ဆွေမျိုးများကို ငွေပြန်ပေးရန် လိုအပ်သည်။
Vol. 1 Ch. 12
နီချွေ့ဟွာသည် အဖွားကြီးမူမှ နီယန်အား ဝမ်တကျွမ်းထံ ကုန်ပစ္စည်းတစ်ခုကဲ့သို့ ယွမ်တစ်ထောင်နှင့် ရောင်းချနေသည်ကို နားထောင်နေခဲ့သည်။ သူမသည် ဒေါသထွက်လွန်းသောကြောင့် တုန်ရီနေခဲ့သည်။ .
နီယန်သည် သူမ၏ မြေးမလေးဖြစ်သည်။ သူမ ဘယ်လိုလုပ်ဒီလို လုပ်ရက်နိုင်ရတာလဲ။ နီချွေ့ဟွာသည် နောက်ထပ် ခဏမျှတောင် သည်းမခံနိုင်တော့ဘဲ အဖွားကြီးမူကို သူမအသက်နှင့် ရင်း၍ ရင်ဆိုင်ဖြေရှင်းချင်သော်လည်းပဲ နီယန်သည် သူမ၏ လက်အား ညှင်သာစွာ ဆွဲထားသည်။
“အမေ စိတ်မပူနဲ့”
နီယန်၏ အသံသည် တိုးညှင်းသော်ငြားလည်း စိတ်ကို တည်ငြိမ်စေသော အာနိသင်ရှိသောကြောင့် ထင်သည် နီချွေ့ဟွာသည် သူမ၏ စိတ်အား တည်ငြိမ်အောင် ထိန်းချုပ်နိုင်လိုက်သည်။ ဝမ်တကျွမ်းသည် သတို့သမီးအား တင်တောင်းငွေ ယွမ်တစ်ထောင်အား ပေးရန် သဘောတူ လိုက်သည်ကို ကြားသောအခါ အဖွားကြီးမူသည် အလွန် ပျော်ရွှင်သွားကာ ပြုံးလျှက် ပြောလိုက်သည်။
“တကျွမ်း ထိုင်ပါအုန်း ငါတို့က မိသားစု ဖြစ်တော့မှာပဲ ကိုယ့်အိမ်ကိုယ့်ယာလို သဘောထား”
ထိုင်ရမယ်...
ဝမ်တကျွမ်းသည် ထိုအချိန်တွင် ထိုင်ဖို့အတွက် ဆန္ဒ မရှိခဲ့ပေ။
သူသည် ယွမ်တစ်ထောင် သုံးလိုက်ပြီ ဖြစ်သောကြောင့် အကယ်၍ သူသုံးလိုက်သော ယွမ်တစ်ထောင်နှင့် တန်မတန် ပစ္စည်းအား စစ်ကြည့်ချင်နေခဲ့သည်။
ဝမ်တကျွမ်း၏ မျက်လုံးများသည် ရာဂစိတ်အပြည့်ဖြင့် နီယန်၏ ခန္ဓာကိုယ်တစ်လျှောက် ကြည့်နေခဲ့သည်။ နီချွေ့ဟွာသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ နီယန်၏ အရှေ့မှ ရပ်လျှက် ကာကွယ်ပေးလိုက်ရင်း ဝမ်တကျွမ်းအား စိုက်ကြည့်လိုက်သည်။ အမှန်တကယ်တွင် နီချွေ့ဟွာကိုယ်တိုင်သည်လည်း ဝမ်တကျွမ်းအား အနည်းငယ် ကြောက်ရွံလေသည်။ သို့သော် မိခင်တို့၏ သဘာဝကြောင့် သူမသည် သန်မာလာခဲ့သည်။ ထိုအချိန်မှာပင် သူမသည် မကြောက်ရွ့တော့ပေ။ အဘယ်ကြောင့်ဆိုသော် အကယ်င သူမသာ ကြောက်ရွံနေခဲ့လျှင် နီယန် မည်သို့နေမည်နည်း။
သူမသည် နီယန်အား ကာကွယ်ပေးရမည်။ အဖွားအိုမူ၏ အကြည့်သည် ဝမ်တကျွမ်းနှင် နီယန်အကြားသို့ ကြည့်လိုက်မိသောအခါ သူမသည် ဝမ်တကျွမ်း တွေးနေသည်ကို လျှင်မြန်စွာ သတိပြုမိလိုက်သည်။ ဝမ်တကျွမ်းသည် ယွမ်တစ်ထောင်အား အမှန်တကယ် ထုတ်ပေးလိုက်သောကြောင့် သူမသည် သူ့အား စိတ်ငြိုငြင်ရအောင် မပြုလုပ်သင့်ပေ။ အဖွားကြီးမူသည် နီယန်ဘက်သို့ လှည့်ကာ
“ယန်ယန် သမီးဘာလို့ တကျွမ်းကို လှည့်ပတ်မပြရတာလဲ မင်းတို့ လူငယ် နှစ်ယောက် တစ်ယောက်ကို တစ်ဘောက်ပိုပြီး နားလည်သွားကြတာပေါ့ “
လူငယ်တွေ....
