ကောင်းမွန်သော ဖျော်ဖြေ တင်ဆက်မှု
Vol. 1 Ch. 6
အဖွားကြီးမူမှ လွဲလျှင် စားပွဲကို ပြင်းထန်စွာ ရိုက်ရဲသည့် သူ မည်သူမျှ မရှိပေ။နီယန်ဟာ မည်သည့် စကားမှ မပြောပေ။လီရှုသည် ရီမောလျှက် ပြောဆိုလိုက်သည်။
“အဆင်ပြေပါတယ် ကလေးပဲလေ ကလေး တစ်ယောက်ကို စိတ်မဆိုးပါနဲ့ ဒေါ်လေး”
နီယန်၏ ကျဉ်းမြောင်းနေသော မျက်ဝန်းထဲတွင် အေးစက်မှုများ ဖြတ်ပြေးသွားသည်။ လီရှုသည် ကူညီတတ်သော သူတစ်ယောက် အသွင် မည်ကဲ့သို့ ဟန်ဆောင်ရမည်ကို ကောင်းစွာသိသောသူ ဖြစ်သည်။ နီယန်သည် သူ၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို မသိမြင်နိုင်ဟု ထင်ခဲ့သည်။ အတိတ်ဘဝ၌ နီယန်သည် လီရှု၏ မျက်နှာဖုံးအောက်၌ အရူးလုပ်ခြင်း ခံခဲ့ရသည်ကို မှတ်မိနေသေးသည်။
လီရှုသည် သူမအား သူ၏ ဝမ်းကွဲ အသက်ကြီးသော လူပျိုကြီးထံသို့ ယွမ် ၅၀၀ ဖြင့် ရောင်းချခဲ့သည်။ သို့သော် နီယန်သည် ထိုလူကြီးနှင့် လီရှု၏ ကြား ပတ်သက်ဆက်နွယ်မှုများကို နောက်ဆုံးမှသာ ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအရာသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။
ထိုအရာများသည် ဖြစ်ခဲ့သည်မှာ ကြာမြင့်ခဲ့သည်မှာ မှန်သော်ငြားလည်း နီယန်သည် ထိုကဲ့သို့ ကြုံတွေ့ရသည်များကို ပြန်လည် တွေးမိရုံနှင့်တင် သူမ၏ နောက်ကျော တစ်လျှောက် အေးစက်မှုများ ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့ကိုယ်တိုင် မကြုံတွေ့ခဲ့ရလျှင် ငရဲနှင့် တူသော အိပ်မက်ဆိုးများကို အမှန်တကယ် ဖြစ်ခဲ့သည်ဟု မည်သူက ယုံကြည်မည်နည်း။ နီယန်သည် သူမ၏ ဦးခေါင်းကို ရိုးရှင်းစွာ ငုံထားလိုက်သည်။ တခြားသူများအမြင်တွင် သူမသည် ရှက်တတ် ကြောက်တတ်သော သာမာန် ကျေးလက် မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။
လီရှုသည် နီယန်အား ကြည့်လျှက် သရော်ပြုံး ပြုံးလိုက်သည်။ ဒီတောသူမက လီရှန်းရှန်းကို အနာဂတ်မှာ ကြောက်ရွံရအောင် ဘယ်လိုလုပ် နိုင်မှာလဲ။လီရှုသည် နီယန်သည် လီရှန်းရှန်း၏ ဖိနပ်ကြိုးကိုပင် ချည်ပေးရန် မထိုက်တန်ဟု ထင်ခဲ့သည်။ လီရှု ပြောလိုက်သည့် စကားကို ကြားလိုက်ပြီးနောက် အဖွားကြီးမူ၏ မျက်နှာ အနေထားသည် အနည်းငယ် နူးညံ့သွားပြီးနောက် ရီမောကာ
“အားရှု မင်းက အမြဲ ကြင်နာတတ်တာပဲ ဒီ ကျေးဇူး မသိတတ်တဲ့ ကလေးမနဲ့ တခြားစီပဲ နင် ကျေးဇူးမသိတတ်တဲ့ ကလေးမ နင့် အဒေါ် အားရှုကို ကျေးဇူးတင်လိုက်လေ”
နီယန်သည် လီရှုအား ကြည့်လိုက်ကာ စကား အထစ်ထစ် အငေါ့ငေါ့ ပြောသည့် ဟန်ဆောင်ကာ
