အကြီးအကဲ
Vol. 1 Ch. 10
လီရှုသည် နီယန်အား လှောင်ပြောင်နေသော အကြည့် ဖြင့် ကြည့်နေလိုက်သည်။
ဒီကောင်မလေးက အရမ်း တုံးအတာပဲ။
သူမ ထင်တာထက်တောင် ပိုတုံးအသေးတာပဲ။
တစ်စုံတစ်ယောက်က သူ့ကို ရောင်းစားလိုက်တာတောင် သူက ပိုက်ဆံလိုက်ရေပေးနေတယ်။
လီရှန်းရှန်းတောင် သူမကို ကြောက်နေခဲ့သည်။ လီရှုသည် ပြုံးလျှက် ပြောလိုက်သည်။
“ကောင်းတယ် ကောင်းတယ် ယန်ယန် ဒီလိုမှပေါ့ မိန်းကလေးဆိုတာ ခုလို နာခံတတ်၇တယ် အဲ့ဒါမှ လက်ထပ်တဲ့အခါ ကောင်းမွန်တဲ့ ရက်တွေရှိလာမှာ”
နီယန် ခေါင်းငြိမ့်လိုက်ကာ
“အင်း အဒေါ်အားရှု ပြောတာ မှန်တယ်။ “
နီချွေ့ဟွာသည် နီယန်အား ဘေးမှ မယုံနိုင်သလို ကြည့်နေသည်။
ဒီကလေး ဘာဖြစ်တာလဲ။
သူမ ဘယ်လိုလုပ် မိန်းမစိုးတစ်ယောက်နဲ့ တွေ့ဖို့ လက်ခံလိုက်တာလဲ။
သူမအမေနဲ့ သူမညီမလေးကို ဒီနေရာကနေ ခေါ်ထုတ်သွားမယ်လို့ သူမမပြောခဲ့ဘူးလား။
နီချွေ့ဟွာသည် နီယန်အား စိုးရိမ်တကြီး ကြည့်လိုက်ကာ သူမ၏ မျက်လုံးများထဲတွင် ပြောစရာစကားများ ပြည့်နှက်နေသကဲ့သို့ ရှိနေသည်။ နီယန်သည် မျက်လုံးပင့်လျှက် နီချွေ့ဟွာ၏ အကြည့်နှင့် ဆုံလိုက်ကာ သူမမျက်လုံးထဲတွင် ခပ်ရေးရေး အပြုံးတစ်ခု ရှိနေသည်။
ထူးဆန်းစွာပင်....
နီချွေ့ဟွာသည် နီယန်၏ မျက်လုံးကို မြင်လိုက်သော အခါ အာမခံချက်တစ်ခု ရလိုက်သလို ခံစားလိုက်ရသည်။
သဘောတူညီမှု ရသွားသော အခါ အဖွားကြီးမူသည် ခုံကို လက်ဖြင့် ပုတ်ပြီးနောက် ပြောလိုက်သည်။
“ဟုတ်ပြီ ညစာစားကြရအောင်”
အဘယ်ကြောင့်ဆိုသော် သူမသည် နီယန်အား အသက်ကြီးသော လူပျိုကြီးထံ ရောင်းချတော့မည် ဖြစ်သောကြောင့်အဖွားကြီးမူသည် ညစာစားပွဲတွင် နီချွေ့ဟွာအား အခက်တွေ့အောင် မလုပ်တော့ပေ။ ထို့အပြင် နီချွေ့ဟွာအား သဘောထားကြီးစွာ ဆန်ပြုတ်တစ်ပွဲ ပိုစားရန် ခွင့်ပြုပေးခဲ့သည်။
စားသောက်ပြီးနောက်တွင် အဖွားကြီးမူသည် နီယန်အား ပန်းရောင်ဂါဝန်တစ်ထည် ပေးခဲ့သည်။
“ယန်ယန် ဒီ ဂါဝန်က အဖွား တစ်စုံတစ်ယောက်ကို သီးသန့် မှာလိုက်ပြီး မြို့ကနေ ဝယ်ခိုင်းလိုက်တာ နှစ်ယွမ်တောင် ပေးရတယ် သမီး မနက်ဖြန် ဝတ်သင့်တယ် “
တစ်ခြားအချိန်များတွင် အဖွားကြီးမူသည် နီယန် အတွက် အကျီ အသစ်ဝယ်ဖို့ ငွေ အကုန်ကျခံပါ့မလား။
သို့သော် အခုက မတူပေ။
နီယန်အား ယွမ်နှစ်ရာနှင့် ရောင်းလို့ရပြီ ဖြစ်သည်။
အကယ်၍ သူမသာ ညစ်ပတ်နေလျှင် ထိုလူ သူမအား မကြိုက်ဘဲ နေပေလိမ့်မည်။