အကယ်၍ နီယန် မှတ်မိသည်သာ မှန်ခဲ့လျှင် ဝမ်တကျွမ်းသည် အဖွားကြီးမူ၏ အသက်လောက် ရှီနေပြီ ဖြစ်သည်။
ထိုခေတ်တွင် လူအများသည် ပုံမှန်အားဖြင့် စောစီးစွာ အိမ်ထောင်ပြုကျသောကြောင့် အဖွားကြီးမူသည် အသက် လေးဆယ်တွင် အဖွားတစ်ယောက် ဖြစ်လာခဲ့သည်။ ခန့်မှန်းချက်အရ ဝမ်တကျွမ်းသည် အဖွားကြီးမူထက်ပင် တစ်နှစ်ခန့် ကြီးလောက်ပေမည်.။လူငယ်တွေ ဆိုသော ဝေါဟာရကို သုံးရန် အဖွားကြီးမူသည် မည်ကဲ့သို့ သတ္တိရှိရသနည်း။ နီယန်သည် ခေါင်းငုံလိုက်ကာ သူမ၏ မျက်ဝန်းထဲတွင် ထေ့ငေါ့သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။
ထိုစကားကို ကြားလိုက်သောအခါတွင် ဝမ်တကျွမ်းသည် သူ၏ လက်ဖဝါး နှစ်ဖက်အား ပွတ်လိုက်ကာ စိတ်အားထန်သက်စွာ နီယန်အား ကြည့်လိုက်ပြီးနောက် ရေရွတ်ပြောဆိုလိုက်သည်။
“အဒေါ် အဒေါ်ပြောတာ မှန်တယ်”
အဖွားကြီးမူသည် အမှန်တကယ်တော့ ပါးနပ်သော မိန်းမကြီး ဖြစ်သည်။သူမသည် သူဘာတွေးနေသည်ကို အတိအကျ သိသော သူဖြစ်သည်။ နီယန် လှုပ်ရှားမှု မရှိသည်ကို မြင်သော အခါ အဖွားကြီးမူ၏ မျက်နှာသည် အနည်းငယ် အေးစက်စွာ ပြောလိုက်သည်။
“ယန်ယန်”
နီယန်သည် နားရွက်ချိတ်မတက် ပြုံးလိုက်ကာ နီချွေ့ဟွာ၏ နောက်မှ ထွက်လာခဲ့သည်။
“အဖွား ကျွန်မ နားမထိုင်းသေးပါဘူး”
“နင် နားမထိုင်းသေးဘူးဆိုရင် တကျွမ်းကို မြန်မြန် လျှောက်လည်ဖို့ ခေါ်သွားလေ”
အဖွားကြီးမူသည် အံကြိတ်လျှက် ပြောလိုက်သည်။နီယန်သည် ဝမ်တကျွမ်းအား ကြည့်ကာ သူမ၏ ပါးစပ်ထောင့်မှ ပါးချိုင့်လေး ထင်အောင်ပြုံးလိုက်ကာ
“ရှေ့မှာ ပြောင်းဖူးခင်းရှိတယ်။ သွားကြည့်ချင်လား"
ဟု ပြောလိုက်သည်။ ထိုအချိန်တွင် ပြောင်းဖူးခင်း၌ ပြောင်းဖူးများဖြင့် ပြည့်နှက်နေခဲ့သည်။ အကယ်လို့များ ထိုနေရာတွင် တစ်စုံတစ်ခု ဖြစ်ခဲ့လျှင်တောင် မည်သူမှ သတိထားမိမည် မဟုတ်ပေ။ ဝမ်တကျွမ်းသည် စိတ်ကူးဖြင့်ပင် ပျော်ရွှင်နေကာ သူ၏ ခေါင်းအား ကြိမ်ဖန်များစွာ ငြိမ့်လျှက် ပြောလိုက်သည်။
“ကောင်းတယ် ကောင်းတယ် ပြောင်းခင်းဘက်ကို သွားကြည့်ရအောင်”
“ကျွန်မနောက်က လိုက်ခဲ့”
