← Chapters

မင်း ရူးနေပြီလား

Vol. 1 Ch. 9

မင်း ရူးနေပြီလား

Vol. 1 Ch. 9

လီရှုသည် သူမ၏ သမီး ဖြစ်သူ လီရှန်းရှန်းအား အလွန် ချစ်ခင်ကြင်နာသည်။လီရှန်းရှန်း ကိုယ်တိုင်ကပင် အလွန် ထူးခြားလှသည်။ သူမသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် တက္ကသိုလ် တက်ခဲ့ရရုံသာမက အောင်မြင်မှု အများအပြားလဲ ရရှိခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ လီရှုသည် ကောင်းကင်ဘုံမှ ရတနာနှင့် ခိုင်းနှိုင်းလို့ ရသော သူမ၏ အဖိုးတန် သမီး ဖြစ်သူ လီရှန်းရှန်းသည် ရွံစေးလောက်တောင် တန်ဖိုး မရှိသော နီယန်အား အဘယ်ကြောင့် ခြိမ်းခြောက်မှု တစ်ခုလို မြင်နေရသည်ကို နားမလည်နိုင်ခဲ့ပေ။ နီယန်သည် မည်ကဲ့သို့ လီရှန်းရှန်းအား ြသဇာလွှမ်းမိုးနိုင်မည်နည်း။

သို့သော် သူမ၏ သမီးက သူမအား တစ်ချို့သော ညွှန်ကြားချက် ပေးလိုက်သောအခါ သူမသည် ချို့ယွင်းမှု မရှိအောင် လုပ်ဆောင်ရပေမည်။ သူမသည် ယခု နီယန်အား မိန်းမစိုး တစ်ယောက်နှင့် လက်ထပ်ပြီး အိမ်မှ ထွက်သွားရအောင် လုပ်ခြင်းသည် အောင်မြင်သွားသည့် အပြင် ထိုကိစ္စမှနေ၍ အကျိုးအမြတ် တစ်ချို့ပါ ရခဲ့သောကြောင့် သူမသည် အလွန်အမင်း ကျေနပ်လျှက် ရှိသည်။

“အဲ့ဒါ ပြီးပြီ”

တစ်ဖက် မှ ဖုန်းပြန်ပြောသံကြားရသော အခါ လီရှန်းရှန်းသည် မျက်လုံးများကို မှေးကျဉ်း၍ ပြောလိုက်သည်။

“အမေ နီယန်ကို ဘယ်လို ကိုင်တွယ်လိုက်လဲ “

လီရှုသည် ဘေးပတ်ဝန်းကျင်အား ကြည့်ကာ ပြောလိုက်သည်။

“ရှန်းရှန်း သမီး သမီးရဲ့ အနေဝေးတဲ့ ဝမ်းကွဲကို မှတ်မိလား ဝမ်တကျွမ်း”

တစ်ဖက်မှ ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှာ

“ အမေ အမေ ပြောချင်တာက...”

လီရှန်းရှန်းသည် သူမ၏ ဝမ်းကွဲအပေါ်သို့ အတော်အသင့် ပြင်းထန်သော ထင်မြင်ချက်ရှိသည်။ ဝမ်တကျွမ်းသည် အသက် ငါးဆယ် အရွယ် ရှိနေပြီ ဖြစ်ကာ တစ်ခါမှ လက်မထပ်ခဲ့ဘူးပေ။ သူသည် မသန်စွမ်းသူ တစ်ယောက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာကြောင့် သူ၏ စိတ်ပိုင်းဆိုင်ရာသည် အလွန်အမင်း မူမမှန်ပေ။ မကြာခဏ သူသည် တိရစ္ဆာန်များကို ညှင်းပန်း နှိပ်စက်တတ်သည် ။ အကယ်၍ နီယန်သာ ထိုသူနှင့် လက်ထပ်ရပါက သူမသည် မီးတွင်းထဲသို့ ခုန်ချလိုက်သကဲ့သို့ ဖြစ်ပေမည်။ သူမ၏ ဘဝ၏ အလင်းရောင်ကို သူမသည် မည်သို့သော အခါမှ ထပ်မြင်ရလိမ့်မည် မဟုတ်ပေ။

