← Chapters

နောက်ဆုံးတော့ နိုးထလာခဲ့ပြီ

Vol. 1 Ch. 7

နောက်ဆုံးတော့ နိုးထလာခဲ့ပြီ

Vol. 1 Ch. 7

သင်းကွပ်ခံရတာ ...

သင်းကွပ်ခံထားရတာက ဘာကိုပြောတာလဲ

သင်းကွပ်ခံထားရတာက ယောကျ်ားတစ်ယောက်မှာ သူရဲ့ အမြစ် မရှိတာမလား

ထိုသို့ကြားလိုက်သော အခါ အဖွားကြီးမူသည် တိတ်ဆိတ်သွားလေသည်။

ဒီလောက် နှစ်တွေ အကြာကြီး အသက်ရှင်လာပြီးနောက်တွင် ပထမဆုံး သင်းကွပ်ထားသည် ဆိုသည်ကို ကြားဖူးခြင်း ဖြစ်သည်။ အဖွားကြီးမူ စကား ဆက်မပြောသည်ကို ကြားသောအခါ လီရှု ဆက်ပြောလိုက်သည်။

“ အမေ အဲ့ဒါ ငါ့ဝမ်းကွဲလဲ အသက်ရလာခဲ့ပြီ သူ့အသက်က ဒီနှစ်မှာ ငါးဆယ်ပြည့်ပြီ သူက ကျင်းပေါင်ထက် ကြီးတယ် အမေ သူ့စီကို ယန်ယန်ကို ရောင်းဖို့ ဘယ်လို သဘောရလဲ”

အဖွားကြီးမူ နှင့် မူကျင်းပေါင်တို့၏ စိတ်ထဲတွင် လီရှ၏ စကားများထဲမှ နီယန်၏ တန်ဖိုးကို စုံစမ်းရန် ကြိုးပမ်းနေခဲ့ကြသည်။ အဖွားကြီးမူက ပြောလိုက်သည်။

“ရောင်းလိုက်တာ ဒါပေါ့ ရောင်းတာ အဲ့ဒါက ယွမ်နှစ်ရာ အကြောင်းပြောနေကြတာပဲ ပိုက်ဆံရှာဖို့ ဒီလို အခွင့်အရေးမျိုးကို ဘယ်လိုလုပ် လက်လွှတ်ခံရမလဲ”

မူကျင်းပေါင်သည်လည်း လက်ခံလိုက်ကာ

“ အဲ့ဒါမှန်တယ်။ အမေ မှန်တယ် ငါတို့ ပိုက်ဆံရမဲ့ ဒီလို အခွင့် အရေးကို လက်လွှတ်ခံလိုက်လို့ မဖြစ်ဘူး မင်းရဲ့ ဝမ်းကွဲက အခု ဘယ်မှာလဲ ဒီ ငွေဖြန်းနေတဲ့ အကျိုးမရှိတဲ့ ကောင်မကို ခုချက်ချင်း သွားပို့လိုက်ရအောင် အဲ့ဒါဆိုရင် သူမအတွက် အစားအစာတွေကို ဖြုန်းတီးဖို့လဲ မလိုတော့သလို သူမရဲ့ တည်ရှိမှုကိုလဲ သည်းခံနေစရာမလိုတော့ဘူး”

ယွမ် နှစ်ရာနှင့် ယှဉ်လိုက်ပါက ဒီ အသုံးမဝင်တဲ့ ကောင်မလေးက သိပ်အရေးမကြီးတော့ဘူး။ ဒီလို ငွေဖြုန်းတဲ့ ကောင်မလေးက ဘာတန်ဖိုးများ ရှိနိုင်မှာမို့လို့လဲ။ထိုစကားကို ကြားသောအခါ လီရှုက ပြုံးလိုက်ကာ ဆက်လက်ပြောလိုက်သည်။

