အဲ့ဒါက ပူးပေါင်း ကြံစည်မှု တစ်ခုပဲ
Vol. 1 Ch. 5
နီယန်၏ စကားတွေသည် အကြောင်းပြချက် တိကျ ခိုင်မာသော စကားများဖြစ်သည် ။လီရှုသည် ယခု ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက် ဖြစ်သည်။ ကိုယ့်ရဲ့ သမီးနဲ့ မြေး ဖြစ်သူတွေကိုတောင် မြေခွေးစာ ဖြစ်အောင် စွန့်ပစ်တတ်သော မူမိသားစု နှစ်ယောက်သည် တစ်ခြား ကိုယ်ဝန်ဆောင်တစိမ်း မိန်းမ တစ်ယောက်ကို ဧည့်ခံဖို့ အတွက် ကြက်သားတွေနဲ့ တခြားသော အသားများကို သတ်ဖြတ်ပြီး ကျွေးမည်မှာ ဖြစ်နိုင်မည်လား။
သို့သော် နီချွေ့ဟွာ၏ ပင်ဂိုဗီဇ ကိုယ်တိုင်က ကြင်နာတတ်သော နှလုံးသားရှိသူ ဖြစ်သည်။ ထို့ကြောင့် တစ်လောကလုံးမှာ ရှိသော လူတိုင်းကို သူမလိုပဲဟု သူမ ယုံကြည်နေသည်။ အဲ့ အချိန်မှာပဲ မူကတော် နှင့် မူကျင်းပေါင်သည် နီယန် ပြောသကဲ့သို့ သူမျိုး မဟုတ်ကြောင်း ဆက်လက် ယုံကြည်နေလေသည်။
ထို့အပြင် သူမသည် သားယောကျ်ားလေး မမွေးဖွား ပေးနိုင်တဲ့ အတွက် မူမိသားစုအား ဂုဏ်ငယ်စေခဲ့လေသည်။ ထို့ကြောင့် ယခု အချိန်တွင် မူကတော်နှင့် မူကျင်းပေါင်အား မည်ကဲ့သို့ မေးခွန်းထုတ်နိုင်မည်နည်း။နီချွေ့ဟွာသည် နီယန်၏ ပါးစပ်ကို ပိတ်လိုက်ကာ
“ယန်ယန် သမီး အဓိပ္ပာယ် မရှိတဲ့ စကားတွေကို ဘာလို့ ပြောနေတာလဲ သူတို့က သမီးရဲ့ အဖွား နဲ့ အဖေလေ နင်ကသမီး ဖြစ်ပြီး သူတိူ့ကို ဘာလို့ ဒီလိုတွေ ပြောနေရတာလဲ အဲ့ဒါက ကြက်တစ်ကောင်ပဲမလား အန်တီအားရှုက ခု ကိုယ်ဝန်နဲ့လေ အဲ့ဒါကြောင့် သမီး အဖွားက သူမ အတွက် ကြက်ဝယ်လာတာ ဘာမှားနေလို့လဲ သမီး ဒီလို စကားတွေ နောင်မှာ ထပ် မပြောမိစေနဲ့ အကယ်၍ သမီး အဖွားနဲ့ အဖေသာ ကြားသွားရင် သမီဂကို ထပ်ရိုက်နေလိမ့်မယ် နားလည်လား”
နီယန်သည် သက်ပြင်းကိုသာ ထပ်၍ ချလိုက်မိတော့သည်။
‘တုံးလိုက်တာ’
နီချွေ့ဟွာသည် အမှန်တကယ်ကိုပင် မိုက်မဲသောသူ ဖြစ်သည်။ သူမ အတိတ်ဘဝ၌ အနိုင်ကျင့် ခံရပြီး သေဆုံးသွားသည် မှာ အံ့အားသင့် စရာတော့ မဟုတ်ပေ။နီယန်သည် သက်ပြင်းချလျှက်
“ လီရှုက အခု ကိုယ်ဝန်နဲ့ ဆိုပေမဲ့ အဖွားက သူမ အတွက် ကြက်သားစွပ်ပြုတ် လုပ်ပြီး သူမကို ဂရုစိုက်ဖို့ အမေကို ခိုင်းတယ် အမေ အမေက အခု ညီမလေးကို မွေးထားကာစလေ လီရှု ထက် အမေက အခု ပိုပြီး အားနည်းနေတယ် ဒါပေမဲ့ အဖွားက အမေ့ အတွက် ဘာလို့ ကြက်စွပ်ပြုတ်လုပ်ဖို့ မပေးတာလဲ ဘာကြောင့်လဲဆိုတာ အမေ မသိချင်ဘူးလား”
‘ဘာလို့များ ခုထိ အနိုးထနိုင်သေးရတာလဲ.....’