လီရှန်းရှန်း၏ နှုတ်ခမ်းပေါ်၌ ယုတ်မာပြီး အန္တရာယ်များသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။လီရှုသည် ရီမောလျှက် ခေါင်းငြိမ့်လိုက်ကာ

“ အမှန်ပဲ။ အဲ့ဒါ အမေ ပြောချင်တာပဲ”

လီရှန်းရှန်း ပြန်ပြောလိုက်သည် ။

“အကယ်၍ သူ ထွက်ပြေးရင်ကော”

“မစိုးရိမ်နဲ့ အမေနဲ့ လွဲ ထားလိုက် အဲ့ ရိုင်းစိုင်းတဲ့ ကလေးမ မလွတ်မြောက်နိုင်ဘူး”

လီရှုသည် ယုံကြည်မှု အပြည့်နှင့် စိတ်ချနေရန် ပြန်ပြောလိုက်သည်။ လီရှန်းရှန်း ပြန်ပြောသည်မှာ

“ ကောင်းပြီ အမေ ဒီကိစ္စက အမေ့သဘောတိုင်းပဲ အမေ သူ့ကို သေချာ စောင့်ကြည့်ရလိမ့်မယ်”

ဖုန်းခေါ်ဆိုခ များပြားလွန်းသောကြောင့် အမေ နှင့် သမီးရဲ့ စကားစမြည် ပြောဆိုမှုသည် မကြာမီ ပြီးဆုံးသွားခဲ့သည်။ လီရှုသည် မူမိသားစု အိမ်သို့ ပြန်လာခဲ့သည်။ မူမိသားစု အားလုံးသည် ထမင်းစားပွဲတွင် ထိုင်လျှက် ရှိနေကြကာ ညစာစားရန် အတွက် သူမ ပြန်အလာကို စောင့်နေကြခြင်း ဖြစ်သည်။

“အားရှု ပြန်လာပြီ။ ညစာစားဖို့ ထိုင်လိုက်”

အဖွားကြီးမူသည် လက်ယက်ခေါ်ကာ လီရှုအားထိုင်ရန် ခေါ်သည်။မူကျင်းပေါင်သည် လီရှု ထိုင်ရန် အတွက် ထိုင်ခုံအား ဆွဲထုတ်ပေးလိုက်သည်။ စားပွဲ၌ အဖွားကြီဂမူသည် နီချွေ့ဟွာအား တမင် ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။

“ချွေ့ဟွာ ယန်ယန်ရဲံ့ အသက်က ဒီနှစ်မှာ ဘယ်လောက်ရှိပြီလဲ”

အဖွားကြီးမူ၏ အသံအား ကြားသောအခါ နီချွေ့ဟွာသည် အကူညီမဲ့စွာ တုန်လှုပ်သွား၏။ အကယ်၍ သင်သည် အချိန်ကာလ ကြာမြင့်စွာ ဖိနှိပ်ခံလာရသောအခါ နေ့ချင်းညချင်း သင်၏ အလေ့အထကို ချက်ချင်း ပြောင်းလဲ နိုင်မည် မဟုတ်ပေ။ နီချွေ့ဟွာ ပြန်ဖြေလိုက်သည်။

“ယန်ယန်က ဒီနှစ် ဆယ့်ခုနှစ် နှစ်ပြည့်ပါပြီ”

အဖွားကြီးမူ ဆက်ပြောသည်မှာ

“အသက် ဆယ့်ခုနှစ်နှစ် မိန်းကလေး ပြီးတော့ နေ့တိုင်း အလဟဿ အိမ်မှာ ခုထိ ထိုင်နေတုန်းပဲ ငါ အသက် ဆယ့်ခုနှစ် နှစ် အရွယ်တုန်းက ကျင်းပေါင်တောင် သုံးနှစ် ရှိနေပြီ”

