်သော အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ထိုသူ ကဲ့သို့ ဆိုးသွမ်းသည့်လူမျိုးကို သူမရှောင်ချင်နေခဲ့သည်ကို ဘယ်လိုလုပ် သူ့ကို သွားရှာပါအုန်းမလဲ။ ပိုက်ဆံကိုတော့ သူမ မငြင်းပယ်လိုက်ပေ။ ထိုအရာသည် သူမနှင့် ထိုက်တန်သော တန်ရာတန်ကြေး ဖြစ်သည်။ အနည်းဆုံးတော့ သူ၏ အသက်ကို သူမ ကယ်တင်လိုက်ခြင်း၏ တန်ကြေးဖြစ်သည်။
အကယ်၍ သူမကြောင့်သာ မဟုတ်ခဲ့လျှင် ထို အမျိုးသားသည် မကြာမီ အချိန်တွင်းမှာပင် ဖမ်းစီးခံခဲ့ရလောက်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သုမသည် ယခုအချိန်တွင် ထိုငွေများကို သေရေးရှင်ရေးတမျှ လိုအပ်နေသေးသည်။ ထို အမျိုးသားသည် သူမအား ပိုက်ဆံပေးပြီးနောက်တွင် လှည့်ပတ်မနေတော့ပဲ ချက်ချင်း လျှင်မြန်စွာ ထွက်ခွာသွားတော့သည်။
သူသည် နီယန်၏ အမြင်အာရုံထဲမှ ပျောက်ကွယ်တော့မည့် အချိန်တွင် ရုတ်တရက် နီယန်ကို ပြန်လှည့်ကြည့်လိုက်လေသည်။တောက်ပတဲ့ နေရောင်အောက်မှာ ရပ်နေသော ထို မိန်းမပျိုလေးသည် သွယ်လှပြီး နှင်းကဲ့သို့ ဖြူဖွေးနုဉသော အသားအရည်ဖြင့် ပန်းချီကားထဲမှ ခုန်ထွက်လာသကဲ့သို့ ရှိနေသည်။ မြို့တော်မှ ငယ်ရွယ်ချမ်းသာသော မိန်းမပျိုလေးတွေတောင်မှ သူမနှင့် နှိုင်းယှဉ်လို့ မရလောက်အောင်ပင် လှရက်လေသည်။
နောက်ဆုံး အကြည့်တစ်ချက် ကြည့်လိုက်ပြီးနောက် သူသည် လှည့်ထွက်သွားလိုက်သည်။ သူ၏ ပုံရိပ် သူမ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားချိန်မှ နီယန်သည် သက်ပြင်းချလိုက်လေသည်။ ထိုအချိန်တွင် မျက်စိကျိန်းနေလောက်အောင် တောက်ပတဲ့ အရာတစ်ခု သူမ၏ မျက်လုံးများကို ဖမ်းစားလိုက်လေသည်။ သူမ အနီးကပ်သွားကြည့်လိုက်ချိန်တွင် မြက်ခင်းထဲတွင် နာရီတစ်လုံး ကျကျန်နေခဲ့သည်။
နီယန်သည် နာရီကို ကောက်ယူလိုက်ကာ သူမ၏ ခြင်းတောင်းထဲသို့ ဂရုတစိုက် ထည့်လိုက်ကာ မြက်ခင်းပြင်ကို ဖြတ်ကာ အိမ်သို့ ပြန်လာခဲ့လိုက်သည်။ သူမသည် မူမိသားစု အိမ်သို့ ပြန်ရောက်လာသောအခါ ခြံဝန်းထဲမှ မွှေးပျံ့သော ရနံ့ တစ်ခု လေနှင့် ပါလာခဲ့သည်။
မှန်ပါသည်။ ချက်ပြုတ်နေတဲ့သူက သူမ၏ မိခင်ဖြစ်သူ နီချွေ့ဟွာ ဖြစ်ပါသည်။ စဉ်းစားကြည့်လိုက်လျှင် သူမ၏ မိခင်ဖြစ်သူသည် ကလေးမွေးပြီးစ အချိန်ထဲက မနားရသေးပေ။
“အမေ သမီး ကူညီပါ့မယ် အမေသွားပြီး ညီမလေးကို တစ်ချက် ကြည့်လိုက်ပါအုန်း “
နီယန်ဟာ ယောင်းမကို ကိုင်ကာ ကျွမ်းကျင်စွာဖြင့် ဒယ်အိုးပေါ်မှ အာလူး ပန်ကိတ်ကို တစ်ဖက်လှန်လိုက်သည်။
“ယန်ယန် အမေ လုပ်နိုင်ပါတယ်”
နီချွေ့ဟွာသည် နီယန်ကို ကြည့်လိုက်ပြီး ရုတ်တရက် နားလည်သွားခဲ့သည်မှာ သူမ၏ သမီးကြီးသည် နောက်ဆုံးတော့ တိတ်တဆိတ် ကြီးပြင်းလာခဲ့ပြီ ။နီယန်သည် အတိတ်ဘဝ၌ ကြွက်တစ်ကောင် သေနေသည်ကို မြင်ရုံနှင့်တင် သေမတတ် ကြောက်လန့် တတ်သော ကောင်မလေး ဖြစ်သည်။ သို့သော် ယနေ့တွင် မူကတော်နှင့် မူကျင်းပေါင် တို့ကိုပင် အပြန်အလှန် ပြန်ပြောရဲသည်။ အာလူးပန်ကိတ်ကို လှန်ပြီးသည့် နောက်တွင် နီယန်သည် နီချွေ့ဟွာကို ကြည့်လျှက်
“အမေ အမေ့ဘဝကို ဒီလိုဘဲ ရှေ့ဆက် သွားမှာလား”
နီချွေ့ဟွာသည် နောက်သို့ ပြန်လှည့်လာကာ
“ ယန်းယန်း သမီး ဘာကို ဆိုလိုတာလဲ"
နီယန်သည် သက်ပြင်းချလျှက်
“ အမေ သူနဲ့ ကွာရှင်းလိုက်ပါလား”
ကွာရှင်းတာလား.......
