← Chapters

ငါ့ကို လက်ထပ်မလား

Vol. 1 Ch. 11

ငါ့ကို လက်ထပ်မလား

Vol. 1 Ch. 11

လီရှုသည် ချက်ချင်း တူတွေကို ချလိုက်ကာ

“အစ်ကို ကျင်းပေါင် ကျွန်မရဲ့ ဝမ်းကွဲရောက်နေပြီ အစ်ကို တံခါး သွားဖွင့်ပေးပါအုန်း”

အဖွားကြီးမူသည်လည်း စိုးရိမ်တကြီး တိုက်တွန်းပြောဆိုလိုက်သည်။

“မြန်မြန်လုပ် သူ့ကို မစောင့်နေရစေနဲ့”

အဖွားကြီးမူသည် ယွမ်နှစ်ရာ အတောင်ပေါက်ပြီး ပျံထွက်ပြေးသွားမည်ကို စိုးရိမ်လျှက်ရှိသည်.။

“ကောင်းပါပြီ”

မူကျင်းပေါင်သည် သူ၏ ထမင်းပန်းကန်လုံးနှင့် တူကို ချလိုက်ကာ တံခါးဖွင့်ရန် အလျှင်အမြန် သွားလိုက်သည်။ လီရှုသည် နီယန်အားကြည့်ကာ သူမ၏ မျက်လုံးထဲတွင် အောင်နိုင်သူတစ်ဦး၏ အရိပ်အယောင်ဖျော့ဖျော့ လင်းလက်တောက်ပလျှက် ရှိသည်။

‘မကောင်းတဲ့ ကောင်မလေး အခုတော့ နင်ဘယ်မှ ပြေးလို့မရတော့ဘူး ဟုတ်တယ်မလား’

‘နင်တော့ ဒီနေ့ အဲ့လူပျိုအိုကြီး ဒီနေ့ ခေါ်သွားတာ ခံရတော့မယ်။’

ရုတ်တရက် ....

သူမသည် ကြယ်ကလေးများ ထွန်းလင်းတောက်ပနေသကဲ့သို့သော အရောင်ဖြာထွက်နေသည့် အကြည့်တစ်စုံနှင့် ဆုံတေါ့လိုက်ရသည်။ နီယန်သည် သူမ၏ နှုတ်ခမ်းထောင့်စွန့်ကို ကွေးနေအောင် ခပ်သဲ့သဲ့ ပြုံးလိုက်သည်။ အမှန်စင်စစ် ထိုကဲ့သို့ ဖြူစင်နေသော အပြုံးသည် ရွံရှာစရာကောင်းသော မည်သည့်အရာကို မဆို သဘာဝအတိုင်း ဖော်ထုတ်နိုင်သည်။

သူမ၏ မျက်လုံးများသည် ကြည်လင်တောက်ပနေမှုများဖြင့် ပြည့်နှက်နေသည်။ ထို့အတူ တောက်ပမှု နှင့် ယုံကြည်ချက်လဲရှိသည်။ သူမသည် သေးငယ်လှသော တောရွာမှာ ကြီးပြင်းလာတဲ့ ရိုးသားနုံအသော မိန်းကလေး တစ်ယောက်နှင့် မတူချေ။ လီရှုသည် မပြောြပနိုင်လောက်အောင် ကျောချမ်းသလို ခံစားလိုက်ရသောကြောင့် သူမ၏ အကြည့်ကို လျှင်မြန်စွာ မျက်နှာ လွှဲလိုက်သည်။သူမသည် အမှားလုပ်ထားသော ကလေး တစ်ယောက်ကဲ့သို့ တံတွေးမျိုချလိုက်မိသည်။

ရူးသွပ်မိုက်မဲလိုက်တာ...