ဒီလို အချိန်အခါများတွင် မိန်းကလေးများ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုပြီး ကလေး မွေးဖွားခြင်းသည် သာမာန်သာ ဖြစ်သည်။ နီချွေ့ဟွာသည် ရိုးအစွာ ပြန်လည် တုန့်ပြန်လိုက်သည်။

“ အမေ ဘာလို့ ကျွန်မတို့ ယန်ယန်ကို စာဆက် မသင်ခိုင်းရတာလဲ”

“စာသင်တာ”

အဖွားကြီးမူသည် အော်ဟစ်လိုက်ပြီးနောက်

“ နီချွေ့ဟွာ နင်ပြောရဲတယ် သူ့ကို ကျောင်းပို့ဖို့ ငါတို့မှာ ဘယ်က ပိုက်ဆံရမှာလဲ သူမလို တာဝန်မဲ့တဲ့ သူမျိုးက ကျောင်းသွားရင်တောင် ဘာအသုံးကျမှာလဲ”

နီချွေ့ဟွာသည် ဆက်လက်ပြောလိုက်သည်။

“ ဒါပေမဲ့... ဒါပေမဲ့ ယန်ယန်က ငယ်သေးတယ် သူက စာမသင်ရင် ဘာလုပ်နိုင်မှာလဲ”

လီရှုသည် သူမရီချင်သည်ကို မြိုသိပ်လျှက် ပြောလိုက်သည်။

“ အမချွေ့ဟွာ ဒေါ်လေး မပြောခဲ့ဘူးလား သူအသက် ဆယ့်ခုနှစ်နှစ် အရွယ်တုန်းက အကို ကျင်းပေါင်က သုံးနှစ်သား ရှိနေပြီလို့လေ ညီမ အထင် ယန်ယန်က စောစော လက်ထပ်လိုက်သင့်ပြီ အဲဒါဆိုရင် ကျွန်မတို့ မိန်းကလေးရှင်ဘက်က မိသားစုက အကျိုးကျေးဇူးရနိုင်တယ်လေ မဟုတ်တောင် သူက အိမ်က အစားအစာကို ဖြုန်းတီးနေတာပဲလေ”

လီရှုသည် သူမ၏ ရည်ရွယ်ချက်များကို စကားလုံးများထဲမှာ ဖုန်းကွယ်ရန် စိတ်အပင်ပန်း မခံတော့ပဲ ပြောလိုက်သည်။ ဘာကြောင့်လဲဆိုတော့ သူမ၏ အရှေ့မှ နီချွေ့ဟွာသည် သူမ အတွက် အရူးတစ်ယောက်သာသာ ဖြစ်သောကြောင့်ပင်။ နီချွေ့ဟွာသည် ထို အချိန်မှာပင် ဒေါသပေါက်ကွဲ ထွက်လာကာ

“လီရှု ငါ့တို့ မိသားစု ကိစ္စကို မင်းလို အပြင်လူ တစ်ယောက်က ပါဝင် ဆွေးနွေးစရာ အကြောင်းမရှိဘူး”

“ဒုန်း”

အဖွားကြီးမူသည် စားပွဲခုံကို ထုလျှက် မတ်တပ်ရပ်လိုက်သည်။ သူမ၏ အကြည့်များက မကောင်းဆိုးဝါး တစ်ကောင်၏ အကြည့်များ ဖြင့် ကြည့်လိုက်ကာ

“ နီချွေ့ဟွာ နင် မြုံနေတဲ့ ကောင်မ ဘယ်သူက အပြင်လူလဲ။ နင် အဲ့ဒါကို တောင်းနေတယ်လို့ ငါထင်တယ်။ ကျင်းပေါင်”

မူကျင်းပေါင်သည် သူ၏ အကျီလက်ကို လိပ်တင်လျှက် မတ်တပ်ရ၌်လိုက်သည်။

“ နင် သုံးစားမရတဲံ မိန်းမ ထပ်ပြောလိုက်စမ်း”