“ကျေး ကျေးဇူးတင်ပါတယ် အဒေါ်ရှု”
နီယန်သည် သူမ ကြိုးကိုင် ချယ်လှည် ထိန်းချုပ်မှု အောက်သို့ အပြည့်အဝ ရောက်ရှိနေပြီဟု ထင်မြင်လျှက် ကျေနပ်အားရစွာ ရီမောလိုက်ပြီးနောက်
“ရပါတယ် ရပါတယ် ငါတို့က မိသားစုတွေပဲဟာ လာပါ ကလေးလေး ထပ်စားလိုက်ပါအုန်း”
လီရှုသည် ကြက်ပေါင်ကို နီယန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ထိုသို့ လုပ်ရပ်သည် အဖွားကြီးမူအား သွေးတက် သတိလစ်သွား မတတ် ဖြစ်စေသည်။ သူမ ကိုယ်တိုင်တောင် ကြက်ပေါင်ကို မစားဝံ့ ခဲ့သော်ငြားလည်း သူမ၏ ချစ်လှစွာသော မြေးလေး အတွက် ချန်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် လီရှုသည် ကြက်ပေါင်အား ပိုက်ဆံ ဖြုန်းတီးနေသော သူအတွက် ပေးလိုက်သည်။
နီချွေ့ဟွာသည် လီရှု၏ လုပ်ရပ်ကြောင့် မျက်ရည်ကျလုမတတ် ဖြစ်သွားခဲ့သည်။အရင်က သူမသည် လီရှုအား အထင်လွဲခဲ့ဟန်တူသည်လီရှုက ကောင်းမွန်တဲ့ အမျိုးသမီး တစ်ယောက်ပဲ။အနာဂတ်တွင် သူမသည် လီရှုအား ကောင်းကောင်း ဂရိုစိုက်ပေးရမည်။
အမှန်ပါပဲ နီယန်သည် ကြက်ပေါင်ကို မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။ သူမသည် ချက်ချင်း အကြီးကြီးကိုက်လိုက်ကာ ပလုတ်ပလောင်းအသံဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အဒေါ်ရှု အဒေါ်က အရမ်း သဘောကောင်းတာပဲ သမီး အမေထက်တောင် ပိုကောင်းသေးတယ် “
လီရှုက ပြောသည်။
“ လိမ်မာတဲ့ ကောင်မလေး များများစား သမီးက အရမ်း ပိန်လွန်းတယ်”
အရမ်း သနားဖို့ ကောင်းတာပဲ...သူမသည် ထို ဝမ်းကွဲစီ အရောင်းခံရတော့မှာ ဖြစ်သည်။သူမ ဘယ်လို ညှင်းပန်းနှိပ်စက်မှု ဒဏ်တွေကို ခံရမလဲဆိုတာ ဘယ်သူသိမလဲ။လီရှု၏ နှုတ်ခမ်းထောင့်၌ ယုတ်မာရက်စက်သော အပြုံး တစ်ခု ပေါ်ပေါက်လာခဲ့သည်။
......
လီရှုသည် အဖွားကြီးမူ နှင့် မူကျင်းပေါင်တို့အား စားသောက်ပြီးနောက်တွင် တိုင်ပင်စရာရှိသည်ဟု ဆိုကာ ခေါ်သွားသည်။လှည့်ပတ်ပြောဆိုပြီး နောက်တွင် လီရှု ပြောလိုက်သည်။
“အမေ ကျင်းပေါင် ယန်ယန်က ကျောင်းတက်နေတုန်းလား”
ထိုသို့ ကြားသည်နှင့် အဖွားကြီးမူသည် မနှစ်မြို့ပုံ ပေါ်လာကာ
“ရုတ်တရက်ကြီး ဘာလို့ ဒီ ကျေးဇူး မသိတတ်တဲ့ ကောင်မ အကြောင်း ပါလာတာလဲ”
သူမသည် အပြစ်တင်ခံထိုက်သူ ဖြစ်သည်။ သူမ အကြောင်းပြောရုံ နှင့်တင် စိတ်ခံစားချက်များကို ပျက်စီးစေသည်။ ထိုအရာကို ကြည့်ခြင်းဖြင့် နီယန် သည် မူမိသားစုထဲတွင် မည်ကဲ့သို့ နေထိုင်ရသည်ကို မြင်နိုင်ပေသည်။ မူကျင်းပေါင် တုန့်ပြန်လာသည်မှာ...
