ရွာသူကြီး ရောက်ရှိလာခြင်း
Vol. 1 Ch. 13
နီယန်သည်အမြဲ သိမ့်မွေ့ ကျိုးနွံ နာခံတတ်သော ကောင်မလေး တစ်ယောက် ဖြစ်သည်။ ဘယ်တုန်းကမှ ယခုလို အာမခံတတ်ခဲ့ပေ။
လီရှုသည် သူမ၏ နားထင်ကြောများ ပြင်းထန်စွာ နာကျင်ကိုက်ခဲလာသကဲ့သို့ ခံစားလိုက်ရကာ နမိတ်မကောင်းသော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
မဖြစ်နိုင်ဘူး....
သူမသည် သူမ၏ ထိန်းချုပ်မှု အောက်မှ နီယန်အား လွတ်ထွက်ခွင့် မပြုနိုင်ပေ။ လီရှုသည် ကြိုးစားပြုံးလိုက်ကာ သူမ၏ မျက်လုံးများသည် နီယန်ကို စိုက်ကြည့်နေခဲ့သည်။
“ယန်ယန် သမီး ဘာြဖစ်တာလဲ သမီး အဖွားက သမီးကို ကောင်းစေချင်လို့ စဉ်းစားပြီး လုပ်ပေးတာလေ သမီးဘာလို့ သူ့ကို ဒီလိုပြောရတာလဲ အဒေါ့် ဝမ်းကွဲက ဘယ်လောက်ထိ ချမ်းသာလည်း ဆိုတာ သမီး စဉ်းစားမိရဲ့လား အကယ်၍ သမီးသာ သူ့ကို လက်ထပ်လိုက်ရက် သမီးက ချမ်းသာတဲ့ ဘဝမှာ နေရလိမ့်မယ် တစ်ချို့ ကောင်မလေးတွေဆို ဒီလိုအခွင့်ရေးလိုချင်လို့တောင် မရဘူး သမီးကရတယ်လေ သမီး အဖွားကို ဒေါသထွက်အောင် မလုပ်နဲ့တော့ သူ့ကို ပြန်တောင်းပန်လိုက်ပါ ပြီးတော့ အဒေါ့်ဝမ်းကွဲကို ဒီကိုပြန်ခေါ်လာခဲ့လိုက်”
နီယန်သည် တောက်ပတဲံ အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။
“အကယ်၍ ရှင့်ရဲ့ဝမ်းကွဲကို အပိုင်ဖမ်းချင်ရင်လည်းဘာလို့ရှင်ကိုယ်တိုင် သူ့ကို လက်မထပ်လိုက်ရတာလဲ အဒေါ်ကိုယ်တိုင်လည်း မုဆိုးမ တစ်ယောက်ပဲလေ အဲ့ဒါ မကောင်းဘူးလား“
လီရှု၏ မျက်လုံးများသည် ပြူးထွက်လာကာ သူမ၏ ဒေါသကို မဖုံးကွယ်နိုင်တော့ပဲ
“နင် အရှက်မရှိတဲ့ ကောင်မလေး ဘယ်လို ပေါက်ကရစကားတွေကို ပြောနေတာလဲ”
ထိုအချိန်မှာပင် မူကျင်းပေါင်သည် ခြံဝင်းထဲ ပြန်ရောက်လာကာ သူ၏ မျက်နှာတွင် စိတ်ပျက်နေမှုများ အတိုင်းသားပေါ် နေကာ
“အမေ ကျွန်တော် ဝမ်တကျွမ်းကို လိုက်မှီသွားတယ် ဒါပေမဲ့ သူက ပြန်လိုက်လာဖို့ကို ငြင်းလိုက်တယ် “
ဝမ်တကျွမ်း ဘာဖြစ်ခဲ့လဲဆိုသည်ကို မည်သူသိနိုင်မည်နည်း။ အစပိုင်းတွင် သူသည် နီယန်အား စိတ်ဝင်စားနေသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။ သို့သော် အပျော်လွန်ပြီး ပြောင်းခင်းထဲ လိုက်သွားပြီးနောက်ပိုင်း သူပြန်လာသောအခါ တစ်ခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
“ပြန်လာဖို့ ငြင်းလိုက်တယ် သူက ဘာလို့ပြန်လိုက်လာဖို့ ငြင်းရတာလဲ ငါ့ရဲ့ ယွမ်တစ်ထောင် ငါ့ရဲ့ ယွမ်တစ်ထောင် “
အဖွားကြီးမူသည် သူမ၏ အသည်းများပေါက်ထွက် မတတ် ဒေါသထွက်ကာ သူမ၏ မျက်နှာသည် လူသေ တစ်ယောက်ကဲ့သို့ ဖြူရော်သွားသည်။ သေရသည်ထက်ကို ပို၍ နာကျင်နေပုံရသည်။
ထိုအရာသည် ယွမ်တစ်ထောင်ဖြစ်သည်။
တစ်ထောင် အပြည့် .....