သူ့ဇနီးကို ရိုက်နှက်တယ်ဆိုတာ မူကျင်းပေါင် အတွက် ပုံမှန် ကိစ္စ တစ်ခုသာ ဖြစ်သည်။ ဘယ်သူက နီချွေ့ဟွာကို သားမွေးနိုင်စွမ်း မရှိဘူးလို့ ပြောခဲ့တာလဲ။ ဒီလို ကျေးလက်ဒေသမျိုးတွင် အိမ်တစ်အိမ်မှာ သားယောကျ်ားလေး မမွေးဖွားခြင်းသည် မျိုးဆက်မရှိတော့ဟု ဆိုလိုကာ အထင်အမြင်သေးခံရပြီး လှောင်ပြောင် ရီမောစရာ တစ်ခု ဖြစ်သည်။ နီချွေ့ဟွာသည် မူကျင်းပေါင်အား နီရဲနေသော မျက်လုံးများဖြင့် ကြည့်လိုက်ကာ

“မူကျင်းပေါင် ငါတို့လက်ထပ်ထားတာ ဆယ့်ခုနှစ်နှစ် ရှိပြီ ဒိ ဆယ့်ခုနှစ်နှစ် လုံးလုံး ရှင် ကျွန်မကို ဘယ်လို ဆက်ဆံခဲ့လဲ ရှင် ကျွန်မကို နေ့တိုင်း ရိုက်နှက်တာ ဖြစ်ဖြစ် စော်ကားတာဖြစ်ဖြစ် နေ့တိုင်းလုပ်တယ် ရှင် ဘယ်တုန်းက ကျွန်မအပေါ် ကြင်ကြင်နာနာ ဆက်ဆံဖူးလဲ ကျွန်မ ရှင့်အတွက် သမီး ငါးယောက် မွေးပေးခဲ့တယ် ရှင်ကတော့ ကလေးသုံးယောက်ကို စွန့်ပစ်လိုက်တယ် မူကျင်းပေါင် ရှင်ကိ သူတို့ရဲ့ သွေးသားတော်စပ်တဲ့ အဖေအရင်းပါ ရှင် ဘယ်လိုစိတ်နဲ့ လုပ်ရက်နိုင်ရတာလဲ”

ဘာမှအရေးမကြီးတော့ဘူး။

နီချွေ့ဟွာသည် သူ့အား ယခုလို ပြောရဲတယ်။

သူမသည် အရင်က သူမအပေါ် ရိုက်နှက်စော်ကားခြင်း ဖြစ်စေ ဆဲဆိုကြိမ်းမောင်းခြင်းဖြစ်စေ ပြန်လည် မတုံ့ပြန်တတ်သည်ကို သိထားရမည် ဖြစ်သည်။

ဒီဈေးပေါတဲ့ မိန်းမ..

သူမ ရူးသွားပြီလား။

မူကျင်းပေါင်၏ မျက်လုံးများသည် ဒေါသပြင်းထန်စွာ ထွက်သောကြောင့် နီရဲလျှက် ရှိကာ မျက်နှာပေါ်မှ သွေးပြန်ကြောများလည်း ထောင်ထလာလျှက် ရှိသည်။ သူ၏ အမူအရာကို ကြည့်လိုက်ကာ နီချွေ့ဟွာသည် တစ်စုံတစ်ယောက်ကို ရိုက်နှက်ရန် အစပျိုးနေသည်ဆိုတာကို သိလိုက်သည်။ မူကျင်းပေါင်သည် တစ်စုံတစ်ယောက်ကို ရိုက်နှက်လိုက်တိုင်း သူ၏ အသွင်အပြင်သည် မကောင်းဆိုးဝါးကဲ့သို့ အသွင်အပြင် ပြောင်းလဲသွားသည်။

ပြီးခဲ့သော အကြိမ်တိုင်း သူ သူမအားရိုက်နှက်ချိန်များတွင် သူမအသက် မသေရုံတမယ် ရိုက်နှက်တတ်ပြီး သူ၏ နည်းလမ်းများက မြင်သူတိုင်းကို ကြောက်ရွံသွားစေခဲ့သည်။ ထိုအတွေ့အကြုံများကို ပြန်စဉ်းစားမိသောအခါ နီချွေ့ဟွာသည် အလွန် ကြောက်လန့်တုန်လှုပ် သွားသည်။ မူကျင်းပေါင်သည် နီချွေ့ဟွာအား ထိုးရန် သူ၏ လက်သီးကို မြှောက်လိုက်သ်။ နီချွေ့ဟွာသည် ကြောက်လန့် တုန်လှုပ်နေသောကြောင့် ခဏတာ ခုခံဖို့ မေ့လျော့သွားလေသည်။