ဒီဘက် ခေတ်မှာ မကြားဖူး မမြင်ဖူးတဲ့ အသုံးအနှုန်းပဲ။
ထို့အပြင် ဒီနေရာသည် လူတွေနှင့် ဝေးကွာတဲ့ ကျေးလက်ဒေသ တစ်ခု ဖြစ်နေသေးသည်။ နီချွေ့ဟွာလို ထုံးတမ်းစဉ်လာအတိုင်းနေတတ်သည့် ကျေးလက်တောသူ တစ်ယောက် အနေဖြင့် ထိုအရာကို မည်သို့ စဉ်းစားမိမည်နည်း။ ထို့အပြင် နီချွေ့ဟွာ၏ မျက်လုံးထဲတွင် ကွာရှင်းထားသော တစ်ခုလပ် အမျိုးသမီးတွေသည် ဖောက်ပြန်တတ်သော ကလူမြူတတ်သော အမျိုးသမီးများသာ ဖြစ်သည်။
မိန်းမကောင်း တစ်ယောက်က ဘာလို့ ကွာရှင်းမည်နည်း။
နီချွေ့ဟွာ၏ အေးစက် ခက်ထန်သော အသံဖြင့်
“ဘယ်လို အဓိပ္ပာယ် မရှိတဲ့ စကားတွေကို ပြောနေရတာလဲ”
နီယန်သည် အသက်ကိုပြင်းပြင်းရှုလိုက်ကာ
“ အမေ စဉ်းစားကြည့် မူမိသားစုမှာ အမေ ဘဝကို ဘယ်လို ဖြတ်သန်းနေထိုင်နေရတာလဲဆိုတာ ပြီးတော့ အဖွားနဲ့ အဖေက အမေ့ကို လူသားတစ်ယောက်လိုကော ဆက်ဆံကြလို့လား အမေက သူတို့မိသားစု အတွက်ကလေးမွေတဲ့ ကရိယာတစ်ခုလိုမျိုး ဆက်ဆံပြီးတော့ ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်မှန်သမျှကို လုပ်ခိုင်းဖို့ သပ်သပ်ပဲ အမေ သေချာစဉ်းစားကြည့်လိုက်ပါ အဲ့တော့ ဒီမိသားစုမှာ အမေ ဆက်နေစရာ အကြောင်းပြချက်က ဘာရှိသေးလို့လဲ ပြီးတော့ ထပ်ပြီး ခုလိုတွေ ဖြစ်နေအုန်းမယ်ဆိုရင် ညီမလေး ၃ယောက်တင် မဟုတ်ပဲ သမီးတို့ အားလုံး သေသွားလိမ့်မယ်”
နီယန်သည် သူမအမေ အသိတရား ပြန်ဝင်လာဖို့ မျှော်လင့်မိသည်။ သို့သော် သူမသည် အသိတရား မဝင်ခဲ့ပေ။ နီချွေ့ဟွာသည် ထို စကားများကို လက်မခံခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော ဆင်းရဲဒုက္ခကို ကြာရှည်စွာ ခံစားလာရသည် ဖြစ်သောကြောင့် ကျင့်သားရနေခဲ့သည်။ ထို့နောက် သူမသည် နီယန်၏ ပါးစပ်ကို ချက်ချင်း ပိတ်အုပ်လိုက်ပြီး ဒေါသထွက်စွာြဖင့် ပြောသည်။
“ဘယ်သူက နင့် အဖေနဲ့ အဖွား အကြောင်းကို အတင်းပြောဖို့ ခွင့်ပြုလို့လဲ နင်က ကလေးတစ်ယောက်ပဲ ဖြစ်သေးတယ် အကယ်၍ ခုလို ထပ်ပြီး နောက်တစ်ကြိမ် ပြောရဲသေးရင် ငါ နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်”
ထိုသို့သာ ပြောလိုက်သော်လည်း နီချွေ့ဟွာသည် နီယန် သူမတို့အား ကာကွယ်ရန် ကြိုးစားနေသည်နှင့် နီယန်ပြောသမျှ အမှန်တွေ ဆိုသည်ကိုလဲ သိပေသည်။ ထိုအရာသည် ကြင်နာစိတ် ကင်းမဲ့သော အပြုမူ ဖြစ်သည်။