"ကျောင်းလား သူကို ကျောင်းထားဖို့ ဘယ်သူက ပိုက်ဆံပေးမှာလဲ သူ့ကို ကျောင်းပို့ဖို့ ငါတို့မှာ ဖြုန်းစရာ ပိုက်ဆံမရှိဘူး ရွာမှာ စာဖတ်နိုင်ဖို့ အတွက် အလွတ်သင်ဆရာတွေ လာပြီးသင်တဲ့ အချိန်က စာသင်ခဲ့ပေမဲ့ သူကို ကျောင်းထုတ်ခဲ့တာ ကြာခဲ့ပြီ”
လီရှုသည် သက်ပြင်းချလိုက်ကာ
“မှန်ပါတယ် မိန်းကလေးတွေက နောက်ဆုံးတော့ လက်ထပ်လိုက်ရမှာပဲလေ ဆိုတော့ တကူးတက ကျောင်းသွားပြီး စာသင်နေစရာမလိုပါဘူး သူများတွေပြောကြတယ်မလား ‘လက်ထပ်သွားတဲ့ မိန်းကလေးက ရေဖြည့်ထားတဲ့ပုံးကို သွန်ပစ်လိုက်ရသလိုပဲ’ဆိုပြီးလေ”
အဖွားကြီးမူသည် သူမကြားချင်သလိုမျိုး ကြားလိုက်ရသောအခါ ပျော်ရွှင်သွားပြီး
“တကယ်ပါပဲ အားရှုက ငါ့ကိုနားလည်တာပဲ နီချွေ့ဟွာလို မဟုတ်ဘူး သူက ငါ့ကို ဒေါသထွက်အောင်ပဲ လုပ်တတ်တယ် သူကများငါ့ကို ဟို ကျေးဇူးမသိတတ်တဲ့ ကလေးမအတွက် ကျောင်းထားပေးဖို့ ပိုက်ဆံတောင်းရဲသေးတယ် ဘယ်လောက်အရှက်မရှိရတာလဲ”
သူမ၏ ပိုက်ဆံများသည် သူမ၏ ချစ်လှစွာသော မြေးအတွက် သုံးစွဲရန်သာဖြစ်သည်။ မျှော်လင့်ချက်မရှိတဲ့ ဟိုကလေးမအတွက် မဟုတ်ပေ။ လီရှု ဆက်ပြောလိုက်သည်။
“အကယ်၍ ယန်ယန်က ကျောင်းမသွားတော့ဘူးရင် သူမက စေ့စပ်ပြီးပြီလား”
ယခုလို ခေတ် အခြေအနေမှာ မိန်းကလေးတွေသည် အိမ်မှာ အဆင့်အတန်းမရှိ အသုံးမဝင်ပေ။ သူတို့၏ မိဘများသည် အစားအစာ ဖြုန်းတီးသကဲ့သို့ ဖြစ်မည်ကို ကြောက်သောကြောင့် စောစောစီးစီး အိမ်ထောင်ချပေးလိုက်သည်က များသည်။ မိန်းကလေး အများစုသည် သူတို့၏ အသက်၁၅နှစ်တွင် အိမ်ထောင်ပြုပြီးသား ဖြစ်သည်။များသောအားဖြင့် မိသားစုတွင်းမှ မိန်းကလေးများ ကလေးသတို့သမီးများ ဖြစ်သွားကြသည်။