နီယန်သည် သူမ၏ မျက်လုံးများကို မှိတ်လိုက်ကာ အသက်ကို ပြင်းပြင်း ရှုရှိက်လိုက်သည်။ နီချွေ့ဟွာသည် သက်ပြင်းချလျှက်ပြောလိုက်သည်။
“အဲ့ဒါက အမေ့အမှားပါပဲ သမီး အတွက် မောင်လေး မမွေးပေးနိုင်ခဲ့ဘူး။ အကယ်၍ အမေသာ သားလေး မွေးခဲ့ရင် ခုလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး”
သူမသည် သူမကို သူမ လှောင်ပြောင် သရော်လိုက်သည်။ နီယန်သည် ဆက်လက်၍ ပြောလိုက်သည်။
“သားလေး မမွေးတာ အမေ့ အမှား မဟုတ်ဘူး အမေ မမှားပါဘူး ကလေးရဲ့ လိင် အမျိုးအစားက ဖခင်ပေါ်မှာပဲ မူတည်တာ အမေဘာမှ တတ်နိုင်တာ မရှိဘူး အဲ့ဒါအပြင် ခုနောက်ပိုင်း လူတွေက သာတူညီမျှပဲ အဲ့တော့ ယောကျ်ားလေး မိန်းကလေးက ဘာများ ကွာခြားသွားတာလဲ”
“ဒါပေမဲ့ အဲ့ဒါက အကြီးမားဆုံး ကွာခြားချက်ပဲ ယောကျ်ားလေးတွေက မိသားစုရဲ့ မျိုးနွယ် နာမည်ကို ဆက်လက် သယ်ဆောင်နိုင်တယ် မိန်းကလေးတွေက ဘာလုပ်နိုင်လို့လဲ ပြောသံ မကြားဖူးဘူးလား လက်ထပ်သွားတဲ့ သမီး မိန်းကလေးတွေက ရေထည့်ထားတဲ့ ပုံးကို အဝေးကို သွန်ပစ်လိုက်တာနဲ့တုတယ်လို့လေ “
ယောကျ်ားလေးတွေက မိန်းကလေးတွေထက် သိသိသာသာ သာလွန်တယ်ဆိုသော အတွေးအခေါ်သည် နီချွေ့ဟွာ၏ စိတ်ထဲ အရိုးထဲထိ စွဲမြဲနေခဲ့သည်။ ထိုအယူအဆကို ဖယ်ရှားပစ်ရန် ခက်ခဲလှသည်။နီယန်၏ မျက်လုံးများသည် အေးစက်သွားကာ
“အမေ အမေလဲ အမျိုးသမီး တစ်ယောက်ပါပဲ အမျိုးသမီးတွေကို အထင်သေးခွင့် မရှိဘူး အကယ်၍ အမေသာ ကိုယ့်ကိုကိုယ် အထင်သေးနေရင် ဘယ်သူက အမေ့ကို လေးလေးစားစား ဆက်ဆံပါ့မလဲ”
နီချွေ့ဟွာသည် ပြန်လည် ပြောဆိုလိုက်သည်။
“သေချာ စဉ်းစားကြည့် မိန်းကလေးတွေက ယောကျ်ားလေးတွေထက် နိမ့်ကျတယ် ငါတို့ ရွာကိုပဲ ကြည့်လိုက် အိမ်ထောင်ဦးစီးတွေအဖြစ် ယောကျ်ားလေးတွေ မရှိတဲ့ မိသားစု ရှိလို့လား ယန်ယန် သမီးက ငယ်ပါသေးတယ် ပြီးတော့ သမီး ဒါတွေကို နားမလည်တာ ပုံမှန်ပါပဲ နောက်တော့ သမီး အရွယ်ရောက်လာပြီးကိုယ်ပိုင် မိသားစု ရလာတဲ့ အခါ ဒါတွေကို နားလည်နိုင်ပါလိမ့်မယ်”
နီယန်သည် မျက်လုံးများကို မှိတ်လိုက်ကာ
“ အမေက တစ်ကယ်ကို ခေါင်းမာတဲ့ သူပဲ”
“ဘာ စာရွက်လဲ “
