အခန်း (၈၂၃-၈၂၅)
Vol. 55 Ch. 823-825
အခန်း (၈၂၃) : ပစ်မှတ်ထား လေ့ကျင့်ပေးခြင်း
လူအများအပြားမှာ နုတ်ထွက်သွားကြပြီး ဧရိယာစီ မှ တိုက်ရိုက် ထွက်ခွာသွားကြသည်။ ထိုလုပ်ရပ်အတွက်မိုကာရွန် သည် စကားတစ်ခွန်းမျှ မပြောဘဲမျက်ခွံပင် လှန်မကြည့်ပေ။ ထွက်ခွာသွားပြီးနောက် ထပ်မံ ထွက်ခွာမည့်လူမရှိတော့ကြောင်း မြင်သောအခါမှစကား စတင်ပြောဆိုလိုက်သည်။
"တခြား နုတ်ထွက်ချင်သူ ရှိသေးလား"
သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးမေးလိုက်ကာ သူ၏ အသံမှာလည်း အေးစက်နေခဲ့သည်။
သူ၏ စကားများကို မည်သူမျှ ပြန်မဖြေကြပေ။ လူတိုင်းသည်နုတ်ထွက်လိုခြင်း မဟုတ်ပေ။ အများစုသည် သူတို့ကိုယ်သူတို့ တိုးတက်စေချင်သေးပေသည်။
"အရမ်းကောင်းတယ် မင်းတို့အားလုံး ကြေးစားစစ်သည်အဖွဲ့ဝင် ဖြစ်ချင်ကြပြီး အကဲဖြတ်မှုမှာ ပါဝင်ချင်ကြတဲ့အတွက် ငါအများကြီး မပြောတော့ဘူး ဒါပေမဲ့မှတ်ထားပါ သေရေးရှင်ရေးနဲ့ပတ်သက်ပြီး သတ္တိမရှိဘူးဆိုရင် ကြေးစားစစ်သည် မလုပ်ပါနဲ့ ကြေးစားစစ်သည်အဖွဲ့မှာသေမှာကို ထိုင်စောင့်နေတဲ့သူတွေ မလိုအပ်ဘူး ကြေးစားစစ်သည်အဖွဲ့မှာ အချိန်ဖြုန်းချင်တယ်ဆိုရင် စိတ်မကောင်းစွာနဲ့ပဲ မင်းတို့အသက်ဆုံးရှုံးရလိမ့်မယ်"
မိုကာရွန် က အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ၏ စကားများသည် ခွန်အားအပြည့်ရှိပြီး လူတိုင်းကို ဖိအားပေးသလိုဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့အားစိတ်ဓာတ်တက်ကြွလာစေခဲ့သည်။
"ကောင်းပြီ ငါလိုရင်းပဲပြောလိုက်မယ် ပထမအဆင့်ကဒီပုံရိပ်ယောင်လောကထဲကို ဝင်ပြီး သားရဲတွေကို သတ်ဖို့ပဲ ပုံရိပ်ယောင်ထဲမှာ မင်းတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေကိုပဲသုံးလို့ရလိမ့်မယ် လက်နက် ဒါမှမဟုတ် မန္တန်တွေကို အသုံးပြုလို့မရဘူးမင်းတို့မှာကျင့်ကြံဆင့်ပဲရှိမယ် ဒါက မင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ သတ္တိကို စမ်းသပ်လိမ့်မယ်"
"ကြေးစားစစ်သည်တစ်ဦးအနေနဲ့ အန္တရာယ်က နေရာတိုင်းမှာ ဖုံးကွယ်နေတယ် သေခြင်းရှင်ခြင်းကအစောကြီးကတည်းကသတ်မှတ်ထားပြီးသား သတ္တိမရှိရင်၊ သေပြီးနောက် အန္တရာယ်ကို မရင်ဆိုင်ရဲဘူးဆိုရင်မင်းတို့ တိုးတက်လာမှာ မဟုတ်ဘူး"
"မျက်ခုံးပါသော သားရဲတွေပဲ မင်းတို့အားလုံး အမှတ်တွေရလိမ့်မယ် ကောင်းပြီ၊ အခု စလို့ရပြီ မင်းတို့ ရှေ့မှာရှိတဲ့ခေါင်းဆောင်းတွေကို ဝတ်လိုက်တော့"
စကားဆုံးပြီးနောက်မိုကာရွန်မှာ လက်ဝှေ့ယမ်းလိုက်ရာ မြေပြင်ပေါ်တွင် ခေါင်းဆောင်းများ ပေါ်လာပြီး လူတိုင်း၏ ရှေ့သို့ ရောက်လာခဲ့သည်။
"ကံကောင်းလို့ ရှုပ်ထွေးတဲ့တိုက်ခိုက်မှု မဟုတ်ဘူး ပုံရိပ်ယောင်လောကမှာ သေမှာကို စိုးရိမ်စရာ မလိုတော့ဘူး"
ကူတာမှာသက်ပြင်းချလိုက်သည်။ သူ နုတ်ထွက်သင့် မသင့် တုံ့ဆိုင်းနေခဲ့ပေသည်။ ကံကောင်းထောက်မစွာဖြင့် ဤလူမှာ သတ္တိရှိပြီး နုတ်ထွက်ဖို့အားမရွေးချယ်ခဲ့ပေ။
ကျိုးဟောင်သည် သူ၏ အကြည့်ကို ပြန်ရုတ်သိမ်းကာ ခေါင်းဆောင်းကို ကောက်ယူပြီး ဝတ်ဆင်လိုက်သည်။ မကြာမီ သူ၏ မျက်စိရှေ့က မြင်ကွင်းသည် ထူးဆန်းလာခဲ့သည်။ စင်မြင့်မှာပျောက်ကွယ်သွားပြီး လူတိုင်းသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့နေရာတွင် အစားဝင်လာသည်မှာ ရေတွက်မရသည့်အလွန်ကြီးမားသည့်သားရဲများဖြစ်သည်။
"အချိန်ကန့်သတ်ချက်က မိနစ် ၆၀ပါ မိနစ် ၆၀ အတွင်းမှာ အသက်ရှင်သန်ဖို့နဲ့ သားရဲများ ကို သတ်ဖို့ အစွမ်းကုန် ကြိုးစားပါ"
စနစ်၏အသံသည်ခေါင်းဆောင်းမှ ထွက်လာပြီး ကျိုးဟောင်သည်ပုံရိပ်ယောင်လောကထဲတွင် ဖွဲ့စည်းလာသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အား ခံစားလိုက်ရသည်။ ၎င်းသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် အတူတူပင်ဖြစ်ပြီး ကျင့်ကြံမှုအဆင့်လည်း အတူတူပင်ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ သူ၏ ကိုယ်ပိုင်လက်နက်များမရှိခြင်းပင်။ တကယ်တမ်းတွင် သူသည် သူ၏ မန္တန်အချို့ကိုပင် အသုံးမပြုနိုင်ပေ။
"ဒီလောကထဲမှာ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ အရှိန်ကိုပဲ သုံးနိုင်တယ် ဒါက ငါ့အတွက် ပိုတောင်ကောင်းသေးတယ်"
ကျိုးဟောင်မှာပြုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် အလွန်အားကောင်းပြီး အခြားသူများ နှိုင်းယှဉ်နိုင်သောအရာ မဟုတ်ပေ။ ဒုတိယအဆင့် စကြဝဠာ သက်ရှိပုံစံပင် ကျိုးဟောင်၏ ခန္ဓာကိုယ်အား ယှဉ်နိုင်မည် မဟုတ်ပေ။