နီယန်သည် ယခု အသက်ဆယ့်ခုနှစ် နှစ် ရှိပြီဖြစ်ကာ ဒီအရွယ်သည် ထက်ထပ်ဖို့ စကား ပြောသင့်သော အချိန်ရှိနေပြီဖြစ်သည်။ ထိုသို့ ကြားသောအခါ မူကျင်းပေါင်သည် ခေါင်းကို ခါလျှက်
“ခုထိတော့ မရှိသေးဘူး ဒါပေမဲ့ စေ့စပ်ကြောင်းလမ်းလို့ရအောင် ငါတို့ တစ်ယောက်ယောက်ကိုတော့ ရှာခိုင်းထားတယ်”
အဓိက အကြောင်းအရင်းကတော့ ပိုပို များပြားသော မဂ်လာစားရိတ်ရအောင်သာ ဖြစ်သည်။ သို့သော်လဲ ခုလိုခေတ် အခြေအနေမှာ ကျေးလက်ဒေသများတွင် မိန်းကလေး အလွန်များပြားပြီး ထင်သလောက် မရနိုင်ပေ။ ခုကာလများတွင် လူတိုင်း ငွေကြပ်တည်းလွန်းလှပြီး ပို၍ များပြားသော မဂ်လာစားရိတ်ရရှိဖို့သည်မဖြစ်နိုင်ပေ။
ထို့ကြောင့် နီယန်၏ မဂ်လာကိစ္စကို ခေတ္တ ရပ်ဆိုင်းထားခဲ့ရသည်။ အဲ့လိုမှ မဟုတ်ရင် နီယန်သည် လွန်လေပြီးသော အချိန်ကာလများထဲမှ လက်ထပ်ပြီးသား ဖြစ်နေလိမ့်မည် ဖြစ်သည်။အဖွားကြီးမူသည် လေးလေးနက်နက်ပြေလိုက်သည်။
“ငါတို့ မူမိသားစုက အဲ့ဖြုန်းတီးတဲ့ ကောင်မ အတွက် ဆယ့်ခုနှစ်နှစ် နှစ်လုံးလုံးကျွေးမွေးလားရတာ ဈေးပေါပေါနဲ့တော့ လက်ထပ်မပေးနိုင်ဘူး”
လီရှုသည် သက်ပြင်းချကာ
“ အမေ အမေ မှန်တယ် ဒါပေမဲ့ လက်ထပ်ဖို့ သင်တော်တဲ့ အခွင့်ရေးတစ်ခုရှိတယ် အမေ နားထောင်ကြည့်ချင်လား"
အဖွားကြီးမူသည် လီရှုကို ယုံကြည်သောကြောင့် သူမပြန်ပြောလိုက်သည်။
“အားရှု ငါ နင့်ကို ယုံပါတယ်။ ဆက်ပြောပါ”
လီရှု ပြောလိုက်သည်။
“ငါ့ ဝမ်းကွဲက ကောင်းမွန်တဲ့ ဇနီးမိန်းမ တစ်ယောက်ကို ရှာနေခဲ့တာ သူကြားတာက ယန်ယန်က ဒီနှစ်မှာ အသက် ဆယ့်ခုနှစ် နှစ်ပြည့်ပြီ ပြီးတော့ အရမ်းလဲလှတယ် အဲ့ကြောင့် ယန်ယန်ကို ယွမ်နှစ်ရာ နဲ့ ဝယ်ယူဖို့ ကမ်းလှမ်းတယ် အမေ ဘယ်လိုထင်လဲ”
ဝယ်ယူတာ.....