နီယန်သည် နောက်သို့ လှည့်လိုက်ကာ နီချွေ့ဟွာအား စိတ်ချနေရန် အကြည့် တစ်ချက်ပေးလိုက်သည်။ ဝမ်တကျွမ်းသည် ချက်ချင်း နီယန်၏ နောက်သို့ လိုက်သွားခဲ့သည်။ နီယန်သည် သူမ၏ အမိန့်ကို လိုက်နာသည်ကို မြင်သောအခါ အဖွားကြီးမူသည် ခေတ္တခဏ ကျေနပ်သွားခဲ့သည်။ နီယန်သည် အမှန်တကယ်ကို နုံအသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမသည် ဝမ်တကျွမ်းအား အမှန်တကယ် ခေါ်ထုတ်သွားခဲ့သည်။ လီရှုသည် နီယန် နှင့် ဝမ်တကျွမ်း၏ နောက်ကျော်ကို ကြည့်ကာ အလွန် ကျေနပ်နေလျှက်ရှိပြီး ပေါက်ကွဲမတက် ဟားတိုက်ချင်စိတ်ကို မနည်းထိန်းချုပ်နေခဲ့ရသည်။
ထို့အပြင် ဝမ်တကျွမ်းသည် သင်းကွပ်ထားသော သူတစ်ယောက်ဖြစ်ပြီး တစ်ခါမှ မိန်းမတစ်ယောက်ဖြင့် လက်မထပ်ခဲ့ဘူးပေ။ ထို့ကြောင့် သူ၏ စိတ်က မူမမှန်ခဲ့သည်မှာ အချိန်ကြာ မြင့်နေခဲ့ပြီ ဖြစ်သည်။ သူသည် စိတ် ပုံမှန် မဟုတ်သူများထဲမှ တစ်ယောက်အပါအဝင်ဖြစ်သည်။
ခဏနေပါအုန်း........
ဒီနေ့ နီယန်သာ မသေဆုံးခဲ့လျှင်တောင် သူမသည် သေသည်နှင့် မခြားသော အတွေ့အကြုံကို ခံစားလိုက်ရပေမည်။
နီယန်သည် ဝမ်တကျွမ်းအား ပြောင်းခင်းရှေ့သို့ ခေါ်ဆောင်သွား၏။
“ကျွန်မ အရင်သွားမယ်”
နီယန်သည် ပြောင်းခင်းထဲသို့ လှမ်းဝင်လိုက်သည်။
“ကိုလဲ လိုက်ခဲ့မယ်”
ဝမ်တကျွမ်းသည် နီယန်၏ နောက်မှ ချက်ချင်းလိုက်လာခဲ့သည်။ နေအပူချိန် အလွန်မြင့်မားသော်လည်း ထူထြအုပ်ဆိုင်းသော ပြောင်းဖူးရိုးတံများကြောင့် နေရောင်ခြည်သည် ပြောင်းခင်းထဲသို့ ဖောက်မဝင်နိုင်ခဲ့ချေ။ ပြောင်းခင်းထဲတွင် အနည်းငယ် အပူချိန်နိမ့်နေခဲ့သည်။နီယန်သသည် ရှေ့တွင် ရပ်လိုက်ကာ သူမ၏ ခေါင်းမော့လျှက် ဝမ်တကျွမ်းအားကြည့်ကာ သူမ၏ ပါးစပ်ထောင့်၌ အပြုံးခပ်သဲ့သဲ့ ပေါ်လာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်တကျွမ်းသည် သူမ၏ အပြုံးကို မြင်သောအခါ ထူးဆန်းစွာဖြင့် မည်သည့်နွေးထွေးမှုကိုမှ မခံစားခဲ့ရပေ။ ထိုအစား ကြောက်မက်ဖွယ်ကောင်းသော အရာကို ခံစားမိလိုက်သည်။
ထိုအရာသည် အလွန် မနှစ်မြို့ဖွယ်ကောင်းသော ခံစားချက်ဖြစ်သည်။
“ယန်ယန် အခု အခု..ကစပြီး ကိုက မင်းရဲ့ ခင်ပွန်းပဲ”
ဝမ်တကျွမ်းသည် စိတ်အနှောင့်ယှက်ဖြစ်စေသော မည်သည့်အရာကိုမှ မတွေးနိုင်တော့ပဲ သူ၏ လက်နှစ်ဖက်ကို ပွတ်ကာ နီယန်အား ခုန်အုပ်လိုက်သည်။ နီယန်သည် ချက်ချင်း သူမ၏ လက်အားမြှောက်လိုက်သည်။
“ဘုန်း ဘုန်း ဘုန်း”