အဝေးမှ သန္ဓေပြောင်းသားရဲအုပ်အား ကြည့်လိုက်သောအခါ ကျိုးဟောင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ဤသန္ဓေပြောင်းသားရဲများသည် အထွတ်အထိပ်ကောင်းကင်ဘုံအဆင့်တွင် ရှိကြပြီး ၎င်းတို့သည် နွားမွေးများကဲ့သို့ များပြားလှပေသည်။
သူတို့အား တစ်ကောင်ချင်းစီ သတ်ရန်မှာ မခက်ခဲသော်လည်း ၎င်းတို့အဖွဲ့လိုက်ဖြင့်တိုက်ခိုက်ချိန်တွင် ထိခိုက်မှုမရှိဘဲ ထွက်ပြေးရန်နှင့် ၎င်းတို့အားလုံးကို သတ်ပစ်ရန်မှ,အနည်းငယ် ခက်ခဲနေသေးပေသည်။
သို့သော် ပိုမို ခက်ခဲလေလေ ကျိုးဟောင်သည် စမ်းသပ်ရန် ပိုမို စိတ်အားထက်သန်လေလေဖြစ်သည်။
"ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဘာလုပ်နိုင်မလဲဆိုတာ ငါ ကြည့်ချင်တယ်"
ကျိုးဟောင် ပြုံးပြီး ပြေးထွက်သွားခဲ့သည်။
ကျိုးဟောင်ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်နှင့် အကဲဖြတ်မှု စတင်လိုက်သည်။ များစွာသောသားရဲများသည် ချက်ချင်းပင်တိုက်ခိုက်လာကြသည်။ အစွမ်းထက်သော ဖျက်ဆီးနိုင်သည့်စွမ်းအားနှင့် ခွန်အားသည် တကယ်ပင် အံ့သြစရာကောင်းလှသည်။
ကျိုးဟောင်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် အလွန်အားကောင်းသော်လည်း တကယ်တမ်းသူတို့ တိုက်ခိုက်ကြချိန်တွင်ဒဏ်ရာရဆဲပင်ဖြစ်သည်။
"ကျစ် ငါ သူတို့ကို လျှော့တွက်လိုက်မိတာပဲ သူတို့ကတကယ်ကိုအရမ်း အားကောင်းလွန်းတယ်"
ကျိုးဟောင်မှာတုန်လှုပ်သွားခဲ့သည်။ သူ အပြင်မှာဆိုရင် လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့ သန္ဓေပြောင်းသားရဲ ထောင်ပေါင်းများစွာကို သတ်ပစ်နိုင်သော်ငြား ဤနေရာတွင် သူသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာ အသုံးပြုနိုင်ပြီး မန္တန်များအားအသုံးမပြုပေရာ ၎င်းတို့အား လက်သီးဖြင့်တစ်ချက်ချင်းထိုးရုံသာတတ်နိုင်ပေသည်။
ကျိုးဟောင်မှာ စိတ်ဓာတ်ကျနေသော်လည်း ရွေးချယ်စရာ မရှိပေ။ ခဏတာ သတ်ဖြတ်ပြီးနောက် ကျိုးဟောင်သည် တစ်ခုခု မှားနေသည်ကို တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။
"မဟုတ်သေးဘူး ဒီလို စမ်းသပ်မှုမျိုးက ဒီလောက် ရိုးရှင်းနေလို့ ဘယ်ဖြစ်မလဲ ဒါကသန္ဓေပြောင်းသားရဲတွေကိုသတ်ဖို့ပဲလား"
"မဟုတ်ဘူး ဒါ သေချာပေါက် မမှန်ဘူး"
ကျိုးဟောင်သည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။ အကယ်၍ ၎င်းသည် သန္ဓေပြောင်းသားရဲများကို သတ်ရန်သာဖြစ်ပါက အဘယ်ကြောင့် သူတို့သည်မန္တန်သိုင်းများအား ချိပ်ပိတ်ပြီးကျင့်ကြံမှုအား ပေးရပါသနည်း။ ဤလုပ်ရပ်သည်ယုတ္တိမရှိသည်မှာသိသာလှပေသည်။
အကယ်၍ ဤအကဲဖြတ်မှုသည် သူ၏ ခန္ဓာကိုယ်ကို လေ့ကျင့်ရန်သာဖြစ်ပါက သူ၏ကျင့်ကြံမှုကိုပါ ချိပ်ပိတ်လိုက်ရုံသာဖြစ်သည်။ ဘာကြောင့် ကျင့်ကြံမှုအားပေးနေသေးသနည်း။
ကျိုးဟောင်သည် ပြဿနာတစ်ခုခု ရှိမည်ဟု ခံစားခဲ့သော်ငြား ပြဿနအားအဖြေမရှာနိုင်ပေ။
သူသည် သားရဲများကို လက်သီးဖြင့် ထိုးသတ်နေပေရာ သားရဲများသည် သူ၏ ခြေထောက်အောက်တွင် ကြေမွသွားပြီး သေဆုံးခဲ့သည်။ တဖြည်းဖြည်းနှင့် ကျိုးဟောင်၏ မျက်လုံးများမှာ ပြူးကျယ်လာကာ သူ သဘောပေါက်သွားခဲ့သည်။
"လေ့ကျင့်မှု ဒါကလည်း လေ့ကျင့်မှုပဲ"
ကျိုးဟောင်အတွက် ထိတ်လန့်စရာကောင်းသည်မှာ ဤသန္ဓေပြောင်းသားရဲများ၏ တိုက်ခိုက်မှုများသည် အစီအစဥ်မကျသလို ထင်ရသော်လည်း ၎င်းတို့သည် တကယ်တမ်း အစီအစဥ်မကျခြင်းမဟုတ်ကြောင်း သူ သလိုက်ရသည်။ ၎င်းတို့တွင် ရည်မှန်းချက်တစ်ခု ရှိနေပေသည်။
ဥပမာအားဖြင့် ကျိုးဟောင်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် အလွန်အားကောင်းသဖြင့် ၎င်းတို့သည် ရမ်းသမ်းတိုက်ခိုက်ခြင်း မပြုဘဲပြောက်ကျားနည်းဗျူဟာအား အသုံးပြုခဲ့ပေသည်။ ထို့အပြင် ကျိုးဟောင်၏ လက်သီးသည် အလွန်အားကောင်းပေရာ သူတို့သည် ကျိုးဟောင်၏ ခန္ဓာကိုယ် အောက်ပိုင်းကိုသာ တိုက်ခိုက်ရန် အထူးပစ်မှတ်ထားခဲ့သည်။
"ဒါကလည်း အထူးလေ့ကျင့်မှုတစ်ခုပဲ ကိုယ့်ရဲ့ အားနည်းချက်ကို ကိုယ်တိုင် ရှာဖွေခွင့် ပေးတာ ငါ့ရဲ့ တိုက်ခိုက်မှုနည်းလမ်းက အမြဲတမ်း လက်သီးပဲ ဒါကြောင့် သူတို့က ငါ့ရဲ့ အောက်ပိုင်းကို တိုက်ခိုက်နေတာ"
ကျိုးဟောင်မှာ ရုတ်တရက် နားလည်သွားပြီး အလွန်စိတ်လှုပ်ရှားသွားသည်။
"ဟားဟားဟာ ဒီ လေ့ကျင့်ရေးစခန်းမှာ တကယ်ကို နောက်ကွယ်က ရည်ရွယ်ချက်တွေ ရှိနေတာပဲ"