“ကျင်းပေါင် ဒီ အရှက်မဲ့တဲ့ ကောင်မကို အခုချက်ချင်း ရိုက်သတ်လိုက်။ သေတဲ့အထိကို ရိုက်စမ်း“
အဖွားကြီးမူသည် နီယန်အား လက်ညှိုးထိုးကာ တံတွေးထွေးလျှက် ကြောက်မက်ဖွယ်ကောင်းစွာ အော်ဟစ်ပြောဆိုလိုက်သည်။အကယ်၍ နီယန်အား ရိုက်သတ်လိုက်လျှင်တောင်မှ သူမသည် ကျေနပ်သလို ခံစားရမည် မဟုတ်ပေ။ဒီဈေးပေါ်တဲ့ ကောင်မက အရမ်းမုန်းစရာကောင်းတယ်။
မူကျင်းပေါင်သည်လည်း ယွမ်တစ်ထောင်အား နှမြောနေသော်လည်း သူသည် နီယန်ထံ လျှောက်သွားလိုက်ကာ သူ၏ လက်အား မြှောက်လျှက် ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။ မူကျင်းပေါင်၏ လက် နီယန်နှင့် ထိတော့မည့် အချိန်တွင် နီချွေ့ဟွာသည် လျှင်မြန်စွာ နီယန်၏ ရှေ့သို့ ဝင်ကာ ထိုရိုက်ချက်အား အပြည့်အဝ သူမ၏ မျက်နှာဖြင့် ခံလိုက်သည်။နီချွေ့ဟွာ၏ ဦးခေါင်းသည် အရှိန်ကြောင့် လည်ထွက်သွားသော်လည်း သူမသည် နောက်မဆုတ်ခဲ့ပေ။ သူမသည် မူကျင်းပေါင်အား မော့ကြည့်ကာ သတ္တိရှိရှိပြောလိုက်သည်။
“မူကျင်းပေါင် ငါ နင်နဲ့ ကွာရှင်းချင်တယ်”
ကွာရှင်းမယ်...
မူကျင်းပေါင်သည် နီချွေ့ဟွာအား အထင်အမြင်သေးသော အကြည့်ဖြင့်ကြည့် ကာ ရီမောလိုက်သည်။
“မင်းက ငါတို့ မိသားစုအတွက် အလုပ်လုပ်ပေးဖို့ ဝယ်ထားတဲ့ နွားအိုတစ်ကောင်ထက် ဘာမှမပိုဘူး မင်းမှာ ကွာရှင်းဖို့ တောင်းဆိုပိုင်ခွင့် မရှိဘူး မင်းက အသက်ရှိနေရင်လည်း မူမိသားစုအပိုင်ပဲ သေရင်လဲ တူတူပဲ မင်း ငါတို့မိသားစုကနေ မလွတ်မမြောက်နိုင်ဘူး”
မှန်သည်။ နီချွေ့ဟွာအား မူကျင်းပေါင်သည် သုံးယွမ်နှင့် ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်.။
ထိုစကားများကို ကြားလိုက်ရသောအခါ နီချွေ့ဟွာ၏ မျက်နှာသည် မှောင်မည်းသွားသည်။
ဟုတ်ပေသည်။
သူမ မည်ကဲ့သို့ မေ့နေရသနည်း။
သူမအား မူမိသားစုမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
သူမသည် ကွာရှင်းခွင့် မရှိပေ။
အကယ်၍ သူမသာ မကွာရှင်းနိုင်ခဲ့လျှင် မည်ကဲ့သို့ လုပ်ရမည်နည်း။
အဓိပ္ပာယ်က သူမသည် ထို ဆန်ကုန်မြေလေးနှင့် အတူ သူမသက်ဆုံးတိုင် အချိန် ကုန်ဆုံးရမည်ဟု ဆိုလိုသည်မလား။