“ကောင်းတယ် ကောင်းတယ် ကောင်းတယ် အခု ရှင်နဲ့ အမေက ခွင့်ပြလိုက်ပြီဆိုတော့ ကျင်းပေါင် မနက်ဖြန်ကျရင် ကျွန်မရဲ့ ဝမ်းကွဲအိမ်ကို သွားလည်ကြရအောင် တကယ်တော့ အဲ့ဒါက ယွမ် နှစ်ရာလေ ပြီးတော့ ကျွန်မရဲ့ ဝမ်းကွဲကလည်း သူကိုယ်တိုင် လာပြီး ကြည့်ချင်သေးတယ် မဟုတ်ရင် သူ ယုံကြည် စိတ်ချနိုင်မှာ မဟုတ်ဘူး”

နီယန်သည် သူမ၏ မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူမ၏ အတိတ် ဘဝတွင် ထိုလူကြီးသည် အိမ်ကို လာခဲ့သည်ကို မှတ်မိလိုက်သည်။ သို့သော် အတိတ်ကို ပြန်တွေးလိုက်လျှင် လီရှုသည် သူမအား ထိုလူကြီးသည် ရိုးရှင်းစွာ အိမ်သို့ လာလည်သည်ဟု လိမ်လည်လှည့်ဖျားခဲ့သည်ကို သူမသည် ယုံကြည်ခဲ့မိသည်။သူမသည် ထို အချိန်က တုံးအ ရူးမိုက်မှုကို သူမကိုယ်သူမ အရမ်းမုန်းတီးခဲ့သည်။ အဖွားကြီးမူသည် စိတ်အားတက်ကြွစွာ ပြောလိုက်သည်။

“လာကြည့်သင့်တာပေါ့ မနက်ဖြန် ငါ အဲ့ကောင်မကို သပ်သပ်ရပ်ရပ် သန့်ရှင်းခိုင်းထားလိုက်မယ် သူက နင့်ဝမ်းကွဲကို စိတ်ပျက်စေလို့ မဖြစ်ဘူးလေ”

လီရှုသည် ခေါင်းငြိမ့်လိုက်ကာ

“ အမေ အမေ ကြိုးစားပေးတာ အတွက် ကျေးဇူးတင်ပါတယ် “

အဖွားကြီးမူသည် ရီမောလျှက်

“ဘာကို ကြိုးစားတာလဲ အားရှု အဲ့ဒါက သမီးရဲ့ ကြိုးစားအားထုတ်မှုပါ”

လီရှုက ဆက်လက်ပြီး ပြောလိုက်သည်။

“ အမေ ကျွန်မရဲ့ ဗိုက်ထဲက ကလေးက တကယ်ပဲ ယောကျ်ားလေးလို့ ထင်လား”

အဖွားကြီးမူ ပြောလိုက်သည်။

“ ဒါပေါ့ နတ်ဘုရားတွေက ပြောလိုက်တာပဲ ဒါကြောင့် အဲ့ဒါမမှားနိုင်ဘူး အားရှု မင်း အာရုံစိုက်ပြီး ကိုယ့်ကိုကိုယ် အိမ်မှာနေရင်း ဂရုစိုက်ရမယ် ပြီးတော့ ငါတို့ မူမိသားစု အတွက် အမွေဆက်ခံမဲ့သူ တစ်ယောက်ကို မွေးပေးရမယ် “

လီရှုသည် ရှက်သွေးဖျာလျှက် ခေါင်းငြိမ့်လိုက်သည်။ ထိုအချိန်၌ အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းလျှက် ရှိသည်။နီချွေ့ဟွာ၏ မျက်နှာပေါ်တွင် မိုးရည်လား မျက်ရည်လား မခွဲခြားနိုင်လောက်အောင် စိုစွတ်နေခဲ့သည်။

သူမ အလိမ်ခံခဲ့ရတယ်။

သူမ အမှန်တကယ် အလိမ်ခံခဲ့ရတယ်။

သူမ အကြွင်းမဲ့ အလိမ်ခံလိုက်ရတယ်။

ပြီးခဲ့သော နှစ်များ တစ်လျှောက်တွင် သူမသည် သူမ၏ ယောက္ခမနှင့် ခင်ပွန်း ဖြစ်သူတို့အပေါ် အလုပ်အကျွေး ပြုခဲ့သည်။ ညစ်ပတ်သော အလုပ်များနှင့် အိမ်မှုကိစ္စများကိုလည်း မူမိသားစုအတွက် နွားတစ်ကောင်လို အလုပ်လုပ်ပေးခဲ့သည်။ ထို့အပြင် သူမအား ဆူပူ ကြိမ်းမောင်း ရိုက်နှက်ခဲ့တာတွေ အတွက်လည်း သူမပြန်လည် ပြောဆိုခြင်း ငြီးညူမှုများ မရှိခဲ့ပေ။