ကျိုးဟောင်မှာခံစားမိပြီးနောက် သူ၏ လက်သီးကို ချက်ချင်း ပြန်ရုတ်သိမ်းကာ ရန်သူအားတိုက်ခိုက်ရန် သူ၏ ခြေထောက်ကို အသုံးပြုခဲ့သည်။ ကျိုးဟောင်၏ပုံရိပ်ယောင်လောကရှိခန္ဓာကိုယ် နှင့် ပြင်ပမှခန္ဓာကိုယ်မှာတူညီသော ခန္ဓာကိုယ်များဖြစ်သော်လည်း ကျိုးဟောင်သည် သူ၏ လက်သီးကိုသာ အသုံးပြုလေ့ရှိသောကြောင့် သူ၏ ခြေထောက်သိုင်းမှာ နိမ့်ကျနေသည်မှာသဘာဝကျပေသည်။
ရလဒ်အနေဖြင့် ဤသန္ဓေပြောင်း သားရဲများအား သတ်ဖြတ်သည့် အရှိန်သည် အများကြီး နှေးကွေးသွားခဲ့သည်။ သို့သော် ကျိုးဟောင်သည်ဂရုမစိုက်ပါ။ သူတို့ကို သတ်ရင်း ကျိုးဟောင်သည်သူ၏ ခြေထောက်သိုင်းများအားလေ့ကျင့်နေခဲ့သည်။
"ဒါ အံ့သြစရာပဲ ဒီလိုမျိုး ပစ်မှတ်ထား လေ့ကျင့်မှုက တကယ်ကို အဓိပ္ပာယ်ရှိတာပဲ"
ကျိုးဟောင်သည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ပုံမှန်နေ့တစ်နေ့တွင်ယခုလိုကောင်းသောအရာမျိုးမှာ မည်သို့ရှိနိုင်မည်နည်း။ ကျိုးဟောင်သတ်ဖြတ်နေစဉ်မှာပင် တစ်နာရီမှာ မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားခဲ့သည်။ ကျိုးဟောင် ပြုံးလိုက်မိသည်။ သူသည် ဤအကဲဖြတ်မှုမှ အများကြီး အကျိုးကျေးဇူးရရှိခဲ့သည်။
"ငါ့ရဲ့ ခြေထောက်သိုင်းက အတော်လေး တိုးတက်လာပြီ ဒီလို တိုးတက်မှု နည်းလမ်းက တကယ်ကို အံ့သြစရာကောင်းတယ်"
ကျိုးဟောင်သည် ကျေနပ်မှု မရှိသေးဘဲ တတ်နိုင်ပါက ဤပုံရိပ်ယောင်လောကထဲတွင် ရက်အနည်းငယ်ကြာအောင် နေချင်သေးပေသည်။
လူတိုင်း ခေါင်းဆောင်းများအား ချွတ်လိုက်သည့်အချိန်တွင် လေထဲတွင် မျက်နှာပြင်ကြီးတစ်ခု ပေါ်လာသည်။ ထိုပေါ်တွင် လူတိုင်း၏ နာမည်များ ပါရှိပြီး ၎င်းတို့ သတ်ခဲ့သော သန္ဓေပြောင်းသားရဲအရေအတွက်ကိုလည်း ရှင်းလင်းစွာ ရေးထားပေသည်။
ကျိုးဟောင်သည် သူ၏နာမည်ကို ကြည့်လိုက်ရာ ချက်ချင်းပင် ရှက်ရွံ့သွားခဲ့သည်။ ဧရိယာစီတွင် လူ ၃၀၀၀ သာ ရှိပြီး သူ၏အဆင့်သည် ၂၀၀၀ နောက်တွင်ရှိနေပေသည်။ ဤအဆင့်မှာ အနည်းငယ်အဆင်မပြေပေ။
ကူတာသည် သူ၏ နာမည်ကို မြင်သောအခါ စိတ်လှုပ်ရှားသွားသည်။
"၉၇၁ ဟဲဟဲ မျှော်လင့်ချက်ရှိပြီ"
ထို့နောက် သူသည် ကျိုးဟောင်၏ နာမည်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ချီး ညီနောင် မင်းရဲ့ အဆင့်က အရမ်း နိမ့်လွန်းတယ် မဖြစ်ဘူး မဖြစ်ဘူး ငါ မင်းနဲ့ပူးပေါင်းရင် ငါ သေချာပေါက်သွားပြီပဲ"
ကူတာသည် ကျိုးဟောင်၏ အဆင့်ကို မြင်သောအခါ ဘာမှ မပြောဘဲ ချက်ချင်း ထွက်ခွာသွားသည်။ ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် မဟာမိတ်ဖွဲ့ခြင်း ထိုအရာများအားလုံးမှာအဓိပ္ပာယ်မရှိပေ။
ကျိုးဟောင်သည်လည်း စိတ်ဓာတ်ကျသွားခဲ့သည်။ ကျိုးဟောင်သည်လျစ်လျူရှုခံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေရာ ဤကိစ္စအား ရယ်မောရုံသာတတ်နိုင်တော့သည်။
....................................................................................
အခန်း (၈၂၃) ပြီးပါပြီ။
အခန်း (၈၂၄): မဟာ ဖျက်ဆီးခြင်း လက်သီး
ပထမအဆင့် ပြီးဆုံးပြီးနောက်မိုကာရွန် သည် အမှတ်စာရင်းကို ဂရုမစိုက်ဘဲ လူတိုင်းကို ကြည့်လိုက်သည်။
"ပထမအဆင့် ပြီးသွားပြီ အဆင့်သတ်မှတ်ချက်တွေလည်း ထွက်လာပြီ လူတိုင်း ဆက်လုပ်မလား မလုပ်ဘူးလားဆိုတာ စဉ်းစားကြပါ ဘာလို့လဲဆိုတော့ နောက်တစ်ဆင့်က အသက်အန္တရာယ်ရှိနိုင်လို့ပဲ"
သူ ဒီစကားကို ပြောပြီးနောက် လူများစွာမှာနောက်ဆုတ်စပြုလာကြသည်။ ယုံကြည်မှုရှိခြင်းနှင့် ခွန်အားရှိခြင်းသည် မတူညီသော အရာနှစ်ခု ဖြစ်သည်။ သူတို့ ယုံကြည်မှုရှိသော်လည်း သူတို့၏ ခွန်အားက ခွင့်မပြုခဲ့ပေ။ သားရဲများအား သတ်ရန် စမ်းသပ်မှုသက်သက်ပင် နောက်ဆုံးတွင် အဆင့်များခွဲခြားခံခဲ့ရပေရာ အကယ်၍ အသက်လုတိုက်ခိုက်ရမယ်ဆိုပါက တကယ်ပင်အန္တရာယ်များသည်မဟုတ်ပါလော။
ထို့ကြောင့် မိုကာရွန်ဤသို့ပြောပြီးနောက် နောက်ထပ် ရာပေါင်းများစွာသော လူများမှာ ထပ်မံ နုတ်ထွက်သွားခဲ့သည်။
ကျိုးဟောင်သည် လုံးဝ အံ့သြမသွားပေ။ သူတို့ နုတ်ထွက်သွားခြင်းက အမှန်တကယ် ပညာအရှိဆုံး ရွေးချယ်မှုပင် ဖြစ်သည်။ ကျိုးဟောင်သည် ရှိသမျှအစွမ်းကုန်သုံးပြီး ဤနေရာတွင် ဆက်ရှိနေရပါက သူလည်း နုတ်ထွက်ရန် စဉ်းစားမိမည်ဖြစ်သည်။