ခဏအကြာတွင် ပြောင်းခင်းထဲမှ နာကျင်မှုကြောင့် ငိုယိုနေသံများ ထွက်ပေါ်လာခဲ့သည်။ မိနစ်သုံးဆယ်လုံးလုံး နီယန်နှင့် ဝမ်တကျွမ်းတို့ နှစ်ဦးလုံးသည် ပြန်မလာခဲ့ကြပေ။ နီချွေ့ဟွာသည် အလွန်အမင်း စိုးရိမ်လျှက်ရှိကာ နီယန် တစ်စုံတစ်ခုဖြစ်သွားမည်ကို ကြောက်ရွံနေသောကြောင့် အကြာခဏ တံခါးပေါက်သို့ လှမ်းကြည့်နေခဲ့သည်.။သို့သော် အဖွားကြီးမူနှင့် မူကျင်းပေါင်တို့၏ မျက်နှာများပေါ်တွင်တော့ ယခုထိတိုင် အပြုံးတွေ ရှိသေးသည်။ လီရှုသည် အေးချမ်းစွာဖြင့် ပြောလိုက်သည်။
“သူတို့ သွားတာကြာပြီ ယန်ယန် နဲ့ တကျွမ်း ပြန်မလာကြသေးဘူး သူတို့ အဆင်ပြေနေကြပုံရတယ် လုပ်သင့်တာ မလုပ်သင့်တာ အကုန်လုံး ပြောင်းခင်းထဲမှာ လုပ်နေကြပုံပဲ”
အဖွားကြီးမူသည် ခေါင်းငြိမ့် ထောက်ခံလိုက်ပြီး သူမ၏ မျက်လုံးများ ပျောက်ကွယ်သွားမတတ် ရီမောလိုက်သည်။အချိန်သည် အံ့အားသင့်စရာကောင်းလောက်အောင် မြန်မြန်ကုန်ဆုံးနေသည်။ အချိန်ကြာမြင့်လေလေ ဝမ်တကျွမ်းသည် နီယန်နှင့် ပျော်ရွှင်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။
**
နောက်တော့မှ ဝမ်တကျွမ်း နောင်တရလျှင်တောင် နောက်ကျသွားပြီ ဖြစ်သည်။ ထိုသို့ တွေးရင်း အဖွားကြီးမူသည် စားပွဲပေါ်မှ ယွမ်နှစ်ရာအား ကောက်ယူလိုက်စဉ်တွင် အပြင်မှ တစ်စုံတယောက်သည် ရုတ်တရက်ပြေးဝင်လာကာ ပိုက်ဆံများကို ဆွဲလုယူသွားလျှက် ပြောလိုက်သည်။
“ငါ့ပိုက်ဆံတွေ ပြန်ပေး နောက်ထပ် ဘယ်မိန်းမကို မှ မဝယ်ချင်တော့ဘူး ဘယ်တော့မှပဲ….”
အသေချာကြည့်လိုက်သောအခါ အဖွားကြီးမူသည် တခြားသူ တစ်ယောက် မဟုတ်ဘဲ ဝမ်တကျွမ်း ဖြစ်သည်ကို သတိပြုမိလိုက်သည်။ အိမ်ထဲမှ လူများ မတုန့်ပြန်နိုင်ခင် ဝမ်တကျွမ်းသည် တ့ခါးကို ဖြတ်ကာ ပြေးထွက်သွားခဲ့သည်။ သူ၏ ပုံစံသည် အလွန် တုန်လှုပ်နေဟန်ရကာ ပြေးထွက်သွားစဉ် ဖိနပ် တစ်ဖက်တောင် ကျန်နေခဲ့သည်။ သူ၏ နောက်မှ သရဲလိုက်လာသကဲ့သို့ ဖြစ်နေသည်။
အဖွားကြီးမူနှင့် မူကျင်းပေါင်သည် သူ၏ နောက်မှ အလျှင်အမြန်လိုက်ကာ ခေါ်လိုက်သည်။
“တကျွမ်း ပြန်လာခဲ့ တကျွမ်း တကျွမ်း”
အဖွားကြီးမူ၏ အသံကို ကြားသောအခါ ဝမ်တကျွမ်းသည် ပို၍ လျှင်မြန်စွာ ပြေးထွက်သွားသည်။ မူကျင်းပေါင်သည် ဝမ်တကျွမ်းအား ဖမ်းမိသွားသည်။
“အမလေး ဘုရားကယ်ပေလို့ပဲ ငါ့ငွေတွေ ငါ့ရဲ့ ယွမ်တစ်ထောင်”