နီချွေ့ဟွာသည် တွေဝေလျှက် မေးလိုက်သည်။ သူမသည် စာမတတ်မြောက် သည့်အပြင် သာမာန် ပညာရေး အသိပညာလဲ မရှိပေ။ ထို့ကြောင့် ခေါင်းမာသည်ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို သူမ နားမလည်ပေ။နီယန်သည် သက်ပြင်းချလျှက်
“ ထားလိုက်တော့”
ဘယ်လိုပဲ ဖြစ်ဖြစ် သူမ၏ အမေသည် တကယ့် လက်တွေ့ အဖြစ်အပျက်မျးကို မကြာခင် မြင်လာရလိမ့်မည် ဖြစ်သည်။ အခု အချိန်မှာ ထို အကြောင်းကို ဆက်ပြောနေလို့ မထူးပေ။ နီယန် ဆက်မပြောတာ့သည်ကို နီချွေ့ဟွာ မြင်သော အခါ
“ယန်ယန် အမေ တောင်းပန်ပါတယ် အန်တီအားရှု အတွက် သမီး အခန်းကို ပေးရမယ်လို့ သမီး အဖွားက အမိန့်ပေးလိုက်တယ် အဲ့ဒါကြောင့် သမီး အခုလောလောဆယ် ထင်းတွေထားတဲ့ နေရာမှာ ခဏနေရလိမ့်မယ် အမေတောင်းပန်ပါတယ် အမေ သမီးကို မကာကွယ်နိုင်ခဲ့ဘူး သမီး အမေက ဘာမှ မတတ်နိုင်ခဲ့ဘူး”
နီယန်သည် နီချွေ့ဟွာ၏ မျက်နှာမှ မျက်ရည်များကို သုတ်လိုက်ကာ ညင်သာသော အသံဖြင့်
“အဆင်ပြေပါတယ် အမေ သမီး မကြောက်ပါဘူး မငိုပါနဲ့”
အဲဒါက ဒီအတိုင်း ထင်းထားတဲ့ အခန်းပဲ ဖြစ်သည်။ ဘာကြောက်စရာမှ မရှိပေ။ ပြီးနောက် သူမသည် ထိုနေရာတွင် အကြာကြီး မနေပေ။နီချွေ့ဟွာသည် နီယန်အား ကြည့်လျှက်
“ယန်ယန် သမီး အဖွားကို မကျေနပ် မဖြစ်နဲ့နော် တကယ်က ငါတို့ အိမ်မှာ အခန်းအပို မရှိလို့ ဖြစ်ရတာပါ အဲ့ဒါ အမေ့ အမှားပါပဲ အကယ်၍ အမေသာ သားယောကျ်ားလေး မွေးပေးခဲ့ရင် သမီးက ခုလို အနိုင်ကျင့် စော်ကားခံရတဲ့ အကျိုးဆက်ကိုလဲ ခံစားရမှာ မဟုတ်သလို ကျောင်းကနေ အထုတ်ခံရမှာလဲ မဟုတ်ဘူး”
နီယန် ဆယ့်ခုနှစ်နှစ် အရွယတွင် ကျောင်းထုတ်ခြင်းခံရသည်။ထိုအရာသည် မိသားစုမှ နီယန်ကို ကျောင်းဆက်ထားဖို့ မတတ်နိုင်တဲ့ အတွက်မဟုတ်ပေ။ အဖွားကြီးမူမှ ကျောင်းဆက်တက်ရန် ခွင့်မပြုသည့် အတွက်သာ ဖြစ်သည်။
အဖွားကြီးမူ၏ မျက်လုံးထဲတွင် နီယန်သည် ငွေပြန်မရနိုင်တဲ့ အလောင်းအစားတစ်ခုသာသာ ဖြစ်သည်။ ထို့ကြောင့် ငွေပြန်မရနိုင်မှတော့ ဘာကြောင့်လောင်းနေရအုန်းမည်နည်း။သူမသာ သားလေး မွေးနိုင်ခဲ့ရင် အဖွားကြီးမူသည် ယခုလို လုပ်လိမ့်မည် မဟုတ်ဟု နီချွေ့ဟွာ စဉ်းစားလိုက်သည်။
အလိုလေး…..