ထို့အပြင် ယနေ့ခေတ် အမျိုးသမီးများသည် ခင်ပွန်းဖြစ်သူများကို ရိုသေနာခံရမည်ဟု မှတ်ယူကြသည်။ သူမ ထို အရာကို အတိုက်အခံ မလုပ်နိုင်ခဲ့ပေ။နီယန်သည် သက်ပြင်းရှည်ရှည်ချလိုက်ကာ သူမသည် သူ့အမေ မည်သည်ကို စိုးရိမ်နေသည်နှင့် မည်သို့ တွေးတောနေသည်ကို သူမနားလည်ပေသည်။ ဒီအတိုင်း သူမအမေ အသိတရားဝင်ပြီး အမှန်တရားကို လက်ခံလာသည် အထိ အချိန် အနည်းငယ် စောင့်ပေးလိုက်မည်။ ထို့နောက် သူမသည် သူမတို့ သားအမကို ဝါးမျိုမတတ် နှိပ်စက်တတ်သော ထိုနေရာမှ သူမ သဘောအတိုင်း ထွက်သွားပေလိမ့်မည်။နီယန်သည် သူမ၏ စိတ်နှလုံးအတွင်းမှ အစီစဉ်ကို ချမှတ်လိုက်လေသည်။
နီချွေ့ဟွာသည် နီယန်၏ နီမြန်းနေပြီး ယောင်နေသော မျက်နှာလေးကို ထိကိုင်လိုက်ကာ ကွဲအက်သော အသံဖြင့် ပြောလေသည်။
“အရမ်း နာနေလား ယန်ယန် သမီးလေး မျက်နှာ အခုထိ အရမ်း နာနေသေးလား အဖွားက သမီးကို အရမ်း ပြင်းပြင်းထန်ထန် ရိုက်လိုက်တာပဲ ယန်ယန် အမေ့ စကားကို နားထောင်ပါ နောက်တစ်ကြိမ် အဖွားနဲ့ ထိပ်တိုက် မတွေ့ပါနဲ့တော့ အဲ့အခါကျရင် ဒီလို ရိုးရိုးရှင်းရှင်း ပါးရိုက်လိုက်ရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူး”
နီယန်သည် သူမ၏ မျက်စိ တစ်စုံကို ချစ်စရာကောင်းစွာ ကစားပြလိုက်ပြီးနောက် ပြုံးလိုက်ကာ
“အဆင်ပြေပါတယ် အမေ အဲ့ဒါက မနာပါဘူး အရမ်း မနာတော့ပါဘူး”
“တကယ်လား”
နီချွေ့ဟွာသည် မယုံသလို လေသံဖြင့် ပြေလိုက်သည်။
“တကယ်ပါ”
နီယန်သည် ခပ်ယဲ့ယဲ့ ခေါင်းညိတ်လိုက်လေသည်။ နီယန်သည် သူမ၏ အတိတ်ဘဝမှ ခံစားခဲ့ရသော ဆင်းရဲဒုက္ခများနှင့် ယှဉ်လျှင် ဃခု ခ့စားရသော နာကျင်မှုသည် နာကျင်မှု ဟု ဆိုလိုတောင်မရပေ။
ထိုအချိန်အတွင်းမှာပင် ခြံဝင်း အတွင်း လျှောက်လှမ်းဝင်လားသော ခြေသံများကို ကြားလိုက်ရသည်။ မူကတော်သည် ဟိတ်ဟန်များများ နှင့်အော်ဟစ်လိုက်သည်။
“ဘယ်သူမှ မရှိကြတော့ဖူးလား အကုန်လုံး သေကုန်ကြပြီလား ငါတို့ အိမ်ကို ဧည့်သည် လာတာကို မသိကြဘူးလား”
နီချွေ့ဟွာသည် အလျှင်အမြန် ပြေးထွက်သွားလိုက်ကာ
“အမေ ကျင်းပေါင် ဒါက ဘယ်သူလဲ”
ပုံစံအား ဖြင့် ခပ်ဝဝ ကြည့်ကောင်းတဲ့ သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးသည် မူကတော်နှင့် ကျင်းပေါင်တို့ ကြားထဲတွင် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။မူကတော်က ပြောလိုက်သည်မှာ
“ သူက ငါ့အမေဘက်က ငါ့တူမ အားရှု အားရှုက ကိုယ်ဝန် ကိုးလရှိနေပြီ သူမကို ကောင်းကောင်း ဂရုစိုက်ဖို့ သေချာမှတ်ထားပါ နောက်ပြီး ငါတို့ အိမ်မှာ စားကောင်းသောက်စရာတွေရှိရင် သူမကို အရင်ဆုံးကျွေးရမယ် နားလည်လား”