အဖွားကြီးမူသည် မြေကြီ’ပေါ်သို့ ထိုင်ချလိုက်ကာ ရန်ပွဲ ဖြစ်သကဲ့သို့ ငိုယိုနေခဲ့သည်။ သူမသည် ပိုက်ဆံများကို ရခါနီးမှ သူမ၏ လက်ထဲမှ လွတ်ထွက်သွားခဲ့ရသည်။ အဘယ်ကြောင့် သူမသည် ဒေါသ မထွက်ပဲ နေနိုင်မည်နည်း။ လီရှုသည် မျက်ခုံးများတွန့်ချိုးလျှက် မျက်မှောင်ကြုတ်နေခဲ့သည်။ ယခုအခြေအနေသည် သူမ စိတ်ကူးထားသကဲ့သို့ မဖြစ်လာချေ။ ဝမ်တကျွမ်းသည် မည်သို့ ကြံစည်နေသည်ကို မသိပေ။သူ ဘာကြောင့်များ ရုတ်တရက် ထွက်ပြေးသွားသနည်း။
နီယန်က ဘယ်မှာလဲ။
ခိုးကြောင်ခိုးဝှက်နဲ့ နီယန် ဘယ်သွားလိုက်တာလဲ။
ထိုအချိန်တွင် နီယန်သည် အေးဆေးတည်ငြိမ်သော ပုံစံဖြင့် အပြင်မှ လျှောက်ဝင်လာခဲ့သည်။
“အဖွား ဘာဖြစ်တာလဲ ဘယ်သူက အဖွားကို စိတ်မကောင်းဖြစ်အောင် ထပ်လုပ်ပြန်ပြီလဲ”
သူမ၏ ပြောဆိုသံကို ကြားလိုက်ရသောအခါ အဖွားကြီးမူသည် ချက်ချင်း ငိုနေသည်ကို ရပ်လိုက်ကာ နီယန်အား ကြည့်လျှက် ခါးခါးသီးသီး ကျိန်ဆဲလိုက်သည်။
“နင် အရှက်မရှိတဲ့ ကောင်မ နင်အိမ်ပြန်လာရဲသေးတယ် နင် တကျွမ်းကို ဘာတွေ လုပ်လိုက်တာလဲ”
“ကျွန်မ ဘာမှ မသိဘူး”
နီယန်သည် ပခုံးကို တွန့်လိုက်ကာ သူမ၏ မျက်လုံးများမှာလဲ အပြစ်ကင်းစင်နေသကဲ့သို့ အမူအရာ ထွက်ပေါ်နေခဲ့သည်။
“အဲ့ဒါ သူ့စိတ်ကျန်းမာရေး မကောင်းတဲ့ပုံပဲ ကျွန်မတောင် အံ့အားသင့်သွားတယ်”
“နင် အရှက်မရှိတဲ့ ကောင်မ နင် ပြန်ပြောရဲသေးတာလား ယုတ်မာတဲ့ သတ္တဝါ အသုံးမဝင်တဲ့ အမှိုက်လို ကောင်မ”
အဖွားကြီးမူသည် ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုလိုက်သည်။ နီယန်သည် ဒေါသမထွက်ပေမဲ့ သူမ၏ နှုတ်ထမ်းထောင့်မှ အပြုံးသဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။
“အဖွား ကျွန်မကြားဖူးတာ တစ်ခုရှိတယ် နှုတ်ကြမ်းလျှာကြမ်းပြီး အကုသိုလ်တွေ အများကြီး လုပ်ခဲ့တဲ့သူတွေကို သူတို့ သေရင် ငရဲမင်းက လျှာဖြတ်ပစ်တယ်လို့ ကြားဖူးတယ် အထူးသဖြင့် အဖွားလို လူမျိုးတွေကိုလေ အဖွားက ငရဲကို သွားရဖို့ သိပ်မလိုတော့ဘူး အဲ့ဒါကြောင့် ကိုယ့်အတွက်ကို ကုသိုလ်ကောင်းမှု လုပ်ထားအုန်း”
“နင် နင်..”
အဖွားအိုမူသည် ဒေါသထွက်လွန်းသောကြောင့် သူမ၏ တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။
ဒီအရှက်မရှိတဲ့ ကောင်မလေးက သူမကို သေတော့မယ်လို့တောင် ကျိန်ဆဲဖို့ သတ္တိရှိတယ်။ အတော်ရဲတင်းနေတာပဲ။