ဒီအရာသည် သူမ၏ ညံ့ဖျင်းမှုသာ ဖြစ်ပေသည်။ သို့သော် သူမ၏ သမီးသည် သူမ ညံ့ဖျင်းမှု အတွက် ခံစားရသူ ဖြစ်နေသည်။ နီယန်သည် ပြန်ပြောလိုက်သည်။
“အဲ့ဒါ အမေ့ အမှား မဟုတ်ပါဘူး တကယ်ပါ အမေ့ အမှား မဟုတ်ရပါဘူး”
နီချွေ့ဟွာသည် သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး နောက်တွင် ကျက်နေသော ကြက်စွပ်ပြုတ်အိုးကို ယူလိုက်ကာ
“ သမီးရဲ့ အန်တီ အားရှုစီကို အမေ ကြက်စွပ်ပြုတ် သွားပို့လိုက်အုန်းမယ် သမီးက ပါးစပ်ကို သန့်ရှင်းရေးလုပ်ထားလိုက်အုန်း သမီး ခိုးသောက်ထားတာကို သမီး အဖွား မသိစေနဲ့”
အကယ်၍ အဖွားကြီးမူသာ ကြက်စွပ်ပြုတ် အနညိးငယ်ကို နီယန် ခိုးသောက်ထားသည်ကိုသာ သည်သိသွားလျှင် သူမသည် နီယန်အား သေသည် အထိ ရိုက်နှက်ပေလိမ့်မည်။ တစ်ခါ အဖွားကြီးမူ နီယန်အား သေခါနီ ဖြစ်သည် အထိ ရိုက်နှက်သည်ကို မှတ်မိသေးသည်။ နီချွေ့ဟွာသည် ကြက်စွပ်ပြုန်ကို ယူကာ လီရှု၏ အခန်းသို့ သွားလိုက်သည်။ ကြက်စွပ်ပြုတ်ကို လီရှု မြင်သော် ရီမောလျှက်
“ အမ ချွေ့ဟွာ ငါ အားမနာတော့ဘူးနော် “
နီချွေ့ဟွာသည် ရီမောလျှက်
“ယဉ်ကျေးနေစရာ မလိုပါဘူး ငါတို့က မိသားစုတွေပဲဟာ”
ကြက်စွပ်ပြုတ် တစ်ပန်းကန်လုံး ရှိနေသော်လည်း လီရှုသည် သူမ တစ်ယောက်ထဲ အားလုံးကို အလွယ်ကလေး စားသောက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယခုခေတ်မှ သူများသည် စားစရာ အများကြီး မရှိသောကြောင့် သူတို့၏ အစာစားလိုစိတ်သည် ကြီးမားကောင်းမွန်လှသည်။
သူမသည် ကြက်စွပ်ပြုတ် တစ်ပန်းကန်လုံး စားပြီးသည့်နောက်တွင် သူမသည် ရွာထဲသို့ လမ်းလျှောက်ရန်ထွက်သွားသည်။ မကြာခင်မှာပင် သူမသည် အုပ်ချုပ်ရေးမှုးရုံးသို့ ရောက်ရှိလာခဲ့သည်။