"ကောင်းပြီ ကျန်တဲ့သူတွေအားလုံး ဒုတိယအဆင့်ကို ဝင်ရောက်ကြမယ် ဒီဒုတိယအဆင့်ကမင်းတို့ရဲ့ နားလည်နိုင်စွမ်းကို စမ်းသပ်တာ ငါတို့ရဲ့ ကြေးစားစစ်သည်အဖွဲ့မှာ ရေတွက်မရတဲ့ ဘိုးဘေးတွေ၊ ရေတွက်မရတဲ့ ပညာရှင်တွေ၊ ရေတွက်မရတဲ့ အမွေအနှစ်တွေ ရှိတယ် မင်းတို့အားလုံး လုပ်ရမှာက အဲဒီပုံရိပ်ယောင်လောကထဲကို ဝင်ပြီး ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ မန္တန်တွေ နဲ့ ကျင့်ကြံရေးသိုင်းတွေကို နားလည်သဘောပေါက်ပြီး သင်ယူဖို့ပဲ"
"ကျင့်ကြ့ရေးသိုင်းကို အဆင့်ခုနစ်ဆင့် ခွဲခြားထားတယ် အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ စိမ်းပြာရောင်၊ အပြာရောင်၊ ခရမ်းရောင်တွေပဲ ခရမ်းရောင် က အားအနည်းဆုံးဖြစ်ပြီး သင်ယူပြီးရင် အမှတ် ၁၀၀၀ ရမယ် အနီရောင်က အားအကောင်းဆုံးဖြစ်ပြီး အမှတ် ၇၀၀၀ ရမယ် ကောင်းပြီ မင်းတို့ ဝင်လို့ရပြီ"
မိုကာရွန်မှာ ဤစကားကို ပြောပြီးနောက်စင်မြင့်တစ်ခုလုံး ရုတ်တရက် မှန်ကဲ့သို့ ဖြစ်သွားသည်။ သူတို့၏ ခြေထောက်အောက်တွင် အာကာသနေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုပေါ်လာပြီး နောက်တစ်စက္ကန့်တွင် လူတိုင်းသည် ထူးဆန်းသောနေရာသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာတွင် ဘုရားကျောင်းများ၊ မိုးမျှော်တိုက်များ၊ နှင့် ခြံဝင်းများ ရှိသည်။ ဤနေရာသည် ရေတွက်မရသော ခေတ်ကာလများ၏ ထုတ်ကုန်များကို ပေါင်းစပ်ထားသည်ဟု ဆိုနိုင်သည်။
"ဘိုးဘေးတွေရဲ့ နားလည်နိုင်စွမ်းက မင်းတို့ မျက်စိရှေ့မှာ ရှိနေပြီ မင်းတို့စိတ်ကြိုက်သင်ယူလို့ရတယ် ကောင်းတဲ့မန္တန်ကို တွေ့ရင် ဘယ်သူ သင်ယူနိုင်မလဲ ဘယ်သူ မသင်ယူနိုင်ဘူးလဲဆိုတာကိုတော့ မင်းတို့ကိုယ်တိုင် ဆုံးဖြတ်ရမှာပဲ အချိန်ကန့်သတ်ချက်က ခုနစ်ရက်ပဲ ရမယ်"
မိုကာရွန် ၏ အသံသည် ထိုဧရိယာတွင် ပဲ့တင်ထပ်သွားပြီး တဖြည်းဖြည်းချင်း ထွက်ခွာသွားခဲ့သည်။
ကျောင်းသားအားလုံးမှာ ချက်ချင်း ပျံထွက်သွားပြီး ကြည့်ရှုလိုက်ကြသည်။
"ဟင် အစိမ်းရောင် အရမ်း အားနည်းလွန်းတယ်"
"လိမ္မော်ရောင် ဘုရားရေ ငါ စမ်းကြည့်ချင်တယ်"
"ကျစ်ဒါကိုငါ အရင် မြင်တာကို မင်းကစမ်းကြည့်ချင်တယ်ဆိုတော့ မင်းကသေတွင်းတူးနေတာပဲ"
"မဟုတ်ဘူး ငါ ခရမ်းရောင်မန္တန်ကို ပုံမှန် ၇ခုလောက် သင်ရမှာ အနီရောင်အတွက်ရတဲ့အမှတ်နဲ့ တူတူပဲ ငါ လွယ်တဲ့သိုင်းတွေပဲသင်ယူချင်တယ်"
လူတိုင်းမှာ ချက်ချင်း ပရမ်းပတာ ဖြစ်ကုန်ကြသည်။ အချို့မှာ လိုချင်သောပစ္စည်းများကြောင့်တိုက်ခိုက်စပြုလာကြပြီး အချို့က ထိုအားနည်းသော ကျင့်ကြံရေးသိုင်းများကို သင်ယူရန် ရွေးချယ်ခဲ့ကြသည်။
သို့သော် ကျိုးဟောင်မှာ ခေါင်းခါလိုက်သည်။
"သူက တကယ်ပဲ အမြင်ကျဉ်းတာပဲ ပထမအဆင့်နဲ့ ဒုတိယအဆင့်က ကောင်းတယ် နှစ်ခုစလုံးက ကိုယ့်ကိုယ်ကို လေ့ကျင့်ဖို့ စမ်းသပ်မှုတွေပဲ အမှတ်တွေအတွက်ပဲဆိုရင် မတန်ဘူး"
"ငါကသာမန်မန္တန်တွေနဲ့ပတ်သက်ပြီး သိပ်မသိဘူး ငါ့ရဲ့ တိုက်ခိုက်ရေးပုံစံကရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပဲ။ ငါ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေးကိုအလေးထားတဲ့ကျင့်ကြံရေးသိုင်း ဒါမှမဟုတ် မန္တန်သိုင်းရွေးချယ်ဖို့ လိုတယ်"
ကျိုးဟောင်မှာ ပြုံးလိုက်ပြီး ချက်ချင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
"နတ်ဘုရားသခင်ရေလှိုင်းမန္တန်က အဆင့်မြင့် ရေ-အမျိုးအစား မန္တန်သိုင်းတစ်ခု ဖြစ်တယ်။ အဝါရောင်က ငါ့အတွက် မဟုတ်ဘူး။"
"သတ်ဖြတ်ခြင်း ဓား နဲ့ သတ်ဖြတ်ခြင်း ဓားချီ လိမ္မော်ရောင် ကလည်း အဆင်မပြေဘူး"
"ဝိုးတဝါး စွမ်းအင်၊ တစ္ဆေ ခန္ဓာသိုင်း၊ အစီအရင်တစ်သိန်း မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ဒီဟာတွေ ဘယ်ဟာမှ အဆင်မပြေဘူး"
ကျိုးဟောင်သည် မတူညီသောအဆင့်များစွာကို ကြည့်ခဲ့သော်လည်း သူ နှစ်သက်သည့်အရာအား ရှာမတွေ့ခဲ့ပေ။
"မဖြစ်သေးဘူး ဒီအတိုင်း ဆက်သွားရင် အချိန်ကုန်တာ များလွန်းတယ် ဘာလုပ်ရမလဲ"
ကျိုးဟောင်မှာ စိတ်ဓာတ်ကျနေသော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။ တစ်ခုချင်းစီ ရှာဖွေရုံသာ ရှိသည်။
သိပ်မကြာမီ ကျိုးဟောင်သည် ရှေးဟောင်း အနောက်တိုင်းပုံစံ အဆောက်အအုံတစ်ခုတွင် သူ့အတွက် သင့်လျော်သောကျင့်ကြံရေးသိုင်းတစ်ခုကို ရှာတွေ့ခဲ့သည်။
"မဟာ ဖျက်ဆီးခြင်း လက်သီး ဒီ အဘိုးကြီးရဲ့အသိပညာက မပြည့်စုံသေးဘဲပြိုင်ဘက်ကင်းအဆင့်ကို မရောက်သေးဘူး ဒါပေမဲ့ အစိမ်းရောင်အဆင့်မှာပဲ ရှိနေပေမဲ့ ကမ္ဘာပျက်ကပ်ကြီးမတိုင်ခင်က ပြိုင်ဘက်ကင်းအဆင့် ကိုရောက်ခဲ့မယ်ဆိုရင် အနီရောင်အဆင့်ထက်တောင် ပိုအစွမ်းထက်ပြီး စကြဝဠာအဆင့် လက်သီးနည်းသိုင်းနဲ့ နှိုင်းယှဉ်နိုင်မယ်ဆိုတာသေချာတယ်။"