“အဖေ အဖေက အသက်ကြီးနေပြီ အကယ်၍ ခုလို ရန်ဖြစ်နေရင် ခါးအဆစ်လွဲဖို့ လွယ်တယ်”

နီယန်သည် နီချွေ့ဟါာ၏ အရှေ့မှ ရပ်ကာ မူကျင်းပေါင်၏ လက်ကို ဆွဲလျှက် ပြောလိုက်သည်။

“အဖေ အဒေါ် အားရှု မှန်ပါတယ် ဒီနှစ် ကျွန်မက အသက် ဆယ့်ခုစ်နှစ် ရှိပြီ အိမ်မှာ ထိုင်ရင်း ဘာမှမလုပ်ဘဲ ဖြုန်းတီးနေလို့ မဖြစ်ဘူး ကောင်းမွန်တဲ့ မိသားစု တစ်စုစီ လက်ထပ်ပြီး ဝင်ရောက်ရမှာက စောတာနဲ့ နောက်ကျတာပဲ ကွာတာပါ ဒါဆို အဒေါ်ရှုမှာ သမီးအတွက် အပြင်မှာ ထူးချွန်တဲ့ လူငယ်တစ်ယောက်ယောက်ကိုများ ညွှန်းပေးချင်တာများရှိလား”

နီယန်သည် သူမ အတိတ်၌ တိုက်ခိုက်ရေး အတတ်ပညာ အချို့နှင့် တိုက်ကွမ်ဒို သင်ယူဖူးသောကြောင့် သူမတွင် တိုက်ခိုက်ရေး ဆိုင်ရာ အတတ်ပညာများတွင် အခြေခံ ကျွမ်းကျင်မှု အချို့ ရှိလေသည်။ ထို့အပြင် နီယန်အား အံ့အားသင့်စေသည်မှာ မနေ့က အရာရှိအား ကယ်တင်ပေးပြီးနောက်တွင် သူမ၏ အာရုံ ငါးပါးဟာ ပုံမှန်လူများထက် ပို၍ ထက်မြက် လာခဲ့သည်။ သုံး၍ မကုန်နိုင်သော အားအင်များ ရှိနေသကဲ့သို့ သူမခံစားရသည်။

အဲ့ဒါကြောင့် သူမသည် မူကျင်းပေါင်၏ လက်မောင်းကို အားထုတ်မှုမရှိပဲ ထိုကဲ့သို့ အလွယ်တကူ ကိုင်ထားနိုင်မည် မဟုတ်ပေ။ မူကျင်းပေါင်သည် နီယန်အား မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ဒီအသုံးမကျတဲ့ သတ္တဝါက ဘာလို့ ဒီလောက် သန်မာနေရတာလဲ။

သူ၏ အမူအရာသည် ပုံမှန် ဖြစ်မနေပဲ ပြောလိုက်သည်။

“နင့်အဒေါ်အားရှုက နင့်အပေါ် ကောင်းပါတယ် သူက နင့်ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး စိတ်အေးအေးထား သူက နင့်ကို ကောင်းမွန်တဲ့ မိသားစုနဲ့ မိတ်ဆက်ပေူလိမ့်မယ် လူငယ်လေးက ချောရုံတင်မကဘူး သူ့မိသားစုက ပိုက်ဆံလဲ ရှိတယ် နင်သာ အဲ့ကို လက်ထပ်ပြီး ရောက်သွားရင် နင့်ဘဝက ပျော်ရွှင်ရလိမ့်မယ်"

နီယန်သည် အနည်းငယ် ဟန်ဆောင်ပြုံးလိုက်ကာ

" အဒေါ် အားရှုက ကျွန်မကို ထိခိုက်အောင် မလုပ်ဘူး... အဖေ အဖေက ကျွန်မရဲ့ သွေးသားဆက်စပ်တဲ့ အဖေ တစ်ယောက်ပါ အဖေ ကျွန်မကို ထိခိုက်အောင်လုပ်မှာလား”

သူက ကောင်းမွန်တဲ့ မိသားစုနဲ့ မိတ်ဆက်ပေးမယ်။

လူငယ်လေး....။

ဟန့်.....