ထိုအချိန်မှာပင် တံခါးရှေ့တွင် ပုံရိပ်အနည်းငယ် ပေါ်လာခဲ့ပြီး ခြံအတွင်း အုတ်အော်သောင်းနင်းဖြင့် စကားများနေသည်ကို ရပ်တန့်လျှက် နားထောင်နေခဲ့သည်။ မူကျင်းပေါင်သာ အကယ်၍ ခေါင်းမော့ ကြည့်လိုက်လျှင် ထိုအုပ်စုထဲတွင် ရွာသူကြီး ပါနေသည်ကို မြင်လိုက်ရလိမ့်မည်။
နီယန်သည် နီချွေ့ဟွာ၏ ရှေ့တွင် ရပ်လိုက်ကာ
“လူကုန်ကူးတာ တရားဉပဒေနဲ့ ဆန့်ကျင်တယ် ကျွန်မအမေက ရှင်နဲ့ အခု ကွာရှင်းချင်တယ် ရှင့်မှာ သူရဲ့ လွတ်လပ်ပိုင်ခွင့်ကို တားဆီးဖို့ အခွင့်အရေးမရှိဘူး”
ဟု ပြောလိုက်သည်။ နီချွေ့ဟွာ နှင့် မူကျင်းပေါင်သည် တရားဝင် လက်ထပ်မှတ်ပုံတင်ထားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဖြေရှင်းရန် ပို၍ လွယ်ကူခဲ့သည်.။နီယန်သည် မြေပြင်ပေါ်မျ အရိပ်များကို မြင်သော်အခါ သူမ၏ အစီစည်များကို စတင် ဖန်တီးလိုက်သည်။ မူကျင်းပေါင်သည် နီယန် သူအား ပြန်ခံပြောသည်ကို ကြားသော အခါ ဒေါသထွက်လာသောကြောင့် ပုဆိန် တစ်လက်အား လှမ်းဆွဲလိုက်ကာ နီယန်ထံသို့ လွှဲယမ်းလိုက်ကာ
“နင် ကျေးဇူးမသိတတ်တဲ့ ကောင်မ ငါသာနင့်ကို ဒီနေ့ အသေမသတ်ခဲ့ရင် ငါက မူမျိုးနွယ် မဟုတ်တော့ဘူး”
နီချွေ့ဟွာသည် ထိတ်လန့်သွားကာ နီယန်အား သူမ၏ နောက်သို့ ပို့ဆောင်ကာ ကာကွယ်ပေးလိုက်သည်။ သို့သော် နီယန်သည် မူကျင်းပေါင်အား မကြောက်ရွံ့ပေ။
“ရှင် ကျွန်မကို ရိုက်ဖို့ ဘာအခွင့်အရေးရှိလို့လဲ ပြီးတော့ ရှင့်လို့ ဒုက္ခပေးတတ်တဲ့ သူမျိုးက ကျွန်မအဖေ ဖြစ်ဖို့ မထိုက်တန်ဘူး လီရှုက ဘယ်သူလဲဆိုတာ ကျွန်မ မသိဘူးလို့ထင်နေတာလား သူက ရှင့် မယားငယ်လေ ပြီးတော့ သူက ရှင့်အတွက် မိမစစ်ဖမစစ်တစ်ကောင်ကို လွယ်ပေးထားတာ ရှင်ကတော့ အပြင်မှာ မယားငယ်တစ်ယောက် ထားပြီးတော့ ကျွန်မ အမေကိုကျတော့ ရှင့်အတွက် ကျွန်တစ်ယောက်အနေနဲ့ အလုပ်လုပ်ခိုင်းနေသေးတယ် ရှင်တို့လို လူမျိုးတွေ အကုန်လုံး ငရဲကိုသွားသင့်တာ"
ထိုစကားကို ကြားလိုက်ရသောအခါ လီရှု၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့သည်။ နီယန်သည် မည်ကဲ့သို့ သူမနှင့် မူကျင်းပေါင်တို့၏ ပတ်သက်မှုကို မည်ကဲ့သို့ သိနေသနည်း။
သူမ မည်ကဲ့သို့ လုပ်ရမည်နည်း။
အခု ဘာလုပ်ရမလဲ။