သူမ ဘာကြောင့် အုပ်ချုပ်ရေးမှုး ရုံးခန်းကို သွားရတာလဲ။ အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်ရေးမှုးရုံးတွင် ဖုန်းရှိသောကြောင့် ဖြစ်သည်။သို့သော် ဒီအချိန်တွင် ဖုန်းခေါ်ဆိုခသည် အလွန်ဈေးကြီးလှကာ တစ်မိနစ်ကို ငါးဆင့် ပေးရသည်။ လီရှုသည် ငါးမိနစ်စာ ပေးချေလိုက်သည်။ဖုန်းကို ကောက်ကိုင်လိုက်ကာ သူမသည် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ရှန်းရှန်း ငါ မူကျင်းပေါင်ရဲ့ အိမ်ကို ရောက်နေပြီ”
တစ်ဖက်က ဖုန်းပြောသူမှာ တစ်ခြားသူ မဟုတ်ပေ။ လီရှု၏ သမီး ဖြစ်သူ လီရှန်းရှန်း ဖြစ်သည်။ လီရှန်းရှန်းက ပြောလိုက်သည်။
"ကောင်းတာပေါ့ အမေ အမေ မူမိသားစု အတွက် သားလေး မွေးပေးရမယ် ဒါနဲ့ မူကျင်းပေါင်ရဲ့ သမီး နာမည်က နီယန်လား”
“နီယန်”
လီရှုသည် မျက်မှောင်ကျုတ်လျှက်
“ မဟုတ်ပါဘူး သူမနာမည်က မူယန်ပါ”
တစ်ဖက်မှ ဖုန်းဖြေသူ လီရှန်းရှန်းသည် ဆက်လက်ပြောလိုက်သည်။
” အဲ့ဒါဆို သူမ နောက်မှ နာမည် ပြောင်းလဲလိုက်တာ ဖြစ်မယ်”
လီရှုက ဆက်လက်ပြေလိုက်သည်။
“ရှန်းရှန်း သမီး ဘာလို့ မေးတာလဲ”
လီရှန်းရှန်း ဆက်ပြောလိုက်သည်။
“အမေ သမီး ပြောမယ် အဲ့ မူယန်က သမီးရဲ့ ရန်သူပဲ သူမက သမီးရဲ့ စီးပွားရေးလုပ်ငန်းတွေ ကြီးပွား တိုးတက်လာမှုတွေကို ဖျက်စီးပစ်လိမ့်မယ် အမေ သမီးသူ့မကို ရှင်းပစ်လို့ရအောင် အမေ ကူညီရမယ် သူမသာ မရှိတော့ရင် သမီး အတွက် အခွင့်အလမ်းတွေ ပိုရလာလိမ့်မယ်”
လီရှုသည် ခဏမျှ ကြက်သေသေသွားခဲ့ပြီး
“ ဘာ ရှန်းရှန်း သမီး ဘာတွေ ဖြစ်နေတာလဲ”
လီရှန်းရှန်း ပြောလိုက်သည်။
“ အမေ အများကြီး မမေးနဲ့ သမီး ပြောသလိုပဲ လုပ်ပါ အမေ ဒါတော့ ကူညီရမယ် အမေ့သမီး ရဲ့ အနာဂတ်က အမေ့ အပေါ် အရမ်း မူတည်နေပြီနော်”
လီရှုသည် စိတ်ရှုပ်ထွေးနေသော မျက်နှာဖြင့် ဖုန်းချလိုက်သည်။ နီယန်ကို ရှင်းဖို့ သူမ ဘယ်လို ကူညီရမည်နည်း။လူသတ်ခြင်းသည် ဥပဒေနှင့် ဆန့်ကျင်သော လုပ်ရပ်ဖြစ်သည်။ သူမ ဘယ်လိုလုပ်ရမည်နည်း။
လီရှုသည် သက်ပြင်းချလျှက် လမ်းလျှောက်ရင်း တွေးတောနေလိုက်သည်။
အဲ့နောက်မှာတော့.....