ကျိုးဟောင်သည် မဟာဖျက်ဆီးခြင်း လက်သီး ပိုင်ရှင် ချန်ထားခဲ့သော စာအားဖတ်ပြီး ထိတ်လန့်သွားခဲ့သည်။
"ဒီလောက်တောင် အစွမ်းထက်တာလား ငါ ကြည့်လိုက်မယ်"
ကျိုးဟောင်မှာ ချက်ချင်း နားလည်သဘောပေါက်လိုက်ပြီး ထိတ်လန့်သွားခဲ့သည်။ ဤ မဟာဖျက်ဆီးခြင်း လက်သီးသည် အမှန်ပင် အစွမ်းထက်ပေသည်။ လက်သီးတစ်ချက်တည်းဖြင့် အရပ်ရပ်မှ စွမ်းအားများကို စုစည်းနိုင်ပြီး အရာအားလုံးကို ဖျက်ဆီးနိုင်သောစည်းမျဥ်းစွမ်းအားနှင့် ဆင်တူသည့် စွမ်းအားကို ထုတ်လွှတ်နိုင်သည်။
အချက်အလက်ထဲတွင် ဤလက်သီးကို အသုံးပြုနေသော အဘိုးအိုကို သူ မြင်တွေ့ခဲ့ရသည်။ သူသည်နယ်မြေအရှင်သခင်ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားပြီး ဤလက်သီးဖြင့် ဂြိုဟ်ငယ်လေးတစ်လုံးကို ဖျက်ဆီးပစ်ခဲ့သည်။
"ဘုရားရေ... ဒါ အရမ်း အံ့သြစရာကောင်းတာပဲ"
"အရေးအကြီးဆုံးကသူက နယ်မြေအရှင်သခင်အဆင့်ရောက်နေတာတောင် ဒီလက်သီးသိုင်းကိုပြီးပြည့်စုံအောင် မကျင့်နိုင်သေးဘူး ဒီအချက်ကနေ ဒီလက်သီးသိုင်းရဲ့ အလားအလာနဲ့ ပြောင်းလွယ်ပြင်လွယ်မှုက ဘယ်လောက် အားကောင်းတယ်ဆိုတာ စိတ်ကူးကြည့်လို့ရတယ်"
ကျိုးဟောင်မှာ အံ့သြသွားခဲ့သည်။ သူသည် ဤလက်သီးသိုင်းကိုချက်ချင်း ကောက်ယူပြီး စတင်သင်ယူခဲ့သည်။ ဤလက်သီးသိုင်းသည် အမှန်ပင် အသစ်အဆန်းဖြစ်ပြီး နားလည်ရန် ခက်ခဲသည်ဟု ဆိုရပေမည်။
ဤလက်သီးသိုင်းအား သင်ယူလိုပါက တစ်ကိုယ်လုံးရှိ သွေးကြော ၁၀၀လုံးကို ဖွင့်ရန် လိုအပ်သည်။ ၎င်းသည် အင်အားသုံးရန် အလွန်ရှေးကျသော နည်းလမ်းဖြစ်သည်။
ကျိုးဟောင်သည် သွေးကြော ၁၀၀အကြောင်း အနည်းငယ် သိပေသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် သွေးကြော ၃၀% သာ ပွင့်နေပြီး ယွမ်ချီ အားစုစည်းနိုင်ပေသည်။ ကျန်သွေးကြောများမှာ ပိတ်ဆို့နေပြီး ဖွင့်၍မရပေ။
"ဒီသိုင်းကိုသင်ယူချင်ရင် သွေးကြော ၅၀ ကို ဖွင့်မှသာ အစပိုင်းအဆင့်ရောက်သူအဖြစ် သတ်မှတ်နိုင်မယ် သွေးကြော ၈၀ဖွင့်နိုင်တဲ့လူကို အဆင့်မြင့်အဖြစ် သတ်မှတ်ပြီး ဒီသိုင်းကိုလွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီး ကောင်းကင်နဲ့ မြေကြီးကိုဝါးမျိုနိုင်ဖို့ဆိုသွေးကြော ၁၀၀ ကိုဖွင့်နိုင်မှရမယ် ဒါပေမဲ့ သာမန် သွေးကြောတွေက ဒီအဆင့်မှာပဲ ရပ်တန့်နိုင်တယ် ပိုကြီးမားတဲ့ စွမ်းအားကို ရချင်ရင် သွေးကြော ၁၀၀ ထက်ပိုပြီး ဖွင့်ရလိမ့်မယ်"
ဤအကြောင်းအရာများသည်လည် ကျင့်ကြံရေးသိုင်း၏မိတ်ဆက်ပဲ ဖြစ်သည်။ ကျိုးဟောင်မှာ တုန်လှုပ်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် သွေးကြော ၁၀၀ ရှိသည်ဟု သူ သိခဲ့သော်လည်း ပိုရှိသေးကြောင်းကိုတော့မသိခဲ့ပေ။
"ဟိုးအရင်တုန်းက သွေးကြောကြီးရော သွေးကြောငယ်ပါ စုစုပေါင်း သွေးကြော ၃၀၀ ကို သူ၏ ခန္ဓာကိုယ်ထဲမှာ ဖွင့်နိုင်ခဲ့တဲ့ အရမ်းအစွမ်းထက်တဲ့ပညာရှင်တစ်ယောက် ရှိခဲ့တယ် ဒီလူဟာ တစ်နေ့ကိုတစ်ကြိမ်အသက်ဓာတ်ချီကိုရှူသွင်းရှူထုတ် လုပ်ခဲ့ပြီး တခြားသူတွေထက် ပိုမြန်တယ် သူ စုဆောင်းခဲ့တဲ့ အသက်ဓာတ်ချီက ပိုများပြီး ပိုသန့်စင်ခဲ့တယ်"
"ငါမဟာဖျက်ဆီးခြင်း လက်သီးကိုပြိုင်ဘက်ကင်းအဆင့်အထိ ကျွမ်းကျင်ချင်တယ်ဆိုရင်အနည်းဆုံး သွေးကြော ၂၀၀ ကို ဖွင့်ရလိမ့်မယ်"
"ဒီ အဘိုးအိုကြီးက ငါ့ရဲ့ ဘဝတစ်လျှောက်လုံးနယ်မြေအရှင်သခင်တစ်ယောက် ဖြစ်လာဖို့ ကြိုးစားခဲ့ပြီး သွေးကြော ၂၀၀ ပဲဖွင့်နိုင်ခဲ့တယ် ဒါကြောင့် ငါ့ရဲ့ မဟာဖျက်ဆီးခြင်း လက်သီးဟာ အဆုံးမရှိဘူးလို့ ငါ ယုံကြည်တယ်"
ဤသည်မှာရေးသားခဲ့သောစာ၏နောက်ဆုံးအကြောင်းဖြစ်သည်။ ၎င်းမှာအဆုံးမရှိဟုရေးထားပေသည်။
ကျိုးဟောင်မှာအလွန်စိတ်လှုပ်ရှားသွားခဲ့ကာ ဤလက်သီးသိုင်းအားပိုမိုနှစ်သက်လာပြီး ချက်ချင်း စတင် လေ့ကျင့်ခဲ့သည်။
သူ၏ သွေးကြော ၃၀သည် အစပိုင်းအဆင့်ရောက်သူအဖြစ် ဝင်ရောက်ရန် မလုံလောက်သေးပေ။ ကျိုးဟောင် လုပ်ရမည့်ကိစ္စမှာ သွေးကြော ၃၀အားသွေးကြော ၅၀ အထိ ချဲ့ထွင်ရန်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဤကျင့်ကြံရေးသိုင်းတွင် သူ၏ သွေးကြောများကို ဖွင့်ရန် နည်းလမ်းတစ်ခု ပါရှိသည်။ ကျိုးဟောင်သည် မတွန့်ဆုတ်ဘဲ ချက်ချင်း သူ၏ သွေးကြောများကို စတင်ဖွင့်တော့သည်။