ထိုသို့ လုပ်ပေးခဲ့သော်လည်း သူမသည်အဆိုးဆုံး အဝတ်အစားကိုသာ ဝတ်ဆင်ရ ယုံသာမက ဝက်စာကဲ့သို့ အစားအစာများကိုသာ စားခဲ့ရသည်။ သို့သော် သူမသည် မည်သူ့ကိုမှ မမုန်းတီးခဲ့ပေ။သို့သော် ယခုလိုမျိုးသည်သာ သူမပြန်လည်ရရှိခဲ့သည်။

“ဂျိန်း”

မိုးခြိမ်းသံသည် မိုးကုတ်စက်ဝိုင်းစီမှ ကြောက်စရာ ကောင်းလောက်အောင် အသံကျယ်ကျယ် မြည်ဟီးလျှက် ပေါ်ထွက်လာခဲ့သည်။ နီချွေ့ဟွာသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကာ သူမ၏ ခန္ဓာကိုယ်သည် ခွန်အားမဲ့စွာ ပျော့ခွေသွားသည်။

သူမ မည်သို့ လုပ်သင့်သနည်း။

သူမ ယခု မည်သို့ လုပ်သင့်သနည်း။

သူမ၏ သမီးဖြစ်သူသည် ရောင်းစားခံရတော့မည်။

သူမ၏ ခင်ပွန်းဖြစ်သူကလည်း သူမအပေါ် သစ္စာဖောက်ခဲ့သည်။

သူမအတွက် တစ်လောကလုံး၌ နေစရာနေရာ မရှိတော့ပေ။

ဘာကြောင့်များ သူမ၏ ဘဝသည် ထိုမျှလောက် ဝမ်းနည်း အားငယ်စရာ ကောင်းလှပါသနည်း။

နီချွေ့ဟွာသည် သူမ၏ နှလုံးသား တစ်ခုလုံး ပေါက်ထွက်မတတ် ငိုကျွေးနေသည်။

“အမေ အဆင်ပြေရဲ့လား”

နီယန်သည် နီချွေ့ဟွာအား မေးလိုက်သည်။ သူမ၏ လှပသော မျက်နှာကလေးပေါ်တွင် မည်သည့် ခံစားချက်မှ မရှိပဲ ခြောက်ခြားဖွယ် ကောင်းစွာ တည်ငြိမ်နေခဲ့သည်။

“ အမေ အမေ အဆင်ပြေပါတယ်”

နီချွေ့ဟွာသည် အထစ်ထစ် အငေါ့ငေါ့ ဖြင့် ပြောလိုက်သည်။ သူမ၏ နှုတ်ခမ်းသည် တုန်ယင်လျှက်ရှိကာ သူမ၏ မျက်နှာသည်လည်း လူသေတစ်ယောက်ကဲ့သို့ ဖြူရော်နေသည်။ နီယန်သည် သက်ပြင်းချလျှက် နီချွေ့ဟွာအား ထင်းခန်း၏ တံစက်မြိတ်အောက်၌ ထိုင်ရန် ကူညီပေးလိုက်သည်။

“အမေ ငိုတာ ရပ်ပါတော့ အမျိုးသမီးတွေရဲ့ ကံတရားက သူရဲ့ လက်ထဲမှာပဲ ရှိသင့်တယ် ငိုနေတာက ပြသာနာအားလုံးကို မဖြေရှင်းပေးနိုင်ဘူး”

နီချွေ့ဟွာသည် နီယန်အား ဖက်လိုက်ကာ ဆို့နင့် အက်ကွဲနေသော အသံဖြင့်

“ယန်ယန် အမေ တောင်းပန်ပါတယ် အဲ့ဒါ အမေ့ရဲ့ အမှားပဲ အမေက လူဖျင်း လူညံ့ တစ်ယောက်ပဲ အမေ မင်းကို မကာကွယ်နိုင်ခဲ့ဘူး တောင်းပန်ပါတယ် အနူးအညွတ် တောင်းပန်ပါတယ် “