ဘယ်လို ရွာသူတစ်ယောက်က ထိုကဲ့သို့ အကြည့်ကို ပိုင်ဆိုင်နိုင်မည်နည်း။လီရှုသည် မျက်မှောင်ကြုတ်လျှက် စိတ်ရှုပ်ထွေးနေသည်။ ထိုမြင်ကွင်းသည် အမှန်တကယ်လား အမြင်မှားသည်လားဆိုတာကို ခွဲခြားရန် ခက်ခဲနေသည်။

လီရှုသည် သူမ ကျောချမ်းနေသည်ကို ဖိနှိပ်လိုက်ကာ နီယန်အား ပြန်ကြည့်လိုက်သည်။ လီရှုသည် မျက်မှောင်ကြုတ်လျှက် သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသော နီယန်အား နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။

ယနေ့ နီယန်သည် အဖွားကြီးမူ လက်ဆောင်ပေးသော ပန်းရောင် ဂါဝန်လေး ဝတ်ဆင်ထားသည်။ ထိုအကျီသည် လက်ရှည်ကာ လည်ပင်း၌ ကြိုးစရှိကာ သာမာရိုးရှင်းသော ပုံစံ ဖြစ်ပြီဂ အရှည်သည် သူမ၏ ခြေကျင်းဝတ်နားထိ ရှည်သည်။

သို့သော်လည်း အကျီသည် ခေတ်နောက်ကျနေသော ဒီဇိုင်းပုံစံ ဖြစ်သော်ငြားလည်း နီယန် ဝတ်ဆင်လိုက်သော အခါ အားမာန်ပြည့်ဝကာ ဂန္တဝင်ဆန်သော အလှတရားနှင့် ပြည့်နေခဲ့သည်။ အပြင်ဘက်မှ ထွန်းလင်းတောက်ပနေသော နေရောင်ခြည်သည် သူမအပေါ်သို့ ဖျာကြနေသောအခါ နီယန်၏ ပုံစံသည် တိမ်တွေ ပေါ်မှ နတ်သမီးတစ်ပါး ကဲ့သို့ တောက်ပနေခဲ့သည်။

လီရှုသည် အမြဲတမ်း သူမ၏ ချစ်မဝသော သမီး ရတနာ လီရှန်းရှန်းသည်သာ ချောမောလွန်းလှသည်ဟု ယုံကြည်ခဲ့သော်ငြားလည်း ယခုအချိန်တွင်တော့ လီရှန်းရှန်းသည နီယန်၏ ဘေးတွင် ရပ်နေခဲ့လျှင် သူမအား မည်သူမှ သတိပြုမိလိမ့်မည်မဟုတ်သည်ကို လက်ခံမိလာခဲ့သည်။ ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ အသံများသည် ကြည်လင်ကျယ်လောင်လာခဲ့သည်။

“ဒီဘက် ဒီဘက် ကျွန်တော့နောက်လိုက်ခဲ့ပါ”

မူကျင်းပေါင်၏ ဖော်လန်ဖားယားသော အသံကို ကြားလာရသည်။ အချိန်ခဏအတွင်း မူကျင်းပေါင်သည် သူခရီးဦးကြိုပြုလာသော သူနှင့် အတူတကွ ဝင်ရောက်လာခဲ့သည်။ မူကျင်းပေါင်၏ ဘေးမှာ ရ၌်နေသော သူသည် အသက် ခြောက်ဆယ်အရွယ်ခန့်ရှိကာ သူ၏ ဗိုက်သည် လီရှု၏ ဗိုက်ထပ်ပို၍ ကြီးနေသေးသည်။ သူ၏ ပြောင်လက်နေသော ခေါင်းနှင့် ကြွက်တစ်ကောင်ကဲ့သို့ မျက်လုံးများဖြင့် နေရာအနှံ့ လှည့်ပတ်ကြည့်နေသည်။ သူ ပြုံးလိုက်ချိန်တွင် ကြီးမားသော ဝါကျင့်ကျင့်သွားများ ပေါ်လာခဲ့သည်.။

ဟုတ်တယ်..