ယွမ်နှစ်ရာနှင့် နှစ်ယွမ်ကြားတွင် သေချာပေါက် ယွမ် နှစ်ရာက ပိုအရေးကြီးပေသည်။ နီယန်သည် အဝတ်အစားများကို ဝမ်းသာအားရယူလိုက်ကာ
“အိုး... အရမ်းလှတဲ့ အကျီလေးပဲ ကျေးဇူးတင်ပါတယ်အဖွား အဖွားက အရမ်း သဘောကောင်းတာပဲ”
“အဖွားက အရမ်း သဘောကောင်းတာပဲ “ဆိုတဲ့ စကားကြောင့် အဖွားကြီးမူသည် တစ်ချို့ အကြောင်းအရာများကြောင့် စိတ်ဘဝင်မကျ ဖြစ်သွားစေသည်။
ဒီကောင်မလေး နီယန် ဘာဖြစ်တာလဲ။
အဖွားကြီးမူသည် နီယန်အား ကြည့်ကာ ပြောလိုက်သည်။
“ ငါက နင့် အဖွားပါ ဘာလို့ ငါက မကောင်းရမှာလဲ”
မည်သို့ပင်ဆိုစေကာမူ နီယန်သည် သူမ၏အဖွား ဖြစ်သည်ကိုတော့ ပြောင်းလဲနိုင်စွမ်း မရှိချေ။သူသည် သူမ၏ အဖွားဖြစ်သည်။. သူမသည် နီယန်အား မည်သူ့ကိုမဆို သူမ အလိုရှိသည့် အတိုင်း ရောင်းချနိုင်သည်။
ထိုသို့ တွေးလိုက်မိသည်နှင့် အဖွားကြီးမူသည် အနည်းငယ် အသက်ရှု ချောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ နီယန်သည် အပြုံးသဲ့သဲ့ ပြုံးရင်း ပြောလိုက်သည်။
“ ဟုတ်ကဲ့ အဖွား အဖွားက အကောင်းဆုံးပဲ အကယ်၍ အထွေအထူး မရှိတော့ရင် အမေနဲ့ သမီး မီးဖိုချောင်မှာ ပန်းကန် သွားဆေး လိုက်အုန်းမယ်နော်”
“သွားလုပ်လိုက်”
အဖွားကြီးမူသည် သူမ၏ လက်အား သာမန်ကာလျှံကာ ဝေ့ယမ်းလိုက်ကာ
“ဒါနဲ့ သိုးတွေကိုလဲ အစာကျွေးလိုက်ပါအုန်း"
“ဟုတ်ကဲ့ပါ နားလည်ပါပြီ “
နီယန်သည် ကျိုးနွံစွာ ပြန်ဖြေလိုက်သည်။ အဖွားကြီးမူသည် မီးဖိုချောင်ထဲသို့ ပြန်လည် ထွက်ခွာသွားသော နီချွေ့ဟွာနှင့် နီယန်၏ ပုံရိပ်ကို ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အဖွားကြီးမူသည် လီရှုအား ကြည့်ကာ မသေချာသော လေသံဖြင့် ပြောလိုက်သည်။
“ အားရှု သမီးရဲ့ သွေးဝေးတဲ့ ဝမ်းကွဲနဲ့ ရှင်းရှင်းလင်းလင်း သေချာ ဆွေးနွေး ပြီးပြီလား”
အဖွားကြီးမူသည် ဘာကြောင့်မှန်းမသိပဲ နှလုံးခုန် မြန်နေပြီး တစ်စုံတစ်ခု ပြသာနာ အကြီးကြီးတစ်ခု ဖြစ်တော့မလိုကဲ့သို့ ခံစားနေရသည်။ လီရှုသည် ရီမောလျှက် ပြောလိုက်သည်။
“အမေ စိတ်ချပါ ကျွန်မရဲ့ ဝမ်းကွဲက မနက်ဖြန် မနက်စောစော သေချာပေါက် လာမှာပါ ယန်ယန်ကလည်း အရမ်း လှတာပဲကို ပြီးတော့ ဒီလက်ထပ်ပွဲက မလွတ်မြောက်နိုင်ပါဘူး”
အဖွားကြီးမူသည် ခေါင်းငြိမ့်လိုက်ကာ
“ အဲ့ဒါကောင်းတယ်။”
မီးဖိုချောင်ထဲတွင် ....