လီရှုသည် ဝယ်မယ်လို့ ပြောနေခြင်း ဖြစ်သည်။
နီချွေ့ဟွာကိုလဲ မူကျင်းပေါင်သည် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဝယ်ယူခြင်း ခံရသော မိန်းကလေးများသည် သူမ၏ အပျိုစင် ဘဝမှ နေထိုင်ခဲ့သော အိမ်သို့ ပြန်ခွင့် မရှိချေ။ ထိုအရာသည် အစေခံ စာချုပ်တွင် လက်မှတ်ထိုးလိုက် သကဲ့သို့ ပင် ဖြစ်သည်။ ထို့ကြောင့်သာ မူမိသားစုသည် နီချွေ့ဟွာအား အနိုင်ကျင့် နှိပ်စက် ခိုင်းစေရဲခြင်း ဖြစ်သည်။ တကယ်တော့ နီချွေ့ဟွာ၏ အစ်ကို ဖြစ်သူသည် ဒီနှစ်များ တစ်လျှောက်တွင် မူမိသားစုသို့ တစ်ခါမှ လာမလည်ဖူးသောကြောင့် ဖြစ်သည်။
နီချွေ့ဟွာအား ယွမ်အနည်းငယ်ဖြင့်သာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ၏ သမီးအား ယွမ် နှစ်ရာကျော်ဖြင့် ရောင်းချနိုင်လိမ့်မည်ဟု မည်သို့သော အခါမှ မတွေးမိခဲ့ပေ။အဲ့ဒါက ယွမ် နှစ်ရာလေ။အခုခေတ် ကာလတွင် ယွမ် နှစ်ရာသည် လုံလောက်အောင် များပြားလွန်းလှသည်။ ဆား တစ်ကီလိုဂရမ်ကို မှ တစ်ဆင့် သာ ကျသင့်သည်ကို သိထားရပေမည်။ဝက်သား တစ်ကီလိုဂရမ်ကိုမှ ဆင့် အနည်းငယ်သာ ကျသင့်လေသည်။အဖွားကြီးမူသည် နီယန်အား ယွမ်နှစ်ရာဖြင့် ရောင်းချနိုင်လိမ့်မည်ဟု အိမ်မက်တောင် မမက်ခဲ့ဖူးပေ။
“အားရှု ဒီလို ငွေဖြုန်းတဲ့ ကောင်မက တကယ်ဘဲ အဲ့လောက်တန်လို့လား”
လီရှုသည် ရီမောလျှက်
“အမေ ကျွန်မပြောတာ နားထောင်ပါ ကျွန်မ တခြားသူတွေကို လိမ်ခဲ့ရင်တောင် အမေ့ကိုတော့ မလိမ်ပါဘူး ပြီးတော့ ဒီလို ကမ်းလှမ်းချက်ကို လုပ်တဲ့သူက ကျွန်မရဲ့ ဝမ်းကွဲပါ သူကိုယ်တိုင်ပြောခဲ့တာပါ”
ထို စကားကို ကြားပြီးနောက်တွင် အဖွားကြီးမူသည် မျက်လုံ အပြင်ကိုထွက်ကျ မတတ် ရီမောလိုက်ကာ မူကျင်းပေါင်သည်လဲ အလွန် ပျော်ရွှင်နေခဲ့သည်။အခန်းအတွင်းမှ ဆွေးနွေးနေသံကို ကြားသောအခါ နီယန်၏ မျက်နှာသည် ထေ့ငေါ့မှုများနှင့် ပြည့်နှက်နေခဲ့သည်။သူမ၏ အတိတ်ဘဝက အတိုင်းပဲ။ လီရှု မူမိသားစု အိမ်ကို ရောက်တဲ့ ပထမဆုံးနေ့မှာပင် သူမအားရောင်းချ လိုနေခဲ့သည်။ အနာဂတ်မှာ ပြောကြတဲ့ စကားပုံတစ်ခုက ခုထက် ပိုမှန်နိုင်မယ် မထင်ဘူး။ကမ္ဘာပေါ်မှာ ကြောက်ဖို့ အကောင်းဆုံးအရာက သရဲ တစ္ဆေတွေ မဟုတ်ဘူး လူတွေပဲ။