သုံးရက်လုံးလုံး ကျိုးဟောင်သည် သူ၏ စွမ်းအင်အားလုံးကို အသုံးပြုခဲ့ပြီး နောက်ဆုံးတွင် သွေးကြော ၅၀ကို ဖွင့်နိုင်ခဲ့သည်။ သွေးကြော ၅၀လုံးကို ဖွင့်ပြီးနောက် ကျိုးဟောင်၏ကျင့်ကြံမှုအဆင့်မှာ မတိုးတက်လာသော်လည်း သူ ရှူသွင်းရှူထုတ်နိုင်သော ယွမ်ချီ ပမာဏမှာတိုးလာသည်ကို ခံစားလိုက်ရသည်။
၎င်းသည် ပြွန်တစ်ခုလိုပင်။ ကျိုးဟောင်၏ မူလ ပြွန်သည် လက်ချောင်းတစ်ချောင်း၏ အထူသာ ရှိခဲ့သော်လည်း ယခုအခါ လက်မောင်းတစ်ချောင်းစာမျှရှိလာပြီဖြစ်သည်။
"ငါ အစပိုင်းအဆင့်ကို ရောက်ပြီဆိုတော့ လေ့ကျင့်တာ စလိုက်ရအောင်"
ကျိုးဟောင်သည် မတွန့်ဆုတ်ဘဲ ချက်ချင်း စတင်သင်ယူခဲ့သည်။ ဤ မဟာဖျက်ဆီးခြင်း လက်သီး သည် အလွန်ရိုးရှင်းသည်။ သူသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ စွမ်းအားကို စုစည်းပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ယွမ်ချီ နှင့် ဝှက်ထားသောစွမ်းအားတို့ကို သွေးကြော ၅၀ မှ တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်သည်။
သွေးကြော ၅၀သည် ဖိနှိပ်ခြင်းနှင့် စုစည်းခြင်းခံရပြီးနောက် ယွမ်ချီအား သူ၏ လက်သီးပေါ်တွင် စုစည်းပြီး ထိုးလိုက်သည်။
ဤလက်သီးချက်သည် အမှန်ပင် အလွန်အစွမ်းထက်လှပေသည်။
....................................................................................
အခန်း (၈၂၄) ပြီးပါပြီ။
အခန်း (၈၂၅) : ကြီးမားသော တိုက်ပွဲကြီး စတင်ခြင်း
ကျိုးဟောင်မှာ ဖြည်းဖြည်းချင်း စတင် လေ့ကျင့်ခဲ့သည်။ အချိန်များမှာလျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက် ပြည့်သွားခဲ့သည်။
ကျိုးဟောင်သည် မဟာ ဖျက်ဆီးခြင်းလက်သီးသိုင်းအား သူ၏ နှလုံးသားထဲတွင် မှတ်မိပြီးဖြစ်ကာ အမှတ် ၄၀၀၀ လည်း ရရှိခဲ့ပေသည်။
အမှတ်များ အများကြီး မဟုတ်သော်လည်း ကျိုးဟောင်ကို အံ့အားသင့်စေသည်မှာ သူ၏ အဆင့်သတ်မှတ်ချက်သည် ၁၀၀၀ ကျော်အထိ တိုးလာခြင်းဖြစ်သည်။
"လူအများစုရဲ့ နားလည်နိုင်စွမ်းက မကောင်းသေးဘူးလို့ ထင်တယ် အစိမ်းရောင်ကျင့်ကြံရေးသိုင်းက တကယ်ကို လူအများကြီးကို ဖိအားပေးနိုင်ခဲ့တာပဲ"
ကျိုးဟောင်မှာရယ်မောကာပြောလိုက်သည်။
သူတို့သည် နားမလည်နိုင်တာ မဟုတ်ဘဲ သူတို့ရဲ့ အချိန်အများစုကို အနီရောင်ကျင့်ကြံရေးသိုင်းများအတွက် တိုက်ခိုက်ခြင်း သို့မဟုတ် အခြားကျင့်ကြံရေးသိုင်းများကို ရှာဖွေခြင်းဖြင့် အလဟဿ ကုန်ဆုံးခဲ့ခြင်း ဖြစ်သည်။ ခုနစ်ရက်အတွင်းကျင့်ကြံရေးသိုင်းအချို့အား သင်ယူနိုင်ရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းသကဲ့သို့ ခက်ခဲပေသည်။
လူအများစုသည် အနီရောင်ကို မသင်ယူခဲ့ကြသလို လူအနည်းငယ်သည်ခရမ်းရောင်အဆင့်ကိုပင် မသင်ယူခဲ့ကြပေ။ နောက်ဆုံးတွင် သူတို့သည် တစ်ခုကိုသာရွေးချယ်ခဲ့ပြီး လေ့လာခြင်းပင် မရှိခဲ့ပေ။
ဥပမာအားဖြင့်ကူတာ သည် လိမ္မော်ရောင်ကျင့်ကြံရေးသိုင်းကို ရွေးချယ်ခဲ့ပြီး ခြောက်ရက်ကြာ နားလည်ရန် ကြိုးစားခဲ့သည်။ နောက်ဆုံးနေ့တွင် အချိန်ကုန်လုနီးပါးဖြစ်နေသောအခါ သူသည် ခရမ်းရောင်ကျင့်ကြံရေးသိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အချိန်တိုအတွင်း သင်ယူချင်ခဲ့သော်ငြား ၎င်းသည် စိတ်ကူးယဉ်မျှသာ ဖြစ်သည်။
ဤနေရာရှိကျင့်ကြံရေးသိုင်းများတွင် မည်သည့်အရာမျှ သင်ယူရန် မလွယ်ကူပေ။ သူတို့၏ ကျင့်ကြံရေးသိုင်းများကို ဤနေရာတွင် ထားခဲ့နိုင်ရန် သူတို့သည် အနည်းဆုံး တာအိုအဆင့်ပညာရှင်များဖြစ်ရန်လိုအပ်ပေသည်။ သူတို့ထားခဲ့သော ကျင့်ကြံရေးသိုင်းများကို သင်ယူရန်မှာမည်သို့ လွယ်ကူနိုင်မည်နည်း။
အခြားတစ်ဖက်တွင် ကျိုးဟောင်သည် အစကတည်းက ပစ်မှတ်တစ်ခုကို ရှာဖွေနေခဲ့ပေသည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူသည်ဤအနီးကပ်တိုက်သည့် ကျင့်ကြံရေးသိုင်းအားသင်ယူလိုခဲ့သည်။ အမှတ်များများရရန်အတွက် မဟုတ်ဘဲ ကိုယ့်ဘာသာလေ့လာရန်အတွက် ဖြစ်သည်။ သဘာဝအားဖြင့် သူသည်အခြားလူများနှင့် မတူပေ။
လူတိုင်း ထွက်လာသည်ကို မြင်ပြီးနောက် မိုကာရွန်မှ စကားပြောလာခဲ့သည်။
"ဒုတိယအဆင့်မှာ လူတိုင်း တစ်ခုခု ရခဲ့မယ်လို့ ငါယုံကြည်တယ် ဒါက ငါတို့ရဲ့ ကြေးစားစစ်သည်အဖွဲ့ဆီကနေ လက်ဆောင်လေးတစ်ခုပါ မင်းတို့အားလုံးကကျွန်တော်တို့ရဲ့ နိုင်လော့ကြယ်စုကလူတွေပဲ မင်းတို့သန်မာလာရင် ငါတို့ရဲ့ နိုင်လော့ကြယ်စနစ်အားကောင်းလာမှာ ဒါကြောင့် ဒီလက်ဆောင်ကို စိတ်အေးချမ်းသာစွာနဲ့ လက်ခံလိုက်ကြ"