သူမ တစ်စုံတစ်ခုကို အတွေးပေါ်လာခဲ့သည်။
သူမ၏ အမေဘက်မှ အသက်ကြီးကြီး ဝမ်းကွဲ လူပျိုကြီးတစ်ယောက်သည် ဘေးနားရွာသို့ ပြောင်းရွေ့လာခဲ့သည်ကို မှတ်မိသွားခဲ့သည်။ သူသည် အသက် ၅၀ ကျော် အရွယ်ရှိနေပြီး ချမ်းသာသော်လည်း သူ၏ ကျန်းမာရေး အခြေအနေကြောင့် မိန်းမမရနိုင်ပဲ ရှိနေသည်။ သူမသည် ထို လူပျိုကြီးနှင့် နီယန်ကို မိတ်ဆက်ပေးနိုင်သည်။အဲ့နောက်မှာတော့ ထို လူပျိုကြီးသည် သူအမြဲ အိပ်မက်မက်နေသော မိန်းမလည်း ရသွားလိမ့်မည် မလား။ ထိုအခါ ဝမ်းကွဲလူပျိုကြီးသည် စိတ်လှုပ်ရှားကာ ထိုအရာကနေ သူမသည်လည်း အကျိုးကျေးဇူး ရနိုင်သည်။
ပြည့်စုံနေတာပဲ....
လီရှုသည် ထို အကြောင်းကို စဉ်းစားလေလေ ပို၍ ပျော်ရွှင်လာလေလေ ဖြစ်နေသည်။ သူမ၏ နှုတ်ခမ်းသည် အောင်ပွဲခံနေသော အပြုံးများဖြင့် ကွေးညွတ်နေကာ ဝမ်းကွဲ လူပျိုအိုကြီး၏ အိမ်ဘက်သို့ ဦးတည်ကာ သွက်သွက် သွားလိုက်လေသည်။ လူပျိုအိုကြီး အိမ်မှ ထွက်ခွာလာသော အခါ လီရှုသည် သူမ၏ အောင်ပွဲခံနေသော အပြုံးကို ထိန်းသိမ်းခဲ့လေသည်။
ညစာစားချိန်တွင် လီရှုသည် နီယန်နှင့် စကားပြောဆိုနိုင်ရန် ကြိုးစားလိုက်သည်။ “အိုး ငါတို့ရဲ့ ယန်ယန်က အရမ်းလှတဲ့ မိန်းကလေးပဲ”နီယန်သည် အမှန်တကယ်ကို လှပသော မိန်းကလေး ဖြစ်သည်။ နီယန်သည် သူမ၏ မက်မွန်ပန်းပွင့်ကဲ့သို့ လှပသော မျက်ၒန်းတစ်စုံကို လှည့်လိုက်သည်နှင့် မည်သူမဆို အကူညီမဲ့စွာ သူမစီသို့ ညွတ်ကျသွားနိုင်ပေသည်။
ဒီပတ်ဝန်းကျင်မှာ ဘယ်သူ့ သမီးတွေကများ ဒီလို ကြည့်ကောင်းနိုင်မည်နည်း။ သူမသည် လှပလွန်းသောကြောင့် .လူအများကို မနာလို ဖြစ်စေသည်။ နီယန်သည် ပူနွေးသော ဘန်းကိတ်ကို တတိတိ ကိုက်ဝါးလျှက် လီရှု၏ စကားများကို မကြားချင်ယောင်ဆောင်နေလိုက်သည်။
“ဘုန်း”
အဲ့ဒီအချိန်မှာပဲ စားပွဲခုံကို အားနှင့် ထုရိုက်လိုက်သည့် အသံ ပေါ်ထွက်လာခဲ့ကာ
“သုံးစားမရတဲ့ ကောင်မ နင် အနေလား နင့် အန်တီ အားရှုက နင့်ကို ပြောနေတယ်လေ နင် ဘယ်လို ပြန်ဖြေရမလဲ မသိဘူးလား”