နီချွေ့ဟွာသည် သူမ၏ နှလုံးသားတစ်ခုလုံး တစ်စစီ ကွဲသွားမတတ် သည်းထန်စွာ ငိုကြွေးလိုက်သည်။ နီယန်သည် သူမ အမေ၏ နောက်ကျောကို ပုတ်လျှက်

“ အမေ သမီးတို့ ဒီမိသားစုမှာ ဆက်နေဖို့ မဖြစ်နိုင်တော့ဘူး ဒီမှာ ဆက်နေတာက ကိုယ့်ကိုကိုယ် သတ်သေလိုက်တာနဲ့ အတူတူပဲ ကွာရှင်းလိုက်ပါ”

နောက်ထပ် တစ်ကြိမ် ကွာရှင်းရန် ကိစ္စပင်။

သို့သော် သူမသည် အမှန်တကယ် ကွာရှင်းနိုင်ပါ့မလား။

အမျိုးသမီး တစ်ယောက်အနေဖြင့် ကလေးနှစယောက်ဖြင့် ကွာရှင်းပြီးနောက် မည်သည်ကို လုပ်ကိုင်စားသောက်ရမည်နည်း။

ထို့အပြင် ကွာရှင်းထားသော အမျိုးသမီးတစ်ယောက်ကို ဆိုလျှင် ကဲ့ရဲ့ ရှုတ်ချ တတ်ကြသည်။

ကွာရှင်းပြီးနောက်တွင် သူတို့သည် မည်သည့်နေရာသို့ သွားရမည်နည်း။

နီချွေ့ဟွာသည် နီယန်အား မည်ကဲ့သို့ ပြန်လည် ဖြေကြားရမည်ကို မသိပေ။

ယောကျ်ားတစ်ယောက် မရှိပဲ သူတို့သည် မည်ကဲ့သို့ ရှင်သန် ရပ်တည် ရမည်နည်း။

သေရမည်ဆိုလျှင်တောင် သူမသည် ကွာရှင်းရဲလိမ့်မည် မဟုတ်ပေ။

ယခုကဲ့သို့ မြေရှင်ပဒေသရာဇ် ခေတ်တွင် အမျိုးသမီး တစ်ယောက်အား ကွာရှင်းရန် ဖြောင့်ဖြရန် ခက်ခဲလှသည်။ နီယန်သည် ဆက်လက်၍

“အမေ အကယ်၍ အမေသာ မကွာရှင်းခဲ့ရင် သမီး ညီမလေး ကြီးလာခဲ့ရင်လည်း သူလဲ သမီးလို မိန်းမစိုးတွေစီ အရောင်းခံရပြီး အဆုံးသတ် သွားရလိမ့်မယ် လီရှုက ဒီအိမ်ရဲ့ သခင်မ ဖြစ်လာပြီးတော့ သမီးတို့အတွက် ဒီမှာ နေစရာ မရှိဖူး အမေ ကျေးဇူးပြုပြီး နိုးထလိုက်ပါတော့”

မိန်းမစိုးတစ်ယောက်

သူမရဲ့ သမီးသည် မိန်းမစိုး တစ်ယောက်ထံ ရောင်းချခံရတော့မည် ဖြစ်သည်။

နီချွေ့ဟွာ၏ မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။

ထိုအရာသည် လက်မခံနိုင်စရာပင် ဖြစ်သည်။

အကယ်၍ သူမ၏ အသက်ကို ပေးဆပ်ရမည် ဆိုလျှင်တောင် သူမသည် သူမ၏ သမီးအား ကာကွယ်မည် ဖြစ်သည်။

နီချွေ့ဟွာသည် ငိုနေသည်ကို ရပ်လိုက်ကာ သစ်သားချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ နီချွေ့ဟွာ၏ စိတ်ထား ပြောင်းလဲသွားသည်ကို မြင်သည်နှင့် နီယန်သည် မျက်ရည်များနှင့် ပြောလိုက်သည်။

“အမေ သမီး အနူးအညွတ် တောင်းပန်ပါတယ် ဟုတ်ပြီလား သမီး မိန်းမစိုး တစ်ယောက်ကို လက်မထပ်ချင်ယုံပါ သမီး တကယ် မလုပ်.....”