နီချွေ့ဟွာသည် နီယန်အား စိုးရိမ်သောက ရောက်နေပုံနှင့် ကြည့်လိုက်ကာ
“ယန်ယန် သမီး အဖွား အခုနက ပြောတာကို ဘာလို့ သဘောတူလိုက်ရတာလဲ အကယ်၍ အမေတို့ မနက်ဖြန် အဲ့လူကို တွေ့ရင် အမေတို့ အဝေးကို ထွက်သွားနိုင်ပါတော့ မလား”
မူမိသားစုသည် သူမအား အလကားရတဲ့ အလုပ်ကြမ်းသမားတစ်ဘောက်လို သဘောထားသကဲ့သို့ နီယန်ကိုလဲ ပိုက်ဆံရမဲ့ သစ်ပင်ကဲ့သို့သာ မြင်နေသည်။ ဒီလိုအခြေအနေ အောက်တွင် သူမသည် အမှန်တကယ် မူကျင်းပေါင်နှင့် အောင်မြင်စွာ ကွာရှင်းနိုင်ပါမည်လော။ နီယန်သည် နီချွေ့ဟွာ၏ လက်ကို ပုတ်ပေးလိုက်ကာ
“အမေ မစိုးရိမ်ပါနဲ့ အခုဏက သမီးလုပ်လိုက်တာက ဒီတိုင်း အချိန်ဆွဲရုံပါပဲ မနက်ဖြန် ပြီးတာနဲ့ သမီး အမေနဲ့ ဉီမလေးကို ချက်ချင်း အဝေးကို ခေါ်သွားမှာပါ ပြီးတော့ သမီးတို့ ဘဝသစ် စကြမယ်လေ”
သူမတို့ သုံးယောက်သည် အမှန်တကယ်ကို ဘဝအသစ် စနိုင်ပါမည်လား။
နီချွေ့ဟွာသည် အလွန် စိုးရိမ်ပူပန်လျှက် ရှိသည်။ နီချွေ့ဟွာသည် နီယန်၏ လက်ကို ကိုင်ကာ သူမသည် ခိုင်မာသော အကြည့်ဖြင့် ကြည့်လိုက်ကာ
“ ယန်ယန် ဘာလို့ အမေတို့ သမီးညီမလေးကို ခေါ်ပြီး အတူတူ ထွက်မပြေးကြတာလဲ။”
နီယန်သည် နီချွေ့ဟွာ၏ ထိုကဲ့သို့ သတိထားမှုကို ကျေနပ်သွားသည်။ သူမ၏ လက်ကို ဆွဲ လှုပ်လိုက်ကာ ပြောလိုက်သည်မှာ
“မဟုတ်ဘူး အမေ သမီးတို့ ထွက်မပြေးဘူး အမေ သူနဲ့ ရအောင် ကွာရှင်းရမယ် ပြီးရင် သမီးတို့ ပေါ်တင် ထွက်သွားကြမယ်”
ကိုယ်ရေးအကျဉ်းရေးထားတဲ့ စာရွက် မပါပဲ ရထားလက်မှတ်ကိုတောင် ဝယ်ရခက်သော ယခုခေတ်တွင် သူတို့သည် မည်ကဲ့သို့ ထွက်ပြေး လွတ်မြောက် နိုင်မည်နည်း။အကယ်၍ သူတို့သာ ထွက်ပြေးနိုင်ခဲ့မည်ဆိုလျှင် နီယန်သည် နီချွေ့ဟွာနှင့် သူ့ညီမလေးကို ခေါ်ကာ အရင်ကတည်းက ထွက်ပြေးခဲ့ပြီး ဖြစ်သည်။ မဟုတ်ရင် သူတို့သည် ဒီအခက်ခဲတွေကို ဘာကြောင့်များ ဒုက္ခခံ ကျော်ဖြတ်နေမည်နည်း။