မိုကာရွန်မှာ ဤစကားကို ပြောချိန်တွင် ပထမဆုံးအကြိမ်ရယ်မောပြီးပြောခြင်းဖြစ်သည်။
ကျိုးဟောင် ဤမြင်ကွင်းအားမြင်သောအခါ ရင်ထဲထိသွားခဲ့သည်။ ဤသည်မှာပညာရှင်တစ်ဦး၏ သဘောထားပင်ဖြစ်သည်။ တင်းကျပ်ချိန်တွင် အခြားသူများထက် ပိုတင်းကျပ်ကာ လူငယ်မျိုးဆက်ကို ဂရုစိုက်ချိန်တွင်လည်း ဤမျှလောက် စေ့စေ့စပ်စပ် ရှိပေသည်။ နိုင်လော့ကြယ်စုဖြစ်ဖြစ်၊ ကြေးစားစစ်သည်အဖွဲ့ပဲဖြစ်ဖြစ် ဤနေရာသည် တကယ်ကို ကောင်းမွန်သောနေရာတစ်ခုဖြစ်သည်။
"ကောင်းပြီ ငါဘာမှ ထပ်မပြောတော့ဘူး မင်းတို့ ဒုတိယအဆင့်ကို အောင်မြင်ပြီး နောက်ဆုံးအဆင့်ကို ရောက်လာပြီ ဒီနောက်ဆုံးအဆင့်က အရမ်းထူးခြားတယ် ဒါက အသက်လုတိုက်ခိုက်ရမယ့် အခြေအနေပဲ တကယ့် အန္တရာယ်က ဒီ အသက်လုတိုက်ခိုက်ရမယ့် အခြေအနေမှာပဲ ရှိတယ်"
"ဒီမှာဘာစည်းမျဥ်းမှမရှိဘူး ဘယ်သူမှမင်းတို့ကို ကာကွယ်ပေးမှာ မဟုတ်ဘူး မင်းတို့အသက်ရှင်မလား သေမလားဆိုတာ မင်းတို့ရဲ့ကံကြမ္မာပေါ်မှာပဲ မူတည်တယ်"
"တာဝန်က ရိုးရှင်းတယ် အမှတ်ပြားတွေကို ရှာဖို့ပဲ လျှို့ဝှက်နယ်မြေထဲမှာအမှတ်ပြားတွေအများကြီးရှိတယ် မင်းတို့ရဲ့ အမှတ်တွေကို အဲဒီထဲကိုထည့်ရမှာ တစ်လကြာပြီးရင် လျှို့ဝှက်နယ်မြေဖွင့်လိမ့်မယ် အဲဒီအချိန်ကျရင် မင်းတို့ ဧရိယာငါးခုက လူအားလုံးရဲ့ အဆင့်သတ်မှတ်ချက်ကမင်းတို့ နေခဲ့ရမလား ထွက်သွားရမလားဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်"
"ကောင်းပြီ အဲဒီထဲက လူတိုင်းကို သတိထားပါ အမှတ်တွေကို ရအောင်ယူဖို့ ကြိုးစားကြပါ"
မိုကာရွန်ထိုစကားကို ပြောပြီးနောက် ရောင်ခြည်၇ခု ထွက်ပေါ်နေသာ ထူးဆန်းသည့်ပြွန်တစ်ခုအားထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းအား ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်ရာ နောက်တစ်စက္ကန့်တွင် ကြီးမားသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"မုန်တိုင်းထဲကို ဝင်လိုက် မင်းတို့ လျှို့ဝှက်နယ်မြေထဲကို ရောက်လိမ့်မယ် သွားကြတော့ မဝင်တဲ့သူတွေက အလိုလိုရှုံးနိမ့်ပြီးသားဖြစ်သွားလိမ့်မယ်"
မိုကာရွန်၏စကားဆုံးပြီးနောက် များစွာသောလူများသည် မဆိုင်းမတွ ပျံသန်းဝင်ရောက်သွားကြသည်။
ကျိုးဟောင်လည်း ထိုလူများထဲတွင်ပါဝင်ပြီး သူ၏ မျက်လုံးများတွင် လေးနက်မှုများ ပြည့်နှက်နေသည်။ ဤအဆင့်သည် တကယ့် စမ်းသပ်မှုဖြစ်ကာ သေရေးရှင်ရေးစမ်းသပ်မှုတစ်ခုဖြစ်သည်။
ပထမနှစ်ဆင့်မှ အမှတ်များမှာ အခြေခံကျကျပြောရလျှင် အလကား ပေးခဲ့ခြင်းဖြစ်ပြီး ယခုတစ်ပတ်သည်အဓိကဖြစ်သည်။
လျှို့ဝှက်နယ်မြေထဲတွင်အမှတ်များရှိပေသည်။ အလားတူပင်သူတို့သည်လည်း ကိုယ်ပိုင်အမှတ်များရမည်ဖြစ်သည်။ ကျိုးဟောင်၏ နှလုံးသားမှာအေးစက်သွားပြီး သူ၏ကတ်ပြားပေါ်ရှိ အမှတ် ၁သောင်းအားကြည့်လိုက်သည်။
"ဒီ စမ်းသပ်မှုက ငါတို့ ကိုတစ်ယောက်ကိုတစ်ယောက် သတ်ခိုင်းတဲ့စမ်းသပ်မှုလား ကြေးစားစစ်သည်အဖွဲ့ရဲ့ အကဲဖြတ်မှုက တကယ်ကို မရိုးရှင်းဘူး"
ကျိုးဟောက်၏ နှလုံးသား လေးလံနေသည်။ ဧရိယာငါးခုလုံး ဤဧရိယာထဲသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်မည်ဆိုပါက သူသည် ကျိယောင်ယွဲ့၊ လင်းထျန်တို့ဖြင့် တွေ့နိုင်ပေလိမ့်မည်။ ကျိုးဟောင်သည် သူတို့နှစ်ဦးစလုံး ဆန္ဒအလျောက် နုတ်ထွက်မှာ မဟုတ်ဘူးလို့ ယုံကြည်ပေသည်။
သို့သော် လူတိုင်း ဤနေရာတွင် တစ်ယောက်ကိုတစ်ယောက် တွေ့နိုင်ခြင်းက အဖွဲ့များ ပေါ်လာနိုင်သည်ဟူသောအဓိပ္ပာယ်ပင်။ သူတို့ တစ်ယောက်တည်း တိုက်ခိုက်ပါက အလွယ်တကူ ပစ်မှတ်ထားခံရပြီး သူတို့ရဲ့ အမှတ်များမှာ လုယူခံရပေလိမ့်မည်။ အမှတ် လုယူခြင်းသည်ဘာမှမဟုတ်သော်ငြား အရေးအကြီးဆုံးမှာ အသက်အန္တရာယ်ရှိခြင်းပင်ဖြစ်သည်။
ကျိုးဟောင်မှာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ မျက်လုံးများတွင် ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
"ငါဝင်သွားပြီးရင် ကျိယောင်ယွဲ့နဲ့လင်းထျန်ကို ရှာရမယ်"
တစ်ချိန်တည်းမှာပင် ကျိယောင်ယွဲ့နှင့် လင်းထျန် တို့သည်လည်း သူတို့၏ သက်ဆိုင်ရာ ဧရိယာများတွင် မုန်တိုင်းထဲသို့ ဝင်ရောက်ခဲ့ကြသည်။
"အန္တရာယ် ရှိတယ်... ဒါပေမဲ့ အန္တရာယ်ကသာလျှင် လူတစ်ဦးရဲ့ အလားအလာကို လှုံ့ဆော်ပေးနိုင်တာ ကမ္ဘာဂြိုဟ်ပေါ်မှာ ငါ အချိန်အတော်ကြာအောင် ဘယ်လို အန္တရာယ်မျိုးမှ မကြုံခဲ့ရဘူး ဒါကြောင့် ငါ့ရဲ့ကျင့်ကြံဆင့်တိုးတက်မှုက အရမ်း နှေးကွေးနေခဲ့တာ"