သူမသည် နီယန်အား ထိန်းချုပ်နိုင်လိမ့်မည်ဟု တွေးထားခဲ့သော်လည်းငြားလည်း ထိုကလေးမလေးသည် ရက်စက် ကြမး်ကြုတ်မည်ဟု မမျှော်လင့် ထားခဲ့ပေ။ယခုအချိန်လိုမျိုး အထိခိုက်မခံသည့် အချိန်ကာလတွင် အကယ်၍ ပတ်ဝန်းကျင်မှ သူများသည် သူမနှင့် မူကျင်းပေါင်၏ ဆက်ဆံရေးအား သိရှိသွားခဲ့သည်ရှိသော် သူမသည် ဝေဖန်ခံရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။
နီယန်ပြောသော စကားကို ကြားသောအခါ မူကျင်းပေါင်သည် ဒေါသထိန်းမရအောင် ထွက်လာသောကြောင့် ပုဆိန်ဖြင့် တည့်တည့်မတ်မတ် လွှဲချလိုက်သည်။
“ကျေးဇူးမသိတတ်တဲ့ ကောင်မ ငါနင့်ကိုသတ်မယ်”
သူ ထိုသို့ ခုတ်ချလိုက်ချိန်တွင် အပြင်မှ တစ်စုံတစ်ယောက်သည် အပြေးအလွှား ဝင်လာခဲ့ကာ မူကျင်းပေါင်၏ လက်အား လှမ်းတွဲလိုက်သည်။
“ဘာတွေ ဖြစ်နေကြတာလဲ။ မင်းမျက်လုံးထဲ ဥပဒေက အရေးမပါတော့ဘူးလား”
အပြင်မှ ဝင်လာသောသူသည် တခြား သူမဟုတ်ပေ။ ရွာသူကြီး ဖြစ်သူနှင့် သူ့နောက်မှ ဝတ်စုံပြည့် ဝတ်ထားသော လူတစ်စု ဖြစ်သည်။ တစ်ကယ်ကိုပင် မူကျင်းပေါင်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သော သူမှာ ရွာသူကြီး ဖြစ်နေခဲ့သည်။ သူ၏ အသက်အရွယ်အားဖြင့် ရွာသူကြီး ၏ အင်အားသည် လူငယ်တစ်ယောက်ထက် မလျော့ခဲ့ပေ။
“ ရွာသူကြီး ဘယ်လေတိုက်ပြီး ကျွန်တော်တို့ဆီ ရောက်လာတာလဲ”
မူကျင်းပေါင်သည် ရွာသူကြီးအား ကြည့်ကာ ပျော်စေပျက်စေ သဘောဖြင့် မေးလိုက်သည်။ ရွာသူကြီး ၏ မျိုးနွယ်အမည်သည်လည်း မူ ဖြစ်ကာ မူကျင်းပေါင်နှင့် ဆွေမျိုးတော်စပ်လေသည်။ ထို့ကြောင့် မူကျင်းပေါင်သည် အုပ်ချုပ်ရေးမှုးဟောင်းအား အထူးတလည် ကြောက်ရွံ့စိတ်မရှိပေ။
သူ၏ မိန်းမနှင့် ကလေးအား ရိုက်နှက်နေသည်ကို ရွာသူကြီး မြင်သော် မည်ကဲ့သို့ ဆိုးရွားသောအရာများ ဖြစ်လာနိုင်မည်နည်း။ ထိုအရာအတွက် သူ၏မိသားစုအား ဆန့်ကျင်မည်လား။ မဖြစ်နိုင်ပေ။သို့သော် ရွာသူကြီး သည် ပုံမှန်အတိုင်း မသိဟန်မဆောင်ပဲ တင်းမာ ခက်ထန်စွာပြောလိုက်သည်။
“အကယ်၍ ငါသာ ရောက်မလာရင် လူသတ်မှု ဖြစ်နေလောက်ပြီ ရဲဘော် မူကျင်းပေါင် ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ် မင်းမိန်းမနဲ့ ကလေးကို ရိုက်နှက်တာကို ဆင်ခြေလာမပေးနဲ”
မူကျင်းပေါင်သည် နားရွက်တက်ချိတ်မတက် ပြုံးလိုက်ကာ ပြောသည်။
“ရွာသူကြီး ကျွန်တော်က မိန်းမနဲ့ ကလေးကို စည်းကမ်းရှိအောင် သင်ပေးနေတာပါ မင်းက လူသတ်မှု တစ်ခုလိုပြောနေတယ်။...”