နီချွေ့ဟွာသည် အနည်းငယ် စိုးရိမ်ပူပန်ဆဲဖြစ်သည်။ နီယန်သည် သက်တောင့်သက်သာ ရှိအောင် ပြုံးပြလိုက်ကာ
“ အမေ မစိုးရိမ်ပါနဲ့ ပြန်ပြီး နားလိုက်တော့လေ သမီးတို့ မနက်ဖြန် ထွက်သွားနိုင်အောင် အခု ညတော့ ကောင်းကောင်း အနားယူထားရမယ်လေ “
“ကောင်းပြီ”
နီချွေ့ဟွာ သည် ခေါင်းငြိမ့်လက်ခံလိုက်သည်။
ဟုတ်ပါပြီလေ ....ဒီလိုအချိန်မှာ သူမသည် သူမ၏ သမီးလေးကို ယုံကြည်သင့်သည်။
.....
ညဘက်မှာ တိုက်ခတ်သော လေပြေလေညှင်းလေးများသည် ညှင်သာလွန်းလှသည်။ နီယန်သည် ထင်းခန်းထဲမှ သူမ၏ အိပ်ယာပေါ်တွင် လှဲလိုက်ကာ ခွေးမြီးရွက် တစ်ရွက်ကို ပါးစပ်၌ ကိုက်ကာ ကြယ်များဖြင့် လင်းလက်တောက်ပနေသော ကောင်းကင်ကြီးအားကြည့်ကာ မိန်းမော တွေဝေလျှက် ရှိသည်။ ၁၉၈၀ခုနှစ် နှစ်ပိုင်းများတွင် စက်ရုံများမှ ညစ်ညမ်းသော လေထုများမရှိသောကြောင့် ကောင်းကင်ကြီးသည် အလွန်တောက်ပလျှက်ရှိသည်။ Altair Vega စတဲ့ ကြယ်များကိုလည်း မြင်နိုင်သည်။
“ကွပ် ကွပ် ကွပ်”
ဖားအော်သံများနှင့် အင်းစက်များ အော်သံသည် နားထဲတွင် ပြည့်နှက်နေသကဲ့သို့ လေထုထဲတွင် စပါးခင်းမှ ရင့်မှည့်နေသော စပါးများ၏ သင်းရနံ့များဖြင့် ပြည့်နှက်နေလေသည်။ ယခုလို ညများသည် အလွန်အေးချမ်းငြိမ်သက်လျှက် ရှိသည်။
ပိုးစုန်းကြုးလေးများ၏ တောက်ပသော အလင်းရောင်များသည်လည်း ကြယ်ကလေးများ၏ တောက်ပသော အလင်းရောင်များနှင့် ရောယှက်နေပြီး နီယန် အပေါ်သို့ နူးညံ့ညင်သာစွာ အလင်းရောင် ကျရောက်နေခဲ့သည်.။ သူမ၏ ပုံစံသည်လပေါ်မှ နှင်ထုတ်ခံလိုက်ရသော နတ်သမီးလေးတစ်ပါး ဆင်းသက်လာသကဲ့သို့ ဖြစ်သည်။ သူမ၏ မျက်တောင်ရှည်များအောက်တွင် အလွန်လှပသော မက်မွန်ပန်းပွင့်ပုံစံ မျက်ဝန်း တစ်စုံသည် ပုန်းကွယ်နေလျှက်ရှိသည့် အပြင် နဂါးငွေ့တန်းကဲ့သို့ အလွန် တောက်ပနေခဲ့သည်။ အလွန် လှပသော အမျိုးသမီး တစ်ယောက် ဖြစ်သည်။