ဒီလူက လီရှုရဲ့ ဝမ်းကွဲ တစ်ယောက်ပဲ။

မူကျင်းပေါင်သည် ပြုံးလျှက် မိတ်ဆက်ပေးလိုက်သည်။

“အမေ ဒါက ဝမ်တကျွမ်း တကျွမ်း ဒါက ကျွန်တော့ အမေ ဒါကတော့ ကျွန်တော့ မိန်းမ နီချွေ့ဟွာ ပြီးတော့ ဒါက ယန်ယန်”

နီယန်အား မြင်လိုက်သောအခါတွင် ဝမ်တကျွမ်း၏ မျက်လုံးများ အရောင်တောက်ပလာခဲ့သည်။

ဒီကောင်မလေးက အရမ်းလှတာပဲ။

သူမအတွက် ယွမ်နှစ်ရာပေးရတာ တန်လိုက်တာ…။

ဝမ်တကျွမ်းသည် တံတွေးမြိုချလိုက်ကာ သူ၏ အကြည့်များကို နီယန်ထံမှ ခွာလိုက်ကာ အခန်းထဲရှိ လူတိုင်းအားလုံးကို နှုတ်ဆက်လိုက်သည်။

“မဂ်လာပါ အဖွား မဂ်လာပါ အန်တီတို့ ငါက ဝမ်တကျွမ်းပါ”

အဖွားကြီးမူသည် သူမအား သူမနှင့် သက်တူရွယ်တူ တစ်ယောက်မှ အဖွားဟု ခေါ်တာကို စိတ်မကွက်ခဲ့ပေ။သူမသည် တုန့်ပြန်သည့် အနေဖြင့် ပြုံးပြလိုက်ကာ

“အရမ်းကောင်းတယ် ဒါဆို မင်းက တကျွမ်းပေါ့ မင်းက အတော် စိတ်အားထက်သန်တဲ့ လူငယ်လေးပဲ”

နီယန်သည် ထိုစကားကို ကြားသော အခါ ရယ်မိမလို ဖြစ်သွားခဲ့သည်။

စိတ်အားထက်သန်တဲ့ လူငယ်လေးတဲ့လား..

အဖွားကြီးမူသည် ယခုလို ပြောဆိုနေစဉ်တွင် လိပ်ပြာမသန့်သလို မခံစားရဘူးလား

ဝမ်တကျွမ်းကို မြင်သောအခါ နီချွေ့ဟွာသည် အလွန်ကြောက်လန့်သွားကာ သူမကို သူမသတိထားမိသော အခါ သူမသည် မထိန်းချုပ်နိုင်လောက်အောင်တုန်ရင်လျှက် ရှိနေသည်ကို တွေ့လိုက်ရသည်။

ဒါ အရမ်း လွန်လွန်းတယ်။

အဖွားကြီးမူနှင့် မူကျင်းပေါင်သည် နှလုံးသားမဲ့လွန်းလှသည်။

သူတိူ့မှာ အသိတရားမရှိတော့ဘူးလား။

သူတို့သည် သူတို့ရဲ့ မြေးအရင်း သမီးအရင်းအား ဒီလိုလူမျိုးထံ အမှန်ပင် ရောင်းချခဲ့ကြသည်။ကံကောင်းစွာဖြင့် သူမသည် မူကျင်းပေါင်နှင့် ကွာရှင်းရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဝမ်တကျွမ်းအား နောက်တစ်ကြိမ် ပြန်မြင်ရသော အခါတွင် နီယန်သည် အပြင်ပန်းတွင် တည်ငြိမ်နေသော်ငြားလည်း စိတ်ထဲတွင် မုန်တိုင်းတစ်ခု အစပျိုးနေသကဲ့သို့ ခံစားနေရသည်။ သူမသည် ဝမ်တကျွမ်းအား သူမ၏ လက်ဗလာဖြင့် အပိုင်းပိုင်း ဆုတ်ဖြဲလိုက်ချင်သော ဆန္ဒရှိသော်လည်း ဆင်ခြင်တုံတရားက မလုပ်ရန် ပြောနေခဲ့သည်။ ဝမ်တကျွမ်းသည် နီယန်ထဲ အကြည့်ပို့ကာ

“ယန်ယန် ကိုက ဝမ်တကျွမ်းပါ ကိုမင်းကို အိမ်ကိုသွားဖို့ လာခေါ်တာပါ”

နီယန်သည် သူမ၏ ဦးခေါင်းကို အနည်းငယ် မော့လိုက်ကာ

“ဆရာ ဘာလို့ တစ်ယောက်ထဲ လာခဲ့တာလဲ ဘာလို့ ဆရာ့ရဲ့သားက အတူတူ မလိုက်လာတာလဲ”

ဆရာ.....