ရွာမှာ ရှိတဲ့ ယောကျ်ားတွေက သူတို့ မိန်းမတွေကို မရိုက်တဲ့သူ ဘယ်သူရှိလို့လဲ။ရွာသူကြီး ကိုယ်တိုင်ပင်လျှင် ထိုသို့သောအရာမျိုးမှ လွတ်မြောက်မည် မဟုတ်ပေ။ ထို့အပြင် ဝေးလံပြီး ဆင်းရဲသော ကျေးရွာများတွင် အကယ်၍ တစ်စုံတစ်ယောက်အား ရိုက်နှက်၍ သေဆုံးသွားလျှင်တောင် မည်သူမှ ဂရုမစိုက်ပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် အမှန်တကယ် ရိုက်နှက်ခံရ၍ သေဆုံးသွားလျှင် အလောင်းအား တောင်ပေါ်သို့ ဆွဲယူသွားကာ မြေမြှပ်သဂြိုလ် လိုက်ရိုသာ ရှိသည်။ ရွာထဲတွင် တစ်စုံတစ်ယောက်သည် သူတို့၏ အိမ်ထောင်ဖက်အား သေသည်အထိ ရိုက်နှက်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။
“ရဲဘော် မူကျင်းပေါင် အလေးနက်ထား ပြောပါ။ “
ရွာသူကြီး သည် သူ့အား ပြင်းပြင်းထန်ထန် အပြစ်တင်လိုက်သည်။
“မင်း အခုလုပ်ရပ်က လူသတ်မှု မြောက်တယ်”
အကယ်၍များ တစ်ခြားနေ့များတွင်ဆိုလျှင် ရွာသူကြီး သည် ထိုကဲ့သို့ ကိစ္စများတွင် ဝင်ရောက် စွက်ဖက်မည် မဟုတ်ပေ။ ဒမ်ကျေးရွာတွင် ဇနီးမယားအား ရိုက်နှက်မှုသည် နေ့စဉ် ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေသောကြောင့် အကယ်၍ သူသာ ထိုသို့သောကိစ္စများအား ဖြေရှင်းပေးနေရမည် ဆိုလျှင် တခြားသော အရာများအား တာဝန်ယူ စီမံနိုင်တော့မည် မဟုတ်ပေ။
သို့သော် ယနေ့တွင် မတူညီပေ။ ယနေ့တွင် သူ၏ နောက်မှ၌ ရပ်နေသောသူများသည် အာဏာပိုင် အဖွဲ့အစည်းမှ လူတစ်ချို့ ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် နီယန်သည် နီချွေ့ဟွာ၏ အကျီလက်အား ဆွဲလိုက်သည်။ နီချွေ့ဟွာသည် အလျှင်အမြန် သဘောပေါက်လိုက်ကာ ဒူးထောက်ချလိုက်ပြီး မျက်ရည်များ ကျဆင်းလာခဲ့သည်။
“ရွာသူကြီး ရှင်နဲ့ မျိုးတွယ်တူတိုင်း ဒီလူ့အမှိုက်တွေကို မကူညီပါနဲ့ ရှင် ကျွန်မတို့ သားအမိဘက်ကနေ ရပ်တည်ပေးသင့်တယ် ကျွန်မတို့ သားအမိနှစ်ယောက်က ခက်ခဲတဲ့ ဘဝမှာ နေထိုင်နေရတာပါ မူကျင်းပေါင်က လူ မဟုတ်ဘူး သူအပြင်မှာ ဖောက်ပြန်နေတာတောင် ယုတ်ညံ့မှုက ကမ်းကုန်နေပြီ ဒါတောင် သူက ကျွန်မတို့ သားအမိကို သတ်ချင်နေသေးတယ် ကျွန်မ မူမိသားစုအိမ်ကို လက်ထပ်ပြီး ဝင်လာတာ ဆယ့်ခုနှစ်နှစ်ရှိပြီ သမီး မိန်းကလေးငါးယောက် မွေးပေးခဲ့တာကို သူက သုံးယောက်ကို စွန့်ပစ်လိုက်တယ် ကလေးတွေက ကျွန်မရဲ့ ဘဝပါ အခု ကျွန်မ ကွာရှင်းချင်တယ် ဒီလို လူသတ်ကောင်နဲ့ ကျွန်မ ဆက်မပေါင်းနိုင်လို့ ကွာရှင်းချင်တယ် ကျွန်မတို့ သားအမိ ဒီလိုနေရာမှာ ဆက်မနေနိုင်တော့ဘူး ရွာသူကြီး ကျေးဇူးပြုပြီးကျွန်မတို့ဘက်က ရပ်တည်ပေးပါ”