ထိုအချိန်မှာပင် နီယန်သည် ရုတ်တရက် သူမ၏ ကျောဘက်မှ နေ၍ ပြင်းထန်သော နာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။ သူမသည် ကောက်ရိုးမျး ပတ်ပတ်လည်ကို သေချာရှာဖွေ ကြည့်လိုက်သော အခါ အနုစိတ် သေချာပြုလုပ်ထားသော အလွန် လှပသည့် နာရီ တစ်လုံးကိုဆွဲထုတ်မိလိုက်သည်။
အကယ်၍ သူမ အထင်သာ မှန်ခဲ့သည်ရှိသော် ထိုလူပိုင်ဆိုင်သည့် နာရီ ဖြစ်ဟန်တူသည်။ အောင်မြင်သောသူများ အားလုံးသည် နာရီကောင်းများကို ကြိုက်ကြသော်ငြားလည်း နီယန်သည် ခြွင်းချက် ဖြစ်ဟန်တူသည်။ ထို့အပြင် နီယန်၏ အတိတ်ဘဝ၌ နာရီများကို အထူးပြုလေ့လာခဲ့ဖူးသည်။
ဒီနာရီသည် အလွန် တန်ဖိုးရှိသော နာရီ ဖြစ်သည်။ ယခု နာရီ၏ မော်ဒယ် အမျိုးအစားသည် အနာဂတ်တွင် ရှားပါးနာရီ တစ်လုံး ဖြစ်လာပေမည်။ ယခုတွင်လည်း ထို နာရီသည် တစ်ကမ္ဘာလုံးတွင်တောင်မှ သုံးလုံးထက် ပိုမရှိသော အကန့်အသတ်နှင့် ထုတ်သော အမျိုးအစား ဖြစ်သည်။ ထိုအရာသည် ယွမ် ၁၀၀၀၀၀ တန်သည်။ဒီလို အချိန်မှာတောင် ယွမ် ၁၀၀၀၀၀ တန်သည်ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ အလွန်အမင်း ချမ်းသာ ကြွယ်ဝသည်ကို ဆိုလိုခြင်း ဖြစ်သည်။
ထိုသည်ကိုကြည့်ခြင်း အားဖြင့် နာရီပိုင်ရှင်သည် သာမာန်လူ မဖြစ်နိုင်သည်ကို ညွှန်ပြနေသည်။ သို့သော် ထိုသူသည် မည်သူဖြစ်ဖြစ် အရေးမကြီးပေ။ သူမသည် ထိုလူကဲ့သို့ သွေးများနှင့် ညစ်ပတ်နေသော ရှုပ်ထွေပွေလီသော သူများနှင့် မပတ်သတ်သင့်ပေ။ နီယန်သည် နာရီအား ကောက်ရိုးပုံထဲ ပြန်ထာည့်လိုက်ပြီးနောက် မျက်စိကို ပိတ်ကာ အိပ်စက်ရန် လုပ်လိုက်သည်။ နောက်တစ်နေ့တွင် ငရဲတွင်းထဲမှ ထွက်ခွာရတော့မည်ကို တွေးရင်း နီယန်၏ မျက်နှာပေါ်တွင် အပြုံးသဲ့သဲ့ တစ်ခု ပေါ်ထွက်လာခဲ့သည်။.