သူမသည် သူ့အား ဆရာဟု ခေါ်လိုက်သည်။

ဝမ်တကျွမ်းသည် နီယန်အား မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

နီယန်သည် အံ့အားသင့်ဟန်ဖြင့် ထပ်ပြောလိုက်သည်။

“ဆရာ ဆရာ့သားကိုယ်စား အောင်သွယ် လုပ်ဖို့ လာခဲ့တာ မဟုတ်ဘူးလား”

ဝမ်တကျွမ်းသည် မယုံနိုင်လောက်အောင် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူက သင်းကွပ်ထားတဲ့သူတစ်ယောက်။ သူ့လိုလူအတွက် မည်ကဲ့သို့ သားတစ်ယောက်နိုင်ပါမည်နည်း။ မူမိသားစု၏ အိမ်ထောင်ဦးစီး ဖြစ်သော အဖွားကြီးမူသည် မပျော်မရွှင် ဖြစ်ကာ နီယန်အား ကြည့်လျှက် ပြောလိုက်သည်။

“နင်ဘာလို့ အဲ့လိုတွေ ပြောနေတာလဲ တကျွမ်းက နင်နဲ့ လပ်ထပ်ဖို့ ရည်ရွယ်ထားတဲ့သူပဲ “

သူမသည် ဝမ်တကျွမ်းအား သနားသော အကြည့်ဖြင့် လှည့်ကြည့်လိုက်ကာ

“ တကျွမ်း စိတ်မကောင်း မဖြစ်ပါနဲ့ ယန်ယန်က မင်းကို နာကျင်အောင် တမင်ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး”

နီယန်သည် ဝမ်တကျွမ်းအား စိတ်ပျက်အောင် လုပ်လိုက်မိပြီး ယွမ်နှစ်ရာ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ဝမ်တကျွမ်းသည် ရီမောလျှက်

“ ကျွန်တော်ဘာလို့ စိတ်ဆိုးရမှာလဲ အဲဒါနဲ့ ပတ်သက်ပြီး စိတ်မကောင်း ဖြစ်စရာမလိုပါဘူး”

နီယန်သည် လှပသည့်အပြင် သူမကဲ့သို့သော သူမျိုးကို နောက်ထပ် ဆယ်မိုင်အကွာ သွားရှာရင်တောင် ရှာတွေ့ရန် မဖြစ်နိုင်ပေ။ အကယ်၍ သူသည နီယန်အား ပြန်ခေါ်သွားနိုင်ခဲ့လျှင် အကျိုးအမြတ်ရမဲ့သူက သူသာလျှင်ဖြစ်သည်။ ထိုအချိန်တွင် ရွာထဲမှ တခြားသော ယောကျ်ားများ အားကျ မနာလို ဖြစ်နေမည်လားဆိုသည်ကို ဘယ်သူ သိနိုင်မည်နည်း။

“အိုး”

နီယန်သည် ဝမ်တကျွမ်းအား ကြည့်လိုက်ကာ

“ဒါဆို ရှင်က တကျွမ်းပေါ့ ဟုတ်တယ်မလား”

“ဟုတ်တယ် ဟုတ်တယ် ငါပါ”

ဝမ်တကျွမ်းသည် အလောတကြီး ခေါင်းငြိမ့်လိုက်သည်။ နီယန်သည် ဝမ်တကျွမ်းအား ခြေအဆုံးခေါင်းအဆုံး ကြည့်လိုက်ပြီး သူမ၏ မျက်လုံးထဲ လှောင်ပြောင်သရော်ဟန် အပြည့် ရှိနေကာ

”ရှင့်လို လူမျိုးက ငန်းသားစားဖို့ အိပ်မက်မက်နေသေးတယ်။”