နီယန်သည် မျက်ခုံးများကို မှေးကျဉ်းလိုက်ပြီး ခြေသံမကြားရအောင် ဖွဖွနင်းလျှက် ထွက်သွားလိုက်ပြီး နီချွေ့ဟွာအား အိမ်အပြင်ဘက်သို့ ဆွဲခေါ်လာသည်။ ညအမှောင်ထုသည် သူတို့၏ ပုံပန်းသွင်ပြင်ကို လုံလောက်အောင် ဖုံးကွယ်ပေးထားကာ
“ အမေ အသံကိုလျော့လိုက်ပါ။ အဖေနဲ့ အဖွားတို့ ဒီအခန်းထဲမှာ ဘာတွေ ဆွေးနွေးနေလဲ ဆိုတာကို နားထောင်ကြည့်လိုက်”
“ဘာ”
နီချွေ့ဟွာသည် အနည်းငယ် ပဟေဠိ ဖြစ်သွားသည်။ နီယန်သည် သူမ၏ လက်ဖြင့် ချက်ချင်း နီချွေ့ဟွာ၏ ပါးစပ်အား ဖုံးအုပ်လိုက်သည်။
“ သေချာ နားထောင်”
နီချွေ့ဟွာသည် သူမ သမီး အား တွေဝေစွာဖြင့် စိုက်ကြည့်လိုက်သည်။ ယနေ့ ထွက်ပေါ်လာသော လရောင်သည် အလွန်လှပကာ နီယန်အပေါ်သို့ ကျရောက်လျှက်ရှိရာ နီယန်သည် ငွေရောင် ကုတ်အကျီ ဝတ်ဆင်ထားသကဲ့သို့ ရှိနေသည်။ လရောင် အောက်တွင် သူမသည် လပေါ်မှ နတ်သမီး တစ်ပါး ဆင်းသက်လာသကဲ့သို့ မူးယစ်စေလောက်အောင် လှပလွန်း နေခဲ့သည်။ နီယန်၏ ပြောင်းလဲမှုတွေဟာ အလွန် သိသာ ထင်ရှား လွန်းနေသည်ကိုတော့ ဝန်ခံရမည် ဖြစ်သည်။ထို အချိန်အတွင်း အခန်းထဲမှ အသံ ထွက်ပေါ်လာခဲ့သည်။
“အမေ ကျင်းပေါင် အကယ်၍ ယန်ယန်ကို ကျွန်မ ဝမ်းကွဲစီမှာ ရောင်းဖို့ သဘောတူတယ်ဆိုရင် မနက်ဖြန် ကျင်းပေါင်နဲ့ ကျွန်မ အဲ့ကို ဿွားလိုက်မယ် မလိုအပ်တာတွေကြောင့် မနှောင့်နှေးရအောင် မြန်မြန်ဆန်ဆန် အပြီးသတ်လိုက်မယ်”
နီချွေ့ဟွာသည် မျက်မှောင် အနည်းငယ် ကျုတ်လိုက်သည်။ ပုံမှန်ဆိုလျှင် လီရှုသည် အဖွားကြီးမူအား အဒေါ်လို့ ခေါ်ရမည် မလား။သူမသည် ဘာကြောင့်် အမေဟု ခေါ်နေပါသနည်း။သူမ နားကြားလွဲတာလား။နီချွေ့ဟွာ မတုန့်ပြန်နိုင်ခင်မှာပင် အခန်းအတွင်းမှ အဖွားကြီးမူ၏ အသံ ထပ်မံ၍ ထပ်ပေါ်လာခဲ့သည်။
“အားရှု မင်းပြောသလို အဲ့ ငွေဖြုန်းနေတဲ့ ကောင်မကို ယွမ် နှစ်ရာနဲ့ ရောင်းနိုင်တာ သေချာရဲ့လား”
“သေချာတယ်”
လီရှုသည် ကမန်းကတမ်း ခေါင်းညိတ်ပြလိုက်သည်။ အဖွားကြီးမူသည် ဆက်လက်၍ ပြောလိုက်သည်။
“သူက ဘာလို့ ယွမ် နှစ်ရာတောင် သုံးပြီး မိန်းမတစ်ယောက်ကို ဘာလို့ ဝယ်ရတာလဲ”
အဖွားကြီးမူသည် သိချင်စိတ် အရမ်းဖြစ်နေခဲ့သည်။လီရှုသည် တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ...ဘာလို့လဲဆိုတော့ ....ဘာလို့လဲဆိုတော့ ကျွန်မ ဝမ်းကွဲက..... ကလေးမရနိုင်ပဲ သင်းကွပ်ခံထားရတဲ့ သူ ဖြစ်နေလို့ပါ”