အချိန်များ လျှင်မြန်စွာကုန်ဆုံးပြီးနောက် မျက်လုံးပွင့်လာသောအခါ နောက်တစနေ့ နံနက်ခင်း ရောက်ရှိနေပြီ ဖြစ်သည်။ ရွှေရောင်တောက်ပသော နေရောင်ခြည်သည် ကမ္ဘာပေါ်သို့ သက်ဆင်း ကြရောက်နေခဲ့ပြီ ဖြစ်သည်။ မနက်စောစောတွင် နီချွေ့ဟွာသည် မီးဖိုချောင်ထဲတွင် အလွန် အလုပ်ရှုပ်လျှက်ရှိသည်။ လေထုထဲတွင် ရေနွေးငွေ့ဖြင့် ပေါင်းထားသော အားလူးလေးများနှင့် ဘန်းကိတ် ရနံ့များ ဖြင့် ပြည့်နှက် ပျံ့နှံ့ လျှက် ရှိသည်။
နီချွေ့ဟွာသည် နီယန် ဝင်လာသည်ကို မြင်သောအခါ သူမအား ကြက်ဉပြုတ် နှစ်လုံးကို တိတ်တိတ်လေး ပေးလိုက်ရင်း ပြောလိုက်သည်။
“ ယန်ယန် ဒါကိုယူသွား”
နီယန်သည် မတုန်မလှုပ်ပုံစံဖြင့် ကြက်ဉနှစ်လုံးကို ယူကာ သူမ၏ အိတ်ကပ်ထဲ ထည့်လိုက်သည်။ နီချွေ့ဟွာသည် ဆက်လက်ပြောလိုက်သည်။
“ယန်ယန် အမေတို့ ဒီနေ့ တစ်ကယ် ထွက်သွား နိုင်မှာလား”
“အင်း”
နီယန်သည် ခေါင်းငြိမ့်လိုက်ကာ
“ အမေ သမီး ဦးဆောင်တာနောက်ကို လိုက်ဖို့ မှတ်ထားပါ သမီး သေချာပေါက်ကို အမေနဲ့ ညီမလေးကို ဒီနေရာနဲ့ အဝေးကို ခေါ်ထုတ်သွားမှာပါ”
နီချွေ့ဟွာသည် သူမ၏ လက်ကို ရှေ့ဖုံးခါးစည်းတွင် သုတ်လိုက်ကာ
" ကောင်းပြီ အမေ သမီးကို ဘာကူညီရမလဲ”
နီယန်သည် နီချွေ့ဟွာ၏ နား အနားသို့ ကပ်ကာ တီးတိုး ပြောဆိုလိုက်သည်။ အလွန် တောက်ပပြီး ယုံကြည်မှုရှိနေသော နီယန်၏ အသံသည် လူအများကို စိတ်ငြိမ်သက်အောင် အလွယ်တကူ ညို့ငင် နိုင်စွမ်းရှိသည်။ နီချွေ့ဟွာသည် တဖြေးဖြေး စိတ်ငြိမ်သွားကာ နီယန်အား ကြည့်လျှက် ပြောလိုက်သည်။
“အင်း.. ယန်ယန် အမေ သိပြီ မစိုးရိမ်နဲ့ အမေ သေချာပေါက် သမီးနဲ့ ပူးပေါင်းလုပ်ဆောင်မှာပါ”
သူမ၏ အဖိုးတန် သမီးနှစ်ယောက်ကို ဒီလို ငရဲတွင်းမှ ခေါ်ထုတ်သွားနိုင်မည်ဆိုပါက သူမသည် မည်သည့်အရာကိုမဆို လုပ်ရန်ဆန္ဒရှိသည်။
**
မူမိသားစုသည် မနက်စာ စားရန် မကြာခင်မှာပဲ နိုးလာကြသည်။ ရုတ်တရက် မနက်စာ စားပြီးနောက်တွင် အိမ်အပြင်မှ ကမန်းကတမ်း တံခါးခေါက်သံကြားလိုက်ရသည်။
“ဘယ်သူရှိလဲ။ အိမ်မှာ လူရှိလား။”