လင်းထျန်း၏ မျက်လုံးများတွင်စူးရှသော အရောင်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် ခိုင်မာသော ဆန္ဒရှိသူတစ်ဦးဖြစ်ပြီး တိုးတက်အောင် မည်သို့လုပ်ရမည်ဆိုသည်အား သိပေသည်။
သို့သော် သူသည် ကမ္ဘာဂြိုဟ်ပေါ်တွင်ရှိနေချိန်တွင် ပိရမစ်၏ထိပ်ဆုံးမှာ ရှိနေပြီး မည်သူမှ သူ့အားမခြိမ်းခြောက်နိုင်သောကြောင့် အန္တရာယ်အား သိပ်မခံစားရပေ။ အန္တရာယ် မရှိပါက လူတစ်ယောက်၏ကျင့်ကြံမှု တိုးတက်ဖို့ အလွန်ခက်ခဲပေလိမ့်မည်။ ဤအကျပ်အတည်းသည်သူ့ကိုယ်ထဲရှိသွေးများအားဆူပွက်လာစေခဲ့သည်။ ကျိယောင်ယွဲ့မှာပို၍ပင် သွေးဆူနေသည်။ သူမသည် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း အမျိုးသားတစ်ဦးကဲ့သို့ စိတ်ဓာတ်ပြင်းပြပြီး အလျှော့မပေးတတ်သော စရိုက်ရှိသည်။
"ဟွန့် ဒီ ဂြိုဟ်သားတွေ ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
သူမသည်အေးစက်စွာ နှာမှုတ်လိုက်ပြီး မုန်တိုင်းထဲသို့ ဦးစွာ ဝင်ရောက်သွားခဲ့သည်။ သူမ၏ အဆင့်သတ်မှတ်ချက်သည် ကျိုးဟောင်ထက် ပိုမိုမြင့်မားသည်။ သူမသည် ဤဧရိယာ၏ထိပ်ဆုံး ၁၀၀ အတွင်းတွင်ရှိနေခဲ့သည်။
လူတိုင်း မုန်တိုင်းထဲသို့ ဝင်ရောက်ပြီးနောက် ထူးဆန်းသော ဖြစ်စဉ်မှာပျောက်ကွယ်သွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် ကျိုးဟောင်နှင့် အခြားသူများသည် အလွန်ကျယ်ပြန့်သော နေရာသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာသည် ပျက်စီးနေသော နေရာတစ်ခုကဲ့သို့ ဖြစ်ပြီး ပျက်စီးခြင်းနှင့် ကြောက်မက်ဖွယ်တိတ်ဆိတ်မှုများဖြင့် ပြည့်နှက်နေသည်။
"ဒါ ဘယ်နေရာလဲ"
ကျိုးဟောင်သည် စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်သည်။
ထိုအချိန်တွင် ဖား၏အသံထွက်ပေါ်လာခဲ့သည်။
"ဒါက ရှေးဟောင်း စစ်မြေပြင်တစ်ခုပဲ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တဲ့ နေရာ မန္တန်တွေနဲ့ ဖျက်ဆီးခံခဲ့ရပြီး သက်ရှိသတ္တဝါတွေ မမွေးဖွားနိုင်တော့သလို ဘာတန်ဖိုးမှ မရှိတော့ဘူး နဂါးငွေ့တန်း အများအပြားဟာ ဒီလိုနေရာအနည်းငယ်ကိုရပြီး သူတို့ရဲ့ တပည့်တွေကို စမ်းသပ်ဖို့ လျှို့ဝှက်နယ်မြေအဖြစ် သုံးကြတယ်"
ကျိုးဟောင်မှာခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ ရောက်လာသည်နှင့် ချက်ချင်းပင် သူ့ပတ်ဝန်းကျင်ရှိ လူများထံမှ အကွာအဝေးကို ထားလိုက်သည်။ သူသည် အမှတ်များစွာ မရှိသော်လည်း အခြားသူများ၏ မျက်လုံးထဲတွင် အဆီတဝင်းဝင်းနှင့်အသားတစ်ခု ဖြစ်လာနိုင်ကြောင်းသိပေသည်။
"ဒီလျှို့ဝှက်နယ်မြေထဲမှာလည်း အမှတ်တွေ ရှိတယ် ဒါပေမဲ့ သူတို့က ပြိုင်ပွဲဝင်တွေထက် အမှတ်ပိုများနိုင်တယ်ဆိုတာငါမယုံဘူး"
"ဒါဆိုရင် အစုလိုက် အပြုံလိုက် တိုက်ပွဲကြီး စတော့မှာပဲ"
ကျိုးဟောင်သည် ဤအရာကို သူ၏စိတ်ထဲတွင် နားလည်ထားသောကြောင့် သဘာဝအတိုင်း ထွက်သာပြေးခဲ့သည်။ သူသည် ပစ်မှတ်ထားခံရမည်ကို မလိုချင်ခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ဤနေရာသည် အတော်လေး ကျယ်ဝန်းပေသည်။ မိုင်ရာပေါင်းများစွာ ခရီးသွားပြီးနောက် ကျိုးဟောင်သည် တောင်ကုန်းငယ်လေးတစ်ခုကို ရှာဖွေတွေ့ရှိပြီး ထိုအထဲတွင် ပုန်းအောင်းနေခဲ့သည်။ ထို့နောက် သူသည် သူ၏ ဆက်သွယ်ရေးကိရိယာကို ထုတ်ယူပြီး ကျိယောင်ယွဲ့ နှင့် လင်းထျန်းတို့ထံ မက်ဆေ့ချ် ပို့လိုက်သည်။ သို့သော် ဤနေရာတွင် အချက်ပြမှုများအားလုံး ပိတ်ဆို့ခံထားရပြီး လုံးဝ ပို့မရပေ။
"ရှိနေတဲ့စွမ်းအားသုံးပြီးရှာမှပဲ တွေ့တော့မယ် ထင်တယ်"
ကျိုးဟောင်မှာသက်ပြင်းချလိုက်သည်။
သို့သော် ထိုအချိန်တွင် လေတိုးသံကို ကြားလိုက်ရပြီး ချက်ချင်းပင် အလွန်အစွမ်းထက်သော အင်အားတစ်ခု ကျရောက်လာခဲ့သည်။
"ဟဲဟဲဟဲ ကျိုးဟောင် မင်းပြေးလို့မလွတ်ပါဘူး"
ကူတာသည် အဝေးမှလှောင်ပြောင်လိုက်ရာ ကျိုးဟောင်၏ မျက်နှာအမူအရာမှာပြောင်းလဲသွားခဲ့သည်။
"မင်းပဲ"
"ဟုတ်တယ် ကျိုးဟောင် မင်းကိုအရမ်းသန်မာတယ်လို့ ငါ ထင်ခဲ့တာ ဒါပေမဲ့ မင်း ဒီလောက် အားနည်းလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး ဒါက ပိုတောင် ကောင်းသေးတယ် ငါ မင်းရဲ့ အမှတ် ၁၀၀၀၀ ကို အရင်ယူမယ်"
ကူတာမှာ ရယ်မောပြီးပြောလိုက်သည်။
....................................................................................
အခန်း (၈၂၅) ပြီးပါပြီ။