“ကျေးဇူးမသိတတ်တဲ့ ကောင်မလေး နင် ဘယ်လို ပေါက်လွတ်ပဲစား စကားတွေပြောနေတာလဲ”

မူမိသားစုမှ အဖွားကြီးက ဒေါသတကြီး ပြောလိုက်သည်။

“ငါ့အထင်တော့ နင် နဲ့ တကျွမ်းက ကောင်းကင်ဘုံက သတ်မှတ်ပေးထားတဲ့ လိုက်ဖက်တဲ့ စုံတွဲပဲ အရမ်းလိုက်ဖက်တဲ့ စုံတွဲပဲ တကျွမ်းက အရမ်းအလားအလာ ကောင်းတဲ့ လူငယ်လေးပဲ အဲ့လောက်ကောင်းတာ နင့်အတွက် မလုံလောက်သေးဘူးလား အကယ်၍ တစ်စုံတစ်ယောက်သာ မကောင်းဘူးဆိုရင် တကျွမ်းတွက် မကောင်းတာ အဲ့ဒါနင်ပဲ ဖြစ်လိမ့်မယ်”

လီရှုက အလျှင်အမြန် ပြောလိုက်သည်။

“အမှန်ပဲ ဝမ်းကွဲ ကျွန်မ အဒေါ် မှန်တယ် စိတ်မဆိုးပါနဲ့ ယန်ယန်က ခုထိ ငယ်သေးတယ် သူက ဘာမှ မတွေးပဲ လျှောက်ပြောနေတာ”

ဝမ်တကျွမ်းသည် ဒေါသမထွက်ခဲ့ပေ။ သူသည် သူ၏ လက်အား သာမာန်ကာလျှံကာ ဝှေ့ယမ်းလိုက်ပြီးနောက် ယွမ်နှစ်ရာကို စားပွဲပေါ် တင်ပြီးနောက် ပြောလိုက်သည်။

“ကျွန်တော် သူ့ကို အခု ခေါ်သွားလို့ရပြီလား”

ယခုအချိန်တွင် နီယန်သည် ပြသာနာဖြစ်လောက်အောင် ကြမ်းတမ်းနေပါစေ သူမအား ကိုင်တွယ်ရန် သူ့ထံတွင် နည်းလမ်း ပေါင်းများစွာ ရှိသည်။

“ခဏလေး”

မူမိသားစုမှ အဖွားအိုကြီးသည် အရေးပါသော အခိုက်အတန့်တွင် စတင်ပြောဆိုလိုက်သည်။

“ဘာမှားနေလို့လဲ”

ဝမ်တကျွမ်းပြောလိုက်သည်။

“ငါ ပိုက်ဆံပေးပြီးပြီလေ မင်းတို့ မယုံစရာရှိသေးလို့လား”

အဖွားကြီးမူက ဆက်ပြောလိုက်သည်။

“မင်းသူ့ကို အခု ခေါ်သွားလို့ မရဘူး”

“ဘာလို့လဲ”

ဝမ်တကျွမ်းသည် တဖြေးဖြေး စိတ်မှရှည် ဖြစ်လာခဲ့သည်။ အဖွားကြီးမူသည် တရားနည်းလမ်းကျသကဲ့သို့ ပြောလိုက်သည်။

“ငါတို့ မူမိသားစုက ဆင်းရဲပေမဲ့လည်း ငါတို့ သမီးတွေကို ရောင်းချပြီး မမှီခိုနိုင်ဘူး”

ထိုအချိန်တွင် နီချွေ့ဟွာသည် အဖွားကြီးမူ၏ စိတ်နှလုံးသား ပြောင်းလဲသွားသည်ဟု တွေးထင်မိလိုက်သော်လည်း အဖွားကြီးမူ ဆက်ပြောသံကို သူမကြားလိုက်ရသည်။

“အကယ်၍ မင်း ယန်ယန်ကို တစ်ကယ်ကြိုက်တယ် ဆိုရင် အောင်သွယ် တစ်ယောက်ရှာပြီး သူ့ကို လက်ထပ်ပါ”