နီယန် ငိုကြွေးသည်ကို နားထောင်လိုက် ပြီးနောက် နီချွေ့ဟွာ၏ နှလုံးသား တစ်ခုလုံးသည် တင်းကျပ်စွာ ဆုပ်ကိုင် ခံလိုက် ရသကဲ့သို့ နာကျင်သွားသည်။

“ယန်ယန် မငိုနဲ့တော့ မငိုနဲ့တော့ “

နီချွေ့ဟွာသည် နီယန်အား ဖက်လိုက်ကာ ရှိုက်ငိုသည်ကို ထိန်းချုပ်လျှက်

“ ဟုတ်ပြီ ယန်ယန် အမေ သမီးစကားကို နားထောင်မယ် သမီး ဘာပြောပြော နားထောင်မယ်နော်”

ထိုစကားကို ကြားပြီးနောက် နီယန်၏ နှုတ်ခမ်းသည် ပြုံးယောင် သန်းသွားလာပြီး

“အမေ အဲ့ဒါဆိုရင် အမေ အခုကစပြီး ကိုယ့်အားကိုယ်ကိုးရတော့မယ်နော် စိတ်မပူပါနဲ့ သမီး သေချာပေါက် အမေနဲ့ ညီမလေးကို ဒီနေရာနဲ့ ဝေးတဲ့နေရာစီကို ခေါ်ထုတ်သွးမှာပါ “

ညဘက် အလင်းရောင် အောက်တွင် နီယန်၏ မက်မွန်ပန်းပွင့် ပုံစံ မျက်ဝန်းများသည် ကောင်းကင်ပေါ်မှ ကြယ်ပွင့်များကဲ့သို့ လင်းလက် တောက်ပလျှက် ရှိသည်။ ပထမဆုံး အကြိမ်အဖြစ် နီချွေ့ဟွာသည် သူမသမီး၏ အစစ်အမှန် ပုံစံကို သတိပြုမိလိုက်ပြီးနောက် ပြတ်သားစွာ ခေါင်းငြိမ့်လိုက်သည်။

**

ကြက်ဖတွန်သံ ပြတ်ပြတ်သားသား ကြားလိုက်ရပြီးနောက် ရုတ်တရက် နေ့ အလင်းရောင် ပေါ်ထွက်လာခဲ့သည်။ နေသည် အရှေ့ဘက်မှ ဖြေးညှင်းစွာ ပေါ်ထွက်လာ ပြီးနောက်တွင် လတ်ဆတ်သော မိုးရနံ့မျး လေထုထဲတွင် ပျံ့နှံ့လျှက် ရှိသည်။

နီချွေ့ဟွာသည် မီးဖိုချောင်ထဲတွင် မနက်စာ ပြင်ဆင်လျှက် ရှိသည်။ မူမိသားစုသည် မနက်စောစောထဲမှ အပြင်ကို ထွက်သွားကာ သေးငယ်သော မီးဖိုချောင်အတွင်း ကြက်ဉကြော်၏ မွှေးပျံ့သော အနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။

“ယန်ယန်”

“”အမေ”

နီယန်သည် လျှောက်လာခဲ့သည်။ နီချွေ့ဟွာသည် အိုးထဲမှ ကြက်ဉကြော် နှစ်လုံးကို ဇွန်းဖြင့် ကော်ထုတ်လိုက်ကာ ပြောလိုက်သည်။

“မြန်မြန်စားလိုက်”

ထိုည ကုန်ဆုံးသွားသောအခါ နီချွေ့ဟွာသည် နောက်ဆုံးတွင် အလင်းရခဲ့သည်။ သူမသည် နောက်ထပ် အရူးလုပ် ခံတော့မည် မဟုတ်ပေ။နီယန်သည် ပြုံးလျှက် ပြောလိုက်သည်။

“ အမေအတွက်ရော အမေ”

နီချွေ့ဟွာ ပြန်ပြောလိုက်သည်။

“အမေ့ အတွက် မပူနဲ့ အမေစားပြီးသွားပြီ ။ ဒီနှစ်လုံးက သမီး အတွက်ပဲ”