မူကျင်းပေါင်သည် မျက်စိဖွင့်ပြီး မည်ကဲ့သို့ လိမ်ရမည်ကိုတော့ သေချာသိသည်။ ယခုလို နီယန်အား မြင်ရသောအခါ မူကျင်းပေါင်သည် ဘာကြောင့်မှန်းမသိ ကြောက်စိတ်အနည်းငယ် ဖြစ်ပေါ်လာသည်။ အထူးသဖြင့် နီယန်ပြောသည့် စကားထဲမှ “သွေးသားစပ်ဆက်သော အဖေအရင်း”ဆိုသည့်စကားကို ကြားရသော အချိန်တွင် ဖြစ်သည်။ ရိုးရှင်းစွာ သူသည် အကြီးဖြစ်သော်လည်းငြားလည်း နီယန်က အကြီး ဖြစ်နေသကဲ့သို့ ခံစားရသည်။

အလွန်ထူးဆန်းလှသည်။

မူကျင်းပေါင်သည် အထစ်ထစ် အငေါ့အငေါ့ ဖြင့် ပြောလိုက်သည်။

“ငါ...ငါက နင့်ရဲ့ သွေးသားအရင်း ဖြစ်တဲ့ အဖေပါ ငါက ဘယ်လိုလုပ်ပြီး နင့်ကို ထိခိုက်အောင် လုပ်မလဲ”

နီယန်သည် ဟန်ဆောင် ပြုံးလိုက်ရင်း မူကျင်းပေါင်၏ လက်ကို လွှတ်ပေးလိုက်ကာ

“ကောင်းပြီလေ အဖေက ကျွန်မရဲ့ သွေးသားအရင်း အဖေတစ်ယောက်ပဲ ဘယ်လို သွေးသားအရင်း ဖြစ်တဲ့ အဖေ တစ်တယောက်က သူ့သမီး အရင်းကို ထိခိုက်အောင် လုပ်ပါ့မလဲ”

အတိတ်ဘဝ၌ သူမသည် အဖေ အရင်းမှ သူ၏ သမီး အရင်း ဖြစ်သူအား ထိခိုက်အောင် လုပ်လိမ့်မည်ဟု သူမ မယုံကြည်ခဲ့ပေ။ နောက်ပိုင်းမှာတော့ သူမရဲ့ အတွေးအခေါ်တွေက ဘယ်လောက်တာင် ရီစရာကောင်းသည်ဆိုသည်ကို လက်တွေ့ဘဝက ပြသပေးခဲ့သည်။ လီရှုသည် တစ်ဖက်မှလာကာ ပြုံးလျှက်ပြောလိုက်သည်။

“ယန်ယန် သမီး သဘောတူလိုက်ရင် ဒါကို အတည်ဖြစ်အောင် လုပ်ကြတာပေါ့ အဒေါ်ရှုက လူငယ်လေးတစ်ယောက်နဲ့ စကားပြောပြီးပြီ သူမနက်ဖြန် မနက် လာလိမ့်မယ် သမီးက အကျီ လှလှလေး ဝတ်ပြီး ပြင်ဆင်ထားသင့်တယ် သူ့ကို စိတ်ပျက်စေလို့ မဖြစ်ဘူး

”

နီယန်သည် လီရှုအား ကြည့်လျှက် ပြောလိုက်သည်။

“ ကောင်းပါပြီ အဒေါ်ရှု စိတ်ချပါ သူတို့ကို စိတ်မပျက်စေရဘူးလို့ ကျွန်မ ကတိပေးပါတယ်”

All Chapters