ရောင်းချတာနှင့် လက်ထပ်တာသည် မတူညီသော အရာနှစ်ခု ဖြစ်သည်။ ရောင်းချခြင်းသည် ဆက်ဆံရေး လုံးဝ ဖြတ်တောက်လိုက်သည်။ သို့သော် အကယ်၍ လက်ထပ်လိုက်သော် ဝမ်တကျွမ်းသည် အဖွားကြီးမူအား ယခုမှ စတင်ပြီး အဖွားဟု ခေါ်ရပေမည်။ အဖွားကြီးမူသည် ဝမ်တကျွမ်းသည် ချမ်းသာသော သူတစ်ယောက်ဖြစ်သည်ကို သိသည်။ မူမိသားစုသည် ထိုကဲ့သို့ ချမ်းသာသော သူနှင့် ဆက်ဆံရေး ဖြတ်တောက်ရမည်နည်း။ သူမသည် နီယန်ထံမှ တန်ဖိုးရှိသော အရာမှန်သမျှကို ညှစ်ထုတ်ရန် အတွက် အစီစဉ် ချခဲ့ခြင်း ဖြစ်သည်။

“ကောင်းပြီလေ”

ဝမ်တကျွမ်းသည် သူ၏ လက်မောင်းထဲ အလှလေးအား ထည့်ထားချင်ရင်တောင်မှ အလျှင်အမြန် မလုပ်ဆောင်ခဲ့ပေ။

“အဲ့ဒါအပြင်”

အဖွားကြီးမူ၏ လေသံသည် ပြောင်းသွားကာ

“ငါတို့ အိမ်က ကလေးကို လက်ထပ်မယ်ဆိုရင် မင်းဘက်က အသွင်းပစ္စည်းပေးသင့်တယ် ငါတို့ မူမသားစုက အရှက်မရှိတဲ့သူတွေ မဟုတ်ပါဘူး အဲ့ဒါကြောင့် အသွင်းပစ္စည်းအနေနဲ့ ယွမ် တစ်ထောင်ပဲပေးပါ”

ယွမ်တစ်ထောင် ....

ဝမ်တကျွမ်းသည် အံ့အားသင့်ကာ မျက်လုံးပြူးသွားလေသည်။

မူမိသားစုမှ ထို အဖွားအိုကြီးသည် အမှန်တကယ် လမင်းအား တောင်းခ့နေသကဲ့သို့ပင် ဖြစ်နေသည်။ အဖွားကြီးမူသည် ဝမ်တကျွမ်းအား ကြည့်လိုက်ကာ

"ဘာလဲ မင်းက ဆန္ဒ မရှိဘူးလား အကယ်၍ မင်းသာ ဆန္ဒမရှိရင် လက်ထပ်ဖို့ကိစ္စကို မေ့လိုက်တော့ တကယ်တမ်းတော့ ယန်ယန်က လှပတဲ့ မိန်းကလေးပဲ သူ့လို လူမျိုးက လက်မထပ်နိုင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား”

မူမိသားစုမှအဖွားကြီးသည် ဝမ်တကျွမ်းသည် နီယန်အား လက်လွှတ်လိုက်ရန် တွန့်ဆုတ်နေသည်ကို သိသောကြောင့် သူမသည် မိုးလောက်မြင့်မားသော ဈေးနှုန်း ဖြစ်သည့် ယွမ်တစ်ထောင်အား တောင်းရဲခြင်း ဖြစ်သည်။ လီရှုသည် အဖွားကြီးမူအား ထိတ်လန့်စွာ ကြည့်လိုက်မိသည်။ သူမသည် အဖွားကြီးမူ စကားစတင်ပြောသည်နှင့် ယွမ် တစ်ထောင်တောင်းကာ ထိုမျှလောက် ရက်စက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ ဝမ်တကျွမ်းသည် ခေတ္တ ခဏ တုန့်ဆိုင်းတွေဝေသွားကာ အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ ယွမ်တစ်ထောင်ပါပဲ”

နီယန်သည် အရမ်းလှပသောကြောင့် ယွမ်တစ်ထောင်သည် ထိုက်တန်ပါသည်။

All Chapters