ထိုအရာသည် သာမာန် ကြက်ဉကြော် နှစ်လုံးသာ ဖြစ်သောငြားလည်း နီချွေ့ဟွာသည် ပထမဆုံးအကြိမ် စားဖူးသည် ဖြစ်ရာ အလွန် အရသာရှိလှသည်။ သူမသည် မူမိသားစုတွင် ရှိသော အချိန်များတွင် အသားများကို ထိတွေ့ဖို့ဆိုသည်မှာ အိပ်မက်တောင် မမက်ရဲခဲ့ပေ။နီယန်သည် ခေါင်းငြိမ့်လျှက် ကြက်ဉနှစ်လုံးကို စားလိုက်သည်။

စားသောက်ပြီးနောက်တွင် နီချွေ့ဟွာသည် ပန်းကန်များကို အလျှင်အမြန် ဆေးကြောနေစဉ် နီယန်သည် အပြင်သို့ ထွက်သွားခဲ့သည်။ နီချွေ့ဟွာသည် အနွံတာခံတတ်သော သူမအကျင့်ကြောင့် မူမိသားစုများသည် သူမကြကဉကို ခိုးထားသည်ကို မည်သူမှ သတိထားမိမည် မဟုတ်သည်ကို သိသည်။

နီယန်သည် အပြင်သို့ အပျော်သက်သက် ထွက်သွားသည် မဟုတ်ပေ။

သူမတွင် အရေးကြီးသော လုပ်စရာများ ရှိသောကြောင့် ဖြစ်သည်။

သူမ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များ အရ သူ၏ အတွင်းရေးမှုးနှင့်အတူ စစ်ဆေးမှုများ လုပ်ရန် ကျေးလက်သို့ ဆင်းလာသော အစိုးရအမှုထမ်း တစ်ယောက် လာမည်ဖြစ်သည်။ သူမသည် ထို အစိုးရဝန်ထမ်းအား အကူအညီ တောင်းနိုင်သည်။ သီအိုရီအရဆိုလျှင် နီယန်သည် အစိုးရ အရာရှိ၏ ကျေးလက်တွင် လာရောက် စစ်ဆေးမှုအား ထိုမျှလောက် အသေးစိတ် ရှင်းရှင်းလင်းလင်း မှတ်မိနေသည်မှာ မဖြစ်သင့်ပေ။သို့သော် ထို အစိုးရ အရာရှိသည် ကျေးလက်သို့ လာသည့် လမ်းတွင် ဓားပြများ၏ တိုက်ခိုက်ခြင်း ခံခဲ့ရကာ ဓားဖြင့် အကြိမ်ကြိမ် အထိုးခံလိုက်ရပြီးနောက်တွင် အချိန်မှီ ကုသမှု မခံယူနိုင်သောကြောင့် သူ၏ အတွင်းရေးမှုးနှင့် အတူတူ သေဆုံးသွားခဲ့ရသည်။

ထို ဖြစ်ရပ်သည် ထို အချိန်က ကြီးမားသော အုတ်အော်သောင်းနင်းကို ဖြစ်စေကာ ကြီးမားသော အကြောက်တရားကို ဖြစ်စေခဲ့သည်။ နီယန်သည် သူမ မှတ်မိနေသော လမ်းကို လျှင်လျှင်မြန်မြန် လျှောက်သွားလိုက်ကာ သစ်တော ထူထပ်အုံ့ဆိုင်းသော နေရာသို့ ရောက်ရှိလာခဲ့ကာ လမ်းနံဘေးတွင် တစ်ယောက်ကို တစ်ယောက် မှီနေသော လူနှစ်ယောက်၏ ပုံရိပ်ကို မြင်လိုက်ရသည်။

မြေပြင်ပေါ်တွင် သွေးများသည် ကန်တစ်ခုကဲ့သို့ ကျဆင်းနေသည်။ သူတို့ထဲမှ တစ်ယောက်သည် နီယန်အား မြင်လျှင် အားနည်းစွာ ပြောလိုက်သည်။

"မိတ်ဆွေ ဒီမှာ ဒီမှာ”

All Chapters